မေးခွန်း (၄) လူ့ဇာတိခံ သခင်ယေရှုက သူ့ရဲ့ကားစင်တင်ခြင်း ခံရပြီးတဲ့နောက် ရှင်ပြန်ထမြောက်ခဲ့တဲ့အချိန်မှာ အသက်ပေးတဲ့ ဝိညာဉ်တော် ဖြစ်လာခဲ့ပါတယ် ဒီလိုနဲ့ အသက်ပေးတဲ့ ဝိညာဉ်တော်က ကျွန်တော်တို့အတွင်းမှာ နေထိုင်တယ် ကျွန်တော်တို့ဝိညာဉ်နဲ့ ရောနှောပြီး ဝိညာဉ်နှစ်ခုက တစ်ခုတည်း ဖြစ်လာလိမ့်မယ် ဒီတော့ နောက်ဆုံးမှာ ကျွန်တော်တို့က ဘာလို့ ဘုရား ဖြစ်မလာနိုင်ရမှာလဲ ဒါနဲ့ပတ်သက်ပြီး ကျွန်တော် ပြောတာ မှားနိုင်ပါ့မလား

အဖြေ- “သခင်ယေရှုက သူ့ရဲ့ကားစင်တင်ခြင်းခံရပြီးတဲ့နောက် ရှင်ပြန်ထမြောက်ခဲ့တဲ့အချိန်မှာ အသက်ပေးတဲ့ ဝိညာဉ်တော် ဖြစ်လာခဲ့တယ်”လို့ ခင်ဗျားပြောခဲ့တယ် ဒီလို ထင်မြင်ချက်အတွက် ဘုရားနှုတ်ကပတ်တော်ထဲမှာ အခြေပြုထားတာ တစ်ခုခုရှိလား သခင်ယေရှုက သူ့ရဲ့ ထမြောက်ခြင်းနောက်မှာ ဒီအကြောင်းကို တစ်ခုခု ပြောခဲ့လား သခင်ယေရှုက ဒီလိုအရာတစ်ခုကို လုံးဝမပြောခဲ့မှတော့၊ ဘယ်အရာအပေါ် အခြေပြုပြီး ခင်ဗျား ဒီလို အခိုင်အမာဆိုရတာလဲ သခင်ယေရှုက သူ့ရဲ့ ထမြောက်ခြင်းနောက်မှာ အသက်ပေးတဲ့ ဝိညာဉ် ဖြစ်လာတဲ့အကြောင်း ပြောဆိုတာမျိုးကို ကျွန်တော် လုံး၀ မကြားခဲ့ဖူးဘူး ပြီးတော့ ဒါကို သန့်ရှင်းသော ဝိညာဉ်တော်ကလည်း သက်သေမခံထားပါဘူး ဒီတော့ သခင်ယေရှုက သူ့ရဲ့ ထမြောက်ခြင်းနောက်မှာ အသက်ပေးတဲ့ဝိညာဉ် ဖြစ်လာခဲ့တယ်လို့ ပြောတယ်ဆိုတော့ ခင်ဗျားက ဘာကိုအခြေပြုတာလဲ သူ့ရဲ့ ထမြောက်ခြင်းနောက်ပိုင်းမှာ သခင်ယေရှုက၊ “ထိုသို့မရှိသော်လည်း၊ သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရ်ပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြ လိမ့်မည်ဟု မိန့်တော်မူ၏။(တမန်တော်ဝတ္ထု ၁:၈) လို့ ပြောခဲ့တယ်။ သခင်ယေရှုက “အသက်ပေးတဲ့ ဝိညာဉ်တော်” ဟာ သင်တို့အပေါ် ဆင်းသက်လိမ့်မယ်လို့ မပြောခဲ့ဘူး တကယ်လို့ ဆင်းသက်ရမယ့်အရာက တကယ်ပဲ အသက်ပေးတဲ့ ဝိညာဉ်တော်ဆိုရင် ဘာလို့ သခင်ယေရှု ကိုယ်တိုင်က အဲဒီလို မပြောခဲ့တာလဲ သူ့အမှုတော်ကို လုပ်ဆောင်ဖို့ လာတဲ့ သန့်ရှင်းသော ဝိညာဉ်တော်ကို အသက်ပေးတဲ့ ဝိညာဉ်လို့ မရမကခေါ်နေမယ်ဆိုရင် ဒါက ခင်ဗျားရဲ့စိတ်ကူးသက်သက်ပါပဲ တကယ်လို့ လူက သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အမှုတော်ကို ကြုံရပြီး အသက်ကို ရရင်တောင် သူ့အနေနဲ့ သန့်ရှင်းသော ဝိညာဉ်တော်ကို အသက်ပေးတဲ့ ဝိညာဉ်လို့ ခေါ်လို့မရသေးပါဘူး သန့်ရှင်းသော ဝိညာဉ်တော်က သန့်ရှင်းသော ဝိညာဉ်တော်ပဲဖြစ်တယ် ပြီးတော့ သန့်ရှင်းသော ဝိညာဉ်တော်က သူ့အမှုတော်ကို ဘယ်လိုပဲ လုပ်ဆောင်ပါစေ လူသားမျိုးနွယ်ကို ဘယ်လိုပဲ ကယ်တင်ပြီး စုံလင်စေပါစေ ဒါ အားလုံး ဘုရားရဲ့ အမှုတော်ပါပဲ ကျွန်တော်တို့ လူသားတွေအနေနဲ့ အခြေအမြစ်မရှိတဲ့ ရှင်းလင်းချက်တွေ မလုပ်ရဘူး အသိစိတ်မပါဘဲ မပြောဆိုရဘူး ဒါမှမဟုတ် သန့်ရှင်းသော ဝိညာဉ်တော်ကိုဖြစ်စေ ဘုရားကိုဖြစ်စေ ကျွန်တော်တို့ နှစ်သက်သလို အဓိပ္ပါယ်ဖွင့်ဆိုဖို့ မကြိုးစားရပါဘူး လူ့ဇာတိခံ ဘုရားသခင်က လူသားတွေကို ရွေးနုတ်ခြင်း ကယ်တင်ခြင်းဆိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းအတွက် သူ့အမှုတော်ကို ပြုတာပါ ကားစင်တင် မခံရခင်မှာဖြစ်ဖြစ် ခံရပြီးနောက်မှာဖြစ်ဖြစ် သခင်ယေရှုဟာ လူသားမျိုးနွယ်အပေါ် ရွေးနုတ်တဲ့ အမှုတော်ကိုပဲ လုပ်ဆောင်ခဲ့တာဖြစ်သလို အခြေခံအားဖြင့် အဲဒီအတိုင်းပဲ ဆက်ရှိခဲ့ပါတယ် ကျွန်တော်တို့က သမ္မာတရားကို မလိုက်စားဘဲ ဘုရားကို အဓိပ္ပာယ်ဖွင့်ဖို့သာ လေ့လာကြိုးစားနေဦးမယ်ဆိုရင် ဒါက ကျွန်တော်တို့ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားကို ဖော်ပြတာ သက်သက်ပဲဖြစ်ပါတယ် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့နှုတ်ကပတ်တော် ကျမ်းပိုဒ်နှစ်ခုကို ဖတ်ကြည့်ရအောင်ဗျာ “ယေရှုအတွင်းရှိ ဝိညာဉ်တော်၊ ကောင်းကင်ဘုံရှိ ဝိညာဉ်တော်နှင့် ယေဟောဝါ၏ ဝိညာဉ်တော်တို့သည် တစ်ပါးတည်းသာ ဖြစ်သည်။ ယင်းကို သန့်ရှင်းသော ဝိညာဉ်တော်၊ ဘုရားသခင်၏ ဝိညာဉ်တော်၊ ခုနှစ်ဆပြင်းသော ဝိညာဉ်တော်နှင့် အလုံးစုံ ခြုံလွှမ်းသော ဝိညာဉ်တော်ဟူ၍ ခေါ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် အလုပ်များစွာ ဆောင်ရွက်နိုင်သည်။ သူသည် ကမ္ဘာလောကကို ဖန်ဆင်းနိုင်ပြီး၊ ယင်းကို ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးနိုင်သည်။ သူသည် လူသားမျိုးနွယ် အားလုံးကို ရွေးနုတ်နိုင်သည့်အပြင်၊ လူသားမျိုးနွယ် အားလုံးကိုလည်း သိမ်းပိုက်ကာ ဖျက်ဆီးနိုင်သည်။ ဤအလုပ်အားလုံးကို ဘုရားသခင် ကိုယ်တော်တိုင်က ဆောင်ရွက်ခြင်းဖြစ်ပြီး သူ၏ကိုယ်စား ဘုရားသခင်၏ မည်သည့်ပုဂ္ဂိုလ်တော်အဖြစ်ကမျှ လုပ်ဆောင်၍ မရနိုင်ပေ။...(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သုံးပါးတစ်ဆူ တည်ရှိပါသလော)ဘုရားသခင် ကိုယ်တိုင်၏ အနှစ်သာရသည် သန့်ရှင်းသော ဝိညာဉ်တော် သို့မဟုတ် ခုနှစ်ဆပြင်းထန်သော ဝိညာဉ်တော်ဟု ခေါ်ဆိုနိုင်သော ဝိညာဉ်တော်ဖြစ်သည်။ အားလုံးခြုံကြည့်လျှင်၊ ဘုရားသခင်၏ ဝိညာဉ်တော်ကို မတူညီသော ခေတ်များတွင် မတူညီသည့် အမည်နာမများဖြင့် ခေါ်ဆိုသော်လည်း၊ ၎င်းတို့သည် ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်သည်။ ၎င်းတို့၏ အနှစ်သာရသည် တစ်ခုတည်း ဖြစ်နေဆဲဖြစ်သည်။ ထို့ကြောင့်၊ ဘုရားသခင် ကိုယ်တိုင်၏ အမှုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ဖြစ်သော်လည်း၊ လူ့ဇာတိခံ ဘုရားသခင်၏ အမှုသည် အလုပ်လုပ်နေသည့် သန့်ရှင်းသော ဝိညာဉ်တော်ထက် တစ်ပြားသားမျှ မလျော့ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်) ဘုရားသခင် လူ့ဇာတိခံယူခဲ့တဲ့ နှစ်ကြိမ်မှာ လူသားမျိုးနွယ်အပေါ် ရွေးနုတ်ခြင်းနဲ့ ကယ်တင်ခြင်းအမှုကို လုပ်ဆောင်တယ်ဆိုတာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကတစ်ဆင့် မြင်နိုင်ပါတယ် အဲဒါက သန့်ရှင်းသောဝိညာဉ်တော်ဟာ ဘုရားသခင်ရဲ့အမှုကို လုပ်ဆောင်တာပါ သန့်ရှင်းသောဝိညာဉ်တော်ဟာ ဘုရားသခင်ဖြစ်ပြီး ဘုရားသခင်ဟာ သန့်ရှင်းသောဝိညာဉ်တော်ပါပဲ လူ့ဇာတိခံပြီးတော့ပဲလုပ်လုပ် လူကိုအသုံးပြုပြီးတော့ပဲလုပ်လုပ် ဘုရားသခင်အမှုတော်ရဲ့အဆင့်တိုင်းဟာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုပါပဲ ဘယ်လူသားကမှ ကြားဝင်စွက်ဖက်လို့မရပါဘူး ဒါကြောင့် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အမှုတော်ကို ကျွန်တော်တို့ နှစ်သက်သလို အဓိပ္ပာယ်ဖွင့်ဖို့ မကြိုးစားရဘူး သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုလို့ ခေါ်ဆိုရင်းကနေ နောက်တစ်ခါကျတော့ အသက်ကိုပေးတဲ့ ဝိညာဉ်တော်ရဲ့အမှုလို့ ခေါ်ဆိုတာမျိုးပေါ့ ဒါက လုံးဝကို လက်မခံနိုင်စရာပါ အဓိပ္ပာယ်မရှိတဲ့ အယူအဆအမှားတစ်ခုပဲ

သခင်ယေရှုရဲ့ အမှုတော်က သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အမှုတော်ဖြစ်တယ်ဆိုတာ ကျွန်တော်တို့အားလုံး သိကြတယ် သခင်ယေရှုရဲ့ဝိညာဉ်တော်က သန့်ရှင်းသောဝိညာဉ်တော် ဖြစ်တယ်ဆိုတာကို သံသယရှိစရာမလိုပါဘူး ဒါကြောင့် ကားစင်တင်မခံရခင်နဲ့ ခံရပြီးနောက်ပိုင်း သခင်ယေရှုရဲ့အမှုတော်နဲ့ ဖော်ပြချက်တွေဟာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်ချက်တွေပါပဲ သန့်ရှင်းသောဝိညာဉ်တော်ဟာ အမြဲထာဝရ သန့်ရှင်းသောဝိညာဉ်တော် ဖြစ်တယ် သူ့ရဲ့အနှစ်သာရက ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ပါဘူး ဘယ်အဆင့်ကိုပဲရောက်ရောက် အမှုကို ပြုတဲ့သူဟာ သန့်ရှင်းသောဝိညာဉ်တော်ပါပဲ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုကို တချို့အချိန်မှာ သန့်ရှင်းသောဝိညာဉ်တော်က လုပ်ဆောင်ခဲ့ပြီး တချို့အချိန်တွေမှာတော့ အသက်ကိုပေးတဲ့ ဝိညာဉ်တော် ဒါမှမဟုတ် ထမြောက်ခြင်းရဲ့ဝိညာဉ်တော်က လုပ်ဆောင်ခဲ့တာမျိုး မဟုတ်ပါဘူး ဒါက မဖြစ်နိုင်ပါဘူး သန့်ရှင်းသောဝိညာဉ်တော်က အရာခပ်သိမ်းကို တတ်စွမ်းသလို သူ့အမှုတော်ကလည်း ပြည့်စုံကျယ်ပြန့်ပါတယ် သူဟာ ဘုရားသခင်ရဲ့အသံကို မိန့်မြွက်ရုံမကဘူး အံ့ဖွယ်နိမိတ်လက္ခဏာတွေကိုလည်း လုပ်ဆောင်တယ် အသင်းတော်တွေအတွက် သူထောက်ပံ့ပေးတယ်၊ လူကို သမ္မာတရားနဲ့ အသက် အပ်နှင်းတယ်၊ ဒါ့အပြင် လူသားကို ကယ်တင်ပြီး စုံလင်စေနိုင်သလို လူသားမျိုးနွယ်တစ်ခုလုံးကို ဦးဆောင်လမ်းပြနိုင်တယ် သန့်ရှင်းသော ဝိညာဉ်တော်က အရာခပ်သိမ်းတတ်စွမ်းနိုင်ပြီး နေရာတိုင်းမှာရှိသလို အရာအားလုံးကို ပြည့်စေတယ် သူ့ရဲ့တတ်စွမ်းမှုတစ်ခုခုအရ ဘုရားဟာ ဒီဝိညာဉ်တော်ဖြစ်တယ် ဟိုဝိညာဉ်တော်ဖြစ်တယ်လို့ အဓိပ္ပာယ်ဖွင့်ကြမယ်ဆိုရင် ရယ်စရာဖြစ်နေမယ် မဟုတ်လား ပရောဖက်အတုအယောင်တွေ၊ အန္တိခရစ်တွေနဲ့ ဆရာယောင်တွေကပဲ ဒီလိုအဓိပ္ပာယ်မရှိတာကို ပြောကြတာလေ ခုပဲ ခင်ဗျားက၊ ဘုရားရဲ့ဝိညာဉ်တော်ဟာ လူ့အထဲမှာ နေထိုင်ပြီး ကျွန်တော်တို့ဝိညာဉ်နဲ့ တစ်ခုတည်းဖြစ်ဖို့ ပေါင်းစည်းတယ်လို့ ပြောတယ် ဘယ်အပေါ်အခြေခံပြီး ခင်ဗျားအဲလိုပြောရတာလဲ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်မှာ အခြေခံတာလား သန့်ရှင်းသောဝိညာဉ်တော်က ဒါကို အတည်ပြုထားလား အတွေ့အကြုံနဲ့ သက်သေခံချက်က လာတဲ့ အထောက်အထားလား သခင်ယေရှု အမှုတော်ကို ပြုခဲ့တုန်းက သူ့ရဲ့ဝိညာဉ်တော်ဟာ လူ့ဝိညာဉ်နဲ့ ပေါင်းစည်းပြီး တစ်ခုတည်း ဖြစ်လာလိမ့်မယ်လို့ လုံးဝမပြောခဲ့ဘူး သန့်ရှင်းသောဝိညာဉ်တော်ကလည်း ဒီအကြောင်းကို ဘာမှ မပြောထားဘူး ကျမ်းစာထဲမှာလည်း ဒီအကြောင်း ပရောဖက်ပြုချက်တွေ တစ်ခုတစ်လေမှ မရှိဘူး ဒါ့အပြင် ဒီလောကထဲက သန့်ရှင်းသူ မျိုးဆက်အားလုံးကြားမှာ ဘုရားသခင်ရဲ့ဝိညာဉ်တော်နဲ့ ပေါင်းစည်းပြီး ဝိညာဉ်တစ်ခုတည်း ဖြစ်လာတဲ့သူ ရှိခဲ့ဖူးလို့လား ဒီလိုအရာကို သက်သေခံနိုင်တဲ့သူကော ရှိလို့လား တစ်ယောက်မှမရှိဘူး တကယ်တော့ အသက်တာအတွေ့အကြုံရှိတဲ့ ဘယ်သူမဆို သက်သေခံနိုင်တဲ့အချက် ရှိပါတယ် သန့်ရှင်းသောဝိညာဉ်တော်က ဘုရားသခင် ရွေးချယ်ထားတဲ့ လူတွေအပေါ် အမှုပြုတယ်ဆိုတာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေထဲက သမ္မာတရားကို သူတို့တွေ နားလည်စေဖို့အတွက် ဉာဏ်အလင်းပေးပြီး အလင်းပြဖို့ ဘုရားသခင်ကို သိလာနိုင်အောင် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို တွေ့ကြုံကြစေဖို့အတွက် ဦးဆောင်စေ့ဆော်ဖို့ပဲဖြစ်တယ် ဆိုတာပါပဲ ဒါပေမဲ့ သန့်ရှင်းသောဝိညာဉ်တော်ဟာ ဘယ်တော့မှ လူသားရဲ့အသက်တာ ဖြစ်လာမှာမဟုတ်ဘူး သူ့ကို ကျွန်တော်တို့ ဆုတောင်းတဲ့အခါ တစ်ခါတလေ ကျွန်တော်တို့ကို ယုံကြည်ခြင်းနဲ့ ခွန်အားပေးမယ် တစ်ခါတလေမှာ ဘုရားသခင်ရဲ့မျက်မှောက်တော်ကို ခံစားခွင့်ပေးမယ် တစ်ခါတလေ သူ့အလိုတော်ကို ကျွန်တော်တို့နားလည်အောင် သူ့နှုတ်ကပတ်တော်အကြောင်းကို ထုတ်ဖော်ခြင်းပြုတယ် ဒါပေမဲ့ သန့်ရှင်းသောဝိညာဉ်တော်ကိုယ်တိုင်က ဘယ်တော့မှ လူ့အသက်ဖြစ်လာမှာမဟုတ်ဘူး ဒါကျယ်ကျယ်ပြန့်ပြန့်လက်ခံထားကြတဲ့ အချက်ပဲ ဒါကြောင့် လူက ဘုရားဆီ ဘယ်လိုပဲ မကြာခဏ ဆုတောင်းပြီး သူနဲ့ မိတ်သဟာယပြုပါစေ သူတို့ဝိညာဉ်တွေက တစ်ခုတည်းဖြစ်လာဖို့အတွက် ဘုရားရဲ့ဝိညာဉ်တော်နဲ့ ဘယ်တော့မှ ရောနှောမှာမဟုတ်ဘူး လူသားအပေါ် သန့်ရှင်းသောဝိညာဉ်တော်က အမှုပြုတဲ့အခါမှာ သူတို့အနေနဲ့ ဘုရားကို နာခံပြီး ကိုးကွယ်လာနိုင်စေဖို့အတွက် သမ္မာတရားကို နားလည်ဖို့၊ စာတန်ရဲ့ လွှမ်းမိုးမှုကနေ ထွက်ပြေးလွတ်မြောက်ဖို့ ဘုရားဆီကို ပြန်လာဖို့ လူသားကို ဦးဆောင်လမ်းပြပါတယ် ဒါကို သူတို့တွေ ရရှိလိုက်တာနဲ့တစ်ပြိုင်နက် ဘုရားရဲ့ ကယ်တင်ခြင်းအမှုက ပြည့်စုံပါလိမ့်မယ် သူတို့က သမ္မာတရားကို သူတို့ရဲ့ အသက်အနေနဲ့ ရရှိပြီးဖြစ်မှာမို့လို့ သန့်ရှင်းသော ဝိညာဉ်တော်က သူတို့အပေါ် အမှုပြုစရာ လိုတော့မှာ မဟုတ်ဘူး ပြီးတော့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုကလည်း သူ့ရည်ရွယ်ချက်ကို ပြည့်စုံပြီးသားဖြစ်သွားပါလိမ့်မယ် ဒါကြောင့်၊ “လူ့ဝိညာဉ်နဲ့ ဘုရားဝိညာဉ်တော် ရောနှောပြီး တစ်ပါးတည်းဖြစ်လာမယ်”လို့ ပြောဖို့ အခြေခံအကြောင်းရင်း မရှိဘူး အဲဒါက လူတွေရဲ့ အယူအဆနဲ့ စိတ်ကူးတွေဆီက သက်သက်လာတာပါ ဒီလို အဓိပ္ပာယ်မဲ့ လွဲမှားတဲ့ အယူအဆတွေကို ဖြန့်ဝေတဲ့ လူတွေဟာ ဘုရားအမှုတော်ကို အမှန်တကယ် နှောင့်ယှက်နေကြမှန်း အခု ကျွန်တော်တို့ မြင်နိုင်ကြပြီ သူတို့တွေက လူတွေကို လှည့်ဖြားခြင်း နှောင့်ယှက်ခြင်းဆိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ ဒီလိုအတွေးမှားတွေကို ဖြန့်ဝေတာပါ ဒါမှ လူတွေဟာ ဘုရားအလိုတော်နဲ့ သူ့အမှုတော်ကို နားလည်လာနိုင်တော့မှာ မဟုတ်ဘူးလေ သူတို့ရဲ့ ရည်ရွယ်ချက်တွေက ယုတ်မာပြီး မလိုမုန်းထားတဲ့သဘောပါပဲ စာတန်က လူကို လှည့်စားချင်တယ် လှည့်ဖြားချင်တယ် ဒါကြောင့် လူတွေကို ဘုရားဖြစ်လာအောင် ကြိုးပမ်းကြဖို့ လှည့်စားရာမှာ ဒီအလိမ်အညာတွေနဲ့ အယူအဆလွဲတွေကို သူက လုပ်ကြံပြောဆိုတယ် ဒီလိုနဲ့ “လူက ဘုရားဖြစ်လာနိုင်ဖို့ ဘုရားက လူဖြစ်လာခဲ့တယ်” ဆိုတဲ့ အတွေးမှားအတွက် လမ်းခင်းပေးလျက်သား ဖြစ်နေတာပေါ့ အဲဒီအတွေးမှားတွေကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံကြတဲ့ ယုံကြည်ချက်တွေဖြစ်လာအောင် စာတန်က ဒါကို လုပ်ဆောင်တာ ဖြစ်ပါတယ် ဘုရားရွေးချယ်ထားတဲ့ လူတွေဖြစ်တဲ့ ကျွန်တော်တို့က စာတန်ရဲ့အကြံအစည်တွေကို ခုခံဖို့ သတိရှိကြရမယ်

အမှန်တကယ်တော့ လူသားအပေါ် သန့်ရှင်းသောဝိညာဉ်တော် လုပ်ဆောင်တဲ့အမှုက ကယ်တင်ခြင်းအမှုပါ ကျွန်တော်တို့အားလုံး ဒါကို တွေ့ကြုံနိုင်စွမ်းရှိတယ် သန့်ရှင်းသောဝိညာဉ်တော်က လူသားရဲ့အတွင်းမှာ မကြာခဏ ဉာဏ်အလင်းပေးပြီး အလင်းပြတယ် သမ္မာတရားကို နားလည်ဖို့ ဘုရားသခင်ကို သိဖို့ ကူညီပေးတယ် သူက လူသားကို သတိပေးတယ် ဆုံးမပဲ့ပြင်တယ် နှစ်သိမ့်တယ် ဘုရားသခင်ရှေ့မှောက် ရှင်သန်နေထိုင်တတ်အောင် လမ်းပြတယ် ဒါပေမဲ့ သန့်ရှင်းသောဝိညာဉ်တော်က ဘယ်တော့မှ လူသားရဲ့အသက် ဖြစ်လာမှာမဟုတ်ဘူး တကယ်တော့ သူက လူတွေ ကိုယ့်ကိုယ်ကိုယ် နားလည်နိုင်စေဖို့ လူတွေကို စစ်ဆေးပြီး ထုတ်ဖော်ပြတာ သန့်ရှင်းသောဝိညာဉ်တော် လုပ်သမျှက လူသားကို ကယ်တင်ဖို့ပဲ မျက်စိရှိတဲ့သူတိုင်း ဒါကို မြင်နိုင်ပါတယ် ကျေးဇူးတော်ခေတ်မှာဖြစ်ဖြစ် နောက်ဆုံးသောကာလမှာဖြစ်ဖြစ် သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်အနှစ်သာရက လုံးဝ မပြောင်းလဲဘူး ဒါကြောင့် “သန့်ရှင်းသောဝိညာဉ်တော်က ကျွန်တော်တို့အတွင်းမှာ နေထိုင်ပြီး ဝိညာဉ်နှစ်ခုက တစ်ခုတည်းဖြစ်လာအောင် ပေါင်းစည်းကြတယ်” ဆိုတဲ့ အယူအဆက ဘုရားအမှုတော်ရဲ့ တကယ့် လက်တွေ့အရှိတရားနဲ့ ကိုက်ညီမှုမရှိဘူး ခုထိတော့၊ ကျေးဇူးတော်ခေတ်ထဲမှာ ဘုရားသခင်ရဲ့ဝိညာဉ်တော်နဲ့ တစ်ခုတည်းဖြစ်လာခဲ့တဲ့သူ ဒါမှမဟုတ် ဘုရားရဲ့ပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်ခဲ့သူ ရှိတယ်လို့ မကြားဖူးပါဘူး ပြီးတော့ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်က “လူသားဟာ ဘုရားဖြစ်လာတဲ့အထိ ရှင်သန်ဖို့အတွက် လူ့ဝိညာဉ်က ဘုရားဝိညာဉ်တော်နဲ့ ပေါင်းစည်းမှာဖြစ်ပြီး နောက်ဆုံးမှာ တစ်ခုတည်းဖြစ်လိမ့်မယ်” လို့ လုံးဝမပြောထားဘူး ဒါကြောင့် “သန်ရှင်းသော ဝိညာဉ်တော်က ကျွန်တော်တို့အတွင်းမှာ နေထိုင်ပြီး ဝိညာဉ်နှစ်ခုက တစ်ခုတည်းဖြစ်အောင် ပေါင်းစည်းကြတယ်” ဆိုတဲ့ စိတ်ကူးက ဘုရားရဲ့နှုတ်ကပတ်တော်မှာ အခြေပြုထားတာ လုံးဝမဟုတ်ဘဲ လူ့အယူအဆတွေ စိတ်ကူးတွေကနေ ရလာတယ်ဆိုတာ သေချာပါတယ် ဒါက သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုတော် လက်တွေ့အရှိတရားနဲ့ လုံးဝမကိုက်ညီဘူး ကျွန်တော်တို့ကို လှည့်ဖြားဖို့ ရည်ရွယ်တဲ့ စာတန်ရဲ့အတွေးမှားတွေထဲက တစ်ခုပဲ အဲဒါထက် မပိုဘူး ဘုရားသခင်ဟာ ဖန်ဆင်းခြင်းအားလုံးရဲ့ အရှင်ဖြစ်ပါတယ် ဘုရားသခင်ဟာ တစ်မူထူးခြားပြီး တုနှိုင်းမဲ့ဖြစ်တယ် ပြီးတော့ ကျွန်တော်တို့ လူသားတွေက သူ့ရဲ့ ဖန်ဆင်းခြင်းတွေသာ ဖြစ်တယ်ဆိုတာ ကျွန်တော်တို့အားလုံး သိပါတယ် သမ္မာတရားကို ကျွန်တော်တို့ရဲ့ အသက်အဖြစ် ရရှိတဲ့အထိ ဘုရားရဲ့အမှုတော်ကို တွေ့ကြုံရရင်တောင် သမ္မာတရား ပုံသဏ္ဍာန်ရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းလေးတစ်ခုကို အသက်ရှင်နေထိုင်နိုင်ရင်တောင် ကျွန်တော်တို့တွေ လုံးဝ ဘုရား ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး ကျွန်တော်တို့ ပိုပြီး ကောင်းကောင်း နားလည်နိုင်ဖို့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တချို့ကို ထပ်ဖတ်လိုက်ရအောင် အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူသား၏ စိတ်သဘောထားကို ဘုရားသခင်က ချမှတ်ပြီး ဤသည်မှာ မေးခွန်းထုတ်စရာ မလိုသော၊ အပြုသဘောဆောင်သော အရာတစ်ခုဟု ယူဆနိုင်သော်လည်း ယင်းကို စာတန်က ပြုပြင်ပြီး ဖြစ်သည်။ ထို့ကြောင့် လူသား၏ စိတ်သဘောထား တစ်ရပ်လုံးသည် စာတန်၏ စိတ်သဘောထား ဖြစ်သည်။...အကယ်၍ တစ်စုံတစ်ဦးသည် မြေကြီးပေါ်တွင် ကောင်းကင်ဘုံဘဝကို မွေ့လျော်နိုင်သည့် အတိုင်းအတာအထိ ဘုရားသခင်အပေါ် ချစ်ခြင်းမေတ္တာ ရှိနှင့်ပြီး ‘အို ဘုရားသခင်၊ ကိုယ်တော့်အပေါ် ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာမှာ မလုံလောက်ပါ’ ကဲ့သို့သော ပြောဆိုမှုများ ပြုလုပ်နိုင်ကာ အမြင့်ဆုံးဘုံတွင် ရောက်နေလျှင်ပင် ထိုသူတို့သည် ဘုရားသခင်အတိုင်း အသက်ရှင်နေထိုင်သည် သို့မဟုတ် ဘုရားသခင်ကို ကိုယ်စားပြုသည်ဟု မဆိုနိုင်သေးပေ။ အကြောင်းမှာ လူသား၏ အနှစ်သာရသည် ဘုရားသခင်၏ အနှစ်သာရနှင့် မတူသောကြောင့် ဖြစ်ပြီး လူသားသည် ဘုရားသခင်အတိုင်း မည်သည့်အခါမျှ အသက်ရှင်နေထိုင်နိုင်မည် မဟုတ်၊ ဘုရားဖြစ်လာရန်ကား သာ၍ပင် မဖြစ်နိုင်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်က လူသား အသက်ရှင်နေထိုင်ရန် လမ်းပြခဲ့သည်မှာ ဘုရားသခင်က လူသားကို တောင်းဆိုသည်နှင့် အညီသာ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးသော လူသားသည် ဘုရားသခင်ကို ကိုယ်စားပြုခြင်းငှာ မတတ်စွမ်းနိုင်)အတိုချုပ်အားဖြင့်ဆိုရသော် လူတို့သည် တစ်စုံတစ်ခုကို နားလည်ရမည်ဖြစ်သည်၊ သင်သည် သမ္မာတရားကို မည်မျှပင် ကောင်းစွာနားလည်သည်ဖြစ်စေ၊ သင်၏အတွေ့အကြုံမှာ မည်သို့ပင်ရှိသည်ဖြစ်စေ၊ သင်သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုအပေါ် မည်မျှပင် အပြည့်အဝနာခံသည်ဖြစ်စေ၊ အသက်တာအတွင်း သင်၏ဝင်ရောက်မှုသည် မည်မျှပင် မြင့်မားသည် သို့မဟုတ် နက်နဲသည်ဖြစ်စေ၊ သင်၏ဘဝသည် လူသား၏ဘဝသာ ဖြစ်ဆဲဖြစ်၍၊ လူသားသည် မည်သည့်အခါမျှ ဘုရားသခင် ဖြစ်မလာနိုင်ပေ။ ဤသည်မှာ အကြွင်းမဲ့ဖြစ်၍ လူတို့သည် ဤသည်ကို နားလည်ရမည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သမ္မာတရားဆိုသည်မှာ အမှန်တကယ် မည်သည့်အရာဖြစ်ကြောင်း သင် သိသလော။”)ဘုရားသခင်ကိုယ်တိုင်က ကြီးမားသည့်ဘုရားသခင်များနှင့် သေးငယ်သည့် ဘုရားသခင်များ အုပ်စုတစ်စုကို စုံလင်စေခဲ့သည်ဆိုပါက ဤသည်မှာ ပရမ်းပတာ ဖြစ်၍နေခဲ့လိမ့်မည် မဟုတ်လော။ မည်သို့ပင်ဖြစ်စေ ဤသည်မှာ မဖြစ်နိုင်သည့် အရာတစ်ခုဖြစ်၏၊ ဤသည်မှာ ရယ်ဖွယ်ကောင်းသော အရာတစ်ခုဖြစ်၏။ ဤသည်မှာ လူသားများထံမှ ရယ်ဖွယ်ကောင်းသည့် အယူအဆတစ်ရပ်ဖြစ်၍၊ ဖြစ်နိုင်သည့် အရာတစ်ခုမဟုတ်ပေ။ ဘုရားသခင်သည် လူတို့ကိုသာ ဖန်ဆင်းနိုင်၏၊ ဘုရားသခင်သည် ဘုရားသခင်ကို ဖန်ဆင်းနိုင်ခြင်း မရှိပေ။ ဘုရားသခင်သည် ဇာတိခန္ဓာအသွင်အဖြစ်သာ လူ့ဇာတိခံယူနိုင်၏။ သို့သော် ဤသည်မှာ သူသည် ဘုရားသခင်ကို ဖန်ဆင်းခဲ့သည်ဟု မဆိုလိုပေ။ ဘုရားသခင်သည် သူ့ကိုယ်သူ မဖန်ဆင်းခဲ့ပေ။ သူ့တွင် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်သည့် သူ၏ကိုယ်ပိုင်အနှစ်သာရရှိ၏။ သူသည် သူ့ကိုယ်သူ ဖန်ဆင်းခဲ့သည်မဟုတ်၊ သူသည် လူတို့နှင့် အခြားအရာများကိုသာ ဖန်ဆင်းနိုင်၏။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သမ္မာတရားဆိုသည်မှာ အမှန်တကယ် မည်သည့်အရာဖြစ်ကြောင်း သင် သိသလော။”) အနန္တတန်ခိုးရှင်ဘုရားသခင်က အရာရာတိုင်းကို အရှင်းလင်းဆုံး ဖြစ်စေတဲ့အတွက် သူ့ရဲ့နှုတ်ကပတ်တော်တွေကို ဖတ်လိုက်တာနဲ့ ကျွန်တော်တို့ နားလည်သွားတယ် ဘုရားက ကောင်းကင် မြေကြီး အရာခပ်သိမ်းနဲ့ လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့တယ် ဒါက အမှန်တရားအနေနဲ့ ဟိုးကာလကတည်းက တည်ခဲ့တာပါ သူက ဘုရားတွေ ကြီးကြီးငယ်ငယ် ပါဝင်တဲ့ အုပ်စုတစ်စုကို ဖန်ဆင်းမယ်လို့ လုံး၀ မပြောခဲ့ဘူး သူက လူကို သူ့ပုံသဏ္ဍာန်နဲ့အညီ ဖန်ဆင်းခဲ့တယ်လို့ပဲ ပြောခဲ့တာပါ ကျွန်တော်တို့လူသားတွေက ဘုရားရဲ့ ပုံသဏ္ဍာန်နဲ့အညီ ဖန်ဆင်းခံခဲ့ရတယ်ဆိုပေမဲ့ လူကို ဘုရားက သူ့သဏ္ဍာန်တော်နဲ့အညီ ဖန်ဆင်းခဲ့တယ်ဆိုတဲ့ အချက်ကို အကြောင်းပြုပြီး ကျွန်တော်တို့က လူတွေ ဖြစ်နေတုန်းပါပဲ ဘာကြောင့် တချို့လူတွေက ဘုရားရဲ့နှုတ်ကပတ်တော်တွေကို တလွဲအနက်ပြန်ပြီး လှည့်ပတ်နေရတာလဲ ဘုရားသခင်အနေနဲ့ လူကို သူ့ပုံသဏ္ဍာန်နဲ့အညီ ဖန်ဆင်းတာက ဘယ်လိုလုပ် မှားနိုင်မှာလဲ စာတန်ကြောင့် လူသားမျိုးနွယ်ရဲ့ ဖောက်ပြန်ပျက်စီးမှုက အရမ်းကို နက်ရှိုင်းလွန်းတာ သိသာပါတယ် ဘုရားက သူတို့ကို ရွေးနုတ်ခဲ့တဲ့နောက်မှာတောင် ဘုရားဖြစ်ချင်တဲ့ သူတို့ရဲ့ ဆန္ဒက နည်းနည်းကလေးတောင် ယုတ်လျော့မသွားဘူး ပြီးတော့ သူတို့က ဘုရားနှုတ်ကပတ်တော်ကို လှန်လှောကြည့်ပြီး ဒီစိတ်ဆန္ဒကို အတည်ပြုပေးနိုင်မယ့် တစ်ခုခုကို အသည်းအသန် ရှာတတ်ကြတယ် အဲဒါက ကောင်းကင်တမန်မင်းရဲ့ စိတ်သဘောထားပဲ မဟုတ်လား ပြောပါဦး၊ ကောင်းကင်တမန်မင်းက ဘယ်လိုဖြစ်ပြီး စာတန်ဖြစ်လာခဲ့လဲ ဘုရားဖြစ်ဖို့ နဲ့ ဘုရားနဲ့ တန်းတူဖြစ်ဖို့ ဆန္ဒရှိလို့ မဟုတ်ခဲ့ဘူးလား ဘုရားက စာတန်ကို လေထဲ ရိုက်ချလိုက်တဲ့နောက်မှာ စာတန်က ကမ္ဘာမြေကို အုပ်စိုးခဲ့တယ်လေ စာတန်က လူကို ဖောက်ပြန်ပျက်စီးစေနိုင်တယ် ထိန်းချုပ်ပြီး လှည့်ဖြားနိုင်တယ် ပြီးတော့ လူကို ဘုရားရဲ့ရန်သူတွေအဖြစ် ပြောင်းလဲစေနိုင်တယ် ဒါမှ လူက စာတန်နောက်လိုက်ပြီး သူ့ကို ကိုးကွယ်မှာလေ ဒါက စာတန်ရဲ့ လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေခြင်းမှာ နောက်ဆုံး အကျိုးဆက်ပါပဲ လူက ဘုရားဖြစ်လာနိုင်ဖို့ ဘုရားက လူဖြစ်လာခဲ့တယ် ဆိုတဲ့ ဒီအတွေးမှားက လူသားမျိုးနွယ်ဆီ ဘယ်လို ဂယက်ရိုက်မှုတွေကို ယူဆောင်လာသလဲ လူကို ဘုရားဖြစ်ချင်စေဖို့ ဘုရားနဲ့တန်းတူ ရပ်တည်ချင်စေဖို့ဆိုတာကိုပဲ ဖြစ်စေပါတယ် ဒီအယူအဆအားဖြင့် လှည့်ဖြားခံရ ဖျက်ဆီးခံရတဲ့ ဘယ်သူမဆိုဟာ မာနထောင်လွှားလာပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ကြီးဝင်လာမှာပါ ပြီးတော့ သူ့စိတ်ဆန္ဒကို ဖြည့်ဆည်းဖို့အတွက် တခြားလူတွေက သူ့ကို နာခံဖို့ သူ့ကို ဘုရားလို နာခံ ကိုးကွယ်ကြဖို့ကိုတောင် စပြီး တောင်းဆိုလိမ့်မယ် ဒါက လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအတွက် ဘုရားရဲ့ ရည်မှန်းချက်ကိုရော ဘုရားကိုပါ လုံး၀ ဆန့်ကျင်နေတယ် ဒီတော့ ကမ္ဘာပေါ်မှာ ဒီ မှားယွင်းတဲ့ အယူအဆက ဘယ်နေရာက လာတာလဲ အဲဒါကို လူဆီက ရတာလား ဒါမှမဟုတ် စာတန်ဆီကလား ကျွန်တော်တို့ သိမြင်နိုင်ရမယ် ဒီသီအိုရီက သန့်ရှင်းသော ဝိညာဉ်တော်ဆီက မလာတာ သိသာတယ်၊ အဲဒါ စာတန်ဆီကပဲ လာနိုင်တယ် ဒါကြောင့်၊ “လူက ဘုရားဖြစ်လာနိုင်ဖို့ ဘုရားက လူဖြစ်လာခဲ့တယ်” ဆိုတဲ့ ဒီသီအိုရီက လူတွေကို လှည့်ဖြားဖို့ရည်ရွယ်တဲ့ စာတန်ရဲ့ အလိမ်အညာတွေကလွဲလို့ ဘာမှမဟုတ်ဘူးဆိုတာကို ယုံကြည်စိတ်ချမှုနဲ့ ကျွန်တော်တို့ ပြောနိုင်ပါတယ် ဒါ ငြင်းလို့မရပါဘူး

ဘေးအန္တရာယ်အတွင်းမှ ချီဆောင်ခြင်း ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၃) ခုပဲ ခင်ဗျားတို့က လူဟာ ဘုရားရဲ့ပုံသဏ္ဍာန် အနည်းငယ်ကို အသက်ရှင်နေထိုင်တယ်ဆိုရင်တောင် ဘုရား လုံး၀ဖြစ်မလာနိုင်ဘူးလို့ မိတ်သဟာယ ပြုသွားတယ် ကျွန်တော် အဲဒါကို လုံး၀ လက်ခံပေးနိုင်ပါတယ် ဒါပေမဲ့ လူတစ်ယောက်က ဘုရားရဲ့ပုံသဏ္ဍာန်ကို အသက်ရှင်နေထိုင်နိုင်သရွေ့ ဘုရားဖြစ်လာနိုင်တယ်လို့ ကျွန်တော်တို့ ပြောတဲ့အခါမှာ သူ့ရဲ့ဇာတိအဖြစ်တော်နဲ့တွဲလျက်ရှိတဲ့ ဘုရားကို ရည်ညွှန်းနေတာ မဟုတ်ပါဘူး သူ့ရဲ့ဇာတိအဖြစ်တော် မပါဘဲ သူ့ရဲ့ အသက်တာ စိတ်သဘောထားနဲ့ တွဲလျက်ရှိတဲ့ဘုရားကို ရည်ညွှန်းနေတာပါ တကယ်လို့ ကျွန်တော်တို့က ဘုရားရဲ့ပုံသဏ္ဍာန်ကို အသက်ရှင်နေထိုင်ရင် ဘုရားရဲ့အသက်တာရှိတဲ့ ဘုရားသခင် ဖြစ်လာမှာပါ ကျွန်တော်တို့အနေနဲ့ ဘုရားရဲ့ဇာတိအဖြစ်တော်ကို မရရှိတာလောက်ပါပဲ ဒါကြောင့်၊ “လူက ဘုရားဖြစ်လာနိုင်ဖို့ ဘုရားက လူဖြစ်လာခဲ့တယ်” ဆိုတဲ့ စကားတွေက ခိုင်လုံနေတုန်းပဲလို့ ထင်ပါတယ်

နောက်တစ်ခုသို့- မေးခွန်း (၁) ဘာသာရေး သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက အသင်းတော်မှာ ဘုရားသခင်ကို အစေခံကြတဲ့လူတွေပဲ ယုတ္တိရှိတာပြောရရင်၊ သခင်ကြွလာခြင်းနဲ့ ပတ်သက်လာတဲ့အခါ သူတို့က အဲဒါကို စောင့်ကြည့်ပြီး သတိကြီးကြီးနဲ့ ဆက်ဆံလုပ်ဆောင်သင့်တယ် ဒါပေမယ့် သူတို့က ဘာဖြစ်လို့ နောက်ဆုံးသောကာလက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့အမှုတော်ကို မရှာဖွေ၊ မစူးစမ်းရုံသာမက အဲဒီအစား ကောလဟလတွေ လုပ်ကြံဖန်တီးတာတွေ၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ဝေဖန် ရှုတ်ချကြတာတွေလုပ်ပြီး ယုံကြည်သူတွေကို စစ်မှန်တဲ့လမ်းကို စူးစမ်းရှာဖွေတာကနေ လှည့်ဖြားပြီး တားမြစ်ကြတာလဲ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။