မေးခွန်း (၁) ဘာသာရေး သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက အသင်းတော်မှာ ဘုရားသခင်ကို အစေခံကြတဲ့လူတွေပဲ ယုတ္တိရှိတာပြောရရင်၊ သခင်ကြွလာခြင်းနဲ့ ပတ်သက်လာတဲ့အခါ သူတို့က အဲဒါကို စောင့်ကြည့်ပြီး သတိကြီးကြီးနဲ့ ဆက်ဆံလုပ်ဆောင်သင့်တယ် ဒါပေမယ့် သူတို့က ဘာဖြစ်လို့ နောက်ဆုံးသောကာလက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့အမှုတော်ကို မရှာဖွေ၊ မစူးစမ်းရုံသာမက အဲဒီအစား ကောလဟလတွေ လုပ်ကြံဖန်တီးတာတွေ၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ဝေဖန် ရှုတ်ချကြတာတွေလုပ်ပြီး ယုံကြည်သူတွေကို စစ်မှန်တဲ့လမ်းကို စူးစမ်းရှာဖွေတာကနေ လှည့်ဖြားပြီး တားမြစ်ကြတာလဲ

အဖြေ- ဒီမေးခွန်းက တကယ်တော့ မထူးဆန်းပါဘူး သခင်ယေရှု အမှုတော်အတွက် လာခဲ့တဲ့အချိန်တုန်းက၊ ဘာသာရေးလောကရဲ့ ယဇ်ပုရောဟိတ် အကြီးအကဲတွေ၊ ကျမ်းတတ်ပုဂ္ဂိုလ်တွေ နဲ့ ဖာရိရှဲတွေရဲ့ ပြင်းထန်တဲ့ဆန့်ကျင်တာ၊ ခုခံတော်လှန်တာနဲ့ ရှုတ်ချတာတွေကြုံခဲ့ရပြီး အဆုံးမှာ သူ့ကို ကားစင်တင်စီရင်ကြတယ်။ ဒါက သမိုင်းကြောင်း အဖြစ်မှန်တစ်ခုပဲ ဒါ့အပြင် အားလုံး ကျေးဇူးပြုပြီး စဉ်းစားကြည့်ကြပါ ဘာဖြစ်လို့ သခင်ယေရှုက ဘာသာရေးလောကရဲ့ ကားစင်တင်စီရင်တာခံခဲ့ရတာလဲ ဒီမေးခွန်းကို ရိပ်စားမိရင် နောက်ဆုံးသောကာလရဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်က ဘာသာရေးလောကရဲ့ ကားစင်တင်စီရင်တာကို ဘာဖြစ်လို့ခံခဲ့ရလဲဆိုတဲ့ အကြောင်းပြချက်ကို နားလည်ဖို့ မခက်ခဲတော့ပါဘူး နောက်ဆုံးသောကာလရဲ့ အနန္တတန်ခိုးရှင်ဘုရားသခင် ဖော်ပြတဲ့ အရာအားလုံးက သမ္မာတရားဖြစ်ပြီး သူလုပ်သမျှအရာအားလုံးက အတိအကျ နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့တရားစီရင်ခြင်းပဲဖြစ်တယ် ဒါပေမယ့် သူက ဘာသာရေး သင်းအုပ်ဆရာများနဲ့ အကြီးအကဲတွေရဲ့ ပြင်းထန်တဲ့ ဝေဖန် ရှုံ့ချတာ နဲ့ ပုတ်ခတ်ပြောဆိုတာတွေကို ကြုံခဲ့ရတယ် ဒါက တကယ့်ကို အရမ်းကို စဉ်းစားစေတဲ့အချက်ပဲ နောက်ဆုံးသောကာလရဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အမှုတော်ကို ပြစ်တင်ဝေဖန်တာက သန့်ရှင်းသောဝိညာဉ်တော်ကို ပုတ်ခတ်ပြောဆိုသလိုပဲ ဒါက အခြေခံအားဖြင့် နောက်ဆုံးသောကာလ ခရစ်တော်ကို ကားတိုင်ပေါ်မှာ သံနဲ့ရိုက်နှက်သလိုပဲ ဒီပြဿနာရဲ့ အနှစ်သာရက ဆိုးရွားလွန်းတယ် ဒါက လူတချို့က ဒါကို ထိုးဖောက်မမြင်တာပဲဖြစ်ပြီး ဘာသာရေး သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက အသင်းတော်မှာ ဘုရားသခင်ကို အစေခံကြတဲ့လူတွေပဲလို့ ပြောကြပေမယ့် သူတို့က ဘာဖြစ်လို့ စစ်မှန်တဲ့လမ်းကို ရှာဖွေ စူးစမ်းလေ့လာရမယ့်အစား ရှုတ်ချကြတာလဲ အမှန်တကယ်တော့ ဒါက သူတို့ရဲ့သဘာဝနဲ့ စပ်ဆက်နေတာပဲ ဂျူးယဇ်ပုရောဟိတ် အကြီးအကဲတွေ၊ ကျမ်းတတ်ပုဂ္ဂိုလ်တွေနဲ့ ဖာရိရှဲတွေက ဗိမာန်တော်တွေမှာ ဘုရားသခင်ကို အစေခံတဲ့လူတွေဆိုတာ ကျွန်တော်တို့အားလုံးသိတယ် သခင်ယေရှု သူတို့ကြားမှာ အမှုဆောင်တဲ့အချိန်အတောအတွင်း၊ သခင်ယေရှုရဲ့ အမှုတော်နဲ့ နှုတ်ကပတ်တော်က အာဏာနဲ့ တန်ခိုးရှိတယ်လို့ လူအများကြီးက ဝန်ခံခဲ့ကြတယ် ဒါပေမဲ့ ဘာဖြစ်လို့ သူတို့ သခင်ယေရှုကို ကားတိုင်ပေါ်မှာ သံနဲ့ ရိုက်နိုင်သေးရတာလဲ သမ္မာကျမ်းစာမှတ်တမ်းတွေအရ သခင်ယေရှုရဲ့အမှုတော်နဲ့ အဲဒီအချိန်က ဟောပြောခြင်းတွေက ဂျူးလူမျိုးတွေရဲ့ ပြည်နယ်တစ်ခုလုံးကို ကိုင်လှုပ်ခဲ့တယ်လို့ ကျွန်တော်တို့ သိတယ် သခင်ယေရှုက လူငါးထောင်ကို ကျွေးဖို့ မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်ကို သုံးခဲ့ပြီး ခြေမသန်သူကိုလမ်းလျှောက်စေတယ်၊ မျက်စိကန်းတဲ့သူကို မြင်စေတယ်၊ သေသူကို ရှင်စေတာတွေ အစရှိသဖြင့်က ဂျူးအားလုံးကို အကြီးအကျယ် တုန်လှုပ်သွားစေတယ် လူအများကြီးက သခင်ယေရှုရဲ့ နာမနဲ့ သူ့အမှုတော်ရဲ့ဖြစ်ရပ်မှန်တွေကို အားလုံးဖြန့်ကြတယ် သခင်ယေရှုနောက်ကိုလိုက်တဲ့လူအရေအတွက်ကလည်း တိုးပြီးရင်းတိုးလာတယ် ဒါပေမဲ့ ယဇ်ပုရောဟိတ်အကြီးအကဲတွေ၊ ကျမ်းတတ်ဆရာတွေနဲ့ ဖာရိရှဲတွေက အဲဒါကို မြင်တဲ့အခါ သူတို့ရဲ့နှလုံးသားထဲမှာ အမုန်းတရား ကိန်းအောင်းလာတယ် သခင်ယေရှုက သူလုပ်နေတာတွေကို ဆက်လုပ်နေရင် ဂျူးလူမျိုးတွေအားလုံး မကြာခင် သခင်ယေရှုနောက်ကို လိုက်ကြမှာဖြစ်ပြီး ဂျူးဘာသာက မကြာခင်ပဲ တုန့်ဆိုင်းရပ်တန့်သွားပြီး ပိတ်သိမ်းသွားလိမ့်မယ်ဆိုတာ သူတို့နှလုံးသားတွေထဲမှာ ရှင်းရှင်းလင်းလင်း သိနေကြတယ်လေ ဒါကြောင့်၊ ဂျူးဘာသာဆက်လက်ရှင်သန်မှုကို ကာကွယ်ဖို့၊ သမ္မာကျမ်းစာရဲ့ မွန်မြတ်သန့်စင်မှုကို ကာကွယ်ဖို့နဲ့ သူတို့ရဲ့ ဂုဏ်အဆင့်အတန်းနဲ့ အသက်မွေးဝမ်းကြောင်းကိုလည်း အမှန်တကယ်ကာကွယ်ဖို့ သခင်ယေရှုအကြောင်း ကောလဟလတွေ လုပ်ကြံဖန်တီးဖို့၊၊ ရှုတ်ချဖို့နဲ့ အကွက်ဆင်ဖို့အတွက် သူတို့တတ်နိုင်သမျှအားလုံး လုပ်ခဲ့ကြတယ် အဆုံးမှာ သခင်ယေရှုကို ကားတိုင်မှာ သံရိုက်စီရင်ဖို့ ရောမအစိုးရနဲ့ ပူးပေါင်းကြံစည်ခဲ့ကြတယ် အဲဒီလိုပဲ၊ အနန္တတန်ခိုးရှင်ဘုရားသခင်ဖော်ပြတဲ့ နှုတ်ကပတ်တော်တွေက အားလုံးသမ္မာတရားဖြစ်ပြီး အာဏာနဲ့တန်ခိုး သယ်ဆောင်တယ်ဆိုတာ ဒီနေ့ ဘာသာရေး သင်းအုပ်တွေနဲ့ အကြီးအကဲတွေက သိမြင်ကြတယ် ဒီနှုတ်ကပတ်တော်တွေက ဘာသာရေးအဝန်းအဝိုင်းထဲက သမ္မာတရားကို ချစ်မြတ်နိုးတဲ့သူတွေဆီကို ပြန့်နှံ့သွားရင် ဒါက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ အသံတော်ဖြစ်တယ်ဆိုတာ အားလုံးအသိအမှတ်ပြုပြီး သခင်ယေရှုက ပြန်လာပြီဆိုတာကို အားလုံးဝန်ခံလိမ့်မယ် ဒါကြောင့် သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက ယုံကြည်သူတွေ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို သိမြင်မှာနဲ့ ဘုရားသခင်ရဲ့ အသံတော်ကြားမှာကို အင်မတန်ကြောက်ကြတယ် သူတို့က ယုံကြည်သူတွေ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နောက်ကို အားလုံးလိုက်ကြမှာကို ပိုပြီးတောင်ကြောက်ကြတယ် ဒါက သူတို့ရဲ့ ဂုဏ်အဆင့်အတန်းနဲ့ အသက်မွေးဝမ်းကြောင်းတွေကို ဆုံးရှုံးစေမှာဖြစ်လို့ပဲ ရလဒ်အနေနဲ့၊ သူတို့က အထူးသဖြင့် အနန္တတန်ခိုးရှင်ဘုရားသခင်ကို အထင်အမြင်သေးပြီး အပြင်းအထန် ကောလဟလတွေ လုပ်ကြံဖန်တီးပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဝေဖန်၊ ဆန့်ကျင်ပြီး ရှုတ်ချကြတာတွေဟာ ယုံကြည်သူတွေ စစ်မှန်တဲ့လမ်းကို စူးစမ်းရှာဖွေတာကို နှောက်ယှက်ဖို့နဲ့ ပိတ်ပင်ဖို့ သူတို့လုပ်နိုင်တာ အားလုံးလုပ်ခဲ့တာတွေပဲ ဒါက မြော်မြင်တတ်တဲ့လူတွေအားလုံး ရှင်းရှင်းလင်းလင်းမြင်နိုင်တဲ့ အဖြစ်မှန်တစ်ခုပဲ ဘာသာရေး သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက အနန္တတန်ခိုးရှင်ဘုရားသခင်ကို ဆန့်ကျင်ပြီး ရှုတ်ချနေတာတွေရဲ့ အရင်းအမြစ်က သခင်ယေရှုကို ဂျူးလူမျိုး ဖာရိရှဲတွေ ဆန့်ကျင်တာနဲ့ တူတယ်ဆိုတာကို ဒါက ပြနေတယ် ဒါက သမ္မာတရားကိုစိတ်ကုန်တာ၊ သမ္မာတရားကိုမုန်းတာနဲ့ ဘုရားသခင်ကို ဆန့်ကျင်တဲ့ ဆိုးညစ်တဲ့သဘာဝတွေအားလုံး စိုးမိုးခြယ်လှယ်နေတာပဲ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ဆန့်ကျင် ရှုတ်ချတဲ့ ဘယ်ဘာသာရေး သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေမဆို ဘုရားသခင်ကို အစေခံတဲ့လူတွေအစစ်အမှန်မဟုတ်ပဲ တကယ်ကို သူတော်ကောင်းဟန်ဆောင်တဲ့ ဖာရိရှဲတွေလိုပဲဆိုတာကို ဒီအချက်တွေကသက်သေပြဖို့ လုံလောက်တယ်.. သူတို့အားလုံးက အန္တိခရစ်တွေပဲ

အဲဒီအချိန် ဂျူးလူမျိုး ဖာရိရှဲတွေက သခင်ယေရှုရဲ့ အမှုတော်ကြောင့် အန္တိခရစ်တွေအဖြစ် ပေါ်လာတယ် ဒီနေ့ ဘာသာရေး သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကြောင့် အန္တိခရစ်တွေအဖြစ်လည်း ဖော်ထုတ်ခံရတာပဲ သူတို့ရဲ့ သမ္မာတရားကို မုန်းတဲ့ အနှစ်သာရကလည်း အတူတူပဲ သူတို့အားလုံးက လူ့ဇာတိခံဘုရားသခင်ကို ငြင်းပယ်တဲ့ အန္တိခရစ်တွေပဲ သမ္မာကျမ်းစာမှာ ပြောထားတာက “လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို ငြင်းပယ်လျက်၊ လှည့်ဖြားသော သူအများ တို့သည် လောကထဲသို့ဝင်ကြပြီ။ ထိုသို့သောသူသည် လှည့်ဖြားသောသူဖြစ်၏။ အန္တိခရစ်လည်းဖြစ်၏။(ရှင်ယောဟန်သြဝါဒစာဒုတိယစောင် ၁:၇)ဘုရားသခင်၏ဝိညာဉ်တော်ကို အဘယ်သို့သိနိုင်သနည်းဟူမူကား၊ လူဇာတိအားဖြင့်ကြွလာ တော်မူသော ယေရှုခရစ်ကို ဝန်ခံသောဝိညာဉ် မည်သည်ကား၊ ဘုရားသခင်နှင့်စပ်ဆိုင်၏။ လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကိုဝန်မခံသောဝိညာဉ်မည်သည်ကား၊ ဘုရား သခင်နှင့်မစပ်ဆိုင်။ ထိုသို့သောဝိညာဉ်ကား၊ သင်တို့သည် ကြားခဲ့ပြီးသည်အတိုင်း ဤလောကသို့လာမည်ဖြစ်၍၊ ယခုပင် လာလျက်ရှိသော အန္တိခရစ်၏ ဝိညာဉ်ဖြစ်၏။(ရှင်ယောဟန် ဩဝါဒစာ ပဌမစောင် ၄:၂-၃) ဒါကြောင့်၊ အတိအကျကို သေချာတာက ဘုရားသခင်လူ့ဇာတိခံပြီး ကြွလာတာကို ဝန်မခံတဲ့သူတွေအားလုံးက အန္တိခရစ်တွေပဲ ဘုရားသခင်လူ့ဇာတိခံပြီး ကြွလာတာကို ငြင်းပယ်သူတွေ၊ ရှုတ်ချပြီး ဆန့်ကျင်သူအားလုံးက အန္တိခရစ်တွေပဲ ဘုရားသခင်ကိုသိပြီး အစစ်အမှန် ယုံကြည်တဲ့သူတွကေ ဘုရားသခင်လူ့ဇာတိခံတဲ့ အမှုတ်တော်ကိုလက်ခံမှာ အသေအချာပဲ ဘုရားသခင်ကို စိတ်ရောကိုယ်ပါ မသိ၊ မယုံကြည်တဲ့ သူတွေကတော့ ဘုရားသခင်လူ့ဇာတိခံတာကို ရှုတ်ချပြီး ဆန့်ကျင်မှာ အသေအချာပဲ အနန္တတန်ခိုးရှင် ဘုရားသခင်၊ နောက်ဆုံးသောကာလ ခရစ်တော်ရဲ့အမှုတော်ကို မယုံကြည်သူတွေနဲ့ အန္တိခရစ်တွေအားလုံးကို ပေါ်လာစေပြီး အကောင်းနဲ့ ဆိုးညစ်ခြင်း၊ ဆိတ်ကနေ သိုးခွဲခြားမယ် အဲဒီနည်းနဲ့၊ လူသားက သူ့ရဲ့အမျိုးအစားအတိုင်း ခွဲခြားခံရမယ် ဒါကြောင့် ယုံကြည်သူတွေက အန္တိခရစ်ကို မခွဲခြားနိုင်ရင် သူတို့ကို လှည့်ဖြား ချုပ်ကိုင်ဖို့ အရမ်းလွယ်ပြီး ဘုရားသခင်ရဲ့ ပလ္လင်တော်ရှေ့ကို ပြန်လာဖို့ သူတို့အတွက် ခက်ခဲသွားစေလိမ့်မယ်

ကျော့ကွင်းကို ထိုးဖောက်ကျော်လွန်ခြင်း ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၄) လူ့ဇာတိခံ သခင်ယေရှုက သူ့ရဲ့ကားစင်တင်ခြင်း ခံရပြီးတဲ့နောက် ရှင်ပြန်ထမြောက်ခဲ့တဲ့အချိန်မှာ အသက်ပေးတဲ့ ဝိညာဉ်တော် ဖြစ်လာခဲ့ပါတယ် ဒီလိုနဲ့ အသက်ပေးတဲ့ ဝိညာဉ်တော်က ကျွန်တော်တို့အတွင်းမှာ နေထိုင်တယ် ကျွန်တော်တို့ဝိညာဉ်နဲ့ ရောနှောပြီး ဝိညာဉ်နှစ်ခုက တစ်ခုတည်း ဖြစ်လာလိမ့်မယ် ဒီတော့ နောက်ဆုံးမှာ ကျွန်တော်တို့က ဘာလို့ ဘုရား ဖြစ်မလာနိုင်ရမှာလဲ ဒါနဲ့ပတ်သက်ပြီး ကျွန်တော် ပြောတာ မှားနိုင်ပါ့မလား

နောက်တစ်ခုသို့- မေးခွန်း (၂) သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက သမ္မာကျမ်းချက်တွကို မကြာခဏဖတ်ပြီး လူတွေကို ပြောပြတာ ညီအစ်ကို မောင်နှမတွေအတွက် ဆုတောင်းပေးတာ၊ ယုံကြည်သူတွေအတွက် ချစ်ခြင်းမေတ္တောရှိဖို့နဲ့ သမ္မာကျမ်းစာကို စွဲကိုင်ထားဖို့ ပြောတာတွေ လုပ်ကြတယ် တကယ်လို့ ကျွန်မတို့က သူတို့ကို သူတော်ကောင်းယောင်ဆောင်တဲ့ ဖာရိရှဲတွေလို့ပြောရင် ယုံကြည်သူအများစုက ခွဲခြားသိမြင်နိုင်တာ ဒါမှမဟုတ် ထိုးဖောက်မြင်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး ဒါကြောင့် ကျွန်တော်တို့နဲ့ ပိုပြီး အသေးစိတ် မိဿဟာရဖွဲ့ပေးပါ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။