မေးခွန်း (၂) သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက သမ္မာကျမ်းချက်တွကို မကြာခဏဖတ်ပြီး လူတွေကို ပြောပြတာ ညီအစ်ကို မောင်နှမတွေအတွက် ဆုတောင်းပေးတာ၊ ယုံကြည်သူတွေအတွက် ချစ်ခြင်းမေတ္တောရှိဖို့နဲ့ သမ္မာကျမ်းစာကို စွဲကိုင်ထားဖို့ ပြောတာတွေ လုပ်ကြတယ် တကယ်လို့ ကျွန်မတို့က သူတို့ကို သူတော်ကောင်းယောင်ဆောင်တဲ့ ဖာရိရှဲတွေလို့ပြောရင် ယုံကြည်သူအများစုက ခွဲခြားသိမြင်နိုင်တာ ဒါမှမဟုတ် ထိုးဖောက်မြင်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး ဒါကြောင့် ကျွန်တော်တို့နဲ့ ပိုပြီး အသေးစိတ် မိဿဟာရဖွဲ့ပေးပါ

အဖြေ- ယခင်က၊ ဂျူးလူမျိုး ဖာရိရှဲများက တရားဇရပ်မှာ မကြာခဏ သမ္မာကျမ်းချက်များကို ရှင်းပြပြီး ယုံကြည်သူများအတွက် ဆုတောင်း ပေးသည်။ သူတို့က လူများအတွက် ဘုရားကို အတော်ချစ်သည့် ပုံပေါက်သည် မဟုတ်လား။ သို့ပါက သခင်ယေရှုက ဖာရိရှဲများကို အဘယ့်ကြောင့် ဖော်ထုတ်ပြီး ကျိန်ဆဲရသနည်း။ သခင်ယေရှုက သူတို့အပေါ် မှားခဲ့ခြင်း ဖြစ်ပါသလား။ ကျွန်တော်တို့က သခင်ယေရှု၏ နှုတ်ကပတ်တော်သည် သမ္မာတရား ဖြစ်ကြောင်းကို မယုံကြည်ကြခြင်း ဖြစ်ပါသလား။ ကျွန်တော်တို့က သခင်ယေရှု အမှား လုပ်ခဲ့သည်ဟု သံသယရှိနေခြင်း ဖြစ်ပါသလား။ သင်းအုပ်ဆရာများနှင့် အကြီးအကဲများက သူတော်ကောင်း ယောင်ဆောင်သည့် ဖာရိရှဲများနှင့် အန္တိခရစ်များ ဟုတ် မဟုတ် ခွဲခြားခြင်းက လူများကို အပြင်ပန်းမှာ မည်သို့ဆက်ဆံကြောင်း ကို ကြည့်ရုံဖြင့် မပြီးနိုင်ပါ။ သူတို့ သခင်နှင့် သမ္မာတရားကို မည်သို့ ပြုမူဆက်ဆံကြောင်းကို ကြည့်ဖို့က အဓိကဖြစ်ပါသည်။ အပြင်ပန်းမှာမူ ယုံကြည်သူများကို ချစ်ပြနိုင်သော်လည်း သခင်ကိုရော ချစ်ခြင်းမေတ္တာရှိပါသလား။ သူတို့က လူများကို အတော်လေး ချစ်ပြသော်လည်း၊ သခင်နှင့်သမ္မာတရားကို မုန်းခြင်း ငြီးငွေ့ခြင်းများနှင့် ပြည့်နေပြီး အနန္တတန်ခိုးရှင်ဘုရားသခင်၊ နောက်ဆုံးသောကာလ ခရစ်တော်ကို ဝေဖန်ပြီး ရှုတ်ချကြပါက သူတို့က သူတော်ကောင်း ယောင်ဆောင်သည့် ဖာရိရှဲများမဟုတ်လား၊ သူတို့က အန္တိခရစ်များ မဟုတ်ပါလား။ သူတို့က အပြင်ပန်းမှာမူ ဟောပြောပြီး အလုပ်ကြိုးစားပုံ ရသော်လည်း၊ ဤသည်မှာ တကယ်တော့ သရဖူယူဖို့ နှင့် အကျိုးရယူဖို့ အတွက်သာ ဖြစ်ပါက၊ ဤသည်မှာ သခင့်ကို နာခံပြီး သစ္စာရှိသည်ဟု ဆိုနိုင်ပါမလား။ တစ်စုံတစ်ယောက်က သူတော်ကောင်း ယောင်ဆောင်ခြင်း ဟုတ် မဟုတ် ခွဲခြားသိမြင်နိုင်ဖို့ သူတို့၏ နှလုံးသားများထဲကို အဓိက ကြည့်ပြီး သူတို့၏ ရည်ရွယ်ချက်များကို မြင်ရမည်။ ဤသည်မှာ ခွဲခြားသိမြင်ခြင်းအကြောင်း၏ အရေးကြီးဆုံးအရာ ဖြစ်သည်။ ဘုရားသခင်က လူများ၏ နှလုံးသားကို စစ်ဆေးသည်။ ထို့ကြောင့် လူတစ်ယောက်က သခင့်ကို အစစ်အမှန်ချစ်ပြီး နာခံသလားဆိုတာ မြင်ဖို့ အဓိကအရာက သခင့်၏ နှုတ်ကပတ်တော်များကို လိုက်နာပြီး လက်တွေ့လုပ်ဆောင်ခြင်း ရှိမရှိ နှင့်၊ သူ့၏ ပညတ်တော်များကို ထိန်းသိမ်းခြင်း ရှိမရှိ တို့ကို ကြည့်ဖို့ဖြစ်သည်။ ထို့အပြင် သခင်ယေရှုကို ချီးမြှောက်ပြီး သက်သေခံခြင်း ရှိမရှိနှင့် သူတို့ ဘုရားသခင်၏ အလိုတော်ကို လိုက်နာခြင်း ရှိမရှိ တို့ကို ကြည့်ရမည်။ ဖာရိရှဲများ တရားဇရပ်မှာ လူများကို သမ္မာကျမ်းချက်များကို မကြာခဏရှင်းပြခြင်း အရာအားလုံးအတွက် သမ္မာကျမ်းစာ၏ စည်းမျဉ်းများကို စွဲကိုင်ခြင်းများနှင့် လူများကို ချစ်ပြခြင်းများကို ကျွန်တော်တို့ မြင်သည်။ သို့သော်လည်း တကယ့်လက်တွေ့မှာမူ၊ သူတို့လုပ်ခဲ့သည့်အရာ အားလုံးက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နေခြင်း၊ ဘုရားသခင်၏ ပညတ်တော်များကို ထိန်းသိမ်းခြင်းများ မဟုတ်ဘဲ၊ နှင့် လူများမြင်ဖို့ လုပ်ခဲခြင်းသာ ဖြစ်သည်။ သူတို့ကို သခင်ယေရှု ပြောခဲ့သကဲ့သို့ “သူတို့သည် ပြုသမျှသောအကျင့်အမှုတို့ကို လူများရှေ့မှာ ထင်ရှားစေခြင်းငှါပြုကြ၏။ ကျယ်သော လက်ဖွဲ့တို့ကို၎င်း၊ ကြီးသော ပန်းပွားတို့ကို၎င်း ဝတ်လေ့ရှိကြ၏။(ရှင်မဿဲခရစ်ဝင် ၂၃:၅) သူတို့က တရားဇရပ်မှာ တမင်သက်သက် မတ်တပ်ရပ်ပြီး လမ်းထောင့်များမှာ ဆုတောင်းချက် အရှည်ကြီး တောင်းကြသည်။ အစာရှောင်ချိန် အတောအတွင်းမှာ သူတို့၏ မျက်နှာများ ကို တမင်တကာ အလွန်ညှိုးငယ်သည့်ပုံဖမ်းကြသည်။ သို့မှသာ သူတို့ အစာရှောင်နေသည်ကို လူများပြောနိုင်ကြမည် ဖြစ်သည်။ သူတို့က လူများအားလုံး မြင်နိုင်ဖို့အတွက် လမ်းပေါ်မှာ ကုသိုလ်ကောင်းမှုများကို တမင်သက်သက် လုပ်ကြသည်။ လက်ကို သေသေချာချာမဆေးဘဲ မစားရကြောင်း ရှေးဟောင်း ဓလေ့ထုံးစံနှင့် ဘာသာရေး ဓလေ့များ ကိုပင် သူတို့ ဆက်စွဲကိုင်ထားကြသည်။ သူတို့ကို ထောက်ပံ့ ကိုးကွယ်ခြင်းများ အတွက် လူများကို လှည့်ဖြားဖို့ ဖာရိရှဲများက သူတို့ကိုယ်ကို သူတို့ ဖုံးကွယ်ဖို့ ကိစ္စအသေးလေးကနေ အကြီးကြီးဖြစ်အောင်လုပ်ပြီး၊ လူများကို ဘာသာရေးနှင့်ဆိုင်သည့် ကိုးကွယ်ခြင်း၊ သီချင်းဆိုခြင်းနှင့် ချီးမွမ်းခြင်းများကိုသာ လုပ်ခိုင်းသည် သို့မဟုတ် ဘိုးဘွားပိုင် တချို့ဓလေ့ထုံးစံများကို စွဲကိုင်ထားသည်။ သို့သော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့ လုပ်ဆောင်ဖို့၊ ဘုရားသခင်၏ ပညတ်ချက်များကို ထိန်းသိမ်းဖို့ နှင့် သမ္မာတရား၏ စစ်မှန်ခြင်းထဲကို ဝင်ဖို့ လူများကို လမ်းမပြခဲ့ပါ။ ထို့အပြင် သူတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင် ဖို့နှင့် ဘုရားသခင်ကို နာခံပြီး ကိုးကွယ်ဖို့ လူများကို လမ်းမပြခဲ့ပါ။ ယုံကြည်သူများကို လှည့်ဖြား၊ ရှုပ်ထွေးစေဖို့ တချို့ အပြင်ပန်းလုပ်ဆောင်မှုများက သူတို့လုပ်ခဲ့သည့် အရာ အကုန်ဖြစ်သည်။ သခင်ယေရှု အမှုတော်ဆောင်ရွက်ဖို့နှင့် ဟောပြောဖို့ လာသည့်အခါ ဘုရားတရား ကိုင်းရှိုင်းဟန်ဆောင်သည့် ဖာရိရှဲများက သူတို့၏ ကိုယ်ပိုင် ဂုဏ်အဆင့်အတန်းနှင့် အသက်မွေးမှုတို့ကို ကာကွယ်ဖို့အတွက် သမ္မာကျမ်းစာကို ခုခံကာကွယ်ခြင်းဆိုသည့် အယောင်ဆောင်မှု အောက်မှာ ဘုရားသခင်၏ ပညတ်ချက် ဥပဒေများကို အမှန်တကယ် ပွင့်ပွင့်လင်းလင်း ပစ်ပယ်ခဲ့သည်။ သူတို့က ကောလဟလများလုပ်ကြံဖန်တီးခြင်း၊ မမှန်သည့်သက်သေခံခြင်းနှင့် သခင်ယေရှုကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး၊ အကွက်ဆင်ခြင်း စသည့် ယုံကြည်သူများကို သခင်ယေရှု ကို နောက်လိုက်ရာကနေ ဟန့်တားဖို့ သူတို့ လုပ်နိုင်သည့်အရာများ အားလုံးလုပ်ခဲ့သည်။ အဆုံးမှာ သူတို့က သခင်ယေရှုကို ကားတိုင်ပေါ်မှာ သံမှိုစွဲစီရင်ဖို့ အာဏာရှိသူများနှင့်ပင် ပူးပေါင်း ကြံစည်ခဲ့သည်။ ထို့ကြောင့် ဖာရိရှဲများ၏ သူတော်ကောင်းယောင်ဆောင်၊ သမ္မာတရားမုန်းသည့် အနှစ်သာရများက လုံးလုံးလျားလျားကို ပေါ်လာခဲ့သည်။ သူတို့၏ အန္တိခရစ်အနှစ်သာရက ဤနည်းနှင့် လုံးလုံးလျားလျား ထုတ်ဖော်ခံ လိုက်ရသည်။ ဖာရိရှဲများ၏ အနှစ်သာရက သူတော်ကောင်း ယောင်ဆောင်ခြင်း၊ သစ္စာဖောက်ခြင်း၊ လိမ်လည်လှည့်ဖြား ခြင်းနှင့် မလိုမုန်းထားခြင်းများကို ၎င်းက ဖော်ပြနေသည်။ သူတို့အားလုံးက ဘုရားသခင်၏ လမ်းကို စွန့်ပယ်ပြီး လူများကို လှည့်ဖြား၊ လှောင်ပိတ်သည့် မှားယွင်းသည့် သိုးထိန်းများ သူတို့က ယုံကြည်သူများကို လှည့်ဖြား ချည်နှောင်ပြီး ဘုရားသခင်ကိုဆန့်ကျင်ဖို့ ဘာသာရေးလောကကြီးကို ထိန်းချုပ်သည်။ လူ့ဇာတိခံ ခရစ်တော်ကို ပြင်းပြင်းထန်ထန် ငြင်းပယ်၊ ရှုတ်ချပြီး မုန်းတီးကြသည်။ ဤသည်မှာ သူတို့က ကိုယ်ပိုင် လွတ်လပ်သည့် နိုင်ငံထောင် ချင်သည့် အန္တိခရစ်များ ဖြစ်ကြောင်း သက်သေပြဖို့ လုံလောက် ဖြစ်သည်။

ယခု ကျွန်မတို့ ဖာရိရှဲများ၏ သူတော်ကောင်း ယောင်ဆောင်မှု ဖွင့်ပြချက် အမျိုးမျိုးကို ရှင်းရှင်း လင်းလင်း မြင်ရသည်။ ယနေ့ ဘာသာရေး သင်းအုပ်ဆရာများ၊ အကြီးအကဲများနှင့် နှိုင်းယှဉ်သည့်အခါ သူတို့က ဖာရိရှဲများနှင့် အတူတူဖြစ်ကြောင်း နှင့် သခင့်၏ နှုတ်ကပတ်တော်ကို လက်တွေ့မလုပ်ဆောင် သကဲ့သို့ သခင့်၏ ပညတ်ချက် များကို မထိန်းသိမ်းသည့် လူများအားလုံးဖြစ်သည့်အပြင် သခင့်ကို ချီးမြှောက်ပြီး သခင့်အတွက် သက်သေခံသည့် လူများ မဟုတ်ကြကြောင်းကို ကျွန်မတို့ တွေ့ရှိရသည် မဟုတ်ပါလား။ သူတို့က သမ္မာကျမ်းစာကို မျက်ကန်း ယုံကြည်ကြ သူများ၊ သမ္မာကျမ်းစာကို ကိုးကွယ်ပြီး ထိန်းသိမ်းသည့် သူများ ဖြစ်သည်။ သူတို့က ဘာသာရေး ဓလေ့အမျိုးမျိုးဖြစ်သည့် ပုံမှန်ဝတ်ပြု စည်းဝေးတက်ခြင်း၊ မနက်ဝတ်၊ မုန့်ကို ချိုးဖဲ့ခြင်း၊ သန့်ရှင်းသည့်ပွဲတော်မှာ ပါဝင်ဆင်နွှဲခြင်း စသည်တို့ကို စွဲကိုင်ကြသည်။ သူတို့က လူများကို နှိမ့်ချဖို့၊ သည်းခံဖို့၊ ဘုရားကို ကိုင်းရှိုင်းဖို့နှင့် ချစ်ဖို့ ကို ဦးစားပေးပြောသော်လည်း သူတို့၏ နှလုံးသားထဲမှာမူ ဘုရားသခင်ကို မချစ်ဘဲ၊ သူတို့က ဘုရားသခင်ကို မနာခံသကဲ့သို့ ကြောက်ရွံ့ရိုသေသည့် နှလုံးသား လုံးဝမရှိကြပါ။ သူတို့၏ အလုပ်နှင့် ဟောခြင်းများက သမ္မာကျမ်း အသိပညာနှင့် ဓမ္မပညာဆိုင်ရာ သဘောတရားများကို ရှင်းပြခြင်း၊ စွဲကိုင်ခြင်းများအပေါ် အာရုံစိုက်ကြ သည်။ သို့သော်လည်း သခင်၏ နှုတ်ကပတ်တော်ကို မည်သို့ လက်တွေ့လုပ်ဆောင်ပြီး မည်သို့ တွေ့ကြုံခံစားပုံ၊ သခင်၏ ပညတ်ချက်များကို မည်သို့ ထိန်းသိမ်းပြီး သူ့၏ နှုတ်ကပတ်တော်ကို မည်သို့ ဖြန့်ဝေပြီး သက်သေခံပုံ၊ ကောင်းကင်အဖ၏ အလိုတော်ကို လူများ မည်သို့ လိုက်လျှောက်သင့်ပုံ၊ ဘုရားသခင်ကို မည်သို့ အစစ်အမှန် ချစ်ပုံ၊ နာခံပုံ၊ ပြီးလျှင် မည်သို့ ကိုးကွယ်ပုံ စသည့် သခင်ယေရှုက လူသားများကို စေခိုင်းသည့် ဤအမျိုးမျိုးသော အရာများနှင့် ပတ်သက်လာသည့်အခါ၊ သူတို့က သခင့်၏ ရည်ရွယ်ချက်များကို မရှာဖွေ၊ မလေ့လာ၊ မဖော်ထုတ်သည့်အပြင် လူများကို လက်တွေ့ လုပ်ဆောင်ဖို့ လိုက်နာဖို့ ဦးမဆောင်ကြပါ။ သူတို့ နေရာတကာ လှည့်လည်ပြီး သမ္မာကျမ်းအသိ ပညာနှင့် ဓမ္မပညာသဘောတရားများကို ဟောပြောရခြင်း ၏ရည်ရွယ်ချက်က သူတို့ကိုသူတို့ ပြစားဖို့၊ တည်ဆောက်ဖို့နှင့် လူများ သူတို့ကို မော့ကြည့်ပြီး ကိုးကွယ်အောင်လုပ်ခြင်း ဖြစ်သည်။ ထို့ကြောင့်် အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရားများကို ဖော်ပြပြီး နောက်ဆုံးသောကာလ သူ့၏ တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ဖို့ လာသည့်အခါ၊ ဤ သင်းအုပ်ဆရာများနှင့် အကြီးအကဲများက ဘာသာရေးလောကမှာ တည်မြဲသည့်စွမ်းအား ရယူဖို့အတွက်နှင့် သူတို့၏ ပန်းတိုင်ဖြစ်သည့် ယုံကြည်သူများကို ချုပ်ကိုင်ဖို့၊ သူတို့၏ ကိုယ်ပိုင် လွတ်လပ်သည့် နိုင်ငံဖန်တီးဖို့နှင့် သခင်ယေရှု၏ နှုတ်ကပတ်တော်များကို ပွင့်ပွင့်လင်းလင်း ချိုးဖောက်ဖို့ အတွက် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကြမ်းကြမ်းတမ်းတမ်း စကားပြောဆိုခြင်း၊ တိုက်ခိုက်ခြင်း၊ ဝေဖန်ခြင်း၊ ကောလဟလ လုပ်ကြံဖန်တီးခြင်း၊ ယုံကြည်သူများကို စစ်မှန်သည့်လမ်း ရှာဖွေ စူးစမ်းလေ့လာခြင်းကနေ ပိတ်ဆို့ဖို့ သူတို့၏ အစွမ်းရှိသလောက် လုပ်ကြသည်။ ဥပမာ သခင်ယေရှုက လူများကို ပညာရှိသည့် သတို့သမီးများဖြစ်ဖို့ သွန်သင်ခဲ့သည်။ တစ်စုံတစ်ယောက်က “ကြည့်ပါ၊ မင်္ဂလာဆောင်လုလင်သည် လာပြီ” ဟု အော်ခြင်းကို တစ်ယောက်ကကြားသည့်အခါ သူ့ကို ကြိုဖို့ အပြင်ကို ထွက်သင့်သည်။ သို့သော်လည်း သင်းအုပ်ဆရာများနှင့် အကြီးအကဲများက သခင်ယေရှု ဒုတိယအကြိမ်ကြွလာ သည့်သတင်းကို ကြားပြီးသည့်အခါ၊ သူတို့က အသင်းတော်ကို ချိတ်ပိတ်ပြီး စစ်မှန်သည့်လမ်းကို ရှာဖွေ စူးစမ်းလေ့လာခြင်းမှနေ ယုံကြည်သူများကို တားဆီးဖို့ သူတို့ လုပ်နိုင်သလောက် လုပ်ကြသည်။ သခင်ယေရှုက “ကိုယ်နှင့်စပ်ဆိုင်သူကို ကိုယ်နှင့်အမျှချစ်ရမယ်” ဟု မိန့်တော်မူသည်။ သို့သော်လည်း သူတို့က နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို သက်သေခံသည့် ညီအစ်ကို မောင်နှမများကို အသရေဖျက်ဖို့နှင့် ရိုက်နှက်ဖို့ ယုံကြည်သူများကို လှုံ့ဆော်ခဲ့ကြသည်။ သခင်ယေရှုက လူကို မလိမ်ဖို့၊ မမှန်သည့်သက်သေမခံဖို့ ပြောခဲ့သော်လည်း သင်းအုပ်ဆရာများနှင့် အကြီးအကဲများက အနန္တတန်ခိုးရှင်ဘုရားသခင်ကို အသရေဖျက်ဖို့ အလိမ်အညာအမျိုးမျိုးကို လုပ်ကြံဖန်တီးပြီး အနန္တတန်ခိုးရှင် ဘုရားသခင်၏အသင်းတော်ကို ညစ်စွန်းစေကာ၊ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို ရှုတ်ချ၊ ဆန့်ကျင်ဖို့ ဆိုးယုတ်သည့် တရုတ်ကွန်မြူနစ်ပါတီအစိုးရနှင့်ပင် ပူးပေါင်းကြံစည်ခဲ့သည်။ ထို့ကြောင့် ဘာသာရေးသင်းအုပ်ဆရာများနှင့် အကြီးအကဲများပြောခြင်းနှင့် လုပ်ခဲ့ခြင်းများက သခင့်၏ သွန်သင်ခြင်းများကို လုံးလုံးလျားလျား ချိုးဖောက်နေသည်ကို တွေ့ရသည်။ သူတို့က သူတော်ကောင်း ယောင်ဆောင်သည့် ဖာရိရှဲများကဲ့သို့ဖြစ်သည်။ သူတို့အားလုံးက လူများကို လှည့်ဖြားပြီး ဘုရားသခင် ကို ဆန့်ကျင်ဖို့ မျက်စိစုံမှိတ် ဦးဆောင်နေသည့် လူများ ဖြစ်ပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ပိုဒ်ကို ဖတ်ကြပါစို့။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အကယ်၍ သင်၏ ရည်ရွယ်ချက်သည် ဘုရားသခင်ကို နာခံရန်မဟုတ်သကဲ့သို့၊ သင်သည် အခြားသော ရည်မှန်းချက်များရှိပါက၊ သင်ပြောသမျှနှင့် လုပ်သမျှအားလုံး- ဘုရားသခင်ရှေ့၌ သင်၏ ဆုတောင်းချက်များနှင့် သင်၏လုပ်ရပ်တိုင်းသည်ပင်- ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်လိမ့်မည်။ သင်သည် အပြောအဆို သိမ်မွေ့ညင်သာပြီး၊ အပြုအမူ သိမ်မွေ့သောသူ ဖြစ်ကောင်းဖြစ်နိုင်သည်၊ သင်၏ လုပ်ရပ်တိုင်း နှင့် မျက်နှာအမူအရာသည် မွန်ရည်ပုံရကောင်းရနိုင်ပြီး၊ သင်သည် နာခံသူတစ်ဦးအဖြစ် ထင်ရနိုင်သော်လည်း၊ သင်၏ ရည်ရွယ်ချက်များနှင့် ဘုရားသခင်၌ ယုံကြည်ခြင်းအပေါ် သင်၏ အမြင်များနှင့် ပတ်သက်လာသည့်အခါ၊ သင်လုပ်သည့်အရာတိုင်းသည် ဘုရားသခင်နှင့် ဆန့်ကျင်ပေသည်။ သင် လုပ်သည့်အရာတိုင်းသည် ဆိုးယုတ်၏။ သိုးကဲ့သို့ နာခံတတ်ပုံရသော်လည်း၊ ၎င်းတို့စိတ်နှလုံးများ၌ ဆိုးယုတ်သော ရည်ရွယ်ချက်များ သိုထားသောသူတို့သည် သိုးရေ ခြုံထားသော ဝံပုလွေများ ဖြစ်ကြ၏။ ၎င်းတို့သည် ဘုရားသခင်ကို တိုက်ရိုက် ပုန်ကန်ပြစ်မှားကြပြီး၊ ဘုရားသခင်သည် ၎င်းတို့ တစ်ဦးတစ်ယောက်ကိုမျှ ချမ်းသာပေးမည် မဟုတ်ပေ။ သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့တစ်ဦးစီတိုင်းကို ထုတ်ဖော်ပြလိမ့်မည်ဖြစ်ပြီး၊ သူတော်ကောင်း ယောင်ဆောင်သူ အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏ သေချာပေါက် အလွန် မုန်းတီးခြင်းနှင့် ငြင်းပယ်ခြင်းခံရမည်ကို ၎င်းတို့ အယောက်တိုင်းအား ပြသလိမ့်မည်ဖြစ်သည်။ မစိုးရိမ်နှင့်- ဘုရားသခင်သည် ၎င်းတို့ ရှိသမျှအကုန်ကို ထည့်တွက်မည်ဖြစ်ပြီး တစ်ယောက်တစ်လဲ ရှင်းထုတ် ပစ်မည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းတွင် သင်သည် ဘုရားသခင်ကို နာခံသင့်သည်) ဤဘာသာရေး သင်းအုပ်ဆရာ များနှင့် အကြီးအကဲများက အပြင်ပန်းကတော့ နှိမ့်ချ၊ သည်းခံပြီး ချစ်သည့်ပုံ ပေါ်သော်လည်း၊ သူတို့၏ နှလုံးသားထဲမှာတော့ ဖောက်ပြန်ခြင်း၊ လိမ်ညာခြင်း နှင့် မလိုမုန်းထားစိတ်များ ပြည့်နေသည်။ စစ်မှန်သည့်လမ်းကို ခုခံကာကွယ်၊ သိုးအုပ်ကို လုံလုံခြုံခြုံထား ဆိုသည့် အယောင်ဆောင်မှု အောက်မှာ သူတို့က အနန္တတန်ခိုးရှင် ဘုရားသခင်ကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ရှုတ်ချပြီး ဘာသာရေးလောကမှာ တည်မြဲသည့်စွမ်းအားနှင့် သူတို့၏ ကိုယ်ပိုင် လွတ်လပ်သည့်နိုင်ငံ တည်ထောင်ဖို့ ဆိုသည့် သူတို့၏ ပန်းတိုင်ကို အရယူဖို့ ယုံကြည်သူများကို ထိန်းချုပ်ဖို့ အစီအစဉ်ဆွဲကြသည်။ သမ္မာတရားနှင့် ဘုရားသခင်ကို မုန်းသည့် ဤသူတော်ကောင်း အယောင်ဆောင် ဖာရိရှဲများက နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်က ဖော်ထုတ်ခဲ့သည့် ဘုရားသခင်ကို ဆန့်ကျင်သည့် ခေါင်းမာသည့် အန္တိခရစ်အုပ်စုများဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ကို အစစ်အမှန် ယုံကြည်သူများအားလုံးက သူတို့၏ သူတော်ကောင်း ယောင်ဆောင်သည့် အနှစ်သာရနှင့် ဆိုးယုတ်သည့် အန္တိခရစ် သဘာဝကို ခွဲခြားသိမြင်ဖို့ လေ့လာသင့်သည်။ သူတို့၏ လှည့်ဖြား၊ ရှုတ်ထွေးစေခြင်း၊ ပိတ်လှောင်ချခြင်း နှင့် ထိန်းချုပ်ခြင်းများကို နောက်ထပ် မခံရသင့်ပါ။ နောက်ဆုံးသောကာလ၏ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော်ကို လက်ခံပြီး စစ်မှန်သည့်လမ်းကို ရှာဖွေ စူးစမ်းလေ့လာပြီး ဘုရားသခင်၏ ပလ္လင်တော်ရှေ့ကို ပြန်လာသင့်သည်။

ကျော့ကွင်းကို ထိုးဖောက်ကျော်လွန်ခြင်း ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၁) ဘာသာရေး သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက အသင်းတော်မှာ ဘုရားသခင်ကို အစေခံကြတဲ့လူတွေပဲ ယုတ္တိရှိတာပြောရရင်၊ သခင်ကြွလာခြင်းနဲ့ ပတ်သက်လာတဲ့အခါ သူတို့က အဲဒါကို စောင့်ကြည့်ပြီး သတိကြီးကြီးနဲ့ ဆက်ဆံလုပ်ဆောင်သင့်တယ် ဒါပေမယ့် သူတို့က ဘာဖြစ်လို့ နောက်ဆုံးသောကာလက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့အမှုတော်ကို မရှာဖွေ၊ မစူးစမ်းရုံသာမက အဲဒီအစား ကောလဟလတွေ လုပ်ကြံဖန်တီးတာတွေ၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ဝေဖန် ရှုတ်ချကြတာတွေလုပ်ပြီး ယုံကြည်သူတွေကို စစ်မှန်တဲ့လမ်းကို စူးစမ်းရှာဖွေတာကနေ လှည့်ဖြားပြီး တားမြစ်ကြတာလဲ

နောက်တစ်ခုသို့- မေးခွန်း (၃) ဘာပဲဖြစ်ဖြစ်၊ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက သမ္မာကျမ်းစာကိုပဲ အခြေခံပြီး အားလုံး ဟောတာပဲ အဲဒါက သမ္မာကျမ်းစာကို ရှင်းပြပြီး သမ္မာကျမ်းစာကို လူတွေ စွဲကိုင်ပြီး သခင်ကို ချီးမြှောက်ဖို့နဲ့ သက်သေခံဖို့ လုပ်တာမဟုတ်ဘူးလား သမ္မာကျမ်းစာကို ရှင်းပြတာက သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေအတွက် မှားနေတာလား ဘယ်လိုလုပ်ပြီး အစ်မက သူတို့ကို သူတော်ကောင်း ယောင်ဆောင်တဲ့ ဖာရိရှဲတွေလို့ ပြောနိုင်ရတာလဲ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။