မေးခွန်း (၃) ဘာပဲဖြစ်ဖြစ်၊ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက သမ္မာကျမ်းစာကိုပဲ အခြေခံပြီး အားလုံး ဟောတာပဲ အဲဒါက သမ္မာကျမ်းစာကို ရှင်းပြပြီး သမ္မာကျမ်းစာကို လူတွေ စွဲကိုင်ပြီး သခင်ကို ချီးမြှောက်ဖို့နဲ့ သက်သေခံဖို့ လုပ်တာမဟုတ်ဘူးလား သမ္မာကျမ်းစာကို ရှင်းပြတာက သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေအတွက် မှားနေတာလား ဘယ်လိုလုပ်ပြီး အစ်မက သူတို့ကို သူတော်ကောင်း ယောင်ဆောင်တဲ့ ဖာရိရှဲတွေလို့ ပြောနိုင်ရတာလဲ

အဖြေ- လူတွေအတွက် သမ္မာကျမ်းစာ ရှင်းပြတာက မမှားသင့်ပေမယ့် သမ္မာကျမ်းစာရှင်းပြတာနဲ့ တစ်ချိန်တည်းမှာ၊ သူတို့ တကယ်လုပ်နေတာက ဘုရားသခင်ကို ဆန့်ကျင်တဲ့ အပြုအမူတွေပဲ ဒီလူတွေက ဘယ်လိုလူမျိုးတွေလဲ...သူတို့က သူတော်ကောင်းယောင်ဆောင်တဲ့ ဖာရိရှဲတွေ မဟုတ်ဘူးလား သူတို့က ဘုရားသခင်ကို ဆန့်ကျင်တဲ့ အန္တိခရစ်တွေ မဟုတ်ဘူးလား ဘာဖြစ်လို့ သမ္မာကျမ်းစာကို ရှင်းပြတာ ဘုရားသခင်ကို ဆန့်ကျင်တာ ဖြစ်ရတာလဲ၊ ဘာဖြစ်လို့ ဒါက ဘုရားသခင်ကို ရှုတ်ချတာလဲ ကျွန်တော် ဒါကို သိပ်ထူးဆန်းတယ်လို့ မြင်တယ်။ ဒီလိုနည်းနဲ့ မိဿဟာယဖွဲ့တာတောင် နားမလည်တဲ့ လူတွေ ရှိနေသေးတယ် ပြီးတော့ သမ္မာကျမ်းစာကို ရှင်းပြတာက ဘုရားသခင်ကို ချီးမြှောက်တာနဲ့ သက်သေခံတာလို့ ထင်နေသေးတယ် အရင်က ဂျူးလူမျိုး ယဇ်ပုရောဟိတ်အကြီးအကဲတွေ၊ ကျမ်းတတ်ဆရာတွေနဲ့ ဖာရိရှဲတွေအားလုံးက လူတွေကို သမ္မာကျမ်းချက်တွေကို မကြာခဏရှင်းပြတဲ့ သမ္မာကျမ်း ပညာရှင်တွေနဲ့ ကျွမ်းကျင်သူတွေပဲ တကယ်လို့ သမ္မာကျမ်းစာရှင်းပြတာက ဘုရားသခင်ကို ချီးမြှောက်တာနဲ့ သက်သေခံတာဆိုရင် ဘာဖြစ်လို့ သခင်ယေရှု အမှုတော်လုပ်ဆောင်ဖို့နဲ့ ဟောပြောဖို့ လာတုန်းက သခင်ယေရှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင် ရှုတ်ချပြီး အဆုံးမှာ သခင်ယေရှုကို ကားတိုင်မှာ သံရိုက်စီရင်ဖို့ အစိုးရနဲ့ ပူးပေါင်းကြံစည်ခဲ့ကြတာလဲ ခေတ်သစ် ဘာသာရေး သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေအားလုံးက သမ္မာကျမ်းစာနဲ့ ရင်းနှီးကျွမ်းဝင်တဲ့သူတွေဖြစ်ပြီး သမ္မာကျမ်းစာကို နှစ်ပေါင်းများစွာ ရှင်းပြလာခဲ့ကြတဲ့ သူတွေဖြစ်တယ် တကယ်လို့ သမ္မာကျမ်းစာရှင်းပြတာက ဘုရားသခင်ကို ချီးမြှောက်တာနဲ့ သက်သေခံတာဆိုရင် အနန္တတန်ခိုးရှင် ဘုရားသခင်က သမ္မာတရားကို ဖော်ပြဖို့နဲ့ သူ့ရဲ့ တရားစီရင်တဲ့ အမှုတော်ကို လုပ်ဆောင်ဖို့ လာတုန်းက ဘာဖြစ်လို့ သူတို့က ရှာဖွေ စူးစမ်းလေ့လာဖို့ ပျက်ကွက်ရုံသာမကပဲ အဲဒီအစား ဆန့်ကျင်ပြီး ရှုတ်ချကြတာလဲ ဒီမှာ ပြဿနာက ဘာလဲ ဒါက ယုံကြည်သူအားလုံး ပြန်လည် ဆင်ခြင်စဉ်းစား သင့်တဲ့ ဆိုးရွားတဲ့ ပြဿနာတစ်ခုပဲ မဟုတ်လား ဒါ့အပြင် တကယ်လို့ ဘာသာရေးခေါင်းဆောင်တွေ သမ္မာကျမ်းစာရှင်းပြတာက ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေခံတာနဲ့ အတူတူပဲဆိုရင် ကျေးဇူးတော်ခေတ်မှာ သူလာတုန်းက ဘာဖြစ်လို့ သခင်ယေရှုက ဗိမာန်တော်မှာ အလုပ်မလုပ်ခဲ့တာလဲ နောက်ဆုံးသောကာလရဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်က ဘာဖြစ်လို့ သူလာတုန်းက အသင်းတော်မှာ အလုပ်မလုပ်ခဲ့တာလဲ ဘာဖြစ်လို့လဲဆိုရင် ဘာသာရေးခေါင်းဆောင်တွေက ဘုရားသခင်ကို လုံးဝ မချီးမြှောက်၊ သက်သေမခံပဲ သူတို့က သူတော်ကောင်းယောင်ဆောင်တဲ့၊ စိတ်ကြီးဝင်တဲ့ ဖာရိရှဲတွေဖြစ်လို့ပဲ သူတို့အားလုံးက ဘုရားသခင်ကို ဆန့်ကျင်ပြီး ဘာသာရေးကို ထိန်းချုပ်တဲ့ အန္တိခရစ်တွေပဲ ဘယ်လိုလုပ်ပြီး သူတို့က ဘုရားသခင်တည်ရှိဖို့ ဒါမှမဟုတ် ဘာသာရေးလောကမှာ ဘုရားသခင်ကို သက်သေခံတဲ့ အသံတွေရှိဖို့ ခွင့်ပြုနိုင်မှာလဲ တကယ်လို့ လူဇာတိခံခရစ်တော်က ဘာသာတရားထဲကို လာပြီး အသင်းတော်မှာ အလုပ်လုပ်ပြီး ဟောပြောခဲ့ရင် သူက အမှန်တကယ် အဖမ်းခံရမှာဖြစ်ပြီး အာဏာရပါတီကို လွဲပြောင်းပေးခံရပြီး ကားစင်တင်စီရင်ခံရလိမ့်မယ် တကယ်လို့ လူတွေက ဘုရားသခင်ကို သက်သေခံဖို့ ဘာသာရေးအသင်းတော်တွေကိုသွားရင် သူတို့ အမှန်တကယ် အဖမ်းခံရပြီး ညှဉ်းဆဲခံရမှာဖြစ်တယ် သခင်ယေရှု ပြောခဲ့သည့်အတိုင်း- “တောခွေးစုထဲသို့ သိုးတို့ကို စေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။...(ရှင်မဿဲခရစ်ဝင် ၁ဝ:၁၆) လူတွေက ဒီအဖြစ်မှန်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သေးဘူးလား ဘာသာရေး ဖာရိရှဲတွေရဲ့ ဆန့်ကျင်တာနဲ့ ဘုရားသခင်ကို ရှုတ်ချတဲ့ အချက်တွေ အခြေခံပြီး သမ္မာကျမ်းစာကို ချီးမြှောက်တာက ဘုရားသခင်ကို သက်သေခံတာ ဟုတ် မဟုတ် ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်နိုင်ရမယ် ဘုရားသခင်ကို အမှန်တကယ် ချီးမြှောက်ပြီး သက်သေခံတဲ့လူတွေက ဘုရားသခင်ကို ဆန့်ကျင် နိုင်လား သူတို့က ဘုရားသခင်ကို သူတို့ရဲ့ ရန်သူလို မြင်နိုင်လား ထပ်ပြီးတော့ ကျွန်တော်တို့အားလုံး သိရမှာက သမ္မာကျမ်းစာက ဘုရားသခင်ရဲ့နှုတ်ကပတ်တော် တင်မက လူ့ရဲ့ စကားအတော်များများလည်း ပါပါတယ် ဒါကြောင့် သမ္မာကျမ်းစာကို ချီးမြှောက်တာနဲ့ ဘုရားသခင်ကို ချီးမြှောက်တာ မတူပါဘူး သမ္မာကျမ်းစာကို ထိန်းသိမ်းတာနဲ့ သခင်ရဲ့ ပညတ်တော်တွေကို ထိန်းသိမ်းတာက မတူဘူး ဘာသာရေး ဖာရိရှဲတွေ သမ္မာကျမ်းစာကို ရှင်းပြတဲ့အခါ သူတို့က သမ္မာကျမ်းစာထဲက လူတွေရဲ့ စကားတွေကိုပဲ အာရုံစိုက်ပြီး ရှင်းပြကြတယ် သမ္မာကျမ်းစာ အသိပညာနဲ့ ဓမ္မပညာသဘောတရားတွေကို ရှင်းပြတာနဲ့ လူတွေရဲ့ စကားတွေကို ပြောပြီး သက်သေခံကြတယ် ဒါပေမယ့် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို သက်သေခံဖို့၊ ဖြန့်ဝေဖို့နဲ့ သမ္မာကျမ်းစာထဲက ဘုရားသခင်ဖွင့်ပြတဲ့ သမ္မာတရားတွေကိုတော့ အာရုံမထားကြဘူး ဒါက ဘုရားသခင်ကို ချီးမြှောက်တာနဲ့ သက်သေခံတာလို့ ပြောနိုင်သေးရဲ့လား ဒါက ဘုရားသခင်ကို ဆန့်ကျင်တာနဲ့ သစ္စာဖောက်တာမဟုတ်ဘူးလား ဒါကြောင့် သမ္မာကျမ်းစာကို ရှင်းပြတာကို ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေခံတာလို့ ထင်တဲ့လူတွေအားလုံးက ဝိညာဉ်ရေးရာ ကိစ္စတွေကို နားမလည်ဘဲ ပြဿနာရဲ့ အနှစ်သာရကို ထိုးဖောက်မမြင်နိုင်ကြဘူး။ သူတို့က ရှုပ်ထွေးနေတဲ့သူတွေ၊ ဘာသာရေး ခေါင်းဆောင်တွေနောက်ကိုလိုက်ပြီး မျက်ကန်းယုံကြည်ကိုးကွယ်နေတဲ့ လူတွေပဲ ဒါက အဖြစ်မှန် မဟုတ်ဘူးလား

အရင်က ဂျူးလူမျိုး ဖာရိရှဲတွေက သမ္မာကျမ်းစာအသိပညာနဲ့ အယူဝါဒတွေကို ရှင်းပြဖို့ပဲ အာရုံထားကြသလို ဘာသာရေးဓလေ့တွေကို စိတ်ပါဝင်စားပြီး ဘာသာရေး စည်းမျဉ်းတွေနဲ့ လူတွေရဲ့ ရိုးရာတွေ လေ့လာတာကို အာရုံထားကြတယ် ဒါပေမယ့် ဘုရားသခင်ရဲ့ ပညတ်ချက်တွေကို ပစ်ပယ်ပြီး ဘုရားသခင်ရဲ့လမ်းကို သွေဖယ်ခဲ့ကြတယ် ဒီလိုနဲ့ သခင်ယေရှုလာတဲ့အခါ သူတို့က သခင်ယေရှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်၊ ရှုတ်ချပြီး သူ့ကို ကားတိုင်မှာ သံနဲ့ရိုက်ကြတယ် ရလဒ်အနေနဲ့၊ သူတို့က ဘုရားသခင်ရဲ့ ကျိန်ဆဲပြီး အပြစ်ဒဏ်ပေးတာခံရတယ် ဒီနေ့ ဘာသာရေးသင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက မကြာခဏ သမ္မာကျမ်းစာကိုရှင်းပြပြီး လူတွေကို သမ္မာကျမ်းစာကို သက်သေခံတာတွေလုပ်ကြပေမယ့် သူတို့က ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖြန့်ဝေဖို့နဲ့ သက်သေခံဖို့ အာရုံမထားကြဘူး ဒါမှမဟုတ် သခင်ယေရှုရဲ့အလိုတော်နဲ့ လူသားအတွက် သူ့ရဲ့ သတ်မှတ်ချက်တွေကို ဟောပြောဖို့ အလေးမပေးကြပဲ သခင်ယေရှုရဲ့ အံ့ဖွယ် အနှစ်သာရနဲ့ နှစ်သက်ဖွယ်ဖြစ်ခြင်းတွေကိုလည်း သက်သေမခံကြသလောက်ပါပဲ သူတို့က သခင်ရဲ့ နှုတ်ကပတ်တော်တွေကို လူတွေ လက်တွေ့လုပ်ဆောင်ဖို့နဲ့ တွေ့ကြုံခံစားဖို့ လမ်းညွှန်မပေးရုံသာမက သခင့်ရဲ့ ပညတ်ချက်တွေကို ထိန်းသိမ်းဖို့နဲ့ ဘုရားသခင်ရဲ့ အလိုတော်ကို လိုက်ဖို့အတွက် အလေးမထားကြဘူး သူတို့က သမ္မာကျမ်းစာထဲက လူ့ရဲ့စကားတွေကို ရှင်းပြဖို့နဲ့ ချီးမြှောက်ဖို့ပဲ အာရုံစိုက်ကြတယ် သမ္မာကျမ်းစာထဲက လူတွေရဲ့စကားတွေကို ဘုရားသခင်ရဲ့ စကားတွေအဖြစ်ခံယူပြီး သမ္မာတရားအဖြစ် လက်တွေ့လုပ်ဆောင်ပြီး ထိန်းသိမ်းဖို့ တခြားသူတွေကို လုပ်ခိုင်းတယ် ပြဿနာတွေကို သူတို့ ဖြေရှင်းတဲ့အခါမှာလည်း သမ္မာကျမ်းစာထဲက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အစား သမ္မာကျမ်းစာထဲက လူတွေရဲ့ စကားတွေအပေါ် အများဆုံးအခြေခံကြတယ် သူတို့က ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ပစ်ပယ်ဖို့နဲ့ ဆန့်ကျင်ဖို့ သမ္မာကျမ်းစာထဲက လူတွေရဲ့စကားကို သုံးကြတယ် ဥပမာအားဖြင့် ကောင်းကင်နိုင်ငံတော်ကို ဝင်တဲ့ကိစ္စမှာ သခင်ယေရှုက လူတွေကို ရှင်းရှင်းလင်းလင်းပြောတာက၊ “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၇:၂၁) ဒါပေမယ့် သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက သခင်ယေရှုရဲ့ နှုတ်ကပတ်တော်ကို ဘေးဖယ်ထားပြီး သမ္မာကျမ်းစာထဲက လူသားတွေပြောထားတဲ့ စကားတွေကိုပဲ သမ္မာတရားအဖြစ် စံသတ်မှတ်ထားပြီး ကောင်းကင် နိုင်ငံတော်ဝင်ဖို့ သခင့်အတွက် အားသွန်ခွန်စိုက် အလုပ်လုပ်ဖို့ပဲ လိုတယ်လို့ လူတွေကို သင်ကြတယ် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ပစ်ပယ်ပြီး ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနေရာမှာ လူရဲ့စကားတွေကို သုံးကြပြီး ရလဒ်အနေနဲ့၊ လူတွေကို လမ်းလွဲစေကြတယ် ဒါက ဘာသာရေး သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေရဲ့ ဘုရားသခင်ကို ဆန့်ကျင်တဲ့ အဖောက်ပြန်ဆုံးနဲ့ မလိုမုန်းထားဆုံး သွင်ပြင်လက္ခဏာတွေပဲ ဖြစ်တယ် သူတို့က သမ္မာကျမ်းစာကို အဆက်အစပ်မရှိပဲ အနက်ဖွင့်ကြတယ် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဆန့်ကျင်ပြီး ရှုတ်ချဖို့ သမ္မာကျမ်းစာထဲက လူရဲ့ စကားတွေကို သုံးပြီး ယုံကြည်သူတွေကို ထိန်းချုပ်ဖို့၊ ချည်နှောင်ဖို့နဲ့ လှည့်ဖြားဖို့ ဘယ်လိုမှ မရပ်တန့်ဘဲ နောက်ဆုံးသောကာလရဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံတာနဲ့ စူးစမ်းလေ့လာ တာတွေကနေ ပိတ်ဆို့ကြပြီး သူတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ အခိုင်အမာ ထားကြတယ် အနန္တတန်ခိုးရှင် ဘုရားသခင် မိန့်တော်မူသလိုပါပဲ “ဂိုဏ်းဂဏတစ်ခုချင်းစီ၏ ခေါင်းဆောင်များကို ကြည့်လော့- သူတို့အားလုံးသည် မာနထောင်လွှား၍ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြသူများဖြစ်ပြီး သမ္မာကျမ်းစာနှင့်သက်ဆိုင်သည့် ၎င်းတို့၏ အနက်ဖွင့်ဆိုမှုများသည် ဆက်စပ်အကြောင်းအရာ ကင်းမဲ့ပြီး၊ ၎င်းတို့၏ စိတ်ကူးများက လမ်းပြထားခြင်း ဖြစ်သည်။ သူတို့ အားလုံးသည် မိမိတို့၏အလုပ်ကို လုပ်ဆောင်ရန် ဆုကျေးဇူးများနှင့် စာပေကျမ်းဂန်နှံ့စပ်ခြင်းကို အားထားကြသည်။ အကယ်၍ သူတို့သည် လုံးဝ မဟောပြောနိုင်ပါက၊ လူများက သူတို့နောက်သို့ လိုက်ခဲ့ကြလိမ့်မည်လော။ စင်စစ်မူကား သူတို့၌လည်း အသိပညာအချို့ ရှိထားကြပြီး အယူဝါဒတစ်ခုခုကို ဟောပြောနိုင်ကြသည်၊ သို့မဟုတ် သူတို့သည် အခြားသူများကို မည်ကဲ့သို့ သိမ်းသွင်းရမည်နှင့် လှည့်ဖြားမှုအချို့ကို မည်ကဲ့သို့ အသုံးပြုရမည်ကိုလည်း သိကြသည်။ ထိုအရာများကို အသုံးပြုလျက် သူတို့သည် လူများကို မိမိတို့၏ရှေ့မှောက်သို့ ခေါ်ဆောင်ကြပြီး၊ လှည့်ဖြားကြသည်။ အမည်ခံသဘောအရ ထိုလူများသည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း လက်တွေ့သဘောတွင်မူ သူတို့သည် သူတို့၏ခေါင်းဆောင်များနောက်သို့ လိုက်ကြသည်။ သူတို့သည် စစ်မှန်သော လမ်းခရီးကို ဟောပြောသောသူများနှင့် တွေ့ကြုံရသည့်အခါ၊ သူတို့ထဲမှ အချို့တို့သည် ‘ငါတို့၏ ယုံကြည်မှုနှင့် ပတ်သက်၍ ငါတို့၏ခေါင်းဆောင်နှင့် တိုင်ပင်ဆွေးနွေးရမည်’ ဟု ဆိုကြသည်။ လူသားတစ်ဦးသည် ဘုရားသခင်ကို သူတို့၏ယုံကြည်ခြင်း၌ ကြားခံဖြစ်သည်။ ဤသည်မှာ ပြဿနာတစ်ခုပင် မဟုတ်လော။ ဤသို့ဆိုလျှင် ထိုခေါင်းဆောင်များကကော အဘယ်အရာများ ဖြစ်လာကြသနည်း။ သူတို့သည် ဖာရိရှဲများ၊ သိုးထိန်း၏အယောင်ကို ဆောင်သောသူများ၊ အန္တိခရစ်များနှင့် စစ်မှန်သော လမ်းခရီးကို လူတို့လက်ခံရာ၌ တိုက်မိ၍ လဲစရာများ ဖြစ်လာကြသည် မဟုတ်လော။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သမ္မာတရားအား ကြိုးစားလိုက်လျှောက်ခြင်းသည်သာ ဘုရားသခင်အား စစ်မှန်သောယုံကြည်ခြင်းဖြစ်သည်”) ဒီအချက်တွေအပေါ်အခြေခံပြီး အဲဒီဘာသာရေး သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေ သမ္မာကျမ်းစာကို ရှင်းပြတာက ဘုရားသခင်ကို သက်သေခံတာနဲ့ ချီးမြှောက်တာ ဟုတ်တယ်လို့ ငါတို့ ဘယ်လိုပြောနိုင်မလဲ သူတို့ကဘုရားသခင်ကို ဆန့်ကျင်ဖို့ သမ္မာကျမ်းစာနဲ့ အဆက်အစပ်မရှိတာတွေကို ယူပြီး သမ္မာကျမ်းစာကိုတလွဲအနက်ပြန်ဖို့ သမ္မာကျမ်းစာ ရှင်းပြတဲ့အခွင့်အရေးကနေ အကျိုးအမြတ်ယူနေတာမဟုတ်ဘူးလား စစ်မှန်တဲ့လမ်းကို လက်ခံပြီး ဘုရားသခင်ဆီကို ပြန်လာတဲ့လူတွေအတွက် သူတို့က အဟန့်အတားတွေနဲ့ ခလုတ်တံသင်းတွေဖြစ်လာတာ ကြာခဲ့ပြီဖြစ်ပြီး နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်က ဖော်ထုတ်ပေးခဲ့တဲ့ အန္တိခရစ်တွေဖြစ်တယ်ဆိုတာ အတိအကျပဲ လူတွေက ဒီအချက်ကို ရှင်းရှင်းလင်းလင်း မမြင်သေးဘူးလား

လူတွေရဲ့ အယူအဆအရ၊ သမ္မာကျမ်းစာကိုရှင်းပြတာက ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေခံတာ နဲ့တူပေမယ့် ဖာရိရှဲတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေ သမ္မာကျမ်းစာကို ရှင်းပြတာကနေ ဒါက တကယ့် အကြောင်းအရာ မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ မြင်နိုင်တယ် ဘာသာရေးဖာရိရှဲတွေ ချီးမြှောက်ပြီး သက်သေခံနေတာတွေက သမ္မာကျမ်းစာကိုပဲ၊ ဘုရားသခင်ကို မဟုတ်ဘူး သူတို့ရဲ့ ဟောပြောတာက လူတွေရဲ့ စကားတွေကို အဓိကရှင်းပြနေတာ၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်မဟုတ်ဘူး သူတို့က လူရဲ့စကားတွေကို သမ္မာကျမ်းစာထဲမှာ အစားထိုးဖို့သုံးပြီး ဘုရားရဲ့နှုတ်ကပတ်တော်တွေကို ဆန့်ကျင်ခဲ့တယ် ပြီးတော့ ဘုရားသခင်ရဲ့အကြောင်းကို ကောက်ချက်ချပြီး ဘုရားသခင်ကို ဆန့်ကျင်ဖို့ သမ္မာကျမ်းစာထဲ လူရဲ့စကားတွေကို အဆက်အစပ်မရှိ ယူကြတယ် သူတို့ရဲ့ သမ္မာကျမ်းစာကိုရှင်းပြတဲ့ရည်ရွယ်ချက်က ဘုရားသခင်ကို ချီးမြှောက်ဖိုနဲ့ သက်သေခံဖို့ မဟုတ်ဘဲ သူတို့ရဲ့ စက်ဆုပ်ဖွယ်ကောင်းတဲ့ ရည်ရွယ်ချက်တွေကို ရယူပြီး လူတွေကို လှည့်ဖြား ထိန်းချုပ်ဖို့ ဖြစ်တယ် အဲဒီလို သမ္မာကျမ်းစာကို ရှင်းပြတာက ဘုရားသခင်ကို ဆန့်ကျင်တာနဲ့ ဆိုးညစ်တာကို လုပ်တာဖြစ်တယ် အဲဒီအတွက်ကြောင့် အမှုတော်အတွက် ဘုရားသခင် လာတဲ့အခါ လူတွေကို မြဲမြဲ ဆက်စွဲဆောင်ဖို့ သမ္မာကျမ်းစာကို သုံးခဲ့တယ် သမ္မာကျမ်းစာကို မျက်ကန်းယုံကြည်စေပြီး စွဲကိုင်ထားစေပြီး သူတို့အားလုံးကို ဘုရားသခင်ကို ဆန့်ကျင်တဲ့လမ်းကို ခေါ်သွားကြတယ် ဒါက ဖာရိရှဲတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေရဲ့ သမ္မာကျမ်းစာကို ရှင်းပြတာက ဘုရားသခင်ကို ဆန့်ကျင်တာပဲဆိုတဲ့ အဓိပ္ပါယ်ကို ပြနေတယ် သူတို့က ဘုရားသခင်ကို ခုခံပြီး ဆန့်ကျင်ဖို့၊ သူတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်တဲ့ နိုင်ငံတည်ထောင်ဖို့ သမ္မာကျမ်းစာနဲ့ အဆက်အစပ်မရှိတဲ့ လူရဲ့ စကားတွေကို အပြည့်အဝ ယူကြတယ် ဒါဆိုရင် တစ်စုံတစ်ယောက်က ဘုရားသခင်ကို ချီးမြှောက်ဖို့နဲ့ သက်သေခံဖို့ သမ္မာကျမ်းစာကို ဘယ်လိုရှင်းပြသင့်လဲ သမ္မာကျမ်းစာမှတ်တမ်းတွေက ဘုရားသခင်ရဲ့ အမှုတော်နဲ့ ဘုရားသခင်အကြောင်း သက်သေခံချက်တွေပဲ သမ္မာကျမ်းစာကိုရှင်းပြတာဆိုတာ သမ္မာကျမ်းစာထဲက သမ္မာတရားတွေနဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေအရ ဘုရားသခင်ကို ချီးမြှောက်ဖို့နဲ့ သက်သေခံဖို့ဖြစ်တယ် သမ္မာကျမ်းစာထဲက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖြန့်ဝေဖို့နဲ့ သက်သေခံဖို့ ဖြစ်တယ် အဲဒါက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို အခြေခံပြီး ဘုရားသခင်ရဲ့သတ်မှတ်ချက်တွေအရ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို မိဿဟာယဖွဲ့ဖို့နဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲက သမ္မာတရားကို မိဿဟာယဖွဲဖို့ ဖြစ်တယ် အဲဒါက ဘုရားသခင်ရဲ့ အမှုတော်နဲ့ သူ့ရဲ့ စိတ်သဘောထားတွေအပေါ် လူရဲ့သက်သေခံချက်တွေကို ယူဆောင်လာဖို့နဲ့ ဘုရားသခင်ရဲ့ အနှစ်သာရနဲ့ သူ့ရဲ့ နှစ်သက်စရာကောင်းခြင်းတို့ကို သက်သေခံဖို့ဖြစ်တယ် အဲဒါက လူတွေကို ဘုရားသခင်ရဲ့ နှုတ်ကပတ် တော်တွေကို လက်တွေ့လုပ်ဆာင်ဖို့ ဦးဆောင်ဖို့ ဖြစ်တယ်၊ ဒါမှသာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ရဲ့ လက်တွေ့ ဘဝကို ဝင်စားခွင့်ကို ရမှာဖြစ်တယ် အဲဒါက သခင်ယေရှုကို ချီးမြှောက်ဖို့နဲ့ အရာရာတိုင်းမှာ သူ့ကို သက်သေခံဖို့ ဖြစ်တယ် ဒီလိုနည်းလမ်းတွေနဲ့ သမ္မာကျမ်းစာကို ရှင်းပြတာကသာ ဘုရားသခင်ကို ချီးမြှောက်တာနဲ့ သက်သေခံတာဖြစ်တယ် ဘုရားသခင်ရဲ့ နှလုံးသားကိုရှာပြီး ဘုရားသခင်ကို အမှန်တကယ် အစေခံပါ သမ္မာကျမ်းစာထဲက လူ့ရဲ့စကားတွေက အကိုးအကားနဲ့ ဖြည့်စွက်ချက် အတွက်ပဲသုံးနိုင်ပြီး ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ ဘယ်တော့မှ မနှိုင်းယှဉ်နိုင်ဘူး ဒါပေမယ့် ဘာသာရေးသင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက သမ္မာကျမ်းစာထဲက လူရဲ့ စကားတွေကိုပဲ အလေးထားပြီး ရှင်းပြကြတယ် သူတို့က သမ္မာကျမ်းစာထဲက လူရဲ့စကားတွေကို ဘုရားရဲ့ နှုတ်ကပတ်တော်အဖြစ်၊ သမ္မာတရားအဖြစ်နဲ့ သူတို့ရဲ့ အပြုအမူနဲ့ အနေအထိုင်အတွက် လမ်းညွှန်ချက် အဖြစ်၊ သူတို့ ပြဿနာတွေ ကိုင်တွယ်တဲ့အခါ အခြေခံနည်းလမ်းတွေအဖြစ်နဲ့ သုံးကြတယ် ဒါပေမယ့် သူတို့က ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖော်ပြခဲပြီး ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နေရာမှာ လူရဲ့ စကားတွေနဲ့ အစားထိုးသုံးပြီး ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို နောက်ချန်ခဲ့တယ် ဒီလို နှုတ်ကပတ်တော် ရှင်းပြတာမျိုးက ဘုရားသခင်ကို သက်သေခံတာလား ဒါ လူကို ချီးမြှောက်တာနဲ့ သက်သေခံတာပဲမဟုတ်လား ဒါ့အပြင် သူတို့ သမ္မာကျမ်းစာကိုရှင်းပြတဲ့အခါ သူတို့က ဓမ္မပညာဆိုင်ရာ သဘောတရားတွေကိုပဲ အလေးထား ရှင်းပြပြီး သူတို့ထင်ပေါ်ဖို့ သမ္မာကျမ်းစာထဲက ပါဝင်သူတွေ၊ နေရာဒေသတွေ နဲ့ သမိုင်းကြောင်းနောက်ခံတွေ ကိုရှင်းပြကြတယ် အဲဒါက လူတွေကို လှည့်ဖြားပြီး ထောင်ချောက်ဆင်တာပဲ မဟုတ်လား ဒါက လူတွေ သူတို့နောက်လိုက်ပြီး ကိုးကွယ်အောင်လုပ်တာပဲ မဟုတ်လား အရင်က အဲဒီ သူတော်ကောင်းယောင်ဆောင်တဲ့ ဖာရိရှဲတွေက လူတွေကို လှည့်ဖြားပြီး ထိန်းချုပ်ဖို့အတွက် သမ္မာကျမ်းစာကို တလွဲအနက်ဖွင့်ဖို့ သမ္မာကျမ်းစာ ရှင်းပြတဲ့အခွင့်အရေးကနေ အကျိုးအမြတ်ယူခဲ့ပြီး အဆုံးမှာ ယုံကြည်သူတွေ ဘုရားသခင်ကို ဆန့်ကျင်ပြီး လူနောက်လိုက်ဖို့ လမ်းကို ခေါ်သွားပြီး ဂျူးဘာသာကို ဘုရားသခင်ကိုဆန့်ကျင်တဲ့ လွတ်လပ်တဲ့ နိုင်ငံအဖြစ် ရောက်စေခဲ့ပါတယ် နောက်ဆုံးသောကာလမှာ၊ ဘာသာရေးသင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက လူတွေ သမ္မာကျမ်းစာကို မျက်ကန်းယုံကြည်ပြီး ကိုးကွယ်ဖို့ သမ္မာကျမ်းစာရှင်းပြတာကနေ အကျိုးအမြတ်ယူပြီး လူတွေရဲ့ နှလုံးသားထဲမှာ ဘုရားသခင်ရဲ့ နေရာကို အစားထိုးဖို့ သမ္မာကျမ်းစာကို အသုံးပြုနေကြတယ် ဘုရားသခင်ကို ဆန့်ကျင်ပြီး ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို သစ္စာဖောက်တဲ့လမ်းပေါ်ကို ယုံကြည်သူတွေကို အမှတ်တမဲ့ ခေါ်သွားခဲ့တယ် ဘာသာရေးလောကကိုလည်း ဘုရားသခင်ရဲ့ အမှုတော်ကိုအတိုက်အခံလုပ်တဲ့ ခိုင်မာတဲ့ ခံတပ်ဖြစ်တဲ့ ဘုရားသခင်ကို ဆန့်ကျင်တဲ့ လွတ်လပ်တဲ့ နိုင်ငံတစ်ခုအဖြစ် ပြောင်းလဲသွားစေခဲ့ပါတယ် သူတို့လုပ်တဲ့ သမ္မာကျမ်းစာရှင်းပြတာက ဘုရားသခင်ကို စော်ကားပြောဆိုတာ၊ ဆန့်ကျင်တာပဲ မဟုတ်လား ဒါက အန္တိခရစ် ဖာရိရှဲတွေရဲ့ ဘုရားသခင်ကိုဆန့်ကျင်တဲ့ ပရိယာယ်ဖြစ်ပြီး သူတို့ရဲ့ ကိုယ်ပိုင် လွတ်လပ်တဲ့နိုင်ငံကို တည်ထောင်တာ အတိအကျပဲ မဟုတ်လား ဒါက ဘယ်လိုလုပ်ပြီး ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေခံတာလို့ ပြောနိုင်မလဲ ဘုရားသခင်ကို ဆန့်ကျင်တဲ့ ဘာသာရေး ဖာရိရှဲတွေရဲ့ စဉ်းလဲမှုက လူတွေကို လှည့်ဖြားပြီး ထိန်းချုပ်ဖို့အတွက် သမ္မာကျမ်းစာကို တလွဲအနက်ဖွင့်ဖို့ သမ္မာကျမ်းစာ ရှင်းပြတဲ့အခွင့်အရေးကို သုံးတာအပေါ်မှာ တည်နေတယ် သမ္မာကျမ်းစာဆိုတာ မူလက ဘုရားသခင်ရဲ့ သက်သေခံချက် တစ်ခုပဲဖြစ်တယ် လူတွေရဲ့အယူအဆအပေါ် အခြေခံပြီး၊ သူတို့ သမ္မာကျမ်းစာကို ဘယ်လိုပဲ ရှင်းပြရှင်းပြ သူတို့က ဘုရားသခင်ကို အမြဲတမ်း သက်သေခံနေတယ် ဒါပေမယ့်သူတော်ကောင်းယောင်ဆောင်တဲ့ ဖာရိရှဲတွေက လူရဲ့ ဒီအယူအဆကနေ အကျိုးအမြတ်ယူကြပြီး သူတို့အတတ်နိုင်ဆုံး သမ္မာကျမ်းစာကို ချီးမြှောက်ပြီး သက်သေခံကြတယ် သူတို့က လူတွေကို လှည့်ဖြားပြီး ဘုရားသခင်ကို ဆန့်ကျင်ဖို့နဲ့ ဘုရားသခင်ကို အစားထိုးဖို့ သမ္မာကျမ်းစာကို သုံးကြတယ် ဒါက လူတွေအားလုံးကို သမ္မာကျမ်းစာကို မျက်ကန်းယုံကြည်စေပြီး ကိုးကွယ်အောင်လုပ်တာဖြစ်ပြီး လူတွေကို သူတို့လို သမ္မာကျမ်းစာပညာရှင်တွေနောက်ကိုလိုက်ပြီး ကိုးကွယ်စေတယ်၊ ဒါကြောင့် ဘုရားသခင်ကို သစ္စာဖောက်တာပဲ ဒါက စာတန်ရဲ့ ဘုရားသခင်ကို ဆန့်ကျင်ဖို့နဲ့ လူတွေကိုလှည့်ဖြားဖို့ အဖောက်ပြန်ဆုံး၊ အကောက်ကျစ်ဆုံး ပရိယာယ်ဖြစ်ပြီး ဒီရှုထောင့်က လူတွေအတွက် ထိုးဖောက်မြင်နိုင်ဖို့အခက်ဆုံးနဲ့ သူတို့က လူတွေကို လှည့်ဖြားဖို့ အလွယ်ဆုံး ရှုထောင့်ပဲဖြစ်တယ်

အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ကြည့်ကြစို့ “ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသော်လည်း၊ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး ဘုရားသခင်ကို ဩဝါဒပေးရန် အမြင့်တွင် ရပ်တည်ကြရင်း၊ အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏အောင်လံကို သယ်ဆောင်နေသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်ကို တမင် ဆန့်ကျင်ကြလေသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းကို အခိုင်အမာဆိုလျက်၊ ၎င်းတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်ကြဆဲ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းရန် ကြိုးစားနေသူတို့၏ လမ်းတွင် တမင်သက်သက် တားဆီးသော မကောင်းဆိုးဝါးများ၏ ဦးသျှောင်နှင့် ဘုရားသခင်ကို ရှာဖွေသောသူတို့ကို ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် ‘ကောင်းမွန်သည့် ဖွဲ့စည်းမှု’ ရှိပုံရကြသော်လည်း၊ ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို ဆန့်ကျင်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့ဝိညာဉ်များကို ဝါးမျိုရန် ရည်မှန်းချက်တွင် နှစ်မြှုပ်ထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်)အားလုံးထဲတွင် အပုန်ကန်ဆုံးသူများသည် ဘုရားသခင်ကို တမင်သက်သက် ဖီဆန်ပြီး အာခံသောသူများ ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ ရန်သူများ၊ အန္တိခရစ်များပင် ဖြစ်သည်။ သူတို့၏စိတ်သဘောမှာ အမြဲတစေပင် ဘုရားသခင်၏ အမှုသစ်အပေါ် ရန်လိုသော စိတ်သဘောထား ဖြစ်သည်။ သူတို့၌ နာခံဖို့အတွက် ဆန္ဒသဘော စိုးစဉ်းမျှမရှိသကဲ့သို့၊ သူတို့သည် ဝမ်းမြောက်စွာ ကျိုးနွံနာခံခြင်း မရှိခဲ့ဖူး၊ သို့မဟုတ် မိမိတို့ကိုယ်ကိုယ် နှိမ့်ချခြင်း မရှိခဲ့ဖူးပေ။ သူတို့သည် အခြားလူတို့ရှေ့၌ မိမိတို့ကိုယ်ကိုယ် ချီးမြှောက်ပြီး မည်သူ့ကိုမျှ နာခံခြင်း မရှိခဲ့ဖူးပေ။ သူတို့က ဘုရားသခင်၏ရှေ့၌ မိမိတို့ကိုယ်ကိုယ် နှုတ်ကပတ်တော်ကို ဟောကြားရာ၌ အကျွမ်းကျင်ဆုံး၊ အခြားသူများအပေါ် အမှုပြုရာတွင် အကျွမ်းကျင်ဆုံးအဖြစ် သတ်မှတ်ကြသည်။ သူတို့၏ လက်ဝယ် ပိုင်ဆိုင်ထားပြီးသော ‘ရတနာများ’ ကို သူတို့ မည်သည့်အခါမျှ မစွန့်ပစ်ဘဲ ဝတ်ပြုကိုးကွယ်ရန်၊ အခြားသူများကို တရားဟောရန်အတွက် ယင်းတို့ကို မိသားစုဆိုင်ရာ ဘိုးစဉ်ဘောင်ဆက် အမွေပစ္စည်းများအဖြစ် သဘောထားပြီး သူတို့သည် မိမိတို့အား ပုဂ္ဂိုလ်ရေးကိုးကွယ်သော ထိုအရူးများကို ဆုံးမသင်ကြားရန်အတွက် ယင်းတို့ကို အသုံးပြုကြသည်။ အမှန်တွင် အသင်းတော်ထဲ၌ ဤကဲ့သို့သောလူတို့မှာ အရေအတွက် အတိုင်းအတာတစ်ခုအထိ ရှိလေသည်။ သူတို့မှာ ဘုရားသခင်၏အိမ်တော်၌ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် နေထိုင်သော ‘နှိမ်နင်း၍မရသည့် သူရဲကောင်းများ’ ဖြစ်သည်ဟု ဆိုနိုင်သည်။ သူတို့သည် နှုတ်ကပတ်တော် (အယူဝါဒ) ဟောပြောခြင်းကို သူတို့၏ အမြင့်မားဆုံးသော တာဝန်အဖြစ် မှတ်ယူကြသည်။ တစ်နှစ်ပြီးတစ်နှစ်၊ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် သူတို့၏ ‘အလေးထားအပ်ပြီး မချိုးဖောက်အပ်သော’ တာဝန်ကို အကျိုးသက်ရောက်မှု ရှိစေရန် အားသွန်ခွန်စိုက် လုပ်နေကြသည်။ မည်သူကမျှ သူတို့ကို မထိရဲ၊ တစ်ယောက်တလေကမျှ သူတို့ကို လူပုံအလယ် အပြစ်မတင်ရဲပေ။ သူတို့သည် တစ်ခေတ်ပြီးတစ်ခေတ် အခြားသူများကို နိုင်လိုမင်းထက်ပြုမူပြီး သောင်းကျန်းမွှေ့ယမ်းလျက် ဘုရားသခင်၏အိမ်တော်၌ ‘ဘုရင်များ’ ဖြစ်လာကြသည်။ ထိုနတ်ဆိုးအုပ်စုသည် လက်တွဲပြီး ငါ့အမှုကို ဖျက်ဆီးရန် ကြိုးစားကြသည်။ အသက်ရှင်နေသော ဤနတ်မိစ္ဆာများကို ငါ့မျက်စိရှေ့၌ အဘယ်သို့ ရှိနေခွင့် ပေးနိုင်မည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်) သိသာထင်ရှားတာက၊ ဘာသာရေး သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက သမ္မာကျမ်းစာကို မကြာခဏ ရှင်းပြပေမယ့် သူတို့က ဘုရားသခင်ကို သိပြီး သမ္မာတရားကို နားလည်တဲ့လူတွေ မဟုတ်ကြဘူး သူတို့က သူတော်ကောင်းယောင်ဆောင်တဲ့ ဖာရိရှဲတွေဆိုတာ အတိအကျပဲ သူတို့က မှားယွင်းတဲ့ သိုးထိန်းတွေဖြစ်ပြီး လူတွေကို လှည့်ဖြား ထိန်းချုပ်၊ ချည်နှောင် ဒုက္ခပေးတဲ့ အလုပ်လုပ်သူတွေပဲ သူတို့က ခရစ်တော်ကို ငြင်းပယ် ရှုတ်ချဖို့ အတိုင်းအတာတစ်ခုအထိ ဘုရားသခင်ကို ဆန့်ကျင်ပြီး အတိုက်အခံလုပ်တာနဲ့ လူတွေအားလုံးကို စာတန်ရဲ့ ကြံရာပါနဲ့ ရုပ်သေးရုပ်တွေ ဖြစ်အောင် ဦးဆောင်တယ် ဒါက ပြဿနာဆိုတာ မျက်စိရှိတဲ့ သူတိုင်း မြင်နိုင်တယ်

ကျော့ကွင်းကို ထိုးဖောက်ကျော်လွန်ခြင်း ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၂) သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက သမ္မာကျမ်းချက်တွကို မကြာခဏဖတ်ပြီး လူတွေကို ပြောပြတာ ညီအစ်ကို မောင်နှမတွေအတွက် ဆုတောင်းပေးတာ၊ ယုံကြည်သူတွေအတွက် ချစ်ခြင်းမေတ္တောရှိဖို့နဲ့ သမ္မာကျမ်းစာကို စွဲကိုင်ထားဖို့ ပြောတာတွေ လုပ်ကြတယ် တကယ်လို့ ကျွန်မတို့က သူတို့ကို သူတော်ကောင်းယောင်ဆောင်တဲ့ ဖာရိရှဲတွေလို့ပြောရင် ယုံကြည်သူအများစုက ခွဲခြားသိမြင်နိုင်တာ ဒါမှမဟုတ် ထိုးဖောက်မြင်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး ဒါကြောင့် ကျွန်တော်တို့နဲ့ ပိုပြီး အသေးစိတ် မိဿဟာရဖွဲ့ပေးပါ

နောက်တစ်ခုသို့- မေးခွန်း (၄) ဘာသာရေး သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက သခင်ယေရှုရဲ့ ရည်ရွယ်ချက်တွေကို ဆွေးနွေးတာ ဒါမှမဟုတ် သခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖြန့်ဝေတာတွေ လုပ်ရမယ့်အစား သမ္မာကျမ်းစာထဲက လူရဲ့ စကားတွေကို မကြာခဏ ရှင်းပြကြတယ်၊ အထူးသဖြင့် ရှင်ပေါလုရဲ့ စကားတွေကိုပဲ.. ဒါက အဖြစ်မှန်တစ်ခုပဲ ဒါပေမယ့် ကျွန်မတစ်ခု နားမလည်တာ ရှိသေးတယ်.. ကျမ်းချက်အားလုံးက ဘုရားသခင် မှုတ်သွင်းထားတာ မဟုတ်ဘူးလား သမ္မာကျမ်းစာထဲက အရာအားလုံးက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် မဟုတ်ဘူးလား သမ္မာကျမ်းစာထဲက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ လူ့စကားတွေကို ဘာလို့ ရှင်းရှင်းလင်းလင်း ခွဲခြားသိမြင်ဖို့ လိုတာလဲ သမ္မာကျမ်းစာထဲက လူရဲ့စကားတွေက ဘုရားသခင် မှုတ်သွင်းထားတာ မဟုတ်ဘူးလား

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။