မေးခွန်း (၄) ဘာသာရေး သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက သခင်ယေရှုရဲ့ ရည်ရွယ်ချက်တွေကို ဆွေးနွေးတာ ဒါမှမဟုတ် သခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖြန့်ဝေတာတွေ လုပ်ရမယ့်အစား သမ္မာကျမ်းစာထဲက လူရဲ့ စကားတွေကို မကြာခဏ ရှင်းပြကြတယ်၊ အထူးသဖြင့် ရှင်ပေါလုရဲ့ စကားတွေကိုပဲ.. ဒါက အဖြစ်မှန်တစ်ခုပဲ ဒါပေမယ့် ကျွန်မတစ်ခု နားမလည်တာ ရှိသေးတယ်.. ကျမ်းချက်အားလုံးက ဘုရားသခင် မှုတ်သွင်းထားတာ မဟုတ်ဘူးလား သမ္မာကျမ်းစာထဲက အရာအားလုံးက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် မဟုတ်ဘူးလား သမ္မာကျမ်းစာထဲက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ လူ့စကားတွေကို ဘာလို့ ရှင်းရှင်းလင်းလင်း ခွဲခြားသိမြင်ဖို့ လိုတာလဲ သမ္မာကျမ်းစာထဲက လူရဲ့စကားတွေက ဘုရားသခင် မှုတ်သွင်းထားတာ မဟုတ်ဘူးလား

အဖြေ- “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍။” ဒါ ဘယ်သူပြောခဲ့လဲ သိကြလား အဲဒါ ဘုရားသခင်ပြောခဲ့တာလား ဒါမှမဟုတ် လူကပြောခဲ့တာလား ဘယ်အပေါ်မှာ အခြေခံပြီး “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍။” လို့ ပြောတာလဲ “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍။” ဒါက ယေဟောဝါ ဘုရားသခင်မိန့်တော်မူခဲ့တာ မဟုတ်သလို သခင်ယေရှုရော သန့်ရှင်းသော ဝိညာဉ်တော်ရော မိန့်တော်မူခဲ့တာမဟုတ်ဘဲ ရှင်ပေါလုက ပြောခဲ့တာပဲ ရှင်ပေါလုက ခရစ်တော်မဟုတ်ဘူး၊ သူက အကျင့်ပျက်တဲ့ လူသားတစ်ယောက်ပါပဲ ကျမ်းစာအားလုံးက ဘုရားသခင်မှုတ်သွင်းထားတယ်ဆိုတာ သူ ဘယ်လို လုပ်ပြီး သိနိုင်တာလဲ ဘုရားသခင် မှုတ်သွင်းထားတာ ဟုတ်လား မဟုတ်လားဆိုတာ ဘုရားသခင်ပဲ သိနိုင်တဲ့အရာပဲ ခရစ်တော် တစ်ပါးတည်းကပဲ ဒီမေးခွန်းကို ရှင်းရှင်းလင်းလင်း ဖြေနိုင်တယ် ဘာဖြစ်လို့လဲဆိုရင် လူက လုံးဝမသိပဲ ဒီအရာတွေကို ထိုးဖောက်ပြီး မမြင်နိုင်လို့ပဲ မောရှေ ကမ္ဘာဦးကျမ်းကို စရေးတဲ့အချိန်မှာ သမ္မာကျမ်းစာစခဲ့ပြီး အဲဒါပြီး အနည်းဆုံး နှစ် ၁ဝဝဝ နောက်ပိုင်းမှ သခင်ယေရှုက သူ့ရဲ့အမှုတော်ကို စတင်ခဲ့တယ် ရှင်ပေါလုက ကျမ်းစာရဲ့ ဘယ်ကျမ်းရေးသူကိုမှ လုံးဝမသိခဲ့ဘူး သူက ဘယ်လိုလုပ်ပြီး ဒီလူတွေရဲ့စကားတွေက ဘုရားသခင်မှုတ်သွင်းတယ်ဆိုတာ သိနိုင်တာလဲ သူတို့ရဲ့ စကားတွေအားလုံးက ဘုရားသခင်မှုတ်သွင်းထားတယ်ဆိုတာ အဲဒီ ကျမ်းရေးသူတွေ ပြောနိုင်ခဲ့တာလား ဒါက ရှင်ပေါလုပြောခဲ့တာဟာ ဘယ်လိုမှ အခြေအမြစ်မရှိဘူးဆိုတာကို ပြနေပါတယ် သူပြောခဲ့တာက သူ့ရဲ့ကိုယ်ပိုင် သမ္မာကျမ်းစာအသိပညာတွေပါပဲ သူက သခင်ယေရှုကို ကိုယ်စားမပြုဘူး ဒါ့အပြင် သန့်ရှင်းသော ဝိညာဉ်တော်ကိုလည်း ကိုယ်စားမပြုဘူး။ ဒါက အမှန်တရားပဲ ရှင်ပေါလုရဲ့ ဒီစကားတွေကို အခြေခံပြီး၊ ဘာသာရေး သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက သမ္မာကျမ်းစာထဲက စကားတွေ အားလုံးက ဘုရားသခင်မှုတ်သွင်းထားတာဖြစ်ပြီး ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ကြတယ် ဒါက သမိုင်းနောက်ခံအချက်အလက်ကို အပြည့်အဝ ဖောက်ဖျက်တာပဲ တမန်တော်ခေတ်မှာ၊ တမန်တော်တွေရဲ့စာတွေ အသင်းတော်တွေဆီကို ပြန့်သွားပြီးနောက်မှာ လူတိုင်းက အဲဒါတွေဟာ တမန်တော်တွေရဲ့စကား၊ ညီအစ်ကိုရှင်ပေါလုရဲ့စကားတွေဖြစ်တယ်လို့ ပြောမှာဖြစ်တယ် ဒီစကားတွေက ဘုရားသခင်မှုတ်သွင်းထားတာ ဒါမှမဟုတ်သခင်ယေရှုရဲ့ စကားတွေဖြစ်တယ်လို့ ဘယ်သူမှ ပြောမှာမဟုတ်ဘူး ရှင်ပေါလု ကိုယ်တိုင်တောင် သူ့ရဲ့စကားတွေက ဘုရားသခင်ရဲ့ နှုတ်ပတ်တော်တွေ ဒါမှမဟုတ် ဘုရားသခင် မှုတ်သွင်းထားတာလို့ သူမပြောရဲပါဘူး သူက သခင်ယေရှု ကိုယ်စားပြောတယ်ဆိုတာ ပိုလို့တောင် မဖြစ်နိုင်ဘူး ဒါကြောင့်၊ “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍။”ဆိုတဲ့ စကားရပ်က အလွယ်တကူ မတည်နိုင်ဘူး “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍။” ဆိုတာ ရှင်ပေါလု တစ်ယောက်ပဲ ပြောခဲ့တာဖြစ်ပြီး အဲဒါက ဓမ္မဟောင်းကျမ်းကိုပဲ ရည်ညွှန်းပြီး အဲဒါကို လူတွေ ယုံကြည်သေးတယ် လူတွေက ဘာဖြစ်လို့ ရှင်ပေါလုဆီက ဒီထွက်ဆိုချက်ကို ယုံကြည်နိုင်တာလဲ ဒီထွက်ဆိုချက်ကို တခြားတစ်ယောက်ယောက် လုပ်ခဲ့ရင် သူတို့ ယုံကြည်မလား လူတွေက ရှင်ပေါလုကို မျက်ကန်းယုံကြည်ပြီး ကိုးကွယ်တယ်ဆိုတာ ဒါက သက်သေပြဖို့ လုံလောက်တယ် ရှင်ပေါလု ပြောသမျှကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေလို့ စဉ်းစားကြတယ် အဲဒါက လူရဲ့ အယူအဆနဲ့ စိတ်ကူးစိတ်သန်း မဟုတ်ဘူးလား ဒီအချက်က လူ့ရဲ့စိတ်နှလုံးထဲမှာ သခင်ယေရှုမရှိပဲ၊ ရှင်ပေါလုပဲရှိတယ်ဆိုတာကို အပြည့်အဝ ဖော်ပြနေတယ် သူတို့အားလုံးက သခင်ကို ချီးမြှောက်ပြီး ကြောက်ရွံ့ရမဲ့အစား လူကိုကိုးကွယ်ပြီး လူနောက်လိုက်သူတွေပဲဖြစ်တယ်

ကျော့ကွင်းကို ထိုးဖောက်ကျော်လွန်ခြင်း ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၃) ဘာပဲဖြစ်ဖြစ်၊ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက သမ္မာကျမ်းစာကိုပဲ အခြေခံပြီး အားလုံး ဟောတာပဲ အဲဒါက သမ္မာကျမ်းစာကို ရှင်းပြပြီး သမ္မာကျမ်းစာကို လူတွေ စွဲကိုင်ပြီး သခင်ကို ချီးမြှောက်ဖို့နဲ့ သက်သေခံဖို့ လုပ်တာမဟုတ်ဘူးလား သမ္မာကျမ်းစာကို ရှင်းပြတာက သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေအတွက် မှားနေတာလား ဘယ်လိုလုပ်ပြီး အစ်မက သူတို့ကို သူတော်ကောင်း ယောင်ဆောင်တဲ့ ဖာရိရှဲတွေလို့ ပြောနိုင်ရတာလဲ

နောက်တစ်ခုသို့- မေးခွန်း (၅) ကျွန်မကတော့ သမ္မာကျမ်းစာအားလုံးက ဘုရားသခင်မှုတ်သွင်းထားတာလို့ ယုံကြည်တယ် ရှင်ပေါလုရဲ့စကားတွေက မမှားနိုင်ဘူး အစ်ကိုက သမ္မာကျမ်းစာထဲက ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ လူ့စကားတွေကို အရမ်းကို ရှင်းရှင်းလင်းလင်း ခွဲခြားပြမှတော့ ဒါဆိုရင် တစ်ယောက်ယောက်က ဘယ်ဟာက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဖြစ်ပြီး ဘယ်ဟာက လူရဲ့စကားလဲဆိုတာ ဘယ်လို ကွဲကွဲပြားပြားသိနိုင်မလဲ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။