မေးခွန်း (၂) ကမ္ဘာဦးကျမ်းထဲက ဘုရားရဲ့နှုတ်ကပတ်တော်တွေဖြစ်တဲ့ “ငါတို့ပုံသဏ္ဍာန်နှင့်အညီ တသဏ္ဍန်တည်း လူကို ဖန်ဆင်းကြစို့။(ကမ္ဘာဦးကျမ်း ၁:၂၆) ဒါကို အပြည့်အဝ ကျွန်တော် နားမလည်ဘူးဗျာ ဘုရားသခင်က သူ့ရဲ့ သဏ္ဍာန်တော်နဲ့အညီ လူကို ဖန်ဆင်းခဲ့ရင် အဲဒါက ကျွန်တော်တို့မှာ ဘုရားရဲ့ပုံသဏ္ဍာန်ရှိတယ်လို့ မဆိုလိုဘူးလား ကျွန်တော်တို့က ဘုရားရဲ့သဏ္ဍာန်တော်နဲ့ ဖန်ဆင်းခံရတယ်ဆိုရင် ကျွန်တော်တို့က လူလား ဒါမှမဟုတ် ဘုရားလား

အဖြေ- ကမ္ဘာဦးကျမ်းမှာ ဘုရားသခင်က၊ “ငါတို့ပုံသဏ္ဍာန်နှင့်အညီ တသဏ္ဍန်တည်း လူကို ဖန်ဆင်းကြစို့(ကမ္ဘာဦးကျမ်း ၁:၂၆) လို့ပြောခဲ့တယ်။ ဒါပေမယ့် ဘုရားသခင်က သူဟာ သူ့သဏ္ဍာန်တော်နဲ့အညီ၊ သူ့ ပုံသဏ္ဍာန်အတိုင်း ဘုရားကို ဖန်ဆင်းခဲ့တယ်လို့ လုံးဝ မပြောခဲ့ဘူး ဘုရားသခင်က လူကို သူ့သဏ္ဍာန်တော်နဲ့အညီ သူ့ပုံသဏ္ဍာန်အတိုင်း ဖန်ဆင်းခဲ့တယ်ဆိုတဲ့အချက်က သူဟာ လူကို ဘုရားအဖြစ် ပြုလုပ်လိမ့်မယ်လို့ မဆိုလိုပါဘူး ဘုရားသခင်က၊ “ငါတို့ပုံသဏ္ဍာန်နှင့်အညီ တသဏ္ဍန်တည်း လူကို ဖန်ဆင်းကြစို့။...” လို့ ပြောခဲ့တယ် ဒီကျမ်းချက်မှာ၊ “ပုံသဏ္ဍာန်” ဆိုတာက ဘာကို ရည်ညွှန်းတာလဲ ဒီမှာ “ပုံသဏ္ဍာန်” ဆိုတာက ဘုရားရဲ့ စိတ်သဘောထား ဘုရားရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းအပြင် ဘုရားရဲ့ အသက်တာဂုဏ်ဒြပ်ကို ရည်ညွှန်းတာ ဖြစ်တယ် အဲဒါက သမ္မာတရားကိုလည်း ရည်ညွှန်းပါတယ် ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားအားလုံးကို ကျွန်တော်တို့ အသက်ရှင်နေထိုင်ရင် ဒီသမ္မာတရားရဲ့ ပုံသဏ္ဍာန်က ဘုရားရဲ့ ပုံသဏ္ဍာန် ရှိမှာဖြစ်တယ် ဒါပေမဲ့ ဘုရားရဲ့စိတ်သဘောထားနဲ့ ဘုရားရဲ့ အသက်တာဖြစ်ခြင်းတွေက တော်တော်ကြွယ်ဝတာကို ကျွန်တော်တို့အားလုံး သိကြပါတယ် ပြီးတော့ သူ့အမှုတော်ကတစ်ဆင့် ဘုရားသခင် ထင်ရှားပြတဲ့အရာက တော်တော်လေး အကန့်အသတ်ရှိတယ် ဘုရားရဲ့စိတ်သဘောထားနဲ့ သူ့ရဲ့အသက်တာဖြစ်ခြင်းကို သူ ဖော်ပြထားတဲ့ နှုတ်ကပတ်တော်တွေအားဖြင့် ပေါင်းရုံးပြီး အပြည့်အဝ သရုပ်ဖော်ပြနိုင်တယ်လို့ ခင်ဗျားတို့ ပြောရဲလား ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို တွေ့ကြုံခဲ့ရပြီး ဘုရားကို သိတဲ့ သူတိုင်းက ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားနဲ့ သူ့ရဲ့ အရာအားလုံးနဲ့ ဖြစ်ခြင်းဟာ ဘုရားအသက်တာ စိတ်သဘောထား တစ်ခုလုံးရဲ့ တစ်သောင်းပုံ တစ်ပုံ၊ တစ်ထရီလီယံပုံ တစ်ပုံ သာသာပဲဖြစ်တယ်ဆိုတာကို မုချပြောကြလိမ့်မယ် ဘုရားသခင်က ဖန်ဆင်းရှင်ဖြစ်ပြီး အရာခပ်သိမ်းရဲ့ အသက် အရင်းအမြစ်ဖြစ်တယ် သူ့ရဲ့ တကယ့် အသက်တာ စိတ်သဘောထားနဲ့ နှိုင်းလိုက်ရင် သူ ဖော်ပြထားတဲ့ သူ့ရဲ့အရာအားလုံးနဲ့ ဖြစ်ခြင်းဆိုတာက သမုဒ္ဒရာထဲက ရေတစ်စက်မျှသာပါပဲ တကယ်တော့ အဲဒီ သမုဒ္ဒရာထဲက သမ္မာတရားတစ်စက်လောက်ကို အသက်ရှင်နေထိုင်ဖို့ ကျွန်တော်တို့က စီမံနိုင်တယ်ဆိုရင် ဒါက တကယ့်ကို အောင်မြင်မှုတစ်ခုပါပဲ ကျွန်တော်တို့တစ်ဘဝလုံး သမ္မာတရားကို လက်ကိုင်ပြုမယ်ဆိုရင်တောင် ကျွန်တော်တို့ အသက်ရှင်နေထိုင်နိုင်စွမ်းရှိတဲ့ သမ္မာတရားက အကန့်အသတ်နဲ့ပါပဲ ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားအားလုံးကို ကျွန်တော်တို့ ဘယ်တော့မှ အသက်ရှင်နေထိုင်ကြမှာ မဟုတ်ဘူး ဘုရားရဲ့ အမှုတော်ကို တွေ့ကြုံခံစားထားသူတိုင်း ဒီအချက်ကို အသိအမှတ်ပြုကြမှာပါ တစ်နေ့ ဘုရားအမှုတော် အဆုံးသတ်တဲ့အခါ၊ ကျွန်တော်တို့က ဘုရားရဲ့ပုံသဏ္ဍာန်နဲ့ သူ့ရဲ့ အသက်တာဖြစ်ခြင်းကို အနည်းငယ်လောက် အသက်ရှင်နေထိုင်ထားနိုင်တယ်ဆိုရင်တောင် ကျွန်တော်တို့ ဘုရားဖြစ်လာကြပြီလို့ ပြောလို့မရနိုင်သေးဘူး ဘာလို့လဲဆိုတော့ ဘုရားသခင်က ဖန်ဆင်းရှင်ဖြစ်ပြီး သူ့အသက်ရဲ့ ဂုဏ်ဒြပ်က ကျွန်တော်တို့ လူသားတွေအတွက် ဉာဏ်မမီနိုင်တဲ့အရာပါ ဘုရားက စကြဝဠာတစ်ခုလုံးကို ဖန်ဆင်းပြီး အုပ်စိုးပါတယ် ဘုရားရဲ့အသက်မှာ အရာခပ်သိမ်း အကျုံးဝင်ပြီး အားလုံးကို ပြီးပြည့်စုံစေတယ် ဘုရားရဲ့ ကြီးမြတ်မှုကို ကျွန်တော်တို့ရဲ့ စကားတွေနဲ့ ဖော်ပြလို့မရနိုင်ဘူး ဘုရားသခင်က သူ့အမှုတော်မှာ ဖော်ပြထားတဲ့အရာဟာ ဘုရားရဲ့ အရာအားလုံးနဲ့ဖြစ်ခြင်းမှာ အစိတ်အပိုင်းငယ်လေးတစ်ခုလောက်သာ ဖြစ်ပါတယ် ဘုရားက သူ့အမှုတော်ထဲမှာ ဖော်ပြတဲ့ သမ္မာတရားအားလုံးကို ကျွန်တော်တို့ အသက်ရှင်နေထိုင်ခဲ့ရင်တောင် ကျွန်တော်တို့က ဘုရားရဲ့ပုံသဏ္ဍာန်ကို အမှန်တကယ် ပိုင်ဆိုင်နေပြီဆိုတဲ့သဘော မဟုတ်သေးဘူး သမ္မာတရားကို ကျွန်တော်တို့ လုံး၀ ပိုင်ဆိုင်ပြီ ရရှိထားပြီလို့ ဆိုဖို့ကတော့ ပိုတောင် ဝေးပါတယ် ဒါကြောင့် ဘုရားရဲ့ပုံသဏ္ဍာန် အနည်းငယ်လောက်ကို ကျွန်တော်တို့ အသက်ရှင်နေထိုင်နိုင်တယ်ဆိုရင်တောင် ကျွန်တော်တို့တွေ ဘုရားဖြစ်လာကြပြီလို့ ဘယ်လိုလုပ် ပြောနိုင်မှာလဲ လုံးဝကို မဖြစ်နိုင်တာပဲ ဒါကြောင့် “လူမှာ ဘုရားရဲ့ ပုံသဏ္ဍာန်တော်ရှိတာကြောင့် သူ ဘုရားဖြစ်လာနိုင်တယ်” ဆိုတဲ့ စိတ်ကူးက အခြေအမြစ်မရှိပါဘူး အဲဒါ အဓိပ္ပါယ်မရှိတဲ့ အတွေးမှားတစ်ခုပဲ

ဘုရားရဲ့အမှုတော်အပေါ် ကျွန်တော်တို့ အတွေ့အကြုံကတစ်ဆင့် ဘုရားရဲ့ပုံသဏ္ဍာန် အနည်းငယ်ကို နောက်ဆုံးမှာ ကျွန်တော်တို့ အသက်ရှင်နေထိုင်နိုင်တယ်ဆိုရင်တောင် ကျွန်တော်တို့တွေ လုံးဝကို ဘုရားသခင် ဖြစ်မလာနိုင်ပါဘူး ကျွန်တော် ဥပမာတစ်ခုပေးမယ် အဆက်အစပ်အမိဆုံး ဥပမာ မဟုတ်ပေမဲ့ ဒီပြဿနာကို ပိုပြီး နားလည်လွယ်စေမှာပါ အဖေနဲ့ သားလိုပေါ့ သားက အပြင်ပန်းမှာ အဖေနဲ့ အရမ်းတူပေမဲ့ သူတို့ရဲ့ ပင်ကိုအရည်အသွေးနဲ့ အကျင့်စရိုက်တွေက သေချာပေါက် ကွဲပြားမှာပဲ သူတို့ကိုယ်ထဲမှာ တူတဲ့သွေးတွေ စီးနေတယ်ဆိုပေမဲ့ သူတို့ရဲ့ အကျင့်စရိုက်နဲ့ ပင်ကိုအရည်အသွေးတွေက ထပ်တူ မဖြစ်နိုင်ဘူး ပြီးတော့ မတူညီတဲ့လမ်းကြောင်းတွေကိုလည်း သူတို့ လျှောက်ကြတယ် တချို့မိသားစုတွေမှာ အဖေက လူကောင်းဖြစ်ပေမဲ့ သားက ဆိုးတဲ့လူတစ်ယောက် ဖြစ်နေတယ် အဲဒီလိုလူတွေက ချွတ်စွပ်တူတယ် မျိုးရိုးတူတယ်ဆိုပေမဲ့ အကျင့်စရိုက်မှာ ကြီးကြီးမားမား ကွဲပြားကြတယ် ပြီးတော့ တချို့မိသားစုတွေမှာ သားက ဘုရားကို ယုံကြည်ပြီး နာခံပေမဲ့ အဖေကတော့ ဘုရားကို ဆန့်ကျင်တယ် တူညီတဲ့ သွင်ပြင် တူညီတဲ့မျိုးရိုး ရှိရုံနဲ့ တူညီတဲ့ ပင်ကိုအရည်အသွေး ဒါမှမဟုတ် တူညီတဲ့ အကျင့်စရိုက် ရှိကြမှာမဟုတ်ဘူးဆိုတာကို ဒါက လုံလုံလောက်လောက် သက်သေပြပါတယ် ဒါကြောင့်၊ ဘုရား ပုံသဏ္ဍာန် အနည်းအကျဉ်းကို ကျွန်တော်တို့ လူသားတွေ အသက်ရှင်နေထိုင်နိုင်တယ်ဆိုရင်တောင် ဘုရားအသက်ရဲ့ ဂုဏ်ဒြပ်ကို ကျွန်တော်တို့ ပိုင်ဆိုင်တယ်လို့ ဆိုလိုဦးမှာမဟုတ်ဘူး လူက ဘယ်တော့မှ ဘုရား ဖြစ်မလာနိုင်ဘူး အဲဒါ သေချာပါတယ်

ဘေးအန္တရာယ်အတွင်းမှ ချီဆောင်ခြင်း ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၁) “လူက ဘုရားဖြစ်လာနိုင်ဖို့ ဘုရားက လူဖြစ်လာခဲ့တယ်” ဆိုတာက အစ်ကိုလင်း ဟောပြောတာတွေရဲ့ အထွတ်အထိပ် ရူပါရုံပါ အစအဦးမှာ ဘုရားသခင် ဖန်ဆင်းခဲ့တဲ့အရာက လူဆိုပေမဲ့ လူကို ဖန်ဆင်းရာမှာ ဘုရားသခင်ရဲ့ရည်ရွယ်ချက်က သူတို့ကို ဘုရားဖြစ်လာစေဖို့ပါပဲ ပထမတော့ လူသားတွေက ဘုရားရဲ့ အသက်တာ စိတ်သဘောထား မရှိလို့ စာတန်က သူတို့ကို အပြစ်ပြုရာထဲ လှည့်စားနိုင်ခဲ့တယ် လူသားမျိုးနွယ်ကို ကယ်တင်ရာမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်က သူ့အသက်တာ စိတ်သဘောထားကို ကျွန်တော်တို့ထဲ ပေးဝေဖို့ဖြစ်ပါတယ် ဘုရားရဲ့ အသက်တာ စိတ်သဘောထားကို ကျွန်တော်တို့ ရတာနဲ့တစ်ပြိုင်နက် ဘုရားဖြစ်လာကြမှာ မဟုတ်လား ဒီနေရာမှာ မှားယွင်းတာတစ်ခုခု ရှိနိုင်ပါ့မလား

နောက်တစ်ခုသို့- မေးခွန်း (၃) ခုပဲ ခင်ဗျားတို့က လူဟာ ဘုရားရဲ့ပုံသဏ္ဍာန် အနည်းငယ်ကို အသက်ရှင်နေထိုင်တယ်ဆိုရင်တောင် ဘုရား လုံး၀ဖြစ်မလာနိုင်ဘူးလို့ မိတ်သဟာယ ပြုသွားတယ် ကျွန်တော် အဲဒါကို လုံး၀ လက်ခံပေးနိုင်ပါတယ် ဒါပေမဲ့ လူတစ်ယောက်က ဘုရားရဲ့ပုံသဏ္ဍာန်ကို အသက်ရှင်နေထိုင်နိုင်သရွေ့ ဘုရားဖြစ်လာနိုင်တယ်လို့ ကျွန်တော်တို့ ပြောတဲ့အခါမှာ သူ့ရဲ့ဇာတိအဖြစ်တော်နဲ့တွဲလျက်ရှိတဲ့ ဘုရားကို ရည်ညွှန်းနေတာ မဟုတ်ပါဘူး သူ့ရဲ့ဇာတိအဖြစ်တော် မပါဘဲ သူ့ရဲ့ အသက်တာ စိတ်သဘောထားနဲ့ တွဲလျက်ရှိတဲ့ဘုရားကို ရည်ညွှန်းနေတာပါ တကယ်လို့ ကျွန်တော်တို့က ဘုရားရဲ့ပုံသဏ္ဍာန်ကို အသက်ရှင်နေထိုင်ရင် ဘုရားရဲ့အသက်တာရှိတဲ့ ဘုရားသခင် ဖြစ်လာမှာပါ ကျွန်တော်တို့အနေနဲ့ ဘုရားရဲ့ဇာတိအဖြစ်တော်ကို မရရှိတာလောက်ပါပဲ ဒါကြောင့်၊ “လူက ဘုရားဖြစ်လာနိုင်ဖို့ ဘုရားက လူဖြစ်လာခဲ့တယ်” ဆိုတဲ့ စကားတွေက ခိုင်လုံနေတုန်းပဲလို့ ထင်ပါတယ်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။