မေးခွန်း (၁) “လူက ဘုရားဖြစ်လာနိုင်ဖို့ ဘုရားက လူဖြစ်လာခဲ့တယ်” ဆိုတာက အစ်ကိုလင်း ဟောပြောတာတွေရဲ့ အထွတ်အထိပ် ရူပါရုံပါ အစအဦးမှာ ဘုရားသခင် ဖန်ဆင်းခဲ့တဲ့အရာက လူဆိုပေမဲ့ လူကို ဖန်ဆင်းရာမှာ ဘုရားသခင်ရဲ့ရည်ရွယ်ချက်က သူတို့ကို ဘုရားဖြစ်လာစေဖို့ပါပဲ ပထမတော့ လူသားတွေက ဘုရားရဲ့ အသက်တာ စိတ်သဘောထား မရှိလို့ စာတန်က သူတို့ကို အပြစ်ပြုရာထဲ လှည့်စားနိုင်ခဲ့တယ် လူသားမျိုးနွယ်ကို ကယ်တင်ရာမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်က သူ့အသက်တာ စိတ်သဘောထားကို ကျွန်တော်တို့ထဲ ပေးဝေဖို့ဖြစ်ပါတယ် ဘုရားရဲ့ အသက်တာ စိတ်သဘောထားကို ကျွန်တော်တို့ ရတာနဲ့တစ်ပြိုင်နက် ဘုရားဖြစ်လာကြမှာ မဟုတ်လား ဒီနေရာမှာ မှားယွင်းတာတစ်ခုခု ရှိနိုင်ပါ့မလား

အဖြေ- “လူက ဘုရားဖြစ်လာနိုင်ဖို့ ဘုရားက လူဖြစ်လာခဲ့တယ်”လို့ ခင်ဗျားတို့ အသင်းသားတွေက ပြောကြတယ် အဲဒါကို ပြောခြင်းအားဖြင့် ခင်ဗျားတို့ တကယ်ဆိုလိုတာက လူကို ဘုရားဖြစ်လာစေဖို့ ဘုရားက လူသားအဖြစ် လူ့ဇာတိခံခဲ့တယ်ပေါ့ ဒီအယူအဆအရ လူကို ဖန်ဆင်းရာမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်က လူကို ဘုရားဖြစ်လာစေဖို့ပဲ ဒါပေမဲ့ ဒီအယူအဆက ဘုရားအလိုတော်နဲ့ တကယ်ပဲ ကိုက်ညီရဲ့လား ဒါကို ဘုရားနှုတ်ကပတ်တော်အရ ကျွန်တော်တို့ ဆန်းစစ်သင့်တယ် ကမ္ဘာဦးကျမ်းထဲက ကမ္ဘာလောကကို ဖန်ဆင်းခြင်းအတွင်းမှာ ဘုရားသခင်က၊ “ငါတို့ပုံသဏ္ဍာန်နှင့်အညီ တသဏ္ဍန်တည်း လူကို ဖန်ဆင်းကြစို့။ သူသည် ပင်လယ်ငါးတို့ကို၎င်း၊ မိုဃ်းကောင်းကင်ငှက်တို့ကို၎င်း၊ သားယဉ်တို့ကို၎င်း၊ မြေတပြင်လုံးနှင့်တကွ၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း၊ အုပ်စိုးစေဟု အမိန့်တော်ရှိ၏။ ထိုသို့ဘုရားသခင်သည် မိမိပုံသဏ္ဍန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ ပုံသဏ္ဍာန် တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမကိုဖန်ဆင်းပြီးလျှင်။(ကမ္ဘာဦးကျမ်း ၁:၂၆-၂၇) အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အစအဦး၌၊ ငါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့၏။ ဆိုလိုသည်မှာ လူသားမျိုးနွယ်၏ ဘိုးဘေးဖြစ်သော အာဒံကို ငါဖန်ဆင်းခဲ့သည်။ သူသည် အားမာန်ဖြင့် ပြည့်လျှမ်းသည့်၊ အသက်ပါမှုတို့ဖြင့် ပြည့်လျှမ်းသည့် သဏ္ဌာန်နှင့် ပုံရိပ်ကို အပ်နှင်းခံခဲ့ရပြီး၊ ထို့အပြင် ငါ၏ဘုန်းအသရေက အတူပါရှိခဲ့သည်။ ယင်းမှာ လူသားကို ငါဖန်ဆင်းခဲ့သည့် မွန်မြတ်သောနေ့ရက် ဖြစ်ခဲ့သည်။ ထို့နောက်တွင်၊ အာဒံ၏ ခန္ဓာကိုယ်မှ ဧဝကို ဖြစ်စေခဲ့ပြီး၊ သူမသည်လည်း လူသား၏ ဘိုးဘေးဖြစ်ခဲ့ကာ၊ ထို့ကြောင့် ငါ ဖန်ဆင်းခဲ့သော လူတို့သည် ငါ၏အသက်ဇီဝနှင့် ငါ၏ဘုန်းအသရေတို့ဖြင့် ပြည့်လျှမ်းခဲ့သည်။ အာဒံသည် မူလအားဖြင့် ငါ့လက်မှ ဖြစ်ပွားစေခဲ့သူ ဖြစ်ပြီး ငါ့ပုံသဏ္ဌာန်၏ ကိုယ်စားပြုခြင်း ဖြစ်သည်။ ထို့ကြောင့် ‘အာဒံ’ ၏ မူရင်းအဓိပ္ပာယ်သည် သဏ္ဌာန်နှင့် ပုံရိပ်တို့ရှိလျက်၊ စိတ်ဝိညာဉ်နှင့် ဇီဝအသက်တို့ ရှိလျက်၊ ငါ၏အလွန်အရေးပါသော အားအင်၊ ငါ၏ ဘုန်းအသရေဖြင့် ပြည့်ဝခဲ့သည့် ငါဖန်ဆင်းသော သတ္တဝါတစ်ဦး ဖြစ်ခဲ့သည်။ အာဒံသည် ဝိညာဉ်ရှိသည့်၊ ငါ့ကို ကိုယ်စားပြုနိုင်စွမ်း ရှိသူ၊ ငါ့ပုံသဏ္ဌာန်ကို ဆောင်နိုင်စွမ်းရှိကာ ငါ၏ဇီဝအသက်ကို လက်ခံရရှိနိုင်စွမ်းရှိသည့် တစ်ဦးတည်းသော ဖန်ဆင်းခံသတ္တဝါ ဖြစ်သည်။ အစအဦး၌ ဧဝသည် ငါ စီမံခဲ့သည့် ဇီဝအသက် နှင်းအပ်ခံရသော ဖန်ဆင်းခြင်းဖြင့် ဒုတိယမြောက် လူသားဖြစ်ပြီး ထို့ကြောင့် ‘ဧဝ’၏ မူလအဓိပ္ပာယ်မှာ ငါ၏ အသက်ပါမှုဖြင့် ပြည့်သည့်အပြင် ငါ၏ဘုန်းအသရေ နှင်းအပ်ခံရလျက်၊ ငါ၏ ဘုန်းအသရေကို ဆက်လက်ဖြစ်စေမည့် ဖန်ဆင်းခံသတ္တဝါတစ်ဦးဟု ဆိုလိုသည်။ ဧဝသည် အာဒံထံမှ ဖြစ်လာခဲ့သည်၊ ထို့ကြောင့် သူသည် ငါ၏ သဏ္ဌာန်ဖြင့် ဖန်ဆင်းခံရသည့် ဒုတိယမြောက်လူသား ဖြစ်သည့်အတွက်၊ သူသည်လည်း ငါ၏ပုံသဏ္ဌာန်ကို ဆောင်ခဲ့ပေသည်။ ‘ဧဝ’၏ မူလအဓိပ္ပာယ်မှာ ဝိညာဉ်၊ အသွေးအသားနှင့် အရိုးရှိသည့် သက်ရှိလူသား ဖြစ်သည်၊ လူသားမျိုးနွယ်အလယ် ငါ၏ဒုတိယမြောက် သက်သေအပြင် ငါ၏ဒုတိယမြောက် ပုံသဏ္ဌာန် ဖြစ်သည်။ ၎င်းတို့သည် လူသားမျိုးနွယ်၏ ဘိုးဘေးများ၊ လူသား၏ စစ်မှန်ပြီး အဖိုးတန်သော ရတနာဖြစ်ပြီး၊ အစပထမကတည်းက ဝိညာဉ် အပ်နှင်းခံခဲ့ရသည့် သက်ရှိသတ္တဝါများ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်မှန်သောလူတစ်ယောက် ဖြစ်ခြင်းဆိုသည်မှာ) ဒီနေရာမှာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက ရှင်းရှင်းလင်းလင်း ပြောထားပါတယ် အစအဦးမှာ ဘုရားသခင် ဖန်ဆင်းခဲ့တာက လူဖြစ်တယ်၊ စိတ်ဝိညာဉ်နဲ့ ရှင်သန်တဲ့ လူတစ်ဦး၊ ဘုရားသခင် ဖန်ဆင်းခဲ့တဲ့ သတ္တဝါဖြစ်တယ်ဆိုတာပါပဲ လူကို ဖန်ဆင်းရာမှာ ဘုရားရဲ့ ရည်ရွယ်ချက်က ကမ္ဘာပေါ်က အရာခပ်သိမ်းအပေါ် လူက အုပ်စိုးမှုရှိဖို့အတွက် ဖြစ်ပြီး ဘုရားသခင်ကို ဘုန်းထင်ရှားစေဖို့ ဘုရားသခင်ကို ပေါ်လွင်စေဖို့ ဖြစ်တယ် ဒီနေရာမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ကျွန်တော်တို့ အထူးအာရုံစိုက်ဖို့လိုတယ် လူကို ဖန်ဆင်းရာမှာ ဘုရားသခင်က၊ “ငါတို့ပုံသဏ္ဍာန်နှင့်အညီ တသဏ္ဍန်တည်း လူကို ဖန်ဆင်းကြစို့(ကမ္ဘာဦးကျမ်း ၁:၂၆) လို့ ပြောခဲ့တယ်။ ဘုရားကို သူ ဖန်ဆင်းခဲ့တယ်လို့ ဘုရားသခင်က လုံး၀ မပြောထားပါဘူး လူကို ဘုရားဖြစ်လာစေဖို့ ဖန်ဆင်းခဲ့တယ်ဆိုတာမျိုးကို ပိုလို့တောင် မပြောထားဘူး ဒါကြောင့် တစ်ယောက်ယောက်က ဘုရားရဲ့နှုတ်ကပတ်တော်ကို အနက်ပြန်ပြီး “လူကို ဖန်ဆင်းခြင်း” အစား “ဘုရားကို ဖန်ဆင်းခြင်း” လို့ ဆိုလိုက်ရင် ဒါနဲ့ ပတ်သက်ပြီး ဘာမှားသလဲ သူက ဘုရားရဲ့ နှုတ်ကပတ်တော်တွေကို တလွဲအနက်ပြန်ပြီး အချက်အလက်တွေကို လိုရာဆွဲ ပြောနေတာ မဟုတ်လား ဒီလိုအရာတွေကို ပြောတယ်ဆိုတော့ သူ့မှာ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်ရှိတာများ ဖြစ်နိုင်လား ဘုရားသခင်က ဖန်ဆင်းရှင်ဖြစ်ပြီး လူတွေက သူ့ရဲ့ဖန်ဆင်းမှုတွေသာ ဖြစ်တယ်ဆိုတာ ကျွန်တော်တို့အားလုံး သိကြပါတယ် လူနဲ့ ဘုရားက ဂုဏ်ဒြပ်မှာ လုံးဝ ကွာခြားပါတယ် အနန္တတန်ခိုးရှင် ဘုရားသခင် ပြောတဲ့အတိုင်းပါပဲ “နောက်ဆုံး စာရင်းချုပ်လိုက်သောအခါ၊ ဘုရားသခင်သည် ဘုရားသခင်ဖြစ်ပြီး လူသည် လူဖြစ်သည်။ ဘုရားသခင်သည် ဘုရားသခင်၏ အနှစ်သာရရှိပြီး လူသည် လူ၏အနှစ်သာရ ရှိသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက အကြွင်းမဲ့ သမ္မာတရားပါပဲ ဒါ့အပြင် ဘုရားသခင်က စိတ်သဘောထားအားဖြင့် လုံးလုံး သစ္စာနဲ့ပြည့်စုံတယ် မလိမ်ညာဘူး မလှည့်ဖြားဘူး ဒါကြောင့် ဘုရားရဲ့နှုတ်ကပတ်တော်တွေက တိကျပြီး အပြစ်အနာအဆာကင်းတယ် ဒါတွေက ထာဝရ သမ္မာတရားဖြစ်တယ် လူကို သူ့ပုံသဏ္ဍာန်နဲ့အညီ ပြုလုပ်ခဲ့တယ်လို့ ဘုရားသခင် ပြောခဲ့တယ်၊ ဒါကြောင့် သူ ပြုလုပ်ခဲ့တာက လူပဲ ဒီတော့ ဘာလို့ တချို့လူတွေက သူက ဘုရားကို ဖန်ဆင်းခဲ့တယ်လို့ ပြောကြတာလဲ ဒါက ကောင်းကင်တမန်မင်းရဲ့အသံနဲ့ တူသလိုပဲ ဘာလို့လဲဆိုတော့ ကောင်းကင်တမန်မင်းက ဘုရားသခင်နဲ့ အဆင့်အတန်းတူဖို့ ကိုယ်တိုင် ဘုရားဖြစ်လာဖို့ကို အမြဲဆန္ဒရှိနေတာလေ စာတန်က လူသားတွေကို လှည့်ဖြားပြီး အကျင့်ပျက်စေတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကို တလွဲအနက်ပြန်ခြင်းကတစ်ဆင့် ဖြစ်ပါတယ် ဒါဟာ စာတန်က လူကို သူ့နောက်လိုက်စေတဲ့ နည်းလမ်းပါပဲ ဒီတော့ သေချာတာက ဘုရားသခင်ရဲ့စကားတွေဖြစ်တဲ့ “ငါတို့ပုံသဏ္ဍာန်နှင့်အညီ တသဏ္ဍန်တည်း လူကို ဖန်ဆင်းကြစို့” ဆိုတာကို ဆွဲယူပြီး ဘုရားက ဘုရားကို ဖန်ဆင်းခြင်း ဆိုတာမျိုး ပြောင်းလဲပစ်တာဟာ ဘုရားသခင်ကို အပြင်းအထန် ဆန့်ကျင်တာပါ ဘုရားသခင်ကို စော်ကားတာ သူ့ရဲ့စိတ်သဘောထားကို ဆိုးဆိုးဝါးဝါး ပုန်ကန်ပြစ်မှားတာပါ တစ်ယောက်ယောက်က ဘုရားရဲ့ နှုတ်ကပတ်တော်ကို လက်လွတ်စပယ် တလွဲအနက်ပြန်ပြီး အချက်အလက်တွေကို လိုရာဆွဲပြောတဲ့အခါ ဒါဟာ ဆိုးရွားတဲ့ ပြဿနာတစ်ခုပဲ ဒါက အနက်ပြန်လွဲခြင်းဆိုတဲ့ ခပ်ရိုးရိုးပြဿနာလေးတစ်ခု မဟုတ်ပါဘူး ဘာလို့လဲဆိုတော့ အဲဒါက စာတန်ဆီက လာတာဆိုရင် အရမ်းကို ပြင်းထန်တဲ့ ပြဿနာတစ်ခုကို ဖန်တီးပေးတတ်လို့ပါပဲ ဒါကြောင့်၊ “လူက ဘုရားဖြစ်လာနိုင်ဖို့ ဘုရားက လူဖြစ်လာခဲ့တယ်”လို့ ခင်ဗျားတို့ ပြောတဲ့အခါ ဒါက လုံးဝ အဓိပ္ပါယ်မဲ့တာပဲ ဒါက လူ့ စိတ်ကူးနဲ့ အယူအဆတွေရဲ့ အထင်တစ်ခု ဖြစ်ပြီး စာတန်ဆီက ပေါ်ပေါက်လာတာ ဖြစ်တယ် ဒါကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း မြင်ဖို့လိုတယ် ကျွန်တော်တို့ နောင်တမရဘဲ ဒီအယူအဆကို ဆက်ပြီး ထိန်းသိမ်းနေရင် အကျိုးဆက်တွေက မတွေးဝံ့လောက်အောင်ကို ဖြစ်လိမ့်မယ်

ကျွန်တော်တို့ ယုံကြည်သူတွေ ဘာကို လေ့လာလိုက်စားသင့်သလဲ ဘုရားရဲ့အလိုတော်ကို ကျွန်တော်တို့ နားလည်ဖို့လိုတယ် လူသားမျိုးနွယ်ကို ရွေးနုတ်ခြင်းနဲ့ ကယ်တင်ခြင်းကတစ်ဆင့် ဘုရားသခင်က ဘာကို ရရှိဖို့ မျှော်လင့်တာလဲ ဆိုလိုတာက နောက်ဆုံးမှာ ဘုရားသခင်က ဘယ်လိုလူသားမျိုးကို ပြုလုပ်ချင်တာလဲ အရေးကြီးဆုံးအရာကတော့ ဘုရားသခင်ထံ ကျွန်တော်တို့ယုံကြည်မှုအတွက် ရူပါရုံတစ်ခုနဲ့ ဘုရားအမှုတော်ရဲ့ သမ္မာတရားပဲ ဘုရားသခင်ထံ ယုံကြည်သူတစ်ဦးအဖြစ် ကျွန်တော်တို့ရဲ့လမ်းကို ရွေးချယ်တဲ့အခါ သူ့နှုတ်ကပတ်တော်ကို ကျွန်တော်တို့ရဲ့လမ်းညွှန်အဖြစ် အသုံးပြုရမယ် ကျွန်တော်တို့အနေနဲ့ လူသားနောက်ကို လိုက်မိအောင် လှည့်စားခံရတာမျိုး မဖြစ်ရဘူး ဒါမှမဟုတ် ဘုရားကို ဆန့်ကျင်တဲ့ ဘယ်လမ်းကြောင်းကိုမဆို မလျှောက်ရဘူး လူက စာတန်အားဖြင့် ဖျက်ဆီးခံရပြီးဖြစ်တာကြောင့် ဘုရားသခင်ရဲ့ ဘုန်းတော်နဲ့ သူ့ရဲ့ သက်သေခံချက်ကို ဆုံးရှုံးခဲ့ပြီးဖြစ်တယ်ဆိုတာ ကျွန်တော်တို့ နားလည်ထားဖို့လိုတယ် လူသားရဲ့အသက်ရှင်နေထိုင်သမျှက အကျင့်ပျက်တဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားဖြစ်တယ် သူ့မှာ လူသားပုံသဏ္ဍာန်ဆိုတာ လုံး၀ မရှိတော့ဘူး လူသားက နတ်ဆိုးဖြစ်လာပါပြီ လူသားမျိုးနွယ်ဟာ နတ်ဆိုးလိုပဲ ဘုရားကို မနာခံဘူး ငြင်းပယ်တယ် အာခံပြီး သစ္စာတောင် ဖောက်ပါတယ် အဲဒါ အမှန်တရားပဲ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်က လူသားရဲ့အပြစ်ဖြေရာယဇ် ဖြစ်စေဖို့နဲ့ သူတို့ကို ရွေးနုတ်ဖို့အတွက် ကျေးဇူးတော်ခေတ်မှာ လူ့ဇာတိခံယူခဲ့တယ် အခု နောက်ဆုံးခေတ်ဖြစ်တဲ့ နိုင်ငံတော်ခေတ်မှာ ဘုရားသခင်ဟာ နောက်ဆုံးသောကာလရဲ့ တရားစီရင်ခြင်းအမှုကို ပြုဖို့နဲ့ လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်မယ့် သမ္မာတရားအားလုံးကို ဖော်ပြဖို့အတွက် နောက်တစ်ကြိမ် လူ့ဇာတိခံယူထားပါပြီ ကျွန်တော်တို့အနေနဲ့ ငြိမ်သက်ခြင်းချမ်းသာထဲကို ဝင်ရောက်နိုင်အောင် သမ္မာတရားကို ရရှိစေဖို့ ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးမှုတွေကို စွန့်ပစ်စေဖို့ အဓိပ္ပာယ်ရှိတဲ့ ဘဝနဲ့ ဘုရားကို ချစ်ခင်သူတွေရဲ့ ပုံသဏ္ဍာန်မှာ အသက်ရှင်နေထိုင်စေဖို့ သူက ဦးဆောင်လမ်းပြပါတယ် ဒါက လူသားမျိုးနွယ်ကို ကယ်တင်ခြင်းမှာ ဘုရားသခင်ရဲ့ အထွတ်အထိပ် ရည်မှန်းချက် ဖြစ်ပါတယ် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ကြည့်ကြရအောင်

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်သည် လူသားများကို ဖန်ဆင်းခဲ့ပြီး ကမ္ဘာမြေကြီးပေါ်တွင် ထားရှိခဲ့ကာ ထိုအချိန်ကတည်းက ၎င်းတို့ကို ဦးဆောင်ပြီးဖြစ်သည်။ ထို့နောက် သူသည် ၎င်းတို့ကို ကယ်တင်ခဲ့ပြီး လူသားမျိုးနွယ်အတွက် အပြစ်ဖြေရာယဇ် အဖြစ် အစေခံခဲ့သည်။ အဆုံးတွင် သူသည် လူသားမျိုးနွယ်ကို သိမ်းပိုက်ရဦးမည်၊ လူသားများကို လုံးဝ ကယ်တင်ရဦးမည် ဖြစ်ပြီး၊ ၎င်းတို့ကို ၎င်းတို့၏ မူလ ပုံသဏ္ဌာန်သို့ ပြန်ဖြစ်စေရဦးမည် ဖြစ်သည်။ ဤသည်မှာ အစအဦးကတည်းက သူပါဝင်လုပ်ဆောင်ပြီးဖြစ်သည့် အမှု- လူသားမျိုးနွယ်ကို ၎င်း၏မူရင်း ပုံသဏ္ဌာန်နှင့် ရုပ်ဆင်းသဏ္ဌာန်သို့ ပြန်ဖြစ်စေခြင်း- ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်)

အမှု၏ အဆင့်သုံးဆင့် အဆုံးသတ်သို့ ရောက်လာသည့်အခါ၊ ဘုရားသခင်အဖို့ သက်သေခံသူများ အုပ်စု၊ ဘုရားသခင်ကို သိသူများ အုပ်စုတစ်စုကို ပြုလုပ်လိမ့်မည်။ ဤလူအားလုံးသည် ဘုရားသခင်ကို သိလိမ့်မည် ဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြပေလိမ့်မည်။ ၎င်းတို့သည် လူ့သဘာဝနှင့် အသိစိတ်တို့ ပိုင်ဆိုင်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ ကယ်တင်ခြင်း အမှု၏ အဆင့်သုံးဆင့်ကို အားလုံး သိကြလိမ့်မည်။ ဤသည်မှာ အဆုံးတွင် ပြီးမြောက်မည့် အမှုဖြစ်ပြီး၊ ဤလူတို့သည် အနှစ်ခြောက်ထောင် စီမံခန့်ခွဲခြင်း အမှု၏ ပုံဖော်ချက် ဖြစ်ကြသကဲ့သို့၊ စာတန်၏ အဆုံးစွန် ရှုံးနိမ့်မှုအဖို့ အားအကောင်းဆုံးသော သက်သေခံချက် ဖြစ်၏။ ဘုရားသခင်အဖို့ သက်သေခံနိုင်သူများသည် ဘုရားသခင်၏ကတိတော်နှင့် ကောင်းချီးမင်္ဂလာ တို့ကို ရရှိနိုင်လိမ့်မည် ဖြစ်ပြီး၊ တကယ့် အဆုံးတွင် ကျန်ရှိသည့်အုပ်စု၊ ဘုရားသခင်၏ ဩဇာအာဏာကို ပိုင်ဆိုင်ပြီး ဘုရားသခင်အဖို့ သက်သေခံသည့် အုပ်စု ဖြစ်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်)

လူတို့သည် ၎င်းတို့၏ဘဝအပေါ် အမြင်နှင့် ၎င်းတို့ ဖြစ်တည်ခြင်း၏ အဓိပ္ပာယ်၊ အခြေခံအကြောင်းရင်းတို့ လုံးလုံးလျားလျား ပြောင်းလဲသွားသည့်နေ့အထိ တွေ့ကြုံရသောအခါ၊ ၎င်းတို့၏အရိုးထဲအထိ ပြောင်းလဲသွားပြီး အခြားလူတစ်ဦး ဖြစ်သွားသောအခါ၊ ဤအရာမှာ မယုံကြည်နိုင်လောက်အောင်ဖြစ်သည် မဟုတ်လော။ ဤသည်မှာ ကြီးစွာသောပြောင်းလဲမှုတစ်ခု၊ ကမ္ဘာတုန်လောက်သော ပြောင်းလဲမှုတစ်ခု ဖြစ်သည်။ သင်သည် လောကကြီး၏ ကျော်ကြားခြင်းနှင့် ကြွယ်ဝခြင်း၊ အဆင့်အတန်း၊ ငွေကြေး၊ အပျော်အပါး၊ တန်ခိုးအာဏာနှင့် ဂုဏ်အသရေတို့ကို စိတ်ဝင်စားခြင်းမရှိတော့သကဲ့သို့ ၎င်းတို့ကို အလွယ်တကူ စွန့်လွှတ်နိုင်သောအခါမှသာ၊ သင်၌ လူသားတစ်ဦး၏ ပုံသဏ္ဌာန်ရှိလိမ့်မည်။ အဆုံးတွင် စုံလင်စေခြင်းခံရမည့် သူများမှာ ဤကဲ့သို့သော လူစုတစ်စု ဖြစ်သည်၊ ၎င်းတို့သည် သမ္မာတရားအတွက် အသက်ရှင်ကြသည်၊ ဘုရားသခင်အတွက် အသက်ရှင်ကြပြီး၊ တရားမျှတသောအရာအတွက် အသက်ရှင်ကြ၏။ ဤသည်မှာ စစ်မှန်သော လူသားတစ်ဦး၏ ပုံသဏ္ဌာန် ဖြစ်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “လူ့သဘာဝတွင် တူညီမှုများနှင့် ခြားနားချက် တို့ကို နားလည်ခြင်း”)

စီမံခန့်ခွဲခြင်း အမှုတစ်ခုလုံး တစ်လျှောက်တွင်၊ အရေး အကြီးဆုံးအမှုမှာ စာတန်၏စွမ်းအားမှ လူသားကို ကယ်တင်ရန် ဖြစ်သည်။ အဓိကအမှုမှာ ဖောက်ပြန်ပျက်စီးနေသော လူသားကို လုံးဝ သိမ်းပိုက်ခြင်း ဖြစ်သည်၊ ထိုသို့ဖြင့် သိမ်းပိုက်ခြင်းခံရသော လူသား၏နှလုံးသားထဲတွင် ဘုရားသခင်အပေါ် မူလရိုသေလေးမြတ်မှုကို နဂိုအတိုင်း ပြန်ဖြစ်စေခြင်းနှင့် လူသားကို သူ၏ပုံမှန်အသက်တာ၊ ဆိုလိုသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါတစ်ဦး၏ ပုံမှန်အသက်တာကို ရရှိခွင့်ပေးခြင်း ဖြစ်သည်။ ဤအမှုသည် အရေးပါလှပြီး၊ စီမံခန့်ခွဲခြင်း အမှု၏ ဗဟိုချက်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်)

အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေအရ ကျွန်တော်တို့အတွက် သေချာတာကတော့ လူသားမျိုးနွယ်အတွက် သူ့ရဲ့အဆင့်သုံးဆင့် စီမံခန့်ခွဲခြင်း အမှုတော်မှာ ဘုရားသခင်ရဲ့ရည်ရွယ်ချက်က ဘုရားသခင်ကို သိနားလည်၊ နာခံပြီး သက်သေခံတဲ့ လူတစ်စုကို ပြုလုပ်ဖို့ ဖြစ်ပါတယ် လူသားတွေကို သန့်ရှင်းစေဖို့နဲ့ ဘုရားရဲ့အလိုတော်နဲ့အညီ အသက်ရှင်စေဖို့အတွက် ဘုရားသခင်ဟာ လူသားကို စာတန်ရဲ့လွှမ်းမိုးမှုကနေ လုံးလုံး ကယ်တင်ဖို့ လူသားပုံစံကို နှစ်ကြိမ်ယူခဲ့ပါတယ် ဘုရားနှုတ်ကပတ်တော်က ဒါကို အကုန်အစင် ရှင်းပြနှင့်ပြီးပါပြီ၊ အဲဒါက နားလည်ရ လွယ်ပါတယ် ဒါကြောင့် ဘုရားအမှုတော်က လူကို ဘုရားဖြစ်လာစေဖို့ လုပ်ဆောင်တာမဟုတ်မှန်း သိသာပါတယ် ဘုရားသခင်က လူသားကို စတင် စီမံခန့်ခွဲခဲ့ချိန်ကစပြီး နောက်ဆုံးသောကာလ ရောက်သည်အထိ တစ်လျှောက်လုံးမှာ ဘုရားသခင် ချီးမွမ်းခဲ့တဲ့ ကောင်းချီးပေးခဲ့တဲ့ သန့်ရှင်းသူတွေဟာ အာဗြဟံ ယောဘနဲ့ ပေတရုတို့လို ဘုရားအလိုတော်နဲ့ကိုက်ညီသူတွေပဲ ဖြစ်ခဲ့တယ် ဒါနဲ့သက်သေအဖြစ် သူတို့အားလုံးမှာ ဘုရားရဲ့နှုတ်ကပတ်တော် သူ့ရဲ့ချီးမွမ်းမှုနဲ့ ကောင်းချီးတွေ ရှိကြပါတယ် ဒီလူတွေဟာ ချီးမွမ်းခြင်းတွေ အလျှံပယ်ရခဲ့ကြသလို ခေတ်တွေတစ်လျှောက်မှာ သန့်ရှင်းသူတွေက အတုယူခဲ့ကြတယ် သူတို့တွေက ကောင်းကင်နိုင်ငံထဲမှာ ရှိ်ကြတယ်လို့ ပြောလို့ရပါတယ် ဒါပေမဲ့ သူတို့တွေ ဘုရားဖြစ်လာခဲ့တယ်လို့ ဘုရားသခင်က ပြောခဲ့ဖူးလား ဘုရားသခင်က အဲဒီလို တစ်ခါမှ မပြောခဲ့ဖူးပါဘူး သူက အာဗြဟံဟာ အားလုံးထဲမှာ သစ္စာအရှိဆုံးဖြစ်တယ်၊ ယောဘက ဘုရားကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်တဲ့ စုံလင်တဲ့လူဖြစ်တယ်၊ ပြီးတော့ ပေတရုက ဘုရားသခင်ကို သိပြီး နားလည်ခဲ့တယ် ဆိုတာပဲ ပြောခဲ့တာပါ ရှင်းရှင်းလေးပါပဲ၊ လူသားမျိုးနွယ်ကို သူ့ရဲ့ ကယ်တင်ခြင်းအတွက် ဘုရားရဲ့ နောက်ဆုံး ရည်မှန်းချက်က ဒီလိုလူတွေဖြစ်ပါတယ် တစ်နည်းပြောရရင် ဘုရားသခင်က လူသားကို အာဗြဟံ ဒါမှမဟုတ် ယောဘလို လူမျိုးအဖြစ် ပြုလုပ်မှာဖြစ်တယ် ပြီးတော့ စုံလင်သွားတဲ့လူတွေဟာ ဘုရားသခင်ကို ပေတရုလိုပဲ သိနားလည်လာမှာ ဖြစ်ပါတယ် ဒါကို ဘုရားသခင်က ကျမ်းစာထဲမှာ ရှင်းရှင်းလင်းလင်း ပြောထားတယ်၊ ဘယ်သူမှ ငြင်းလို့မရဘူး ဘုရားသခင်က သူ့အလိုတော်ကို ဒီနေရာမှာ ကျွန်တော်တို့ကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြပါတယ် သူ့ရဲ့စီမံခန့်ခွဲမှုအစီအစဉ်ထဲမှာ ဘုရားသခင်က သူ ချီးမွမ်းပြီး ကောင်းချီးပေးတဲ့သူတွေကို နောက်ဆုံးမှာ စုံလင်စေပါလိမ့်မယ် နောက်ဆုံးမှာ ဒီလူတွေက ဘုရားသခင် ရယူမယ့် လူတွေပဲဖြစ်တယ် ဒါကြောင့် ကျွန်တော်တို့အနေနဲ့ သူ့ရဲ့ သတ်မှတ်ချက်တွေ အပေါ် အခြေခံပြီး ဘုရားနောက်လိုက်သင့်တယ်၊ ပြီးတော့ အာဗြဟံ၊ ယောဘနဲ့ ပေတရုတို့ကို ကျွန်တော်တို့ရဲ့ စံပြတွေအဖြစ် ထားသင့်တယ် ကျွန်တော်တို့အနေနဲ့ သမ္မာတရားကို လက်ကိုင်ပြုဖို့ ဘုရားအမှုတော်ကို နာခံဖို့အတွက် တတ်နိုင်သမျှအားလုံးကို လုပ်ဆောင်သင့်တယ် အဲဒီတော့မှ ဘုရားရဲ့စုံလင်စေခြင်းကို ကျွန်တော်တို့ ရရှိနိုင်မှာပါ ဒါက ကျွန်တော်တို့ ယုံကြည်သူတွေ လျှောက်သင့်တဲ့ လမ်းကြောင်းပဲ ဘုရားသခင်က လူသားကို ဘုရားဖြစ်စေဖို့အတွက် ဖန်ဆင်းခဲ့တာမဟုတ်မှန်း အချက်အလက်တွေက ပြနေပါတယ် လူကို ဘုရားအဖြစ်ပြုလုပ်ဖို့အကြောင်းကို ပညတ်တော်ခေတ်မှာ ယေဟောဝါဘုရားသခင်က ဘာတစ်ခုမှ မပြောခဲ့သလို ကျေးဇူးတော်ခေတ်မှာလည်း သခင်ယေရှုက မပြောခဲ့ပါဘူး ဒီနေ့ နိုင်ငံတော်ခေတ်မှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်က ပိုပြီး ရှင်းရှင်းလင်းလင်း ပြောထားတယ် သူက လူသားကို ဘုရားအဖြစ်ပြုလုပ်မယ်လို့ လုံး၀ မပြောထားပါဘူး ဒါကြောင့်၊ “လူက ဘုရားဖြစ်လာနိုင်ဖို့ ဘုရားက လူဖြစ်လာခဲ့တယ်”ဆိုတဲ့ စကားတွေက တကယ်ကို ဘုရားဆီက လာတာ မဟုတ်ပါဘူး ဒါတွေက လူ့အယူအဆတွေနဲ့ လူသားရဲ့စိတ်ကူးသက်သက်သာ ဖြစ်တယ် စာတန်ဆီက ပေါ်ပေါက်လာတယ်ဆိုတာ သေချာပေါက် ပြောနိုင်ပါတယ် ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားဖို့ မသင့်ပါဘူး စာတန်က ဘုရားဖြစ်ချင်ပြီး ဘုရားနဲ့ တန်းတူ ရပ်တည်ချင်တယ် စာတန်က ဘုရားရဲ့စိတ်သဘောထားကို ပုန်ကန်ပြစ်မှားတာကြောင့် ဘုရားသခင်က သူ့ကို လေထဲ ရိုက်ချခဲ့တာပါ ဒါကြောင့် ကျွန်တော်တို့က ဘုရားဖြစ်လာဖို့ကို မလျှော့တမ်း လေ့လာလိုက်စားမယ်ဆိုရင် ဒီစိတ်ဆန္ဒက စာတန်ဆီက ပေါ်ပေါက်တာ မဟုတ်ဘူးလား အဲဒါ ကောင်းကင်တမန်မင်းရဲ့ အယူအဆ မဟုတ်လား ဒါက ကျွန်တော်တို့ရဲ့ ရည်မှန်းချက်နဲ့ လောဘပဲ မဟုတ်လား

ဘေးအန္တရာယ်အတွင်းမှ ချီဆောင်ခြင်း ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း- လူသားကို နာခံခြင်းနှင့် လူနောက်လိုက်ခြင်းမှာ မည်သည့်အရာ အတိအကျ ဆိုလိုသည်ဆိုသည်နှင့် ဘုရားသခင်ကို နာခံခြင်းနှင့် နောက်လိုက်ခြင်းမှာ မည်သည့်အရာကို အတိအကျဆိုလိုသည်နှင့် ပတ်သက်၍၊ လူအများစုက သမ္မာတရား၏ ဤရှုထောင့်ကို နားမလည်ကြပါ။ ကျေးဇူးပြုပြီး ဤအရာပေါ် ဆွေးနွေးပေးပါ။

နောက်တစ်ခုသို့- မေးခွန်း (၂) ကမ္ဘာဦးကျမ်းထဲက ဘုရားရဲ့နှုတ်ကပတ်တော်တွေဖြစ်တဲ့ “ငါတို့ပုံသဏ္ဍာန်နှင့်အညီ တသဏ္ဍန်တည်း လူကို ဖန်ဆင်းကြစို့။(ကမ္ဘာဦးကျမ်း ၁:၂၆) ဒါကို အပြည့်အဝ ကျွန်တော် နားမလည်ဘူးဗျာ ဘုရားသခင်က သူ့ရဲ့ သဏ္ဍာန်တော်နဲ့အညီ လူကို ဖန်ဆင်းခဲ့ရင် အဲဒါက ကျွန်တော်တို့မှာ ဘုရားရဲ့ပုံသဏ္ဍာန်ရှိတယ်လို့ မဆိုလိုဘူးလား ကျွန်တော်တို့က ဘုရားရဲ့သဏ္ဍာန်တော်နဲ့ ဖန်ဆင်းခံရတယ်ဆိုရင် ကျွန်တော်တို့က လူလား ဒါမှမဟုတ် ဘုရားလား

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။