၁။သခင်ယေရှုသည် ရွေးနုတ်ခြင်း အမှုကို လုပ်ဆောင်ခဲ့သည့်အတွက်၊ ယင်းက လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်၏ အမှု ပြီးစီးပြီဟု ဆိုလိုပါသလော

သခင်ယေရှုက ကားတိုင်ထက် ရှိခဲ့ချိန်တွင် “အမှုပြီးပြီ” ဟု ဆိုခဲ့ချိန်၌၊ ယင်းမှာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်၏ အမှု ပြီးပြည့်စုံခဲ့ပြီကို ဆိုလိုသည်ဟု လူများစွာက ယုံကြကြလေသည်။ သို့သော် ယင်းမှာ စစ်မှန်သော ကိစ္စတစ်ရပ် ဖြစ်ပါသလား။ အမှန်မှာမူ သခင်ယေရှုသည် ရွေးနုတ်ခြင်း အမှုကို လုပ်ဆောင်ခဲ့၏၊ ယင်းသည် လူတို့ကို ၎င်တို့၏ အပြစ်များမှ ခွင့်လွှတ်ခြင်းသာ ပါဝင်ခဲ့သည်။ သူသည် ၎င်းတို့၏ အပြစ်နှင့်ပြည့်သော သဘာဝ သို့မဟုတ် ဆိုးယုတ်သော စိတ်သဘောထားများကို မဖယ်ရှားပေးခဲ့ပေ။ ၎င်းတို့၏ အပြစ်နှင့်ပြည့်ခြင်းဖြင့် ချည်နှောင်ခံရလျက်၊ လူတို့သည် အပြစ်ကျူးလွန်ကာ ဘုရားသခင်ကို မခုခံဘဲမနေနိုင် ဖြစ်ကြဆဲ ဖြစ်သည်။ ကျွန်ုပ်တို့အားလုံးသည် အပြစ်ပြုခြင်းနှင့် ဝန်ချခြင်း အခြေအနေတစ်ခုတွင် အသက်ရှင်ကြသည်၊ အပြစ်၏ ချည်နှောင်မှုများမှ လုံးဝ မလွတ်မြောက်နိုင်ကြပေ။ လူသားမျိုးနွယ်ကို အပြစ်မှ အပြီးအပိုင် ကယ်တင်ဖို့၊ ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် အမှု၏ နောက်တစ်ဆင့်ဖြစ်သော၊ ယခင်က လာပြီးဖြစ်သည့် အရာထက် သာ၍ သစ်လွင်ကာ သာ၍ မြင့်မားသော အမှုတစ်ခုကို လုပ်ဆောင်ရန် လိုအပ်လေသည်။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ

“ငါအမှန်အကန်ဆို သည်ကား၊ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။” (ရှင်ယောဟန်ခရစ်ဝင် ၈:၃၃-၃၅)

“သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြ လိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)

“ထိုနည်းတူ၊ ခရစ်တော်သည် လူများအပြစ်တို့ကို ခံခြင်းငှာ တခါတည်းကိုယ်ကိုပူဇော်ပြီးမှ၊ နောက်တဖန် ထိုသခင်ကို မျှော်လင့်လျက် နေသောသူတို့ကို ကယ်တင်ခြင်းအလို့ငှာ၊ အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်းတော်မူလတံ့။” (ဟေဗြဲသြဝါဒစာ ၉:၂၈)

“နောက်ဆုံးသောကာလ၌ ထင်ရှားစေခြင်းငှာ ပြင်ဆင်သော ကယ်တင်ခြင်းသို့ ရောက်စေမည်အကြောင်း၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ တန်ခိုးတော်သည် စောင့်ရှောက်တော်မူသော သင်တို့။” (ရှင်ပေတရုသြဝါဒစာပဌမစောင် ၁:၄-၅)

“ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။” (ရှင်ပေတရုသြဝါဒစာပဌမစောင် ၄:၁၇)

“မြေကြီးပေါ်မှာနေသော သူတည်းဟူသော အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ် ခပ်သိမ်းတို့အား ထာဝရဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန်တပါးက၊ ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ။ ကောင်း ကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသောအရှင်ကို ကိုးကွယ်ကြလော့ဟု ကြီးသော အသံနှင့် ပြောဆို၍ ကောင်းကင်အလယ်၌ ပျံဝဲလျက် ရှိသည်ကို ငါမြင်၏။” (ဗျာဒိတ်ကျမ်း ၁၄:၆-၇)

၂။အမှု၏ အဆင့်သုံးဆင့် ပေါင်းခြင်းသည်သာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်၏ ပြည့်စုံသော အမှုဖြစ်သည်

လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံခဲ့ရသည့်နောက်တွင်၊ ဘုရားသခင်သည် လူတို့ကို ၎င်းတို့၏ အသက်တာများတွင် လမ်းပြဖို့နှင့် အပြစ်က မည်သည့်အရာဖြစ်သည်ကို ၎င်းတို့ သိကြဖို့အလို့ငှာ သူ၏ ပညတ်တော်ကို ထုတ်ပြန်ခဲ့သည်။ ပညတ်တော်ခေတ် နှောင်းပိုင်းအရောက်တွင်၊ လူသားမျိုးနွယ်သည် မည်သူမျှက ပညတ်တော်ကို မစောင့်ထိန်းနိုင်ကြသည်အထိ သာ၍ သာ၍ အလွန်အမင်း ဖောက်ပြန်ပျက်စီးလာနေခဲ့ကြပြီး၊ ၎င်းတို့ အားလုံးသည် သေဒဏ်အပေးခံရခြင်း၏ အန္တရာယ် ကျရောက်ခဲ့ကြသည်။ သခင်ယေရှု ကိုယ်တော်တိုင်သည် လူတို့အား ၎င်းတို့၏ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခံရဖို့နှင့် ပညတ်တရားအောက်ရှိ စီရင်ခြင်းနှင့် ရှုတ်ချခြင်းတို့ကို ရုန်းထွက်လွတ်မြောက်ဖို့ အခွင့်ပေးရင်း၊ လူ့ဇာတိခံလာခဲ့ကာ လူသားမျိုးနွယ်ကို ရွေးနုတ်ခြင်းအမှု လုပ်ဆောင်ခဲ့သည်။ ဤရွေးနုတ်ခြင်း ရှိသော်ငြားလည်း၊ လူတို့၏ ဆိုးယုတ်သော သဘာဝသည် ခိုင်ခိုင်မာမာ အမြစ်တွယ်နေဆဲဖြစ်ပြီး၊ အပြစ်ကို မပြုဘဲမနေနိုင် ဖြစ်ကြလေသည်။ လူသားမျိုးနွယ်ကို အပြစ်မှ အပြည့်အဝ ကယ်တင်ဖို့အလို့ငှာ၊ ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရန် လိုအပ်ဆဲဖြစ်ပြီး၊ ထိုနောက်တွင်မှ လူတို့သည် အပြစ်မှ လွတ်မြောက်ကာ အပြီးအပိုင် သန့်စင်ခံရလိမ့်မည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အစီအစဉ်တစ်ခုလုံးတွင် အမှု၏ အဆင့်သုံးဆင့် ပါဝင်ရသည့် အကြောင်းရင်း ဖြစ်သည်။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ

“အမှုပြီးပြီ။ ငါသည် အာလပဖြစ်၏။ ဩမေဃ လည်း ဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ရေငတ်သော သူအား အသက်စမ်းရေကို အဘိုးမယူဘဲ ငါပေးမည်။ အောင်မြင်သောသူသည် ဤအရာတို့ကို အမွေ ခံရလိမ့်မည်။ ငါသည် သူ၏ ဘုရားသခင်ဖြစ်မည်။ သူသည်လည်း ငါ၏သား ဖြစ်လိမ့်မည်။” (ဗျာဒိတ်ကျမ်း ၂၁:၆-၇)

၃။ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ အစီအစဉ်သည် အဆင့်သုံးဆင့် တစ်ခုချင်းစီတွင် မည်ကဲ့သို့ နက်ရှိုင်းသည်ထက် နက်ရှိုင်းလာသနည်း

လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်၏ အမှု အဆင့်သုံးဆင့် တစ်ခုချင်းစီသည် ပြီးခဲ့သည့် အဆင့်ထက် သာ၍ မြင့်မားကာ သာ၍ နက်နဲလေသည်။ ၎င်းတို့သည် ပြီးခဲ့သည့် အဆင့်၏ အခြေခံအုတ်မြစ်အပေါ် ဆောင်ရွက်လျက်ရှိသည့် အဆင့်အသီးသီးဖြင့်၊ အလွန်နီးကပ်စွာ ဆက်စပ်ကြလေသည်။ ကျေးဇူးတော်ခေတ်တွင် သခင်ယေရှု၏ ရွေးနုတ်ခြင်းအမှုသည် ပညတ်တော်ခေတ်ထဲက အမှု၏ အခြေခံအုတ်မြစ်ပေါ်တွင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး၊ ယင်းသည် နောက်ဆုံးသော ကာလ၌ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် သန့်စင်စေခြင်း အမှုအတွက် အခြေခံအုတ်မြစ်ကိုလည်း ခင်းပေးခဲ့သည်။ သခင်ယေရှု၏ ရွေးနုတ်ခြင်း အမှုတော်မရှိဘဲနှင့်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အပြစ်များမှ မည်သည့်အခါတွင်မျှ ခွင့်လွှတ်ခံရပြီးဖြစ်နိုင်မည် မဟုတ်ပေ။ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် သန့်စင်စေခြင်း အမှုတော် မရှိဘဲနှင့်၊ ဘုရားသခင်၏ ရွေးနုတ်ခြင်း ခံရပြီးဖြစ်သူတို့သည် မိမိတို့၏ အပြစ်မှ မည်သည့်အခါတွင်မျှ လွတ်မြောက်နိုင်ကြမည် မဟုတ်သကဲ့သို့ ပြည့်ဝသော ကယ်တင်ခြင်းကို ရရှိနိုင်ကြမည် မဟုတ်ပေ။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်၏ အမှု အဆင့်သုံးဆင့်ကို စာတန်၏ စွမ်းအားမှ လူတို့ကို လုံးဝ ကယ်တင်ဖို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဤအဆင့်သုံးဆင့် ပေါင်းခြင်းသည်သာ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ် တစ်ခုလုံးကို ပြည့်စုံစေပေသည်။

မှီငြမ်းခြင်း အတွက် ဆောင်းပါးများ

ဘုရားသခင်၏ လူသားမျိုးနွယ်ကို ကယ်တင်ခြင်း အလုံးစုံသော လုပ်ငန်းစဉ်- အမှု၏ အဆင့်သုံးဆင့်

တရားဝင် ဝက်ဘ်ဆိုက်