သခင်ယေရှု၏ ရွေးနှုတ်ခြင်းဆိုင်ရာ အဓိပ္ပါယ် အစစ်အမှန်ကို သင်သိပါသလား

17.05.2019

ရှောက်မိုး တရုတ်ပြည်

“သခင်ယေရှု၏ ရွေးနှုတ်ခြင်း” အကြောင်း ပြောခြင်းသည် ကျွန်မတို့အား သခင့်ကို ကျေးဇူးတင်ခြင်း ဖြင့် အမြဲတမ်း ပြည့်နှက်စေသည်။ လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ထောင်က စာတန်၏ လက်များထဲမှ ကျွန်မတို့ကို ရွေးနှုတ်ရန် သခင်ယေရှုသည် လူသားမျိုးနွယ်၏ အပြစ်များ အတွက် ကားစင်တင်ခံပြီး ယဇ်ပူဇော်ခံခဲ့ရသည်၊ ထိုသို့ဖြင့် ကျွန်မတို့၏ အပြစ်များအားလုံးကို လွှတ်ပေးခဲ့ပါသည်။ ကျွန်မတို့ အပြစ်ကျူးလွန်သည့်အခါတွင် ကျွန်မတို့က နောင်တရပြီး၊ မိမိတို့အပြစ်များကို သခင့်ကို ဝန်ခံသမျှကာလပတ်လုံး၊ ကျွန်မတို့အပြစ်များလွှတ်ခံရပြီး၊ ကျွန်မတို့သည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို နှစ်သက်ခံစားရပါသည်။ သို့သော်လည်း လတ်တလောတွင် ညီအစ်ကိုမောင်နှမအချို့က စိတ်ရှုပ်ထွေးလျက်ရှိသည်၊ ကျွန်မတို့အပြစ်များကို သခင်က ခွင့်လွှတ်ခဲ့သော်လည်း ကျွန်မတို့က အပြစ်၏ချည်နှောင်မှုမှ လုံးဝလွတ်မြောက်နိုင်ခြင်းမရှိပါ၊ ကျွန်မတို့သည် မကြာခဏ လိမ်လည်ပြီး လှည့်စားကြကာ၊ အပြစ်ကျူးလွန်ခြင်းနှင့် ဝန်ခံခြင်း သံသရာတွင် ပိတ်မိနေကြ၍၊ သခင့်သွန်သင်ချက်များကို ကျွန်မတို့ မထိန်းသိမ်းနိုင်ပါ။ သမ္မာကျမ်းစာက ကျွန်မတို့အား “အကြောင်းမူကား၊ သမ္မာတရားကို သိပြီးမှ ကိုယ်အလိုသို့ လိုက်၍ပြစ်မှားပြန်လျှင်၊ နောက်တဖန် အပြစ်ဖြေရာယဇ်ကို ပူဇော်ရာအခွင့် မရှိ(ဟေဗြဲ ၁၀:၂၆) ဟု ရှင်းလင်းစွာပြောထားသည်။ ကျွန်မတို့၏ လုပ်ရပ်များသည် ဘုရားသခင်၏ အလိုတော်နှင့် ဆန့်ကျင်နေသည်ကို သိစေကာမူ ကျွန်မတို့သည် တမင် သက်သက် အပြစ်ကျူးလွန်နိုင်ကြောင်းနှင့် ကျွန်မတို့က ပြောင်းလဲခြင်းမရှိပဲ နောင်တရရုံမျှသာရှိပါက၊ ကျွန်မတို့ အပြစ်များအတွက် စတေးမှုသည် အလဟဿ ဖြစ်သည်ကို ကျွန်မတို့ ရှင်းလင်းစွာ သိကြသည်။ ဤကဲ့သို့ပင် ကျွန်မတို့က သခင်ပြန်ကြွလာချိန်တွင် ကောင်းကင်နိုင်ငံတော်သို့ အမှန်တကယ် တိုက်ရိုက်ချီဆောင် ခံရနိုင်ပါသလား။ သို့သော်၊ ကျွန်မတို့ မကြာခဏ အပြစ်ကျူးလွန်သော်လည်း၊ သခင်က ကျွန်မတို့၏ အပြစ်များကို ခွင့်လွှတ်ပြီးဖြစ်ကာ၊ ကျွန်မတို့ကို အပြစ်သားများအဖြစ် မမြင်သည့်အပြင်၊ သခင်ပြန်ကြွလာသည့်အချိန်တွင် ကျွန်မတို့က ကောင်းကင်နိုင်ငံတော်ထဲသို့ ချီဆောင်ခံရ လိမ့်မည်ဟု ယုံကြည်ကြသော ညီအစ်ကို မောင်နှမအချို့လည်း ရှိကြသည်။ ထို့ကြောင့် ကျွန်မတို့က ကောင်းကင်နိုင်ငံတော် ထဲသို့ ချီဆောင်ခံရမလား။ ထိုပြဿနာကို အတူတကွ လေ့လာကြပါစို့။

ညီအစ်ကိုမောင်နှမများ၊ ပထမဦးစွာ သခင်ယေရှုက ကျွန်မတို့၏ အပြစ်များကို ခွင့်လွှတ်ပြီးဖြစ်သည်မှာ မှန်သည်ကို ကျွန်မတို့ သိထားရပါမည်၊ သို့သော် သခင်ယေရှုက “လူတွေက အပြစ်ကလွှတ်ခံရရင်၊ သူတို့က ကောင်းကင်နိုင်ငံတော်ထဲကို ဝင်ရောက်နိုင်တယ်” ဟု မိန့်တော်မူခပါသလား။ သန့်ရှင်းသောဝိညာဉ်တော်က ဒါကို သက်သေခံခဲ့ပါသလား။ မဟုတ်ဘူးဆိုပါက၊ ဤရှုထောင့်သည် သမ္မာတရားနှင့် ကိုက်ညီခြင်းမရှိသကဲ့သို့၊ ဘုရားသခင်၏ စိတ်တော်နှင့်လည်း မကိုက်ညီပါ၊ သို့သော် လူ့စိတ်၏ စိတ်ကူးစိတ်သန်းမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ သမ္မာ ကျမ်းစာတွင် ယေဟောဝါက “ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်။(ဝတ်ပြုရာကျမ်း ၁၁:၄၅-၄၆) ဟု မိန့်တော်မူထားကြောင်း ကျွန်မတို့ကို ပြောပြ ထားသည်။ သခင်ယေရှုက“ငါအမှန်အကန်ဆို သည်ကား၊ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူ ကား အစဉ်အမြဲနေ၏။(ရှင်ယောဟန် ၈:၃၃-၃၅) ဟု မိန့်တော်မူခဲ့သည်။ ဘုရားသခင်သည် သန့်ရှင်းပြီး ဖြောင့်မတ် တော်မူသည့်အပြင် ဘုရားသခင်က ညစ်ညမ်းပြီး၊ ဖောက်ပြန်ပျက်စီးနေသည့် လူများကို သူ့နိုင်ငံတော်တွင် တည်ရှိ ခွင့်မပေးသောကြောင့် ကျွန်မတို့က အပြစ်က လွတ်မြောက်ပြီး၊ သန့်စင်လာဖို့ကို ဘုရားသခင် လိုလားတော်မူသည်။ သန့်စင်ခံရခြင်းအားဖြင့်သာလျှင် ကျွန်မတို့သည် ကောင်းကင် နိုင်ငံတော်ကို ဝင်ရောက်နိုင်ပါလိမ့် မည်။ အပြစ်ကို အဆက်မပြတ် ကျူးလွန်ပြီး၊ ဘုရားသခင် ကို ခုခံသည့် ကျွန်မတို့ကဲ့သို့သော လူများသည် ကောင်းကင်နိုင်ငံတော်ကို မည်သို့ဝင်ရောက်နိုင်မည်နည်း။

သခင်ယေရှုသည် ကျွန်မတို့အပြစ်များကို ခွင့်လွှတ်ပြီးဖြစ်ကာ၊ ကျွန်မတို့ကို အပြစ်သားများအဖြစ် မမြင်သော်လည်း ကျွန်မတို့က ကောင်းကင်နိုင်ငံတော်သို့ မဝင်ရောက်နိုင်ပါက သခင်ယေရှု၏ ရွေးနှုတ်ခြင်းအမှုတော်၏ အဓိပ္ပါယ်မှာ အဘယ်နည်းဟု ဤနေရာတွင် ညီအစ်ကိုမောင်နှမအချို့က မေးကြလိမ့်မည်။ ဤအကြောင်းအရာနှင့် ပတ်သက်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ထိုမေးခွန်းကို အလွန်ရှင်းလင်းစွာ ဖြေဆိုထားပါသည်၊ တစ်ချက်ကြည့်လိုက်ကြပါစို့၊ “တစ်ချိန်တုန်းက ယေရှု၏ အမှုမှာ လူသားတစ်ရပ်လုံးကို ရွေးနုတ်ကယ်တင်ခြင်း ဖြစ်ခဲ့သည်။ သူ့ကို ယုံကြည်သူတို့၏ အပြစ်များအားလုံးသည် ခွင့်လွှတ်ပေးခြင်း ခံရပြီးလျက်၊ သူ့ကို ဆက်လက် ယုံကြည်နေသရွေ့ သူက သင့်ကို ရွေးနုတ်ကယ်တင်ပေးမည် ဖြစ်ပြီး၊ အကယ်၍ သင်သည် သူ့ကို ယုံကြည်ပါက သင်၏အပြစ်များ အားလုံး ဖြေလွှတ်ခြင်း ခံရပြီးလျက် သင်သည် အပြစ်သားတစ်ယောက် မဟုတ်တော့ပေ။ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည်ဆိုခြင်း နှင့် ကယ်တင်ခြင်းခံရသည် ဆိုသည်မှာ ထိုအရာကို ဆိုလိုခြင်း ဖြစ်သည်။ ယုံကြည်ခဲ့ကြသည့် သူများအကြား တွင်ပင်လျှင်၊ ဘုရားသခင်ကို ဆန့်ကျင် ပုန်ကန်လိုသူများ ကျန်နေသေး၍ ၎င်းတို့ကို တဖြည်းဖြည်းချင်းနှင့် ဖယ်ရှား ပစ်ရန် လိုခဲ့ပါသေးသည်။ ကယ်တင်ခြင်းသည် လူသားကို ယေရှုက အပြည့်အဝ ပိုင်ဆိုင်ရရှိသွားပြီဟု ဆိုလိုခြင်း မဟုတ်သော်လည်း၊ ထိုသူ၏ အပြစ်များ ခွင့်လွှတ်ခြင်း ခံရကာ အပြစ်တရားနှင့် ဆက်လက် မသက်ဆိုင်တော့ခြင်းကို ဆိုလိုပြီး၊ သင်ယုံကြည်ပြီ ဆိုပါက အပြစ်တရားနှင့် နောက်တစ်ဖန် မည်သည့်အခါမျှ သက်ဆိုင်တော့မည် မဟုတ်ချေ။" (“ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၂)”) “လူသည် ရွေးနှုတ်ခြင်း မခံမီ စာတန်၏ အဆိပ် အများအပြားသည် သူအတွင်းတွင် အမြစ်စွဲလျက် ရှိပြီးဖြစ်သည်။ စာတန်၏ ယိုယွင်းပျက်စီးခြင်း နှစ်ထောင်ချီ ပြီးနောက် လူသည် သူ့အတွင်းတွင် ဘုရားသခင်အား ခုခံဆန့်ကျင်သော သဘာဝ ရှိလာခဲ့ပြီး ဖြစ်လာသည်။ သို့ဖြစ်ရာ လူသားကို ရွေးနှုတ်သောအခါ ယင်းသည် ရွေးနှုတ်ခြင်းထက် ဘာမှ မပိုဘဲ လူကို အဖိုးအခကြီးစွာ ပေးဝယ်ရသော်လည်း သူ့အတွင်းတွင်ရှိသည့် အဆိပ်သင့် သည့် သဘာဝသည် ပျောက်ကွယ်သွားခြင်း မရှိပေ။ လူသည် ညစ်ညမ်းလွန်းသည်ဖြစ်ရာ ဘုရားသခင်ကို အစေခံရန် မထိုက်တန်မီတွင် ပြောင်းလဲခြင်း ရှိရန် လိုအပ်သည်။… လူသည် သူ့အပြစ်များမှ ခွင့်လွှတ်ခြင်းနှင့် ရွေးနှုတ်ခြင်းကို ခံရပြီး ဖြစ်သော်လည်း ဘုရားသခင်သည် လူ၏ လွန်ကျူးခြင်းများကို သတိရမှု မရှိခြင်းနှင့် လူ၏ လွန်ကျူးခြင်းများနှင့်အညီ လူကို ဆက်ဆံခြင်း မပြုဟုသာ မှတ်ယူခဲ့သည်။ သို့ရာတွင် လူသည် ဇာတိပကတိတွင် နေထိုင်စဉ်တွင် သူ့ကို အပြစ်မှ လွှတ်ထားပြီးခြင်း မရှိသေးရာ သူသည် အပြစ်ကိုသာလျှင် ဆက်လုပ်နိုင်ပြီး ယိုယွင်း ပျက်စီးသော စာတန် စိတ်သဘောထားကို အဆုံးမရှိ ဖော်ထုတ်နေသည်။ ယင်းမှာ အပြစ်နှင့် ခွင့်လွှတ်ခြင်း၏ အဆုံးမရှိသော စက်ဝန်း ဖြစ်သည့် လူများ ဦးဆောင်သော အသက်တာဖြစ်သည်။ လူအများစုတို့မှာ ညနေပိုင်းတွင် အပြစ်ဝန်ခံရန် အတွက်သာ နေ့ပိုင်းတွင် အပြစ်လုပ်ကြသည်။ သို့ဖြစ်ရာ အပြစ်ဖြေရာယဇ်သည် လူအတွက် အစဉ်အမြဲ သက်ရောက်မှု ရှိနေလျှင်ပင် လူကို အပြစ်မှ ကယ်တင်ရန် တတ်နိုင်လိမ့်မည် မဟုတ်ပေ။ လူတွင် ယိုယွင်းပျက်စီးသော စိတ်သဘောထား ရှိနေဆဲဖြစ်ရာ ကယ်တင်ခြင်း လုပ်ငန်း တစ်ဝက်သာလျှင် ပြီးဆုံးပေသေးသည်။” (‘လူ့ဇာတိခံယူခြင်း၏ နက်နဲသောအရာ (၄)”)

ဘုရားသခင့်နှုတ်ကပတ်တော်၏ ဤကျမ်းပိုဒ်နှစ်ပိုဒ်က သခင်ယေရှု၏ ရွေးနှုတ်ခြင်း အမှုတော်ဆိုင်ရာ ရလဒ်များကို အလွန်ရှင်းလင်းစေသည်။ ကျေးဇူးတော်ခေတ်တွင် သခင်ယေရှု၏ ရွေးနှုတ်ခြင်းအမှုတော်က ကျွန်မတို့ ကျူးလွန်ခဲ့သည့် အပြစ်များကို လွှတ်ပေးခဲ့သော်လည်း ဤအပြစ်များသည် ဘုရားသခင်၏ တရားတော်များနှင့် ပညတ်တော်များကို ချိုးဖောက်ခြင်းများအား အဓိက ညွှန်းဆိုထားခြင်း ဖြစ်သည်။ ကျွန်မတို့က သခင်ယေရှု၏ ရွေးနှုတ်ခြင်းကို လက်ခံရရှိခဲ့ပြီး သခင်က ကျွန်မတို့ကို အပြစ်သားများအဖြစ် နောက်ထပ် မဆက်ဆံတော့ပါ။ ကျွန်မတို့ အပြစ်ကျူးလွန်ခဲ့ပါက၊ သခင်ယေရှု၏ နာမတော်၌ ကျွန်မတို့ ဆုတောင်းပြီး၊ သခင့်ထံ ဝန်ချကာ နောင်တရရုံမျှဖြင့် ကျွန်မတို့ အပြစ်များလွှတ်ခံရမည် ဖြစ်သည့်အပြင်၊ ကျွန်မတို့က ပညတ်တော်၏ စီရင်ခြင်း သို့မဟုတ် အပြစ်ဒဏ်ပေးခြင်းတို့ကို နောက်ထပ် မခံရတော့ပါ။ ဤသည်မှာ သခင်ယေရှု၏ ရွေးနုတ်ခြင်း အမှုတော်၏ စစ်မှန်သည့် အဓိပ္ပါယ် ဖြစ်သည်။ သို့သော်လည်း သခင်ယေရှုက ကျွန်မတို့၏အပြစ်များကိုသာ ခွင့်လွှတ်ခဲ့သည်။ သခင်က ကျွန်မတို့၏ ဆိုးယုတ်သည့် စိတ်သဘောထားများဖြစ်သည့် မာနထောင်လွှားခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ လိမ်ညာခြင်း နှင့် ဆိုးယုတ်ခြင်း စသည်တို့ကို ခွင့်မလွှတ်ခဲ့ပါ။ ဤသည်မှာ အပြစ်ထက် ပို၍ နက်ရှိုင်းသော၊ ပို၍ ဖောက်ပြန်ပျက်စီးသော အရာတစ်ခု ဖြစ်သည်။ ကျွန်မတို့၏ ဘုရားသခင်ကို ခုခံခြင်းဆိုင်ရာ ဆိုးယုတ်သော စိတ်သဘောထားသည် မဖြေရှင်းရသေးစဉ်တွင်၊ ကျွန်မတို့သည် ဘုရားသခင်ကို ဆန့်ကျင်ကာ အပြစ်ကျူးလွန်နိုင်ဆဲဖြစ်သည့်အပြင်၊ ပညတ်တော်ကို ချိုးဖောက်ခြင်းထက် ပို၍ကြီးမားသည့် အပြစ်များကိုပင် ကျူးလွန်နိုင်ဆဲ ဖြစ်ပါသည်။ ဥပမာအားဖြင့် ကျွန်မတို့ တရားဟောကြားပြီး အလုပ်လုပ်သည့်အခါတွင် ကျွန်မတို့က မည်မျှ ဆင်းရဲဒုက္ခ ခံစားရပြီး၊ သခင့်အတွက် မည်မျှ ပေးဆပ်ရသည်ကို ကျွန်မတို့၏ ညီအစ်ကိုမောင်နှမများကို မကြာခဏ ကြွားဝါကာ ပြောခြင်းအားဖြင့် သူတို့က ကျွန်မတို့အား ကိုးကွယ်ပြီး၊ အထင်ကြီးကာ၊ သူတို့ကိုယ်သူတို့ ကျွန်မတို့ ရှေ့သို့ လာစေသည်။ သို့မဟုတ်ပါက သခင့်ကို ကျွန်မတို့ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ အစေခံရင်းဖြင့်ပင် ကျွန်မတို့ ကလည်း အခြားသူများကို ကျော်ကြားမှု၊ ချမ်းသာကြွယ်ဝမှု၊ အဆင့်အတန်းတို့အတွက် ဖက်ပြိုင်ပြီး၊ အပြင်းအထန်ကြိုးပမ်းကာ မနာလိုဖြစ်လာသည့်အပြင်၊ အခြားသူများကို တိုက်ခိုက်ခြင်း နှင့် ဖယ်ကြဉ်ခြင်းတို့ပင် ပြုကြပါသည်။ သို့မဟုတ် ကျွန်မတို့ နာမကျန်းဖြစ်ချိန် သို့မဟုတ် ကျွန်မတို့ မိသားစုများ အန္တရာယ်တွေ့နေချိန် သို့မဟုတ် အရေးကိစ္စများသည် ၎င်းတို့ မည်သို့ ဖြစ်သင့်သည်နှင့်ပတ်သက်၍ ကျွန်မတို့၏ အယူအဆများအတိုင်း မဖြစ်လာသည့်အခါတွင်၊ ကျွန်မတို့က ဘုရားသခင်ကို ဆန့်ကျင် ပုန်ကန်ပြီး၊ ခုခံကာ၊ ဘုရားသခင် ကို ငြင်းပယ်ပြီး သစ္စာပင်ဖောက်နိုင်ပါသည်။ ကျွန်မတို့က ဘုရားသခင်ကို ယုံကြည်ပြီး အမည်ခံအားဖြင့် ဘုရားသခင် နောက်လိုက်သော်ငြားလည်း၊ အခက်အခဲများကို ကျွန်မတို့ ကြုံတွေ့သည့်အချိန်တွင်၊ သခင့်နှုတ်ကပတ်တော်များ၌ အဖြေများကို မရှာဖွေ သို့မဟုတ် သခင့်သတ်မှတ်ချက်များကို မလိုက်နာကြပါ၊သို့သော် ထိုအစား လူများကို နားထောင်ပြီး၊ နာခံကြသည့်အပြင်၊ ကျွန်မတို့နှလုံးသားများထဲတွင် ဘုရားသခင်အတွက် နေရာတစ်ခုမှ မရှိပါ။ ကျွန်မတို့က ထိုသို့သော အရာများစွာကို ပြုကြပါသည်။ ကျွန်မတို့ကဲ့သို့ လူများသည် သခင်ယေရှုအားဖြင့် ရွေးနှုတ်ခြင်းကိုသာ ခံရသော်လည်း ကျွန်မတို့၏ ဆိုးယုတ်သော သဘာဝသည် ကျွန်မတို့ထဲတွင် အရိုးစွဲနေဆဲသာ ဖြစ်သည်။ အပြစ်မှ လုံးဝ မလွတ်မြောက်ခဲ့သော ထိုသူများသည် သခင့်အားဖြင့် တိုက်ရိုက်ချီဆောင် ခံရပြီး ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့အတွက် မည်သည့်အခါများ အရည်အချင်း ပြည့်မီနိုင်မည်နည်း။ သခင်ယေရှု၏ ရွေးနှုတ်ခြင်း အမှုတော် က ကျွန်မတို့အပြစ်များကို ခွင့်လွှတ်သော်လည်း၊ ကျွန်မတို့က အပြစ်ကျူးလွန်ပြီး၊ ဘုရားသခင်ကို မကြာခဏ ခုခံဆဲဖြစ်ကာ၊ ကျွန်မတို့ သန့်စင်မခံရသေး၍ ကောင်းကင် နိုင်ငံတော်ကို မဝင်ရောက်နိုင်သေးကြောင်းကို ကျွန်မတို့ မြင်တွေ့နိုင်ပါသည်။

ယခုအခါတွင် ကျွန်မတို့သည် “သခင်ယေရှု၏ ရွေးနှုတ်ကယ်တင်ခြင်း”၏ စစ်မှန်သည့် အဓိပ္ပါယ်ကို နားလည်သဘောပေါက်ပြီး၊ ကယ်တင်ခံရရန်နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရန်၊ လူသားမျိုးနွယ် အနေဖြင့် လုံးလုံး ပြောင်းလဲပြီး သန့်စင်ခံရဖို့ ဘုရားသခင်၏ အမှုတော် နောက်တစ်ဆင့်ကိုလည်း လိုအပ်ကြောင်း ကျွန်မတို့ တွေ့မြင်နိုင်သည်။ သမ္မာကျမ်းစာက “ထိုနည်းတူ၊ ခရစ်တော်သည် လူများအပြစ်တို့ကို ခံခြင်းငှာ တခါတည်းကိုယ်ကိုပူဇော်ပြီးမှ၊ နောက်တဖန် ထိုသခင်ကို မျှော်လင့်လျက် နေသောသူတို့ကို ကယ်တင်ခြင်းအလို့ငှာ၊ အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်းတော်မူလတံ့။” (ဟေဗြဲ ၉:၂၈)ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာ စစ်ကြောစီရင်ရသော အချိန်ရှိပြီ။(၁ ရှင်ပေတရု ၄:၁၇) ဟု ပြောထားသည်။ သခင်ယေရှုက “ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအားအပြစ်စီရင်သော သူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန် ၁၂:၄၈)သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော် သည် ကိုယ်အလိုအလျောက် ဟောပြောမည် အဟုတ်။ ကြား သမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သော အရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။(ရှင်ယောဟန် ၁၆:၁၂-၁၃) ဟု မိန့်တော်မူခဲ့သည်။ သခင်ယေရှု၏ နှုတ်ကပတ်တော်များက အလွန်ရှင်းလင်း လှပါသည်။ ကျေးဇူးတော်ခေတ်မှ လူများ၏ ဝိညာဉ် အသက်တာသည် အလွန်နုနယ်သောကြောင့်၊ သခင်ယေရှုက ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်ကို လုံးလုံး ကယ်တင်ရန် လိုအပ်သည့် သမ္မာတရားအားလုံးကို သူတို့အား မပေးခဲ့ပါ။ နောက်ဆုံးသောကာလတွင် ကျွန်မတို့သည် သခင့်အားဖြင့် ကောင်းကင်နိုင်ငံတော်သို့ ယူဆောင်ခံရပြီး၊ ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာများကို နှစ်သက်ခံစား နိုင်စေဖို့ရာ သခင်ယေရှုသည် ကျွန်မတို့၏ အပြစ်ရှိခြင်းကို လုံးလုံးဖယ်ရှားပြီး၊ ကျွန်မတို့ကို အပြစ်၏ချည်နှောင်ခြင်းမှ လွတ်မြောက်စေရန် နှုတ်ကပတ်တော်အသစ်များကို ဖော်ပြဖို့ နှင့် ပြောဖို့အပြင်၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှုတော်တို့ကို ပြုဖို့ ပြန်ကြွလာလိမ့်မည်။

အထက်က မိတ်သဟာယပြုခြင်းမှ တစ်ဆင့် သခင်ယေရှု၏ ရွေးနှုတ်ခြင်းအမှုတော်ကို လက်ခံရရှိခြင်း သည် ကျွန်မတို့၏ အပြစ်များကိုသာ ခွင့်လွှတ်ကြောင်း နှင့် အပြစ်၏ ချည်နှောင်ခြင်းမှ လုံးလုံးလွတ်မြောက်ပြီး ကောင်းကင်နိုင်ငံတော်သို့ဝင်ရောက်ရန် ကျွန်မတို့သည် နောက်ဆုံးသောကာလ၌ ဘုရားသခင်၏ တရားစီရင်ခြင်းကို တွေ့ကြုံခံစားဖို့လည်း လိုအပ်သေးကြောင်းတို့ကို ကျွန်မတို့ နားလည်သဘောပေါက်ရပါသည်။ ထို့ကြောင့် ကျွန်မတို့က သခင့်ပြန်ကြွလာခြင်းကို မည်သို့ကြိုဆိုသင့်ပြီး၊ နောက်ဆုံး သော ကာလတွင် ဘုရားသခင်၏အမှုတော်ကို မည်သို့ သဘောထား သင့်သနည်း။ ကျွန်မတို့အနေဖြင့် ဤသမ္မာတရား၏ ရှုထောင့်ကို ဆက်ပြီး ရှာဖွေ လေ့လာနိုင်ဖို့အတွက် သခင် ပြန်ကြွလာခဲ့ပြီ ဆိုသည့် ဧဝံဂေလိစာမျက်နှာကို ကျွန်မ အကြံပြုလိုပါသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

အပြစ်ဆိုသည်မှာ အဘယ်နည်း။ ခရစ်ယာန်များသည် အပြစ်ကို မည်သို့ဖယ်ရှားနိုင်သနည်း

သခင်ယေရှု ပြောခဲ့သည်မှာ- “ငါအမှန်အကန်ဆို သည်ကား၊ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။...

ယခုကျွန်တော်တို့၏ အပြစ်များကို ခွင့်လွှတ်ခံရပြီးသည့်နောက် ကျွန်တော်တို့ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်ပြီလား

ဟီးဂျွန်း၊ ဆီချွမ်းမြို့ ၂၀၁၈ခုနှစ် သြဂုတ်လ ၅ရက်နေ့ တနင်္ဂနွေနေ့။ တိမ်ထူသည် ယနေ့ အစည်းအဝေးပြီးနောက် အစ်ကိုတစ်ယောက်က ကျွန်တော့်ကို...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။