ခရစ်ယာန်များ အဘယ်ကြောင့် ဖျားနာကြသနည်း။ ဖျားနာခြင်းအား ကျွန်ုပ်တို့ မည်သို့ တွေ့ကြုံကြရမည်နည်း။

30.01.2021

ဒိုင်ရူမှ

မာတိကာ
၁။ ဖျားနာခြင်း၏ အကြောင်းရင်းအား နားလည်ကာ ဘုရားသခင်အား စောဒကတက်ခြင်း မပြုလုပ်ရန်
၂။ ဘုရားသခင်မှ ချမှတ်ထားပေးထားသော ဘဝ၏ဥပဒေသများကို လိုက်နာခြင်းဖြင့် ကျွန်ုပ်တို့သည် ဖျားနာခြင်း၏ ဖြစ်စဉ်များကို လျှော့ချနိုင်သည်
၃။ ဘုရားသခင်အရှေ့တွင် ငြိမ်သက်ခြင်းနှင့် ကိုယ့်ကိုကိုယ် သုံးသပ်ခြင်း၊နှင့် ဘုရားသခင်ထံ အပြစ်ဝန်ခံခြင်းနှင့် နောင်တယူရန်

“သင်ဖျားနာသောအခါ ဆရာဝန်အား အလျှင်အမြန် ရှာပါ’’ဆိုသော စကားရပ်မှာ လူသားများ ၎င်းတို့ ဖျားနာသောအခါ ခံစားရသော စိုးရိမ်ပူပန်မှု၊အကူအညီကင်းမဲ့မှုနှင့် ကြောက်စိတ်မွှန်ခြင်းများအား တိုက်ရိုက် ထင်ဟပ်နေပါသည်။ ခရစ်ယာန်များအနေနှင့်၊ ဘုရားသခင်မှ အရာအားလုံးကို ဖန်ဆင်းထားသည်ဟူ၍ ကျွန်ုပ်တို့ သိသော်လည်း၊ ဘုရားသခင်သည် ကျွန်ုပ်တို့၏ ဇီဝအသက်ကို ပေးထား၍ သူသည် လူသား၏ အသက်နှင့် သေခြင်းအား အုပ်စိုးကာ စီစဉ်ထားသည်ဟူ၍ သိသော်လည်း၊ ကျွန်ုပ်တို့သည် ဖျားနာခြင်းနှင့် ထိပ်တိုက်ရင်ဆိုင်ရသောအခါ မည်သို့လုပ်ဆောင်ရမည် မသိ လမ်းပျောက်နေမှုအား ခံစားနေရဆဲဖြစ်ပါသည်။ ထို့ကြောင့် ကျွနု်ပ်သည် ဤကိစ္စရပ်နှင့် ပတ်သက်၍ စိတ်ရူပ်နေခဲ့ပါသည်။ ကျွန်ုပ်တို့အပေါ် ဖျားနာခြင်း ကျရောက်အခါ၊ ၎င်းကို တည်ငြိမ်စွာဖြင့် ရင်ဆိုင်နိုင်စွမ်းရှိရန်နှင့် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းရှိနိုင်စေရန် ကျွန်ုပ်တို့ မည်သို့ ကြုံတွေ့နိုင်ကြပါသနည်း။ ကျွန်ုပ်သည် ဤကိစ္စနှင့်ပတ်သက်ပြီး ဘုရားသခင်အား အမြဲပင် ဆုတောင်းကာ ရှာဖွေခဲ့ပါသည်၊ ပြီးနောက် ကျွန်ုပ်သည် ကျွန်ုပ်၏ ညီအစ်ကို မောင်နှမများဖြင့် ရှာဖွေကာ မိတ်သဟာယဖွဲ့ခဲ့ပါကာ၊ အချိန်ကာလတစ်ခုပြီးသည့်နောက်တွင် ကျွန်ုပ်နားလည်လာခဲ့ပါသည်။ ကျွန်ုပ်တို့ ဖျားနာသောအခါ၊ ကျွန်ုပ်တို့ ဖျားနာရခြင်း၏ နောက်ကွယ်တွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ မည်သည့်အရာဖြစ်ကြောင်း နားလည်ကာ အလေ့အကျင့်၏ အခြေခံသဘောတရားလေးခုအား ကျွမ်းကျင်ပိုင်နိုင်မှသာလျှင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ခံစားချက်များဖြစ်သော မပြေလည်ခြင်း၊ ကြောက်စိတ်မွှန်ခြင်းနှင့် အကူအညီကင်းမဲ့ခြင်း၊ တို့အား ဖြေရှင်းနိုင်ကာ ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းအား ဖြစ်ပေါ်စေမည်ဖြစ်သည်။ ကျွန်ုပ်သည် ဤနေရာတွင် ကျွန်ုပ်၏ သေးငယ်၊ ရိုးရှင်းသော နားလည်မှုအား ကျွန်ုပ်၏ ညီအစ်ကို မောင်နှမများဖြင့် မျှဝေပေးသင့်ပါကာ ၎င်းသည် သင်တို့အားလုံးအား အကူအညီတစ်ချို့ပေးနိုင်မည်ဟူသော မျှော်လင့်မိပါသည်။

၁။ ဖျားနာခြင်း၏ အကြောင်းရင်းအား နားလည်ကာ ဘုရားသခင်အား စောဒကတက်ခြင်း မပြုလုပ်ရန်

ကျွန်ုပ်တို့ ဖျားနာသောအခါ၊ လူတိုင်းသည် ၎င်းနှင့်ပတ်သက်၍ ကိုယ်ပိုင်စိတ်ကူးများရှိကြမည် ဖြစ်ပါသည်၊ ထို့အပြင် တစ်ချို့သော ညီအစ်ကို မောင်နှမများသည် ၎င်းတို့၏ဖျားနာမှုနှင့်ပတ်သက်၍ “ဘုရားသခင်၌ ကျွန်ုပ် ယုံကြည်ရဲ့သားနှင့် အဘယ်ကြောင့် ဒီဖျားနာမှုအား ရရှိခဲ့ပါသနည်း ဘုရားသခင်သည် အဘယ်ကြောင့် ကျွန်ုပ်အား မစောင့်ရှောက်ကာ မကာကွယ်ပေးရသနည်း” ဟူ၍ စောဒကတက်ကြမည်ဖြစ်သည်။ ဘုရားသခင်အား တစ်နည်းနည်းဖြင့် ဒေါသထွက်စေခဲ့ကာ ဘုရားသခင်သည် သူတို့နှင့် ဝမ်းမြောက်ခြင်း မရှိသောကြောင့် သူတို့ ဖျားနာရသည်ဟူ၍ တွေးလိမ့်မည်ဖြစ်သော ညီအစ်ကို မောင်နှမတစ်ချို့လည်း ရှိကာ၊ ထို့ကြောင့် သူတို့သည် စိတ်ပျက်လက်ပျက်ဖြစ်ကာ လက်လျှော့ကြမည်ဖြစ်သည်၊ ထို့အပြင် သူတို့သည် ဘုရားသခင်အား သူတို့၏အပျက်သဘောဆောင်သော အခြေအနေတွင် နားလည်မှုလွဲကာ အပြစ်တင်ကြပါသည်။ ဤဖော်ထုတ်ခြင်းအခြေအနေများမှာ ကျွန်ုပ်တို့ ဖျားနာသောအခါတွင် ကျွန်ုပ်တို့တွင် ရှိနေနိုင်ပါသည်၊ ၎င်းတို့အားလုံး ဖြစ်ပေါ်လာသည်မှာလည်း ကျွန်ုပ်တို့သည် ဖျားနာခြင်း၏ အကြောင်းရင်းအား နားလည်ခြင်းမရှိသောကြောင့်ဖြစ်ပါသည်။ တကယ်တော့၊ ကျွန်ုပ်တို့သည် မည်သို့သော ဖျားနာခြင်း အမျိုးအစားပင် ရရှိသည်ဖြစ်ဖြစ်၊ ကျွန်ုပ်တို့သည် ဘုရားသခင်အား အပြစ်မတင်သင့်ပါ သို့မဟုတ် ဘုရားသခင်အား နားလည်မှု မလွဲသင့်ပါ၊ အဘယ်ကြောင့်ဆိုသော် ဖျားနာခြင်းမှာ စာတန်ဆီမှ လာသောကြောင့်ဖြစ်ပါသည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ကျွန်ုပ်တို့ထံ စာတန်၏ဖောက်ပြန်ပျက်စီးအောင် လုပ်ဆောင်ခြင်းခံရပြီးနောက် ရောက်ရှိလာသောကြောင့် ဖြစ်ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အရ- “လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ ရာသက်ပန် ဆင်းရဲဒုက္ခ၏ အရင်းအမြစ်မှာ အဘယ်နည်း။ အဘယ်အရာက လူတို့ကို ဤအရာများအား ရရှိစေခဲ့သနည်း။ လူသားတို့ ကနဦး ဖန်ဆင်းခံခဲ့ရစဉ်က သူတို့တွင် ထိုအရာများ မရှိခဲ့ကြသည် မဟုတ်လော။ သို့ဆိုလျှင် ဤအရာများသည် မည်သည့်နေရာမှ လာခဲ့သနည်း။ ထိုအရာများသည် လူသားများအနေဖြင့် စာတန်၏ သွေးဆောင်ဖြားယောင်းမှု ခံခဲ့ရပြီး ၎င်းတို့၏ ခန္ဓာ ဆုတ်ယုတ်လာခဲ့သည့်နောက်တွင် ဖြစ်တည်လာခဲ့ကြခြင်း ဖြစ်သည်။ လူသား ခန္ဓာ၏ နာကျင်မှု၊ ယင်း၏ ဝေဒနာများနှင့် ယင်း၏အနှစ်သာရမဲ့ခြင်းအပြင်၊ လူ့လောက၏ အလွန့်အလွန် စိတ်မချမ်းမြေ့ဖွယ် အရေးကိစ္စများသည် စာတန်က လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေခဲ့ပြီးသည်နှင့်တစ်ပြိုင်နက် ဖြစ်လာခဲ့ကြသည်သာ ဖြစ်သည်။ လူသားများသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးနောက်၊ ယင်းက ၎င်းတို့ကို စတင် ညှဉ်းဆဲခဲ့လေသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် ပို၍ပို၍ အကျင့်ပျက်ယိုယွင်းလာခဲ့သည်။ လူသားမျိုးနွယ်၏ အနာရောဂါများမှာ ပို၍ပို၍ ကြီးမားလာပြီး၊ သူတို့၏ ဆင်းရဲဒုက္ခမှာ ပို၍ပို၍ ပြင်းထန်လာခဲ့သည်။...ထို့ကြောင့် ဤဒုက္ခကို လူသားများအပေါ် စာတန်က ကျရောက်စေခြင်းဖြစ်ပြီး၊ ထိုအရာသည် သူတို့အား စာတန်မှ ဖောက်ပြန်ပျက်စီးစေပြီးနောက်မှသာ ရောက်လာကာ သူတို့၏ ဇာတိပကတိမှာ အကျင့်ပျက်ယိုယွင်းလာခဲ့သည်။” (လောကီ ဆင်းရဲဒုက္ခကို ဘုရားသခင် မြည်းစမ်းခြင်း၏ အရေးပါမှု)

ကျွန်ုပ်တို့ အားလုံးသိကြသည့်အတိုင်းပင်၊ အစအဦး၌ အာဒမ်နှင့် ဧဝသည် ဘုရားသခင်၏နှုတ်ကပတ်တော်များအား အရေးစိုက်ကာ သူ့အားနာခံကာ သူတို့သည် ဧဒင်ဥယျာဉ်ထဲတွင် ဘုရားသခင်၏ ဂရုစိုက်မှု၊ ကာကွယ်ပေးမှုအောက်တွင်နေထိုင်ခဲ့ကြကာ စိုးရိမ်ပူပန်မှုမှ လုံးဝကင်းလွတ်ခဲ့ကြပါသည်၊ သူတို့သည် ဖျားနာခြင်း သို့မဟုတ် သေဆုံးခြင်းအား မသိရှိခဲ့ကြကာ မည်သည့်သောက သို့မဟုတ် စိုးရိမ်ကြောင့်ကြမှုကိုမှ ပို၍ မသိရှိခဲ့ကြပါ။ နောက်ပိုင်းတွင် အာဒမ်နှင့် ဧဝသည် စာတန်၏ ဖျားယောင်းသွေးဆောင်မှုကိုခံရကာ ဘုရားသခင် သူတို့အား မစားသုံးရန် တားမြစ်ထားသော ကောင်းခြင်းနှင့် ဆိုးခြင်း၏ အသိပညာ အပင်မှ အသီးအား စားခဲ့ကြလေသည်၊ ထို့ကြောင့် သူတို့သည် ဘုရားသခင်အား ရှောင်ဖယ်ကာ သစ္စာဖောက်ခဲ့ာကသည်၊ သူတို့သည် ဘုရားသခင်၏ ဂရုစိုက်မှုနှင့် အကာအကွယ်ပေးမှုတို့ ဆုံးရူံးသွားကာ သူတို့သည် စာတန်၏အုပ်စိုးမှုအောက်သို့ ကျရောက်ခဲ့ပါသည်။ ထို့အတွက် ဖျားနာခြင်း၊ စိုးရိမ်ပူပန်မှု၊ ဟာ၍နေခြင်းနှင့် သေခြင်းတို့သည် လူသားမျိုးနွယ်အပေါ် ကျရောက်ခဲ့ပါသည်။ နှစ်ထောင်ပေါင်းများစွာအတွက် စာတန်သည် ထင်ပေါ်ကျော်ကြား၍ ကြီးမြတ်သော လူများ၏ မိစ္ဆာဒိဠိအယူအဆများနှင့် အထင်အမြင်မှားခြင်းများအား လူသားအား လှည့်ဖျားရန်နှင့် ဖောက်ပြန်ပျက်စီးစေရန် လုပ်ဆောင်ခဲ့ပါသည်။ အထူးသဖြင့် ဘုရားမဲ့ဝါဒ၊ ရုပ်ဝါဒနှင့် ဆင့်ကဲ့ဖြစ်စဉ် ၀ါဒများသာမက အမျိုးမျိုးသော စာတန်ဆိုင်ရာ ဒဿနများဖြစ်သော “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော၊” “ကယ်တင်ရှင် မည်သည့်အခါကမျှ မရှိခဲ့ပေ၊” “လူတစ်ဦး၏ကံကြမ္မာသည် ထိုသူ၏လက်ထဲတွင် ရှိ၏၊” “လူသားသည် ချမ်းသာကြွယ်ဝရန် မည်သည့်အရာကိုမဆို လုပ်လိမ့်မည်၊” “အနာမခံလျှင် အသာမစံရ၊” “သင်၏ပျော်ရွှင်မှုကို သင်ကိုယ်တိုင် အရယူရမည်၊” “ငွေကြေးသည် ကမ္ဘာကို လည်ပတ်စေသည်။” စာတန်သည် လူများအား ကျောင်းများ၌ ပညာရေး၊မိဘများ၏ သြဇာလွှမ်းမိုးမှုနှင့် လူမှုရေးပတ်ဝန်းကျင်များမှ တစ်ဆင့် ဆက်သွယ်ရေး စသည့် လမ်းကြောင်းများမှ တစ်ဆင့် ထိုမိစ္ဆာဒိဠိအယူအဆများ၊ အထင်အမြင်မှားခြင်းများဖြင့် အယူဝါဒသွတ်သွင်းခဲ့ပါသည်။ ကျွန်ုပ်တို့သည် ထိုသို့သော မိစ္ဆာဒိဠိအယူအဆများနှင့် အထင်အမြင်မှားခြင်းများဖြင့် အဆိပ်ခတ်ကာ လွမ်းမိုးခံခဲ့ရပါသည်၊ ထို့နောက် ကျွန်ုပ်တို့သည် ဘုရားသခင်၏ တည်ရှိခြင်းနှင့် ဘုရားသခင်၏အချူပ်အခြာအာဏာကို ငြင်းပယ်ကြသည်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ စားဝတ်နေရေးအတွက် စောင့်ရှောက်ကျွေးမွေး၍ ကျွန်ုပ်တို့ကို အားဖြည့်ပေးနေသူမှာ ဘုရားသခင်ဖြစ်သည်ဟူ၍ ဆက်လက်ယုံကြည်ခြင်းမရှိကြတော့ပါ၊ ထို့အပြင် ဘုရားသခင်သည် ကျွန်ုပ်တို့တစ်ဦးချင်းစီ၏ ကံတရားများအား အုပ်စိုးနေသည် ဟူ၍ ယုံကြည်ခြင်းမရှိတော့ပါ။ ထိုအစား ကျွန်ုပ်တို့သည် မျိုုးစုံသော မိစ္ဆာဒိဠိအယူအဆများ၊ အထင်အမြင်မှားခြင်းများ၊ ဒဿနများနှင့် စာတန်၏ နဂိုအဆိုတို့ကိုသာ ရှင်သန်ရန် အားထားကြ၍ ကျွန်ုပ်တို့သည် ငွေကြေးအား ထောက်ခံကာ၊ ပကာသနအား ဖက်တွယ်လာကာ၊ ကျွန်ုပ်တို့သည် ကျော်ကြားမှု၊ အခွင့်အလမ်းနှင့် အဆင့်အတန်းတို့ နောက်သို့ လိုက်နေကြပါသည်။ ရုပ်ပစ္စည်းဆိုင်ရာ သာယာမှုကို မြင့်မားစွာ ရယူနိုင်စေရန်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အတွေးအားလုံးကို သုံးကြပါသည်၊ ကျွန်ုပ်တို့သည် ဦးနှောက်ခြောက်အောင် စဉ်းစားကြသည်၊ ကျွန်ုပ်တို့သည် အလုပ်များအား တပြိုင်နက်လုပ်ဆောင်ကာ အလုပ်ကြိုးစားကြသည်၊ ထို့နောက် ကျွန်ုပ်တို့သည် မည်သည့်အဖိုးအခကိုမဆိုပေးကြရသည်၊ ကျွန်ုပ်တို့၏ ကိုယ်ပိုင်ကျန်းမာရေးကိုပင် ထိခိုက်ကြရသည်။ ကျွန်ုပ်တို့အလုပ်ကို ကြိုးစားကြသော်လည်း ငွေကြေး၊ ကျော်ကြားမှု၊ အခွင့်အလမ်းနှင့် အဆင့်အတန်းအတွက် ကျွန်ုုပ်တို့၏ ဆန္ဒများအား ကျေနပ်အောင် မဖြည့်ဆည်းနိုင်သောအခါ၊ ကျွန်ုပ်တို့သည် စိုးရိမ်ပူပန်လာကြသည်၊ ဒေါသထွက်လာကြသည်၊ ကသိကအောက်ဖြစ်လာကြပြီး ဘဝနှင့်ပတ်သက်၍တောင် စိတ်ပျက်လာကြသည်။ ဖိနှိပ်ခံရခြင်းနှင့် ဘဝတွင် နာကျင်ရမှုတို့၏ ရေရှည်ခံစားချက်များသည် ကျွန်ုပ်တို့အား ခန္ဓာကိုယ်နှင့် စိတ်ထဲ၌ ပင်ပန်းစေရုံသာမက ကြီးစွာသော ဒုက္ခဝေဒနာအားလည်း ကြုံတွေ့စေနိုင်ပါသည်၊ သို့သော် ကျွန်ုပ်တို့အား ကွဲပြားခြားနားသော အခြေအနေအားလုံးဖြစ်သော မူးဝေခြင်းနှင့် ရင်ဘတ်ထဲတွင် တင်းကျပ်ခြင်း၊ အာရုံကြောအားနည်းခြင်းတို့ကို ခံစားရစေနိုင်ကာ ပြင်းထန်သော အခြေအနေများတွင် ကျွန်ုပ်တို့သည် စိတ်ဖိစီးခြင်း၊ သွေးတိုးရောဂါနှင့် နှလုံးရောဂါများတောင် ဖြစ်ပွားစေနိုင်ပါသည်။ ကျောင်းကောင်းတစ်ကျောင်းသို့ ဝင်ရောက်ခွင့်ရရှိပြီး လူတွေကြားမှာ ထင်ပေါ်နေစေရန်အတွက်၊ အချို့သော ကျောင်းသားများမှာ သူတို့ကိုယ်သူတို့ စာထဲတွင် လုံးဝနှစ်မြှပ်ထားကြကာ အားသွန်ခွန်စိုက် စာကြိုးစားကြရသည်၊ ထိုအခါ ငယ်ရွယ်သောအသက်အရွယ်တွင် အရိုးကျီးပေါင်းနှင့် အာရုံကြောအားနည်းခြင်း တို့ ဖြစ်ပွားစေနိုင်သည်။ သူတို့သည် ကောလိပ်ဝင်ခွင့်စာမေးပွဲများအား ကျရူံးသောအခါတွင်လည်း၊ အချို့သော ကျောင်းသားများမှာ ခံနိုင်ရည်မရှိကြကာ သူတို့သည် နေ့စဉ် စိတ်ဓာတ်ကျကာ ပြင်းထန်သော စိတ်ဖိစီးမှုကို ဖြစ်စေနိုင်ပါသည်။ လူအမြောက်အများသည် ပိုက်ဆံပိုရှာနိုင်ရန်နှင့် အောင်မြင်သူဖြစ်လာစေရန် သူတို့၏ ခန္ဓာကိုယ် ခံနိုင်ရည်စွမ်းထက် အလုပ်ပို၍ လုပ်ကာ သူတို့၏ ကျောများ၊ သူတို့၏ခြေများ၊ သူတို့၏လည်ပင်းများနှင့် ပုခုံးများ၊ သူတို့၏ အစာအိမ်များနှင့် သူတို့၏နှလုံးများ တွင် ပြသာနာများဖြစ်ပွားလာကြကာ ပင်ပန်းမှုကြောင့် သေဆုံးနိုင်ပါသည်။ ၎င်းတို့မှာ ဥပမာအနည်းငယ်သာဖြစ်ကာ သူတို့မှာ ကျွန်ုပ်တို့ မြင်နိုင်ကြသည်မှာ ဖျားနာခြင်းသည် စာတန်မှ ကျွန်ုပ်တို့အပေါ်သို့ ဖောက်ပြန်ပျက်စီးအောင်လုပ်ဆောင်မှုနှင့် ဘေးကျရောက်စေမှုတို့၏ ရလဒ်ဖြစ်ပါသည်၊ ထို့အပြင် ၎င်းမှှာ ကျွန်ုပ်တို့၏ ဘုရားသခင်အား ငြင်းပယ်မှု၊ ကျွန်ုပ်တို့၏ ဘုရားသခင်အား ရှောင်ဖယ်ခြင်းနှင့် သစ္စာဖောက်ခြင်း၊ ကျွန်ုပ်တို့၏ ကိုယ်ပိုင်အလုပ်ကြိုးစားမှုအား အားထားကာ ကျွန်ုပ်တို့၏ ချမ်းသာမှု၊ ကျော်ကြားမှု၊ အခွင့်အလမ်းနှင့် အဆင့်အတန်းများနောက်သို့ လိုက်ခြင်းများကြောင့် ဖြစ်ပေါ်လာသော ရလဒ်ဖြစ်ပါသည်။ ထို့ကြောင့် အနာဂတ်တွင် ကျွန်ုပ်တို့ ဖျားနာကြသောအခါ၊ ကျွန်ုပ်တို့သည် ဆင်ခြေတုံတရားရှိပြီး ၎င်းအတွက် မှန်ကန်သော ချဉ်းကပ်မှုကို ရယူရမည်ဖြစ်ကာ၊ ကျွန်ုပ်တို့သည် ဘုရားသခင်အား အပြစ်တင်ခြင်း သို့မဟုတ် နားလည်မှုလွဲခြင်းတို့ မပြုလုပ်သင့်ပါ။

၂။ ဘုရားသခင်မှ ချမှတ်ထားပေးထားသော ဘဝ၏ဥပဒေသများကို လိုက်နာခြင်းဖြင့် ကျွန်ုပ်တို့သည် ဖျားနာခြင်း၏ ဖြစ်စဉ်များကို လျှော့ချနိုင်သည်

တစ်ခါတစ်ရံ၌ ကျွန်ုပ်တို့ ဖျားနာကြခြင်းမှာ ကျွန်ုပ်တို့သည် လူသားအတွက် ဘုရားသခင်မှ ချမှတ်ထားသော ဘဝ၏ဥပဒေသများအား ချိုးဖောက်ခြင်းကြောင့်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အရ- “နှစ်ထောင်ပေါင်းအချို့ ကုန်ဆုံးပြီးနောက် လူသားမျိုးနွယ်သည် ဘုရားသခင် ချပေး သနားခဲ့သည့် အလင်းနှင့် လေကို နှစ်သက်ခံစားဆဲပင်ဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင် မှုတ်သွင်းခဲ့သည့် ဇီဝအသက်ကို ရှူသွင်းဆဲပင်ဖြစ်သည်။ ဘုရားသခင်ဖန်ဆင်းခဲ့သည့် ပန်းပွင့်များ၊ ငှက်များ၊ ငါးများနှင့် ပိုးမွှားများကို နှစ်သက်ခံစားဆဲဖြစ်ပြီး ဘုရားသခင်ပေးအပ်ခဲ့သည့် အရာအားလုံးကို နှစ်သက်ခံစားဆဲ ဖြစ်သည်။ နေ့နှင့်ညသည် အချင်းချင်း အဆက်မပြတ်နေရာ ယူနေဆဲဖြစ်သည်။ ရာသီဥတုလေးခုသည် ယခင်ကဲ့သို့ပင် ပြောင်းလဲနေဆဲဖြစ်သည်။...အရာအားလုံးထဲမှ သက်ရှိသတ္တဝါ အမျိုးအစားတိုင်းသည် ထွက်ခွာပြီး ပြန်လာသည်။ ပြီးနောက် ပြန်ထွက်ခွာကြပြန်သည်။ မျက်စိတမှိတ်အတွင်းတွင် ပြောင်းလဲမှုများစွာ ဖြစ်ပေါ်နေသည်။ သို့ရာတွင် မပြောင်းလဲသည့်အရာမှာ သူတို့၏ ဗီဇစိတ်များနှင့် ရှင်သန်ရပ်တည်နေရေး နိယာမများပင်ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ ထောက်ပံ့မှုနှင့် ကျွေးမွေးမှုအောက်တွင် အသက်ရှင်ကြသည်။ မိမိတို့၏ ဗီဇစိတ်များကို မည်သူမျှ မပြောင်းနိုင်ပေ။ မိမိတို့၏ ရှင်သန်ရပ်တည်ရေး စည်းမျဉ်းများကို မည်သူမျှ မဖျက်ဆီးနိုင်ပေ။“ (အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁))

ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးပေါ်ရှိ အရာအားလုံးကို ဖန်ဆင်းခဲ့ကာ သူသည် လူသားမျိုးနွယ်ကိုလည်း ဖန်ဆင်းခဲ့ပါသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်နှင့် အရာအားလုံးအတွက် ဘဝ၏ဥပဒေသများလည်း ချမှတ်ပေးခဲ့ပါသည်။ ဥပမာ၊ ဘုရားသခင်သည် လူသားမျိုးနွယ်အား တစ်ရက် ထမင်းသုံးနပ်စားသင့်သည်၊ နေ့ဘက်တွင် အလုပ်လုပ်၍ ညဘက်တွင် အနားယူသင့်သည်၊ ရာသီများအလိုက် ဘုရားသခင် ဖြည့်ဆည်းပေးသော အစားအစာများအား စားသင့်သည့် စသဖြင့် ညွ့န်ကြားခဲ့ပါသည်။ ဘုရားသခင်မှ လူသားအတွက် ချမှတ်ပေးထားသော ဘဝ၏ဥပေဒသများအားလိုက်နာခြင်းမှသာလျှင်၊ ဘုရားသခင်မှ နေ့စဉ်မပြတ် ပေးသနားသော အစားအစာများအား နှစ်သက်ခံစားခြင်းမှသာလျှင်၊ လောက၌ စည်းစနစ်ကျစွာ နေထိုင်မှသာလျှင် ကျွန်ုပ်တို့သည် ဖျားနာမှုအချို့ကို ရှောင်ကြဉ်ကြနိုင်မည်ဖြစ်ကာ၊ ကျွန်ုပ်တို့မှာလည်း သဘာဝအလျောက် ကျန်းမာသော ခန္ဓာကိုယ်များ ပိုင်ဆိုင်ကြမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးအောင် လုပ်ဆောင်မှုအား ပို၍ ပို၍ ခံနေကြရပါသည် သို့သော် ကျွန်ုပ်တို့၏ နှလုံးသားများထဲတွင်လည်း ဘုရားသခင်အတွက် နေရာမရှိပါ။ ကျွန်ုပ်တို့၏ ရုပ်ပိုင်းဆိုင်ရာ လိုအင်ဆန္ဒများအား ဖြည့်ဆည်းနိုင်ရန်၊ အချိန်တော်တော်များများတွင် ကျွန်ုပ်တို့သည် လူသားအတွက် ဘုရားသခ် ချမှတ်ထားသော ဘဝ၏ ဥပဒေသများအား ချိုးဖောက်ကြကာ နည်းစနစ်ကျသော ဘဝများကို မနေထိုင်ကြပါ၊ ပြီးနောက် ၄င်းက ကျွန်ုပ်တို့ ခန္ဓာကိုယ်များတွင် ဖျားနာမှုမျိုးစုံဖြင့် ဖိစီးခံရခြင်း ရလဒ်များ ဖြစ်ပေါ်လာပါသည်။ ဥပမာ၊ အချို့လူများသည် သူတို့၏ ဖုန်းများတွင် ဂိမ်းအမြဲဆော့ကြပါသည် သို့မဟုတ် သူတို့သည် မိုးလင်းသည့်တိုင်အောင် သို့မဟုတ် ညလုံးပေါက် အပြင်တွင် အပျော်အပါးလိုက်စားကြပါသည်၊ ထို့အပြင် သူတို့၏ ပုံမှန်မဟုတ်သော ဘဝများနှင့် အလုပ်နှင့် အနားယူမှု ပုံစံများက ၎င်းတို့အား ဟော်မုန်းစနစ် ကစဉ့်ကလျားဖြစ်ခြင်းများ၊ ထိုင်းမှိုင်းလေးလံခြင်း၊ အသည်းပျက်စီးခြင်း စသဖြင့် ဖြစ်ပွားစေနိုင်ကာ ရေရှည်တွင် ရုပ်ပိုင်းဆိုင်ရာ ပြသာနာမျိုးစုံသို့ ဦးတည်သွားနိုင်ပါသည်။ တစ်ချို့သောသူများသည် ရုပ်ပိုင်းဆိုင်ရာ သာယာမှုများအား အငမ်းမရဖြစ်ကာ၊ ၎င်းတို့၏ တောင့်တမှုအား ဖြည့်ဆည်းရန်အလို့ငှာ သူတို့သည် အစား အသောက်များအား ကြိုက်သလောက် စားသောက်ကြပေမည်၊ သူတို့သည် ဟင်းခတ်အမွှေးအကြိုင်မထည့်ထားသောသို့မဟုတ် အစိမ်းဖြစ်သော၊ အေးစက်သော သို့မဟုတ် ကျိုချွဲသော အစားအစာများအား စားသောက်ကြမည်ဖြစ်ကာ၊သူတို့သည် သွားရေစာများကိုပင် အချိန်ကာလကြာမြင့်စွာစားသောက်ကြပေမည် ဖြစ်သည်။ ၎င်းတို့သည် အာဟာရမပြည့်ဝခြင်းများနှင့် ခုခံအားစနစ် ကျဆင်းခြင်းဖြစ်ပွားစေနိုင်ကာ သူတို့တွင် အူရောင်ခြင်း၊ အစာအိမ်ပြသာနာများ၊ နှလုံးသွေးကြောကျဉ်းရောဂါနှင့် အာရုံကြော သွေးကြောပြသာနာများ ဖြစ်စေနိုင်ပါသည်။ တစ်ချို့တွင် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ သွေးခဲရောဂါနှင့် ကင်ဆာရောဂါများပင် ဖြစ်ပွားစေနိုင်ပါသည်။ အထူးသဖြင့် ယခုလို သိပ္ပံနှင့် နည်းပညာများ မြင့်မားသော ခေတ်တွင်၊ လူတို့သည် သူတို့အိမ်မှ ထွက်ရန်မလိုပင် မည်သည့်အရာကိုမဆို ဝယ်နေနိုင်ပြီဖြစ်ကာ လူတော်တော်များများမှာ လုံလောက်သော ကိုယ်လက်လှုပ်ရှားမှုများ မရရှိကြပါ။ ကွန်ပျူတာတစ်လုံးရှေ့တွင် အချိန်ကြာမြင့်စွာ အနေအထားတစ်မျိုးတည်းဖြင့် ထိုင်နေခြင်းက သွေးလည်ပတ်မှုကို အားနည်းစေကာ၊ ကျောကုန်း၊ ခြေထောက်များ၊ လည်ပင်းနှင့် ပုခုံးများတွင် ပွန်းပေါက်ခြင်းများနှင့် နာကျင်မှုများရရှိနိုင်ကာ ပြင်းထန်သော အခြေအနေများတွင်၊ အရိုးကျီးပေါင်းရောဂါနှင့် ခါးရိုးငေါထွက်ခြင်းများဖြစ်နိုင်ပါသည်။ ဤဥပမာများမှာ ကျွန်ုပ်တို့အတွက် ဘုရားသခင် ချမှတ်ပေးထားသော ဘဝ၏ ဥပဒေသမျာအား ချိုးဖောက်ခြင်း၏ ခါးသီးသော အသီးအပွင့်များဖြစ်ကြပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင် ချမှတ်ပေးထားသော ဘဝ၏ဥပဒေသမျာအား ကျွန်ုပ်တို့ တစ်ဦးချင်းစီ၏ အခြေအနေများအရ လိုက်နာသင့်ကာ ကျွန်ုပ်တို့၏ အလုပ်နှင့် အနားယူမှု ပုံစံများတွင် သင့်တော်သော ချိန်ညှိမှုများ လုပ်ဆောင်၍ နေ့အချိန်တွင် အလုပ်လုပ်ကာ ညအချိန်တွင် အနားယူကြသင့်သည်၊ ထို့အပြင် ကျွန်ုပ်တို့သည် ကိုယ်လက်လှုပ်ရှားမှုကို ဆက်လက်လုပ်ဆောင်သင့်ပြီး မကြာခဏ လေကောင်းလေသန့်ရူသင့်သည်။ အစားအသောက်အနေဖြင့်ဆိုရင်၊ ကျွန်ုပ်တို့သည် အရသာအပေါ် အာရုံမစိုက်ပဲ အာဟာရကိုသာ အဓိက ထားသင့်သည်။ ဤကဲ့သို့ ပုံမှန် နည်းစနစ်ကျသော ဘဝကိုနေထိုင် ခြင်းသည် ဖျားနာမှု၏ဖြစ်စဉ်များအား လျှော့ချပေးနိုင်ပါသည်။

၃။ ဘုရားသခင်အရှေ့တွင် ငြိမ်သက်ခြင်းနှင့် ကိုယ့်ကိုကိုယ် သုံးသပ်ခြင်း၊နှင့် ဘုရားသခင်ထံ အပြစ်ဝန်ခံခြင်းနှင့် နောင်တယူရန်

ဘုရားသခင်၏ နှုတ်ကပတ်တော်အရ- “နာမကျန်းမှု၏ ဆင်းရဲဒုက္ခ သင့်အပေါ် ကျရောက်သည့်အခါ၊ သင် မည်သို့ တွေ့ကြုံခံစားသင့်သနည်း။ ဘုရားသခင်၏ရှေ့မှောက်သို့ သူ၏ အလိုတော်ကို နားလည်သဘောပေါက်ဖို့ရန် ရှာဖွေရင်းနှင့် မည်သည့် အပြစ်ကျူးလွန်မှုမျိုးကို သင်ပြုမိခဲ့သည် သို့မဟုတ် မည်သည့် ဖောက်ပြန်ပျက်စီးခြင်းများကို သင် မဖြေရှင်းရသေးသည်ကို ဆန်းစစ်ရင်း ဆုတောင်းဖို့ လာရမည်။ သင် ရုပ်ပိုင်းအရ ဆင်းရဲဒုက္ခ မခံဘဲမနေနိုင်ပေ။ ဆင်းရဲဒုက္ခမှတဆင့် စိတ်ချုပ်တည်ခြင်းဖြင့်သာ လူတို့သည် အထိန်းအကွပ်မဲ့မှုကို ရပ်တန့်နိုင်ပြီး ဘုရားသခင်၏ ရှေ့မှောက်တွင် အမြဲအသက်ရှင်နိုင်လိမ့်မည်။ လူတို့ စိတ်မချမ်းမှု ခံစားကြသည့်အခါ၊ သူတို့ အမှားတစ်ခုခု ပြုမိသည် သို့မဟုတ် ဘုရားသခင်ကို မည်သို့ပြစ်မှားမိပြီးဖြစ်နိုင်သည်ကို သုံးသပ်ဆင်ခြင်ရင်း အမြဲဆုတောင်းကြသည်။ ဤအရာက သူတို့အတွက် အကျိုးရှိလေသည်။ ကြီးမားသည့် နာကျင်မှုနှင့် စမ်းသပ်မှုများကို လူတို့ ဒုက္ခခံကြရသည့်အခါ၊ ယင်းသည် သေချာပေါက် တိုက်ဆိုင်ခြင်းဖြင့် ဖြစ်သည်မဟုတ်ပေ။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဘုရားသခင်၏နှုတ်ကပတ်တော်များမှ ကျွန်ုပ်တို့ကို ဖျားနာမှုနှင့်ကျွန်ုပ်တို့ မည်သို့ ရင်ဆိုင်ရမည်နည်း နှင့်ပတ်သက်၍ အလေ့အကျင့် လမ်းစဉ်တစ်ခု ပြသထားပါသည်။ အချို့သော ဖျားနာမှုများမှာ သဘာဝတရား၏ ဥပဒေသများကြောင့်ဖြစ်ပေါ်လာသော်လည်း၊ အကြောင်းပြချက်မရှိပဲ မဖြစ်ကြသော အခြားသော ရောဂါများလည်း ရှိပါသည်၊ ဤဖျားနာမှုများ၏နောက်ကွယ်တွင် ဘုရားသခင်၏ ရည်ရွယ်ချက်ကောင်းနှင့် ကောင်းသော ဆန္ဒများရှိကြပါသည်၊ ဘုရားသခင်သည် ၎င်းတို့ကို စီစဉ်သည်မှာ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးမှုနှင့် ဆန့်ကျင်မှုအား သန့်စင်စေ၍ ပြောင်းလဲစေရန် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် စာတန်၏ နက်ရိူင်းစွာ ဖောက်ပြန်ပျက်စီးအောင်လုပ်ဆောင်ခြင်း ခံထားရကာ ကျွန်ုပ်တို့သည် စာတန်ဆိုင်ရာ စိတ်သဘောထားများဖြစ်သော မောက်မာခြင်းနှင့် စိတ်ကြီးဝင်ခြင်း၊ တကိုယ်ကောင်းဆန်ခြင်းနှင့် စက်ဆုပ်ဖွယ်ဖြစ်ခြင်း၊ ကလိမ်ကကျစ်ကျခြင်းနှင့်လိမ်လည်လှည့်ဖြားခြင်းနှင့် ကောက်ကျစ်ခြင်းနှင့် လောဘကြီးခြင်းများဖြင့် ပြည့်နှက်နေပါသည်။ ကျွန်ုပ်တို့သည် အမြဲလိုလို အပြစ်ကျူးလွန်ခြင်းနှင့် ဘုရားသခင်အား တွန်းလှန်ခြင်းမှ ကိုယ့်ကိုကိုယ် ရပ်တန့်နိုင်စွမ်းမရှိကြပါ။ ဥပမာ ကျွန်ုပ်တို့သည် ဘုရားသခင်အတွက် အမှုတော်ဆောင်ကာ တရားဟောကြသော်လည်း၊ ကျွန်ုပ်တို့သည် အမြဲလိုလို ကျွန်ုပ်တို့ မည်မျှ ဒုက္ခခံစားရသည၊ ကျွန်ုပ်တို့ ဘယ်လောက်ဝေးဝေး ရောက်သည်နှင့် ကျွန်ုပ်တို့ အလုပ်မည်မျှ ပြီးစီးခဲ့သည်နှင့်ပတ်သက်၍ ကြွားဝါကာ ဟိတ်ဟန်ထုတ်ပြချင်ကြပါသည်၊ ၎င်းသည် ညီအစ်ကို မောင်နှမများအား ကျွန်ုပ်တို့အား ကိုးကွယ်ကာ အထင်ကြီးစေရန် ဖြစ်စေပါသည်၊ ပြီးနောက် သူတို့၏နှလုံးသားများထဲတွင် ဘုရားသခင်အတွက် နေရာမရှိကြပါ။ တစ်ခါတစ်ရံ၌ ကျွန်ုပ်တို့၏ ဂုဏ်သိက္ခာနှင့် အဆင့်အတန်းအား ထိန်းသိမ်းရန်အလို့ဌာ၊ ကျွန်ုပ်တို့သည် လူများအား မုသားစကားပြောကာ မလှည့်ဖျားပဲ မနေနိုင်ကြပါ၊ ထို့အပြင် ကျွန်ုပ်တို့သည် အမြဲတစေ ရှေ့တစ်မျိုး ကွယ်ရာ တစ်မျိုးပြောတတ်ကြပါသည်။ တစ်ခါတစ်ရံ၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏လုပ်ဖော်ကိုင်ဖက်များ ကျွန်ုပ်တို့ထက် တရားဟောပြောရာတွင် ပိုကောင်းပြီး ညီအစ်ကို မောင်နှမ အားလုံးက ၎င်းတို့ကို ကြားနာချင်ကြောင်း မြင်သောအခါ၊ ကျွန်ုပ်တို့သည် မနာလိုဖြစ်ခြင်းနှင့် မကျေမချမ်းဖြစ်ခြင်းတို့ကို ခံစားကြရပါသည်၊ ထို့အပြင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ထက် ပိုတော်သော သို့မဟုတ် ပိုကြံ့ခိုင်သော မည်သူကိုမဆို အလိုမရှိပါ၊ ထို့ကြောင့် ကျွန်ုပ်တို့သည် သူတို့အား ဝေဖန်ခြင်း၊ သိမ်ငယ်အောင်လုပ်ခြင်းနှင့် ရှောင်ဖယ်ခြင်းများ ပြုလုပ်ကြပါသည်။ တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့၏နှလုံးသားများသည် မိစ္ဆာအလားအလာများကို စိတ်ဝင်စားလာကာ ကျွန်ုပ်တို့သည် ငွေကြေးအား ဖက်တွယ်ထား၍ ရုပ်ဝတ္တုပစ္စည်းများအား နှစ်သက်ခံစားကြပါသည်၊ ကျွန်ုပ်တို့သည် ဘုရားသခင်အား ရှောင်ဖယ်ကာ သမ္မာတရားနောက်သို့ မလိုက်ကြပါ။ ၎င်းတို့မှာ အချို့သော ဥပမာများသာဖြစ်ပါသည်။ ကျွန်ုပ်တို့အား နိုးထစေရန်နှင့် ကိုယ်တော်အား ဆက်လက်တွန်းလှန်ခြင်း သို့မဟုတ် ဆန့်ကျင်ခြင်း မပြုလုပ်စေရန်၊ ထိုကြောင့် ကျွန်ုပ်တို့သည် စာတန်၏အုပ်စိုးမှုအောက်တွင် အရူးလုပ်ခံရခြင်းနှင့် အန္တရာယ်ဖြစ်ခြင်းတို့ မဖြစ်စေရန်၊ ဘုရားသခင်သည် ဖျားနာမှု၏ စစ်ဆေးခြင်းအား ကျွန်ုပ်တို့ကိုယ်ကို ပြန်လည်သုံးသပ်ကာ သိရှိစေရန်နှင့် သူ့ထံသို့ အချိန်မီ ပြန်လှည့်စေရန် အသုံးပြုပါသည်။ ဤသည်မှာ သမ္မာကျမ်းစာထဲ၌ နူတ်ကပတ်များအား ဖြည့်ဆည်းထားပါသည်။ “ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။” (ဟေဗြဲ သြဝါဒစာ ၁၂:၆) ထို့ကြောင့် ကျွန်ုပ်တို့ ဖျားနာသောအခါ၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ရှေ့တော်သို့ လာရောက်ကြသင့်ပါသည်၊ ဘုရားသခင်၏ အလိုတော်အတွက် ဆုတောင်းကာ ရှာဖွေကြပါသည်၊ ကျွန်ုပ်တို့၏ ဘုရားသခင်နှင့် ဆက်ဆံရေးအပေါ် သို့မဟုတ် ကျွန်ုပ်တို့သည် ဘုရားသခင်၏အလိုတော်နှင့် လိုအပ်ချက်များအတိုင်း တစ်စုံတစ်ခုအား လုပ်ဆောင်ခြင်း ပြုမပြု ပြန်လည််သုံးသပ်ကြပါသည်။ ကျွန်ုပ်တို့၏ ဆုတောင်းခြင်း၊ ရှာဖွေခြင်းနှင့် သုံးသပ်ခြင်း ဖြစ်စဉ်၌ ဘုရားသခင်သည် ကျွန်ုပ်တို့အား အသိဉာဏ်ပွင့်လင်းစေ၍ လမ်းညွှန်ပြသပေးသည်၊ ထို့ကြောင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးမှုနှင့် ဆန့်ကျင်တတ်မှုအား ရှင်းလင်းစွာ မြင်လာနိုင်ပါသည်၊ တစ်ချိန်တည်းမှာပင် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း နှင့် သန့်ရှင်းခြင်းတို့ကို နားလည်လာရပါသည်၊ ဘုရားသခင်သည် ကျွန်ုပ်တို့အား အပြစ်နွံထဲတွင် နေထိုင်ခြင်းအား မုန်းတီးကာ ကျွန်ုပ်တို့က သူ၏နှုတ်ကပတ်တော်များအား လက်တွေ့ကျင့်သုံးကာ လူသားဆန်သည့်အတိုင်း သူ့နှုတ်ကပတ်တော်များအတိုင်း နေထိုင်သည်သောအခါ ဝမ်းမြောက်ကြောင်း နားလည်လာရပါသည်။ ဤသည်မှ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ကို ကယ်တင်ရန်အတွက် ဘုရားသခင်၏ အပတ်တကုတ် ကြိုးပမ်းမှုများအား သဘောပေါက်နိုင်စွမ်းရှိလာကြပါသည်၊ ထို့အပြင် ကျွန်ုပ်တို့၏နှလုံးသားများမှာလည်း သူ့အား မကြည်ညိုပဲ မနေနိုင်ကြတော့ပါ၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးတတ်သော စိတ်သဘောထားများအား ပိုမိုမုန်းတီးလာကြကာ ထို့နောက် ကျွန်ုပ်တို့သည် နောင်တယူရန်နှင့် ပြောင်းလဲရန်အတွက် ဆုံးဖြတ်နိုင်ကြလိမ့်မည်၊ အသက်တာနောက်လိုက်ရန်အတွက် ဆုံးဖြတ်နိုင်ကြလိမ့်မည်။

ကျွန်ုပ်သည် တစ်ခါက အစ်မတစ်ယောက် ဤကိစ္စနှင့်ပတ်သက်၍ သူ၏အတွေ့အကြုံများအား ပြောပြသည်ကို ကြားခဲ့ရပါသည်။ တစ်နေ့တွင်၊ အစ်မသည် ရုတ်တရက် အအေးမိခဲ့ပါသည်။ သူမသည် အဖျားအပူချိန် ၃၉ ဒီဂရီအထိ ဖြစ်ပွားခဲ့ကာ သူ၏အခြေအနေမှာ ထိုးဆေးများနှင့် သောက်ဆေးများဖြင့် ကုသခဲ့သော်လည်း ကောင်းလာခြင်းမရှိခဲ့ပါ။ သူသည် ဤသို့ မစဉ်းစားပဲ မနေနိုင်ခဲ့ပါ “ ငါ အအေးမိတာဟာ မသက်သာလာဘူး၊ အဲဒါ ဘုရားသခင်ရဲ့ အလိုတော်နှင့် ဆန့်ကျင်ဖက် တစ်ခုခုကို လုပ်မိခဲ့လို့လား “။ သူသည် ဘုရားသခင်၏ရှေ့တော် သွားရောက်ကာ သူ၏အလိုတော်အား ရှာဖွေခဲ့ကာ လွန်ခဲ့သောရက်အနည်းငယ်အတွင်းက သူ၏အခြေအနေအပေါ် ပြန်လည်သုံးသပ်ခဲ့ပါသည်။ သူထင်သည်မှာ သူ အသင်းတော်ခေါင်းဆောင်နေရာ စတင်ယူကတည်းက သူသည် ဒေသနာတစ်ချို့ဟောကာ အလုပ်တစ်ချို့အား ထမ်းဆောင်နိုင်စွမ်းရှိခဲ့ပါသည်၊ သူသည် သူ့ညီအစ်ကိုမောင်နှမ များ၏ အခက်အခဲတစ်ချို့နှင့် ပြသာနာများအား ဖြေရှင်းနိုင်စွမ်းရှိခဲ့ပါသည်။ ထို့ကြောင့် သူသည် သမ္မာတရားနောက်လိုက်ခြင်းတွင် တော်သည်၊ အခြား လူတိုင်းထက် သာလွန်သည်ဟု ခံစားမိခဲ့ကာ အမြဲတမ်း သူ့ကိုယ်သူ အလွန်ကျေနပ်ကာ သူ့ကိုယ်သူ အလွန်သဘောကျနေခဲ့ပါသည်။ လုပ်ဖော်ကိုင်ဖက်များက သူ၏အလုပ်တွင် အားနည်းချက်တစ်ချို့ကို ညွန်ပြကြသောအခါ၊ သူသည် အပေါ်ယံ၌ ၎င်းကို လက်ခံပုံပြသော်လည််း၊ သူ၏နှလုံးသားက ၎င်းကို လက်ခံနိုင်စွမ်းမရှိပါ။ ထို့အပြင် တစ်ခါတစ်ရံတွင် သူသည် သူ၏ လုပ်ရပ်များကို လုပ်ဖော်ကိုင်ဖက်များအား ရှင်းချက်ထုတ်ရန် ကြိုးစားမည်။ သူ၏လုပ်ဖော်ကိုင်ဖက်များက အသင်းတော်အလုပ်နှင့်ပတ်သက်၍ ကျိုးကြောင်းဆီလျော်သောအကြံပေးချက်တစ်ချို့ပေးသောအခါ၊ သူသည် သူ့လုပ်ဖော်ကိုင်ဖက်များ၏အကြံပေးချက်များမှာ သမ္မာတရားနှင့် ကိုက်ညီမှုရှိမရှိ ရှာဖွေခြင်း သို့မဟုတ် ချင့်ချိန်စဉ်းစားခြင်းမရှိခဲ့ပါ၊ ၄င်းအစား သူသည် သူ၏ ကိုယ်ပိုင်အမြင်များအား ဖက်တွယ်ထားကာ သူ၏လုပ်ဖော်ကိုင်ဖက်များ၏ အမြင်များနှင့် သဘောထားများအား ပယ်ချခဲ့ပါသည်။ ဤသည်က သူ့အား ဘုရားသခင်အား အစေခံမှုနှင့် ပတ်သက်၍ သူ၏လုပ်ဖော်ကိုင်ဖက်များနှင့် သဟဇာတရှိစွာ မထမ်းဆောင်နိုင်စေရန်ဖြစ်ခဲ့ကာ၊ ၎င်းက အသင်းတော်အလုပ်တွင် အဟန့်အတားများ ဖြစ်စေပါသည်။ သူ့ကိုယ်သူ ပြန်လည်သုံးသပ်ပြီးနောက်တွင်၊ အစ်မသည် သူမမှာ အလွန်ပင် မာနကြီးကာ စိတ်ကြီးဝင်ခဲ့ကြောင်း၊ သမ္မာတရားအား လက်ခံခဲ့ခြင်း သို့မဟုတ် နာခံခဲ့ခြင်း မရှိကြောင်း၊ သူ့တွင် ဘုရားသခင်အား ကြောက်ရွံ့သော စိတ်နှလုံးမရှိခဲ့ကြောင်းနှင့် သူ၏အသက်တာ ပျက်စီးခဲ့ရုံမက သူသည် အသင်းတော်ရဲ့အလုပ်အားလည်း နှောင့်နှေးစေခဲ့ကြောင်း သဘောပေါက်လာခဲ့ပါသည်။ အစ်မက သူသည် စာတန်၏ ဖောက်ပြန်ပျက်စီးအောင် လုပ်ဆောင်ခြင်းခံရသူတစ်ယောက်ဖြစ်ကြောင်းနှင့် အကယ်၍ ဘုရားသခင်၏ လမ်းညွန်မှုကြောင့်သာ မဟုတ်ပါက၊ သူသည် မည်သည့်အလုပ်ကိုမျှ ထမ်းဆောင်နိုင်ခဲ့မည် မဟုတ်ကြောင်း သဘောပေါက်လာခဲ့သည်။ အလုပ်အနည်းငယ်အား သူ ထမ်းဆောင်နိုင်ခဲ့ပြီး သူ၏ ညီအစ်ကို မောင်နှမများ၏ အခက်အခဲတစ်ချို့နှင့်ပြသာနာများအား ဖြေရှင်းနိုင်ခဲ့ခြင်းမှာ ဘုရားသခင်၏ လုပ်ဆောင်မှု သက်သက်သာဖြစ်၍ ဘုရားသခင်၏ ဘုန်းတော်အား သူ ခိုးယူရန် ကြိုးပမ်းမှုများကြောင့် ကိုယ်တော်မှာ ရွံ့ရှာခဲ့ပါသည်။ တစ်ချိန်တည်း၌ အစ်မ နားလည်လာခဲ့သည်မှာ သူ့အတွက် ဘုရားသခင်၏ အလိုတော်မှာ သူ၏တာဝန်ကို ထမ်းဆောင်နေစဉ်အတွင်း သမ္မာတရားနောက်လိုက်နိုင်စေရန်၊ ညီအစ်ကို မောင်နှမများနှင့် သဟဇာတဖြစ်စွာ အတူတကွ လုပ်ဆောင်နိုင်ကြစေရန်၊ လူတိုင်း၏ ခွန်အားများအား ဖော်ထုတ်ရန်၊ လူတိုင်းသည် အချင်းချင်း၏ ခွန်အားများအား သင်ယူနိုင်ကြရန်နှင့်၊ အတူတကွ၊ ဘုရားသခင် သူတို့အတွက် စေခိုင်းသော အလုပ်အား ဖြည့်ဆည်းကြကာ အသင်းတော်ရဲ့ အလုပ်အား ပို၍ ကောင်းစွာ ကောင်းစွာ ထမ်းဆောင်နိုင်ကြစေရန်ဆိုသည်အား နားလည်လာပါသည်။ သူသည် ဤနားလည်မှုအား ရရှိပြီးသည့်နောက်၊ အစ်မသည် အလွန်ပင်အရှက်ရကာ နောင်တရခဲ့ပါသည်၊ ထို့နောက် သူသည် လျှင်မြန်စွာ နောင်တယူကာ သူ၏အပြစ်များအား ဘုရားသခင်ထံသို့ ဝန်ခံခဲ့ပါသည်။ ထို့နောက် သူသည် ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့်အညီ ရိုးသားသောသူတစ်ယောက်ဖြစ်ရန် လေ့ကျင့်ခဲ့ကာ သူ၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးမှုများနှင့်ပတ်သက်၍ သူ၏ ညီအစ်ကိုမောင်နှမများနှင့် အလွန်ပင် ပွင့်လင်းလာခဲ့ပါသည်။ ပြီးနောက် သူမသည် အသင်းတော်အလုပ်အား ထမ်းဆောင်သောအခါ သူ၏ညီအစ်ကို မောင်နှမများ၏ ပြသာနာများအားအောင်မြင်စွာ ဖြေရှင်းပြီးသောအခါ၊ သူသည်ဘုရားသခင်အား ကျေးဇူးတင်ကာ ဂုဏ်တော်ချီးမွမ်းကာ ဘုရားသခင်၏ ဘုန်းတော်အား အသိအမှတ်ပြုပါသည်။ ဘုရားသခင်အား အစေခံရာ၌ သူ၏ လုပ်ဖော်ကိုင်ဖက်များနှင့် အတူတကွ ထမ်းဆောင်ရာတွင်၊ သူသည် သူ့ကိုယ်သူ သတိရှိစွာ ငြင်းပယ်နိုင်စွမ်းရှိကာ၊ မည်သည့်လုပ်ဖော်ကိုင်ဖက်၏ အကြံပေးချက်မဆို သမ္မာတရားနှင့် ကိုက်ညီကာ အသင်းတော်၏ အလုပ်အတွက် အကျိုးရှိသရွေ့၊ သူသည် ၎င်းအား အမြဲတမ်းလက်ခံမည်ဖြစ်ပါသည်။ ထိုအစ်မသည် ဤနည်းအတိုင်း စတင်ကျင့်သုံးသောအခါ၊ သူ၏အခြေအနေမှာ ကုစားခြင်းခံရက၊၎င်းကို သူကိုယ်ပိုင်ပင် သတိမမူမိပဲ၊ သူ၏ ဖျားနာမှုမှာလည်း သက်သာလာခဲ့ပါသည်။ ထိုအတွေ့အကြုံခံစားရပြီးသည့်နောက်၊ အစ်မနားလည်ခဲ့သည်မှာ ဖျားနာမှုနှင့် နာကျင်မှု၏ စစ်ဆေးခြင်းမှာ လူသားများအတွက် အကျိုးရှိကာ၊ ၎င်းမှာလည်း တကယ်တော့ လူသားအတွက် ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်းနှင့် ကာကွယ်ပေးခြင်းဖြစ်သည်ဟူ၍ ဖြစ်သည်။ သူ၏အတွေ့အကြုံအတွင်း သူသည် ဘုရားသခင်၏ဖြောင့်မတ်သော စိတ်သဘောထား ဗဟုသုတတစ်ချို့အား ရရှိခဲ့ပါသည်။ သူသည် ဖောက်ပြန်ပျက်စီးခြင်း၌ နေစဉ်အတွင်း သူသည် ဦးတည်ချက် ပြောင်းလဲရမည်အား သတိမမူမိခဲ့ပါ၊ ဘုရားသခင်သည် သူ၏ဖျားနာမှုအား အသုံးပြုကာ သူ့အား ထိန်းသိမ်းကြပ်မတ်ကာ သူမ၏ နှလုံးအား တိတ်ဆိတ်စေကာ သူ့ကိုယ်သူ ပြန်လည်သုံးသပ်ရန် လှုံဆော်ပေးခဲ့ပါသည်။ သူသည် ဘုရားသခင်ထံသို့ ပြန်လှည့်သောအခါ၊ ဘုရားသခင်သည် သူအား လမ်းပြကာ သူ၏ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိရှိလာရန်နှင့် ဘုရားသခင်၏ အလိုတော်အား နားလည်စေ အသိဉာဏ်ပွင့်လင်းလာစေပါသည်။ သူသည် ဘုရားသခင်ထံ နောင်တယူ၍ သမ္မာတရားအား လက်တွေ့စတင်ကျင့်သုံးသောအခါ၊ သူသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်အား တွေ့ကြုံရကာ သူ၏ ဖျားနာမှုကလည်း သက်သာလာခဲ့ပါသည်။ အစ်မသည် ဘုရားသခင်မှာ ကျွုန်ုပ်တို့ဘေး၌ရှိနေသည်ကို လက်ခံလာကာ ကျွန်ုပ်တို့အား ဖောက်ပြန်ပျက်စီးမှုမှ ကယ်တင်ခဲ့ပါသည်။ သူ နားလည်လာခဲ့သည်မှာ ဖျားနာမှု ကျွန်ုပ်တို့အပေါ် ကျရောက်သောအခါ၊ ဘုရားသခင်အား ဆုတောင်းခြင်းနှင့် ဘုရားသခင်၏အလိုတော်အား နားလည်သဘောပေါက်မှုအောင် သင်ယူခြင်းဖြင့် ကျွန်ုပ်တို့ကို သိပြီး သုံးသပ်ခြင်းဖြင့်၊ ကျွန်ုပ်တို့သည် ၎င်းမှ သင်ခန်းစာများစွာကို သင်ယူနိုင်သည်မှာ- ဖျားနာမှုဆိုသည်မှာ တကယ်တော့ ကျွန်ုပ်တို့အတွက် သမ္မာတရားထဲသို့ ဝင်ရောက်ရန်အတွက် အကောင်းဆုံးဖြစ်သော အခွင့်အရေးဖြစ်သည်ဟူ၍ ဖြစ်သည်။

၄။ ဖျားနာမှု၏ စစ်ဆေးခြင်းအတွင်း၊ ယုံကြည်မှုရှိကာ ဘုရားသခင်အတွက် သက်သေရပ်တည်ခြင်း

“ မိဘတစ်ပါး အချိန်ကြာမြင့်စွာ ဖျားနာသောအခါ၊ အလွန်တာဝန်ကျေသော သားသမီးပင် သူတို့၏ အိပ်ရာဘေးမှ ထွက်ခွာသွားမည် “ နှင့် “ အချိန်က လူတစ်ယောက်၏ စိတ်နှလုံးအား ဖော်ပြသည် “ ဟူသော ဆိုရိုးစကားများရှိပါသည်။ ကျွန်ုပ်တို့ စတင်ဖျားနာသောအချိန်တွင်၊ ကျွန်ုပ်တို့သည် ၎င်းအား ကျော်ဖြတ်နိုင်ရန် ယုံကြည်မှုရှိနေသေးပါသည်၊ ကျွန်ုပ်တို့သည် ဘုရားသခင်ထံ ဆုတောင်းကာ ကျွန်ုပ်တို့ကိုယ် ကျွန်ုပ်တို့ ပြသာနာရပ်များအတွက် သုံးသပ်ကာ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ မှားယွင်းနေသော အခြေအနေများအား ကုစားခြင်းအပေါ် အာရုံစိုက်နိုင်ကြပါသည်။ သို့သော် ကျွန်ုပ်တို့၏ ဖျားနာမှု ဆက်လက်ဖြစ်ပွားကာ သက်သာခြင်းမရှိပါက၊ ကျွန်ုပ်တို့သည် ဘုရားသခင်ထံ မလျော်ကန်သော တောင်းဆိုမှုများပင် စတင်ပြုလုပ်လာကြကာ ဘုရားသခင်အား အပြစ်တင်၍ နားလည်မှု လွဲကြပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဤကဲ့သို့ အခြေအနေမျိုးအား မည်သို့ ကြုံတွေ့ကြရမည်နည်း။ ဘုရားသခင်၏ အလိုတော်မှာ အဘယ်နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်အရ- “ထိုတစုကို မီးအလယ်သို့ ငါရှောက်သွားစေမည်။ ငွေကို ချွတ်သကဲ့သို့ ချွတ်မည်။ ရွှေကို စုံစမ်းသကဲ့သို့ စုံစမ်းမည်။ သူတို့သည် ငါ့နာမကို ပဌနာပြု၍ ငါနား ထောင်မည်။ သူတို့ကို ငါ၏လူမျိုးဟူ၍ ငါခေါ်ဝေါ်မည်။(ဇာခရိ အနာဂတ္တိကျမ်း ၁၃:၉) ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျွန်ုပ်တို့ နားလည်ကြသည်မှာ၊ ဘုရားသခင်မှ ကျွန်ုပ်တို့အား ကယ်တင်စဉ်အတောအတွင်း၊ ဘုရားသခင်သည် ကျွန်ုပ်တို့အား စမ်းသပ်ရန်နှင့် စစ်ဆေးရန် အခြေအနေမျိုးစုံအား စီစဉ်လိမ့်မည်။ ထိုနည်းဖြင့် ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးတတ်သော စိတ်သဘောထားများနှင့် ကျွန်ုပ်တို့၏ယုံကြည်မှုထဲရှိ ညစ်ညမ်းမှုများကို ပေါ်လာစေ၍ သန့်စင်စေပါသည်။ တစ်ချိန်တည်းမှာပင်၊ ကိုယ်တော်သည် သူ့၌ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းနှင့် သူ့အတွက် ချစ်ခြင်းအား စုံလင်စေရန် အခြေအနေများအား စီစဉ်ပေးပါသည်။ ဖျားနာမှုဆိုသည်မှာ ဘုရားသခင်မှ ကျွန်ုပ်တို့အား စစ်ဆေးခြင်း နည်းတစ်နည်းဖြစ်ကာ၊ ကျွန်ုပ်တို့ ၎င်းကို ကြုံတွေ့ရသောအခါ၊ ကျွန်ုပ်တို့သည် ဘုရားသခင်၌ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းအား စောင့်ထိန်းထားသင့်သည်။ ကျွန်ုပ်တို့၏ ဖျားနာမှု သက်သာလာသည်ဖြစ်ဖြစ် မဖြစ်ဖြစ်၊ ကျွန်ုပ်တို့သည် ဘုရားသခင်အား မလျော်ကန်သော တောင်းဆိုမှုများ မပြုလုပ်သင့်ပါ၊ ဒါပေမဲ့ ဖန်ဆင်းခံသတ္တဝါတစ်ခု၏နေရာတွင် ဆက်လက်ရပ်တည်သင့်သည်၊ ဘုရားသခင်၏ စီစဉ်ညွန်ကြားမှုများအား နာခံကာ ဘုရားသခင်အတွက် သက်သေရပ်တည်သင့်သည်။

သမ္မာကျမ်းစာထဲ၌ မှတ်တမ်းတင်ထားသည့်အတိုင်းပင်၊ ဥပမာ၊ ယောဘသည် ဘုရားသခင်၏ လမ်းကို လိုက်ခဲ့သည်၊ သူသည် ဘုရားသခင်အား ကြောက်ရွံ့ကာ မိစ္ဆာအား ရှောင်ဖယ်ခဲ့သည်။ ဘုရားသခင်သည် ယောဘ၏ ယုံကြည်ခြင်းအား ချီးကျူး၍ သူသည် သူ၏ မျက်လုံးထဲတွင် စုံလင်သော လူသားဖြစ်သည်ဟူ၍ ခေါ်ခဲ့သည်။ သို့သော်လည်း စာတန်သည် မယုံကြည်ပဲ၊ ၎င်းသည် ယောဘကို ဘုရားသခင်အား ငြင်းပယ်ကာ သစ္စာဖောက်စေချင်ခဲ့သည်၊ ထို့ကြောင့် ၎င်းသည် ယောဘအား အကြိမ်များစွာ ဖျားယောင်းသွေးဆောင်၍ သူ၏ ခန္ဓာကိုယ်အား ဦးခေါင်းထိပ်မှ စ၍ ခြေဖဝါးများသည့်တိုင်အောင် နာကျင်လှသော အနာစိမ်းများဖြင့် ပေါက်ကွဲစေသည်။ ယောဘသည် ပြင်းထန်သောနာကျင်မှုကို ခံစားရသော်လည်း၊ သူသည် မည်သည့်အခါမှ ဘုရားသခင်အား အပြစ်မတင်ခဲ့ပေ၊ “ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော” (ယောဘ ၂:၁၀) ၎င်းအစား သူသည် ကျိုးကြောင်းဆီလျော်သော အရာများအား ပြောဆိုခဲ့ကာ သူသည် ဘုရားသခင်အား ခိုင်မာစွာ သက်သေရပ်တည်ခဲ့ပါသည်။ သူသည် ဤကဲ့သို့ စမ်းသပ်မှု ကြုံတွေ့ရပြီးနောက်၊ယောဘသည် အပြစ်ရှိစွာ စကားပြောဆိုခြင်းကို ရှောင်နိုင်စွမ်းရှိခဲ့ခြင်းမှာ သူ၏ နေ့စဉ်ဘဝတွင် သူသည် ဘုရားသခင် ဖန်ဆင်းထားသော အရာများအားလုံးအား ဘုရားသခင်၏ အနန္တတန်ခိုးနှင့် အချူပ်အချာအာဏာသာမကာ ဘုရားသခင်၏ လူသားအပေါ် ချစ်ခြင်းများအတွင်းမှ လက်ခံလာခဲ့ပါသည်၊ သူကောင်းစွာသိခဲ့သည်မှာ သူသည် ဘုရားသခင်၏ စီစဉ်ညွန်ကြားမှုများအား နာခံသင့်သည့် ဖန်ဆင်းခံသတ္တဝါတစ်ဦးသာ ဟူ၍ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ် နာကျင်မှုသည် သူအား မယုံကြည်နိုင်အောင် ညှင်းပန်းမှုဒဏ်ကို ခံစားရစေသော်လည်း၊ သူသည် သူ၏နှလုံးသားထဲ၌ ဘုရားသခင်အား အမြဲပင် ကြောက်ရွံ့ကာ သူသည် သူ့တွင်ဖြစ်ပေါ်နေသည့်အရာအား သူ၏ နှလုံးသားထဲမှ နက်ရိူင်းစွာ လက်ခံပြီး နာခံနိုင်ခဲ့ပါသည်၊ သူ၏ ဖျားနာမှုသည် သူ့အား ဖိအားမပေးနိုင်ခဲ့ပါ။ အဆုံးတွင်၊ စာတန်သည် အရှက်ရကာ ထွက်ပြေးသွားခဲ့ရပါသည်။ ထို့နောက် ဘုရားသခင်သည် ယောဘအား ချီးကျူးကာ သူ့အား လေထဲတွင် ကိုယ်ထင်ပြ၍ စကားပြောဆိုခဲ့ပါသည်။ ဘုရားသခင်၌ ရှိသော ယောဘ၏ ယုံကြည်ခြင်းသည် ထိုကဲ့သို့သော စမ်းသပ်မှုများမှ တစ်ဆင့် စစ်ထုတ်ခဲ့ခြင်းဖြစ်ပါသည်၊ သူသည် ထိုကဲ့သို့သော စမ်းသပ်မှုများအား တန်ဖိုးထားကာ နှစ်သက်ခဲ့ပါသည်၊ ထို့အပြင် သူ၏ နှလုံးသားမှာလည်း ငြိမ်သက်ခြင်း၊ ပျော်ရွှင်ခြင်းများဖြင့် ပြည့်နှက်နေပါသည်။ ယောဘ၏ စမ်းသပ်မှုများမှ ကျွန်ုပ်တို့ မြင်နိုင်ကြသည်မှာ တစ်ချို့သော ဖျားနာမှုများမှာ ဘုရားသခင်၏ စမ်းသပ်မှုများဖြစ်သည် ဟူ၍ ဖြစ်သည်၊ သို့သော် ကျွန်ုပ်တို့၌ ဖောက်ပြန်ပျက်စီးတတ်သော စိတ်သဘောထားရှိသောကြောင့် ၎င်းတို့မှာ စာတန်၏ လှည့်ဖျားသွေးဆောင်မှုများဟူ၍လည်း ဆိုနိုင်ပါသည်။ စာတန်သည် ဖျားနာမှုအား အသုံးပြုကာ ဘုရားသခင်၌ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းအား ဖျက်စီးချင်သည်၊ ကျွန်ုပ်တို့အား ဘုရားသခင်ကို အပြစ်တင်စေရန်၊ သစ္စာဖောက်စေရန်နှင့် ဘုရားသခင်ထံမှ ထွက်ခွာရန် ပြုလုပ်သည်။ သို့သော်လည်း ဘုရားသခင်၏ဉာဏ်ပညာမှာ စာတန်၏ မရိုးသားသော အကြံအစည်များအပေါ်တွင် ကျင့်သုံးကာ၊ ဖျားနာခြင််းမှတစ်ဆင့်၊ ဘုရားသခင်သည် ကျွန်ုပ်တို့၏ သူ့၌ ယုံကြည်ခြင်းအား စုံလင်စေပါသည်။ ကျွန်ုပ်တို့ ယုံကြည်သည်မှာ ကျွန်ုပ်တို့၏ ကံတရားများမှာ သူ့လက်ထဲ၌ ရှိကာ ဘုရားသခင်သည် ကျွန်ုပ်တို့ မည်သည့်အချိန်တွင် မွေးဖွားမည်၊ ကျွန်ုပ်တို့ မည်သည့်အချိန်တွင် သေရမည်နှင့် ကျွန်ုပ်တို့ မည်သို့သော ဖျားနာမှုများ ရရှိမည်ဆုံးဖြတ်သည်ဟူ၍ ဖြစ်ကာ ဘုရားသခင်အား အလုံးစုံ ပုံအပ်ထားခြင်းနှင့် သူ၏ စီစဉ်ညွန်ကြားမှုများအား နာခံခြင်းသည် ကျွန်ုပ်တို့လုပ်ဆောင်နိုင်သော အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်ဟူ၍ ဖြစ်သည်။ ဤနည်းဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ စီစဉ်ညွန်ကြားမှုများနှင့် အစီအမံများအား နာခံနိုင်ကြမည်ဖြစ်၍ ကျွန်ုပ်တို့သည် ဖျားနာမှု၏ ဖိအားပေးခြင်းကို ဆက်လက်ခံကြရမည် မဟုတ်ပါ၊ ထို့အပြင် ကျွန်ုပ်တို့သည် ဘုရားသခင်အား ကိုးကွယ်သည့် ဖန်ဆင်းခံသတ္တဝါ တစ်ဦး၏နေရာတွင် ဆက်လက်ရပ်တည်နိုင်ကြမည်ဖြစ်သည်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ လုပ်ဆောင်သင့်သည့်အတိုင်း ဘုရားသခင်နှင့် နီးကပ်လာနိုင်ပါကာ ကျွန်ုပ်တို့ လုပ်ဆောင်သင့်သည့်အတိုင်း သမ္မာတရားနောက်သို့လည်း လိုက်သင့်ပါသည်။ ကျွန်ုပ်တို့သည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရာတွင် ဇွဲလုံ့လရှိ၍ ဘုရားသခင် ကျွန်ုပ်တို့၏ ဖျားနာမှုများအား ပျောက်ကင်းစေ မကင်းစေကိုလည်း တည်ငြိမ်စွာ ရင်ဆိုင်နိုင်မည်ဖြစ်ပါကာ၊ ကျွန်ုပ်တို့ တဘဝလုံး ဖျားနာလျှင်တောင်မှ၊ ကျွန်ုပ်တို့ စောဒကတက်ကြတော့မည် မဟုတ်ပဲ၊ ဘုရားသခင်၌ ယုံကြည်ခြင်းနှင့် သမ္မာတရားနောက်လိုက်ခြင်းတွင် ကျွန်ုပ်တို့ ဇွဲရှိနိုင်ကြမည်၊ ထို့အပြင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ တာဝန်များအား စွမ်းဆောင်နိုင်သမျှ အကောင်းဆုံး စွမ်းဆောင်လုပ်ဆောင်ကြမည်ဖြစ်၍ ကျွန်ုပ်တို ဘဝတိုးတက်မှုတွင် ဖျားနာမှုအား ခွင့်ပြုတော့မည် မဟုတ်ပါ။ ဤသည်မှာ ဘုရားသခင်ရှေ့တွင် ကျွန်ုပ်တို့ သက်သေရပ်တည်သင့်သည့်အရာဖြစ်၍ ဤနည်းအတိုင်း ကျင့်သုံးပါက ကျွန်ုပ်တို့၏ နှလုံးသားများမှာ ငြိမ်းချမ်း၍ သက်သာရာရပေလိမ့်မည်။

နောက်ဆုံးတွင် ကျွန်ုပ်တို့ မှတ်သားထားရသည်မှာ၊ ကျွန်ုပ်တို့ ဖျားနာသောအချိန်တွင် ကျွန်ုပ်တို့ ကိုယ်ကို စစ်ဆေး၍ ဘုရားသခင်၏အလုပ်အား ကြုံတွေ့ကြသကဲ့သို့၊ ကျွန်ုပ်တို့သည် ဆေးပညာအကူအညီများ ရယူရန် သို့မဟုတ် ကျွန်ုပ်တို့၏ယုံကြည်ခြင်းအပေါ် အားထားကာ ၎င်းကို ကျော်ဖြတ်ရန် ရွေးချယ်နိုင်ပါသည်- ဒါနှင့်ပတ်သက်၍ သတ်မှတ်ချက်များမရှိပါ။ အရေးကြီးသောအရာမှာ ကျွန်ုပ်တို့သည် ၎င်းမှ သမ္မာတရားအား ရယူနိုင်စွမ်းရှိကြကာ၊ ကျွန်ပ်တို့ဘဝများတွင် တိုးတက်မှုတစ်ချို့ကို မြင်ရကာ ရလဒ်တစ်ချို့ ဆွတ်ခူးရန်သာ ဖြစ်ပါသည်။

ညီအစ်ကိုမောင်နှမများ၊ ဤကမ္ဘာတွင် နေထိုင်ခြင်းက ကျွန်ုပ်တို့အား ကျွန်ုပ်တို့နေ့စဉ် ကြုံတွေ့ရန် မည်သည့်အခါမှ မမျှော်လင့်ထားသောအရာများဖြစ်သည် ဖျားနားမှု၏ ညှင်းပန်းနှိပ်စက်မှုဒဏ်၊ ဘဝ၏အားနည်းချက်များ၊ကျွန်ုပ်တို့၏ မိသားစုများအား ဖိစီးနှိပ်စက်မှုများ၊ လောကီဆန်သော သူများ၏ သွားပုပ်လေလွင့်ပြောဆိုမှုများ စသည်တို့အား ကြုံတွေ့ရမည်ဖြစ်ပါသည်။ ခရစ်ယာန်များအနေနှင့်၊ စမ်းသပ်မှုအမျိုးမျိုး၌ သမ္မာတရားအား ရယူရန် ကျွန်ုပ်တို့ ဘုရားသခင်၏အလိုတော်အားမည်သို့ ရှာဖွေ၍ နားလည်ကာ သင်ခန်းစာများ သင်ယူသင့်သည်ဆိုသည်မှာ ကျွန်ုပ်တို့ရှာဖွေ၍ ဝင်ရောက်သင့်သည် အရာတစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်မျှော်လင့်သည်မှာ အပေါ်တွင် မိတ်သဟာယဖွဲ့ခဲ့သော အလေ့အကျင် ဥပဒေသလေးခုမှာ သင့်အား ဖျားနာမှု၏အကျပ်အတည်းမှ ကျော်ဖြတ်ရန် အကူအညီပေးကောင်းပေးနိုင်မည်ဖြစ်သည်။ ကျွန်ုပ် အမှန်လိုလားသည်မှာ ညီအစ်ကိုမောင်နှမများသည် ဘုရားသခင်၏ အလိုတော်အား နားလည်ကာ၊ သမ္မာတရားအား ရရှိ၍ စမ်းသပ်မှုတိုင်းတွင် သက်သေခံရပ်တည်နိုင်ကြရန်ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား လမ်းပြ၍ ကောင်းချီပေးပါစေ။ အေမင်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဗျာဒိတ်ကျမ်းထဲမှ ပရောဖက်ပြုချက်များ ပြည့်စုံလေပြီ- ဘုရားသခင်ထံ နောင်တရပြီး၊ ကောင်းကင် နိုင်ငံတော်ထဲသို့ ချီဆောင်ခံရမည့် နည်းလမ်း

ရှောင်ယွီ အမေရိကန် ၂၀၂၀ ခုနှစ်တွင်၊ ကိုဗစ် ၁၉ ဗိုင်းရပ်စ်က ကမ္ဘာလောကကို ကျီးလန့်စာစား ဖြစ်ခြင်းထဲသို့ ဦးစောက်ကျွမ်းပြန်ရောက်စေလျက်...

ရှင်မဿဲခရစ်ဝင်ကျမ်း ၂၄:၃၆- “ထိုအချိန်နာရီကိုကား အဘယ်သူမျှမသိ။”၏ နောက်ကွယ်မှ နက်နဲမှု

ရှင်းဂျီ အနီရောင် လကြတ်ခြင်းလေးခု ပေါ်ထွန်းခဲ့ပြီး၊ ငလျင်များ၊ အစာငတ်မွတ်ခြင်းနှင့် ကူးစက်ရောဂါများ တို့ကဲ့သို့ ဘေးဒုက္ခများသည် တိုး၍...

ကမ္ဘာကြီးသည် ကပ်ဘေးဖြင့် ပတ်ချာဝိုင်းနေသည်- ချီဆောင်ခြင်း မည်သည့်အချိန်တွင် ဖြစ်ပေါ်မည်နည်း

ဘက်ကီ၊ အမေရိကန် ယနေ့ခေတ်တွင် ကမ္ဘာတစ်ဝှမ်းမှ ကပ်ဘေးများသည် ယခင်ကထက် ပို၍ ပြင်းထန်လာခဲ့သည်။ သတင်းများသည် ပလိပ်များ၊ ငလျင်များ၊...

ခရစ်ယာန်တရားဟောချက်များ - သခင်ယေရှုပြန်ကြွလာခြင်းနှင့် ပတ်သက်သည့် သမ္မာကျမ်းစာထဲမှ ပရောဖက်ပြုခြင်း ၅ခုတို့သည် ပြည့်စုံပြီ

ဂျန်းရှန် ကျွန်တော်တို့က ယခုအခါတွင် နောက်ဆုံးသောကာလ၏ အဆုံးသတ်၌ ရောက်ရှိနေပြီ၊ ပြီးလျှင် သခင့်ကို ရိုးသားစွာ ယုံကြည်ပြီး ကိုယ်တော်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။