ဗျာဒိတ်ကျမ်းထဲမှ ပရောဖက်ပြုချက်များ ပြည့်စုံလေပြီ- ဘုရားသခင်ထံ နောင်တရပြီး၊ ကောင်းကင် နိုင်ငံတော်ထဲသို့ ချီဆောင်ခံရမည့် နည်းလမ်း
၂၀၂၀ ခုနှစ်တွင်၊ ကိုဗစ် ၁၉ ဗိုင်းရပ်စ်က ကမ္ဘာလောကကို ကျီးလန့်စာစား ဖြစ်ခြင်းထဲသို့ ဦးစောက်ကျွမ်းပြန်ရောက်စေလျက် တစ်ကမ္ဘာလုံးကို မွှေနှောက်လိုက်သည်။ ထို့အပြင် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည့်အရာမှာ အာဖရိကအနှံ့ အုံခဲနေသည့် များပြားလှသော ကျိုင်းကောင်များ ဖြစ်သည်။ ပလိပ် နှင့် ငတ်မွတ်ခေါင်းပါးမှုဘေး ပေါ်ပေါက်လာသောကြောင့် သခင်၏ ကြွရောက်မည့်ရက် နီးလာပြီဖြစ်ကြောင်း နှင့် ကောင်းကင်နိုင်ငံတော် တည်လုနီးပြီဖြစ်ကြောင်းတို့ကို အရေအတွက် တိုးပွားနေသော သခင့်ကို ယုံကြည်သူများက စတင်ခံစားသိရှိလာကြသည်။ တစ်ချိန်က သခင်ယေရှု ပြောခဲ့သည်မှာ- “နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ။” (ရှင်မဿဲခရစ်ဝင် ၄:၁၇) ဤသည်မှာ ကျွန်မတို့ တစ်ယောက်စီတိုင်းကို သခင် တောင်းဆိုသည့်အရာဖြစ်သည်။ ကျွန်မတို့ အမှန်တကယ် နောင်တရမှသာလျှင် ကျွန်မတို့သည် ဘုရားသခင်၏ ကွယ်ကာခြင်းခံရပြီး၊ ဘေးဒုက္ခကြီး မတိုင်မီ ကောင်းကင်နိုင်ငံတော်ထဲသို့ ခေါ်ဆောင်ခြင်းခံရမည် ဖြစ်သည်။ ထို့ကြောင့် စစ်မှန်သည့် နောင်တ ဆိုသည်မှာ အဘယ်နည်း၊ ပြီးလျှင် စစ်မှန်သော နောင်တကို ကျွန်မတို့ မည်သို့ ရရှိနိုင်သနည်း။
အပြုအမူကောင်းသည် စစ်မှန်သော နောင်တကို ရည်ညွှန်းပါသလား။
နောင်တနှင့် ပတ်သက်ပြီး ပြောကြရာတွင်၊ သခင့်ကို ယုံကြည်သူများစွာက “အခု ကျွန်မတို့က သခင့်ကို ယုံကြည်တဲ့အတွက်၊ ကျွန်မတို့ မဆဲဆိုဘူး၊ ရန်မဖြစ်ဘူး၊ ကျွန်မတို့ဟာ သူတပါး အပေါ်သည်းခံပြီး စိတ်ရှည်တယ်၊ သခင့်ဆီ မကြာခဏ ဆုတောင်းပြီး၊ ဝန်ခံတယ်၊ သခင့်အတွက် ကျွန်မတို့ အလုပ်လုပ်ပြီး၊ အသုံးတော်ခံကြတယ်၊ ပြီးတော့ ထောင်ချခံရပြီးတဲ့နောက်မှာတောင် သခင့်ရဲ့ နာမတော်ကို ကျွန်မတို့ မငြင်းပယ်ခဲ့ပါဘူး။ ဒီအပြုအမူကောင်းက ကျွန်မတို့ တကယ့်ကို နောင်တရပြီးပြီဆိုတာကို သက်သေပြတာပဲ။ သခင်ပြန် ကြွလာတဲ့အချိန်မှာ၊ ကျွန်မတို့က ကိုယ်တော်နဲ့အတူ ကောင်းကင် နိုင်ငံတော်ထဲကို ဝင်ရောက်ရလိမ့်မယ်။” ဟု ပြောကြလိမ့်မည်။ ကျွန်မတို့သည် သခင့်ကို စတင်ယုံကြည် ပြီးနောက်တွင်၊ ကျွန်မတို့၏ ဆိုးယုတ်သော အကျင့်များကို ဖယ်ရှား လိုက်သည်၊ ကျွန်မတို့ နှိမ့်ချလာသည်၊ သည်းခံတတ်လာသည်၊ အခြားသူများကို ကျွန်မတို့ ကူညီခဲ့ပြီး ဧဝံဂေလိတရားတော်ကို ဖြန့်ဝေဖို့နှင့် သခင့်ကို သက်သေခံဖို့ ကျွန်မတို့က ဥစ္စာပစ္စည်းတွေ စွန့်လွှတ်လာနိုင်ကြပြီး၊ မိမိကိုယ်ကိုယ် အသုံးခံနိုင်လာကြသည်။ ကျွန်မတို့၏ အပြုအမူတွင် အပြောင်းအလဲ တစ်ချို့ အမှန်တကယ် ရှိခဲ့သော်လည်း၊ ကျွန်မတို့သည် အပြစ်၏ အချုပ်အနှောင်များမှ မိမိကိုယ်ကိုယ် မဖယ်ရှားနိုင်သေးသကဲ့သို့ မလွတ်မြောက်နိုင်ဘဲ အပြစ်တရား၏ အလယ်တွင် မကြာခဏ အသက်ရှင်နေကြဆဲဖြစ်သည်မှာ ငြင်းမရနိုင်ပေ။ ဥပမာအားဖြင့် တစ်စုံတစ်ယောက်က ကျွန်မတို့၏ အဓိကအကျိုးစီးပွားကို မထိပါးစေဘဲ ကျွန်မတို့ကို ထိခိုက်စေသည့်အရာ တစ်စုံတစ်ခုကို ပြောသည့်အခါတွင်၊ ကျွန်မတို့သည် စိတ်ရှည်နိုင်စွမ်းရှိကောင်း ရှိနိုင်ပြီး ၎င်းတို့ကို ကျွန်မတို့ ခွန်းတုံ့ပြန်ပြောမည် မဟုတ်ပေ။ သို့သော် ကျွန်မတို့၏ ဂုဏ်သိက္ခာ နှင့် အဆင့်အတန်းတို့ကို ထိခိုက်စေပြီး ကျွန်မတို့ကို အရှက်ရစေသည့် အရာတစ်ခုခုတို့ကို တစ်စုံတစ်ယောက်က ပြောပါက၊ ကျွန်မတို့သည် သူတို့ကို အပြစ်ရှာသောအရာ တစ်ခုမျှ မပြောဘဲနေကောင်းနေမည် ဖြစ်သော်လည်း၊ ကျွန်မတို့၏ စိတ်နှလုံးများတွင် သူတို့အပေါ် မကျေမချမ်းမှုနှင့် မလိုမုန်းထားမှုများ ရှိပြီး၊ လက်စားချေဖို့ပင် ကျွန်မတို့ တွေးကောင်းတွေနိုင်သည်။ ကိစ္စတော်တော်များများတွင်၊ ကျွန်မတို့သည် ကြီးမားသည့် ဆိုးယုတ်မှုတစ်ခုတစ်လေကိုမျှ မပြုသည့်ပုံပေါ်သော်လည်း၊ ကျွန်မတို့၏ စိတ်နှလုံးများသည် ဆိုးယုတ်သော အတွေးများကို မကြာခဏ ပြနေလေသည်။ တစ်ခါတစ်ရံတွင် ကျွန်မတို့သည် စိတ်ရှည်သည်းခံခြင်းနှင့် မိမိကိုယ်ကိုယ်ချုပ်တည်းခြင်းတို့ကို အချိန်ကာလတစ်ခုထိ လုပ်နိုင် သော်လည်း၊ ကျွန်မတို့အတွက် ထိုအရာက လွန်လာသည့်အခိုက်တွင် ဆိုးယုတ်မှုကို ကျူးလွန်တတ်ဆဲဖြစ်လေသည်။ ထိုကဲ့သို့သော အရာများက ကျွန်မတို့ထဲတွင် ဖော်ထုတ်ခံရပြီး၊ ပေါ်လွင်လာကာ၊ အပြစ်၏ အချုပ်အနှောင်များမှ ကျွန်မတို့ ရုန်းထွက်မလွတ်မြောက် သေးသည့်အခါတွင်၊ ကျွန်မတို့ အမှန်တကယ် နောင်တရပြီးဖြစ်သည်ဟု ဆို၍ရပါသလား။
ဘုရားနှုတ်ကပတ်တော်များ ကျမ်းပိုဒ်တစ်ခုကို ဖတ်ကြပါစို့၊ “အပြုအမူဆိုင်ရာ အပြောင်းအလဲများမျှသည် ရေရှည်မတည်တံ့ပေ။ အကယ်၍ လူတို့၏ အသက်စိတ်သဘောထားများ၌ ပြောင်းလဲခြင်း မရှိပါက၊ ၎င်းတို့၏ ဆိုးယုတ်သောဘက်များသည် ယင်းတို့ဘာသာ အနှေးနှင့်အမြန် ပေါ်လာလိမ့်မည်ဖြစ်သည်။ ၎င်းတို့၏ အပြုအမူ ပြောင်းလဲမှုများ၏ အရင်းအမြစ်မှာ ထိုအချိန်က သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတစ်ခုခုနှင့် ပူးတွဲထားသော စိတ်အားထက်သန်မှု ဖြစ်သောကြောင့်၊ ၎င်းတို့အတွက် စိတ်အားထက်သန်လာရန်၊ သို့မဟုတ် ခဏတာ သနားကြင်နာမှု ဖော်ပြရန်မှာ အလွန့်အလွန် လွယ်ကူသည်။ ‘ကောင်းမှုတစ်ခုလုပ်ရန် လွယ်သည်၊ ခက်ခဲသည်မှာ ကောင်းမှုများကို ရာသက်ပန်ပြုရန်ပင် ဖြစ်သည်’ ဟု မယုံကြည်သူများ ပြောသကဲ့သို့ပင် ဖြစ်သည်။ လူတို့သည် ၎င်းတို့၏ ဘဝတစ်ခုလုံးတစ်လျှောက် ကောင်းမှုများကို ပြုနိုင်စွမ်းမရှိကြချေ။ တစ်ဦးတစ်ယောက်၏အပြုအမူကို အသက်က စီမံညွှန်ကြားပေသည်။ မိမိ၏ဘဝမှာ မည်သည့်အရာဖြစ်ပါစေ၊ မိမိ၏ အပြုအမူလည်း ထိုနည်းအတိုင်းပင်ဖြစ်ပြီး၊ သဘာဝအတိုင်း ထုတ်ဖော်သော အရာသည်သာ အသက်တာအပြင်၊ လူတစ်ဦး၏ သဘာဝဗီဇကို ကိုယ်စားပြုသည်။ အတုအယောင်ဖြစ်သော အရာများမှာ ကြာရှည်မတည်နိုင်ပေ။ ဘုရားသခင်သည် လူသားကို ကယ်တင်ရန် အမှုပြုသောအခါ လူသားကို ကောင်းသောအပြုအမူဖြင့် ဆင်မြန်းရန် မဟုတ်ပေ- ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်မှာ လူတို့၏စိတ်သဘောထားများကို အသွင်ပြောင်းလဲရန်၊ ၎င်းတို့ကို အသစ်သောလူအဖြစ် တစ်ဖန်ပြန်မွေးဖွားစေရန် ဖြစ်သည်။...ကောင်းမွန်စွာ ပြုမူခြင်းသည် ခရစ်တော်နှင့် သဟဇာတဖြစ်ခြင်းနှင့် တူညီဖို့မဆိုထားနှင့်၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့်ပင် မတူညီပေ။ အပြုအမူ အပြောင်းအလဲများသည် အယူဝါဒအပေါ် အခြေခံပြီး စိတ်အားထက်သန်မှုမှ ပေါ်ပေါက်လာခြင်းဖြစ်သည်၊ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြခြင်းအပေါ် အခြေတည်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်အကြောင်း စစ်မှန်သောအသိ၊ သို့မဟုတ် သမ္မာတရားကို အခြေခံထားခြင်း မဟုတ်ပေ။ လူတို့လုပ်သော အရာအချို့တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ ညွှန်ကြားမှုကြောင့်ဖြစ်သော အချိန်များရှိသော်လည်း၊ ဤသည်မှာ ဘုရားသခင်ကိုသိခြင်းနှင့် တူညီရန် မဆိုထားနှင့်၊ အသက်၏ ဖော်ပြချက်တစ်ခုပင် မဟုတ်ပေ။ လူတစ်ဦး၏ အပြုအမူ မည်မျှပင် ကောင်းပါစေ၊ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံပြီးဖြစ်သည် သို့မဟုတ် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်သည်ဟု သက်သေပြခြင်း မရှိပေ။ အပြုအမူဆိုင်ရာ အပြောင်းအလဲများသည် တစ်ခဏမျှသာဖြစ်သော စိတ်၏လှည့်စားမှုတစ်ခုသာ ဖြစ်သည်။ ၎င်းတို့မှာ စိတ်အားသန်ခြင်း၏ သရုပ်သကန်များသာဖြစ်သည်။ ယင်းတို့ကို အသက်၏ ဖော်ပြချက်အဖြစ် ယူဆ၍မရနိုင်ပေ။” (ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အပြင်ပန်းပြောင်းလဲမှုများနှင့် စိတ်နေသဘောထားပြောင်းလဲမှုများကြားက ခြားနားချက်”)
ကျွန်မတို့ ဘုရားသခင်ကို စတင်ယုံကြည်ပြီးနောက် ကျွန်မတို့၏ အပြုအမူသည် တိုးတက်ခဲ့သော်လည်း၊ ယင်းက ကျွန်မတို့၏ အသက်တာ စိတ်သဘောထားတွင် အပြောင်းအလဲတစ်ခု ရှိနေပြီဟု ဆိုလိုခြင်း မဟုတ်သည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မတို့ကို ပြသပေသည်။ အပြုအမူကောင်း အများစုသည် စိတ်အားထက်သန်မှု၏ ရလဒ်ဖြစ်သည်၊ ယင်းသည် အယူဝါဒနှင့် စည်းမျဉ်းများမှ ပေါက်ဖွား လာခြင်းဖြစ်သည်၊ သို့မဟုတ် ၎င်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခံရခြင်းမှ ပေါ်ပေါက်လာသည့် လက်တွေ့ လုပ်ဆောင်မှုတစ်ခု ဖြစ်သည်။ ယင်းမှာ ကျွန်မတို့က သမ္မာတရားကို နားလည် သဘောပေါက်သောကြောင့် မဟုတ်၊ ကျွန်မတို့ထံတွင် ဘုရားသခင်ကို သိကျွမ်းခြင်း ရှိသောကြောင့်မဟုတ်သကဲ့သို့ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့နှင့် ချစ်ဖို့ ကျွန်မတို့၏ ဆန္ဒမှ အလိုအလျောက် ထွက်ပေါ် လာသည့် လက်တွေ့လုပ်ဆောင်မှုတစ်ခု မဟုတ်ပေ။ ကျွန်မတို့သည် နှစ်ထောင်ပေါင်းများစွာ စာတန်၏ ဖောက်ပြန်ဖျက်ဆီး ခံထားရသည်၊ ကျွန်မတို့သည် မာနထောင်လွှားခြင်း၊ စိတ်ကြီးဝင်ခြင်း၊ တစ်ကိုယ်ကောင်း ဆန်ခြင်း၊ ယုတ်ညံ့ခြင်း၊ သစ္စာဖောက်ခြင်းနှင့် ကောက်ကျစ်ခြင်းစသည့် ဆိုးယုတ်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားပုံစံမျိုးစုံဖြင့် ပြည့်လျှံနေသည်။ ဤစိတ်သဘောထားများသည် မဖြေရှင်းသေးဘဲ ကျန်ရှိ နေပါက၊ ကျွန်မတို့သည် အချို့သော စည်းမျဉ်းများကို လိုက်နာကောင်း လိုက်နာနိုင်ပြီး၊ အပြင်ပန်းတွင် ဘာသာတရားကိုင်းရှိုင်း ပုံပေါက်နိုင် သော်လည်း၊ ဤသည်မှာ ကြာရှည်မခံသကဲ့သို့၊ မနှစ်မြို့စရာ ကောင်းသည့်အရာ တစ်စုံတစ်ခုကို ကျွန်မတို့ ကြုံတွေ့သည့်အခါတွင်၊ မိမိကိုယ်ကိုယ် အပြစ်လုပ်ခြင်းမှ မရပ်တန့်နိုင်ပေ။ ဥပမာအားဖြင့်၊ ကျွန်မတို့၏ မောက်မာပြီး စိတ်ကြီးဝင်သည့် ဆိုးယုတ်သော သဘာဝဖြင့် ထိန်းချုပ်ခံရလျက်၊ အခြားသူများက ကျွန်မတို့ကို လေးစားဂုဏ်ပြုစေဖို့ အမြဲတမ်း ကြိုးစားကာ၊ အခြားသူများက ကျွန်မတို့ ပြောသည့်အရာကို မလုပ်ဆောင်ပါက၊ ကျွန်မတို့ ဒေါသထွက်ပြီး၊ သူတို့ကို စတင် သြဝါဒချွေတော့သည်။ ကျွန်မတို့၏ တစ်ကိုယ်ကောင်းဆန်သည့် သဘာဝအားဖြင့် ညွှန်ကြားခံရလျက်၊ ကျွန်မတို့ လုပ်သမျှတိုင်းသည် ကျွန်မတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများ၏ အတုန့်အပြန်အားဖြင့် ဖြစ်သည်။ နေအိမ်တွင် အရာအားလုံး အဆင်ပြေချောမွေ့သည့်အချိန်တွင်၊ ကျွန်မတို့သည် ဘုရားသခင်အတွက် အမှုအရာများကို စွန့်လွှတ်လိုပြီး၊ အသုံးခံလိုကြကာ မည်သည့်အခက်အခဲကိုမဆို ကျွန်မတို့ သည်းခံနိုင် လေသည်။ သို့သော် ကံဆိုးမှု ရောက်လာသည့်အခါတွင်၊ ကျွန်မတို့ကို မကွယ်ကာခြင်းအတွက် ဘုရားသခင်ကို ကျွန်မတို့ အပြစ်တင်ကြသည်။ ကျွန်မတို့ စွန့်လွှတ်ခဲ့သည့်အရာကိုပင် စတင် နောင်တရကောင်း ရနိုင်ပြီး ဘုရားသခင်ကို သစ္စာဖောက်ဖို့ စဉ်းစားကောင်း စဉ်းစားနိုင်လေသည်။ တစ်ခါတစ်ရံတွင် ဘုရားသခင်၏ သွန်သင်ချက်များကို ရှင်းရှင်းလင်းလင်း ချိုးဖောက်သည့်၊ အသင်းတော်၏ အကျိုးစီးပွားကိုပင် ထိခိုက်စေသည့် အသင်းတော်ထဲမှ ညီအစ်ကိုမောင်နှမများ၏ လုပ်ရပ်များကို ကျွန်မတို့ စောင့်ကြည့်လေ့လာကြပြီး၊ ကျွန်မတို့က သူတို့ကို တစ်စုံတစ်ခု ပြောသင့်သည်။ သို့သော်လည်း “မိတ်ဆွေကောင်းများ၏အပြစ်များအပေါ် နှုတ်ဆိတ်နေ ပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှု ဖြစ်စေ၏” နှင့် “ပြဿနာနည်းလေ ပိုကောင်းလေ” တို့ကဲ့သို့သော အသက်ရှင်သန်ခြင်းအတွက် ဆိုးယုတ်သော ဒဿနများ၏ လွှမ်းမိုးခြင်းကို ခံရလျက်၊ သူတို့နှင့် ကျွန်မ၏ ပေါင်းသင်းဆက်ဆံရေးကို ထိန်းသိမ်းဖို့ အသင်းတော်၏ အကျိုးစီးပွားကို စတေးရန် လိုလားရင်း၊ ကျွန်မတို့ နှုတ်ဆိတ်နေကြသည်။ အခြားသော အရာများလည်း ကျန်ပါသေးသည်။ ကျွန်မတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများသည် မဖြေရှင်းဘဲကျန်နေပါက ကျွန်မတို့သည် သမ္မာတရားကို လက်တွေ့ မလုပ်ဆောင်နိုင်သကဲ့သို့၊ ဘုရားသခင်ကိုလည်း မနာခံနိုင်သည့်အပြင်၊ ကျွန်မတို့သည် ကိုယ်တော့်ကိုပင် ဆန့်ကျင်နိုင်သည်ကို ဤအရာက ပြနေသည်။ လွန်ခဲ့သည့် နှစ်နှစ်ထောင်က ဖာရိရှဲများကို ကြည့်ပါ။ အပြင်ပန်းတွင် သူတို့က မည်သည့်ဆိုးယုတ်မှုကိုမျှ ကျူးလွန်ပုံမပေါ်ခဲ့ပေ။ ၎င်းတို့သည် ဧဝံဂေလိတရားတော်ကို ဖြန့်ဝေရင်း ဝေးလံခေါင်သီသော နေရာများသို့ ခရီးသွားကြသည်၊ လူတို့အား သမ္မာကျမ်းစာကို မကြာခဏ အသေးစိတ်ရှင်းပြသည်၊ ပြီးလျှင် လူများ ပညတ်တော်ကို နာခံဖို့ သွန်သင်သည်။ သူတို့၏ အပြုအမူများစွာသည် ကောင်းမြတ်ကြ သော်လည်း၊ သခင်ယေရှု ပေါ်ထွန်းပြီး၊ သူ၏ အမှုတော်ကို စတင်သည့် အချိန်တွင်၊ ကိုယ်တော်သည် အပြင်ပန်းတွင် အလွန်ရိုးရှင်းပြီး သာမန်ဖြစ်ကာ၊ မေရှိယဟု မခေါ်ဝေါ်သောကြောင့်၊ ပြီးလျှင် ကိုယ်တော်နှင့် ပတ်သက်သမျှ အရာအားလုံးတို့သည် သူတို့ အယူအဆများနှင့် မကိုက်ညီသောကြောင့် သူတို့၏ မာနထောင်လွှားပြီး စိတ်ကြီးဝင်သော ဆိုးယုတ်သော စိတ်သဘောထားများ ဖော်ထုတ်ခံကြရသည်။ သူတို့သည် သခင်ယေရှုကို ပြောင်ပြောင်တင်းတင်း ရှုတ်ချပြီး၊ ပြစ်မှားစော်ကား ခဲ့ကြသည်၊ သခင်ယေရှု မိန့်တော်မူသည့် သတင်းစကားသည် သမ္မာတရား ဟုတ်မဟုတ်ဆိုသည်ကို အလေးဂရုမပြုကြပေ၊ ကိုယ်တော်က နိမိတ် လက္ခဏာများနှင့် အံ့ဖွယ်အမှုများစွာကို မည်မျှ ဆောင်ရွက်ပါစေ၊ ကိုယ်တော့်ကို သူတို့ အရေးမလုပ်ကြပေ၊ အဆုံးသတ်တွင် သူတို့က သခင်ယေရှုကို ကားစင်တင်ဖို့ ရောမအာဏာပိုင်များနှင့်ပင် လျှို့ဝှက် ပူးပေါင်း ကြံစည် ခဲ့ကြသည်။
ကျွန်မတို့၏ အပြင်ပန်း အမူအကျင့်များ၌ ပြောင်းလဲမှုများ ရှိကောင်း ရှိနိုင်သော်လည်း၊ ကျွန်မတို့၏ အတွင်းပိုင်း အသက်တာ စိတ်သဘောထားများ၌ ပြောင်းလဲမှု မရှိပါက၊ ကျွန်မတို့သည် ဆိုးယုတ်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ၏ စိုးမိုးမှုကို ခံရဦးမည်ဖြစ်ပြီး၊ အချိန်မရွေး အပြစ်ကျူးလွန်နိုင်ကာ၊ ဘုရားသခင်ကို အချိန်မရွေး ဆန့်ကျင်တတ်လိမ့်မည်ကို အထက်ပါအကြောင်းအရာက ပြသပေသည်။ ထိုသို့သော လူတို့သည်လည်း စစ်မှန်စွာ နောင်တမရသကဲ့သို့၊ အခြေခံအားဖြင့် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ဖို့ အရည်အချင်း မပြည့်မီပေ။ သမ္မာကျမ်းစာတွင် ပြောထားသည့်အတိုင်းပင် ဖြစ်သည်၊ “ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။” (ရှင်ယောဟန်ခရစ်ဝင် ၈:၃၃-၃၅)
စစ်မှန်သော နောင်တမှာ အဘယ်နည်း
သို့ပါက စစ်မှန်သော နောင်တမှာ အဘယ်နည်း။ သမ္မာကျမ်းစာက “အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါး အတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။” (ဗျာဒိတ်ကျမ်း ၂၂:၁၄) “ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်။” (ဝတ်ပြုရာကျမ်း ၁၁:၄၅-၄၆) ဟု မှတ်တမ်းတင်ထားသည်။ ဘုရားသခင်သည် သန့်ရှင်းသည်၊ သူသည် လူသား၏ အပြစ်များကို ရွံရှာမုန်းတီးသည်၊ ထို့ကြောင့် စစ်မှန်သော နောင်တရခြင်းအတွက် စံနှုန်းမှာ မာနထောင်လွှားခြင်း၊ စိတ်ကြီးဝင်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ ယုတ်ညံ့ခြင်း၊ သစ္စာဖောက်ခြင်း၊ နှင့် ကောက်ကျစ်ခြင်းတို့ကဲ့သို့သော လူတို့ထဲက မျိုးစုံသော ဆိုးယုတ်သည့် စိတ်သဘောထားများ သန့်ရှင်းသွားပြီး၊ ပြောင်းလဲသည့်အချိန်၊ ၎င်းတို့သည် မိမိတို့၏ ပတ်ဝန်းကျင် မည်သို့ပင် ဖြစ်စေကာမူ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး၊ အပြစ်ကို နောက်ထပ် မကျူးလွန်တော့သကဲ့သို့ ဘုရားသခင်ကို နောက်ထပ် မဆန့်ကျင်တော့ဘဲ၊ ဘုရားသခင်ကို အမှန်တကယ် နာခံကာ၊ ကြောက်ရွံ့ရိုသေပြီး၊ ဘုရားသခင်၏ ရယူခြင်းကို လုံးလုံးခံယူရသည့် အချိန်ဖြစ်သည်။ ထိုကဲ့သို့သော လူတို့သာလျှင် အမှန်တကယ် နောင်တရပြီးသူများ ဖြစ်လေသည်။
ကျွန်မတို့သည် သခင့်ကို ကျွန်မတို့၏ ယုံကြည်ခြင်းတွင် စစ်မှန်သည့် နောင်တကို အဘယ့်ကြောင့် မရရှိရသေးသနည်း
အချို့သောသူများက “ကျွန်တော်တို့က သခင့်ရဲ့ ရွေးနှုတ်ခြင်းကို လက်ခံခဲ့ပြီး၊ ကျွန်တော်တို့ရဲ့ အပြစ်တွေ ခွင့်လွှတ်တာခံရပြီးပေမယ့်၊ ဘာဖြစ်လို့ စစ်မှန်တဲ့ နောင်တကို ကျွန်တော်တို့ ရနိုင်စွမ်းမရှိရတာလဲ။” ဟု မေးကောင်းမေးနိုင်သည်။ ဤသည်မှာ အဓိကအားဖြင့် ကျေးဇူးတော် ခေတ်တွင်၊ သခင်ယေရှုသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြောင်းလဲသည့် အမှုတော် မဟုတ်သော ရွေးနှုတ်ခြင်း အမှုတော်ကို ဆောင်ရွက်ခဲ့သောကြောင့် ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များ နောက်ထပ် ကျမ်းပိုဒ်တစ်ခုကို ကျွန်မတို့ ဖတ်ကြပါစို့၊ “ယေရှုသည် လူသားအလယ်တွင် အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း၊ သူသည် လူသားမျိုးနွယ် အားလုံး၏ ရွေးနုတ်ခြင်းကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်လာခဲ့သည်။ သူသည် လူသားထံမှ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ ဆိုးယုတ်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား) ကျေးဇူးတော်ခေတ်တွင် သခင်ယေရှုသည် လူသားမျိုးနွယ်၏ ရွေးနှုတ်ခြင်း အမှုတော်ကိုသာ ဆောင်ရွက်တော်မူခဲ့ပြီး၊ ထိုအမှုတော်၏ ထိရောက်မှုသည် လူတို့ကို ဝန်ခံစေဖို့နှင့် နောင်တ ရစေဖို့တို့သာ ဖြစ်သည်ကို ဤအရာက ကျွန်မတို့ကို အသိပေးလေသည်။ ရွေးနှုတ်ခြင်း အမှုတော်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့်၊ သခင်ယေရှုသည် နောင်တရခြင်း နည်းလမ်းကို ပြောကြားခဲ့သည်၊ မိမိတို့၏ အပြစ်များကို မည်သို့ ဝန်ခံပြီး နောင်တရရမည်၊ ကားတိုင်ကို ထမ်းပြီး၊ သခင့်နောက် မည်သို့လိုက်ရမည်ဆိုသည်တို့ကို ကိုယ်တော်က လူတို့အား သွန်သင်တော် မူခဲ့သည်။ ထို့ကြောင့်၊ သူတို့သည် အခြားသူများကို ကိုယ်နှင့်အမျှ ချစ်ရမည်၊ နှိမ့်ချရမည်၊ စိတ်ရှည်ပြီး သည်းခံရမည်ဖြစ်ကာ လူတို့ကို ခုနှစ်ဆယ့် ခုနှစ်ကြိမ် ခွင့်လွှတ်ရမည် စသည်တို့လည်း ဖြစ်သည်။ ဤအရာများ အားလုံးသည် ထိုအချိန်က လူတို့၏ ဝိညာဉ်အသက်တာကို အခြေခံ၍လူသားကို ပြုလုပ်ထားသော သတ်မှတ်ချက်များအားလုံး ဖြစ်သည်။ လူတို့ အပြစ်ကျူးလွန်သည့်အချိန်တွင်၊ ၎င်းတို့သည် မိမိတို့၏ အပြစ်များကို ဝန်ခံပြီး နောင်တရဖို့ သခင်ယေရှု၏ ရှေ့မှောက်သို့ လာခဲ့ကြသည်၊ ၎င်းတို့၏ အပြစ်များခွင့်လွှတ်ခံရပြီး၊ ၎င်းတို့သည် ဘုရားသခင်၏ ရှေ့မှောက်သို့ လာရောက်ဖို့နှင့် ဘုရားသခင်ကို ဆက်လက်ကိုးကွယ်ဖို့ အခွင့်ရကြလေသည်။ သခင်ယေရှု ဖော်ပြခဲ့သည့် အရာအားလုံးသည် ထိုအချိန်က လူတို့ နားလည်နိုင်သည့် သမ္မာတရားများဖြစ်သည်။ သို့သော် ဤအရာတွင် လူတို့၏ စိတ်သဘောထားများကို ပြောင်းလဲခြင်း မပါဝင်သောကြောင့်၊ ကျွန်မတို့သည် သမ္မာကျမ်းစာကို မည်မျှ ဖတ်ရှုပါစေ၊ ကျွန်မတို့၏ အပြစ်များကို မည်သို့ ဝန်ခံပြီး၊ နောင်တရပါစေ၊ သို့မဟုတ် ကျွန်မတို့ မိမိကိုယ်ကိုယ် မည်သို့ အနိုင်ရပါစေ၊ ကျွန်မတို့သည် မိမိကိုယ်ကိုယ် အပြစ်မှ ဖယ်ရှားခြင်းနှင့် စစ်မှန်သော နောင်တကို ရရှိခြင်းငှာ မတတ်နိုင်ကြပေ။
စစ်မှန်သော နောင်တကို မည်သို့ စွမ်းဆောင်ရရှိပုံ
ထို့ကြောင့် ကျွန်မတို့သည် စစ်မှန်သော နောင်တကို မည်သို့ ရရှိနိုင်သနည်း။ သခင်ယေရှုက ပရောဖက်ပြုခဲ့သည်၊ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃). “ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအား အပြစ် စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကားပင် နောက်ဆုံးသောနေ့၌ ထိုသူအား အပြစ်စီရင်လိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၈) “ကိုယ်တော်၏ သမ္မာတရား အားဖြင့် သူတို့ကို သန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏ နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏။” (ရှင်ယောဟန်ခရစ်ဝင် ၁၇:၁၇) ထိုအချိန်က လူတို့၏ ဝိညာဉ်အသက်တာသည် အလွန် နိမ့်ကျသောကြောင့်၊ ကျေးဇူးတော်ခေတ် အတွင်းတွင် သခင်ယေရှုသည် သမ္မာတရား များစွာကို မဖော်ပြခဲ့သကဲ့သို့၊ ကျွန်မတို့၏ ဆိုးယုတ်သော သဘာဝများကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုလည်း မပေးခဲ့ကြောင်းကို ဤနှုတ်ကပတ်တော်များက ကျွန်မတို့ကို ပြပါသည်။ ထိုသို့ဖြင့် ကိုယ်တော်သည် ပြန်ကြွလာမည်ဖြစ်ကြောင်း၊ ပို၍များပြီး ပို၍ မြင့်မားသော သမ္မာတရားများကို ဖော်ပြမည် ဖြစ်ကြောင်း နှင့် လူသားကို တရားစီရင်ခြင်း နှင့် သန့်စင်ခြင်း အမှုတော်ကို ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထိုသို့အားဖြင့် ကျွန်မတို့ကို မိမိကိုယ်ကိုယ် အပြစ်၏ အချုပ်အနှောင်များမှ လုံးလုံး လွတ်မြောက်ခွင့်ပေးပြီး၊ သန့်စင်ခံရကာ၊ ပြောင်းလဲစေသည်၊ ပြီးလျှင် ကိုယ်တော်ပြန်ကြွလာရာတွင် တရားစီရင်ခြင်းနှင့် သန့်စင်စေခြင်း အမှုတော်ကို လက်ခံခြင်းအားဖြင့်သာလျှင် စစ်မှန်သော နောင်တကို ကျွန်မတို့ ရနိုင်ကြောင်းတို့ကို သခင်က ပရောဖက်ပြုခဲ့သည်။
ယနေ့ခေတ်တွင် သခင်ယေရှု ပြန်ကြွလာပြီဖြစ်သည်။ ကိုယ်တော်သည် လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်လေသည်။ သခင်ယေရှု၏ ရွေးနှုတ်ခြင်း အမှုတော်၏ အခြေခံအုတ်မြစ်ပေါ်တွင် အနန္တတန်ခိုးရှင် ဘုရားသခင်သည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည့် တရားစီရင်ခြင်း အမှုတော်ကို ဆောင်ရွက်တော်မူပြီးဖြစ်သည်၊ လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက် လိုအပ်သော သမ္မာတရားများအားလုံးကို ဖော်ပြပြီး ဖြစ်ကာ၊ သူ၏ နောက်ဆုံးသောကာလ ကယ်တင်ခြင်းကို လက်ခံ သူများအား တရားစီရင်ဖို့၊ သန့်စင်ဖို့ နှင့် စုံလင်စေဖို့ ကြွလာပြီးဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းများကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ထိန်းချုပ်ခံရနိုင်ပြီး၊ ဘုရားသခင်ထံ ကျိုးနွံနာခံခြင်းအဖြစ်သို့ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံးခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)
အနန္တတန်ခိုးရှင် ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် သမ္မာတရားကို ဖော်ပြပြီး၊ လူသားကို တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းအမှုတော်ကို ဆောင်ရွက်သည့် အချိန်တွင်၊ ကိုယ်တော်က နောင်တရခြင်းကို လက်တွေ့လုပ်ဆောင်ဖို့ အချို့သော နည်းလမ်း သက်သက်ကို ကျွန်မတို့ကို မပြောပြဘဲ၊ တရားစီရင်ခြင်း နှုတ်ကပတ်တော်များကို ဖော်ပြသည်၊ ဘုရားသခင်ကို မနာခံသလို ဆန့်ကျင်သည့် ကျွန်မတို့၏ သဘာဝနှင့် အနှစ်သာရ၊ ကျွန်မတို့၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ပတ်သက်သည့် သမ္မာတရားတို့ကို ဖော်ထုတ် ပါသည်။ ကိုယ်တော်သည် ကျွန်မတို့အား မည်သို့ရိုးသားရမည်၊ ဘုရားသခင်ကို မည်သို့နာခံရမည်၊ မည်သို့ ချစ်ရမည် စသည့် သမ္မာတရားအမျိုးမျိုးကို ပေးအပ်လေသည်၊ ထိုသို့အားဖြင့် ကျွန်မတို့ပေါ် ကျရောက်လာသည့် အမှုအရာ ခပ်သိမ်းတွင် လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခုကို ကျွန်မတို့အား ပေးအပ်လေသည်။ ဘုရား နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းကို တွေ့ကြုံခံစားခြင်းမှတစ်ဆင့် ကျွန်မတို့သည် စာတန်၏ ဖောက်ပြန်ဖျက်ဆီးခြင်းကို မည်မျှ နက်နဲစွာ ခံထားရကြောင်းနှင့် ကျွန်မတို့၏ သဘာဝနှင့် အနှစ်သာရများသည် မာနထောင်လွှားခြင်း၊ မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု မှတ်ယူခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ ယုတ်ညံ့ခြင်း၊ သစ္စာဖောက်ခြင်း၊ ကောက်ကျစ်ခြင်းတည်းဟူသော ဆိုးယုတ်သည့် စိတ်သဘောထားများဖြင့် ပြည့်လျှံနေကြောင်းတို့ကို ကျွန်မတို့ တဖြည်းဖြည်းချင်း မြင်လာသည်။ ဤအရာများဖြင့် အသက်ရှင်နေထိုင်ခြင်းအားဖြင့် ကျွန်မတို့ အသက်ရှင် နေထိုင်သည့်အရာတွင် လူသားဆန်မှု တစ်စက်မျ မရှိဘဲ၊ အခြားသူများအဖို့ ကျွန်မတို့သည် စက်ဆုပ်ရွံရှာဖွယ် ဖြစ်သည့်အပြင်၊ ဘုရားသခင် အဖို့လည်း ရွံရှာဖွယ်ရာနှင့် မုန်းတီးဖွယ်ရာဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းအလယ်တွင်၊ ကျွန်မတို့သည် ယုတ်ညံ့ပြီး ဆိုးယုတ် ကြောင်း၊ ဘုရားသခင်၏ ရှေ့မှောက်တွင် အသက်ရှင်သန်ဖို့ မထိုက်တန် ကြောင်းတို့ကို ကျွန်မတို့ တွေ့မြင်ရသည်၊ ထို့နောက်မှသာလျှင် ကျွန်မတို့က မိမိတို့၏ အပြစ်များကို စတင်ရွံရှာပြီး၊ နောင်တရဖို့ ဆန္ဒရှိလာသည်။ တစ်ချိန်တည်းတွင်၊ မည်သည့် ပြစ်မှားစော်ကားခြင်း ကိုမျှ သည်းမခံသည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ကျွန်မတို့ သိလာသကဲ့သို့၊ ကျွန်မတို့က သမ္မာတရားကို လက်တွေ့ မလုပ်ဆောင် ပါက၊ ဘုရားသခင်၏ ရွံရှာခြင်းနှင့် မုန်းတီးခြင်းကို သေချာပေါက် ခံရလိမ့်မည် ဖြစ်သည်ကို ကျွန်မတို့ မြင်လာသည်။ သို့မှသာလျှင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းသည် ကျွန်မတို့ထဲတွင် ပေါက်ဖွားလာသည်၊ ဇာတိပကတိကို စတင်စွန့်လွှတ်ပြီး သမ္မာတရားကို လက်တွေ့ လုပ်ဆောင်သည်၊ ဘုရားသခင်ကို နာခံခြင်းနှင့် ပတ်သက်သည့် လက်တွေ့အရှိတရား တစ်ချို့ကို တဖြည်းဖြည်းချင်း ကျွန်မတို့ ရရှိလာပြီး ကျွန်မတို့သည် ဘုရားသခင်ကို နောက်ထပ် ပုန်ကန်ခြင်း နှင့် ဆန့်ကျင်ခြင်း မရှိတော့ပါ။
ဘုရားသခင်၏ တရားစီရင်ခြင်း နှင့် ပြစ်တင်ဆုံးမခြင်းကို တွေ့ကြုံခံစားရလျက်၊ ကျွန်မတို့သည် အပြစ်မှ အပြည့်အဝ လွတ်မြောက်ပြီး၊ ကျွန်မတို့၏ ဆိုးယုတ်သော သဘာဝများဖြင့် နောက်ထပ် ချုပ်နှောင် မခံရတော့ဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ဖို့၊ ဘုရားသခင်ကို နာခံပြီး ကိုးကွယ်ဖို့တို့ကို လွတ်လပ်စွာ လက်တွေ့ လုပ်ဆောင်ကြသည်။ ထို့နောက်မှသာလျှင် ကျွန်မတို့က စစ်မှန်စွာ နောင်တရပြီး၊ ပြောင်းလဲသည်ဟု ပြောနိုင်သည်၊ ထို့နောက်မှသာလျှင် ကျွန်မတို့သည် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ဖို့ အခွင့်ရှိကြသည်။ ရှင်းလင်းစွာပင်၊ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်ကို လက်ခံခြင်းသည် စစ်မှန်သော နောင်တနှင့် ပြောင်းလဲမှုတို့ကို စွမ်းဆောင်ရရှိဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ဤအချက်တွင် မိတ်ဆွေသည် စစ်မှန်သည့် နောင်တလမ်းကို ယခု စတင်တွေ့မြင်ပြီဟု ကျွန်မ ယုံကြည်ပါသည်- ထို့ကြောင့် ယခု ကျွန်မတို့ မည်သည့် ရွေးချယ်မှုများ ပြုလုပ်သင့်သနည်း။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။