Myanmar Christian Movie Trailer | မီးဖြင့် ဗတ္တိဇံ ခံယူခြင်း | The Only Way to the Kingdom of Heaven
11.12.2020
သခင်ယေရှုက "သခင်၊ သခင်ဟု ငါ့ကို လျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်" (ရှင်မဿဲ ၇:၂၁) ဟု မိန့်တော်မူခဲ့သည်။ ဘုရားသခင်က ကျွနု်ပ်တို့ကို ကောင်းကင်နိုင်ငံထဲသို့ ခေါ်ဆောင်ဖို့ရန်အလို့ငှာ၊ ကောင်းကင်ဘုံ၌ရှိသော ခမည်းတော်၏ အလိုကို လုပ်ဆောင်၍၊ ဘုရားသခင်ကို နာခံသောလူများ ဖြစ်လာဖို့ရန်၊ ကျွနု်ပ်တို့ မည်သို့ လိုက်စားသင့်သနည်း။ ခရစ်ယာန်တစ်ယောက်ဖြစ်သော စုန်အန်းဇီသည် ဘုရားသခင်ကို ယုံကြည်ပြီး၊ ဧဝံဂေလိတရား ဟောသောကြောင့်၊ တရုတ်ကွန်မြူနစ်ပါတီ၏ ဖမ်းဆီးခြင်း ခံရကာ၊ ထောင် ခုနှစ်နှစ် ကျခံခဲ့ရ၏။ သူ ထောင်က လွတ်ပြီးနောက်၊ ဧဝံဂေလိတရား ဖြန့်ဝေခြင်းအားဖြင့် ဘုရားသခင်အတွက် ဆက်လက်အသုံးတော်ခံခြင်းကို မလျှော့တမ်း လုပ်ဆောင်ခဲ့သည်။ သူ၏အိမ်နှင့် အလုပ်ကို စွန့်လွှတ်ခြင်း၊ အားထုတ်ကြိုးပမ်းခြင်းနှင့် အလုပ်လုပ်ခြင်းတို့အားဖြင့်၊ သူသည် ဘုရားသခင်၏အလိုကို လုပ်ဆောင်နေခြင်းဖြစ်ကာ၊ ဘုရားသခင်၏ လက်ခံမှုကို ရရန် သေချာသည့်အပြင်၊ ကောင်းကင်နိုင်ငံတော်ဆီသို့ ဘုရားသခင်အားဖြင့် ခေါ်ဆောင်ခံရလိမ့်မည်ဟု သူက ထင်သည်။ နောက်ပိုင်းတွင် စုန်အန်းဇီ၏ သားမှာ အလွန်အမင်း နာမကျန်းဖြစ်၍၊ အသက်အန္တရာယ်ပါ စိုးရိမ်လာရ၏။ ယင်းကြောင့် စုန်အန်းဇီသည် ဘုရားသခင်အပေါ် အာဃာတဖြစ်ကာ၊ ဘုရားသခင်နှင့် ငြင်းခုံရန် ကြိုးစားလာပြီး၊ သူ၏တာဝန်များကို လုပ်ဆောင်ရန်ဆန္ဒပင် မရှိတော့ချေ။ သို့သော် သူ၏အခြေအနေနှင့် ဘုရားနှုတ်ကပတ်တော်ထဲမှ ထုတ်ဖော်ပြမှုများကြောင့် စုန်အန်းဇီတစ်ယောက် မြင်လာရသည်များ ရှိ၏။ ဘုရားသခင်အတွက် သူ၏ နှစ်ပေါင်းများစွာ စွန့်လွှတ်ခြင်း၊ အသုံးခံခြင်းတို့သည် ပင်ကိုအားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးများအတွက် ဖလှယ်ရန် ကြိုးပမ်းမှုသာ ဖြစ်ကြောင်း၊ သူသည် ဘုရားသခင်ကို နာခံသောသူ မဟုတ်ကြောင်းတို့ကို နားလည်လာလေသည်။ နောက်ဆုံးတွင်မူ သူ၏ အကျင့်ပျက် စိတ်သဘောထားတို့မှ လွတ်မြောက်ရန်၊ ဘုရားသခင်ကို အမှန်တကယ် နာခံလာရန်နှင့် ဘုရားသခင်အားဖြင့် ကယ်တင်ခံရရန်၊ မည်သို့ လိုက်စားရမည်ကို ရှာဖွေခြင်းမှတစ်ဆင့် သိရှိသွားတော့သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ