သခင်၏ လက်ခံမှုကို ရရှိရန် ဆုတောင်းနည်းအတွက် အခြေခံသဘောတရား ၃ ခု

02.01.2022

ကျန်းလျန်းမှ ရေးသားသည်

ခရစ်ယာန်များအနေနှင့် ဆုတောင်းခြင်းသည် ကျွန်ုပ်တို့၏ နေ့စဉ်အသက်တာများ၏ မရှိမဖြစ် လိုအပ်သော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ရန် တိုက်ရိုက် အကျဆုံးနည်းလမ်းဖြစ်သည်။ ကျွန်ုပ်တို့ အားလုံးသည် ကျွန်ုပ်တို့၏ဆုတောင်းချက်များကို သခင် ဘုရားကြားနိုင်မည်ဟု မျှော်လင့်သော်လည်း၊ မကြာခဏဆိုသလို ဘုရားသခင်၏တုံ့ပြန်မှုကို မရရှိ သို့မဟုတ် သူ၏မျက်မှောက်တော်ကို မခံစားကြရဘဲ ကျွန်ုပ်တို့အား မည်သည့်အရာ လုပ်ဆောင်ရမည်မှန်းမသိ ဖြစ်စေသည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့် ကျွန်ုပ်တို့၏ ဆုတောင်းချက်များကို ဘုရားသခင် နားထောင်မနေသနည်း။ မည်သည့် ဆုတောင်းချက်မျိုးသည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီပါသနည်း။ ယနေ့ ဤအရာနှင့်ပတ်သက်၍ မိတ်သဟာယပြုကြပါစို့၊ ဤပြဿနာသုံးခုကို ဖြေရှင်းခြင်းအားဖြင့် ကျွန်ုပ်တို့၏ ဆုတောင်းချက်များကို ဘုရားသခင် ကြားရနိုင်သည်။

၁။ ဆုတောင်းခြင်းတွင် သင်သည် ဘုရားသခင်ကို စိတ်ချယုံကြည်လျက် သင်၏ စစ်မှန်သော အတွေးများကို သူ့အား ပွင့်ပွင့်လင်းလင်း ပြောဆိုပါသလား။

အချိန်အများစုတွင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ဆုတောင်းချက်၏ ကြာချိန် သို့မဟုတ် ကျွန်ုပ်တို့၏ စကားအသုံးအနှုန်းကဲ့သို့သော အသေးစိတ် အချက်အလက်များကို အာရုံစိုက်ကြသည်၊ သို့မဟုတ် သာယာနာပျော်ဖွယ်ကောင်းသော စကားများဖြင့် ဘုရားသခင်ထံ ကျွန်ုပ်တို့၏ စိတ်ခိုင်မာမှုကို ပြသရန်ပင် ကြိုးစားကြသော်လည်း ဘုရားသခင်ထံ ကျွန်ုပ်တို့၏စိတ်နှလုံးကို အမှန်တကယ် ဖွင့်ဟခဲလှပေသည်။ ဥပမာအားဖြင့်၊ ကျွန်ုပ်တို့ အများအားဖြင့် ပြောကြသည်- “ဘုရားသခင်၊ ကိုယ်တော်ကို ကျွန်ုပ် ချစ်ပါမည်၊ ကိုယ်တော်အတွက် မိမိကိုယ်ကိုယ် အသုံးခံပြီး မည်မျှကြီးမားသည့် အန္တရာယ်များနှင့် အခက်အခဲများ ကျွန်ုပ် ကြုံရပါစေ၊ ကျွန်ုပ် လက်လျှော့မည် မဟုတ်ပါ။ ကျွန်ုပ်၏ တစ်သက်လုံး ကိုယ်တော့်နောက် လိုက်ပါမည်။” သို့မဟုတ် “ဘုရားသခင်၊ ကိုယ်တော်၏ စကားများသည် ကျွန်ုပ်၏ ရှေ့က မီးခွက်၊ ကျွန်ုပ်လမ်းကြောင်းပေါ်က အလင်းဖြစ်ပါ၏၊ ကျွန်ုပ် လုပ်ဆောင်သမျှ အရာရာတိုင်းတွင် ကိုယ်တော်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ် စောင့်ထိန်းလိုက်နာပြီး ကိုယ်တော်၏ အလိုတော်ကို ဖြည့်ဆည်းပါမည်။” ဟူ၍ ဖြစ်သည်။ သို့သော်၊ အခက်အခဲများနှင့် ဆုတ်ဆိုင်းမှုများဖြင့် တွေ့ရသည့်အခါ၊ သို့မဟုတ် အိမ်တွင် အခက်အခဲများ ဖြစ်ပေါ်သည့်အခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ မကြာခဏ လက်တွေ့မလုပ်ဆောင်နိုင်ကြသကဲ့သို့၊ သူ၏ စိတ်ဆန္ဒများကို ဖြည့်ဆည်းဖို့ အလိုဆန္ဒ ကင်းမဲ့ကြသည်။ ဘုရားသခင်ကို ကျွန်ုပ်တို့ အထင်ပင်လွဲကြသည်၊ ဘုရားသခင်နှင့်ပတ်သက်၍ ညည်းညူကြသည်၊ စိတ်ဓာတ်ကျလာကာ သစ္စာဖောက်ပြီး သူနှင့် ဝေးရာသို့ ထွက်သွားကြသည်။ လက်တွေ့ကျသော အခြေအနေများတွင် ကျွန်ုပ်တို့ ဤအတိုင်း ပြုမူနေခြင်းသည် ဘုရားသခင်ထံသို့ ကျွန်ုပ်တို့၏ ဆုတောင်းချက်များတွင် စစ်မှန်ရိုးသားမှုမရှိဘဲ၊ ထိုအစား ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ ကြိုးပမ်းရာတွင် ကြီးကြီးကျယ်ကျယ် ပြောနေပြီး၊ အနှစ်မဲ့၊ နားကြားကောင်းသည့် စကားများကို လေရှည်နေကြခြင်းအား သက်သေပြပေသည်။ ယင်းမှာ အခြားသူများက ကျွန်ုပ်တို့အား အထင်ကြီးကြစေဖို့၊ ဘုရားသခင်ကို ကျွန်ုပ်တို့ချစ်ပြီး သူ့ကို သစ္စာစောင့်ကြောင်း ဘုရားနှင့် အခြားသူတို့ မြင်စေဖို့ ဖြစ်သော်လည်း၊ အမှန်တွင်၊ ကျွန်ုပ်တို့၏ ဆုတောင်းချက်များမှာ သူတော်ကောင်းယောင်ဆောင်ခြင်းနှင့် လှည့်စားမှုတို့ဖြင့် ပြည့်လေသည်။ ယင်းတို့သည် အနှစ်သာရအားဖြင့်၊ ဘုရားသခင်ကို အရူးလုပ်ကာ လှည့်စားဖို့ ကြိုးပမ်းခြင်းတစ်ခု ဖြစ်သည်။ ထိုသို့သော ဆုတောင်းချက်မျိုးကို ဘုရားသခင် နားညောင်းဖို့ အဘယ်သို့ ကျွန်ုပ်တို့ မျှော်လင့်နိုင်ရသနည်း။ တစ်ခါတွင် ယေရှုက ဤပုံဥပမာကို ပြောပြခဲ့သည်- “လူနှစ်ယောက်တို့သည် ဆုတောင်းပဌနာပြုခြင်းငှါ ဗိမာန်တော်ပေါ်သို့ တက်ကြ၏။ တယောက်ကား ဖာရိရှဲဖြစ်၏။ တယောက်ကား အခွန်ခံဖြစ်၏။ ဖာရိရှဲသည် တယောက်တည်းရပ်လျက်၊ အိုဘုရားသခင်၊ သူတပါးတို့သည် အနိုင်အထက်လုယူခြင်း၊ မတရားသဖြင့်ကျင့်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်းအပြစ်ရှိသကဲ့သို့ အကျွန်ုပ်၌မရှိသည်သာမက၊ ဤအခွန်ခံကဲ့သို့ ပင် မဟုတ်သောကြောင့် ကျေးဇူးတော်ကြီးလှပေ၏။ အကျွန်ုပ်သည် ခုနှစ်ရက်တွင် နှစ်ရက်အစာရှောင်ပါ၏။ ဥစ္စာရှိသမျှတို့ကို ဆယ်ဘို့တဘို့ လှူပါ၏ဟူ ၍ ဆုတောင်းပဌနာပြု၏။ အခွန်ခံမူကား၊ အဝေးကရပ်၍ ကောင်းကင်သို့မမျှော်မကြည့်ဝံ့ဘဲ ရင်ပတ်ကိုခက်လျက်၊ အို ဘုရားသခင်၊ အပြစ်များသော အကျွန်ုပ်ကို သနားခြင်းကရုဏာစိတ် ရှိတော်မူပါဟုဆုတောင်းလေ၏။ ငါဆိုသည်ကား၊ ထိုသူသည် အပြစ်ပြေလျက် မိမိအိမ်သို့ပြန်သွား၏။ ဖာရိရှဲမူကား အပြစ်မပြေ။ အကြောင်းမူကား၊ ကိုယ်ကိုကိုယ် ချီးမြှောက်သောသူ မည်သည်ကား၊ နှိမ့်ချခြင်းသို့ရောက်လတံ့။ ကိုယ်ကိုကိုယ် နှိမ့်ချသောသူမည်သည်ကား၊ ချီးမြှောက်ခြင်းသို့ရောက်လတံ့ဟု မိန့်တော်မူ၏။(ရှင်လုကာခရစ်ဝင် ၁၈:၁၀-၁၄) ဖာရိရှဲသည် အပြင်ပန်းအားဖြင့် မိမိ၏ အပြစ်များကို သတိမပြုဘဲ၊ သူ၏ ထင်သာမြင်သာရှိသည့် အပြုအမူကောင်းများနှင့်ဆိုင်သည့် အကြောင်းပြချက်အရ မိမိကိုယ်ကိုယ် ပြစားဝင့်ဝါလျက် မာနထောင်လွှားသည့်ပုံစံဖြင့် ဆုတောင်းခဲ့သည်ကို မြင်ရန် မခဲယဉ်းပေ။ သူသည် အခွန်ခံသူ (အခွန်ခံ)ကို သေးသိမ်စေလျက်ရှိစဉ်တွင် ဘုရားသခင်အား ဘုရားသခင်အား နားကြားကောင်းသည့်အရာများ ပြောလျက်၊ ဘုရားသခင်ရှေ့မှောက်တွင် မိမိကိုယ်ကိုယ် ပြသလျက်၊ ဘုရားသခင်အပေါ် သူ၏ သစ္စာစောင့်သိမှုကို ကိုယ်ကျိုးရှာစွာ ကြွားလုံးထုတ်နေခဲ့သည်။ ထိုသို့သော သူတော်ကောင်း အယောင်ဆောင် ဆုတောင်းချက်ကို ဘုရားသခင်က ဘယ်သောအခါမှ ချီးကျူးနိုင်မည်မဟုတ်ပေ။ အခွန်ခံ၏ ဆုတောင်းချက်သည် သူ၏အပြစ်များကို ဘုရားသခင်ထံ ပွင့်ပွင့်လင်းလင်းဝန်ခံရင်း၊ သူသည် အပြစ်သားဖြစ်ကြောင်း အသိအမှတ်ပြုကာ နောင်တရကြောင်း ဖော်ပြလျက် စစ်မှန်ခဲ့သည်။ သူသည် ဘုရားသခင်ထံ နောင်တရလိုစိတ်ကိုလည်း ပြသခဲ့ပြီး ဘုရားသခင်၏ ကရုဏာတော်ကို တောင်းလျှောက်ခဲ့သည်။ ယင်းတွင် စစ်မှန်ရိုးသားမှုကိုမြင်လျက်၊ ယေရှုသည် အခွန်ခံ၏ ဆုတောင်းချက်ကို ချီးကျူးခဲ့သည်။

ဘုရားသခင်ကို ကပ်ပါးရပ်ပါးလုပ်ဖို့ သို့မဟုတ် သူ့ကို လှည့်စားဖို့ ကြွားဝါခြင်း၊ အချည်းနှီးသော စကားလုံးများ သို့မဟုတ် နားကြားကောင်းသော စကားလုံးများ အသုံးပြုခြင်းကို ဘုရားသခင် စက်ဆုပ်ရွံရှာကြောင်း ယေရှု၏ပုံဥပမာက ကျွန်ုပ်တို့အား ပြောပြသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား စိတ်နှလုံးကို ဖွင့်ချကာ ကျွန်ုပ်တို့၏ တကယ့် အတွေးအမြင်များကို ပြောဆိုစေလိုသည်၊ အမှန်တရားကို ပြောဆိုစေလိုသည်၊ ဘုရားသခင်ကို စိတ်ရင်းမှန်ဖြင့် ဆက်သွယ်ပြောဆိုစေလိုပေသည်။ သခင်ယေရှု ပြောခဲ့သည်မှာ- “ကိုးကွယ်သောသူမှန်သမျှတို့သည် ခမည်းတော်ကို နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာတရားနှင့်လည်းကောင်း၊ ကိုးကွယ်ရမည့် အချိန်ကာလသည်လာ၍ ယခုပင်ရောက်လျက်ရှိ၏။ အကြောင်းမူကား၊ ထိုသို့ကိုးကွယ်သောသူတို့ကို ခမည်းတော်သည် အလိုရှိတော်မူ၏။ ဘုရားသခင်သည် နံဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည်၊ နံဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ကိုးကွယ်ရမည်။(ရှင်ယောဟန်ခရစ်ဝင် ၄:၂၃-၂၄) ဘုရားသခင်က ပြောသည်- “လူကို ဘုရားသခင် တောင်းဆိုသည့် အနိမ့်ဆုံးစံနှုန်းမှာ လူသားသည် မိမိ၏ စိတ်နှလုံးကို သူ့အား ဖွင့်ပြနိုင်ဖို့ ဖြစ်သည်။ လူသားသည် သူ၏ စစ်မှန်သည့် နှလုံးသားကို ဘုရားသခင်အား ပေးပြီး သူ့နှလုံးသားထဲတွင် ဧကန်အမှန် ရှိသည့် အရာကို ဘုရားသခင်အား ပြောပါက၊ ဘုရားသခင်သည် သူ့အထဲတွင် လုပ်ဆောင်ရန် လိုလိုလားလား ရှိပေသည်။ ဘုရားသခင် ဆန္ဒရှိသည့်အရာမှာ လူသား၏ ဖောက်ပြန်သော နှလုံးသား မဟုတ်ဘဲ၊ ဖြူစင်ပြီး ရိုးသားသည့် နှလုံးသားဖြစ်သည်။ လူသားသည် ဘုရားသခင်ကို မိမိ၏စိတ်နှလုံးမှ စကားမပြောပါက၊ ဘုရားသခင်သည် သူ၏ စိတ်နှလုံးကို တို့ထိလိမ့်မည် မဟုတ်၊ သို့မဟုတ် သူ့အထဲတွင် လုပ်ဆောင်လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ဆုတောင်းခြင်း၏ အခရာမှာ ဘုရားသခင်ကို သင်၏ စိတ်နှလုံးမှ စကားပြောခြင်း၊ သင်၏ အားနည်းချက်များ သို့မဟုတ် ပုန်ကန်တတ်သည့် စိတ်သဘောထားကို သူ့အားပြောပြခြင်း၊ သူ၏ရှေ့မှောက်တွင် မိမိကိုယ်ကိုယ် လုံးဝ ဖွင့်ပြခြင်းတို့ ဖြစ်သည်။ ထိုအခါမှသာ ဘုရားသခင်က သင်၏ ဆုတောင်းချက်များကို စိတ်ဝင်စားမည်ဖြစ်သည်၊ သို့မဟုတ်ပါက သူ၏မျက်နှာကို သင့်ထံမှ ဖုံးကွယ်လိမ့်မည်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဆုတောင်းခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍) ကျွန်ုပ်တို့အနေဖြင့် ဘုရားသခင်နှင့်ပတ်သက်၍ ပွင့်လင်းကာ စစ်မှန်ရိုးသားရမည်၊ ကျွန်ုပ်တို့၏ အတွင်းကျကျ အတွေးများနှင့် အမှန်တရားကို သူ့အား ပြောပြရမည်၊ ဘုရားသခင်အား ကျွန်ုပ်တို့၏ စစ်မှန်သော အခြေအနေနှင့် ဒုက္ခများကို ပြောပြကာ ဘုရားသခင်၏ လမ်းပြမှု ရှာရမည်ဖြစ်သည်ကို ဤအရာမှ မြင်နိုင်ပေသည်။ သို့မှသာ ကျွန်ုပ်တို့၏ ဆုတောင်းချက်များကို ဘုရားသခင်ကြားပေလိမ့်မည်။ ကျွန်ုပ်တို့ဆုတောင်းသောအခါ၊ ကျွန်ုပ်တို့၏ဘ၀တွင် ရင်ဆိုင်ရသော အခက်အခဲများနှင့် ဆင်းရဲဒုက္ခကို ဘုရားသခင်အား ကျွန်ုပ်တို့ ပြောပြနိုင်ပြီး ဘုရားသခင်၏ အလိုတော်ကို ရှာနိုင်သည်။ သို့မဟုတ် ကျွန်ုပ်တို့သည် ဘုရားသခင်၏ ရှေ့မှောက်သို့လာကာ ကျွန်ုပ်တို့၏ လွန်ကျူးမှုများ သို့မဟုတ် ကျွန်ုပ်တို့ နေ့စဉ် ထုတ်ဖော်ပြသည့် မည်သည့် ဖောက်ပြန်ပျက်စီးမှုကိုမဆို သူ့အား ဖွင့်ပြောနိုင်ပေသည်။ ဤအရာသည် ကိစ္စရပ်တိုင်းတွင် စိတ်ရင်းမှန်ဖြင့် ဘုရားသခင်နှင့် အပြန်အလှန်ဆွေးနွေးခြင်း ဖြစ်သည်။ မကြာခဏ လောကကို ကျွန်ုပ်တို့ အရူးအမူး စွဲလမ်းလာကာ လူမှုအဖွဲ့အစည်း၏ ခေတ်ရေစီးကြောင်းများနောက်လိုက်ဖို့ တမ်းတလာသည့်အခါ၊ လောကီ ကာမဂုဏ်များကို စွဲလမ်းလာပြီး ဘုရားသခင်၏ ရှေ့မှောက်တွင် မိမိတို့ စိတ်ကို မအေးချမ်းစေနိုင်သည့်အခါ၊ ဘုရားသခင်ထံ ကျွန်ုပ်တို့ ဆုတောင်းနိုင်သည်- “ဘုရားသခင်။ ကျွန်ုပ်၏ စိတ်နှလုံးအတွင်းတွင် သမ္မာတရားကို မချစ်ဘဲ၊ နှစ်ခြိုက်ဖွယ်ဖြစ်သည့် အပြင်လောကကို အမြဲတွေးနေကြောင်း ကျွန်ုပ်တွေ့ရပါ၏။ စုဝေးပွဲတွင် ရှိသည့်အချိန်၊ ဆုတောင်းနေသည့်အချိန် သို့မဟုတ် ကိုယ်တော်၏ နှုတ်ကပတ်တော်များကို ဖတ်နေချိန်တွင်ပင်၊ ကျွန်ုပ်၏ စိတ်ကို မငြိမ်စေနိုင်ပါ။ ဇာတိပကတိကို စွန့်လွှတ်ချင်သော်လည်း၊ ထိုသို့လုပ်ဆောင်ရန် အစွမ်မဲ့သည်ကို မိမိကိုယ်ကိုယ် တွေ့ရှိရပါသည်။ ဘုရားသခင်။ စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းများအပေါ် အောင်နိုင်ကာ ကျွန်ုပ်၏ စိတ်နှလုံးကို ကိုယ်တော်ရှေ့မှောက်တွင် ငြိမ်သက်စေဖို့ ယုံကြည်ခြင်းနှင့် ခွန်အားပေးလျက်၊ ကျွန်ုပ်၏ ထုံထိုင်းသော စိတ်နှလုံးကို ကိုယ်တော်၏ ဝိညာဉ်တော် တို့ထိစေမူပါ။” ဤကဲ့သို့သော စိတ်ရင်းမှန်ဖြင့် ဆုတောင်းခြင်းများစွာပြီးနောက်၊ လူမှုအဖွဲ့အစည်း ရေပန်းစားမှုများနောက်လိုက်ခြင်းက ကျွန်ပ်တို့အား အပြစ်တရားတွင် အသက်ရှင်စေမည်ဖြစ်သကဲ့သို့ ဘုရားသခင်နှင့် ပိုဝေးကွာလာစေလိမ့်မည်ဖြစ်သည်ကို သိမြင်လာစေရန် သန့်ရှင်းသော ဝိညာဉ်တော်က ကျွန်ုပ်တို့အား လမ်းပြကာ ဦးဆောင်လိမ့်မည်ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ကျွန်ုပ်တို့ကို တို့ထိကာ သမ္မာတရားကို ချစ်သော စိတ်နှလုံးအား ပေးလိမ့်မည်။ ထိုအခါ ကျွန်ုပ်တို့သည် လက်တွေ့ကျသောနည်းလမ်းများဖြင့် ဇာတိပကတိကို စွန့်ပယ်နိုင်ပြီး စာတန်၏ သွေးဆောင်မှုနှင့် ဖြားယောင်းမှုတို့ကို ကျော်လွှားနိုင်ပါလိမ့်မည်— ဤသည်မှာ ဘုရားသခင်ထံ စိတ်နှလုံးသားမှ ဆုတောင်းပြီး စကားပြောခြင်းဖြင့် ကျွန်ုပ်တို့ရရှိနိုင်သည့်ရလဒ် ဖြစ်သည်။ သို့သော် ဆုတောင်းခြင်းဖြင့် ကျွန်ုပ်တို့၏ စိတ်နှလုံးကို ဘုရားသခင်ထံ မဖွင့်ဟဘဲ၊ ထိုအစား နားကြားကောင်းသည့် စကားများကို အသုံးပြုခြင်းဖြင့် ဘုရားသခင်ကို ကပ်ပါးရပ်ပါးလုပ်ကာ လှည့်စားဖို့ ကြိုးပမ်းနေကြပါက၊ ဘုရားသခင်သည် ကျွန်ုပ်တို့ ဆုတောင်းချက်ကို ကြားလိမ့်မည်မဟုတ်သကဲ့သို့ ကျွန်ုပ်တို့၏ စိတ်နှလုံးများကို တို့ထိလိမ့်မည် မဟုတ်ပေ။ စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းများကို ကျွန်ုပ်တို့ သိမြင်နိုင်လိမ့်မည်မဟုတ် သို့မဟုတ် အောင်မြင်နိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ ဆိုးယုတ်သော ရေပန်းစားမှုများနောက် မလွဲမသွေလိုက်ကြပြီး ဘုရားသခင်ထံမှ ပိုးဝေးကွာလာကာ စာတန်အားဖြင့် အန္တရာယ်ပြုခြင်းခံရလိမ့်မည် ဖြစ်သည်။ ထို့ကြောင့်၊ ကျွန်ုပ်တို့၏ ဆုတောင်းချက်များကို ဘုရားသခင် နားညောင်းစေလိုပါက၊ သူ၏ရှေ့မှောက်တွင် ကျွန်ုပ်တို့ ပွင့်လင်းကာ ရိုးသားဖြောင့်မတ်ရမည် ဖြစ်သည်။

၂။ သခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး အသက်တာ ကြီးထွားမှု ရရှိဖို့ သင် ဆုတောင်းနေပါသလား

ဘုရားသခင်ကို ယုံကြည်ကြသည့်အတွက်၊ ဘုရားက ကျွန်ုပ်တို့ကို ကောင်းကြီးပေးကာ ကျေးဇူးပြုသင့်သည်ဟု ညီအစ်ကို မောင်နှမအများစုက ယုံကြည်ကြသည်။ နာမကျန်းဖြစ်ခြင်းမှ ပြန်လည်သက်သာခြင်း၊ အိမ်တွင် ကျွန်ုပ်တို့အား အေးချမ်းမှု ပေးခြင်း၊ သို့မဟုတ် ကျွန်ုပ်တို့၏ သားသမီးများကို အလုပ်ကောင်း ရှာတွေ့ခွင့်ပေးခြင်းကဲ့သို့သော ဇာတိဆိုင်ရာ အကျိုးကျေးဇူးများအတွက် ဘုရားသခင်ထံ ကျွန်ုပ်တို့ မကြာခဏ အသနားခံကာ ဆုတောင်းကြသည်။ ကျွန်ုပ်တို့၏ ကိုယ်ပိုင် ဇာတိဆိုင်ရာ အကျိုးစီးပွားများအတွက် ဘုရားသခင်ထံ စဉ်ဆက်မပြတ် ဆုတောင်းခြင်းသည် ဘုရားသခင်နှင့် စစ်မှန်သော ဆက်သွယ်ပြောဆိုမှု၊ သူ့ကို အမှန်တကယ် ကိုးကွယ်ခြင်း ဖြစ်သလောဆိုသည်ကို သင် တွေးကြည့်ဖူးပါသလော။ အဖြေမှာ မတွေးကြည့်ဖူးပါ ဟူ၍ ဖြစ်သည်။ ဤဆုတောင်းချက်မျိုးများမှာ ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာများ ရရှိဖို့ ကြိုးပမ်းချက်တစ်ခုသာ ဖြစ်သည်။ ယင်းတို့သည် သူ့အပေါ် အမှုအရာများ တောင်းဆိုခြင်းနှင့် မိမိတို့၏ ကိုယ်ပိုင် အလိုဆန္ဒများအတိုင်း သူ့ကို ဆောင်ရွက်စေရန် ကြိုးစားခြင်း ဖြစ်သည်။ ယင်းမှာ သူ့ကို ဘုရားသခင်အဖြစ် ဆက်ဆံခြင်း မဟုတ်ပေ။ ဤကဲ့သို့သော ဆုတောင်းချက်မျိုးများသည် ဘုရားသခင်၏ အမျက်ကို လှုံ့ဆော်ခြင်းသာ ဖြစ်စေနိုင်ပြီး ယင်းတို့ကို သူ နားမထောင်ပါ။

ခရစ်ယာန်များအနေဖြင့်၊ ကျွန်ုပ်တို့သည် ဇာတိခန္ဓာ၏ ကောင်းချီးမင်္ဂလာများကိုသာ မရှာသင့်၊ သာ၍ များသော ကျေးဇူးတရားနှင့် ကောင်းချီးမင်္ဂလာများ ကျွန်ုပ်တို့အပေါ် ဘုရားသခင် ပေးသနားစေဖို့ မကြိုးစားသင့်ပေ။ အဘယ်ကြောင့်ဆိုသော် ဤအရာများသည် တစ်ခဏဖြစ်သည့်၊ လောကီရေးရာ ကောင်းမြတ်သော ဥစ္စာပစ္စည်းကို မွေ့လျော်ခွင့်သာပေးသော်လည်း၊ ကျွန်ုပ်တို့၏ အသက်တာများတွင် ကြီးထွားဖို့ အနည်းငယ်မျှ အထောက်အကူမပြုပေ။ ယင်းတို့သည် ဘုရားသခင်အပေါ် စစ်မှန်သော နာခံခြင်းနှင့် ကြောက်ရွံ့ခြင်း ရရှိဖို့လည်း ကျွန်ုပ်တို့ကို အကူအညီမပေးနိုင်ပေ။ ကျွန်ုပ်တို့၏ ဆုတောင်းချက်များနှင့် အသနားခံချက်များသည် သမ္မာတရားအပေါ် ကျွန်ုပ်တို့၏ သိနားလည်မှု၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ကျွန်ုပ်တို့ အသက်တာများတွင် ကြီးထွားခြင်းတို့အပေါ် သာ၍ အာရုံစိုက်သင့်ပေသည်။ ဤသို့သော ဆုတောင်းချက်မျိုးသာ ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီသည်။ သခင်ယေရှု ပြောခဲ့သည်မှာ- “ထိုကြောင့် အဘယ်သို့ စားရအံ့နည်း။ အဘယ်သို့ သောက်ရအံ့နည်းဟူ၍ မရှာဖွေကြနှင့်။ သောကမွှေနှောက်ခြင်းလည်း မရှိကြနှင့်။ ထိုအရာများကို လောကီသားအမျိုးမျိုးတို့သည် ရှာဖွေတတ်ကြ၏။ ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို သင်တို့အဘ သိတော်မူ၏။ သင်တို့မူကား ဘုရားသခင်၏ နိုင်ငံတော်ကို ရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ ပေးတော် မူလတံ့။(ရှင်လုကာခရစ်ဝင် ၁၂:၂၉-၃၁) ကျွန်ုပ်တို့အတွက် ဘုရားသခင် အလိုတော်မှာ သူ၏ နှုတ်ကပတ်တော်များကို ကျင့်သုံးပြီး အသက်ရှင်နေထိုင်ဖို့၊ ဘုရားသခင်နှင့် သဟဇာတဖြစ်ခြင်းကို ရရှိနိုင်ပြီး နောက်ဆုံးတွင် သူ၏ နိုင်ငံတော်ထဲသို့ ဝင်ရောက်နိုင်ကြဖို့အလို့ငှာ၊ သူ၏ နှုတ်ကပတ်တော်များမှတစ်ဆင့် သမ္မာတရားနှင့် အသက်နှစ်ခုလုံး ရရှိဖို့ ဖြစ်သည်။ သို့ဖြစ်၍ ကျွန်ုပ်တို့ ဆုတောင်းချက်များသည် သူ၏ နှုတ်ကပတ်တော်များအား လက်တွေ့လုပ်ဆောင်ကာ တွေ့ကြုံရမည့်ပုံကို ဗဟိုပြုသင့်ပေသည်။ ဤနည်းဖြင့်၊ သူသ‌ည် ကျွန်ုပ်တို့အား သူ၏ အမှုတော်ကို ကြုံရခြင်းထဲသို့ ဦးဆောင်လမ်းပြလိမ့်မည်ဖြစ်ပြီး၊ သာ၍ သာ၍ များသော သမ္မာတရားကို ကျွန်ုပ်တို့ ဆက်လက်နားလည်ကြလိမ့်မည်ဖြစ်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင် နေထိုင်နိုင်ကြလိမ့်မည် ဖြစ်သည်။ ကျွန်ုပ်တို့အားလုံးသည် မိမိတို့၏ ကိုယ်ပိုင် ဂုဏ်၊ အဆင့်အတန်း၊ ကြွယ်ဝမှု သို့မဟုတ် အကျိုးစီးပွားများကို ကာကွယ်ဖို့ မကြာခဏ မုသားများပြောကာ လှည့်ဖြားတတ်သော အရာများ လုပ်ဆောင်တတ်ပုံကို တွေ့ကြည့်ပါ။ ဤအရာများက အပြစ်ဖြစ်သည်ကို ကျွန်ုပ်တို့အားလုံး ကောင်းစွာ သိကြသော်လည်း၊ အပြစ်ပြုခြင်းမှ မိမိကိုယ်ကိုယ် မတားဆီးနိုင်ကြပါ။ ကျွန်ုပ်တို့၏ စကားများဖြင့် မလိမ်ညာလျှင်ပင်၊ ကျွန်ုပ်တို့ စိတ်နှလုံးများထဲတွင် မိမိတို့၏ ကိုယ်ပိုင် နာမည်၊ အကျိုးကျေးဇူးနှင့် ရာထူးများကို ကာကွယ်ဖို့ မည်သည့်အရာ ပြောရမည်ဆိုသည်နှင့် ကျွန်ုပ်တို့၏ အကျိုးစီးပွားများ မထိခိုက်ဖို့အလို့ငှာ မည်သည့်အရာ လုပ်ဆောင်ရမည်ကို တွက်ချက်နေကြပေသည်။ ကျွန်ုပ်တို့တွင် လိမ်ညာဖို့၊ မရိုးသားသည့် အရာတစ်ခုခုကို လုပ်ဆောင်ဖို့ ပြင်းပြသည့်ဆန္ဒတစ်ခု ရှိသည်ကို သိလာသည့်အချိန်တွင်၊ ဘုရားသခင်ရှေ့မှောက်လာကာ၊ “အို ဘုရားသခင်။ ကလေးတစ်ဦး၏ ရိုးရှင်းခြင်းနှင့် ရိုးသားခြင်းကို ကျွန်ုပ် စွမ်းဆောင်မရရှိနိုင်သည်ကို မြင်ရပြီးဖြစ်သော်လည်း၊ လိမ်ညာခြင်း၊ လှည့်စားခြင်းမှ မိမိကိုယ်ကိုယ် မတားဆီးနိုင်သေးပါ။ ဤသို့ ကျွန်ုပ် ဆက်အသက်ရှင်ပါက ကိုယ်တော် ကျွန်ုပ်ကို မုချ စက်ဆုပ်ပါလိမ့်မည်။ ဘုရားသခင်။ ကိုယ်တော်၏ ကယ်တင်ခြင်းကို ကျွန်ုပ် အမှန်လိုအပ်ပါ၏- ရိုးသားသောလူတစ်ဦးဖြစ်ရန် ကိုယ်တော် ကျွန်ုပ်ကို ဦးဆောင်မူပါ၊ တစ်ဖန် ကျွန်ုပ် လိမ်ညာပြီး လှည့်စားမိပါက၊ ကိုယ်တော် ကျွန်ုပ်ကို ဆုံးမပဲ့ပြင်တော်မူပါ”ဟု ဆုတောင်းသင့်သည်။ ဤကဲ့သို့သော ဆုတောင်းချက်များကို ပူဇော်ပြီးသည့်နောက်တွင်၊ မိမိတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများအတွက် လိမ်ညာဖို့ စိတ်ဆန္ဒ ကျွန်ုပ်တို့ တစ်ဖန်ရှိကြသည်နှင့်တစ်ပြိုင်နက်၊ ကျွန်ုပ်တို့အတွင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အပြစ်ဖော်ဆုံးမခြင်းများကို ခံစားရလိမ့်မည်ဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ်တို့အား ရိုးသားသော လူများဖြစ်ဖို့ တောင်းဆိုကာ ရိုးသားသော လူများကို သူ နှစ်သက်ဝမ်းမြောက်ကာ ကောင်းချီးပေးသည်ကို ကျွန်ုပ်တို့ ရှင်းရှင်းလင်းလင်း သဘောပေါက်ကြလိမ့်မည်ဖြစ်သည်။ ဘုရားသခင်အဖို့ စက်ဆုပ်ဖွယ်ရာဖြစ်သောကြောင့် ကျွန်ုပ်တို့၏ ကိုယ်ကျိုးစီးပွားများကို ထိန်းသိမ်းဖို့ ကျွန်ုပ်တို့ လိမ်ညာ၍ မဖြစ်ပါ။ ဤအရာအားလုံးကို ကျွန်ုပ်တို့ သဘောပေါက်လိုက်သည်နှင့်၊ စိတ်နှလုံးထဲမှ ကျွန်ုပ်တို့၏ ကောက်ကျစ်သော ရည်ရွယ်ချက်များကို ကျွန်ုပ်တို့ စွန့်လွှတ်နိုင်လိမ့်မည်၊ ဖြစ်ရပ်မှန်များမှ သမ္မာတရားကို ရှာဖွေနိုင်လိမ့်မည်ဖြစ်ပြီး၊ အမှန်အတိုင်း ပြောနိုင်လိမ့်မည်ဖြစ်သည်။ ဤသို့ အမြဲ လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်၊ ကျွန်ုပ်တို့ မသိလိုက်ခင်တွင် ကျွန်ုပ်တို့ လိမ်ညာမှုက နည်းသထက် နည်းသွားလိမ့်မည်ဖြစ်ပြီး ရိုးသားသော လူတစ်ဦးဖြစ်ခြင်း၏ သမ္မာတရားစစ်မှန်မှုထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက်နိုင်လိမ့်မည် ဖြစ်သည်။ ဤသည်မှာ အသက်တာတွင် ကြီးထွားခြင်းအတွက် ဆုတောင်းခြင်း၏ အသီးအပွင့် ဖြစ်သည်။ သခင်ယေရှု ပြောခဲ့သည်မှာ- “တဖန်ငါဆိုသည်ကား၊ တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့၊ ခေါက်လျှင်ဖွင့်မည်။ တောင်းသောသူမည်သည်ကားရ၏။ ရှာသောသူလည်းတွေ့၏။ ခေါက်သောသူအားလည်း တံခါးကို ဖွင့်၏။(ရှင်လုကာခရစ်ဝင် ၁၁:၉-၁၀) သိသိသာသာပင်၊ သမ္မာတရားကို သိနားလည်ခြင်းနှင့် သခင့်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နိုင်စွမ်းအတွက် ဘုရားသခင်ထံ ကျွန်ုပ်တို့ ဆုတောင်းပြီး သမ္မာတရားထဲသို့ ဝင်ရောက်ခြင်းအား အဆုံးစွန် အလေးအနက် သဘောထားသရွေ့၊ ဘုရားသခင်သည် ကျွန်ုပ်တို့အား သမ္မာတရား နားလည်ကာ သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ဖို့ လမ်းပြလိမ့်မည်ဖြစ်ပြီး ကျွန်ုပ်တို့၏ ဝိညာဉ်ရေးရာ အသက်တာများတွင် တစ်စချင်း ကြီးထွားနိုင်ကြလိမ့်မည် ဖြစ်သည်။

၃။ ဘုရားသခင်၏ အလိုတော်ကို သိနားလည်ခြင်းအား ရှာဖွေဖို့နှင့် သူ့အတွက် သက်သေရပ်တည်ဖို့ သင် ဆုတောင်းပါသလား

တစ်ခါတစ်ရံ ကျွန်ုပ်တို့၏ အသက်တာများတွင် အလုပ် သို့မဟုတ် အိမ်က ပြဿနာများကဲ့သို့သော ကျွန်ုပ်တို့၏ အယူအဆများနှင့် မကိုက်ညီသည့် ပြဿနာများကို ကြုံကြရသည်၊ သို့မဟုတ် ကပ်ဘေးတစ်မျိုးမျိုးဖြင့်ပင် ရင်ဆိုင်ရနိုင်သည်။ ဤအရာများ ဖြစ်ပွားသောအခါ၊ ကျွန်ုပ်တို့အများစုက ဤမကောင်းသော ပတ်ဝန်းကျင်များကို ယူဆောင်သွားပြီး ကျွန်ုပ်တို့အား ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်းပေးဖို့ ဘုရားသခင်ကို တောင်းလျှောက်တတ်ကြသည်။ ကျွန်ုပ်တို့ အလုပ်ကြိုးစားလျှင်ပင်၊ သို့မဟုတ် ဘုရားသခင်ကို အစေခံဖို့ မိမိတို့၏ ဆက်ဆံရေးများနှင့် အလုပ်များကို စွန့်လျှင်ပင်၊ အကြီးစား နာမကျန်းဖြစ်ခြင်းကဲ့သို့သော တစ်စုံတစ်ရာကို ကျွန်ုပ်တို့ ကြုံရပါက၊ မိမိတို့ကိုယ်ကိုယ် မတည်ငြိမ်စေနိုင်သကဲ့သို့ ဘုရားသခင်၏ အလိုတော်ကို ရှာပြီး ဘုရားသခင်အား သက်သေရပ်တည်ကာ စိတ်ကျေနပ်စေနိုင်ဖို့ ဆုမတောင်းနိုင်ကြပေ။ ထိုအစား၊ နာမကျန်းဖြစ်ခြင်း၏ ညှဉ်းဆဲမှုမှ အမြန်ဆုံး လွတ်မြောက်နိုင်ဖို့အလို့ငှာ ကျွန်ုပ်တို့၏ ရောဂါကို ကုသပေးဖို့အတွက် သူ့ကို တောင်းလျှောက်လျက်၊ ဘုရားသခင်ထံ ကျွန်ုပ်တို့ ဆုတောင်းတတ်ကြသည်။ ကျွန်ုပ်တို့၏ တောင်းဆိုမှုကို ဘုရားသခင် လိုက်လျောသောအခါ၊ သူ့ကို ကျေးဇူးတင်ပြီး ချီးမွမ်းကြသည်၊ သို့သော် ကျွန်ုပ်တို့ကို သူ မကျန်းမာစေသည့်အခါတွင်၊ ကျွန်ုပ်တို့ စိတ်ဓာတ်ကျပြီး ဘုရားသခင်ကို စိတ်ပျက်ကြသည်။ သူနှင့်ပတ်သက်၍ မကျေမနပ်ဖြစ်လျက် အပျက်သဘောဆောင်ခြင်းထဲတွင် အသက်ရှင်ကြပြီး သူ့အတွက် ကျွန်ုပ်တို့၏ အားထုတ်မှုများကို ပစ်ထားလိုက်ဖို့ ပြင်းပြသည့်ဆန္ဒပင် ရှိနိုင်ကြလေသည်။ ဤအရာမှ ကျွန်ုပ်တို့သည် မိမိတို့၏ ကိုယ်ပိုင် ဇာတိဆိုင်ရာ အကျိုးစီးပွားများကို စွဲမက်လွန်းကြောင်း မြင်နိုင်ပေသည်။ ကျွန်ုပ်တို့၏ စိတ်နှလုံးများတွင် ဘုရားသခင်ကို မချစ်ကြ၊ စိတ်ကျေနပ်စေဖို့ ဆန္ဒမရှိကြချေ။ ကျွန်ုပ်တို့ လိုချင်သည့်အတိုင်း အမှုအရာများကို သူ့အား လုပ်ဆောင်စေဖို့ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းသည့် နည်းလမ်းများဖြင့် သူ့အပေါ် တောင်းဆိုချက်များ ပြုလုပ်လျက်၊ မကြာခဏ ကျွန်ုပ်တို့၏ ဆုတောင်းချက်များတွင် မလျော်ကန်သော တောင်းဆိုချက်များ ပြုတတ်ကြသည်။ ဖန်ဆင်းရှင်ကို အဖန်ဆင်းခံများ၏ မှန်ကန်သည့် အနေအထားမှ ကျွန်ုပ်တို့ လုံးဝ မကိုးကွယ်ကြပေ။ ထိုသို့သော ဆုတောင်းချက်များကို ဘုရားသခင်က အဘယ်ကြောင့် အလေးဂရုပြုမည်နည်း။ သို့ဆိုလျှင် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီဖို့အလို့ငှာ ကျွန်ုပ်တို့ မည်သို့ ဆုတောင်းသင့်သနည်း။ သူ၏ နှုတ်ကပတ်တော်များက ကျွန်ုပ်တို့ကို ထိုလမ်းကြောင်းပေါ်သို့ လမ်းညွှန်ပေးပါသည်- “သင်က အခက်အခဲတွေကို ကြုံရသည့်အခါ အလျင်အမြန်ပင် ဘုရားသခင်ကို ဆုတောင်းပါ။ ‘အိုး ဘုရားသခင် ကျွန်ုပ် ကိုယ်တော်ကို ကျေနပ်စေချင်ပါတယ်။ ကိုယ်တော်ရဲ့ နှလုံးသားကို ဖြည့်ဆည်းပေးဖို့ နောက်ဆုံးသော အခက်အခဲကို တောင့်ခံချင်ပါတယ်။ ကျွန်တော် တွေ့ကြုံရမယ့် အခက်အခဲ အနှောင့်အယှက်တွေ ဘယ်လောက်ကြီးမားပါစေ ကျွန်တော်ဟာ ကိုယ်တော့်ကို ဖြည့်ဆည်းပေးရပါမယ်။ ကျွန်တော့်ရဲ့ ဘဝတစ်ခုလုံးကို လက်လွတ် ဆုံးရှုံးရမယ်ဆိုရင်တောင် ကျွန်တော်ဟာ ကိုယ်တော့်ကို ဖြည့်ဆည်းပေးရပါမယ်။’ ဤကဲ့သို့ ဆက်ကပ် အပ်နှံမှုနှင့်အတူ သင်ဆုတောင်းသည့်အခါ သင်၏ သက်သေခံချက်မှာ ခိုင်မြဲစွာ ရပ်တည်နိုင်မည်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်)စစ်ဆေးခြင်း အတောအတွင်းတွင် လူသားသည် ဘုရားသခင်ကို မည်သို့ ချစ်သင့်သနည်း။ ဘုရားသခင်၏ စစ်ဆေးခြင်းကို လက်ခံဖို့ ကိုယ်တော်ကို ချစ်ရန်သန္နိဌာန်ကို အသုံးပြုခြင်းဖြင့်- စစ်ဆေးခြင်းအတောအတွင်းတွင် သင်သည် ဓားတစ်လက်က သင်၏ နှလုံးသားကို မွှေနှောက်လျက်ရှိသကဲ့သို့ အတွင်းပိုင်း၌ ညှဉ်းဆဲ ခံရသော်လည်း၊ သင်သည် ဘုရားသခင်ကို ချစ်သည့် သင်၏နှလုံးသားကို အသုံးပြုလျက် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် လိုလိုလားလားရှိနေပြီး၊ ဇာတိပကတိကို ဂရုစိုက်ရန် လိုလိုလားလား ရှိမနေပေ။ ဤသည်မှာ ဘုရားသခင်ကို ချစ်ခြင်းအား လက်တွေ့လုပ်ဆောင်ခြင်းကို ဆိုလိုသည့်အရာ ဖြစ်သည်။ သင်သည် အတွင်းပိုင်းကို နာကျင်နေပြီး သင်၏ ဆင်းရဲဒုက္ခခံစားမှုသည် အတိုင်းအတာတစ်ခုထိ ရောက်ရှိပြီးဖြစ်သော်လည်း၊ သင်သည် ဘုရားသခင်၏ ရှေ့မှောက်သို့ လာရန် ဆန္ဒရှိဆဲဖြစ်ကာ၊ ‘အိုး ဘုရားသခင်။ ကျွန်ုပ်သည် ကိုယ်တော်ကို မစွန့်ခွာနိုင်ပါ။ ကျွန်ုပ်အတွင်းတွင် မှောင်မိုက်သော်လည်း ကိုယ်တော်ကို ကျေနပ်စေရန် ဆန္ဒရှိပါသည်။ ကိုယ်တော်သည် ကျွန်ုပ်၏ နှလုံးသားကို သိပြီး၊ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ်အထဲတွင် ပို၍မြှုပ်နှံစေလိုပါ၏’ ဟု ဆိုလျက်၊ ဆုတောင်းသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်ဆေးခြင်းကိုကြုံတွေ့ခြင်းအားဖြင့်သာ လူသားသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်သည်)

အခက်အခဲများ ကျွန်ုပ်တို့အပေါ် ဆိုက်ရောက်သည့်အခါ၊ ဘုရားသခင်၏ အလိုတော်ကို ကျွန်ုပ်တို့ ရှာရမည်ဖြစ်ပြီး ကျွန်ုပ်တို့သည် သက်သေခံနိုင်ပြီး ဘုရားသခင်ကို ကျေနပ်စေဖို့ ဆုတောင်းရမည်။ ဘုရားသခင်ကို ချစ်ကာ စိတ်ကျေနပ်စေဖို့ ဆုံးဖြတ်ချက်လည်း ရှိရမည်ဖြစ်ပြီး မိမိတို့၏ ကိုယ်ကျိုးစီးပွားများအတွက် ဆုတောင်းခြင်းထက် ဘုရားသခင်အတွက် သက်သေရပ်တည်ခြင်းသဘောဖြစ်ပါက ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံဖို့ လိုလားလျက်ရှိရမည်ဖြစ်သည်။ ဤကဲ့သို့သော ဆု‌တောင်းချက်မျိုးသာ ဘုရားသခင်၏ အလိုတော်နှင့်ကိုက်ညီပြီး ဤသည်မှာ အဖန်ဆင်းခံများအဖြစ် ကျွန်ုပ်တို့ ပိုင်ဆိုင်သင့်သည့် အသိဉာဏ်နှင့် ဆင်ခြင်တုံတရားမျိုးကို ရှိခြင်းလည်း ဖြစ်သည်။ ဥပမာအားဖြင့်၊ ယောဘသည် သူ၏ ပိုင်ဆိုင်မှုအားလုံးနှင့် သူ၏ သားသမီးများကို သူ၏ စမ်းသပ်မှုများမှတစ်ဆင့် ဆုံးရှုံးခဲ့ပြီး သူကိုယ်တိုင် အနာစိမ်းများ ခေါင်းမှ ခြေမျက်စိထိ ဖိစီးနှိပ်စက်ခံခဲ့ရသည်။ အလွန်ကြီးမားသော စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ဝေဒနာ သူ ခံစားခဲ့ရသည်။ သို့သော် ဘုရားသခင်က သူ့အား ဤအရာအားလုံးကို အဘယ်ကြောင့် ခံစားခွင့်ပြုသနည်းဆိုသည်နှင့်ပတ်သက်၍ ဘုရားသခင်ထံ သူ မညည်းညူခဲ့သကဲ့သို့၊ သူ၏ ဆင်းရဲဒုက္ခကို ယူဆောင်ပေးသွားဖို့ ဘုရားသခင်ကို မတောင်းလျှောက်ခဲ့ပေ။ ထိုအစား၊ ပထမဦးစွာ သူသည် ဘုရားသခင်၏ အလိုတော်ကို ရှာဖွေဖို့ ကျိုးနွံနာခံကာ ဆုတောင်းခဲ့သည်။ သူပိုင်သမျှက သူ၏ ကိုယ်ပိုင် လုပ်အားမှတစ်ဆင့် ရရှိခဲ့ခြင်း မဟုတ်ဘဲ၊ ဘုရားသခင် ပေးသနားခဲ့ခြင်းဖြစ်သည်ကို သူ သဘောပေါက်ခဲ့သည်။ ဘုရားသခင် ပေးသည်ဖြစ်စေ၊ ယူဆောင်သွားသည်ဖြစ်စေ၊ အဖန်ဆင်းခံများအနေဖြင့် ဘုရားသခင်၏ အုပ်စိုးမှုနှင့် အစီအစဉ်များကို ပင်ကိုအားဖြင့် ကျွန်ုပ်တို့ ကျိုးနွံနာခံသင့်ပေသည်။ ကျွန်ုပ်တို့အနေဖြင့် ဘုရားသခင်အပေါ် မည်သည့်တောင်းဆိုချက်များ၊ မကျေမနပ်ခြင်းများမျှ မရှိသင့်ပေ။ ဤသည်မှာ လူသားများအနေဖြင့် ကျွန်ုပ်တို့ ပိုင်ဆိုင်သင့်သည့် ဆင်ခြင်တုံတရားဖြစ်သည်။ ယောဘက၊ “ငါသည် အမိဝမ်းထဲက အဝတ်အချည်းစည်း ထွက်လာရ၏၊ အဝတ်အချည်းစည်းဖြင့်ပင် ငါပြန်သွားရမည်။ ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေဟု ဆိုလေ၏။(ယောဘဝတ္တု ၁:၂၁) ဟူ၍ ပြောခဲ့သည်။ ယောဘသည် ဘုရားသခင်အတွက် သူ၏ ကြောက်ရွံခြင်း၊ နာခံခြင်းနှင့် ယုံကြည်ခြင်းတို့အပေါ် မှီခိုခြင်းအားဖြင့် ဘုရားသခင်အတွက် ထူးကဲသော သက်သေခံခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ ယောဘ၏ စံနမူနာမှ ကျွန်ုပ်တို့ သင်ယူသင့်ပြီး ကျွန်ုပ်တို့၏ အယူအဆများနှင့် မကိုက်သည့် တစ်စုံတစ်ရာကို ကျွန်ုပ်တို့ ကြုံနေရသည့်အခါ၊ ပထမဦးစွာ ဘုရားသခင်၏ ရှေ့မှောက်တွင် မိမိတို့ကိုယ်ကိုယ် ငြိမ်သက်စေရမည်ဖြစ်ပြီး ဘုရားသခင်၏ အလိုတော်ကို ရှာဖွေဖို့ အမြန်ဆုတောင်းရမည်ဖြစ်ကာ၊ ဘုရားသခင်ကို သက်သေရပ်တည်ပြီး စိတ်ကျေနပ်နိုင်စေဖို့ ဆုတောင်းရမည်ဖြစ်သည်။ ဤသည်မှာ ကျွန်ုပ်တို့ လက်တွေ့လုပ်ဆောင်မှု၏ အရေးအပါဆုံးသော ရှုထောင့် ဖြစ်သည်။ ဤနည်းဖြင့် ဘုရားသခင်က ကျွန်ုပ်တို့ကို လမ်းပြနိုင်ပေသည်။ စမ်းသပ်မှုများမှတစ်ဆင့် ကျွန်ုပ်တို့၏ သက်သေခံချက်တွင် ခိုင်ခိုင်မာမာ ရပ်နိုင်ဖို့အလို့ငှာ၊ သူသည် ကျွန်ုပ်တို့ ရင်ဆိုင်ရနိုင်သည့် မည်သည့်တောင်ကြားလမ်းများကိုမဆို ကူညီဖြတ်သန်းစေဖို့ ကျွန်ုပ်တို့ကို ယုံကြည်ခြင်းနှင့် ခွန်အား ပေးနိုင်ပေသည်။

ဤသည်တို့မှာ ကျွန်ုပ်တို့၏ ဆုတောင်းချက်တွင် ဖြေရှင်းရမည့် ပြဿနာသုံးခု ဖြစ်သည်။ ကျွန်ုပ်တို့၏ နေ့စဉ်အသက်တာများတွင် ဤစည်းမျဉ်းများအတိုင်း ကျွန်ုပ်တို့ လက်တွေ့လုပ်ဆောင်ကာ ဝင်ရောက်ကြသရွေ့၊ ကျွန်ုပ်တို့ ညီအစ်ကို မောင်နှမများအားလုံးအနေဖြင့် လုံးဝ စိတ်မကူးခဲ့ကြသည့် ဆုလာဘ်များ ရိတ်သိမ်းရလိမ့်မည်ဟု ကျွန်ုပ် ယုံကြည်စိတ်ချပါသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကမ္ဘာကြီးသည် ကပ်ဘေးဖြင့် ပတ်ချာဝိုင်းနေသည်- ချီဆောင်ခြင်း မည်သည့်အချိန်တွင် ဖြစ်ပေါ်မည်နည်း

ဘက်ကီ၊ အမေရိကန် ယနေ့ခေတ်တွင် ကမ္ဘာတစ်ဝှမ်းမှ ကပ်ဘေးများသည် ယခင်ကထက် ပို၍ ပြင်းထန်လာခဲ့သည်။ သတင်းများသည် ပလိပ်များ၊ ငလျင်များ၊...

ယခုကျွန်တော်တို့၏ အပြစ်များကို ခွင့်လွှတ်ခံရပြီးသည့်နောက် ကျွန်တော်တို့ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်ပြီလား

ဟီးဂျွန်း၊ ဆီချွမ်းမြို့ ၂၀၁၈ခုနှစ် သြဂုတ်လ ၅ရက်နေ့ တနင်္ဂနွေနေ့။ တိမ်ထူသည် ယနေ့ အစည်းအဝေးပြီးနောက် အစ်ကိုတစ်ယောက်က ကျွန်တော့်ကို...

ဘုရားသခင်၏ သိုးသည် ဘုရားသခင်၏ အသံတော်ကို ကြားသည်- စစ်မှန်သော လမ်းခရီးကို လေ့လာစုံစမ်းသည့်အခါ ကျွန်ုပ်တို့သည် ဘုရားသခင်၏ အသံတော်ကို ကြားသင့်သည်

ဤကမ္ဘာ့ကပ်ဆိုးကြီးသည် လတ်တလော လများတွင် ဆက်လက်ပျံ့နှံ့နေပြီး၊ ရောဂါအတည်ပြုလူနာများနှင့် သေဆုံးမှု အရေအတွက်များသည် ယခင်ကထက် တိုး၍...

ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်ုပ်အား အသက်တာ၏ မှန်ကန်သော လမ်းကြောင်းပေါ်တွင် လျှောက်ဖို့ လမ်းပြပေးသည်။

ဖန်ဟောက်၊ တရုတ်ပြည် ယခုနောက်ပိုင်းတွင် အင်တာနက်ပေါ်မှ ဆိုရိုးစကားတစ်ခုက လူသိများလာ ခဲ့သည်၊ “ငွေမရှိရင် ကိုယ့်မိသားစုအနှောင်အဖွဲ့တွေကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။