နောက်ဆုံးသောကာလ၏ နိမိတ်လက္ခဏာများ- ၂၀၂၂နှစ် ခုနှစ်ရှိ ပန်းပွင့် သွေးရောင် လကြတ်ခြင်း ပေါ်ထွက်ခြင်း

03.05.2022

အယ်ဒီတာ၏ မှတ်စု- လွန်ခဲ့သော နှစ်များအတွင်း “သွေးလ”ဟူသည့် ကောင်းကင်ဆိုင်ရာ အံ့ဖွယ် ဖြစ်ရပ်သည် မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။ အမျိုးမျိုးသော သဘောဝ ဘေးအန္တရာယ်များဖြစ်သည့် ကပ်ရောဂါများ၊ ငလျင်များ၊ ငတ်မွတ်ခေါင်းပါးမှုများ အစရှိသည်တို့လည်း ပိုမိုဆိုးရွားလာခဲ့သည်။ သမ္မာကျမ်းစာထဲရှိ နောက်ဆုံးသော ကာလနှင့် ပတ်သက်သည့် ပရောဖက်ပြုချက်များသည်လည်း ပြည့်စုံနှင့်ပြီး ဖြစ်ပြီး ယေဟောဝါ၏ ကြောက်မက်ဖွယ်ဖြစ်သော နေ့ရက် နီးကပ်လာပြီ ဖြစ်သည်။ အလွန်ကြီးမားသော ကပ်ဘေးသည် ယခုတွင် ကျွန်ုပ်တို့အပေါ် ကျရောက်နေပြီ ဖြစ်သောကြောင့် ကျွန်ုပ်တို့ အနေနှင့် သခင်၏ ပြန်ကြွလာခြင်းကို မည်သို့ ကြိုဆိုသင့်သနည်း။ ဤဆောင်းပါးတွင် အဖြေကို သင်သိနိုင်သည်။

စူပါသွေးရောင်လွှမ်းသောလသည် ၂၀၂၁ ခုနှစ်တွင် ပြန်လည် ပေါ်ထွက်လာမည်

သက်ဆိုင်ရာ ကျွမ်းကျင်သူများ၏ ခန်းမှန်းချက်အရ ၂၀၂၂ခုနှစ်၊ မေလ ၁၆ ရက်နေ့တွင် ကောင်းကင်၌ ပန်းပွင့် သွေးရောင်လကြတ်ခြင်းကို မြင်တွေ့ရလိမ့်မည်။ အမှန်တွင်၊ လွန်ခဲ့သော နှစ်များအတွင်းတွင် သွေးလ၊ စူပါလများ နှင့် စူပါသွေးရောင်လွှမ်းသောလ အစရှိသော အံ့သြဖွယ်ကောင်းသော ဖြစ်ရပ်များ စဉ်ဆက်မပြတ်ဖြစ်ပေါ်ခဲ့သည်။ ဥပမာအားဖြင့် ၂၀၁၁ ခုနှစ် နှင့် ၂၀၁၃ ခုနှစ် တွင် ဖြစ်ပေါ်သော “သွေးလ”၊ ၂၀၁၄  နှင့် ၂၀၁၅  နှစ်နှစ်အတွင်း ဖြစ်ပေါ်သော “အစဉ်လိုက် လေးကြိမ်ဆက်တိုက် ဖြစ်သော သွေးလ”၊ ၂၀၁၈ ခုနှစ်တွင် ဖြစ်ပေါ်သော နှစ်ပေါင်း ၁၅၂ နှစ်အတွင်း ကြုံတောင့်ကြုံခဲ့ ဖြစ်သော “နီပြာစူပါမွန်း” တို့ ဖြစ်ပေါ်ခဲ့သည်။ ထို့အပြင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ၊ ၂၁ ရက် တွင်ဖြစ်ပေါ်သော “စူပါ သွေးနီရောင် ဝံပုလွေလ”သည် “စူပါလ” “သွေးလ” နှင့် “ဝံပုလွေလ” ၃ခုသော နက္ခတ္တဗေဒ ဖြစ်စဉ်၏ အပြည့်အဝ ပေါင်းစပ်ခြင်း ဖြစ်သည်။ ယင်းသည် ထူးချွန်ပြောင်မြောက်ဆုံးသော နက္ခတ္တဗေဒ၏ အံသြဖွယ်ရာ ဖြစ်ရပ် အဖြစ် ဂုဏ်ပြုခြင်းခံရသည်။ ထို့အပြင် ၂၀၂၁ခုနှစ်၊ မေလ ၂၆ရက်နေ့တွင် ရှားပါးသော မြင်ကွင်းဖြစ်ပေါ်သည်- ယင်းမှာ လအပြည့်ကြတ်ခြင်း ကာလအတွင်းတွင် စူပါ သွေးရောင်လွှမ်းသောလ ကို တွေ့မြင်ခဲ့ရခြင်းဖြစ်သည်။

ပရောဖက်ပြုဆရာများစွာတို့က “သွေးလ”၏ ဖြစ်ပေါ်ခြင်းသည် အနာဂတ်တွင် ပုံမှန်မဟုတ်သောဖြစ်ရပ်များနှင့် ကြီးမားသော ဖြစ်ရပ်များ၏ ရှေ့ပြေးနိမိတ်ဖြစ်ကြောင်း ပရောဖက်ပြုခဲ့သည်။ သမ္မာကျမ်းစာ ပညာရှင်များစွာကလည်း “သွေးလ” သည် သမ္မာကျမ်းစာ ယောလ အနာဂတ္တိကျမ်း အခန်းကြီး ၂ အငယ် ၂၉ မှ ၃၁ တွင် ဖော်ပြထားသော “ထိုနေ့ရက်များတွင် အစေခံ ယောက်ျားမိန်းမတို့ အပေါ်သို့လည်း ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်၊ ထို့အပြင် အံ့ဖွယ်ရာများဖြစ်သည့် သွေး၊ မီးလျှံ၊ မီးခိုးတိုင်တို့ကို ကောင်းကင်၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း ငါပြမည်။ ယေဟောဝါ၏ ကြောက်မက်ဘွယ်သော နေ့ကြီးမတိုင်မီ၊ နေသည် မှောင်မိုက်အဖြစ်သို့လည်းကောင်း၊ လသည် သွေးအဖြစ်သို့လည်းကောင်း ပြောင်းလိမ့်မည်။” ဟူသော ကျမ်းချက်ကို ပြည့်စုံစေသည်ဟု ယုံကြည်ကြသည်။ ထို့အပြင် ဗျာဒိတ်ကျမ်း အခန်းကြီး ၆ အငယ် ၁၂ တွင် “ဆဋ္ဌမတံဆိပ်ကိုဖွင့်သောအခါ ငါကြည့်လျှင် ကြီးစွာသော မြေလှုပ်ခြင်းဖြစ်၏။ နေသည်အမွေးဖြင့် ရက်သောအဝတ်ကြမ်းကဲ့သို့ မည်း၏။ လအလုံးသည် အသွေးကဲ့သို့ဖြစ်၏။”  ဟုလည်း ဖော်ပြထားသေးသည်။ ယောလ အနာဂတ္တိကျမ်းတွင် ပရောဖက်ပြုထားသော “ယေဟောဝါ၏ ကြောက်မက်ဘွယ်သော နေ့ကြီး” သည် ကြီးမားသော ကပ်ဘေးကို ရည်ညွှန်းခြင်း ဖြစ်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ငလျင်လှုပ်ခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်း၊ ကပ်ရောဂါများနှင့် ရေကြီးခြင်း ကဲ့သို့သော သဘောဝ ဘေးအန္တရာယ်များ မကြာခဏ ဖြစ်ပွားခြင်းနှင့်အတူ ကပ်ဘေးသည် တဖြည်းဖြည်း ကြောက်လန့်ဖွယ် ကြီးမားလာသည်ကို ကျွန်ုပ်တို့ မြင်တွေ့ရသည်။ ထို့အပြင် ကမ္ဘာ့အခြေအနေသည် မငြိမ်မသက် ဖြစ်လာပြီး အဆက်မပြတ် ပြောင်းလဲနေသောကြောင့် စစ်ပွဲများ၊ အကြမ်းဖက် ဖြစ်ရပ်များ၊ အကြမ်းဖက်တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားလာပြီး အရှိန်မြှင့်တက်လာသည်။ ထို့အတူ ကမ္ဘာ့လေထုသည်လည်း ပူနွေးလာပြီး အစွန်းရောက် ရာသီဥတု ဖြစ်စဉ်များနှင့် အမျိုးမျိုးသော နက္ခတ္တဗေဒဆိုင်ရာ အံ့သြဖွယ်ကောင်းသော  ဖြစ်ရပ်များလည်း မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။ သမ္မာကျမ်းစာ၌ ပရောဖက်ပြုထားသော နောက်ဆုံးသောကာလ၏ နိမိတ်လက္ခဏာသည် တစ်ခုပြီးတစ်ခု ပြည့်စုံလာပြီ ဖြစ်ပြီး ကြီးမားသော ကပ်ဘေးသည်လည်း ကျရောက်လာပြီ ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ အနေနှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိရန် သခင်ကို မည်သို့ ကြိုဆိုသင့်သနည်း။ သခင်ယေရှု ပြောခဲ့သည်မှာ “ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇)သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)။ ထို့နောက် သမ္မာကျမ်းစာ၏ ဗျာဒိတ်ကျမ်း အခန်း ၂ နှင့် အခန်း ၃ တွင်လည်း ပရောဖက်ပြုထားသည်မှာ “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည် ကား ကြားပါစေ။” ဟူ၍ ဖြစ်သည်။ ယင်းပရောဖက်ပြုချက်များမှ ဘုရားသခင်သည် လူကို သန့်စင်စေပြီး ကယ်တင်ခြင်းသို့ ရောက်ဖို့ နှင့် လူသားများကို ဘုရားသခင်၏ နိုင်ငံတော်အတွင်းသို့ ခေါ်ဆောင်ဖို့ နောက်ဆုံးသော ကာလတွင် နှုတ်ကပတ်တော်ကို ဖော်ပြသော အမှုတော်သစ်ကို ဆောင်ရွက်မည်ကို ကျွန်ုပ်တို့ မြင်နိုင်သည်။ ဘုရားသခင်၏ အသံတော်ကို ဂရုတစိုက် နားထောင်ပြီး နောက်ဆုံးသော ကာလတွင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်ကို တောင့်တသူ နှင့် ရှာဖွေသော သူသာလျှင် သခင်ယေရှု၏ ပြန်ကြွလာခြင်းကို ကြိုဆိုနိုင်လိမ့်မည် ဖြစ်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် စုံလင်စေခြင်း ခံရဖို့ အခွင့်အရေး ရှိလိမ့်မည်ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်နှင့် အတူ လှပသော ခရီးပန်းတိုင်သို့ ဝင်ရောက်ကြလိမ့်မည် ဖြစ်သည်။ သို့မဟုတ်ပါက ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ဆုံးရှုံး၍ နောက်ဆုံးသော ကာလတွင် ကြီးမားသော ကပ်ဘေးထဲသို့ ကျရောက်ပြီး သုတ်သင်ဖယ်ရှားခြင်းနှင့် ပြစ်ဒဏ်ပေးခြင်း ခံရမည် ဖြစ်သည်။ ယင်းအကြောင်းအရာနှင့် ပတ်သက်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ အတူတကွ ကြည့်ကြပါစို့။

တိုင်းနိုင်ငံအားလုံးနှင့် နေရာအားလုံး ဘေးဒုက္ခများ ကြုံတွေ့ရလိမ့်မည်— ကပ်ဆိုး၊ ငတ်မွတ်ခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်းနှင့် ငလျင်လှုပ်ခြင်းများသည် အရပ်ရပ်တို့၌ ဖြစ်လေ၏။ ဤကပ်ဘေးဒုက္ခများသည် တစ်နေရာ၊ နှစ်နေရာ၌သာ ဖြစ်ပျက်နေခြင်း မဟုတ်သကဲ့သို့ တစ်ရက်၊ နှစ်ရက်အတောအတွင်း ပြီးဆုံး သွားလိမ့်မည်လည်း မဟုတ်ပေ။ ယင်းထက်၊ ၎င်းတို့သည် သာ၍ သာ၍ ကြီးမားသော နယ်ပယ်အနှံ့ တိုးချဲ့လိမ့်မည် ဖြစ်ပြီး၊ သာ၍ သာ၍ ပြင်းထန်လာလိမ့်မည် ဖြစ်သည်။ ဤအချိန်ကာလ အတောအတွင်းတွင်၊ အင်းဆက်ကပ်ဆိုး မျိုးစုံ တစ်ခုပြီး တစ်ခု ဖြစ်ပေါ်လိမ့်မည် ဖြစ်ပြီး၊ ခပ်သိမ်းသော နေရာတို့၌ လူသားစားသည့် ဖြစ်ရပ် ဖြစ်ပွားလိမ့်မည်။ ဤသည်မှာ တိုင်းနိုင်ငံအားလုံးနှင့် လူမျိုးအပေါင်းတို့အပေါ် ငါ၏ တရားစီရင်ခြင်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၆၅)

အပြောကျယ်လှသော ဤလောကကြီးတွင် ကွင်းပြင်များအတွင်းသို့ သမုဒ္ဒရာရေများ နုန်းတင်ခြင်း၊ သမုဒ္ဒရာအတွင်းသို့ ကွင်းပြင်များ ဖုံးလွှမ်းသွားခြင်းတို့ ထပ်ခါထပ်ခါ ဖြစ်ပျက်နေ၏။ အရာခပ်သိမ်းအလယ်တွင် အရာအားလုံးကို အစိုးရသော ဘုရားသခင်မှတစ်ပါး မည်သူမျှ ဤလူသားမျိုးနွယ်ကို မဦးဆောင်၊ မညွှန်ကြားနိုင်ပေ။ ဤလူသားမျိုးနွယ်အတွက် ကြိုးပမ်းရန်၊ သို့မဟုတ် ပြင်ဆင်မှုများ လုပ်ဆောင်ရန် အင်အားကြီးသောသူ တစ်ယောက်မျှ မရှိပေ၊ ဤလူသားမျိုးနွယ်ကို အလင်းပန်းတိုင်ဆီသို့ ဦးဆောင်သွား နိုင်သူနှင့် ကမ္ဘာကြီး၏ မတရားမှုများမှ လွတ်မြောက်စေနိုင်သူ သာ၍ပင် မရှိပေ။ ဘုရားသခင်သည် လူသားတို့၏ အနာဂတ်အတွက် ဝမ်းနည်းသည်၊ လူသားတို့၏ ကျဆင်းမှုအတွက် ပူဆွေးသောက ရောက်သည်၊ ထို့ပြင် လူသားတို့သည် ယိုယွင်းပျက်စီးခြင်းနှင့် ပြန်လမ်းမဲ့လမ်းကြောင်းဆီသို့ တဖြည်းဖြည်း ချီတက်သွားနေခြင်း အတွက် ဝမ်းနည်းပူဆွေးရသည်။ ဘုရားသခင်၏ စိတ်နှလုံးကို ကြေကွဲစေခဲ့ပြီး ဆိုးယုတ်သောသူကို ရှာဖွေရန် ဘုရားသခင်ကို စွန့်လွှတ်ခဲ့ကြသည့် ထိုသို့သော လူသားမျိုးနွယ် ရှေးရှုသွားနိုင်သည့် ဦးတည်ချက်နှင့် ပတ်သက်ပြီး မည်သူကမျှ မစဉ်းစားခဲ့ဖူးကြပေ။ ဘုရားသခင်၏ အမျက်ဒေါသကို မည်သူမျှ သတိမပြုမိကြခြင်း၊ ဘုရားသခင်ကို ကျေနပ်သဘောကျစေမည့်လမ်းကို မည်သူမျှ မရှာဖွေကြခြင်း၊ သို့မဟုတ် ဘုရားသခင်ထံတော်သို့ တိုးဝင်ချဉ်းကပ်ရန် မည်သူမျှ မကြိုးစားကြခြင်း၊ ထိုထက်ပို၍ပင် ဘုရားသခင်၏ ပူဆွေးမှုနှင့် နာကျင်ရမှုတို့ကို နားလည်ပေးရန် မည်သူမျှ မကြိုးစားကြခြင်းတို့မှာ ထိုအကြောင်းကြောင့်ပင် ဖြစ်တော့သည်။ ဘုရားသခင်၏ အသံတော်ကို ကြားပြီးသည့်နောက်တွင်ပင် လူသားသည် သူ့လမ်းသူ ဆက်လျှောက်နေ၏၊ ဘုရားသခင်ထံမှ လမ်းလွဲသွားရန် မလျှော့တမ်းပေ လုပ်နေပြီး၊ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ဂရုစိုက်မှုကို ရှောင်ဖယ်ကာ ဘုရားသခင်၏ သမ္မာတရားကို ရှောင်ရှားလျက် ဘုရားသခင်၏ ရန်သူဖြစ်သော စာတန်ထံသို့ သူ့ကိုယ်သူ ရောင်းချရန်သာ ပိုနှစ်သက်နေသည်။ လူသားသည် ဆက်လက်ခေါင်းမာ နေမည်ဆိုပါက ဘုရားသခင်သည် နောင်တရခြင်းမရှိဘဲ သူ့ကိုပစ်သွားသည့် ဤလူသားတို့အပေါ် မည်ကဲ့သို့ တုံ့ပြန်မည်ဆိုသည်ကို မည်သူစဉ်းစားဖူးသနည်း။ ဘုရားသခင်၏ အကြိမ်ကြိမ် သတိပေးခြင်းနှင့် တိုက်တွန်းနှိုးဆော်ရခြင်းများ၏ အကြောင်းရင်းမှာ လူသား၏ခန္ဓာနှင့် စိတ်ဝိညာဉ်တို့ ခံရပ်နိုင်မည် မဟုတ်သည့် တစ်ခါမျှမဖြစ်ဖူးသေးသော ကပ်ဘေးကို သူ၏ လက်တော်ထဲတွင် ပြင်ဆင်ထားသောကြောင့်ဖြစ်ကြောင်းကို မည်သူမျှမသိပေ။ ဤကပ်ဘေးသည် ခန္ဓာအတွက်သာ မဟုတ်ဘဲ စိတ်ဝိညာဉ်အတွက်ပါ အပြစ်ဒဏ်ပေးခြင်း ဖြစ်သည်။ ဘုရားသခင်၏ အကြံအစည် ပျက်ပြားသွားပြီး၊ သူ၏သတိပေးချက်များနှင့် တိုက်တွန်းနှိုးဆော်ချက်များသည် တုံ့ပြန်မှုကို မခံရပါက သူ့အနေဖြင့် မည်သို့အမျက်မျိုး ထုတ်လွှတ်မည်ကို သင်သိသင့်သည်။ သူ၏အမျက်သည် ဖန်ဆင်းခံသူတို့ ကြုံတွေ့ဖူးသော၊ ကြားဖူးသော အရာများနှင့် လုံးဝတူညီမည်မဟုတ်ပေ။ ထို့ကြောင့် ထိုကပ်ဘေးသည် မကြုံစဖူးသောအရာဖြစ်ပြီး မည်သည့်အခါမျှလည်း ထပ်မံ ဖြစ်ပေါ်လာမည် မဟုတ်ဟု ငါပြောသည်။ အကြောင်းမှာ ဘုရားသခင်၏ အကြံအစည်သည် လူသားမျိုးနွယ်ကို ဤတစ်ကြိမ်သာ ဖန်ဆင်း၍ ဤတစ်ကြိမ်သာ ကယ်တင်ရန် ဖြစ်သောကြောင့်ဖြစ်သည်။ ဤအကြိမ်မှာ ပထမဆုံးအကြိမ်ဖြစ်သကဲ့သို့ နောက်ဆုံးအကြိမ်လည်း ဖြစ်သည်။ ထို့ကြောင့် လူသားမျိုးနွယ်ကို ဤတစ်ကြိမ်ကယ်တင်သော ဘုရားသခင်၏ စေ့စပ်သေချာသည့် ရည်ရွယ်ချက်များနှင့် စိတ်ထက်သန်သော မျှော်လင့်စောင့်စားမှုတို့ကို မည်သူမျှ နားမလည်နိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်

ဘုရားသခင်၏အမှုသည် ကြီးမားသော လှိုင်းလုံးတစ်ခုကဲ့သို့ ရှေ့သို့ တစ်ဟုန်ထိုးတက်လေသည်။ မည်သူကမျှ သူ့ကို မထိန်းနိုင်သကဲ့သို့ မည်သူကမျှ သူ၏ ချီတက်ခြင်းကို မရပ်တန့်စေနိုင်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သေချာစွာ နားထောင်သောသူများနှင့် ဘုရားသခင်ကို ရှာဖွေကာ ဆာငတ်သောသူတို့သာ ဘုရားသခင်၏ ခြေလှမ်းများနောက်လိုက်နိုင်ပြီး၊ သူ၏ကတိကို ရရှိနိုင်ပေသည်။ ထိုသို့မဟုတ်သူများသည် ပြင်းထန်သော ဘေးဒုက္ခနှင့် အလွန် ထိုက်တန်သည့် အပြစ်ပေးခြင်းကို ခံရကြလိမ့်မည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကျမ်းစာကို ပိုမိုထိရောက်စွာ လေ့လာခြင်းအတွက် လက်တွေ့လုပ်ဆောင်ဖို့ နည်းလမ်း ၃ ခု

ရှောင်ရှောင်၊ ပြင်သစ် သမ္မာကျမ်းစာ ဖတ်ရှုခြင်းသည် ခရစ်ယာန်များ နေ့စဉ်လုပ်ဆောင်ရမည့်အရာတစ်ခု ဖြစ်ပြီး၊ သမ္မာတရားကို ရရှိခြင်းနှင့်...

ရှင်မဿဲခရစ်ဝင်ကျမ်း အခန်းကြီး (၂၅) ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်- သခင့်ကိုကြိုဆိုရန် ပညာသတိရှိသော သတို့သမီးများဖြစ်လာနည်း

မကြာခဏဖြစ်ပွားတတ်သည့် ကပ်ဘေးများနှင့် သွေးရောင်လွှမ်းသောလ ပေါ်ထွန်းခြင်းတို့နှင့်အတူ သခင်၏ ပြန်ကြွလာခြင်းဆိုင်ရာ နိမိတ်လက္ခဏာများမှာ ယခုတွင် သိသာထင်ရှားလာနေသည်။ ဤအရေးကြီးသော အခါသမယတွင် ကျွန်ုပ်တို့သည် မည်သို့အားဖြင့် ပညာသတိရှိသော သတို့သမီးများဖြစ်ပြီး သခင့်ကို လက်ခံကြိုဆိုနိုင်မည်နည်း။ အဖြေများကို ဤဆောင်းပါးထဲတွင် သင်တွေ့နိုင်သည်။

ဘုရားသခင်၏ သိုးသည် ဘုရားသခင်၏ အသံတော်ကို ကြားသည်- စစ်မှန်သော လမ်းခရီးကို လေ့လာစုံစမ်းသည့်အခါ ကျွန်ုပ်တို့သည် ဘုရားသခင်၏ အသံတော်ကို ကြားသင့်သည်

ဤကမ္ဘာ့ကပ်ဆိုးကြီးသည် လတ်တလော လများတွင် ဆက်လက်ပျံ့နှံ့နေပြီး၊ ရောဂါအတည်ပြုလူနာများနှင့် သေဆုံးမှု အရေအတွက်များသည် ယခင်ကထက် တိုး၍...

ဝိညာဉ်ရေးရာ တိုက်ပွဲတွင် စာတန်၏ စုံစမ်းသွေးဆောင်ခြင်းကို အောင်နိုင်ရန် ခရစ်ယာန်များအတွက် နည်းလမ်း ၃ သွယ်

ဂျင်းရှင်း၊ တောင်ကိုးရီးယား ညီအစ်ကိုမောင်နှမတို့ သခင့်ထံ၌ ငြိမ်သက်ခြင်းရှိကြပါစေ။ ဝိညာဉ်ရေးရာ တိုက်ပွဲများသည် တစ်ခါတရံမှ ဖြစ်ခြင်းမဟုတ်ဘဲ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။