ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၅၇

ဘုရားသခင်၏ သမ္မာတရားနှင့် သက်ဆိုင်သည့် ဖော်ပြချက်တွင်၊ ဘုရားသခင်သည် သူ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ကို ဖော်ပြသည်။ သူ၏ သမ္မာတရားနှင့်ဆိုင်သော ဖော်ပြချက်သည် လူသားမျိုးနွယ်၏ အပြုသဘောဆောင်သည့် အရာမျိုးစုံနှင့်သက်ဆိုင်သည့် အနှစ်ချုပ်များနှင့် လူသားမျိုးနွယ် အသိအမှတ်ပြုသည့် ထွက်ဆိုချက်များအပေါ် အခြေမခံထားပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်။ ထိုနှုတ်ကပတ်တော်များသည် လူသားမျိုးနွယ် ရပ်တည်သင့်သည့် အခြေခံအုတ်မြစ်နှင့် ဥပဒေသတို့ဖြစ်ပြီး၊ လူသားမျိုးနွယ်မှ အစပြုဖြစ်ပေါ်လာသည့် သက်ဝင်ယုံကြည်မှု ဆိုသောအရာများသည် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်း ခံရလေသည်။ ထိုအရာများကို သူလက်သင့်မခံပေ၊ သူ၏ မိန့်မြွက်ချက်များ၏ ဇာစ်မြစ် သို့မဟုတ် အခြေခံ အကြောင်းအရင်း ဖြစ်ဖို့ဆိုသည်မှာ ပို၍ နည်းသေးပေသည်။ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များအားဖြင့် သူ၏စိတ်သဘောထားနှင့် သူ၏ အနှစ်သာရတို့ကို ဖော်ပြသည်။ သူ့၌ ဘုရားသခင်၏ အနှစ်သာရရှိသည့်အတွက်၊ ဘုရားသခင်၏ ဖော်ပြချက်အားဖြင့် ဖြစ်ပေါ်စေခဲ့သည့် နှုတ်ကပတ်တော်များအားလုံးသည် သမ္မာတရား ဖြစ်ပြီး သူသည် အပြုသဘောဆောင်သည့် အရာအားလုံး၏ လက်တွေ့အရှိတရား ဖြစ်သည်။ ဤဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်သည် ထိုနှုတ်ကပတ်တော်များကို မည်သည့် နေရာထားပါစေ၊ သို့မဟုတ် မည်သို့ သတ်မှတ်ပါစေ၊ သို့မဟုတ် မည်သို့ ရှုမြင်ပါစေ၊ သို့မဟုတ် မည်သို့ နားလည်ပါစေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်သည်ဆိုသည့်အချက်က မည်သည့်အခါမျှ မပြောင်းလဲပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်မျှ ပြောကြားပြီးဖြစ်ပါစေ၊ ၎င်းတို့ကို ဤဖောက်ပြန်ပျက်စီးပြီး အပြစ်ရှိသော လူသားမျိုးနွယ်သည် မည်မျှ ပြစ်တင်ရှုတ်ချပါစေ၊ နှုတ်ကပတ်တော်များကို မဖြန့်ဖြူးသည်အထိ၊ ပြီးလျှင် ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်၏ အထင်မြင်သေးခြင်းဖြင့် ကြုံရသည်အထိပင် ရှိပါစေ- ဤအခြေအနေများတွင်ပင် ပြောင်းလဲ၍မရနိုင်သည့် အမှန်တရားတစ်ခု ဆက်လက် တည်ရှိနေလေသည်- အထက်တွင် ဖော်ပြသွားသည့် အကြောင်းအရင်းများကို ထောက်ဆလျှင်ပင် လူသားမျိုးနွယ်တို့ တန်ဖိုးထားသည့် ယဉ်ကျေးမှုနှင့် ထုံးတမ်းအစဉ်အလာများ ဆိုသည့်အရာများသည် အပြုသဘောဆောင်သည့် အရာများ ဖြစ်မလာနိုင်ဘဲ၊ သမ္မာတရားလည်း ဖြစ်မလာနိုင်ပေ။ ဤသည်မှာ မပြောင်းလဲနိုင်ပေ။

ပြောင်းလဲမှုများ သို့မဟုတ် အချိန်ကုန်လွန်သွားခြင်းတို့ကြောင့် လူသားမျိုးနွယ်၏ ထုံးတမ်းအစဉ်အလာ ရိုးရာယဉ်ကျေးမှုနှင့် ဖြစ်တည်မှုနည်းလမ်းတို့သည် သမ္မာတရား ဖြစ်လာလိမ့်မည် မဟုတ်ဘဲ၊ လူသားမျိုးနွယ်၏ ပြစ်တင်ရှုတ်ချခြင်း သို့မဟုတ် မေ့လျော့တတ်ခြင်းတို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့၏ စကားများ ဖြစ်လာလိမ့်မည် မဟုတ်ပေ။ ဤအနှစ်သာရသည် လုံးဝ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ သမ္မာတရားသည် အမြဲတမ်း သမ္မာတရားဖြစ်သည်။ ဤ၌ အမှန်တရား တည်ရှိလေသည်- လူသားမျိုးနွယ် အကျဉ်းရုံးထားသည့် ဆိုရိုးများအားလုံးသည် စာတန်၌ အစပြုလာလေသည်- ၎င်းတို့သည် လူတို့၏ စိတ်ကူးများနှင့် အယူအဆများ ဖြစ်သည်၊ လူတို့၏ သွေးဆူခြင်းမှပင် ပေါ်ပေါက်လာ၍ အပြုသဘောဆောင်သည့် အရာများနှင့် လုံးလုံးလျားလျား မသက်ဆိုင်ပေ။ သို့သော်ငြားလည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကမူ ဘုရားသခင်၏ အနှစ်သာရနှင့် အဆင့်အတန်းတို့နှင့် သက်ဆိုင်သော ဖော်ပြချက်များ ဖြစ်သည်။ သူသည် ဤနှုတ်ကပတ်တော်များကို မည်သည့် အကြောင်းရင်းအတွက် ဖော်ပြလေသနည်း။ ထိုနှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်သည်ဟု ငါ အဘယ့်ကြောင့် ပြောသနည်း။ အကြောင်းအရင်းမှာ ဘုရားသခင်သည် အရာခပ်သိမ်း၏ ဥပဒေသများ၊ အခြေခံ သဘောတရားများ၊ အရင်းအမြစ်များ၊ အနှစ်သာရများ၊ အဖြစ်မှန်များနှင့် နက်နဲမှုများ အားလုံးတို့ကို အုပ်စိုးပြီး၊ ၎င်းတို့ကို ဘုရားသခင်၏ လက်ထဲတွင် ဆုပ်ကိုင်ထားသည်၊ ပြီးလျှင် ဘုရားသခင် တစ်ပါးတည်းသာလျှင် အရာခပ်သိမ်း၏ အခြေခံသဘောတရားများ၊ အဖြစ်မှန်များ၊ အမှန်တရားများနှင့် နက်နဲမှုများအားလုံးတို့ကို သိထားသည်။ သူသည် ၎င်းတို့၏ မူလဇာစ်မြစ်များနှင့် ၎င်းတို့၏ အရင်းအမြစ်များသည် အမှန်တကယ် မည်သည့်အရာ ဖြစ်သည်တို့ကို သိထားသည်။ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ ထုတ်ဖော်ပြထားသည့် အရာခပ်သိမ်း၏ အဓိပ္ပာယ်သတ်မှတ်ချက်များသာလျှင် အမှန်ကန် အတိကျဆုံး ဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းရှိ လူသားမျိုးနွယ် အတွက် သတ်မှတ်ချက်များသာလျှင် လူသားမျိုးနွယ်အတွက် တစ်ခုတည်းသော စံနှုန်း- လူသားမျိုးနွယ် ဘဝရပ်တည်သင့်သည့် တစ်ခုတည်းသော မှတ်ကျောက်များဖြစ်လေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၁)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်း | ကောက်နုတ်ချက် ၈၆

ဘုရားသခင်သည် သူနှင့်သက်ဆိုင်သည့် အသိပညာကို လူသားက ရရှိကောင်း ရရှိစေနိုင်ဖို့အလို့ငှာ၊ ပြီးလျှင် သူ၏သက်သေခံချက်အတွက် တရားစီရင်ခြင်းနှင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- သမ္မာကျမ်းစာနှင့် ပတ်သက်သည့် နက်နဲမှုများ | ကောက်နုတ်ချက် ၂၇၆

ယနေ့တွင် သင်တို့ထဲမှ မည်သူသည် သန့်ရှင်းသောဝိညာဉ်တော်၏ အသုံးပြုခြင်းခံရသည့် လူများပြောသော စကားများအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်မှ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၅၃

ဘုရားသခင်၏ စစ်ဆေးမှုများကို လက်ခံလော့၊ စာတန်၏ စုံစမ်းနှောင့်ယှက်မှုများကို အနိုင်ယူပြီး သင်၏ ဖြစ်တည်မှု တစ်ခုလုံးကို ဘုရားသခင်အား...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၀၀

ဘုရားသခင်သည် လူတို့ကို ပြီးပြည့်စုံအောင်ပြုလုပ်ပေးရန်အတွက် သမ္မာတရားနှင့် အချက်အလက်များ ရောက်ရှိလာခြင်းကို အသုံးပြုခဲ့သည်။ ဘုရားသခင်၏...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။