ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် (အပိုင်း နှစ်)

လူသား၏အလုပ်သည် အပိုင်းအခြားတစ်ခုအတွင်း ရှိနေပြီး အကန့်အသတ် ရှိ၏။ လူတစ်ဦးသည် အဆင့်တစ်ခုခု၏ အလုပ်ကိုသာ လုပ်နိုင်ပြီး ခေတ်တစ်ခေတ်လုံး၏ အလုပ်ကို မလုပ်နိုင်ပေ၊ သို့မဟုတ်ပါက သူသည် လူတို့ကို စည်းမျဉ်းစည်းကမ်းများ အလယ်သို့ ဦးဆောင်လိမ့်မည် ဖြစ်သည်။ လူသား၏အလုပ်သည် သီးခြား အချိန်တစ်ခု၊ သို့မဟုတ် အဆင့်တစ်ဆင့်နှင့်သာ သက်ဆိုင်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူသား၏ အတွေ့အကြုံသည် ယင်း၏ အတိုင်းအတာ တစ်ခုရှိသောကြောင့် ဖြစ်သည်။ လူ၏အလုပ်ကို ဘုရားသခင်၏အမှုနှင့် နှိုင်းယှဉ်၍ မရပေ။ လူ၏ လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းများနှင့် သမ္မာတရားနှင့် သက်ဆိုင်သော သူ၏အသိပညာသည် သီးသန့် အတိုင်းအတာတစ်ခုအတွက်သာ သက်ဆိုင်ပေသည်။ လူသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့်သာ ဉာဏ်အလင်းပေးခံရနိုင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် လုံးဝ မပြည့်ဝနိုင်သောကြောင့်၊ လူ လျှောက်သော လမ်းကြောင်းသည် လုံးဝ သန့်ရှင်းသော ဝိညာဉ်တော်၏ အလို ဖြစ်သည်ဟု သင်ပြော၍မရပေ။ လူ တွေ့ကြုံနိုင်သည့် အရာအားလုံးသည် ပုံမှန်လူ့သဘာဝ၏ အတိုင်းအတာ အတွင်းတွင်ရှိပြီး ပုံမှန်လူသား၏စိတ်ထဲက အတွေးများ၏ အပိုင်းအခြားကို မကျော်လွန်နိုင်ပေ။ သမ္မာတရား လက်တွေ့အရှိတရားကို အသက်ရှင်နေထိုင်နိုင်သူအားလုံးသည် ဤအပိုင်းအခြားအတွင်းတွင် တွေ့ကြုံကြရလေသည်။ သမ္မာတရားကို ၎င်းတို့ တွေ့ကြုံချိန်တွင် ယင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း ခံရသည့် ပုံမှန်လူသား အသက်တာ၏ အတွေ့အကြုံတစ်ခု အမြဲဖြစ်၏။ ယင်းသည် ပုံမှန်လူသားအသက်တာမှ သွေဖည်သော တွေ့ကြုံခြင်းနည်းလမ်းတစ်ခု မဟုတ်ပေ။ ၎င်းတို့၏ လူသား အသက်တာများ အသက်ရှင်ခြင်း၏ အခြေခံအုတ်မြစ်ပေါ်တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းခံရလျက် သမ္မာတရားကို ၎င်းတို့ တွေ့ကြုံကြရသည်။ ထို့အပြင် ဤသမ္မာတရားသည် လူတစ်ဦးမှတစ်ဦး ကွဲပြားပြီး၊ ယင်း၏နက်ရှိုင်းမှုသည် လူ၏ အခြေအနေနှင့် ဆက်နွှယ်ပေသည်။ ၎င်းတို့လျှောက်သော လမ်းကြောင်းသည် သမ္မာတရားကို လိုက်စားရှာဖွေသူတစ်ဦး၏ ပုံမှန်လူ့အသက်တာဖြစ်ပြီး၊ ယင်းကို သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း ခံရသည့် ပုံမှန်လူတစ်ဦး လျှောက်သော လမ်းကြောင်းဟု ခေါ်ကောင်းခေါ်ဆိုနိုင်သည်ဟုသာ ဆိုနိုင်ပေသည်။ ၎င်းတို့လျှောက်သော လမ်းကြောင်းသည် သန့်ရှင်းသော ဝိညာဉ်တော် လျှောက်သော လမ်းကြောင်း ဖြစ်သည်ဟု မဆိုနိုင်ပေ။ ပုံမှန်လူသား အတွေ့အကြုံတွင်၊ လိုက်စားရှာဖွေသော လူတို့သည် မတူညီသောကြောင့်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည်လည်း တူညီမှုမရှိပေ။ ထို့အပြင် လူတို့တွေ့ကြုံသော ပတ်ဝန်းကျင်များနှင့် ၎င်းတို့ အတွေ့အကြုံ၏ အပိုင်းအခြားများသည် မတူညီသောကြောင့်၊ ပြီးလျှင် ၎င်းတို့၏စိတ်နှင့်အတွေးများ ရောနှောခြင်းကြောင့်၊ ၎င်းတို့၏ အတွေ့အကြုံသည် မတူညီသော အတိုင်းအတာများထိ ရောနှောလျက်ရှိလေသည်။ လူအသီးသီးသည် ၎င်းတို့၏ ကွဲပြားခြားနားသည့်၊ တစ်ဦးချင်း အခြေအနေများနှင့်အညီ သမ္မာတရားကို နားလည်ကြသည်။ သမ္မာတရား၏ စစ်မှန်သော အဓိပ္ပာယ်နှင့် သက်ဆိုင်သည့် ၎င်းတို့၏နားလည်မှုသည် မပြည့်စုံသကဲ့သို့၊ ယင်း၏ ရှုထောင့်တစ်ခု သို့မဟုတ် ရှုထောင့်အချို့သာ ဖြစ်လေသည်။ လူတွေ့ကြုံသော သမ္မာတရား၏ နယ်ပယ်သည် လူအသီးသီး၏ အခြေအနေများနှင့် တစ်ပြေးညီ တစ်ဦးမှတစ်ဦး ကွဲပြားခြားနားလေသည်။ ဤနည်းဖြင့် တူညီသော သမ္မာတရားနှင့် သက်ဆိုင်သည့် အသိပညာကို မတူကွဲပြားသော လူများက ဖော်ပြသည့်အခါ ခြားနားကုန်ကြလေသည်။ ဆိုလိုသည်မှာ၊ လူ၏အတွေ့အကြုံသည် အမြဲ အကန့်အသတ်များရှိပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလိုကို လုံးဝ ကိုယ်စားမပြုနိုင်သကဲ့သို့၊ လူဖော်ပြသောအရာသည် ဘုရားသခင်၏ အလိုနှင့် အလွန်နီးကပ်စွာ ကိုက်ညီပြီး၊ လူ၏ အတွေ့အကြုံသည် သန့်ရှင်းသောဝိညာဉ်တော် ဆောင်ရွက်သော စုံလင်စေခြင်းနှင့် အလွန်နီးကပ်နေလျှင်ပင်၊ လူ၏အလုပ်ကို ဘုရားသခင်၏အမှုအဖြစ် မြင်၍ မရနိုင်ပေ။ လူသည် ဘုရားသခင် သူ့ကို ပေးအပ်ထားသည့် အလုပ်ကို လုပ်ဆောင်လျက် ဘုရားသခင်၏အစေခံသာ ဖြစ်နိုင်သည်။ လူသည် သန့်ရှင်းသောဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းခံရသည့် အသိပညာနှင့် သူ၏ ပုဂ္ဂိုလ်ရေး အတွေ့အကြုံများမှရရှိသော သမ္မာတရားများကိုသာ ဖော်ပြနိုင်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ထွက်ပေါက်ဖြစ်ရန် လူသည် အရည်အချင်းမပြည့်မီသကဲ့သို့ သတ်မှတ်ချက်များကို မပြည့်မီပေ။ သူ၏အလုပ်သည် ဘုရားသခင်၏ အမှုဖြစ်သည်ဟု သူ ဆိုပိုင်ခွင့်မရှိပေ။ လူတွင် လူ၏ အလုပ်လုပ်သည့် အခြေခံသဘောတရားများရှိပြီး၊ လူအားလုံးသည် ကွဲပြားသော အတွေ့အကြုံများရှိကာ မတူညီသော အခြေအနေများ ပိုင်ဆိုင်ကြသည်။ လူ၏အလုပ်တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုအောက်တွင်ရှိသည့် သူ၏ အတွေ့အကြုံအားလုံး ပါဝင်သည်။ ဤအတွေ့အကြုံများသည် လူ၏ဖြစ်တည်ခြင်းကိုသာ ကိုယ်စားပြုနိုင်ပြီး ဘုရားသခင်၏ဖြစ်တည်ခြင်း၊ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်၏ အလိုကို ကိုယ်စားမပြုနိုင်ပေ။ ထို့ကြောင့် လူ၏အလုပ်သည် ဘုရားသခင်၏ အမှုကို ကိုယ်စားမပြုနိုင်သကဲ့သို့၊ လူ၏အလုပ်နှင့် လူ၏ အတွေ့အကြုံသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပြည့်စုံသော အလိုတော် မဟုတ်သောကြောင့် လူလျှောက်သော လမ်းကြောင်းသည် သန့်ရှင်းသော ဝိညာဉ်တော် လျှောက်သော လမ်းကြောင်း ဖြစ်သည်ဟု ဆို၍မရပေ။ လူ၏အလုပ်သည် စည်းမျဉ်းများထဲသို့ ကျဆင်းလွယ်ပြီး၊ သူ့အလုပ်၏ နည်းစနစ်သည် ကန့်သတ်ထားသော နယ်ပယ်တစ်ခုသို့ လွယ်လင့်တကူ ဘောင်ခတ်ခံရကာ၊ လူတို့ကို အချုပ်အချယ်ကင်းသော လမ်းတစ်ခုသို့ ဦးဆောင်နိုင်ခြင်းမရှိပေ။ နောက်လိုက်အများစုသည် ကန့်သတ်ထားသော နယ်ပယ်တစ်ခုအတွင်းတွင် အသက်ရှင်ကြပြီး၊ ၎င်းတို့၏တွေ့ကြုံမှု နည်းလမ်းသည်လည်း ယင်း၏နယ်ပယ်ထဲတွင် ကန့်သတ်ခံရလေသည်။ လူ၏ အတွေ့အကြုံသည် အမြဲ အကန့်အသတ်ရှိ၏။ သူ၏အလုပ်နှင့်ဆိုင်သော နည်းစနစ်သည်လည်း အမျိုးအစား အနည်းငယ်ထိ ကန့်သတ်ခံရပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်၊ သို့မဟုတ် ဘုရားသခင် ကိုယ်တိုင်၏ အမှုနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော်၊ နောက်ဆုံးတွင် လူ၏ အတွေ့အကြုံသည် အကန့်အသတ်ရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် သူ၏အမှုကို မည်သို့လုပ်ဆောင်သည်ဖြစ်စေ၊ ယင်းသည် စည်းမျဉ်းများအားဖြင့် ပိတ်ဆီးမခံရပေ။ ယင်းကို မည်သို့လုပ်ဆောင်ပြီးစီးသည်ဖြစ်စေ၊ နည်းစနစ် တစ်ခုတစ်လေမျှထိ ကန့်သတ်မထားပေ။ ဘုရားသခင်၏ အမှုအတွက် မည်သည့် စည်းမျဉ်းစည်းကမ်းမျှ မရှိပေ- သူ၏အမှုအားလုံးသည် လွတ်ငြိမ်းပြီး အချုပ်အနှောင် ကင်းလေသည်။ လူသည် သူ့နောက်လိုက်ရင်း အချိန်မည်မျှကုန်ဆုံးပါစေ၊ သူသည် ဘုရားသခင်၏ အမှုပြုသည့်နည်းလမ်းများကို စိုးမိုးသည့် မည်သည့်ဥပဒေသကိုမျှ အနှစ်မချုပ်နိုင်ပေ။ ဘုရားသခင်၏ အမှုသည် မူအရဖြစ်သော်လည်း၊ ယင်းကို နည်းလမ်းသစ်များဖြင့် အမြဲလုပ်ဆောင်ကာ အသစ်သော တိုးတက်မှုများ အမြဲရှိပြီး ယင်းကို လူက လက်လှမ်းမမီနိုင်ပေ။ အချိန်ကာလတစ်ခုတည်းတွင်၊ ဘုရားသခင်သည် မတူကွဲပြားသော အလုပ်အမျိုးအစား အချို့နှင့် လူတို့ကို မတူကွဲပြားသော ဦးဆောင်ခြင်း နည်းလမ်းများရှိနိုင်ကာ၊ ထိုသို့ပြုလုပ်ခြင်းဖြင့် လူတို့သည် အသစ်သော ဝင်ရောက်မှုများနှင့် ပြောင်းလဲမှုများ အမြဲရှိလေသည်။ သူသည် အသစ်သော နည်းလမ်းများဖြင့် အမြဲ အမှုပြုသောကြောင့်၊ သင်သည် ဘုရားသခင်၏ အမှုနှင့်သက်ဆိုင်သော ဥပဒေသများကို မသိမြင်နိုင်ပေ၊ ပြီးလျှင် ထိုသို့ဖြင့်သာ ဘုရားသခင်၏ နောက်လိုက်များသည် စည်းမျဉ်းများအားဖြင့် ကန့်သတ်ခံလာရခြင်း မရှိပေ။ ဘုရားသခင် ကိုယ်တိုင်၏အမှုသည် လူတို့၏အယူအဆများကို အမြဲရှောင်ရှားပြီး ထိုအယူအဆများကို ဆန့်ကျင်လေသည်။ စစ်မှန်သော နှလုံးသားတစ်ခုဖြင့် ဘုရားသခင် နောက်သို့လိုက်ပြီး သူ့ကို လိုက်စားရှာဖွေသော သူတို့သာ ၎င်းတို့၏ စိတ်သဘောထားများ ပြောင်းလဲခြင်းခံရမည်ဖြစ်ပြီး မည်သည့် စည်းမျဉ်းအောက်တွင်မျှ မရှိဘဲ၊ သို့မဟုတ် မည်သည့် ဘာသာတရား အယူအဆများဖြင့်မျှ ချုပ်ထိန်းမခံရဘဲ၊ လွတ်လွတ်လပ်လပ် အသက်ရှင်နိုင်ပေသည်။ လူ၏အလုပ်သည် ၎င်း၏ ကိုယ်ပိုင် အတွေ့အကြုံနှင့် ၎င်းကိုယ်တိုင် စွမ်းဆောင်ရရှိနိုင်သည့်အရာပေါ် အခြေခံ၍ လူတို့ကို တောင်းဆိုမှုများ ပြုလေသည်။ ဤသတ်မှတ်ချက်များ၏ စံနှုန်းများသည် တိကျသည့် နယ်ပယ်တစ်ခုအတွင်းတွင် ကန့်သတ်ထားပြီး၊ လက်တွေ့လုပ်ဆောင်သည့် နည်းလမ်းများသည်လည်း အလွန် ကန့်သတ်မှုရှိလေသည်။ ဤသို့ဖြင့်၊ နောက်လိုက်များသည် ဤကန့်သတ်ထားသော နယ်ပယ်အတွင်းတွင် မရည်ရွယ်ဘဲနှင့် အသက်ရှင်မိကြသည်။ အချိန်ကုန်လွန် လာသည်နှင့်အမျှ ဤအရာများသည် စည်းမျဉ်းများနှင့် ရိုးရာဓလေ့များဖြစ်လာသည်။ အကယ်၍ ကာလတစ်ခု၏ အလုပ်သည် ဘုရားသခင်၏ ကိုယ်တိုင်ကိုယ်ကျ စုံလင်စေခြင်းကို မကြုံရသေးသကဲ့သို့၊ တရားစီရင်ခြင်းကို မရရှိသေးသည့် သူတစ်ဦး၏ ဦးဆောင်ခြင်းခံရပါက၊ ၎င်း၏နောက်လိုက်များအားလုံးသည် ဘာသာရေးသမားများနှင့် ဘုရားသခင်ကို ခုခံဆန့်ကျင်ရာတွင် ကျွမ်းကျင်သူများ ဖြစ်လာကြပေလိမ့်မည်။ ထို့ကြောင့်၊ အကယ်၍ တစ်စုံတစ်ယောက်သည် အရည်အချင်းပြည့်မီသော ခေါင်းဆောင်တစ်ဦးဖြစ်ပါက၊ ထိုလူသည် တရားစီရင်ခြင်းကို ကြုံရမည်ဖြစ်ပြီး စုံလင်စေခြင်းကို လက်ခံရပေမည်။ တရားစီရင်မှုကို မကြုံတွေ့သေးသောသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ် ရှိကောင်းရှိနေနိုင်သော်လည်း၊ မရေရာသကဲ့သို့ မစစ်မှန်သော အရာများကိုသာ ဖော်ပြလေသည်။ အချိန်နှင့်အမျှ၊ ၎င်းတို့သည် လူတို့ကို မရေရာသကဲ့သို့ သဘာဝလွန်သော စည်းမျဉ်းများထဲသို့ ဦးဆောင်လိမ့်မည်။ ဘုရားသခင် လုပ်ဆောင်သော အမှုသည် လူ၏ ဇာတိပကတိနှင့် မကိုက်ညီပေ။ ယင်းသည် လူ၏ အတွေးများနှင့် မကိုက်ညီဘဲ၊ လူ၏ အယူအဆများကို ဆန့်ကျင်လေသည်။ ယင်းသည် မရေရာသော ဘာသာရေး အသွေးအရောင်များနှင့် မစွန်းထင်းပေ။ ဘုရားသခင်၏ အမှုရလဒ်များကို ဘုရားသခင်၏ စုံလင်စေခြင်းမခံရသေးသည့် သူတစ်ဦးဦးက မရရှိနိုင်ပေ။ ထိုရလဒ်များကို လူ၏အတွေးများက လက်လှမ်းမမီနိုင်ပေ။

လူ၏စိတ်ထဲရှိအလုပ်သည် ရရှိဖို့ လူသားအတွက် အလွန်လွယ်ကူလွန်းလှ ပေသည်။ ဥပမာအားဖြင့်၊ ဘာသာရေး လောကထဲက သင်းအုပ်များနှင့် ခေါင်းဆောင်များသည် မိမိတို့၏ အလုပ်ကို လုပ်ဆောင်ရန် ၎င်းတို့၏ ဆုကျေးဇူးများနှင့် ရာထူးများအပေါ် အမှီပြုကြသည်။ အချိန်ကြာမြင့်စွာ ၎င်းတို့နောက်လိုက်သော သူများသည် ၎င်းတို့၏ ဆုကျေးဇူးများဖြင့် ကူးစက်ခံရပြီး ၎င်းတို့၏ဖြစ်တည်မှု အချို့ဖြင့် လွှမ်းမိုးမှုခံရကြလိမ့်မည်။ ၎င်းတို့သည် လူတို့၏ ဆုကျေးဇူးများ၊ အစွမ်းအစများနှင့် အသိပညာတို့အပေါ် အာရုံစိုက်ပြီး၊ သဘာဝလွန်သည့်အရာများနှင့် နက်နဲပြီး လက်တွေ့မကျသော အယူဝါဒများကို (ဟုတ်ပေ၏၊ ဤနက်နဲသော အယူဝါဒများကို မရယူနိုင်ပေ။) အာရုံစိုက်ကြလေသည်။ ၎င်းတို့သည် လူတို့၏ စိတ်သဘောထားများထဲက ပြောင်းလဲမှုများအပေါ် အာရုံမစိုက်ဘဲ၊ ယင်းထက် တရားဟောဖို့နှင့် အလုပ်လုပ်ဖို့ လူတို့ကို လေ့ကျင့်ပေးခြင်း၊ လူတို့၏အသိပညာနှင့် ၎င်းတို့၏ အလျှံပယ်ဖြစ်သော ဘာသာရေး အယူဝါဒများကို တိုးတက်စေခြင်းတို့အပေါ် အာရုံစိုက်ကြလေသည်။ လူတို့၏ စိတ်သဘောထားများ မည်မျှပြောင်းလဲသည်ဆိုသည့်အပေါ် ၎င်းတို့ အာရုံမစိုက်ကြသကဲ့သို့၊ သမ္မာတရားကို လူတို့ မည်မျှနားလည်သည်ဆိုသည့်အပေါ်လည်း အာရုံမစိုက်ပေ။ ၎င်းတို့သည် လူတို့၏သာမန်နှင့် သာမန်မဟုတ်သော အခြေအနေတို့ကို ရရှိဖို့ကြိုးစားရန် မဆိုထားနှင့်၊ လူတို့၏အနှစ်သာရကိုပင် စိတ်ပင်မဝင်စားကြပေ။ ၎င်းတို့သည် လူတို့၏ မပြည့်စုံမှုများ သို့မဟုတ် ဖောက်ပြန်ပျက်စီးခြင်းများအတွက် လူတို့ကို ပြုပြင်ရန်မဆိုထားနှင့်၊ ၎င်းတို့၏ အယူအဆများကို မဆန့်ကျင်ကြသကဲ့သို့၊ ၎င်းတို့၏အယူအဆများကို ထုတ်ဖော်ပြခြင်းမရှိပေ။ ၎င်းတို့နောက်လိုက်သောသူ အများစုသည် မိမိတို့၏ ဆုကျေးဇူးများဖြင့် အစေခံကြပြီး၊ သူတို့ထုတ်ဖော်ပြသမျှအားလုံးမှာ လက်တွေ့အရှိတရားနှင့် ကင်းကွာပြီး လူတို့အပေါ် အသက်အပ်နှင်းနိုင်ခြင်း လုံးဝမရှိသည့် ဘာသာရေး အယူအဆများနှင့် ဓမ္မပညာဆိုင်ရာ သဘောတရားများဖြစ်သည်။ အမှန်တွင်၊ ၎င်းတို့ အလုပ်၏ အနှစ်သာရသည် ပါရမီကို ပျိုးထောင်ခြင်း၊ ဘာမျှမရှိသည့် လူတစ်ဦးမှ နောက်ပိုင်းတွင် အလုပ်လုပ်ကာ ဦးဆောင်မည့် ပါရမီရှိသော ကျမ်းစာကျောင်း ဘွဲ့ရတစ်ဦးအဖြစ်သို့ ပျိုးထောင်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ အနှစ်ခြောက်ထောင် အမှုထဲက နည်းဥပဒေသ တစ်ခုတစ်လေကို သင် သိမြင်နိုင်ပါသလော။ လူလုပ်ဆောင်သောအလုပ်တွင် စည်းမျဉ်းများနှင့် ကန့်သတ်ချက်များစွာရှိပြီး လူသား ဦးနှောက်သည် အလွန် တစ်ယူသန်ဖြစ်လွန်းလှ၏။ ထို့ကြောင့် လူက ဖော်ပြသောအရာသည် သူ၏အတွေ့အကြုံ နယ်ပယ်အတွင်းရှိ အသိပညာနှင့် သဘောပေါက်မိခြင်းတို့ဖြစ်သည်။ လူသည် ဤအရာမှလွဲ၍ မည်သည့်အရာကိုမျှ မဖော်ပြနိုင်ပေ။ လူ၏ အတွေ့အကြုံ သို့မဟုတ် အသိပညာသည် ၎င်း၏မွေးရာပါ ဆုကျေးဇူးများ သို့မဟုတ် ၎င်း၏ ဗီဇမှ ထွက်ပေါ်လာခြင်းမဟုတ်ပေ။ ယင်းတို့သည် ဘုရားသခင်၏ လမ်းပြမှုနှင့် တိုက်ရိုက်ထိန်းကျောင်းမှုတို့ကြောင့် ထွက်ပေါ်လာခြင်း ဖြစ်သည်။ လူသည် ဤထိန်းကျောင်းမှုကို လက်ခံနိုင်စွမ်းသာရှိပြီး၊ ဘုရား၏သဘောသဘာဝသည် အဘယ်အရာဖြစ်သည်ကို တိုက်ရိုက်ဖော်ပြရန် အစွမ်းအစမရှိချေ။ လူသည် အရင်းအမြစ်မဖြစ်နိုင်ပေ။ သူသည် အရင်းအမြစ်မှ လာသော ရေကိုလက်ခံသည့် အိုးတစ်ခုသာ ဖြစ်နိုင်သည်။ ဤသည်မှာ လူသား ဗီဇ၊ လူသားတစ်ဦးအနေဖြင့် ရှိသင့်သော အစွမ်းအစ ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်ခံသည့် စွမ်းရည်ဆုံးရှုံးပြီး၊ လူသား ဗီဇကို ဆုံးရှုံးပါက၊ ထိုလူသည် တန်ဖိုးအရှိဆုံးသော အရာကိုလည်း ဆုံးရှုံးကာ ဖန်ဆင်းခံ လူသား၏ တာဝန်ကို ဆုံးရှုံးပေသည်။ အကယ်၍ လူတစ်ဦးသည် ဘုရားသခင်၏နှုတ်ကပတ်တော် သို့မဟုတ် သူ၏အမှုနှင့် သက်ဆိုင်သည့် အသိပညာ သို့မဟုတ် အတွေ့အကြုံမရှိပါက ထိုလူသည် သူ၏တာဝန်၊ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေဖြင့် သူဆောင်ရွက်သင့်သော တာဝန်ကို ဆုံးရှုံးပြီး၊ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ ဂုဏ်သိက္ခာကို ဆုံးရှုံးပေသည်။ လူ့ဇာတိ၌ ဖော်ပြသည်ဖြစ်စေ ဝိညာဉ်တော်အားဖြင့် တိုက်ရိုက်ဖော်ပြသည်ဖြစ်စေ၊ ဘုရားသဘောသဘာဝမှာ မည်သည့် အရာဖြစ်သည်ကို ဖော်ပြရန်မှာ ဘုရားသခင်၏ ပင်ကိုစရိုက် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ သာသနာဖြစ်သည်။ လူသည် ဘုရားသခင်၏ အမှုအတွင်း သို့မဟုတ် အမှုပြီးနောက်တွင် သူ၏ကိုယ်ပိုင်အတွေ့အကြုံများ သို့မဟုတ် အသိပညာကို ဖော်ပြလေသည် (ယင်းမှာ သူ၏ဖြစ်ခြင်းကို ဖော်ပြသည်ကို ဆိုလိုသည်)။ ဤသည်မှာ လူ၏ ပင်ကိုစရိုက်နှင့် လူ၏ တာဝန်ဖြစ်ပြီး၊ ယင်းသည် လူက စွမ်းဆောင်ရရှိသင့်သော အရာဖြစ်သည်။ လူ၏ ဖော်ပြချက်သည် ဘုရားသခင် ဖော်ပြသည့်အရာကို မမီသော်လည်း၊ လူဖော်ပြသည့် အရာသည် စည်းမျဉ်းများစွာဖြင့် ကန့်သတ်ခံရသော်လည်း၊ လူသည် သူဖြည့်ဆည်းသင့်သောတာဝန်ကို ဖြည့်ဆည်းရမည်ဖြစ်ပြီး၊ သူလုပ်သင့်သည့် အရာကိုလုပ်ရမည်ဖြစ်သည်။ လူသည် သူ၏တာဝန်ကိုဖြည့်ဆည်းရန် တတ်စွမ်းသမျှ ဖြစ်နိုင်သည့်အရာအားလုံးကို လုပ်ဆောင်သင့်ပြီး၊ သံသယ နည်းနည်းမျှပင် မရှိသင့်ပေ။

နှစ်များစွာကြာ အလုပ်လုပ်ပြီးနောက်တွင်၊ လူသည် သူ၏နှစ်ပေါင်းများစွာ ကြာသည့် အလုပ် အတွေ့အကြုံအပြင် သူစုဆောင်းထားခဲ့သော ဉာဏ်ပညာနှင့် စည်းမျဉ်းတို့ကို အကျဉ်းချုပ်လိမ့်မည်။ အချိန်ကြာမြင့်စွာ အလုပ်လုပ်ဖူးသောသူသည် သန့်ရှင်းသော ဝိညာဉ်တော်အလုပ်၏ လှုပ်ရှားမှုအား မည်သို့ အာရုံခံရမည်ကို သိရှိလေသည်။ မည်သည့်အချိန်တွင် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်ပြီး မည်သည့်အချိန်တွင် အလုပ်မလုပ်သည်ကို သူသိသည်။ ဝန်ထုပ်တစ်ခုကို သယ်ဆောင်စဉ် မည်သို့မိတ်သဟာယပြုရမည်ကို သူသိပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်အလုပ်၏ ပုံမှန်အခြေအနေနှင့် အသက်တာ၌ လူတို့၏ ကြီးထွားမှုအခြေအနေကို သိလေသည်။ ယင်းသည် နှစ်ပေါင်းများစွာ အလုပ်လုပ်ဖူးပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကိုသိသော လူတစ်ဦးဖြစ်သည်။ အချိန်ကြာမြင့်စွာ အလုပ်လုပ်ဖူးသောသူတို့သည် ခိုင်ခိုင်မာမာနှင့် စိတ်အေးလက်အေး စကားပြောကြ၏။ ၎င်းတို့ ပြောစရာ ဘာမျှမရှိသည့်အချိန်တွင်ပင် စိတ်တည်ငြိမ် ကြလေသည်။ အတွင်း၌၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်အလုပ်ကို ရှာဖွေရန် ဆက်လက်ဆုတောင်းနိုင်ကြသည်။ ၎င်းတို့သည် အလုပ်လုပ်ရာတွင် အတွေ့အကြုံ ရှိကြသည်။ အချိန်ကြာမြင့်စွာ အလုပ်လုပ်ဖူးပြီး အတွေ့အကြုံများစွာရှိကာ သင်ခန်းစာများစွာ သင်ယူပြီးသောလူတစ်ဦးသည် အတွင်း၌ သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်ကို တားဆီးသော အရာများစွာရှိ၏။ ဤသည်မှာ ၎င်း၏ ရေရှည်အလုပ်နှင့်ဆိုင်သော ချွတ်ယွင်းချက်တစ်ခုဖြစ်သည်။ ယခုတင် အလုပ်စလုပ်သော လူတစ်ဦးသည် လူသား သင်ခန်းစာများ သို့မဟုတ် အတွေ့အကြုံများဖြင့် ရောနှောမခံရသကဲ့သို့၊ အထူးသဖြင့် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်ပုံနှင့်ပတ်သက်၍ ဘာပြောရမှန်းမသိ ဖြစ်ကြလေသည်။ သို့သော် အလုပ်လုပ်နေဆဲအတောအတွင်းတွင်၊ သူသည် သန့်ရှင်းသော ဝိညာဉ်တော် မည်သို့ အလုပ်လုပ်သည်ကို အာရုံခံရန် တဖြည်းဖြည်း သင်ယူပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကိုရရှိရန်အလို့ငှာ မည်သည့်အရာ လုပ်ဆောင်ရမည်၊ အခြားသူတို့၏ ပျော့ကွက်များကို အတိအကျ ထုနှက်ရန်အလို့ငှာ မည်သည့်အရာ လုပ်ဆောင်ရမည်ဆိုသည်နှင့် အလုပ်လုပ်သူများ ပိုင်ဆိုင်သင့်သည့် ထိုသို့သော အခြား သာမန်အသိပညာကို သတိမူမိလာကြသည်။ အချိန်ကြာလာသည်နှင့်အမျှ၊ သူသည် အလုပ်လုပ်ခြင်းနှင့်သက်ဆိုင်သည့် ထိုသို့သော ဉာဏ်ပညာနှင့် သာမန်အသိပညာတို့ကို ကောင်းစွာ သိလာပြီး အလုပ်လုပ်နေချိန်တွင် ယင်းကို အလွယ်တကူ အသုံးပြုပုံပေါ်လေသည်။ သို့ရာတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် သူအလုပ်လုပ်သည့် နည်းလမ်းကို ပြောင်းလဲသည့်အခါတွင်၊ ထိုသူသည် အလုပ်နှင့်ဆိုင်သည့် သူ၏အသိပညာဟောင်းနှင့် စည်းမျဉ်းဟောင်းများကို လိုက်နာစောင့်ထိန်းဆဲဖြစ်ပြီး၊ အမှု၏ အသစ်သော လှုပ်ရှားမှုအကြောင်းကို အလွန်နည်းပါးစွာ သိလေသည်။ နှစ်ချီသော အလုပ်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက်နှင့် လမ်းပြမှု ပြည့်ဝခြင်းသည် သူ့အား အလုပ်နှင့်ပတ်သက်သည့် သင်ခန်းစာများနှင့် အတွေ့အကြုံများကို ပို၍ပို၍ ပေးလေသည်။ ထိုသို့သော အရာများသည် သူ့ကို မာနမဟုတ်သည့် မိမိကိုယ်ကို ယုံကြည်မှုဖြင့် ပြည့်စေသည်။ တစ်နည်းအားဖြင့်ဆိုသော်၊ သူသည် သူ့ကိုယ်ပိုင်အလုပ်ဖြင့် အတော်အတန် ကျေနပ်အားရပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်အလုပ်နှင့်ပတ်သက်၍ သူရရှိပြီးသော သာမန်အသိပညာဖြင့် တင်းတိမ်ရောင့်ရဲလေသည်။ အထူးသဖြင့် အခြားသူများ မရရှိခဲ့သည့်အရာများ သို့မဟုတ် မသိခဲ့သော အရာများသည် သူ့ကို သာ၍ပင် ယုံကြည်စိတ်ချမှုကို ပေးလေသည်။ ၎င်းအတွင်းရှိ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် မည်သည့်အခါတွင်မျှ မကွယ်ပျောက်နိုင်သည့်ပုံ ရသော်လည်း၊ အခြားသူများသည် ဤအထူးဆက်ဆံမှုအတွက် အရည်အချင်း မပြည့်မီကြချေ။ နှစ်ချီကြာ အလုပ်လုပ်ဖူးပြီး ယင်း၏ အသုံးဝင်မှုက အတော်တန်ဖိုးရှိသည့် ၎င်းကဲ့သို့သော လူစားမျိုးများသာလျှင် ယင်းကို မွေ့လျော်ခံစားရန် အရည်အချင်း ပြည့်မီကြလေသည်။ ဤအရာများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသစ်သော လုပ်ဆောင်ချက်ကို ၎င်း၏လက်ခံမှုအဖို့ ကြီးမားသော အဟန့်အတားတစ်ခု ဖြစ်လာလေသည်။ အသစ်သော အလုပ်ကို ၎င်းက လက်ခံနိုင်လျှင်ပင်၊ ညတွင်းချင်း ထိုသို့ သူ မလုပ်ဆောင်နိုင်ပေ။ ယင်းကို လက်မခံမီ သူသည် အလှည့်အပြောင်း အချို့ကို ဖြတ်သန်းရဖို့ သေချာပေသည်။ ၎င်း၏ အယူအဆ ဟောင်းများသည် ကိုင်တွယ်ဖြေရှင်းခံရပြီး ၎င်းတို့၏ စိတ်သဘောထားဟောင်းများ တရားစီရင်ခံရပြီး နောက်တွင်သာ၊ ဤအခြေအနေသည် တဖြည်းဖြည်း ပြောင်းလဲနိုင်ပေသည်။ ဤအဆင့်များကို ဖြတ်သန်းခြင်းမရှိဘဲ၊ ၎င်းသည် လက်မလွတ်သကဲ့သို့ ၎င်း၏အယူအဆဟောင်းများနှင့် မကိုက်ညီသော သင်ယူမှုအသစ်များနှင့် အလုပ်တို့ကို အလွယ်တကူ လက်မခံပေ။ ဤသည်မှာ လူ့အထဲက ကိုင်တွယ်ဖြေရှင်းဖို့ အခက်ခဲဆုံးသော အရာဖြစ်ပြီး ပြောင်းလဲရန် မလွယ်ကူပေ။ အကယ်၍ လုပ်သားတစ်ဦးအနေဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်အား တစ်ပြိုင်နက် နားလည်မှုကို ရရှိနိုင်ပြီး ယင်း၏ လှုပ်ရှားမှုကို အကျဉ်းချုပ်နိုင်ပါက၊ ပြီးလျှင် ၎င်း၏ အတွေ့အကြုံနှင့် အလုပ်တို့ဖြင့် ကန့်သတ်မခံရနိုင်သကဲ့သို့၊ အလုပ်ဟောင်းအရ အလုပ်သစ်ကို လက်ခံနိုင်ပါက၊ သူသည် ပညာရှိသောသူဖြစ်ပြီး အရည်အချင်းပြည့်မီသော လုပ်သားတစ်ဦး ဖြစ်လေသည်။ လူတို့သည် မကြာခဏ ဤသို့ဖြစ်ကြလေသည်- ၎င်းတို့သည် မိမိတို့၏ အလုပ်နှင့်ဆိုင်သည့် အတွေ့အကြုံများကို အကျဉ်းချုံးနိုင်ခြင်းမရှိဘဲ၊ နှစ်ပေါင်းများစွာ အလုပ်လုပ်ကြသည်၊ သို့မဟုတ် အလုပ်နှင့်ပတ်သက်သည့် ၎င်းတို့၏အတွေ့အကြုံနှင့် ဉာဏ်ပညာကို အကျဉ်းချုံးပြီးနောက် အသစ်သော အလုပ်ကို လက်ခံရန် ဟန့်တားခြင်းခံရကာ၊ အလုပ်ဟောင်းနှင့် အလုပ်သစ်ကို ကောင်းမွန်စွာ နားလည်နိုင်ခြင်း သို့မဟုတ် မှန်ကန်စွာ သဘောထားနိုင်ခြင်းမရှိပေ။ လူတို့သည် ကိုင်တွယ်ရန် အမှန်တကယ် ခက်ခဲကြပေသည်။ သင်တို့အများစုသည် ဤသို့ဖြစ်ကြ၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို နှစ်ပေါင်းများစွာ တွေ့ကြုံပြီးဖြစ်သော သူတို့သည် အလုပ်သစ်ကို လက်ခံရန်ခက်ခဲကြပြီး ၎င်းတို့ ဘေးဖယ်မထားနိုင်သည့် အယူအဆများဖြင့် အမြဲပြည့်သော်လည်း၊ ယခုတင် အလုပ်စတင်လုပ်သော လူတစ်ဦးသည် အလုပ်နှင့်ပတ်သက်သည့် သာမန်အသိပညာ ကင်းမဲ့ပြီး၊ အရိုးရှင်းဆုံး ကိစ္စအချို့တို့ကိုပင် မည်သို့ကိုင်တွယ် ရမည်ကို မသိကြပေ။ အသင်လူတို့သည် အလွန်ပင် ခက်ခဲလှသည်။ ဝါရင့်မှုအချို့ရှိသူများသည် အလွန်မာန ကြီးကြပြီး စိတ်ကြီးဝင်ကြသည်မှာ ၎င်းတို့ မည်သည့်နေရာမှ လာခဲ့ကြသည်ကို မေ့လျော့ကြလေသည်။ သာ၍ ငယ်ရွယ်သောသူများအပေါ် ၎င်းတို့ အမြဲအထင်သေးကြသော်လည်း၊ ၎င်းတို့သည် အသစ်သော အမှုကို လက်မခံနိုင်ကြဘဲ၊ နှစ်များစွာ ၎င်းတို့ စုဆောင်းပြီး ထိန်းသိမ်းခဲ့ကြသော အယူအဆများကို လက်မလွှတ်နိုင်ကြပေ။ ထိုငယ်ရွယ်ပြီး ပညာမဲ့သော သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသစ်သော လုပ်ဆောင်ချက်ကို အနည်းငယ် လက်ခံနိုင်ပြီး အတော်အတန် စိတ်အားထက်သန်ကြသော်လည်း၊ ပြဿနာများ ပေါ်ပေါက်သည့်အခါ အမြဲ စိတ်ရှုပ်ထွေးလာကြကာ မည်သည့်အရာ လုပ်ဆောင်ရမည်ကို မသိကြပေ။ ၎င်းတို့သည် စိတ်အားထက်သန်ကြသော်လည်း မသိနားမလည်ကြချေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့် သက်ဆိုင်သော အသိပညာ အနည်းငယ်သာ ၎င်းတို့ ရှိကြပြီး၊ ယင်းကို ၎င်းတို့အသက်တာများတွင် အသုံးမပြုနိုင်ကြပေ။ ယင်းသည် လုံးဝ အသုံးမကျသော အယူဝါဒသာ ဖြစ်သည်။ သင်တို့ကဲ့သို့သော လူများစွာရှိ၏။ မည်မျှသောသူတို့သည် အသုံးပြုရန် သင့်တော်ပါသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းနှင့် အလင်းပေးခြင်းတို့ကို နာခံနိုင်ပြီး၊ ဘုရားသခင်၏အလိုတော်နှင့်အညီ စီမံခန့်ခွဲနိုင်သူ မည်မျှရှိသနည်း။ သင်တို့ထဲမှ ယခုထက်ထိ နောက်လိုက်များ ဖြစ်ကြပြီးဖြစ်သည့် သူများသည် အလွန်နာခံပုံရကြသော်လည်း၊ အမှန်တွင် သင်တို့သည် သင်တို့အယူအဆများကို လက်လွှတ်လိုက်ခြင်းမရှိသေးပေ၊ သင်တို့သည် သမ္မာကျမ်းထဲတွင် ရှာဖွေနေဆဲ၊ ဝေဝါးမှုများဖြင့် ယုံကြည်နေဆဲ သို့မဟုတ် အယူအဆများထဲတွင် သွားလာနေဆဲဖြစ်သည်။ ယနေ့၏ စစ်မှန်သော အလုပ်ကို သေချာစွာ စုံစမ်းသောသူ သို့မဟုတ် ထိုအလုပ်ထဲသို့ အလေးအနက်ထားသောသူ မည်သူမျှ မရှိပေ။ သင်တို့သည် ယနေ့လမ်းခရီးကို သင်တို့၏ အယူအဆဟောင်းများဖြင့် လက်ခံနေကြပေသည်။ ထိုသို့သော ယုံကြည်ချက်တစ်ခုဖြင့် သင်တို့ မည်သည့်အရာကို ရရှိနိုင်သနည်း။ သင်တို့အထဲတွင် ထုတ်ဖော်ပြမခံရသေးသည့် အယူအဆများစွာ ကွယ်ဝှက်ထားပြီး သင်တို့သည် ထိုအရာတို့ကို အလွယ်တကူ ထုတ်ဖော်ပြခြင်းမရှိဘဲ၊ ကွယ်ဝှက်ရန် အထွတ်အထိပ်အားထုတ်မှုတစ်ခု တကယ်ကို ပြုလုပ်နေသည်ဟု ဆိုနိုင်ပေသည်။ သင်တို့သည် အသစ်သော အမှုကို စစ်မှန်ရိုးသားစွာ လက်ခံခြင်းမရှိသကဲ့သို့၊ သင်တို့၏ အယူအဆဟောင်းများကို စွန့်လွှတ်ရန် အစီအစဉ်မရှိပေ။ သင်တို့သည် အသက်ရှင်သန်မှုအတွက် အလွန်များလှသော အတွေးအခေါ်များ ရှိပြီး၊ ယင်းတို့သည် အလွန်များပြားလှသည်။ သင်တို့သည် သင်တို့၏ အတွေးအခေါ်ဟောင်းများကို မစွန့်လွှတ်သကဲ့သို့၊ အလုပ်သစ်ကို အင်တင်တင်ဖြင့် ကိုင်တွယ်ဖြေရှင်းလေသည်။ သင်တို့၏ နှလုံးသားများသည် အလွန်ဆိုးယုတ်လှပြီး၊ သင်တို့သည် အမှုသစ်၏ အဆင့်များကို တကယ်ကို နှလုံးမသွင်းကြပေ။ သင်တို့ကဲ့သို့သော အပျင်းခိုသူများသည် ဧဝံဂေလိကို ဖြန့်ဝေခြင်းအလုပ်ကို လုပ်နိုင်ပါသလော။ ယင်းကို စကြဝဠာတစ်ခုလုံးဆီသို့ ဖြန့်ဝေခြင်းအလုပ်ကို သင်တို့တာဝန်ယူနိုင်ပါသလော။ သင်တို့၏ ဤလက်တွေ့လုပ်ဆောင်မှုများသည် သင်တို့၏ စိတ်သဘောထားများကို ပြောင်းလဲခြင်းနှင့် ဘုရားသခင်ကို သိရှိခြင်းတို့မှ သင်တို့ကို တားဆီးနေပါသလော။ အကယ်၍ သင်တို့သည် ဤသို့ရှေ့ဆက်နေပါက၊ သင်တို့ ပယ်ရှားခံရဖို့ သေချာပေ၏။

သင်တို့သည် ဘုရားသခင်၏အမှုကို လူ၏ အလုပ်မှ မည်သို့ခွဲခြားရမည်ဆိုသည်ကို သိရမည်။ လူ၏အလုပ်တွင် မည်သည့်အရာကို သင် မြင်နိုင်သနည်း။ လူ၏အလုပ်တွင် သူ့အတွေ့အကြုံ၏ အရိပ်လက္ခဏာများစွာ ရှိသည်။ လူ ဖော်ပြသည့် အရာသည် သူ၏ဖြစ်ခြင်းဖြစ်သည်။ ဘုရားသခင်၏ ကိုယ်ပိုင်အလုပ်သည်လည်း သူ၏ဖြစ်ခြင်းကို ဖော်ပြသည်၊ သို့ရာတွင် သူ၏ ဖြစ်ခြင်းသည် လူ၏ဖြစ်ခြင်းနှင့် ကွာခြားသည်။ လူ၏ ဖြစ်ခြင်းသည် လူ၏အတွေ့အကြုံနှင့် အသက်တာတို့ကို (လူ၏ အသက်တာတွင် သူတွေ့ကြုံသည့်အရာ၊ သို့မဟုတ် ကြုံဆုံရသည့်အရာ၊ သို့မဟုတ် သူ့တွင်ရှိသော အသက်ရှင်သန်မှုအတွက် ဒဿနများ) ကိုယ်စားပြုပြီး မတူကွဲပြားသော ပတ်ဝန်းကျင်များတွင် နေထိုင်သည့် လူများသည် မတူကွဲပြားသော ဖြစ်တည်မှုများကို ဖော်ပြလေသည်။ သင်သည် လူမှုအဖွဲ့အစည်းနှင့်သက်ဆိုင်သော အတွေ့အကြုံများ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ပြီးလျှင် သင်၏မိသားစုအတွင်း သင် အမှန်တကယ်အသက်ရှင်ပြီး တွေ့ကြုံပုံကို သင်ဖော်ပြသောအရာတွင် တွေ့နိုင်သည်၊ လူ့ဇာတိခံ ဘုရားသခင်က လူမှုရေး အတွေ့အကြုံများ ရှိ၊ မရှိဆိုသည်ကိုမူ သူ၏အမှုတွင် သင် မတွေ့နိုင်ပေ။ သူသည် လူ၏အနှစ်သာရကို ကောင်းမွန်စွာ သိရှိပြီး၊ လူအမျိုးအစားအားလုံးနှင့် သက်ဆိုင်သည့် လက်တွေ့လုပ်ဆောင်မှု အမျိုးအစားအားလုံးကို သူ ထုတ်ဖော်ပြနိုင်သည်။ သူသည် လူသားများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ပုန်ကန်တတ်သော အပြုအမူတို့ကို ဖော်ပြရာတွင် သာ၍ပင် တော်လေသည်။ သူသည် လောကီဆန်သော လူများအလယ်တွင် အသက်မရှင်ဘဲ၊ သူသည် သေမျိုးများ၏သဘာဝနှင့် လောကီဆန်သော လူများ၏ ဖောက်ပြန်ပျက်စီးမှုအားလုံးကို သိရှိလေသည်။ ဤသည်မှာ သူ၏ဖြစ်တည်ခြင်းဖြစ်သည်။ သူသည် လူသား သဘာဝကို အပြည့်အဝ နားလည်သောကြောင့်၊ လောကနှင့် ဆက်ဆံမှုမရှိသော်လည်း၊ ကမ္ဘာကြီးနှင့် ဆက်ဆံသည့် စည်းမျဉ်းများကို သူသိ၏။ သူသည် လူ့မျက်လုံးက မမြင်နိုင်သကဲ့သို့၊ လူ့နားများက မကြားနိုင်သည့် ယနေ့နှင့် အတိတ်နှစ်ခုလုံးထဲက ဝိညာဉ်တော်၏ အလုပ်အကြောင်းကို သိလေသည်။ ဤအရာတွင် အသက်ရှင်သန်မှုအတွက် အတွေးအခေါ်မဟုတ်သော ဉာဏ်ပညာနှင့် လူတို့ နားလည်သဘောပေါက်ရန် ခက်ခဲသော အံ့ဖွယ်ရာများပါဝင်သည်။ ဤသည်မှာ လူတို့ထံ ဖွင့်ဟလျက်ရှိပြီး လူတို့ထံမှလည်း ကွယ်ဝှက်လျက်ရှိသည့် သူ၏ဖြစ်တည်ခြင်းဖြစ်သည်။ သူဖော်ပြသည့်အရာသည် သာမန်ထက်လွန်ကဲသော လူတစ်ဦး၏ ဖြစ်ခြင်းမဟုတ်ဘဲ၊ ဝိညာဉ်တော်၏ ပင်ကိုအရည်အချင်းများနှင့် ဖြစ်ခြင်းတို့ ဖြစ်သည်။ သူသည် ကမ္ဘာလောကသို့ ခရီးမထွက်သော်လည်း၊ ယင်းနှင့်သက်ဆိုင်သည့် အရာရာတိုင်းကို သိသည်။ သူသည် အသိပညာ သို့မဟုတ် ထိုးထွင်းသိမြင်မှုမရှိသည့် “လူမျောက်ဝံများ” နှင့် အဆက်အသွယ်ရှိသော်လည်း၊ အသိပညာထက်မြင့်သကဲ့သို့ ကြီးမြတ်သော လူသားများအထက်တွင်ရှိသည့် စကားများကို ဖော်ပြလေသည်။ သူသည် လူ့သဘာဝမရှိသကဲ့သို့၊ လူသားမျိုးနွယ်၏ အစဉ်အလာများနှင့် အသက်ကို နားမလည်သည့် ထူကာ ထုံအသော လူတစ်စုအတွင်းတွင် အသက်ရှင်သော်လည်း၊ သူသည် လူသားမျိုးနွယ်ကို ပုံမှန်လူ့သဘာဝအား အသက်ရှင်နေထိုင်ရန် စေခိုင်းနိုင်သကဲ့သို့၊ တစ်ချိန်တည်းတွင် လူသားမျိုးနွယ်၏ ယုတ်ညံ့ကာ နှိမ့်ကျသော လူ့သဘာဝကို ဖော်ပြနိုင်သည်။ ဤအရာအားလုံးသည် အသွေးအသားရှိသည့် မည်သည့်လူမဆို၏ ဖြစ်ခြင်းထက် မြင့်မားသည့် သူ၏ ဖြစ်ခြင်း ဖြစ်ပေသည်။ သူ့အတွက် သူလုပ်ဆောင်ရန်လိုအပ်သော အလုပ်ကိုလုပ်ရန်နှင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အနှစ်သာရကို အကုန်အစင် ထုတ်ဖော်ပြရန် ရှုပ်ထွေးကာ၊ ဝန်လေးစေပြီး ယုတ်ညံ့သော လူမှုရေးအသက်တာကို တွေ့ကြုံရန် မလိုအပ်ပေ။ ယုတ်ညံ့သော လူမှုရေး အသက်တာသည် သူ၏ဇာတိခန္ဓာကို မတည်ဆောက်ပေးချေ။ သူ၏အမှုနှင့် နှုတ်ကပတ်တော်များသည် လူသား၏ မနာခံမှုကိုသာ ဖော်ပြပြီး၊ လူကို လောကနှင့်ဆက်ဆံရန်အတွက် အတွေ့အကြုံများနှင့် သင်ခန်းစာများကို မထောက်ပံ့ပေးချေ။ သူသည် လူကို အသက်ဖြင့် ထောက်ပံ့ချိန်တွင်၊ လူ့အဖွဲ့အစည်း သို့မဟုတ် လူ၏မိသားစုကို လေ့လာစုံစမ်းရန် မလိုအပ်ပေ။ လူကို ဖော်ထုတ်ခြင်းနှင့် တရားစီရင်ခြင်းသည် သူ၏ ဇာတိခန္ဓာနှင့် သက်ဆိုင်သော အတွေ့အကြုံများ၏ ဖော်ပြချက်တစ်ခု မဟုတ်ပေ။ ယင်းသည် လူ၏မနာခံမှုကို အချိန်ကြာမြင့်စွာ သိရှိကာ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်းကို စက်ဆုပ်ပြီးနောက် လူ၏မဖြောင့်မတ်မှုနှင့်သက်ဆိုင်သည့် သူ၏ ထုတ်ဖော်ပြခြင်း ဖြစ်ပေသည်။ သူပြုသော အမှုအားလုံးသည် လူ့ထံသို့ သူ၏စိတ်သဘောထားကို ထုတ်ဖော်ပြရန်နှင့် သူ၏ဖြစ်တည်မှုကို ဖော်ပြရန် ရည်ရွယ်ပေသည်။ သူသာလျှင် ဤအမှုကို လုပ်ဆောင်နိုင်၏။ ယင်းသည် အသွေးအသားနှင့် လူတစ်ဦးက စွမ်းဆောင်ရရှိနိုင်သည့် အရာတစ်ခု မဟုတ်ပေ။ သူ၏ အမှုမှ၊ သူ မည်သည့် လူစားမျိုးဖြစ်သည်ကို လူက မပြောနိုင်ပေ။ လူသည် သူ့ကို ဖန်ဆင်းခံလူသား တစ်ဦးအဖြစ်လည်း သူ၏ အမှုပေါ်အခြေပြု၍ အမျိုးအစားမသတ်မှတ်နိုင်ပေ။ သူ၏ ဖြစ်ခြင်းကလည်း သူ့ကို ဖန်ဆင်းခံ လူတစ်ဦးအဖြစ် အမျိုးအစား သတ်မှတ်၍မရနိုင်သောသူ ဖြစ်စေသည်။ လူသည် သူ့ကို လူသား မဟုတ်သောသူတစ်ဦးဟုသာ ယူဆနိုင်သော်လည်း၊ ဘုရားသခင်ကို မည်သည့် အမျိုးအစားတွင် ထားရှိရမည်ကို မသိပေ၊ ထို့ကြောင့် လူသည် ဘုရားသခင်ကို ဘုရားအမျိုးအစားတွင် စာရင်းသွင်းရန် တွန်းအားပေးခံရလေသည်။ ဘုရားသခင်သည် လူများကြားတွင် လူ မလုပ်ဆောင်နိုင်သည့် အမှုများစွာတို့ကို လုပ်ဆောင်ပြီး ဖြစ်သည့်အတွက်၊ လူ့အတွက် ထိုသို့ပြုရန် ယုတ္တိမတန်သောအရာ မဟုတ်ပေ။

ဘုရားသခင်လုပ်ဆောင်သော အမှုသည် သူ၏ ဇာတိခန္ဓာ၏ အတွေ့အကြုံကို ကိုယ်စားပြုသည့်အရာ မဟုတ်ပေ။ လူလုပ်သော အလုပ်မှာ သူ၏အတွေ့အကြုံကို ကိုယ်စားပြုသည့်အရာ ဖြစ်သည်။ အယောက်တိုင်းသည် မိမိတို့၏ ကိုယ်ပိုင် အတွေ့အကြုံနှင့် ပတ်သက်၍ ပြောဆိုကြ၏။ ဘုရားသခင်သည် သမ္မာတရားကို တိုက်ရိုက်ဖော်ပြနိုင်သော်လည်း၊ လူသည် သမ္မာတရားကို သူ၏ တွေ့ကြုံခြင်းနှင့် ကိုက်ညီသည့် အတွေ့အကြုံကိုသာ ဖော်ပြနိုင်လေသည်။ ဘုရားသခင်၏အမှုသည် စည်းမျဉ်းများ မရှိသကဲ့သို့၊ အချိန် သို့မဟုတ် ပထဝီဝင် အကန့်အသတ်များအောက်တွင် မရှိပေ။ သူသည် သူ၏ဖြစ်ခြင်းကို အချိန်မရွေး၊ နေရာမရွေး ဖော်ပြနိုင်သည်။ သူ နှစ်သက်သည့်အတိုင်း သူအလုပ်လုပ်လေသည်။ လူ၏အလုပ်သည် သတ်မှတ်ချက်များနှင့် ဆက်စပ် စဉ်းစားရမည့် အခြေအနေများ ရှိ၏။ ထိုအရာများ မရှိပါက၊ သူသည် အလုပ်လုပ်နိုင်မည်မဟုတ်သကဲ့သို့၊ ဘုရားသခင်နှင့်သက်ဆိုင်သော သူ၏အသိပညာ သို့မဟုတ် သမ္မာတရားနှင့်သက်ဆိုင်သော သူ၏ အတွေ့အကြုံကို ဖော်ပြနိုင်မည်မဟုတ်ပေ။ တစ်စုံတစ်ရာသည် ဘုရားသခင်၏ ကိုယ်ပိုင်အမှုဖြစ်သည်၊ သို့မဟုတ် လူ၏အလုပ်ဖြစ်သည်ဆိုသည်ကို ပြောရန်၊ သင့်အနေဖြင့် ထိုနှစ်ခုကြားက ကွာခြားချက်များကို နှိုင်းယှဉ်ရုံနှိုင်းယှဉ်ရမည်ဖြစ်သည်။ ဘုရားသခင် ကိုယ်တိုင် ပြုသော အမှုမရှိဘဲ လူ၏အလုပ်သာရှိပါက၊ လူ၏ သွန်သင်ချက်များသည် မြင့်မားကာ အခြားမည်သူမဆို၏ တတ်စွမ်းနိုင်မှုကို ကျော်လွန်သည်ဟု သင် အလွယ်တကူသိရှိလိမ့်မည်။ ၎င်းတို့၏ စကားပြောသည့် အသံနေအသံထား၊ အမှုအရာတို့ကို ကိုင်တွယ်ရာတွင် ၎င်းတို့၏ အခြေခံသဘောတရားများနှင့် အလုပ်လုပ်ရာတွင် ၎င်းတို့၏ အတွေ့အကြုံရင့်ကျက်ပြီး တည်ငြိမ်သည့်ပုံစံကို အခြားသူများ လက်လှမ်းမမီနိုင်ပေ။ သင်တို့အားလုံးသည် ကောင်းမွန်သော အရည်အချင်းနှင့် မြင့်မားသော အသိပညာရှိသည့် ဤလူများကို လေးစားအားကျကြသည်၊ သို့ရာတွင် ဘုရားသခင်၏အမှုနှင့် နှုတ်ကပတ်တော်များမှ ဘုရားသခင်၏ လူ့သဘာဝ မည်မျှမြင့်မားသည်ကို သင်တို့မတွေ့မြင်နိုင်ပေ။ ထို့အစား၊ သူသည် သာမန်ဖြစ်ပြီး အလုပ်လုပ်နေသည့်အချိန်တွင် သူသည် ပုံမှန် ဖြစ်ကာ စစ်မှန်သော်လည်း၊ သေမျိုးများအနေဖြင့် တိုင်းတာ၍ မရနိုင်ပေ၊ ထို့ကြောင့် ယင်းသည် လူတို့အား သူ့ကို ကြည်ညိုမှုတစ်မျိုး ခံစားရစေလေသည်။ မိမိ၏ အလုပ်၌ရှိသည့် လူတစ်ဦး၏အတွေ့အကြုံသည် အထူးသဖြင့် တိုးတက်ကောင်းတိုးတက်မည် သို့မဟုတ် သူ၏ စိတ်ကူးစိတ်သန်းနှင့် ဆင်ခြင်တုံတရားတို့သည် အသိပညာအကြောင်းကို သာ၍ပင် လေ့လာသင်ယူခြင်းဆီသို့၊ သူ၏ လူ့သဘာဝသည် အထူးသဖြင့် ကောင်းမွန်ကောင်း ကောင်းမွန်နိုင်ပေသည်။ ထိုသို့သော အရည်အသွေးများ အားလုံးသည် လူတို့၏ လေးစားမှုကိုသာ ရရှိစေနိုင်သော်လည်း၊ ၎င်းတို့၏ အံ့ဩခြင်းနှင့် ကြောက်ရွံ့မှုတို့ကို မနိုးကြွစေနိုင်ပေ။ လူအားလုံးတို့သည် ကောင်းမွန်စွာ အလုပ်လုပ်နိုင်သောသူများ၊ အထူးသဖြင့် နက်ရှိုင်းသော အတွေ့အကြုံရှိသူများနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သူများကို လေးစားကြသော်လည်း၊ ထိုသို့သောလူတို့သည် အံ့ဩမှုကို မထုတ်ဖော်နိုင်ဘဲ၊ လေးစားခြင်းနှင့် မနာလိုမှုတို့သာ ဖြစ်ပေသည်။ သို့ရာတွင် ဘုရားသခင်၏အမှုကို ကြုံတွေ့ပြီးဖြစ်သော လူများသည် ဘုရားသခင်ကို လေးစားမှုမရှိကြပေ။ ထို့အစား ဘုရားသခင်၏အမှုသည် လူ့အဖို့ လက်လှမ်းမမီနိုင်ဖြစ်ပြီး နားလည် သဘောမပေါက်နိုင်သည့်အရာဖြစ်သည်၊ ယင်းသည် လတ်ဆတ်ပြီး အံ့ဩဖွယ် ဖြစ်သည်ဟု ၎င်းတို့ ခံစားကြရလေသည်။ ဘုရားသခင်၏အမှုကို လူတို့ကြုံတွေ့ ရချိန်တွင်၊ သူနှင့်သက်ဆိုင်သည့် ၎င်းတို့၏ ပထမဦးဆုံးသော အသိမှာ ဘုရားသခင်သည် နားလည်သဘောပေါက်၍မရနိုင်သောသူ၊ ဉာဏ်ပညာရှိပြီး အံ့ဩဖွယ်ကောင်းသူဟူ၍ ဖြစ်ပြီး၊ ၎င်းတို့သည် မသိလိုက်ဘဲ သူ့ကို ကြည်ညိုကာ လူသားတို့စိတ်က ဉာဏ်မမီနိုင်သည့်အရာ ဖြစ်သည့် သူပြုသောအမှု၏ နက်နဲမှုကို ခံစားကြရသည်။ လူတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းနိုင်ရန်၊ သူ၏ စိတ်ဆန္ဒများကို ကျေနပ်စေရန်သာ အလိုရှိကြသည်။ ဘုရားသခင် ပြုသည့် အမှုသည် လူ၏ အတွေးနှင့် စိတ်ကူးများကို ကျော်လွန်ပြီး သူ့ကိုယ်စား လူက မလုပ်ဆောင်နိုင်သောကြောင့် ၎င်းတို့သည် ဘုရားသခင်ကို ကျော်လွန်လိုသော ဆန္ဒမရှိပေ။ လူကိုယ်တိုင်ပင်လျှင် သူ၏ကိုယ်ပိုင်မပြည့်စုံမှုများကို မသိပေ၊ သို့ရာတွင် ဘုရားသခင်သည် လမ်းကြောင်းသစ်တစ်ခုကို ရှေ့ဆက်ပြီး လူကို သာ၍သစ်လွင်ကာ သာ၍လှပသော ကမ္ဘာတစ်ခုထဲသို့ ခေါ်ဆောင်ရန် ကြွလာပြီဖြစ်သည်၊ ထိုသို့လျှင် လူသားမျိုးနွယ်သည် အသစ်သောတိုးတက်မှုကို ပြုပြီးဖြစ်ကာ အသစ်သော စတင်မှု ရှိခဲ့ကြပြီးဖြစ်သည်။ ဘုရားသခင်အတွက် လူတို့ ခံစားရသည့်အရာမှာ လေးစားမှုမဟုတ်ပေ၊ သို့မဟုတ် ယင်းထက် လေးစားမှုတစ်ခုတည်း မဟုတ်ပေ။ ၎င်းတို့၏အနက်ရှိုင်းဆုံး အတွေ့အကြုံသည် ရိုသေခန့်ညားခြင်းနှင့် ချစ်ခြင်းမေတ္တာ ဖြစ်၏။ ၎င်းတို့၏ ခံစားချက်မှာ ဘုရားသခင်သည် အမှန်ပင် အံ့ဖွယ်ဖြစ်သည်ဟူ၏။ သူသည် လူ မလုပ်ဆောင်နိုင်သောအမှုကို လုပ်ဆောင်ပြီး၊ လူ မပြောနိုင်သောအရာကို ပြောလေသည်။ ဘုရားသခင်၏ အမှုကို တွေ့ကြုံပြီးသောလူတို့သည် ဖော်မပြနိုင်သော ခံစားချက်တစ်ခု အမြဲရှိကြသည်။ အတော်နက်ရှိုင်းသော အတွေ့အကြုံရှိသည့် လူတို့သည် ဘုရားသခင်ကို ချစ်ခြင်းအား နားလည်နိုင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှစ်လိုဖွယ်ကောင်းမှုကို ခံစားနိုင်ကြသည်၊ ဘုရားသခင်၏ အမှုသည် အလွန် အမြော်အမြင်ရှိသည်၊ အလွန် အံ့ဖွယ်ဖြစ်သည်ဟု ခံစားရပြီး၊ ထိုသို့ဖြင့် ၎င်းတို့ကြားတွင် အဆုံးမရှိသော တန်ခိုး ဖြစ်ပေါ်စေလေသည်။ ယင်းသည် ကြောက်ရွံ့ခြင်း သို့မဟုတ် ရံဖန်ရံခါ ချစ်ခြင်းနှင့် လေးစားမှု မဟုတ်ဘဲ လူ့အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် လူကို သည်းခံခြင်းနှင့်သက်ဆိုင်သည့် နက်ရှိုင်းသော အသိစိတ်တစ်ခု ဖြစ်သည်။ သို့ရာတွင်၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို တွေ့ကြုံပြီးသောသူများသည် သူ၏ ဘုန်းအာနုဘော်နှင့် မည်သည့် ပုန်ကန်ပြစ်မှားမှုကိုမျှ သူ သည်းမခံသည်ကို အာရုံခံစားရကြသည်။ ဘုရားသခင်၏အမှုများစွာကို ကြုံတွေ့ပြီးသော လူများပင်လျှင် သူ့ကို နားလည်သဘောပေါက်ရန် မတတ်နိုင်ကြပေ။ သူ့ကို အမှန်တကယ် ကြည်ညိုသောသူ အားလုံးက ဘုရားသခင်၏အလုပ်သည် လူတို့၏ အယူအဆများနှင့် မကိုက်ညီဘဲ၊ ၎င်းတို့၏အယူအဆများနှင့် အမြဲဆန့်ကျင်သည်ကို သိကြသည်။ ဘုရားသခင်သည် သူ့ကို အပြည့်အဝ လေးစားရန် သို့မဟုတ် သူ့ကို ကျိုးနွံနာခံမှု ပုံပန်းပြရန် လူတို့ကို မလိုအပ်ပေ။ ယင်းထက်၊ ၎င်းတို့အနေဖြင့် မှန်ကန်သော ကြည်ညိုမှုနှင့် မှန်ကန်သော ကျိုးနွံနာခံမှုတို့ ရရှိသင့်ပေသည်။ ဘုရားသခင်၏ များစွာသော အမှုတွင် စစ်မှန်သော အတွေ့အကြုံရှိသူတို့သည် သူ့ကို လေးစားမှုထက် ပို၍မြင့်မားသော ကြည်ညိုမှု ခံစားကြရလေသည်။ လူတို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကြောင့် သူ၏စိတ်သဘောထားကို တွေ့မြင်ကြရပြီးဖြစ်ကာ၊ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်ကို မိမိတို့၏စိတ်နှလုံးများထဲတွင် ကြည်ညိုကြလေသည်။ ဘုရားသခင်၏ ဖြစ်တည်ခြင်းနှင့် သူ၏ စိတ်သဘောထားတို့သည် အဖန်ဆင်းခံ တစ်ဦးနှင့် မတူသကဲ့သို့ အဖန်ဆင်းခံတစ်ဦး အထက်တွင် ရှိသောကြောင့်၊ ဘုရားသခင်ဆိုသည်မှာ ကြည်ညိုခံရရန်နှင့် နာခံခြင်း ခံရရန် ဖြစ်သည်။ ဘုရားသခင်သည် မိမိဘာသာတည်ရှိကာ ထာဝရဖြစ်သည်၊ သူသည် ဖန်ဆင်းခံတစ်ဦးမဟုတ်သကဲ့သို့၊ ဘုရားသခင်တစ်ပါးတည်းသာ ကြောက်ရွံ့မှုနှင့် နာခံမှုတို့ဖြင့် ထိုက်တန်ပေသည်။ လူသည် ဤအရာအတွက် အရည်အချင်းမပြည့်မီပေ။ ထို့ကြောင့်၊ ဘုရားသခင်၏ အမှုကို တွေ့ကြုံပြီးဖြစ်ကာ သူ့ကို အမှန်တကယ် သိသောသူ အားလုံးသည် ဘုရားသခင်အပေါ် ကြည်ညိုမှု ခံစားကြရလေသည်။ သို့ရာတွင်၊ ဘုရားသခင်နှင့်ပတ်သက်သည့် ၎င်းတို့၏ အယူအဆများကို လက်မလွှတ်သော သူများသည်- သူ့ကို ဘုရားသခင်ဟု သက်သက် မယူမှတ်သောသူများသည်- သူ့အပေါ် ကြည်ညိုမှု မရှိကြသကဲ့သို့၊ ၎င်းတို့သည် သူ့နောက်သို့ လိုက်ကြသော်လည်း၊ သိမ်းပိုက်ခြင်း မခံကြရပေ။ ၎င်းတို့သည် သဘာဝအားဖြင့် မနာခံသော လူများ ဖြစ်သည်။ ထိုသို့အမှုပြုခြင်းဖြင့် ဘုရားသခင် ရရှိဖို့ ရည်ရွယ်သည့်အရာမှာ ဖန်ဆင်းခံ သတ္တဝါများအားလုံးအနေဖြင့် ဖန်ဆင်းရှင်အတွက် ကြည်ညိုမှု စိတ်နှလုံးများ ရှိကြရန်၊ သူ့ကို ကိုးကွယ်ရန်နှင့် သူ၏အုပ်စိုးမှုကို ခြွင်းချက်မရှိ ကျိုးနွံနာခံရန်အတွက် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အမှုအားလုံးက ရရှိဖို့ ရည်ရွယ်သော နောက်ဆုံးရလဒ်များ ဖြစ်သည်။ ထိုသို့သောအမှုကို တွေ့ကြုံပြီးဖြစ်သော လူတို့သည် အနည်းငယ်မျှပင် ဘုရားသခင်ကို ကြည်ညိုမှုမရှိပါက၊ ပြီးလျှင် ၎င်းတို့၏အတိတ်က မနာခံမှုသည် ပြောင်းလဲခြင်း လုံးဝမရှိပါက၊ ၎င်းတို့ ပယ်ရှင်းခံကြရဖို့ သေချာပေသည်။ ဘုရားသခင်အပေါ် လူတစ်ဦး၏ သဘောထားသည် အဝေးမှ သူ့ကို လေးစားဖို့ သို့မဟုတ် ရိုသေမှုကို ပြသရန်သာဖြစ်ပြီး၊ နည်းနည်းကလေးမျှ သူ့ကို ချစ်ရန်မဟုတ်ပါက၊ ဤသည်မှာ ဘုရားသခင်ကိုချစ်သည့် နှလုံးသားမရှိသောလူတစ်ဦး ဆိုက်ရောက်သည့် အကျိုးဆက်ဖြစ်ပြီး၊ ထိုလူသည် စုံလင်စေခြင်းခံရဖို့ သတ်မှတ်ချက်များ ကင်းမဲ့ပေသည်။ အကယ်၍ များစွာသော အမှုတို့သည် လူတစ်ဦး၏ စစ်မှန်သော ချစ်ခြင်းမေတ္တာကို မရရှိနိုင်ပါက၊ ထိုလူသည် ဘုရားသခင်ကို မရရှိသေးသကဲ့သို့၊ သမ္မာတရားကို စစ်မှန်စွာ လိုက်လျှောက်ခြင်းမရှိပေ။ ဘုရားသခင်ကို မချစ်သော လူတစ်ဦးသည် သမ္မာတရားကို မချစ်ပေ၊ သို့ဖြစ်ရာ သူသည် ဘုရားသခင်၏ လက်ခံမှုကို ရရှိရန်မဆိုထားနှင့်၊ ဘုရားသခင်ကို မရရှိနိုင်ပေ။ ထိုသို့သောလူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏လုပ်ဆောင်ချက်ကို မည်သို့ တွေ့ကြုံသည်ဖြစ်စေ၊ တရားစီရင်မှုကို ၎င်းတို့ မည်သို့တွေ့ကြုံသည်ဖြစ်စေ၊ ဘုရားသခင်ကို ၎င်းတို့ မကြောက်ရွံ့နိုင်ကြပေ။ ဤသည်တို့မှာ မိမိတို့၏ သဘာဝအရ မပြောင်းလဲနိုင်သည့် လူများနှင့် အလွန့်အလွန် ဆိုးယုတ်သော စိတ်သဘောထားများ ရှိကြသူများ ဖြစ်သည်။ ဘုရားသခင်ကို မကြောက်ရွံ့သောသူအားလုံးသည် ပယ်ရှားခြင်းခံကြရမည်၊ အပြစ်ပေးခြင်း ခံရမည့်သူများဖြစ်မည်ဖြစ်ပြီး မတရားသောအရာများကို ပြုသောသူတို့ထက် ဆင်းရဲဒုက္ခခံစားဖို့၊ မကောင်းမှုပြုသူများကဲ့သို့ အပြစ်ပေးခံရမည် ဖြစ်သည်။

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။