ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၇၅

ပြဿနာတစ်ခုကို လူတို့ ကြုံရသည့်အခါတိုင်း ပထမဆုံး လုပ်ဆောင်သင့်သောအရာမှာ မည်သည့်အရာ ဖြစ်သနည်း။ ၎င်းတို့ ဆုတောင်းသင့်၏။ ဆုတောင်းခြင်းသည် ပထမဦးဆုံး လာသည်။ ဆုတောင်းခြင်းက သင်သည် ဘုရားတရားကိုင်းရှိုင်းသည်၊ သင်၌ ဘုရားကို ကြောက်ရွံ့သော စိတ်နှလုံး စတင်ရှိသည်၊ ဘုရားသခင်ကို ရှာဖွေဖို့ သင် သိသည်၊ သင်၏ စိတ်နှလုံးတွင် သူ့ကို နေရာတစ်ခု ပေးပြီးဖြစ်သည်၊ သင်သည် ဘုရားတရား ကိုင်းရှိုင်းသော ခရစ်ယာန်တစ်ဦးဖြစ်သည်ကို ထင်ရှားစေသည်။ သာ၍ အသက်အရွယ်အိုမင်းသော ယုံကြည်သူများစွာသည် နေ့တိုင်း တစ်ချိန်တည်းတွင် ဒူးထောက်ကာ ဆုတောင်းကြသည်၊ တစ်ခါတစ်ရံ အချိန်ကြာမြင့်လွန်းသဖြင့် ၎င်းတို့ ပြန်မထနိုင်ကြချေ။ ဤသည်မှာ ကျင့်စဉ်ဖြစ်သည်၊ မဖြစ်သည်၊ သို့မဟုတ် ယင်းမှ ၎င်းတို့ တစ်စုံတစ်ရာ ရရှိနိုင်သည်၊ မရရှိနိုင်သည်တို့ကို မပြောဘဲ နေကြစို့။ ဤအသက်အရွယ် အိုမင်းသော ညီအစ်ကို မောင်နှမများသည် အထူးသဖြင့် ဘုရားတရား ကိုင်းရှိုင်းကြသည်၊ သင်တို့ လူငယ်များထက် များစွာ သာ၍ကောင်းကြပြီး သာ၍လုံ့လဝီရိယရှိကြသည်ဟုသာ ပြောကြစို့။ ပြဿနာတစ်ခုကို ကြုံသည်နှင့် လုပ်ဆောင်ရမည့် ပထမဦးဆုံးသော အရာမှာ ဆုတောင်းခြင်း ဖြစ်သည်။ ဆုတောင်းခြင်းသည် မရိုးမသား စကားပြောခြင်းမျှ မဟုတ်။ ယင်းက ပြဿနာများကို ဖြေရှင်းပေးမည် မဟုတ်။ သင်သည် ရှစ်ကြိမ် သို့မဟုတ် ဆယ်ကြိမ် ဆုတောင်းပြီး မည်သည့်အရာမျှ ရရှိမည်မဟုတ်သော်လည်း စိတ်မပျက်နှင့်- သင် ဆုတောင်းဆဲဖြစ်ရမည်။ တစ်စုံတစ်ရာ သင့်ကို ဖြစ်ပျက်သည့်အခါ၊ ပထမဦးဆုံး ဆုတောင်းလော့၊ ပထမဦးဆုံး ဘုရားသခင်ကို ပြောပြလော့၊ ဘုရားသခင်ကို လွှဲပြောင်းတာဝန်ယူခွင့်ပြုလော့၊ သင့်ကို ဘုရားသခင် ကူညီခွင့်ပြုလော့၊ သင့်ကို ဘုရားသခင် ဦးဆောင်ပြီး သင့်ကို လမ်းပြခွင့်ပြုလော့။ ဤအရာက သင်သည် ဘုရားသခင်ကို ဦးစားပေးသည်၊ သူသည် သင်၏ စိတ်နှလုံးတွင်ရှိသည်ဆိုသည်ကို သက်သေပြပေသည်။ ပြဿနာတစ်ခုကို သင် ကြုံရသည့်အခါ၊ ပထမဦးဆုံး သင် လုပ်ဆောင်သည့်အရာမှာ ခုခံဖို့၊ ဒေါသထွက်ပြီး၊ ဒေါသူပုန်ထဖို့ ဖြစ်ပါက၊ အခြားအရာတစ်စုံတစ်ရာ မတိုင်မီ၊ သင်သည် အပျက်သဘောဆောင်လာပါက၊ ဤသည်မှာ သင်၏ စိတ်နှလုံးထဲတွင် ဘုရားသခင်မရှိခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ တကယ့်ဘဝတွင်၊ သင့်အား မည်သည့်အရာမဆို ဖြစ်ပျက်သည့်အခါတိုင်း သင် ဆုတောင်းရမည်။ ပထမဦးစွာ၊ သင်သည် ဒူးထောက်ကာ ဆုတောင်းရမည်၊ ဤသည်မှာ အရေးပါလှပေသည်။ ဆုတောင်းခြင်းက ဘုရားသခင်အပေါ် သင်၏ သဘောထားကို သူ၏ မျက်မှောက်တွင် ထင်ရှားစေသည်။ ဘုရားသခင်က သင်၏ စိတ်နှလုံးတွင် မရှိခဲ့ပါက သင်သည် ထိုအရာကို လုပ်ဆောင်မည် မဟုတ်ပေ။ လူအချို့က၊ “ကျွန်ုပ် ဆုတောင်းသော်လည်း၊ ဘုရားသခင်က ကျွန်ုပ်ကို အသိဉာဏ် မပွင့်လင်းစေသေးပါ”ဟု ဆိုကြသည်။ သင် ဤသို့မပြောရ။ ပထမဦးစွာ ဆုတောင်းခြင်းအတွက် သင်၏ အရင်းခံအကြောင်းများ မှန်ကန်ခြင်း ရှိမရှိဆိုသည်ကို ကြည့်လော့။ သင်သည် သမ္မာတရားကို အမှန်တကယ် ရှာဖွေပြီး ဘုရားသခင်ထံ မကြာခဏ ဆုတောင်းပါက၊ သင် နားလည်နိုင်ဖို့အလို့ငှာ သူသည် ကိစ္စရပ်အချို့တွင် သင့်ကို ကောင်းကောင်း အသိဉာဏ်ပွင့်လင်းကောင်း ပွင့်လင်းစေနိုင်သည်၊ တိုတိုပြောရလျှင်၊ ဘုရားသခင်သည် သင့်ကို နားလည်စေလိမ့်မည်။ ဘုရားသခင်၏ အသိဉာဏ်ပွင့်လင်းစေခြင်း မရှိဘဲနှင့်၊ သင်သည် မိမိဘာသာ နားလည်နိုင်မည်မဟုတ်ပေ- သင်သည် အမြင်ထက်မြက်မှု ကင်းမဲ့သည်၊ ယင်းအတွက် ဦးနှောက်မရှိသကဲ့သို့၊ ဤအရာကို လူသား အသိဉာဏ်ဖြင့် ကြိုးပမ်းမရရှိနိင်ပေ။ သင်နားလည်သည့်အခါ၊ ယင်းသိနားလည်မှုသည် သင်၏ ကိုယ်ပိုင်စိတ်မှ အခြေခံ၍ပေါ်ပေါက်လာသလော။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် အသိဉာဏ်ပွင့်လင်းစေခြင်း မခံရပါက၊ သင် မေးမြန်းသည့်သူ မည်သူမျှက ဝိညာဉ်တော် အလုပ်၏ အဓိပ္ပာယ်က မည်သည့်အရာဖြစ်သည် သို့မဟုတ် ဘုရားသခင်က မည်သည့်အရာကို ဆိုလိုသည်ကို သိလိမ့်မည်မဟုတ်။ ဘုရားသခင် ကိုယ်တိုင်က သင့်ကို အဓိပ္ပာယ်ပြောပြသည့်အခါမှသာ သင် သိလိမ့်မည်။ ထို့ကြောင့်၊ သင့်ကို တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ ပထမဦးဆုံး လုပ်ဆောင်ရမည့် အရာမှာ ဆုတောင်းဖို့ ဖြစ်သည်။ ဆုတောင်းခြင်းသည် ရှာဖွေတတ်သော သဘောထားဖြင့် စူးစမ်းခြင်းနှင့် သင်၏ အတွေးများ၊ အယူအဆများနှင့် သဘောထားများကို ဖော်ပြခြင်းတို့ လိုအပ်သည်၊ ဤသည်မှာ ပါဝင်သင့်သည့်အရာ ဖြစ်သည်။ ဟန်ဆောင်လုပ်ပြခြင်း သက်သက်က အကျိုးသက်ရောက်မှု ရှိလိမ့်မည်မဟုတ်၊ ထို့ကြောင့် သင့်ကို အသိဉာဏ်ပွင့်လင်းစေခြင်း မပြုသည့်အတွက် သန့်ရှင်းသော ဝိညာဉ်တော်ကို အပြစ်မတင်နှင့်။ ဘုရားသခင်၌ လူအချို့၏ ယုံကြည်ခြင်းတွင်၊ ၎င်းတို့သည် ဆက်လက်ယုံကြည်ကြသော်လည်း ဘုရားသခင်သည် ၎င်းတို့၏ နှုတ်ခမ်းများပေါ်တွင်သာ ရှိလေသည်။ ဘုရားသခင်သည် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် မရှိ၊ ၎င်းတို့သည် ဝိညာဉ်တော်၏ အလုပ်ကို ငြင်းပယ်ကြပြီး၊ ဆုတောင်းခြင်းကိုလည်း ငြင်းပယ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရုံမျှဖတ်ကြပြီး၊ ယင်းထက်ပို၍ မည်သည့်အရာမျှ မလုပ်ဆောင်ကြချေ။ ဤအရာကို ဘုရားသခင်၌ ယုံကြည်ခြင်းဟု ခေါ်ဆိုနိုင်သလော။ ၎င်းတို့သည် ၎င်းတို့၏ ယုံကြည်ခြင်းမှ ဘုရားသခင် လုံးလုံး ပျောက်ဆုံးသွားသည်အထိ မရပ်မနား ယုံကြည်မြဲ ယုံကြည်နေကြလေသည်။ အထူးသဖြင့်၊ ယေဘုယျအရေးကိစ္စများကို မကြာခဏ ကိုင်တွယ်ပြီး၊ ၎င်းတို့ အလွန်အလုပ်များကြကာ ၎င်းတို့၏ အားထုတ်မှုများအားလုံးအတွက် မည်သည့်အရာမျှ မရရှိဟု ခံစားရသူများ ရှိသည်။ ဤသည်မှာ ဘုရားသခင်အား ၎င်းတို့၏ ယုံကြည်ခြင်းတွင် မှန်ကန်သော လမ်းကြောင်းကို လူတို့ မလျှောက်လှမ်းခြင်း ကိစ္စတစ်ခု ဖြစ်သည်။ မှန်ကန်သော လမ်းကြောင်း၌ လျှောက်လှမ်းခြင်းသည် ခက်ခဲသည့်အလုပ် မဟုတ်လော။ ၎င်းတို့သည် အယူဝါဒများစွာ နားလည်ပြီးနောက်တွင်ပင် ဤလမ်းခရီးကို မလျှောက်နိုင်ကြသေးသကဲ့သို့၊ တောင်ဆင်းလမ်းကြောင်းကို လျှောက်လေ့ရှိကြသည်။ ထို့ကြောင့် သင့်တို့အား တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ၊ သင်တို့သည် ဆုတောင်းရင်းနှင့် ရှာဖွေရင်း အချိန် သာ၍ကုန်ဆုံးရမည်၊ ဤသည်မှာ သင်တို့ အနည်းဆုံး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ ဘုရားသခင်၏ အလိုနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ရည်ရွယ်ချက်များအား မည်သို့ ရှာဖွေရမည်ဆိုသည်ကို သင်ယူခြင်းသည် အဓိကအချက် ဖြစ်သည်။ ဘုရားသခင်အား ယုံကြည်ကြသည့် လူများသည် ထိုသို့ တွေ့ကြုံနိုင်စွမ်းနှင့် လက်တွေ့လုပ်ဆောင်နိုင်စွမ်းမရှိပါက၊ ၎င်းတို့ မည်သည့်အရာမျှ ရရှိကြလိမ့်မည် မဟုတ်ဘဲ ၎င်းတို့၏ ယုံကြည်ခြင်းသည် မည်သည့်အရာအတွက်မျှ အရေးပါမည်မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်အား ယုံကြည်ခြင်းတွင် သမ္မာတရားကို ရရှိခြင်းသည် အရေးပါဆုံးဖြစ်၏

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၄၂

နောက်ဆုံးသော ကာလ၌ လူ့ဇာတိခံယူသော ဘုရားသခင်သည် အဓိကအားဖြင့် သူ၏ နှုတ်ကပတ်တော်များကို ပြောရန်၊ လူ့ဘဝအတွက် လိုအပ်သမျှကို ရှင်းပြရန်၊ လူသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၂၀၀

သူ့အပေါ် လူသားမျိုးနွယ်ထားရှိသင့်သည်ဟု ဘုရားသခင် သတ်မှတ်ထားသောသဘောထား အကယ်စင်စစ် ဘုရားသခင်သည် လူသားမျိုးနွယ်အပေါ် လွန်စွာတောင်းဆိုမှု...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၈၀

လူအချို့က “ပေါလုသည် ကြီးမားသော အလုပ် ပမာဏကို လုပ်ဆောင်ခဲ့ပြီး၊ သူသည် အသင်းတော်များအတွက် ကြီးစွာသော ဝန်ထုပ်များကို ထမ်းရွက်ခဲ့ကာ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၅၂

လူသား၏အလုပ်အတွက် ဘုရားသခင် အောင့်ခံခဲ့သည့် အိပ်မပျော်သောညများမှာ များစွာဖြစ်၏။ အထက်အမြင့်အရပ်မှ အနိမ့်ဆုံးအနက်များအထိ သူသည်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။