ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၇၆

သမ္မာတရားကို လူတစ်ဦးမည်မျှနားလည်သည်ဖြစ်စေ၊ တာဝန်မည်မျှကို ဖြည့်ဆည်းပြီးဖြစ်ပါစေ၊ ထိုတာဝန်များကို ဖြည့်ဆည်းစဉ်တွင် မည်မျှ တွေ့ကြုံရပြီးဖြစ်ပါစေ၊ လူတစ်ဦး၏ ဝိညာဥ်ရင့်ကျက်မှုသည် မည်မျှကြီးမားပါစေ သို့မဟုတ် မည်မျှ သေးငယ်ပါစေ၊ သို့မဟုတ် လူတစ်ဦးသည် မည်ကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် ရှိနေပါစေ၊ မရှိမဖြစ် အရာတစ်ခုမှာ မိမိလုပ်သမျှတိုင်းတွင်၊ ဘုရားသခင်ကို အားကိုးပြီး ဘုရားသခင်အပေါ် မှီခိုရမည်ဖြစ်သည်။ ဤသည်မှာ အကြီးမားဆုံးသော ဉာဏ်ပညာအမျိုးအစား ဖြစ်၏။ ဤသည်ကို အကြီးမားဆုံးသော ဉာဏ်ပညာဖြစ်သည်ဟု အဘယ့်ကြောင့် ငါဆိုရသနည်း။ လူတစ်ဦးက သမ္မာတရားများစွာကို နားလည်လာပြီးသော်လည်း၊ ဘုရားသခင်အပေါ် သူမမှီခိုလျှင် ယင်းက အလုပ်ဖြစ်လိမ့်မည်လော။ အချိန်အနည်းငယ်ကြာ ဘုရားသခင်ကို ယုံကြည်လျက်ရှိပြီးနောက်တွင်၊ လူအချို့သည် သမ္မာတရားအချို့ကို သိနားလည်လာကြပြီး စမ်းသပ်မှုအနည်းငယ်ကို ကြုံကြရပြီးဖြစ်သည်။ လက်တွေ့ကျသော အတွေ့အကြုံအချို့ သူတို့ ရရှိကောင်းရရှိပြီးဖြစ်နိုင်သော်လည်း၊ ဘုရားသခင်ကို မှီခိုရန် သူတို့မသိကြသကဲ့သို့၊ ဘုရားသခင်ကို မည်သို့အားကိုးပြီး သူ့အပေါ် မည်သို့မှီခိုရမည်ကို သူတို့ နားမလည်ကြချေ။ ထိုသို့သော လူတို့သည် ဉာဏ်ပညာကို ပိုင်ဆိုင်ကြပါသလော။ ၎င်းတို့သည် အမိုက်မဲဆုံးသော လူများဖြစ်ကြပြီး၊ မိမိတို့ကိုယ်ကိုယ် တော်သည်ဟု ထင်ကြသည့် အတန်းစား ဖြစ်သည်၊ ဘုရားသခင်ကို သူတို့ မကြောက်ရွံ့သကဲ့သို့ မကောင်းမှုကို မရှောင်ကြဉ်ကြချေ။ လူအချို့က၊ “များစွာသော သမ္မာတရားများကို ငါ နားလည်ပြီး သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်၏။ ကိုယ်ကျင့်တရားကောင်းသည့် ပုံစံဖြင့် အမှုအရာများကိုသာ လုပ်ဆောင်ခြင်းသည် အဆင်ပြေသည်။ ဘုရားသခင်ကို ငါ သစ္စာရှိပြီး သူ့ထံ မည်သို့ တိုးဝင်ချဉ်းကပ်ရမည်ကို ငါသိ၏။ သမ္မာတရားအပေါ် ငါ မှီခိုသည်မှာ လုံလောက်သည် မဟုတ်လော”ဟု ပြောဆိုကြသည်။ အယူဝါဒအရ ပြောရပါက၊ “သမ္မာတရားအပေါ် မှီခိုခြင်း”သည် ကောင်းကောင်း အလုပ်ဖြစ်ပေ၏။ သို့သော် သမ္မာတရားက မည်သည့်အရာဖြစ်သည် သို့မဟုတ် သမ္မာတရား အခြေခံသဘောတရားများက မည်သည့်အရာဖြစ်သည်တို့ကို လူတို့ မသိကြသည့် အချိန်များစွာနှင့် အခြေအနေများစွာ ရှိလေသည်။ လက်တွေ့ကျသည့် အတွေ့အကြုံများရှိသူအားလုံးက ဤအရာကိုသိကြ၏။ ဥပမာ ပြဿနာအချို့ကို သင် ကြုံရသည့်အခါ၊ ဤကိစ္စရပ်နှင့် ဆီလျော်သော သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်သင့်သည် သို့မဟုတ် မည်သို့ အသုံးပြုသင့်သည်ကို သင် သိကောင်းသိမည်မဟုတ်ပေ။ ဤသို့သော အချိန်များတွင် သင် မည်သည့်အရာကို လုပ်ဆောင်သင့်ပါသနည်း။ လက်တွေ့ကျသည့် အတွေ့အကြုံ မည်မျှ သင်၌ရှိပါစေ၊ အခြေအနေအားလုံးတွင် သမ္မာတရားကို သင် မပိုင်ဆိုင်နိုင်ချေ။ ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ သင် ယုံကြည်ပြီးပါစေ၊ အမှုအရာများကို မည်မျှ သင် တွေ့ကြုံပြီးပါစေ၊ ပြီးလျှင် မည်မျှ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း သို့မဟုတ် ဆုံးမပဲ့ပြင်ခြင်းတို့ကို သင် တွေ့ကြုံပြီးပါစေ၊ သင်သည် သမ္မာတရား၏ အရင်းအမြစ် ဖြစ်ပါသလော။ လူအချို့က၊ “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက ထိုလူသိများသည့် မိန့်မြွက်ချက်များနှင့် စာပိုဒ်များအားလုံးကို ငါ အလွတ်ရ၏။ ဘုရားသခင်အပေါ် ငါ မှီခိုစရာ မလို၊ သို့မဟုတ် သူ့ကို ကြည်ညိုလေးစားစရာမလို။ အချိန်ရောက်လာသည့်အခါ၊ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များအပေါ် မှီခိုခြင်းအားဖြင့်သာ ငါ အဆင်ပြေလိမ့်မည်” ဟု ပြောကြသည်။ သင် အလွတ်ကျက်မှတ်ပြီးသည့် စကားများမှာ တည်ငြိမ်သော်လည်း၊ သင် ကြုံရသည့် ပတ်ဝန်းကျင်များအပြင် သင်၏ အခြေအနေများသည် ရွေ့လျား ပြောင်းလဲ၏။ စကားလုံးများ၏ တိုက်ရိုက်အဓိပ္ပာယ်ကို သဘောပေါက်ခြင်းနှင့် ဝိညာဉ်ရေးရာ အယူဝါဒများစွာအကြောင်း ပြောဆိုခြင်းတို့သည် ဘုရားသခင်၏ အလိုကို အခြေအနေတိုင်း၌ သိနားလည်ခြင်းနှင့် ညီမျှဖို့နေနေသာသာ၊ သမ္မာတရားကို သိနားလည်ခြင်းနှင့်ပင် မညီမျှပေ။ ထို့ကြောင့်၊ ဤနေရာတွင် သင်ယူရမည့် အလွန်အရေးကြီးသော သင်ခန်းစာတစ်ခု ရှိ၏။ ယင်းမှာ လူတို့သည် အရာခပ်သိမ်းတွင် ဘုရားသခင်ကို အားကိုးဖို့လိုအပ်ပြီး ထိုသို့လုပ်ဆောင်ခြင်းအားဖြင့်၊ ၎င်းတို့သည် ဘုရားသခင်အပေါ် အားထားမှု ရရှိနိုင်သည်။ ဘုရားသခင်အပေါ် အားထားခြင်း အားဖြင့်သာလျှင် ၎င်းတို့သည် လိုက်လျှောက်ရမည့် လမ်းကြောင်းတစ်ခု ရှိလေသည်။ သို့မဟုတ်လျှင် တစ်စုံတစ်ရာကို မှန်မှန်ကန်ကန်နှင့် သမ္မာတရား အခြေခံသဘောတရားများနှင့်အညီ သင် လုပ်ဆောင်နိုင်သော်လည်း၊ ဘုရားသခင်အပေါ် သင် မမှီခိုလျှင် သင်၏ လုပ်ရပ်များသည် လူသား၏ လုပ်ဆောင်ချက်များမျှသာဖြစ်ပြီး၊ ယင်းတို့သည် ဘုရားသခင်ကို သေချာပေါက် စိတ်ကျေနပ်စေလိမ့်မည် မဟုတ်ပေ။ လူတို့သည် သမ္မာတရားအပေါ် ထိုသို့သော ပေါ့တန်သည့် သိနားလည်မှု ရှိကြသောကြောင့်၊ ၎င်းတို့သည် အမျိုးမျိုးသော အခြေအနေများကို ရင်ဆိုင်ရသည့်အခါ၊ ထိုအလားတူသမ္မာတရားကို အသုံးပြုခြင်းအားဖြင့် စည်းမျဉ်းများကို လိုက်လျှောက်ဖို့နှင့် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကို ခေါင်းမာစွာဖြင့် ဖက်တွယ်ဖို့ အလားအလာရှိပေသည်။ ကိစ္စရပ်များစွာကို သမ္မာတရားအခြေခံသဘောတရားများနှင့် ယေဘုယျ ကိုက်ညီမှုဖြင့် ၎င်းတို့ ပြည့်စုံစေနိုင်သည်မှာ ဖြစ်နိုင်သော်လည်း၊ ဘုရားသခင်၏ လမ်းပြမှုကို ဤအရာတွင် မြင်၍မရနိုင်သကဲ့သို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကိုလည်း မြင်၍မရနိုင်ပေ။ ဤနေရာတွင် ဆိုးရွားသည့် ပြဿနာတစ်ခုရှိ၏၊ ယင်းမှာ လူတို့သည် မိမိတို့၏ အတွေ့အကြုံနှင့် ၎င်းတို့ နားလည်ခဲ့ကြသည့် စည်းမျဉ်းများအပေါ်နှင့် အချို့သော လူ့စိတ်ကူးစိတ်သန်းများအပေါ် မှီခိုကာ အမှုအရာများစွာကို လုပ်ဆောင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို အားကိုးခြင်းနှင့် သူ့ထံ ဆုတောင်းခြင်းတို့အားဖြင့် ဘုရားသခင်၏ အလိုတော်ကို ရှင်းလင်းစွာ နားလည်ခြင်းနှင့်၊ ပြီးနောက် သူ၏အမှုနှင့် လမ်းပြမှုတို့ကို မှီခိုခြင်းမှတစ်ဆင့် လာသည့် တကယ့် အကောင်းဆုံးသော ရလဒ်များကို စွမ်းဆောင်မရရှိနိုင်သလောက် ဖြစ်ကြသည်။ ဤအကြောင်းရင်းကြောင့် အကြီးမြတ်ဆုံးသော ဉာဏ်ပညာမှာ အရာခပ်သိမ်းတွင် ဘုရားသခင်ကို အားကိုးပြီး သူ့ကို မှီခိုရန် ဖြစ်သည်ဟု ငါ ဆိုခြင်း ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်အား ယုံကြည်ခြင်းသည် လောက၏ မကောင်းသောခေတ်ရေစီးကြောင်းများကို ထိုးဖောက်မြင်ခြင်းမှ စတင်ရမည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၄၈

လူသားကို စီမံခန့်ခွဲခြင်းသည် ငါ၏အလုပ်ဖြစ်သည်။ ထို့အပြင် ငါ့အားဖြင့် သူသိမ်းပိုက် ခံရခြင်းသည် ကမ္ဘာကို ငါဖန်ဆင်းစဉ်က သာ၍ပင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၄၀

သမ္မာကျမ်းစာထဲမှ ယောဘအပေါ် ဘုရားသခင် စုံစမ်းခြင်းများ ယောဘ ၁:၁ ယောဘ အမည်ရှိသောသူတယောက်သည် ဥဇပြည်၌နေ၏။ ထိုသူသည် စုံလင်ဖြောင့်မတ်ခြင်းရှိ၏။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၈

ဘုရားသခင်ကို ကြောက်ရွံခြင်း၏အစမှာ သူ့အား ဘုရားသခင်အဖြစ် ဆက်ဆံခြင်း ဖြစ်သည် တစ်စုံတစ်ဦးက ကျွန်ုပ်တို့သည် ဘုရားသခင်ကို ယောဘထက်ပင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၁၁

မိမိ၏အလုပ်ကို မိမိကိုယ်တိုင်လုပ်ဆောင်နေချိန် ဤကာလတွင် လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ့နောက်ကို လိုက်သောသူများအဖွဲ့ထံသို့သာ မိမိကိုယ်မိမိ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။