ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “သင်ကိုယ်တိုင်၏ အခြေအနေကို သိနားလည်ခြင်းအားဖြင့်သာ မှန်ကန်သော လမ်းကြောင်းပေါ် သင် စတင်နိုင်သည်” | ကောက်နုတ်ချက် ၃၇၉

များစွာသော လူတို့က “သမ္မာတရားအားလုံးကို ကျွန်ုပ် နားလည်သည်၊ လက်တွေ့မလုပ်ဆောင်နိုင်ခြင်းသာ ဖြစ်သည်။” ဟု ယခင်က ပြောဆိုထားပြီးဖြစ်သည်။ ဤဝါကျက အရင်းခံ ပြဿနာကို ထုတ်ဖော်ပြ၏၊ ယင်းသည် လူတို့၏ သဘာဝဗီဇများအတွင်းရှိ ပြဿနာတစ်ခုလည်း ဖြစ်သည်။ တစ်စုံတစ်ဦး၏ သဘာဝဗီဇသည် သမ္မာတရားကို မုန်းတီးစက်ဆုပ်ပါက၊ ယင်းကို မည်သည့်အခါတွင်မျှ လက်တွေ့လုပ်ဆောင်ကြလိမ့်မည် မဟုတ်ပေ။ သမ္မာတရားကို မုန်းတီးစက်ဆုပ်သော သူတို့သည် ဘုရားသခင်အား ၎င်းတို့၏ ယုံကြည်မှုတွင် လွန်ကဲသော စိတ်ဆန္ဒများ သိုထားကြလိမ့်မည်မှာ အသေချာဆုံး ဖြစ်သည်။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်ကြသည်ဖြစ်စေ၊ ၎င်းတို့ကိုယ်တိုင်၏ ရည်ရွယ်ချက်တို့ အမြဲရှိနေသည်။ ဥပမာအားဖြင့်၊ ညှဉ်းပန်းနှိပ်စက်မှုကို ခံစားရပြီးဖြစ်ကာ အိမ်မပြန်နိုင်သူအချို့က ဤသို့ တမ်းတကြသည်- “ယခု ကျွန်ုပ် အိမ်သို့ မသွားနိုင်ပါ။ သို့သော် တစ်နေ့တွင်၊ ဘုရားသခင်သည် ကျွန်ုပ်ကို သာ၍ ကောင်းမွန်သော အိမ်တစ်အိမ်ကို ပေးလိမ့်မည်။ သူသည် ကျွန်ုပ်ကို အချည်းနှီး ဒုက္ခဆင်းရဲခံစေမည် မဟုတ်ပါ။” သို့မဟုတ် ၎င်းတို့က “ဘုရားသခင်သည် ကျွန်ုပ် မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ ကျွန်ုပ်ကို စားဖို့ အစာပေးလိမ့်မည်။ ဘုရားသခင်သည် ကျွန်ုပ်ကို လမ်းဆုံးသို့ ပို့ဆောင်လိမ့်မည်မဟုတ်။ သူ ပို့ဆောင်ခဲ့ပါက၊ သူအမှားလုပ်မိပြီးဖြစ်ပေမည်” ဟု ထင်ကြသည်။ လူတို့သည် ၎င်းတို့အတွင်းတွင် ဤအတွေးများ ရှိကြသည် မဟုတ်လော။ “ဘုရားသခင်အတွက် ကျွန်ုပ်ကိုယ်ကျွန်ုပ် ဤရွေ့ဤမျှ အသုံးတော်ခံသည်၊ ထို့ကြောင့် သူသည် အုပ်ချုပ်နေသည့် အာဏာပိုင်များ၏ လက်ထဲသို့ ကျွန်ုပ်ကို မထည့်သင့်ပါ။ ကျွန်ုပ်သည် များစွာ စွန့်လွှတ်ပြီးဖြစ်ကာ သမ္မာတရားကို စိတ်အားထက်သန်စွာ လိုက်စားသည်၊ ထို့ကြောင့် ကျွန်ုပ်ကို ကောင်းချီးပေးဖို့သည်သာ ဘုရားသခင်အတွက် မှန်ကန်ပေသည်။ ဘုရားသခင်၏‌နေ့ရက် ရောက်ရှိဖို့ကို ကျွန်ုပ်တို့ အလွန်မျှော်လင့်စောင့်စားကြသည်၊ ထို့ကြောင့် ဘုရားသခင်၏ နေ့ရက် မကြာမီ ရောက်ရှိသင့်ပြီး၊ သူသည် ကျွန်ုပ်တို့ စိတ်ဆန္ဒများကို အမှန်ဖြစ်လာစေသင့်သည်”ဟု တွေးသောသူအချို့ ရှိသည်။ လူတို့သည် ၎င်းတို့အတွင်းတွင် ဘုရားသခင်အပေါ် လွန်ကဲသော တောင်းဆိုချက်များ အမြဲ ပြုနေကြပြီး၊ ၎င်းတို့က- ကျွန်ုပ်တို့ ဤအရာကို လုပ်ဆောင်ပြီးဖြစ်သည်၊ ထို့ကြောင့် တစ်စုံတစ်ခုသော အရာကို လုပ်ဆောင်မှသာ ဘုရားသခင်အတွက် မှန်ကန်ပေသည်။ ကျွန်ုပ်တို့သည် အောင်မြင်မှုအချို့ ပြုလုပ်ပြီးဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင်သည် ဆုလာဘ်အချို့ကို ကျွန်ုပ်တို့အား ပေးသင့်ပြီး ကောင်းချီးမင်္ဂလာများ တစ်စုံတစ်ရာ ကျွန်ုပ်တို့အား ပေးသင့်သည်ဟု တွေးထင်ကြသည်။ အခြားသူများက မိမိတို့၏ မိသားစုများအား စွန့်ခွာနေပြီး ဘုရားသခင်အတွက် စိုးရိမ်သောကကင်းသောပုံစံဖြင့် မိမိတို့ကိုယ်ကိုယ် အသုံးတော်ခံနေကြသည်ကို မြင်သည့်အခါ၊ ဝမ်းနည်းစိတ်ပျက်အားငယ်သည်ဟု ခံစားရပြီး၊ “အခြားသူများက ၎င်းတို့၏ အိမ်များကို အချိန်ကြာမြင့်စွာက စွန့်ခွာပြီးဖြစ်သည်။ ယင်းကို ၎င်းတို့ မည်သို့ ကျော်လွှားနိုင်ကြသနည်း။ အဘယ်ကြောင့် ယင်းကို ကျွန်ုပ် မည်သည့်အခါမျှမကျော်လွှားနိုင်သနည်း။ ကျွန်ုပ်၏ မိသားစုနှင့် ကလေးများကို ကျွန်ုပ် အဘယ်ကြောင့် မည်သည့်အခါမျှ လက်မလွှတ်နိုင်ရသနည်း။ အဘယ်ကြောင့် ဘုရားသခင်သည် ၎င်းတို့ကို ကြင်နာပြီး ကျွန်ုပ်ကို မကြင်နာရသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်သည် ကျွန်ုပ်အပေါ် ကျေးဇူးတော် အဘယ်ကြောင့် မအပ်နှင်းရသနည်း။ ဘုရားသခင်သည် အဘယ်ကြောင့် ကျွန်ုပ်နှင့်အတူ မရှိရသနည်း”ဟု တွေးသောသူ အချို့လည်းရှိသည်။ ဤသည်မှာ မည်သည့်အခြေအနေဖြစ်သနည်း။ လူတို့သည် အလွန် မလျော်ကန်ကြချေ။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမရှိကြချေ။ ယင်းအစား၊ ဘုရားသခင်နှင့်ပတ်သက်၍ ညည်းညူကြ၏။ ၎င်းတို့သည် ၎င်းတို့၏ နှလုံးသွင်းအရ အားထုတ်မှုများ မည်သည့်အရာမျှမရှိကြသကဲ့သို့ ပုဂ္ဂလဓိဋ္ဌာန်ကျကျ ၎င်းတို့ စွမ်းဆောင်ရရှိသင့်သည့်အရာ မည်သည့်အရာမျှလည်း မရှိကြချေ။ ၎င်းတို့ ပုဂ္ဂလဓိဋ္ဌာန်ကျကျ ပြုလုပ်သင့်သည့် ရွေးချယ်မှုများနှင့် ၎င်းတို့ လျှောက်လှမ်းသင့်သည့် လမ်းကြောင်းနှင့်ပတ်သက်၍ ၎င်းတို့ လက်လျှော့ကြပြီး ဖြစ်သည်။ ဘုရားသခင်က ဤအရာ သို့မဟုတ် ထိုအရာ လုပ်ဆောင်ပေးရန် ၎င်းတို့ အမြဲ တောင်းဆိုကြပြီး၊ ဘုရားသခင်အား ၎င်းတို့ကို ကျိုးကြောင်းမမြင်ဘဲ ကြင်နာစေချင်ကြသည်၊ ၎င်းတို့ကို ကျိုးကြောင်းမမြင်ဘဲ ကျေးဇူးပြုစေချင်ကြသည်၊ ၎င်းတို့ကို လမ်းပြစေချင်ကြပြီး ပျော်ရွှင်မှု ပေးစေချင်ကြသည်။ ၎င်းတို့က “ကျွန်ုပ်၏ အိမ်ကို ကျွန်ုပ် စွန့်ခွာခဲ့ပြီ။ ဤရွေ့ဤမျှ ကျွန်ုပ် စွန့်လွှတ်ပြီးဖြစ်သည်၊ ကျွန်ုပ်၏ တာဝန်ကို ကျွန်ုပ် ထမ်းဆောင်ပြီး ဤရွေ့ဤမျှ ဆင်းရဲဒုက္ခခံပြီးဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် ကျွန်ုပ်ကို ကျေးဇူးပြုသင့်သည်၊ ကျွန်ုပ်အား အိမ်ကို မလွမ်းဆွတ်စေသင့်၊ ကျွန်ုပ်၏ မိသားစုများကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ချက် ပေးသင့်ပြီး ကျွန်ုပ်ကို သာ၍ သန်မာစေသင့်သည်။ ကျွန်ုပ် အဘယ်ကြောင့် အားနည်းလွန်းသနည်း။ အဘယ်ကြောင့် အခြားသူများ သန်မာလွန်းကြသနည်း။ ဘုရားသခင်သည် ကျွန်ုပ်ကို သန်မာစေသင့်သည်။” “အခြားလူများက အိမ်သို့ သွားနိုင်ကြသည်။ အဘယ်ကြောင့် ကျွန်ုပ် နှိပ်စက်ညှဉ်းပန်းခံရပြီး အိမ်သို့မသွားနိုင်ဖြစ်ရသနည်း။ ဘုရားသခင်သည် ကျွန်ုပ်ကို ကျေးဇူးတော် မပြပါ”ဟု တွေးထင်ကြလေသည်။ ဤလူများ ပြောသည့်အရာမှာ လုံးဝ ယုတ္တိမတန်သည့်အပြင် သမ္မာတရား တစ်စုံတစ်ရာ သာ၍ပင် မရှိပေ။ လူတို့၏ ညည်းညူမှုများသည် မည်သို့ဖြစ်ပေါ်လာသနည်း။ ယင်းတို့သည် လူသားအတွင်းမှ ထုတ်ဖော်ပြသည့်အရာများဖြစ်ပြီး ယင်းတို့သည် လူ့သဘာဝဗီဇ၏ လုံးဝ ကိုယ်စားပြုသောအရာများ ဖြစ်သည်။ လူသားသည် ၎င်း၏အထဲမှ ဤအရာများကို မစွန့်ပစ်ပါက၊ သင်၏ ဝိညာဉ်ရင့်ကျက်မှု မည်မျှကြီးမားသည်ဖြစ်စေ၊ သမ္မာတရား မည်မျှ သင်နားလည်သည်ဖြစ်စေ၊ သင် ရပ်တည်မြဲရပ်တည်နိုင်လိမ့်မည်ဟူသည့် ယုံကြည်စိတ်ချမှု တစ်စုံတစ်ရာမျှ သင်၌ လုံးဝ ရှိလိမ့်မည်မဟုတ်ပေ။ သင့်အနေဖြင့် ဘုရားသခင်ကို ပြစ်မှားစော်ကားဖို့နှင့် သူ့ကို သစ္စာဖောက်ကာ မှန်သော လမ်းခရီးကို စွန့်လွှတ်ဖို့ အချိန်မရွေး၊ နေရာမရွေး ဖြစ်နိုင်လိမ့်မည်။ ဤသည်မှာ အလွန်လွယ်ကူစွာ ဖြစ်ပျက်နိုင်သည့် အရာတစ်ခု ဖြစ်သည်။ ယခု ရှင်းလင်းစွာ သင် မြင်သလော။ လူတို့သည် ၎င်းတို့၏ သဘာဝဗီဇများက အချိန်မရွေး ထုတ်ဖော်ပြနိုင်သည့်အရာကို နားလည်ကာ ချိုးနှိမ်နိုင်ရမည်။ ၎င်းတို့သည် ဤပြဿနာကို သတိရှိရှိ တာဝန်သိစွာ ချဉ်းကပ်ရမည်။ သမ္မာတရားနှင့်ပတ်သက်၍ အတော်အသင့် ကောင်းမွန်သည့် သိနားလည်မှုတစ်ခု ရှိသူတို့သည် တစ်ခါတစ်ရံ ဤအရာ အနည်းငယ်ကို သတိထားမိကြသည်။ ပြဿနာတစ်ခုကို ၎င်းတို့ တွေ့ကြသည့်အခါ၊ ၎င်းတို့သည် နက်ရှိုင်းသော သုံးသပ်ဆင်ခြင်မှုနှင့် မိမိကိုယ်ကိုယ်ဆန်းစစ်ခြင်းတို့ကို လုပ်ဆောင်နိုင်ကြသည်။ သို့သော်၊ တစ်ခါတစ်ရံ ပြဿနာကို ၎င်းတို့ သတိမပြုမိကြပေ၊ ထို့ကြောင့် ၎င်းတို့ လုပ်ဆောင်နိုင်သည့်အရာ မည်သည့်အရာမျှ မရှိပေ။ ထိုအခါ ၎င်းတို့သည် ဘုရားသခင်က ၎င်းတို့ထံ အမှန်တရားများကို ဖွင့်ဟဖို့ သို့မဟုတ် ထုတ်ဖော်ပြဖို့ စောင့်ဆိုင်းရုံ စောင့်ဆိုင်းနိုင်ကြသည်။ ထောက်ထားစာနာမှုမရှိသော လူတို့သည် ဤအရာကို တစ်ခါတစ်ရံ သတိပြုမိကြသည်၊ သို့သော် ၎င်းတို့က၊ “လူအားလုံး ဤကဲ့သို့ ဖြစ်ကြသည်၊ ထို့ကြောင့် ယင်းသည် မည်သည့်အဓိပ္ပာယ် မရှိပါ။ ဘုရားသခင်သည် ကျွန်ုပ်ကို ခွင့်လွှတ်လိမ့်မည်။ သူ မှတ်မိမည်မဟုတ်။ ဤအရာသည် ပုံမှန်ဖြစ်သည်” ဟု ဆိုရင်း၊ မိမိတို့ကိုယ်ကိုယ်အပေါ် သိပ်မတင်းကျပ်ကြချေ။ လူတို့ ရွေးချယ်သင့်သည့်အရာနှင့် လုပ်ဆောင်သင့်သည့်အရာတို့ကို ၎င်းတို့ မလုပ်ဆောင်ကြသည်သာမက စွမ်းဆောင်ခြင်းလည်း မရှိကြချေ။ ၎င်းတို့အားလုံးသည် နားဝေတိမ်တောင်ဖြစ်ကြသည်၊ အလွန်အမင်း မလှုပ်မယှက်ဖြစ်ကြပြီး “ဘုရားသခင်က တစ်နေ့တွင် ကျွန်ုပ်တို့ကို လုံးဝ ပြောင်းလဲစေပါက၊ ကျွန်ုပ်တို့ မလှုပ်မယှက် ဖြစ်ကြတော့မည်မဟုတ်။ ထိုအခါ ကျွန်ုပ်တို့ ကောင်းမွန်စွာ ရှေ့ဆက်လျှောက်လှမ်းနိုင်လိမ့်မည်။ ဘုရားသခင်သည် ကျွန်ုပ်တို့နှင့်ပတ်သက်၍ ဤမျှ စိတ်အနှောင့်အယှက် ဖြစ်ဖို့ လိုအပ်မည်မဟုတ်။” ဟူသည့် ပရမ်းပတာအတွေး၌ပင် မွေ့လျော်ကြရင်း သူတစ်ပါးကို အလွန်မှီခိုအားထားကြလေသည်။ ယခု သင်တို့ ရှင်းလင်းစွာ မလွဲမသွေမြင်ရမည်။ သင်တို့ လျှောက်လှမ်းမည့် လမ်းကြောင်းနှင့် စပ်လျဉ်း၍ သင်တို့ကိုယ်တိုင်၏ ရွေးချယ်မှုများကို သင်တို့ ပြုလုပ်သင့်သည်။ လူအသီးသီး ပြုလုပ်သည့် ရွေးချယ်မှုများသည် အလွန်အရေးပါ၏။ သင်တို့သည် ယင်းကို သတိပြုမိနိုင်သည်၊ ထို့ကြောင့် မိမိကိုယ်ကိုယ် ချုပ်တည်းခြင်းကို ကျင့်သုံးခြင်းနှင့် ပတ်သက်လာသည့်အခါ သင်တို့ မည်မျှ သန်မာသနည်း။ မိမိကိုယ်ကိုယ် စွန့်လွှတ်ခြင်းနှင့် ပတ်သက်လာသည့်အခါ သင်တို့ မည်မျှ သန်မာသနည်း။ ဤသည်မှာ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းအဖို့ မရှိမဖြစ် လိုအပ်ချက်နှင့် အဓိကအချက် ဖြစ်သည်။ ကိစ္စရပ်တစ်ခုကို သင် ကြုံရသည့်အခါတိုင်းတွင်၊ ယင်းက သမ္မာတရားနှင့် ကိုက်ညီမှုဖြင့် မည်သို့ လုပ်ဆောင်ရမည်ကို သင် သတိပြုမိသည့် အခြေအနေတစ်ခုဖြစ်ပါက၊ မည်သည့် ရွေးချယ်မှု သင်ပြုသင့်သည်ဆိုသည်နှင့် မည်သည့်အရာ သင် လက်တွေ့လုပ်ဆောင်သင့်သည်ဆိုသည်တို့နှင့်ပတ်သက်၍ သင် ရှင်းလင်းသွားသည့်အခါမှသာ မည်သို့ ရှေ့ဆက်ရမည်ကို သင် သိလိမ့်မည်။ သင်ကိုယ်တိုင်၏ အခြေအနေတွင် မည်သည့်အရာ မှားသည်၊ မှန်သည်ဆိုသည်ကို သင် သတိပြုနိုင်သော်လည်း၊ ယင်းနှင့်ပတ်သက်၍ လုံးဝ မရှင်းလင်းနိုင်သေးသကဲ့သို့ သင်၏ နားဝေတိမ်တောင် နည်းလမ်းဖြင့် ဆက်လက်ဆောင်ရွက်ရုံဆောင်ရွက်ပါက၊ သင်သည် မည်သည့် တိုးတက်မှုမျှ လုံးဝ ပြုလုပ်လိမ့်မည် မဟုတ်၊ သို့မဟုတ် အရေးကြီးသည့် တွေ့ရှိချက် တစ်ရပ်ကို သင် လုံးဝ တွေ့ကြုံရလိမ့်မည် မဟုတ်ပေ။ အသက်အတွင်း ဝင်ရောက်ခြင်းနှင့်ပတ်သက်၍ သင် အလေးအနက်မထားပါက၊ သင်သည် မိမိကိုယ်ကိုယ် ချုပ်တည်းထားခြင်းသာဖြစ်ပြီး ဤအရာက သမ္မာတရားအား သင် မချစ်သည်ကိုသာ သက်သေပြနိုင်ပေသည်။

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။