ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၈၅

အဖန်ဆင်းခံ သတ္တဝါတစ်ဦးက သူ၏ဖန်ဆင်းရှင်အဖို့ ရှိသင့်သည့် တစ်ခုတည်းသော သဘောထားမှာ အကြွင်းမဲ့နာခံခြင်းတစ်ခု ဖြစ်သည့် နာခံခြင်းတစ်ခု ဖြစ်သည်။ ဤသည်မှာ ယနေ့လူအချို့ လက်ခံကောင်း လက်ခံနိုင်ခြင်း မရှိသည့် အရာတစ်ခု ဖြစ်သည်။ ဤသည်မှာ လူ၏ဝိညာဉ်ရင့်ကျက်မှုသည် အလွန်နုနယ်ပြီး ၎င်းတို့သည် သမ္မာတရား စစ်မှန်မှု မရှိသောကြောင့် ဖြစ်သည်။ ဤသည်က သင်၏အခြေအနေကို ဖော်ပြပါက၊ သင်သည် ဘုရားသခင်ကို နာခံနိုင်ခြင်းမှ အလှမ်းဝေးပေသည်။ လူသားသည် ဘုရားသခင်၏နှုတ်ကပတ်တော်များအားဖြင့် ထောက်ပံ့ခံရပြီး ရေလောင်းခံရစဉ်တွင်၊ လူသားသည် အမှန်အားဖြင့် တစ်ခုတည်းသောအရာကို ပြင်ဆင်နေပေသည်။ ယင်းမှာ နောက်ဆုံးတွင် ဘုရားသခင်ကို အကြွင်းမဲ့၊ လုံးဝ ကျိုးနွံနာခံမှုတစ်ခုကို စွမ်းဆောင်ရရှိနိုင်ရန် ဖြစ်သည်၊ ယင်းအခြေအနေတွင် ဤဖန်ဆင်းခြင်းဖြစ်သည့် သင်သည် သတ်မှတ်ထားသည့် စံနှုန်းကို ရောက်ရှိပြီးဖြစ်လိမ့်မည်။ တစ်ခါတစ်ရံတွင် ဘုရားသခင်သည် သင်၏အယူအဆများနှင့် မကိုက်ညီသည့်၊ သင် လိုချင်သည့်အရာကို ဆန့်ကျင်သည့်၊ သို့မဟုတ် အခြေခံသဘောတရားများနှင့်ပင် ဆန့်ကျင်ပုံရသည့်၊ သို့မဟုတ် လူ့ခံစားချက်များ၊ လူ့သဘာဝ သို့မဟုတ် သဘောထားများနှင့် ဆန့်ကျင်ပုံရသည့် အရာများကို တမင်တကာ လုပ်ဆောင်၍ သင့်အား ယင်းတို့ကို လက်မခံနိုင်ဖြစ်စေကာ နားမလည်နိုင် ဖြစ်စေရစ်သည်။ ယင်းကို မည်သည့်နည်းလမ်းဖြင့်မဆို သင် ကြည့်သည်ဖြစ်စေ၊ ယင်းသည် မှန်ကန်ပုံမရပေ၊ ယင်းကို သင် လက်မခံကို လက်မခံနိုင်ဘဲ၊ သူ လုပ်ဆောင်ပြီးသည့်အရာသည် တကယ်ကို ယုတ္တိမတန်ဟု သင် ခံစားရသည်။ သို့ဆိုလျှင် ဤအရာများကို လုပ်ဆောင်ခြင်းတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းသည် သင့်ကို စစ်ဆေးရန် ဖြစ်သည်။ သင်သည် ဘုရားသခင် လုပ်ဆောင်ပြီးဖြစ်သည့် အရာနှင့် သက်ဆိုင်၍ လုပ်ဆောင်ပုံများနှင့် အကြောင်းပြချက်များအား ဆွေးနွေးဖို့ မလိုအပ်ပေ။ သင် လုပ်ဆောင်ဖို့ လိုအပ်သမျှမှာ သူသည် သမ္မာတရားဖြစ်သည်ဆိုသည့် သင်၏ ယုံကြည်ခြင်းကို ထိန်းသိမ်းဖို့နှင့် သူသည် သင်၏ ဖန်ဆင်းရှင်ဖြစ်သည်၊ သင်၏ ဘုရားသခင်ဖြစ်သည်ဆိုသည်ကို သတိပြုဖို့ ဖြစ်သည်။ ဤသည်မှာ သမ္မာတရားအားလုံးထက် မြင့်မားသည်၊ လောကီ ဉာဏ်ပညာအားလုံးထက်၊ လူသား၏ ကိုယ်ကျင့်တရား၊ လူ့ကျင့်ဝတ်များ၊ အသိပညာ၊ ပညာရေး၊ အတွေးအခေါ် သို့မဟုတ် ရိုးရာ ယဉ်ကျေးမှုဆိုသည့် အရာများထက် မြင့်မားပြီး ယင်းသည် ချစ်ခင်မှု သို့မဟုတ် ရဲဘော်ရဲဘက်စိတ် သို့မဟုတ် လူတို့ကြားက ချစ်ခြင်းမေတ္တာဟု ခေါ်ဆိုသောအရာထက်ပင် သာ၍ မြင့်မား၏၊ ယင်းသည် အခြားမည်သည့်အရာမဆိုထက် လုံးဝ သာ၍ မြင့်မားပေသည်။ ဤအရာကို သင် နားမလည်နိုင်ပါက၊ အနှေးနှင့်အမြန်၊ သင်၌ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ၊ နောက်ဆုံး နောင်တရခြင်းနှင့် ဘုရားသခင်၏ ချစ်ဖွယ်ကောင်းခြင်းကို သတိပြုမိခြင်း၊ ပြီးလျှင် သင့်အပေါ် ဘုရားသခင်ဆောင်ရွက်သည့် အမှု၏ အဓိပ္ပာယ်ကို သတိပြုမိခြင်းမတိုင်မီ၊ ဘုရားသခင်ကို သင် ပုန်ကန်ပြီး လမ်းလွဲသွားဖွယ်ရှိပေသည်၊ သို့မဟုတ် သာ၍ ဆိုးသည်မှာ၊ သင်သည် ယင်းကြောင့် ခလုတ်တိုက်မိကာ လဲကျကောင်း လဲကျနိုင်သည်။...ဘုရားသခင်ကို လူတစ်ဦးက မည်မျှကြာကြာ ယုံကြည်ပြီးဖြစ်သည်၊ ၎င်းတို့ လမ်းခရီးတစ်လျှောက် မည်မျှရှည်ရှည် ခရီးသွားပြီးဖြစ်သည်၊ အလုပ်မည်မျှများများ ၎င်းတို့ လုပ်ဆောင်ပြီးကာ၊ တာဝန်များ မည်မျှများများ ၎င်းတို့ ထမ်းဆောင်ပြီးသည်ဆိုသည်တို့ကို ပဓာနမထားဘဲ၊ ဤအချိန်ကာလသည် ၎င်းတို့ကို- သင့်အနေဖြင့် ဘုရားသခင်ကို အကြွင်းမဲ့၊ လုံးဝ ကျိုးနွံနာခံခြင်းကို စွမ်းဆောင်ရရှိနိုင်ဖို့- တစ်ခုတည်းသောအရာအတွက်သာ ပြင်ဆင်နေခဲ့ခြင်းဖြစ်သည်။ သို့ဆိုလျှင် “အကြွင်းမဲ့” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းက သင်၏ ကိုယ်ရေးကိုယ်တာ ကျိုးကြောင်းပြချက်များကို မသိကျိုးကျွန်ပြုခြင်း၊ သင်၏ ဓမ္မဓိဋ္ဌာန်ကျသော တွေးခေါ်မြော်မြင်မှုကို မသိကျိုးကျွန်ပြုခြင်းနှင့် မည်သည့်အရာပေါ်မျှ မငြင်းခုံခြင်းကို ဆိုလိုသည်- သင်သည် အဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်ပြီး သင်သည် တန်ဖိုးမရှိပေ။ သင်သည် ဘုရားသခင်နှင့် ငြင်းခုံသည့်အခါ၊ သင်သည် မှားယွင်းသော အနေအထားတွင် ရှိပေသည်။ ဘုရားသခင်အား သင့်ကိုယ်သင် မှန်ကန်ကြောင်းပြဖို့ ကြိုးပမ်းသည့်အခါ၊ နောက်တစ်ဖန်၊ သင်သည် မှားယွင်းသော အနေအထားတွင် ရှိပြန်၏။ သင်သည် ဘုရားသခင်နှင့် ငြင်းခုံသောအခါ၊ မည်သည့်အရာ အမှန်တကယ် ဖြစ်ပျက်နေသည်ကို နားလည်သဘောပေါက်ရန် အဘယ်ကြောင့် ဆိုသည့် အကြောင်းရင်းကို သင် မေးလိုသည့်အခါ၊ ပထမဦးစွာ သိနားလည်မှုမရှိဘဲ သင် မနာခံနိုင်သကဲ့သို့ သင့်အဖို့ အရာရာ ရှင်းလင်းသွားသောအခါမှသာ သင် ကျိုးနွံနာခံပါက၊ သင်သည် နောက်တစ်ဖန် မှားယွင်းသော အနေအထားတွင် ရှိပြန်ပေသည်။ သင်ရှိသည့် အနေအထားသည် မှားယွင်းသည့်အခါ၊ ဘုရားသခင်ကို သင်၏ နာခံခြင်းသည် အကြွင်းမဲ့ ဖြစ်သလော။ သင်သည် ဘုရားသခင်၏ စိတ်ထဲ၌ အဖန်ဆင်းခံတစ်ဦး ဟုတ်သလော၊ မဟုတ်သလော။ သင်သည် ဘုရားသခင်ကို သူ အဆက်ဆံခံရသင့်သည်အတိုင်း ဆက်ဆံနေသလော။ သင်သည် သူ့အား ဖန်ဆင်းခြင်းအားလုံး၏ သခင်အဖြစ် ကိုးကွယ်သလော။ မဟုတ်၊ ထိုသို့ သင် ဆက်ဆံမနေပေ၊ ထိုကဲ့သို့ဖြစ်ခဲ့လျှင် ဘုရားသခင်သည် သင့်ကို အသိအမှတ်မပြုပေ။ မည်သည့်အရာက သင့်ကို ဘုရားသခင်အား လုံးဝ၊ အကြွင်းမဲ့ နာခံမှုကို စွမ်းဆောင်ရရှိစေနိုင်သနည်း။ ဤအရာကို မည်သို့ တွေ့ကြုံခံစားနိုင်သနည်း။ တစ်ဖက်တွင်၊ အသိတရားနှင့် ပုံမှန်လူ့သဘာဝနှင့်ဆိုင်သောအသိစိတ် အနည်းငယ် လိုအပ်သည်။ အခြားတစ်ဖက်တွင်၊ သင်၏ တာဝန်များကို သင် ဖြည့်ဆည်းသည်နှင့်အမျှ၊ ဘုရားသခင်၏ အလိုကို သင် နားလည်နိုင်ဖို့အလို့ငှာ သမ္မာတရား၏ ရှုထောင့်တစ်ခုစီတိုင်းကို နားလည်ရမည်။ တစ်ခါတစ်ရံ၊ လူသား၏ အရည်အချင်း မပြည့်မီသကဲ့သို့၊ သမ္မာတရားအားလုံးကို နားလည်ဖို့ လူသား၌ အစွမ်းအစ သို့မဟုတ် အားအင် မရှိချေ။ သို့သော် တစ်ခုရှိ၏- သင့်အပေါ် ကျရောက်ပြီး ဘုရားသခင်က စီစဉ်ထားသည့် ပတ်ဝန်းကျင်၊ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို ပဓာနမထားဘဲ၊ သင်သည် နာခံတတ်သော သဘောထားတစ်ခု အမြဲ ရှိရမည်ဖြစ်ပြီး အကြောင်းရင်းကို မမေးနှင့်- သင်၌ ဤသဘောထားကို ထားရှိနိုင်ခြင်း မရှိလျှင်ပင်၊ ပြီးလျှင် သင်သည် ဘုရားသခင်ကို သတိထားခြင်း၊ ဘုရားသခင်နှင့် ပတ်သက်၍ ထင်ကြေးပေးခြင်း သို့တည်းမဟုတ် “ဘုရားသခင် လုပ်ဆောင်နေသည့်အရာက အမှန်တကယ် ဖြောင့်မတ်သည် မဖြောင့်မတ်သည်ကို ကျွန်ုပ် စဉ်းစားရမည်။ သူတို့က ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်သည်ဟု ပြောကြသည်၊ ကဲ၊ ကျွန်ုပ်နှင့်ပတ်သက်၍ သူ လုပ်ဆောင်နေသောအရာတွင် ချစ်ခြင်းမေတ္တာ ရှိမရှိဆိုသည်နှင့် ဤအရာက အမှန်တကယ် ချစ်ခြင်းမေတ္တာ ဟုတ်၊ မဟုတ် ဆိုသည်တို့ကို ကြည့်ကြစို့” ဟု သင့်ဘာသာ တွေးသည်အထိပင် လုပ်ဆောင်နိုင်စွမ်းရှိပါက၊ ဘုရားသခင် လုပ်ဆောင်နေသည့်အရာက သင်၏အယူအဆများနှင့် ကိုက်ညီခြင်း ရှိမရှိ သင်အမြဲဆန်းစစ်နေပါက၊ ဘုရားသခင် လုပ်ဆောင်နေသည့်အရာက သင်ကြိုက်နှစ်သက်သည့်အရာ ဟုတ်မဟုတ်၊ သို့မဟုတ် ယင်းသည် သမ္မာတရားအဖြစ် သင် ယုံကြည်သည့်အရာကို လိုက်နာခြင်း ရှိမရှိဆိုသည်ကိုပင် သင်ကြည့်နေပါက၊ သင်၏ အနေအထားသည် မှားယွင်းပြီး ဤအရာက သင့်ကို ဒုက္ခရောက်စေလိမ့်မည်၊ ပြီးလျှင် သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားနိုင်ချေ ရှိလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၇၇

လူသားမျိုးနွယ် နေထိုင်သည့် ပတ်ဝန်းကျင်နှင့် ထိုပတ်ဝန်းကျင်အတွက် ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အရာ၊ ပြီးလျှင် သူ ပြုလုပ်ခဲ့သည့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၆၁

လူသား၏ သဘာဝဗီဇသည် ငါ၏ အနှစ်သာရနှင့် အတော်အတန် ကွဲပြား၏။ အဘယ်ကြောင့်ဆိုသော် လူသား၏ ဖောက်ပြန်ပျက်စီးသော သဘာဝမှာ စာတန်ထံမှ လုံးလုံးလျားလျား...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၆၀၂

နိုင်ငံတော်ခေတ်တွင် လူသားသည် စုံလင်ခြင်းသို့ ရောက်ရန် ပြုလုပ်ခြင်းကို လုံးလုံးလျားလျား ခံရလိမ့်မည်။ သိမ်းပိုက်ခြင်း အမှုအပြီးတွင်၊ လူသားသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၉၄

ယုံကြည်ခြင်းရှိသော လူအမျိုးမျိုး၏ ရှင်ခြင်းနှင့်သေခြင်းသံသရာ မယုံကြည်သူများဟူသော ပထမအတန်းအစားရှိ လူတို့၏ ရှင်ခြင်းနှင့် သေခြင်းသံသရာကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။