ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “လူ့သဘာဝကို သိရှိရန် နည်းလမ်း” | ကောက်နုတ်ချက် ၅၆၀

လူတစ်ဦး၏ သဘာဝဗီဇကို မည်သည့်အရာများနှင့် ဖွဲ့စည်းထားသနည်း။ သင်သည် လူသား၏ ဖောက်ပြန်ပျက်စီးခြင်း၊ မနာခံခြင်း၊ အားနည်းချက်များ၊ အပြစ်အနာအဆာများ၊ အယူအဆများနှင့် ရည်ရွယ်ချက်များကိုသာ သိရှိပြီး လူသား၏ သဘာဝအတွင်းရှိ အရာများကို ရှာဖွေတွေ့ရှိနိုင်ခြင်း မရှိပေ။ သင်သည် ဇာစ်မြစ်ကို ရှာဖွေ့တွေ့ရှိနိုင်ခြင်းမရှိဘဲ၊ အပြင်ဘက်အလွှာကိုသာ သိသကဲ့သို့၊ ဤသည်မှာ လူသားသဘာဝနှင့်ဆိုင်သော အသိပညာကို မဖြစ်စေပေ။ အချို့က၊ “ကြည့်ပါ၊ လူသား၏ သဘာဝကို ကျွန်ုပ် နားလည်သည်။ ကျွန်ုပ်၏ မာနထောင်လွှားမှုကို ကျွန်ုပ် သတိပြုမိသည်။ ယင်းသည် လူသား၏ သဘာဝဗီဇ မဟုတ်ပါလား” ဟု ပြောရင်း၊ ဤအပေါ်ယံအရာများကို လူ့သဘာဝအဖြစ်ပင် ထင်ကြသည်။ မာနထောင်လွှားခြင်းသည် လူ့သဘာဝ၏ တစ်စိတ်တစ်ပိုင်းဖြစ်၏။ ထိုမျှသည် မှန်ကန်ပေသည်။ သို့သော်၊ ယင်းကို အယူဝါဒဆိုင်ရာ အသိစိတ်တစ်ခုဖြင့် အသိအမှတ်ပြုဖို့မလုံလောက်ပေ။ မိမိကိုယ်တိုင်၏ သဘာဝကို သိရှိဖို့ရန် ဆိုသည်မှာ အဘယ်နည်း။ ယင်းကို မည်သို့ သိရှိနိုင်သနည်း။ ယင်းကို မည်သည့် ရှုထောင့်များမှ သိရှိရသနည်း။ ထို့အပြင်၊ မိမိ ထုတ်ဖော်ပြသည့် အရာများမှတစ်ဆင့် မိမိ၏ သဘာဝကို မည်မျှ တိတိကျကျ ရှုမြင်သင့်ပါသနည်း။ ပထမဦးစွာ၊ လူသား၏ သဘာဝကို ၎င်း၏ စိတ်ဝင်စားမှုများမှတစ်ဆင့် သင် တွေ့မြင်နိုင်သည်။ ဥပမာအားဖြင့်၊ လူအချို့သည် ကခုန်ဖို့ရန် အထူး နှစ်သက်ကြသည်၊ အချို့က အဆိုတော်များ သို့မဟုတ် ရုပ်ရှင်ကြယ်ပွင့်များကို အထူးသဖြင့် ချစ်ကြပြီး၊ အချို့သည် နာမည်ကျော်ကြားသည့် လူအချို့ကို ပုဂ္ဂိုလ်ရေးကိုးကွယ်ကြသည်။ ဤစိတ်ဝင်စားမှုများကို ကြည့်ခြင်းအရ၊ ဤလူတို့၏ သဘာဝမှာ အဘယ်နည်း။ ဥပမာအားဖြင့်၊ အချို့သည် ထိုထိုသော အဆိုတော်တစ်ဦးကို တကယ်ကို ပုဂ္ဂိုလ်ရေးကိုးကွယ်သည်မှာ ဤအဆိုတော်၏ လှုပ်ရှားမှုတိုင်း၊ အပြုံးတိုင်းနှင့် စကားလုံးတိုင်းကို စွဲလမ်းသည့် အဆင့်ထိပင် ရောက်တတ်သည်။ သူတို့သည် ထိုအဆိုတော်အား အစွဲအလမ်းကြီးကြပြီး ထိုအဆိုတော် ဝတ်ဆင်သည့်အရာတိုင်းကို ၎င်းတို့ ဓာတ်ပုံပင်ရိုက်ပြီး အတုခိုးကြသည်။ ဤပုဂ္ဂိုလ်ရေးကိုးကွယ်ခြင်း အဆင့်က လူတစ်ဦး၏ သဘာဝဗီဇနှင့်ပတ်သက်၍ မည်သည့်အရာကို ပြသပါသနည်း။ ယင်းက ထိုလူသည် ၎င်း၏ စိတ်နှလုံးထဲတွင် ထိုအရာများသာရှိပြီး ဘုရားသခင် မရှိသည်ကို ပြသ၏။ ဤလူ တွေးသည့်အရာ၊ ချစ်သည့်အရာနှင့် ရှာဖွေသည့်အရာ အားလုံးသည် စာတန်နှင့် သက်ဆိုင်၏။ ၎င်းတို့က ထိုအရာများအပေါ် အပ်နှံထားသည့် ဤလူ၏ စိတ်နှလုံးတွင် နေရာယူလေသည်။ ဤတွင် ပြဿနာမှာ အဘယ်နည်း။ တစ်စုံတစ်ရာသည် အစွန်းရောက်သည့်အထိ နှစ်သက်ခံရလျှင်၊ ထိုအရာသည် လူတစ်ဦး၏ ဘဝဖြစ်လာနိုင်ပြီး၊ ၎င်း၏ စိတ်နှလုံး၌ နေရာယူလာနိုင်ကာ၊ ထိုလူသည် ဘုရားသခင်ကို မလိုချင်ဘဲ ယင်းအစား နတ်ဆိုးကို ချစ်သည့် ရုပ်တုဆင်းတု ကိုးကွယ်သူဖြစ်သည်ကို အပြည့်အဝ သက်သေပြလျက် ရှိပေသည်။ ထို့ကြောင့် ထိုသို့သော လူတစ်ဦး၏ သဘာဝဗီဇသည် နတ်ဆိုးကို ချစ်ပြီး ကိုးကွယ်ကာ သမ္မာတရားကို မချစ်ဘဲ၊ ဘုရားသခင်ကို မလိုချင်သည့် အရာတစ်ခု ဖြစ်သည်ဟု ငါတို့ ကောက်ချက်ချနိုင်သည်။ ဤသည်မှာ လူတစ်ဦး၏ သဘာဝဗီဇကို ရှုမြင်သည့် မှန်ကန်သော နည်းလမ်းတစ်ခု ဖြစ်သည်မဟုတ်လော။ ယင်းမှာ လုံးဝ မှန်ကန်ပေသည်။ ဤသည်မှာ လူသား၏ သဘာဝကို စိတ်ဖြာလေ့လာပုံဖြစ်၏။ ဥပမာ လူအချို့သည် ပေါလုကို အထူးသဖြင့် ပုဂ္ဂိုလ်ရေးကိုးကွယ်ကြသည်။ ၎င်းတို့သည် အပြင်ထွက်၍ ဟောပြောခြင်းနှင့် အမှုပြုခြင်းကို နှစ်သက်ကြသည်။ ၎င်းတို့သည် စုဝေးပွဲများ တက်ရောက်ပြီး ဟောပြောခြင်းကို နှစ်သက်ကြသည်၊ ထို့အပြင် သူတို့သည် သူတို့ကို နားထောင်နေသည့်၊ သူတို့ကို ကိုးကွယ်နေသည့်၊ သူတို့ကို ဗဟိုပြုနေသည့် သူများကို နှစ်သက်ကြသည်။ သူတို့သည် အခြားသူများ၏စိတ်ထဲ၌ ဂုဏ်ဒြပ်ရှိလိုကြပြီး အခြားသူများက သူတို့ ပြသသည့် ပုံရိပ်ကို တန်ဖိုးထားရှိသည့်အခါ သဘောကျကြသည်။ ဤအပြုအမူများမှတစ်ဆင့် သူတို့၏ သဘာဝဗီဇများကို ခွဲခြမ်းစိတ်ဖြာကြပါစို့- ၎င်းတို့၏ သဘာဝမှာ အဘယ်နည်း။ အကယ်၍ ထိုသူသည် ဤကဲ့သို့ အမှန်တကယ် ပြုမူပါက သူတို့သည် မောက်မာ၍ ထောင်လွှားသော သူများဖြစ်ကြောင်း ပြသရန် လုံလောက်၏။ သူတို့သည် ဘုရားသခင်ကို လုံးဝ မကိုးကွယ်ပေ။ မြင့်မားသော ရာထူးဂုဏ်ဒြပ်ကို သူရှာဖွေပြီး၊ အခြားသူများအပေါ် သြဇာအာဏာ ရှိလိုကာ ထိုသူများကို ပိုင်ဆိုင်လိုပြီး ၎င်းတို့၏ စိတ်များထဲ၌ ဂုဏ်ရှိလိုသည်။ ဤသည်မှာ စာတန်၏ စံနမူနာ ပုံရိပ်ပင် ဖြစ်သည်။ ပိုမိုပေါ်လွင်နေသည့် ၎င်းတို့ သဘာဝဗီဇ၏ လက္ခဏာသွင်ပြင်များမှာ မောက်မာမှုနှင့် စိတ်ကြီးဝင်ခြင်းဖြစ်ပြီး၊ ဘုရားသခင်ကို ကိုးကွယ်ရန် မလိုလားမှုနှင့် အခြားသူများ၏ ကိုးကွယ်ခြင်းကို ခံလိုမှုတို့ ဖြစ်သည်။ ထိုသို့သော အပြုအမူများသည် ၎င်းတို့၏ သဘာဝဗီဇထဲသို့ အလွန်ရှင်းလင်းသော အမြင်ကို သင့်အား ပေးနိုင်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “မိမိကိုယ်ကိုယ် သိခြင်းသည် အဓိကအားဖြင့် လူ့သဘာဝကို သိခြင်းအကြောင်းဖြစ်၏” | ကောက်နုတ်ချက် ၅၆၅

စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခု ရရှိခြင်းတွင် အဓိကသော့ချက်မှာ မိမိ၏ ကိုယ်ပိုင်သဘာဝကို သိရှိရန်ဖြစ်ပြီး၊ ဤအရာသည် ဘုရားသခင်ထံမှ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” | ကောက်နုတ်ချက် ၁၁၇

ယခုမျက်မှောက်တွင် လူရရှိသော အရာဖြစ်သည့် လူ၏ ယနေ့ ဝိညာဥ်အသက်တာ၊ သူတို့၏ အသိဉာဏ်၊ ချစ်ခြင်းမေတ္တာ၊ သစ္စာရှိမှု၊ နာခံမှု သာမက သူတို့၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ- ကောင်းကင်နိုင်ငံတော်သီချင်း” | ကောက်နုတ်ချက် ၅၉

လူထုအပေါင်းတို့သည် ငါ့ကို သြဘာပေးကြ၏။ လူထုအပေါင်းတို့သည် ငါ့ကို ချီးမွမ်းကြ၏။ နှုတ်ခပ်သိမ်းတို့သည် တစ်ဆူတည်းသော စစ်မှန်သည့် ဘုရားသခင်၏...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “စစ်မှန်သောလူဆိုသည်မှာ အဘယ်နည်း” | ကောက်နုတ်ချက် ၃၅၀

လူသားများသည် တစ်ချိန်က ငါ၏ ဖန်ဆင်းခြင်းကို ခံထားရသော သူများဖြစ်သည့်အပြင် ငါ့ဖန်ဆင်းခြင်း၏ ပေါများလှသော အရာများ အားလုံးကို ခံစားဖူးသူများ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်