စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ - အခန်း (၁၉)

p>လူသားမျိုးနွယ်၏ သင့်တင့်မျှတသော အလုပ်မှာ ငါ၏ နှုတ်ကပတ်များအား သူ့ရှင်သန်မှု၏ အခြေခံ အဖြစ် မှတ်ယူရန်ပင် ဖြစ်သည်။ ငါ့နှုတ်ကပတ်များ၏ အစိတ်အပိုင်း တစ်ခုစီတိုင်းတွင် သူ၏ ကိုယ်ပိုင် ဝေပုံကျအပိုင်းကိုတည်ဆောက်ရမည်။ ထိုကဲ့သို့မပြုပါက ပြဿနာအား တောင်းခံနေသကဲ့သို့၊ ကိုယ့်ပျက်စီးခြင်းကို ရှာဖွေနေသကဲ့သို့ ဖြစ်နေပေလိမ့်မည်။ လူသားမျိုးနွယ်သည် ငါ့အား သိကျွမ်းခြင်းမရှိ၊ ဤအချက်ကြောင့်ပင် ငါ့ထံသို့ အလဲအလှယ်အနေနှင့် သူ၏ ကိုယ်ပိုင် အသက်တာအား ဆက်ကပ်ရမည့်အစား၊ သူလုပ်သမျှ ခပ်သိမ်းမှာ သူ၏ လက်များထဲတွင် အမှိုက်ကို ကိုင်လျက် ငါ၏ရှေ့တွင် လှည့်လည်နေခြင်းအားဖြင့်ငါ့အား စိတ်ကျေနပ်အောင် ကြိုးစားနေခြင်းသာ ဖြစ်သည်။ သို့သော် သူတို့အားဖြင့် ငါသည် စိတ်ကျေနပ်ဖို့ဆိုသည်မှာ အလှမ်းဝေးသည်သာမက၊ လူသားမျိုးနွယ်အား ငါသည် တောင်းဆိုမှုများ ဆက်၍ ပြုလုပ်လျက်ရှိသည်။ လူ၏ ကျေးဇူးတင်သည့်အနေနှင့် ပေးလှူခြင်းကို ငါနှစ်သက်သော်လည်း သူ၏ အတင်းအဓမ္မ ငွေညှစ်ခြင်းများကိုမူ ငါမုန်းသည်။ လူအားလုံးတွင် လောဘရမ္မက်ဖြင့် ပြည့်နေသော နှလုံးသားများ ရှိကြသည်။ ယင်းအရာမှာ လူသား၏ နှလုံးသည် မာရ်နတ်၏ ထိန်းချုပ်ထားခြင်း၌ ရှိသည့်အလားဖြစ်ပြီး၊ လူသည် ချိုးဖောက် လွတ်မြောက်ပြီး သူ၏ နှလုံးသားကို ငါ့အား ဆက် ကပ်ရန် မတတ်စွမ်းနိုင်ပဲ ရှိသည်။ ငါစကား ပြောဆိုသော အချိန်တွင် လူသည် ငါ၏ အသံကို အာရုံစိုက် နားထောင်ကြသည်။ သို့သော် ငါသည် စကားပြောခြင်းအား ရပ်လိုက်သော အခါတွင်မူ သူသည် သူ့ကိုယ်ပိုင် “လုပ်ငန်း” အား ပြန်၍ စတင်ပြီး ငါ၏ နှုတ်ကပတ်များသည် သူ့လုပ်ငန်း၏ အဖြည့်ခံ အလား သူသည် ငါ၏နှုတ်ကပတ်များအား အလေးထားရန် လုံးဝရပ်စဲလိုက်သည်။ ငါသည် လူသားမျိုးနွယ်နှင့် ပတ်သက်၍ မည်သည့်အခါမျှ မပေါ့လျော့ခဲ့ပါ၊ သို့သော် လူသားမျိုးနွယ်အား ငါသည် စိတ်ရှည်ပေးခဲ့ပြီး သဘောထားကြီးခဲ့သည်။ ဤနည်းဖြင့် ငါ၏ သက်ညှာမှုကြောင့်ပင် သက်ရှိလူသားများသည် ထောင်လွှားမှု ရှိလာကြပြီး၊ မိမိကိုယ်ကို သိခြင်းနှင့် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းငှာ မတတ်စွမ်းနိုင်ကြပဲ၊ သူတို့သည် ငါ့ကိုလှည့်ဖြားရန် ငါ၏ သည်းခံမှုအား အခွင့်ကောင်းယူကြသည်။ သူတို့အထဲမှ မည်သူ တစ်ဦးတစ်ယောက်မျှ ငါ့အား စိတ်ရင်းမှန်နှင့် ဂရုမပြုကြပဲ၊ သူတို့အထဲမှ မည်သူ တစ်ဦးတစ်ယောက်ကမျှ ငါ့အား သူ့နှလုံးသား၏ ချစ်မြတ်နိုးရသော အရာအဖြစ် စစ်မှန်စွာ တန်ဖိုးမထားကြ။ သူတို့တွင် မည်သည့်အရာမျှ လုပ်စရာမရှိသော အခိုက်အတန့်များ ရှိမှသာ ငါ့အား ဝတ်ကျေတမ်းကျေ အသိအမှတ်ပြုကြသည်။ လူတွင် ငါအသုံးခံခဲ့သော အားထုတ်မှုသည် အတိုင်းထက် အလွန်ဖြစ်နေပြီး ဖြစ်သည်။ လူတွင် ငါသည် တစ်ခါမျှ မကြုံစဖူးသော အလုပ်မျိုးကို ပြုခဲ့သည်၊ ဤအရာအပြင် ငါသည် သူ့အား ထပ်ဆင့်သော ဝန်ထုပ်များကို ပေးခဲ့သည်၊ ထိုသို့ သောအားဖြင့် ငါ၏အရာအားလုံးနှင့် ငါ၏ဖြစ်ခြင်းထဲမှ လူသည် အသိတရားကို ရရှိပြီး ပြောင်းလဲခြင်းကို ခံယူနိုင်မည်ဖြစ်သည်။ ငါသည် လူအား သုံးစွဲသူမျှသာ ဖြစ်ရန် မတောင်းဆိုပါ၊ ထိုအစား စာတန်အား အနိုင် ယူနိုင်ခြင်းငှာ တတ်စွမ်းနိုင်သော ထုတ်လုပ်သူဖြစ်ရန် သူ့အား ငါတောင်းဆိုသည်။ ငါသည် လူအား မည်သည့် အရာမှ မတောင်းဆိုကောင်း မတောင်းဆိုနိုင်သော်ငြားလည်း၊ မည်သို့ပင်ဆိုစေကာမူ ငါပြုသော တောင်းဆိုမှုများအတွက် ငါ၌ စံသတ်မှတ်ချက်များ ရှိသည်၊ အကြောင်းမှာ ငါလုပ်သော အရာ၌ ရည်ရွယ်ချက် ရှိသောကြောင့်ပင်ဖြစ်ပြီး၊ ငါလုပ်ဆောင်သော အရာနှင့်အညီ နိယာမများ ရှိသောကြောင့်လည်း ဖြစ်သည်။ လူတွေးထင်သည့်အတိုင်း ငါသည် ဖြစ်ကတတ်ဆန်း လျှောက်လုပ်နေသည် မဟုတ်သကဲ့သို့၊ ကောင်းကင်၊ မြေကြီးနှင့် မြောက်မြားလှစွာသော ဖန်ဆင်းခြင်းအရာများကို တမင်တကာ စိတ်ရူးပေါက်ရာ ပုံသွင်းခြင်း လည်းမဟုတ်။ ငါ၏ လုပ်ဆောင်မှုထဲတွင် လူသည် တစ်စုံတစ်ရာကို မြင်နိုင်ကောင်းပြီး၊ တစ်စုံတစ်ရာကို ရရှိတန်ကောင်းသည်။ သူသည် သူ့ငယ်ရွယ်နုပျိုချိန်၏ အထွတ်အထိပ်ကို မဖြန်းတီးသင့်၊ သို့မဟုတ် သူ၏ ကိုယ်ပိုင် အသက်တာကို ဂရုမစိုက်ပဲ ဖုန်တက်စေရန် ပစ်ထားသော အဝတ်စတစ်ခုပမာ သဘောမထားသင့်။ ထိုအစား သူသည် ငါ့အတွက်နှင့် စာတန်ထံသို့ မလှည့်ပြန်နိုင်သည်အထိ၊ ငါ့အတွက်နှင့် စာတန်အား တိုက်ခိုက်ခြင်းကို အစပြုသည်အထိ၊ မိမိပျော်ရွှင် ကျေနပ်မှုအား ထောက်မရန်အလို့ငှာ ငါ့ကျေးဇူးထဲမှ ယူငင်ပြီး သူသည် မိမိကိုယ်ကို တင်းကျပ်စွာ စောင့်ကြပ်သင့်သည်။ လူအား ငါတောင်းဆိုသောအရာသည် ဤအရာကဲ့သို့ပင် ရိုးစင်းသည် မဟုတ်ပါလော။

အရှေ့အရပ်တွင် အလင်းရောင် ခပ်ရေးရေးမျှ စတင်ပေါ်လာသည့်အခါ၊ စကြာဝဠာအတွင်းရှိ လူများ အားလုံးတို့သည် ထိုအကြောင်းကြောင့်ပင် သူတို့၏ အာရုံကို အရှေ့အရပ်မှ အလင်းရောင် တစ်ခုတည်းအပေါ်ကိုသာ လှည့်ထားကြသည်။ ငိုက်မြည်းခြင်းတွင် နစ်မြှုပ်မနေတော့ပဲ လူသားမျိုးနွယ်သည် အရှေ့အရပ်မှ အလင်းရောင်၏ ရင်းမြစ်ကို စူးစမ်းရန် ထွက်သွားကြသည်၊ သို့သော်လည်း လူသား စွမ်းအင်၏ အကန့် အသတ်များကြောင့် မည်သူကမျှ အလင်းရောင် စတင်ထွက်ပေါ်လာသော နေရာကို တွေ့မြင်ခြင်းငှာ မစွမ်း နိုင်ကြ။ စကြဝဠာအတွင်းရှိ အရာခပ်သိမ်းသည် ပြည့်ဝစွာ ထွန်းလင်းခြင်း ခံရပြီးသည့်အခါမှ၊ လူသည် အိပ်စက်ခြင်းနှင့် အိပ်မက်တို့မှ နိုးထလာမည်ဖြစ်ပြီး၊ ထိုအခါမှသာ ငါ၏နေ့ရက်သည် လောကကြီးအတွင်းသို့ ဖြည်းညင်းစွာ ဝင်ရောက်လာနေကြောင်းကို သူသည် သဘောပေါက်လာလိမ့်မည်။ လူသားမျိုးနွယ် အားလုံး သည် ဤအလင်းရောင်၏ ကျဆင်းလာခြင်းကြောင့် ပွဲများ ကျင်းပကြပြီး၊ ဤအခြင်းအရာကြောင့် ငိုက်မြည်း အိပ်ပျော်ခြင်း မရှိတော့ပဲ၊ အသိတရားမဲ့ခြင်းလည်း မရှိတော့ပါ။ ငါ့အလင်း၏ ထွန်းဖြာမှုအောက်တွင် လူသား မျိုးနွယ်အားလုံးသည် စိတ်နှင့် အမြင်အာရုံတို့ ရှင်းလာကြပြီး၊ ရုတ်ခြည်းပင် ရှင်သန်ခြင်း၏ ရွှင်လန်းမှုသို့ နိုးထလာကြသည်။ မြူခိုး၏ ခြုံလွှမ်းမှုအားဖြင့် ငါသည်လူသားမျိုးနွယ်အပေါ် စောင့်ကြည့်သည်။ တိရစ္ဆာန်များ အားလုံးသည် အနားယူနေကြသည်။ အလင်းရောင် ခပ်ရေးရေး၏ ကြွဆင်းလာမှုကြောင့် ဖန်ဆင်းခြင်းထဲမှ အရာခပ်သိမ်းသည် အသစ်သော အသက်တစ်ခု ချဉ်းကပ်လာနေကြောင်းကို သတိပြုမိလာကြသည်။ ဤအချက်ကြောင့် တိရစ္ဆာန်များ အားလုံးသည် ၎င်းတို့၏ လိုဏ်ဂူများမှ တွားသွားလျက် ထွက်လာကြပြီး အစာရေစာများကို ရှာဖွေနေကြသည်။ မှန်ပေ၏၊ အပင်များသည်လည်း ခြွင်းချက်မရှိပါ၊ အလင်းရောင်၏ ထွန်းဖြာမှုတွင် ၎င်းတို့၏ အရွက်စိမ်းများသည် တောက်ပသော အရောင်နှင့် ရွှန်းစိုလျက် ရှိကြပြီး၊ ငါ ကမ္ဘာ မြေကြီးပေါ်၌ ရှိနေစဉ်အခါ သူတို့အသီးသီး၏ ဝေစုကို ငါ့အား ရည်မှတ်၍ လှူဒါန်းရန် စောင့်နေကြသည်။ သက်ရှိလူသားများ အားလုံးသည် အလင်းရောင် ကြွဆင်းလာရန် ဆန္ဒပြုကြသော်ငြားလည်း၊ သူတို့ အားလုံးသည် ၎င်း၏ ကြွလာမှုကို စိုးရွံ့ကြသည်၊ မိမိတို့၏ အကျည်းတန်မှုသည် ပုန်းကွယ်ရန် နေရာရှာ၍ မတွေ့တော့မည်ကို စိတ်ပူပန်ကြသည်၊ အကြောင်းမှာ လူသည် ဝတ်လစ်စားလစ် ဖြစ်ပြီး အဖုံးအကာများ ကင်းမဲ့သောကြောင့် ဖြစ်သည်။ အလင်းရောင်၏ ကျဆင်းလာမှုကြောင့်နှင့် အလင်းရောင်၏ ပေါ်ထွန်း လာမှုကြောင့် လူမည်မျှသည် ဖိမ့်ဖိမ့်တုန်ပြီး ကြက်သေသေနေ ကြသနည်း။ အလင်းရောင်အား မြင်သောအခါ အကန့်အသတ်မဲ့သော နောင်တနှင့် ပြည့်ကာ၊ မိမိတို့၏ မသန့်ရှင်းမှုကို စက်ဆုပ်ရွံ့ရှာ ကြသော်လည်း၊ ပြီးမြောက်ပြီးသော အချက်အလက်ကို ပြန်လှန်ပစ်ရန် အစွမ်းမရှိပဲ၊ စီရင်ချက်ချမှတ်ရန် ငါ့အားစောင့်နေရုံသာတတ်နိုင်ကြသော လူများမှာ မည်မျှ ရှိသနည်း။ အမှောင်ထုထဲတွင် ဒုက္ခခံခြင်းဖြင့် သန့်စင် ပြုပြင်ခြင်း ခံရပြီး၊ အလင်းရောင်အား မြင်သောအခါ ယင်း၏ နက်နဲသိမ်မွေ့သော အဓိပ္ပာယ်ကြောင့် ရုတ်တရက် အံ့အား သင့်သွားကြကာ၊ ထိုအချိန်မှစ၍ အလင်းရောင်အား နောက်တစ်ဖန် ဆုံးရှုံးရမည်ကို ကြောက်ရွံ့သဖြင့် ယင်းကို သူတို့၏ ရင်ခွင်များထဲထိ နီးကပ်စွာ ပွေ့ဖက်ထားကြသော လူများသည် မည်မျှ ရှိသနည်း။ အလင်းရောင်၏ ရုတ်ခြည်း ပေါ်ထွက်လာမှုကြောင့် ကစဉ့်ကလျား ဖြစ်ရမည့်အစား၊ လက်ထဲရှိ နေ့စဉ်အလုပ်ကို ရိုးစင်းစွာ ထမ်းဆောင်နေသော လူများမှာ မည်မျှရှိသနည်း၊ ထိုသူတို့သည် နှစ်ပေါင်းများစွာ ကြာအောင် မျက်စိ ကန်းလာခဲ့သည့်အတွက်၊ အလင်းရောင် ကျဆင်းလာပြီး ဖြစ်သည်ကို သူတို့သည် သတိမပြုမိကြဘဲ၊ ယင်းအရာကြောင့် ကျေနပ်အားရခြင်းလည်း မရှိကြ။ လူတို့၏ နှလုံးသားများထဲတွင် ငါသည် မြင့်မား မနေသကဲ့သို့၊ နိမ့်ကျ၍လည်း မနေပါ။ လူ၏ အသက်တာသည် ငါမတည်ရှိခြင်းကြောင့် သာ၍ အထီးကျန် သွားမည် မဟုတ်သည့်အလား၊ အကယ်၍ ငါတည်ရှိပါကလည်း လူ့အသက်တာသည် နှစ်သက်ဖွယ်ရာ မရှိနိုင် သည့်အလား၊ လူ့အတွက် ဆိုပါက ငါတည်ရှိခြင်း မတည်ရှိခြင်းသည် စိတ်ဝင်စားဖွယ် ကိစ္စရပ်မဟုတ်ပေ။ သက်ရှိလူသားများသည် ငါ့အား အမြတ်တနိုး မထားကြသည့်အတွက်၊ သူတို့အား ငါထောက်ပံ့ပေးသော ရွှင်လန်းဖွယ်ရာများမှာ နည်းပါး၏။ သို့သော်လည်း လူသားမျိုးနွယ်မှ ငါ့အား ကြည်ညို လေးစားမှု တစ်အောင်စမျှလောက်သာ ပေးသည်နှင့် တစ်ပြိုင်နက်၊ ငါသည်လည်း လူသား မျိုးနွယ်အပေါ် ခံယူသော ငါ၏ စိတ်ထားကို ပြောင်းလဲမည်။ ဤအချက်ကြောင့် လူသားမျိုးနွယ်သည် ယင်းဥပဒေသအား ဆုပ်ကိုင်နိုင်သော အခါမှသာ၊ လူများသည် မိမိကိုယ်ကို ငါ့အား ဆက်ကပ်အပ်နှံပြီး ငါ၏လက်ထဲတွင် ငါဆုပ်ကိုင်ထားသော အရာများကို တောင်းဆိုရန် အခွင့်သာပေလိမ့်မည်။ ငါ့အပေါ် ထားရှိသော လူ၏ ချစ်ခြင်းသည် သူ၏ ကိုယ်ပိုင် အကျိုးတစ်ခုတည်းအတွက် မဟုတ်သည်မှာ သေချာသည် မဟုတ်လော။ ငါ၌ထားရှိသော သူ၏ ယုံကြည်ခြင်းသည် သူ့အား ငါပေးသနားသော အရာများအပေါ်တွင်သာ တည်မှီနေခြင်း မဟုတ်သည်မှာ သေချာသည် မဟုတ်လော။ ငါ၏ အလင်းရောင်အား လူသည် မမြင်ရပါက၊ သူသည် ငါ့အား သူ၏ ယုံကြည်ခြင်းအားဖြင့် စိတ်ရင်းအမှန်နှင့် ချစ်နိုင်ရန် မစွမ်းနိုင် ဖြစ်နေခြင်းများလော။ လူ၏ အစွမ်း ခွန်အားနှင့် အားမာန်သည် ယနေ့ ကာလ၏ အခြေအနေများဖြင့် အမှန်တကယ် ကန့်သတ်ထားခြင်း မဟုတ်သည်မှာ သေချာသည် မဟုတ်လော။ ငါ့အား ချစ်ရန်အလို့ငှာ လူသည် ရဲစွမ်းသတ္တိ လိုနေခြင်းများ ဖြစ်နိုင်ပါ၏လော။

ငါ၏ တည်ရှိမှုအပေါ် မှီခိုအားထားပြီး၊ မြောက်မြားလှစွာသော ဖန်ဆင်းခြင်းအရာများသည် ၎င်းတို့ ကိန်းဝပ်ရာ နေရာများတွင် နာခံမှုရှိသော လိုက်လျောခြင်း ပြုကြပြီး၊ ငါ၏ ဆုံးမပဲ့ပြင်ခြင်း မရှိသော အခါ၌လည်း စည်းကမ်းပျက်စွာ စိတ်လွတ်လက်လွတ် ဖြစ်မနေကြ။ ထို့ကြောင့် တောင်များသည် ကုန်းမြေပေါ်ရှိ တိုင်းနိုင်ငံများ အကြားတွင် နယ်နိမိတ်များ ဖြစ်လာကြသည်၊ ရေများသည် လူတို့အားခွဲခွာထားရန် ကုန်းမြေများ အကြားတွင် အတားအဆီးများဖြစ်လာကြပြီး၊ လေသည်လည်း ကမ္ဘာကြီး၏ ဟင်းလင်းပြင်တွင် လူတစ်ဦးမှ တစ်ဦးအကြား စီးဆင်းရာဖြစ်လာသည်။ ငါ့အလို၏ တောင်းဆိုမှုများကို စစ်မှန်စွာ နာခံခြင်းငှာ မတတ်နိုင်သည်မှာ လူသားမျိုးနွယ် တစ်ခုတည်းသာ ရှိသည်။ ဤအရာကြောင့်ပင် ဖန်ဆင်းခြင်း အားလုံး ထဲတွင် လူတစ်မျိုးတည်းသာ နာခံခြင်းမရှိသည့် ကဏ္ဍနှင့် သက်ဆိုင်သည်ဟု ငါပြောရခြင်းဖြစ်သည်။ လူသည် မည်သည့်အခါကမျှ ငါ့အား စစ်မှန်စွာ ဆက်ကပ်ခဲ့ခြင်းမရှိ၊ ထို့ကြောင့်ပင် ငါသည် သူ့အား တစ်ချိန်လုံးပင် တင်းကျပ်သည့် ဆုံးမပဲ့ပြင်ခြင်း အောက်တွင် ထားရခြင်းဖြစ်သည်။ အကယ်၍ လူသားမျိုးနွယ်၏ အလယ်၌ ငါ၏ ဘုန်းသည် စကြဝဠာတစ်ဝှမ်းလုံးသို့ တိုးချဲ့ပျံ့နှံ့ခြင်း ဖြစ်ပေါ်လာပါက၊ ငါသည် ငါ၏ ဘုန်းခပ်သိမ်းကို ယူဆောင်လျက် လူသားမျိုးနွယ်၏ ရှေ့တွင် ထင်ရှားစေမည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ညစ်ညူးခြင်း၌ လူသည် ငါ၏ဘုန်းကို မျှော်ကြည့်ရန် မထိုက်တန်သောကြောင့် ဖြစ်သည်၊ နှစ်ပေါင်း ထောင်ချီတိုင်အောင် ငါသည်ထင်ရှားခဲ့ခြင်း မရှိပဲ၊ သိုဝှက်၍ နေခဲ့သောကြောင့် ဖြစ်သည်။ ဤအချက်ကြောင့်ပင် ငါ၏ဘုန်းသည် လူသားမျိုးနွယ်၏ ရှေ့တွင် မည်သည့်အခါကမျှ မထင်ရှားခဲ့ဖူး၊ လူသည်လည်း အမြဲပင် အပြစ်၏ နက်ရှိုင်း သော တွင်းနက်ကြီးထဲတွင် နစ်မြှုပ်လျက်သာ နေခဲ့ရသည်။ ငါသည် လူသားမျိုးနွယ်၏ မဖြောင့်မတ်မှုများကို ခွင့်လွှတ်ခဲ့ပြီး ဖြစ်သော်လည်း၊ သက်ရှိလူသားများသည် ၎င်းတို့ကိုယ်၎င်း မည်ကဲ့သို့ ထိန်းသိမ်း စောင့်ရှောက် ရမည်ကို မသိချေ၊ ထိုအစားသူတို့သည် ၎င်းတို့ကိုယ်၎င်း အပြစ်၏ရှေ့တွင် ပွင့်လျက်သား ချထားလျက် ရှိကြပြီး၊ အပြစ်မှ ၎င်းတို့ကို ထိခိုက်နိုင်စေရန် အခွင့်ပေးလေသည်။ ဤသည်မှာ လူ၏ မိမိကိုယ်ကို လေးစားခြင်းနှင့် မိမိကိုယ်ကို ချစ်ခြင်းတို့ ကင်းမဲ့နေခြင်းပင် မဟုတ်လော။ လူသားမျိုးနွယ် အကြားတွင် စစ်မှန်စွာ ချစ်နိုင်သောသူ မည်သူရှိသနည်း။ လူ၏ ဆက်ကပ်အပ်နှံခြင်းသည် အောင်စမည်မျှလောက် လေးသနည်း။ သင်၏ စစ်မှန်မှုဟုခေါ်သော အရာထဲတွင် မတရားသောအရာများ ရောပါ၍နေသည် မဟုတ်လော။ သူ၏ ဆက်ကပ်အပ်နှံခြင်းသည် ရောကောသောကောများနှင့်သာ လုံးလုံး ပေါင်းစပ်ထားသည် မဟုတ်လော။ ငါလိုအပ်သည့် အရာမှာ လူ၏ မမှိတ်မသုန်သော ချစ်ခြင်းပင် ဖြစ်၏။ လူသည် ငါ့ကို မသိကျွမ်း၊ သူသည် ငါ့အား သိကျွမ်းရန် အလို့ငှာ ရှာဖွေသော်လည်း၊ သူ၏ စစ်မှန်၍ လေးနက်ထက်သန်သော နှလုံးသားကို ငါ့အား ပေးလိမ့်မည် မဟုတ်ပေ။ လူသားက မပေးလိုသော အရာကို သူ့ထံမှ အတင်းအကျပ် ငါ မတောင်းဆို။ အကယ်၍ လူသည် သူ၏ ဆက်ကပ်အပ်နှံခြင်းကို ငါ့အား ပေးမည်ဆိုပါက၊ ငါသည် ပျူငှာစွာ ငြင်းပယ်ခြင်း မပြုပဲ ယင်းအရာကို လက်ခံမည်။ သို့သော်လည်း အကယ်၍ သူသည် ငါ့အား မယုံကြည်ပဲ၊ သူ့ကိုယ်တိုင်၏ မြူမှုန်လေးကိုမျှပင် ငါ့အား ဆက်သရန် ငြင်းပယ်မည်ဆိုပါက၊ ထိုကိစ္စအား စိတ်အနှောင့်အယှက် ဖြစ်နေမည့် အစား၊ အခြားနည်းလမ်းအချို့ဖြင့် သူ့အား နှင်ထုတ်၍ သူ့ကို သူနှင့် တန်သည့်အိမ်သို့ ငါပို့မည်။ ကောင်းကင်တစ်လျှောက် လူးလှိမ့်နေသော မိုးကြိုးသည် လူအား ပစ်ချလေသည်။ မြင့်မားသော တောင်များသည် ပြိုလဲရာ၌ လူအား မြေမြှုပ်လိုက်လေသည်။ အရိုင်း ဆန်သော သားရဲများသည် သူ့အား ဗိုက်ဆာဆာနှင့် အငမ်းမရ စားပစ်လေသည်။ သမုဒ္ဒရာများသည်လည်း တရှိန်ထိုး စီးလာပြီး သူ၏ဦးခေါင်းကို လွန်လျက် ဖုံးအုပ်သွားလေသည်။ လူသားမျိုးနွယ်သည် ညီအစ်ကိုချင်း ဖြစ်သော ပဋိပက္ခ၌ ပါဝင်နေကြသည်တွင်၊ လူများအားလုံးသည် လူသားမျိုးနွယ်အကြားမှ ပေါ်ထွက်လာသော ဘေးဒုက္ခများထဲ၌ ၎င်းတို့ကိုယ်တိုင်၏ ပျက်စီးရာပျက်စီးကြောင်းကို ရှာဖွေကြပေလိမ့်မည်။

နိုင်ငံတော်သည် လူသားမျိုးနွယ် အလယ်တွင် ကျယ်ပြန့်လျက်ရှိသည်၊ ယင်းသည် လူသားမျိုးနွယ်၏ အလယ်တွင် ဖြစ်တည်လာလျက် ရှိနေပြီး၊ ယင်းသည် လူသားမျိုးနွယ်၏ အလယ်တွင် မားမားမတ်မတ်ရပ်လျက် ရှိသည်။ ငါ၏ နိုင်ငံတော်အား ဖျက်ဆီးနိုင်မည့် မည်သည့် အင်အားစုမျှ မရှိပါ။ ယနေ့ကာလ၏ နိုင်ငံတော်ထဲ ရှိနေကြသော ငါ၏လူများထဲတွင် သင်တို့ထဲမှ မည်သူသည် သက်ရှိလူသားများကြား၌ သက်ရှိလူသားများ မဟုတ်ကြသနည်း။ သင်တို့ထဲမှ မည်သူသည် လူသားအခြေအနေ၏ အပြင်တွင် တည်နေသနည်း။ ငါ၏ အသစ်သော အစပြုသည့် နေရာကို လူထုအား ကြေညာလိုက်သည့်အခါတွင် လူသားမျိုးနွယ်သည် မည်ကဲ့သို့ တုံ့ပြန်မည်နည်း။ လူသားမျိုးနွယ်၏ အနေအထားကို သင်တို့၏ ကိုယ်ပိုင်မျက်စိများဖြင့် တွေ့မြင်ပြီး ဖြစ်သည်။ ဤလောကကြီးထဲတွင် အစဉ်ထာဝရ ကြံ့ကြံ့ခံမည့် မျှော်လင့်ချက်များကို သင်သည် ဆက်၍ မသိုထားသည်မှာ သေချာသည် မဟုတ်လော။ ယခုတွင် ငါ့လူများ၏ အလယ်၌ ငါသည် ကျယ်ပြန့်စွာ လျှောက်သွားလျက် ရှိသည်၊ ငါ့လူများ၏ အလယ်တွင် ငါနေသည်။ ယနေ့တွင် ငါ့အား စစ်မှန်သည့် ချစ်ခင်ခြင်းရှိသော ထိုသူများသည် မင်္ဂလာရှိကြ၏။ ငါ့ထံ ဆက်ကပ်အပ်နှံကြသည့် သူများသည် မင်္ဂလာရှိကြ၏၊ ထိုသူတို့သည် ငါ၏နိုင်ငံတော်တွင် ဧကန် နေကြရလိမ့်မည်။ ငါ့အား သိကျွမ်းခြင်းရှိသော သူများသည် မင်္ဂလာရှိကြ၏၊ ထိုသူတို့သည် ငါ၏ နိုင်ငံတော်တွင် တန်ခိုးကို ကိုင်စွဲကြရလိမ့်မည်။ ငါ့အား ရှာဖွေသော သူတို့သည် မင်္ဂလာရှိကြ၏၊ ထိုသူတို့သည် စာတန်၏ ချည်နှောင်ခြင်းများမှ ဧကန်မုချ လွတ်မြောက်လိမ့်မည် ဖြစ်ပြီး၊ ငါ၏ ကောင်းချီးကို ပျော်မွေ့ ခံစားကြလိမ့်မည်။ မိမိကိုယ်ကိုမိမိ ပစ်ပယ်နိုင်သော သူတို့သည် မင်္ဂလာရှိကြ၏၊ ထိုသူတို့သည် ငါ၏ အရာ အားလုံးထဲသို့ ဧကန်ဝင်ကြရ လိမ့်မည်ဖြစ်ပြီး၊ ငါ့နိုင်ငံတော်၏ ဆုကျေးဇူးများကို အမွေခံကြရလိမ့်မည်။ ငါ့အတွက်ကြောင့်နှင့် ဟိုဟိုဒီဒီ အလုပ်ရှုပ်ကြသော ထိုသူတို့အား ငါအောက်မေ့မည်၊ ငါ့အတွက်ကြောင့်နှင့် အသုံးခံဖို့ရန် သွားသော ထိုသူတို့အား ရွှင်လန်းစွာ ငါထွေးပွေ့မည်၊ ငါ့အား ပေးလှူခြင်း ပြုကြသော ထိုသူ တို့အား ငါသည် ရွှင်လန်းခြင်းများ ပေးသနားမည်။ ငါ၏ နှုတ်ကပတ်များထဲတွင် ဝမ်းမြောက်ခြင်းအား ရှာတွေ့သော ထိုသူများကို ငါကောင်းချီးပေးမည်။ ထိုသူတို့သည် ငါ့နိုင်ငံတော်ရှိ ခေါင်တိုင်အား ထောက်ထားဖို့ရန် မဏ္ဍိုင်များ ဧကန်ဖြစ်ကြလိမ့်မည်၊ ထိုသူတို့သည် ငါ၏အိမ်တော်ထဲ၌ အတိုင်းအဆမဲ့သော ဆုကျေးဇူးကို ရကြလိမ့်မည်၊ မည်သူတစ်ဦး တစ်ယောက်ကမျှ သူတို့နှင့် နှိုင်းယှဉ်၍ မရနိုင်ကြ။ သင်တို့အား ပေးသနားသော ကောင်းချီးများကို သင်တို့ လက်ခံဖူးသလော။ သင်တို့အား ပြုထားသော ကတိများကို သင်တို့ ရှာကြဖူး သလော။ ငါ့အလင်း၏ လမ်းပြပို့ဆောင်မှု အောက်တွင် သင်တို့သည် အမှောင်ထု စွမ်းအားများ၏ ချည်နှောင် ညှစ်ချည်ထားမှုကို ဧကန် ချိုးဖျက်နိုင်လိမ့်မည်။ သင်တို့အား လမ်းပြနေသော အလင်းကို အမှောင်ထု၏ အလယ်တွင် သင်တို့သည် အမှန်ပင် ဆုံးရှုံးလိမ့်မည် မဟုတ်။ သင်တို့သည် ဖန်ဆင်းခြင်းအားလုံး၏ သခင် အမှန်ပင် ဖြစ်လိမ့်မည်။ သင်တို့သည် စာတန်၏ ရှေ့မှောက်တွင် အောင်နိုင်သူတစ်ယောက် အမှန်ပင် ဖြစ်လိမ့်မည်။ အဆင်းနီသော မဟာနဂါးကြီး၏ နိုင်ငံကျရှုံးချိန်တွင် သင်တို့သည် ငါ၏ အောင်မြင်ခြင်းအား သက်သေခံရန် မြောက်မြား လှစွာသော လူအုပ်ကြီး၏ အလယ်တွင် မတ်မတ်ရပ်နေလိမ့်မည်။ သင်တို့သည် သိနိမ်ပြည်တွင် တည်ကြည်လျက် မယိမ်းယိုင်ပဲ ဧကန်ရှိကြလိမ့်မည်။ သင်တို့ ကျော်ဖြတ်ရသော ဝေဒနာများမှတစ်ဆင့်၊ ငါ့ထံမှ လာသော ကောင်းချီးများကို သင်တို့ အမွေခံကြရလိမ့်မည် ဖြစ်ပြီး၊ ငါ၏ ဘုန်းနှင့် သင်တို့သည် စကြဝဠာ တစ်ဝှမ်းလုံး အထဲတွင် အမှန်ပင် ထွန်းဖြာကြလိမ့်မည်။

၁၉၉၂ ခုနှစ်၊ မတ်လ ၁၉ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။