၇၃ တရားစီရင်ခြင်းနှင့်ပြစ်တင်ဆုံးမခြင်းတို့က ဘုရားသခင်၏ ကယ်တင်ခြင်းကို ထုတ်ဖော်ပြ
၁
ယခု သင်တို့ကို ဘုရား စီရင်ဆုံးဖြတ်၊ ရှုတ်ချပြီး ဆုံးမတော်မူ
မိမိနှင့် မိမိတန်ဖိုးကို သိစေရန်
မိမိစိတ်သဘောထားကို ပြောင်းလဲစေရန်
ဘုရား၏ လုပ်ရပ်များအားလုံး ဖြောင့်မတ်ပြီး သူ၏ စိတ်သဘောထား၊
သူ့အမှု၏ သတ်မှတ်ချက်များနှင့်အညီ အမှုပြုသည်ကို မြင်စေရန်
သူသည် ဖြောင့်မတ်သော ဘုရား
လူကို ချစ်သောသူ၊ စီရင်ဆုံးဖြတ်သူနှင့် ပြစ်တင်ဆုံးမသူ
လူ၏ ကယ်တင်ခြင်းအတွက်
သူ၏ အစီအစဉ်အတိုင်း အမှုပြုကြောင်း သိလိမ့်မည်
ဘုရားဟာ သတ်ဖြတ်ရန် သို့မဟုတ်
လူသားမျိုးနွယ်ကို အပြီးသုတ်သင်ရန် လာသည်မဟုတ်
ဘုရားသည် တရားစီရင်ကျိန်ဆဲရန်၊
ပြစ်တင်ဆုံးမရန်နှင့် ကယ်တင်ရန် လာသည်
၂
သင်ဟာ အဆင့်အတန်းနိမ့်ပါးသူ၊
အကျင့်ပျက်ပြီး နာခံမှုမရှိသူလို့သာ သင် သိပေမယ့်
ဘုရားသည် ယခု သင်၌ ပြုသော တရားစီရင်ခြင်းနှင့်
ပြစ်တင်ဆုံးမခြင်းအားဖြင့် သူ၏ ကယ်တင်ခြင်းကို
ထင်ရှားစေလိုကြောင်း မသိလျှင်
သင်သည် တွေ့ကြုံမရနိုင်၊ ရှေ့ဆက်၍ မရနိုင်ပါ
ဘုရားဟာ သတ်ဖြတ်ရန် သို့မဟုတ်
လူသားမျိုးနွယ်ကို အပြီးသုတ်သင်ရန် လာသည်မဟုတ်
ဘုရားသည် တရားစီရင်ကျိန်ဆဲရန်၊
ပြစ်တင်ဆုံးမရန်နှင့် ကယ်တင်ရန် လာသည်
၃
သူ၏ အနှစ် ၆,၀၀၀ စီမံချက်အဆုံးမသတ်မီ
လူအသီးသီးတို့၏ အဆုံးသတ်ရလဒ်ကို ထုတ်ဖော်သည့်တိုင်
မြေကြီးပေါ် ဘုရား၏အမှုမှာ ကယ်တင်ခြင်းအတွက်၊
သူ့အား ချစ်သောသူတို့ကို စုံလင်စေရန်
သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံစေရန် ဖြစ်လိမ့်မည်
ဘုရားဟာ သတ်ဖြတ်ရန် သို့မဟုတ်
လူသားမျိုးနွယ်ကို အပြီးသုတ်သင်ရန် လာသည်မဟုတ်
ဘုရားသည် တရားစီရင်ကျိန်ဆဲရန်၊
ပြစ်တင်ဆုံးမရန်နှင့် ကယ်တင်ရန် လာသည်
ဘုရားသည် တရားစီရင်ကျိန်ဆဲရန်၊
ပြစ်တင်ဆုံးမရန်နှင့် ကယ်တင်ရန် လာသည်
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့သည် အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို ဘေးဖယ်ပြီး လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းဖို့ ဘုရားသခင်၏ အလိုကို နားလည်သင့်၏” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်