၂၇၆ လူတို့၏ကံကြမ္မာကို ဂရုပြုကြလော့
၁
လူမျိုးအပေါင်း၊ တိုင်းနိုင်ငံအားလုံးနဲ့
အလွှာမျိုးစုံရှိ လူအပေါင်းတို့အား ဘုရား နှိုးဆော်တိုက်တွန်း
ဘုရားအသံတော်ကို နားစွင့်၊ အမှုတော်ကို ကြည့်ရှု၊
လူတို့ကံကြမ္မာကို ဂရုပြုကြလော့
၂
ဘုရားသခင်ကို အမြင့်မြတ်ဆုံးနဲ့ဂုဏ်တင်ထိုက်ဆုံး၊
အမြင့်ဆုံးနဲ့ တစ်ခုတည်းသောကိုးကွယ်ရာ ဖြစ်စေပါ
လူသားတစ်မျိုးလုံး ဘုရားရဲ့ကောင်းချီးအောက် နေခွင့်ပြု
အာဗြဟံရဲ့သားစဉ်မြေးဆက်တို့
ထာဝရဘုရားရဲ့ဂတိတော်၌ အသက်ရှင်ခဲ့ကြသကဲ့သို့
ဘုရားဖန်ဆင်းခဲ့သော အာဒံနဲ့ဧဝ ဧဒင်ဥယျာဉ်မှာ နေထိုင်ခဲ့ကြသလို
၃
ဘုရားအမှုတော်ဟာ ပြင်းထန်စွာ တက်သော လှိုင်းလုံးများသဖွယ်
ဘယ်သူမှ ဘုရားသခင်ကို မထိန်းချုပ်နိုင်၊
ဘယ်သူမှ သူ့ခြေလှမ်းကို မရပ်တန့်နိုင်
ဘုရားစကားကို နားထောင်ပြီး သူ့ကို ရှာဖွေခြင်းဖြင့်သာ
သူ့ခြေရာ လိုက်နိုင်ပြီး ဂတိတော်ရရှိနိုင်
အခြားသောသူအားလုံး သုတ်သင်ခြင်းနဲ့
ထိုက်သင့်ပြစ်ဒဏ်ပေးခြင်း ခံရလိမ့်မည်
လူမျိုးအပေါင်း၊ တိုင်းနိုင်ငံအားလုံးနဲ့
အလွှာမျိုးစုံရှိ လူအပေါင်းတို့အား ဘုရား နှိုးဆော်တိုက်တွန်း
ဘုရားအသံတော်ကို နားစွင့်၊ အမှုတော်ကို ကြည့်ရှု၊
လူတို့ကံကြမ္မာကို ဂရုပြုကြလော့
အမှုတော်ကို ကြည့်ရှု လူတို့ကံကြမ္မာကို ဂရုပြုကြလော့
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်