၂၀၇ ထာဝရအသက်၏မူလအရင်းအမြစ် ကို သင်သိပါသလား
၁
ဘုရားဟာ လူ့အသက်ရဲ့အရင်းအမြစ်၊
ဘုရားရဲ့တန်ခိုးတော်ကြောင့် ကောင်းကင်နဲ့မြေကြီး တည်ရှိ
ဘယ်သက်ရှိအရာမျှ ဘုရားရဲ့အုပ်စိုးခြင်း၊
အခွင့်တန်ခိုးနဲ့ မလွတ်ကင်းနိုင်ပါ
ဘယ်သူဖြစ်ဖြစ်၊ လူသားတိုင်း ဘုရားကို နာခံရမည်
ဘုရား၏အုပ်စိုးခြင်း၊ အခွင့်အာဏာနဲ့ပညတ်ချက်ကို လိုက်နာရမည်
အသက်နဲ့သမ္မာတရားကို ရှာဖွေဖို့၊
ထာဝရအသက်ရဖို့ အားကိုးနိုင်မည့် ဘုရားကိုရှာဖို့
သင် စိတ်ထက်သန် ရင် ထက်သန်မယ်
သင် ထာဝရအသက်ရလိုရင် မူလအရင်းအမြစ်၊ ဘုရားရှိရာ ရှာဖွေပါ
ဘုရားဟာ မပြောင်းလဲသော အသက်တာပါ၊ သူ၌သာ အသက်လမ်းရှိ
ဘုရားဟာ အသက်လမ်းမို့ ထာဝရအသက်သို့ သွားရာ လမ်းဖြစ်တယ်
၂
စကြဝဠာအတွင်း အခွင့်အာဏာ ရှိသူ
သူဟာ နှလုံးသားတိုင်းရဲ့ မှီတွယ်ရာဖြစ်ပြီး လူတွေကြားမှာ တည်ရှိ
ဒီနည်းနဲ့သာ ဘဝသစ်ကို ပေး၍ အသက်လမ်းသို့
လူသားကို သူ ဦးဆောင်လမ်းပြ
သူတို့ အသက်ရစေခြင်းငှာ လူတွေကြားနေဖို့ ဘုရား လောကကို ကြွလာ
သူ့စီမံခန့်ခွဲမှုအလုပ် ဆောင်ရွက်ရန် ဘုရား စကြဝဠာကြီးအား ကွပ်ကဲ
ကောင်းကင်ဘုံ၊ လူ့နှလုံးသား၌သာ မဟုတ်၊
ဘုရားဟာ မြေကြီးပေါ်လည်း ရှိလို့နေ
ထိုအမှန်တရားငြင်းပယ်ခြင်းက သမ္မာတရားလမ်းနှင့်အသက်ကို မရစေပါ
ထာဝရအသက်ကို ရလိုရင် မူလအရင်းအမြစ်၊ ဘုရားရှိရာကို ရှာပါ
ဘုရားဟာ မပြောင်းလဲသော အသက်ပါ၊ သူ၌သာ အသက်လမ်းရှိ
ဘုရားဟာ အသက်လမ်းမို့ ထာဝရအသက်သို့ သွားရာ လမ်းဖြစ်တယ်
စကြဝဠာကြီးကို ကွပ်ကဲ၊ သူသာ တစ်ခုတည်းသော အသက်လမ်းပါ
ဘုရားဟာ ထာဝရအသက် လမ်းပါ ဘုရားဟာ ထာဝရအသက် လမ်းပါ
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်