၂၅၆ အရာခပ်သိမ်းကို ဘုရားဘယ်လိုအုပ်စိုးကြောင်း
၁
ဤလောကထဲသို့ ငိုကြွေးခြင်းနှင့် သင်ရောက်လာ
သင်လုပ်ငန်းတို့ကိုစတင်လုပ်ဆောင်
ဘုရားရဲ့ဘိသိက်ပေးခြင်းနှင့် အကြံတော် ကိုယ့်တာဝန်ကိုယ်ယူ
သင့်ဘဝခရီး စတင်လာ
သင့်နောက်ကြောင်း ရှေ့ခရီး ဘယ်လိုပင်တည်ရှိပါလေစေ
ဘယ်သူမှလည်း ထက်ကောင်းကင်ဘုံမှာ
နေရဖို့ စီစဉ်မှုမှ မလွတ်ကင်းနိုင်
ဘယ်သူမှလည်း မိမိကံကို ချုပ်ထိန်း၍ မရ
အရာခပ်သိမ်းကို အုပ်စိုးသောအရှင်သာ ထိုအရာများ တတ်စွမ်းနိုင်
၂
လူသားမျိုးနွယ်တို့စဖြစ်ကတည်းက
ဘုရားသည် အမှုတော်ထဲ မြဲမြံ
စကြဝဠာရှိ အရာခပ်သိမ်းတို့၏
ပြောင်းလဲလှုပ်ရှားမှုများကို ညွှန်ကြားစီမံ
ထိုနည်းတူ လူတို့လည်း တိတ်တိတ်မသိရှိဘဲ
ချိုမြိန်မှုရဲ့အာဟာရမျိုးစုံနှင့် ဆီးနှင်းမိုးတို့ရရှိတယ်
ခပ်သိမ်းသောလူ သည် မသိဘဲ
ဘုရားလက်တော် စီမံမှု ရဲ့အောက်မှာ နေထိုင်ရ
လူ့ရဲ့စိတ်နဲ့ဝိညာဉ်သည် ဘုရားရဲ့လက်တော်ထဲမှာ
လူ့ရဲ့အသက်တာတစ်ခုလုံး ဘုရားစောင့်ကြည့်မြဲ
ဒါကို သင်သည် ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ
အသက်ရှင်သောအရာ သေသောအရာအားလုံးသည်
ဘုရား၏အကြံအစည်တော်အရ ပြောင်းလဲမယ် ကွယ်ပျောက်မယ်
ဘုရား၏အကြံအစည်တော်အရ
အရာခပ်သိမ်းကို ဤကဲ့သို့ဖြင့် ဘုရားရှင်သည် အုပ်စိုး
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်