၂၅၇ ဖန်ဆင်းခံ သတ္တဝါအားလုံးရဲ့အသက်သည် ဘုရားဆီမှ လာသည်
၁
လူသားအပေါ် ဘုရားနှင်းအပ်တဲ့အသက်ဟာ အဆုံးမဲ့ပါ
ခန္ဓာ၊ အချိန်၊ နေရာက မချုပ်နှောင်ထားပါ
ဒါဟာ လူသားအပေါ် ဘုရား နှင်းအပ် တဲ့အသက်ရဲ့ဆန်းကြယ်မှုပါ
အဲဒါက သက်သေ၊ ဘုရားပေးသော အသက်လက်ဆောင်၏သက်သေပါ
အသက်ရဲ့အရင်းမြစ်က ဘုရားထံကဆိုတာ
လူတွေ ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ
ဒါပေမဲ့ ဘုရားဆီကလာတဲ့အရာအားလုံးကို
သူတို့ သာယာကြည်နူးနေတာ
ဘုရားဟာ စိတ်ပြောင်းပြီး လောကနှင့် သူ့အသက်ကို ပြန်သိမ်းပါက
ကမ္ဘာလောကနှင့် သက်ရှိသတ္တဝါတွေအားလုံး၊
ဖန်ဆင်းခံအားလုံးဟာ ထာဝရပျောက်ကွယ်သွားလိမ့်မယ်
ဘုရားဟာ သက်ရှိ၊ သက်မဲ့အားလုံးကို
သူ့အသက်ဖြင့် ထောက်ပံ့ထားသည်
သူ့ရဲ့တန်ခိုးနှင့် အာဏာက စည်းစနစ်ကျမှုကို ဖြစ်စေသည်
နားမလည်နိုင်သော သမ္မာတရားတစ်ခုဖြစ်တဲ့
ဘုရားရဲ့ အသက်တာအင်အားအတွက်
သက်သေအထောက်အထားပါ
ယခု ဘုရားက သင့်ကို လျှို့ဝှက်ချက်တစ်ခု ပြောချင်တာ
သူ့အသက်ရဲ့တန်ခိုးနှင့် ကြီးမြတ်မှုကို
သတ္တဝါအားလုံး လက်လှမ်းမမီပါ
ဤအချက်သည် အစဉ်မှန်ကန်
၂
ဖော်ပြရန် ဘုရားရဲ့ ဒုတိယလျှို့ဝှက်ချက်ကတော့
ဘုရားဟာ ပုံစံအမျိုးမျိုးနှင့်
ဖန်ဆင်းခံအားလုံးအတွက် အသက်အရင်းအမြစ်ပါ
ဘုရားချမှတ်ပေးတဲ့ လမ်းကို သက်ရှိအားလုံး လျှောက်တာ
ဘာဖြစ်ဖြစ် လူသားများကို ဘုရား နားလည်စေချင်တာက
ဘုရားရဲ့ ဂရုစိုက်မှု၊ စောင့်ရှောက်မှု၊ ပံ့ပိုးမှုပါပဲ
လူသည် ဘယ်လောက်ပဲ ကြိုးစား ရုန်းကန်ပါစေ
သူ့အတွက်လျာထားသောအရာကို မရနိုင်ဘူး
ဘုရားဆီက အသက်ရဲ့ထောက်ပံ့မှုမပါပဲ၊
လူသားဟာ ဘဝ၏အဓိပ္ပာယ်နှင့်ရည်ရွယ်ချက်တွေ ပျောက်ဆုံးသွား မှာပါ
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်