၆၀၉ ဘုရားရဲ့ ရင်းနှီးသူသာ သူ့ကိုဆက်ကပ်ဖို့ ထိုက်တန်
၁
ဘုရားကိုဆက်ကပ် တဲ့သူဟာ သူ့ရဲ့ရင်းနှီးသူဖြစ်ရမယ်
ဘုရားကချစ်တဲ့သူ၊ ဘုရားကိုသစ္စာရှိတဲ့သူ။
လူအရှေ့ မှာဖြစ်ဖြစ် နောက်ကွယ်မှာဖြစ်ဖြစ် ဆက် ကပ်တဲ့အခါ
ဘုရားရဲ့ ဝမ်းမြောက်မှုကို ရယူနိုင်ပြီး
ဘုရား အရှေ့မှာ မြဲမြဲရပ်တည်နိုင်မယ်။
သူများတွေသင့်ကို ဘယ်လိုပဲဆက်ဆံ
သင့်လမ်းသင်လျှောက်ပြီး ဘုရားရဲ့ဝန်ထုပ်ကို အရေးထားမယ်
ဒါဟာ ဘုရားရဲ့ ရင်းနှီးသူပါ ဒါဟာ ဘုရားရဲ့ ရင်းနှီးသူပါ
ဘုရားရဲ့ ရင်းနှီးသူဟာဘုရားယုံနိုင်သူ
သူတို့ဟာ ဘုရားရဲ့ပူပန်မှုနဲ့ အလိုတော်ကို ခံစားတတ်တယ်။
နာကျင်ပြီး အားနည်းပေမယ့် တောင့်ခံနိုင်တယ်
ကိုယ့်အကြိုက်ကိုစွန့်ပြီး ဘုရားကိုကျေနပ်စေတယ်၊ ကျေနပ်စေတယ်။
၂
ဘုရားရဲ့ရင်းနှီးသူဟာ သူ့ ကိုဆက်ကပ်နိုင်တယ်
ဘုရားပေး လေးလံတဲ့တာဝန် ကို ရရှိထားလို့ပါ
ဘုရားရဲ့ နှလုံးသားကို ကိုယ့်နှလုံးသားလို သတ်မှတ်ပြီး
အရှုံးအမြတ်ကို ထည့်မတွက်ပါ
ဘဝမျော်လင့်ချက် မရှိလည်း
ဘုရားကိုချစ်တဲ့ နှလုံးသားနဲ့ယုံကြည်မယ်
ဒီလိုလူဟာ ဘုရားရဲ့ ရင်းနှီးသူလို့ ခေါ်တယ်။
ဒါဟာ ဘုရားရဲ့ ရင်းနှီးသူပါ ဒါဟာ ဘုရားရဲ့ ရင်းနှီးသူပါ
ဘုရားရဲ့ ရင်းနှီးသူဟာဘုရားယုံနိုင်သူ
သူတို့ဟာ ဘုရားရဲ့ပူပန်မှုနဲ့ အလိုတော်ကို ခံစားတတ်တယ်။
နာကျင်ပြီး အားနည်းပေမယ့် တောင့်ခံနိုင်တယ်
ကိုယ့်အကြိုက်ကိုစွန့်ပြီး ဘုရားကိုကျေနပ်စေတယ်၊ ကျေနပ်စေတယ်။
၃
ဘုရားကဒီလိုလူမျိုးကို ဝန်ထုပ်ဝန်ပိုးတွေ ပိုပေးတယ်
သူတို့ကတစ်ဆင့် ဘုရားရဲ့ရည်ရွယ်ချက်ကို ဖော်ပြတယ်
ဒါကြောင့် ဒီလိုလူကို ဘုရားကချစ်တယ်
သူတို့ဟာ ဘုရား၏စိတ်တော်နှင့် ထပ်တူရှိတယ်
ဘုရားရဲ့ ရင်းနှီးသူဟာဘုရားယုံနိုင်သူ
သူတို့ဟာ ဘုရားရဲ့ပူပန်မှုနဲ့ အလိုတော်ကို ခံစားတတ်တယ်။
နာကျင်ပြီး အားနည်းပေမယ့် တောင့်ခံနိုင်တယ်
ကိုယ့်အကြိုက်ကိုစွန့်ပြီး ဘုရားကိုကျေနပ်စေတယ်၊ ကျေနပ်စေတယ်။
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အလိုတော်နှင့် သဟဇာတရှိစွာ အစေခံနည်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်