၁၆၆ တမ်းတခြင်းအနှစ် နှစ်ထောင်
၁
ဘုရား လူ့ဇာတိခံယူခဲ့တာ
ဘာသာရေးလောကတစ်ခုလုံးကို တုန်လှုပ်စေ၊
ဘာသာရေးစနစ်များကို မှောက်လှန်၍
ဘုရားပေါ်ထွန်းခြင်းအတွက်
တောင့်တနေသူအားလုံး၏ဝိညာဉ်ကို နိုးကြားစေ
ဒါကို မအံ့သြသူ ရှိမလား၊ ဘုရားကို မမြင်ချင်သူ ရှိမလား
ယုဒပြည်မှ ထွက်ခွာအပြီး
ဘုရားသည် ရိပ်ယောင်မပေါ် ကွယ်ပျောက်ခဲ့ သည်
လူတို့သည် သူ့အား ပြန်မြင်ချင်ပေမဲ့ ယနေ့ ဤနေရာတွင်
သူနှင့်ပြန်ပေါင်းမိ ကြမယ်လို့လုံးဝ မမျှော်လင့်ခဲ့
ဒါက အတိတ်ရဲ့အမှတ်ရစရာများ ပြန်မပေါ်လာစေဘဲ ရှိမလဲ
ဘုရား လူတွေ ရဲ့ ကြားမှာ ကြာမြင့်စွာရှိနေတာ လူတွေ သတိမထားမိခဲ့
ယနေ့ ဘုရားကိုယ်တိုင် ထင်ရှားပြ၍
သူ၏လက္ခဏာကို လူအပေါင်းအား ပြခဲ့ပြီ
ဒီအချက်ကြောင့် လူသားတို့ ရဲ့နှလုံးသား မကြည်နူးဘဲရှိပါ မလား
ဘုရားသည် လူကို ဝမ်းမြောက်ခြင်းနှင့် ဝမ်းနည်းခြင်း ဝေမျှ ပေးခဲ့သည်
ယနေ့ သူသည် လူသား တို့ နှင့် ပြန်ဆုံတွေ့၍
လူသားတို့ အတွက် သူ၏ချစ်မေတ္တာကို အသစ်ဖြစ်စေခဲ့ပြီ
၂
လွန်လေခဲ့သော နှစ်နှစ်ထောင်က
ယောန၏သား ရှိမှုန် သခင်ယေရှုနဲ့ တွေ့ဆုံလို့၊
သခင်နှင့်အတူ တစ်စားပွဲတည်း အတူတူစားသောက်ခဲ့
နောက်လိုက်တာနှစ်ကြာလာသည်နှင့်အမျှ
သူ၏ ယေရှုအပေါ် ချစ်ခြင်း ပိုမို ၍ နက်ရှိုင်းလာ
ယေရှုကို သူ နှလုံးသားထဲက ချစ်ခဲ့
ဘုရား လူတွေရဲ့ ကြားမှာကြာမြင့်စွာရှိ နေတာလူတွေ သတိမထားမိခဲ့
ယနေ့ ဘုရားကိုယ်တိုင် ထင်ရှားပြ၍
သူ၏လက္ခဏာကို လူအပေါင်းအား ပြခဲ့ပြီ
ဒီအချက်ကြောင့် လူသားတို့ ရဲ့နှလုံးသား မကြည်နူးဘဲရှိပါ မလား
ဘုရားသည် လူကို ဝမ်းမြောက်ခြင်းနှင့်
ဝမ်းနည်းခြင်း ဝေမျှ ပေးခဲ့သည်
ယနေ့ သူသည်လူသား တို့နှင့် ပြန်ဆုံတွေ့၍
လူသားတို့ အတွက် သူ၏ချစ်မေတ္တာကို အသစ်ဖြစ်စေခဲ့ပြီ
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၁၀)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်