၉၀၁ သင် ကိုယ်တော်ကို မစွန့်သေးသရွေ့
ကိုယ်တော့်မေတ္တာနှင့်ကရုဏာ
သူ့စီမံဆောင်ရွက်မှုထဲ စိမ့်ဝင်ပျံ့နှံ့
အစမှအဆုံး အသေးစိတ်ထိ
၁
လူတွေ သူ့ကြင်နာမှု ခံစားစား၊ မခံစားစား
ဆောင်ရွက်စရာများ မမောမပန်း သူဆက်လက်လုပ်ဆောင်
လူတွေ သူ့စီမံချက်ကို နားလည်လည်၊ မလည်လည်
ဘုရားအလုပ်သည် လူတိုင်းခံစားသိနိုင်သည့် ထောက်ပံ့ကူညီမှုပေး
ဘုရား၏စီမံဆောင်ရွက်မှု အကြံအစည်သည်
လူသားများ နတ်ဆိုးပိုင်နက်မှ ဆွဲခေါ်ရန်
မာရ်နတ်ပျက်စီးခံရသူများနှင့်
သူ့အလိုတော်ဆန့်ကျင်သူများကို မပစ်ပယ်ရန်
ကိုယ်တော့်မေတ္တာနှင့်ကရုဏာ
သူ့စီမံဆောင်ရွက်မှုထဲ စိမ့်ဝင်ပျံ့နှံ့
အစမှအဆုံး အသေးစိတ်ထိ
၂
ကိုယ်တော်ပေးသော မေတ္တာနှင့်အသက် ယနေ့ သင်မခံစားကောင်းမခံစားရ
သို့သော် သူ့ကို သင်မကျောခိုင်း
သမ္မာတရားရှာဖွေလိုသော သင့်စိတ်ဆန္ဒ မစွန့်သ၍
တစ်နေ့ သင် ဘုရားရဲ့အပြုံး အမှန်မြင်ရလိမ့်မည်
ဘုရား၏စီမံဆောင်ရွက်မှု အကြံအစည်သည်
လူသားများ နတ်ဆိုးပိုင်နက်မှ ဆွဲခေါ်ရန်
မာရ်နတ်ပျက်စီးခံရသူများနှင့်
သူ့အလိုတော်ဆန့်ကျင်သူများကို မပစ်ပယ်ရန်
ကိုယ်တော့်မေတ္တာနှင့်ကရုဏာ
သူ့စီမံဆောင်ရွက်မှုထဲ စိမ့်ဝင်ပျံ့နှံ့
အစမှအဆုံး အသေးစိတ်ထိ
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၃)- ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်