နောက်ဆက်တွဲ ၁- သမ္မာတရားဟူသည်မှာ (အခန်း တစ်)
“ဖန်ဆင်းခြင်းအားလုံးသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်သို့ လာရောက်ရမည်” ဟူသည့် ဓမ္မသီချင်းတစ်ပုဒ်ကို သီဆိုကြစို့။
၁ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည်၊ ထို့ကြောင့် သူသည် ဖန်ဆင်းခြင်း ခပ်သိမ်းကို သူ၏ အုပ်စိုးမှုအောက် လာစေပြီး၊ သူ၏ အုပ်စိုးမှုကို ကျိုးနွံနာခံစေသည်။ အရာခပ်သိမ်းကို အုပ်စိုးရန်အတွက် သူသည် အရာ ခပ်သိမ်းကို ကွပ်ကဲအုပ်ချုပ်လိမ့်မည် ဖြစ်သည်။ တိရစ္ဆာန်များ၊ အပင်များ၊ လူသားမျိုးနွယ်၊ တောင်တန်းများ၊ မြစ်များနှင့် ရေကန်များ အပါအဝင် ဘုရားသခင်၏ ဖန်ဆင်းခြင်း ခပ်သိမ်း အားလုံးသည် သူ၏ အုပ်စိုးမှုအောက်သို့ လာရောက်ရမည် ဖြစ်သည်။ မိုးကောင်းကင်ပေါ်နှင့် မြေကြီးပေါ်တွင် ရှိသော အရာခပ်သိမ်းသည် သူ၏ အုပ်စိုးမှုအောက်သို့ လာရောက်ရမည် ဖြစ်သည်။ ၎င်းတို့သည် မည်သည့် ရွေးချယ်မှုမျှ ရှိ၍မရသည့်အပြင် သူ၏ စီစဉ်ညွှန်ကြားမှုများကို အားလုံး ကျိုးနွံနာခံရမည်။ ဤသည်မှာ ဘုရားသခင်က အမိန့်ပေးထားခြင်း ဖြစ်ပြီး ဘုရားသခင်၏ သြဇာအာဏာ ဖြစ်သည်။
၂ ဘုရားသခင်သည် အရာရာတိုင်းကို အုပ်စိုးပြီး အရာခပ်သိမ်းကို အစီအစဉ်တကျဖြစ်အောင်ပြုလုပ်ကာ အဆင့်အတန်းသတ်မှတ်သည်။ ဘုရားသခင်၏ အလိုတော်များနှင့်အညီ တစ်ခုချင်းစီကို ယင်း၏ အမျိုးအစားနှင့်အညီ ခွဲခြားသတ်မှတ်ပြီး တစ်ခုချင်းစီကို ယင်းတို့နှင့်သက်ဆိုင်သည့် နေရာတွင် ထားသည်။ ယင်းသည် မည်မျှ ကြီးမြတ်သည်ဖြစ်စေ၊ မည်သည့်အရာကမျှ ဘုရားသခင်ကို မသာလွန်နိုင်ပေ၊ အရာခပ်သိမ်းသည် ဘုရားသခင် ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကို အစေခံကြပြီး၊ မည်သည့်အရာကမျှ ဘုရားသခင်အား ပုန်ကန်ခြင်းကို မပြုဝံ့ကြပေ သို့မဟုတ် ဘုရားသခင်အား မည်သည့် တောင်းဆိုမှုများကိုမျှ မပြုဝံ့ကြပေ။ ထို့ကြောင့် ဖန်ဆင်းခံတစ်ဦးအနေနှင့် လူသည်လည်း လူ၏တာဝန်ကို ထမ်းဆောင်ရမည်ဖြစ်သည်။ သူသည် အရာခပ်သိမ်း၏ သခင် သို့မဟုတ် ဘဏ္ဍာစိုး ဖြစ်နေစေကာမူ၊ အရာခပ်သိမ်းအလယ်တွင် လူ၏ အဆင့်အတန်းသည် မည်မျှမြင့်မားစေကာမူ၊ သူသည် ဘုရား၏ အုပ်စိုးမှုအောက်ရှိ သေးနုပ်သော လူသားတစ်ဦး ဖြစ်နေဆဲ ဖြစ်ပြီး၊ သူသည် သေးနုပ်သော လူသားတစ်ဦး၊ ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦးထက် မပိုသကဲ့သို့၊ သူသည် မည်သည့်အခါမျှ ဘုရားသခင်၏ အထက်တွင် ရှိလိမ့်မည် မဟုတ်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် မိမိလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်
“ဖန်ဆင်းခြင်းအားလုံးသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်သို့ လာရောက်ရမည်” ဟူသည့် ဓမ္မသီချင်းထဲရှိ သမ္မာတရားကား အဘယ်နည်း။ မည်သည့်စာကြောင်းသည် သမ္မာတရား ဖြစ်သနည်း။ (စာကြောင်းအားလုံးသည် သမ္မာတရား ဖြစ်ပါသည်။) နောက်ဆုံးစာကြောင်းက မည်သည့်အရာကို ဆိုထားသနည်း။ (“အရာခပ်သိမ်းအလယ်တွင် လူ၏ အဆင့်အတန်းသည် မည်မျှမြင့်မားစေကာမူ၊ သူသည် ဘုရား၏ အုပ်စိုးမှုအောက်ရှိ သေးနုပ်သော လူသားတစ်ဦး ဖြစ်နေဆဲ ဖြစ်ပြီး၊ သူသည် သေးနုပ်သော လူသားတစ်ဦး၊ ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦးထက် မပိုသကဲ့သို့၊ သူသည် မည်သည့်အခါမျှ ဘုရားသခင်၏ အထက်တွင် ရှိလိမ့်မည် မဟုတ်ပေ။”) လူသည် ဘုရားသခင်၏အထက်၌ မည်သည့်အခါမျှ ရှိနိုင်မည်မဟုတ်၊ ဖန်ဆင်းခံများသည် ဘုရားသခင်၏အထက်၌ မည်သည့်အခါမျှ ရှိနိုင်မည်မဟုတ်ပေ။ ဘုရားသခင်မှတစ်ပါး အားလုံးသည် ဖန်ဆင်းခံများ ဖြစ်ကြသည်။ လူသည် ဘုရားသခင်၏အထက်၌ မည်သည့်အခါမျှ ရှိနိုင်မည်မဟုတ်ပေ။ ဤသည်မှာ သမ္မာတရား ဖြစ်သည်။ ဤသမ္မာတရားသည် ပြောင်းလဲနိုင်သလော။ အချိန်ကာလအဆုံး၌ ယင်းသည် ပြောင်းလဲသွားမည်လော။ (မပြောင်းလဲပါ။) ဤသည်မှာ သမ္မာတရား ဖြစ်သည်။ သမ္မာတရားဟူသည်ကို ငါ့အား မည်သူ ပြောနိုင်မည်နည်း။ (သမ္မာတရားသည် လူ၏ ကျင့်ကြံပြုမူမှု၊ လုပ်ဆောင်မှု၊ ဘုရားသခင်ကို ကိုးကွယ်မှုတို့အတွက် စံသတ်မှတ်ချက် ဖြစ်သည်။) “သမ္မာတရားဟူသည်မှာ” ဟူသည့် အကြောင်းအရာနှင့်ပတ်သက်၍ ငါတို့ နှစ်ကြိမ် မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်၍ စံသတ်မှတ်ချက်များဟူသည် အဘယ်အရာဖြစ်သည်ကို ပြောကြစို့။ ဤနေရာတွင် အရေးကြီးသည်မှာ စံသတ်မှတ်ချက်များ ဖြစ်သည်။ (စံသတ်မှတ်ချက်များဆိုသည်မှာ စံထားရသော၊ တိကျမှန်ကန်သော စည်းမျဉ်းများ၊ နိယာမများနှင့် ဥပဒေသများ ဖြစ်သည်။ စံသတ်မှတ်ချက်များ၏ အခြေခံမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည်။) အခြားမည်သူ ဆက်ပြောလိုသေးသနည်း။ (စံသတ်မှတ်ချက်များဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ဆင်းသက်လာသည့် အသာလွန်ဆုံး၊ အတိကျဆုံးသော စည်းမျဉ်းများ၊ နိယာမများနှင့် ဥပဒေသများ ဖြစ်ပါသည်။) ဤနေရာတွင် “အသာလွန်ဆုံး” ဟူသည့် စကားလုံးကို ထည့်သွင်းထားသော်လည်း ဤ “အသာလွန်ဆုံး” သည် လိုအပ်သလော။ “အသာလွန်ဆုံး” ဟူသည့် စကားလုံးကို ထည့်ခြင်းနှင့် မထည့်ခြင်းအကြား အဘယ်ကွာခြားချက် ရှိသနည်း။ “အသာလွန်ဆုံး” နှင့်ဆိုလျှင် ဒုတိယအသာလွန်ဆုံး၊ တတိယအသာလွန်ဆုံး စသည်တို့ ရှိနေသည်။ “အသာလွန်ဆုံး” ကို ထည့်ခြင်းနှင့်ပတ်သက်၍ သင်တို့ မည်သို့ထင်သနည်း။ (သင့်တော်ခြင်း မရှိပါ၊ အကြောင်းမှာ သမ္မာတရားသည် တစ်ခုတည်းသော စံနှုန်းဖြစ်သောကြောင့် ဖြစ်သည်။ “အသာလွန်ဆုံး” ကို ထည့်လိုက်သည်နှင့်တစ်ပြိုင်နက် ယင်းသည် အခြားအရာများက ၎င်း၏ ဒုတိယနှင့် တတိယအဆင့်ဖြစ်သည့် နှိုင်းယှဉ်ချက်သဘောမျိုးကို ညွှန်ပြနေပါသည်။) ဤရှင်းလင်းချက်သည် မှန်ကန်သလော။ (မှန်ကန်ပါသည်။) ယင်းမှာ အဓိပ္ပာယ်ရှိသည်။ အကယ်၍ သင်တို့သည် “သမ္မာတရားဟူသည်မှာ” ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်ပတ်သက်၍ တိကျမှန်ကန်သော အမြင်နှင့် နားလည်သဘောပေါက်မှု ရှိပြီး ဘုရားသခင်သည် သမ္မာတရားဖြစ်သည်ကို သင်တို့ ရှင်းလင်းစွာ နားလည်ပါက “အသာလွန်ဆုံး” ဟူသော စကားလုံးကို ထည့်သင့်သည်၊ မထည့်သင့်သည်၊ ယင်းကို ထည့်ခြင်းသည် မှန်သည်၊ မမှန်သည်၊ ယင်းကိုထည့်ခြင်းက အဘယ်ကွာခြားချက် ဖြစ်စေသည်၊ ယင်းကိုမထည့်လျှင် အဘယ်အဓိပ္ပာယ် သက်ရောက်ပြီး သင်တို့ တကယ် ထည့်လိုက်ပါက အဘယ်အဓိပ္ပာယ် သက်ရောက်သည်ကို သင်တို့ နားလည်နိုင်ပေမည်။ ယခုအခါ “အသာလွန်ဆုံး” ဟူသော စကားလုံးမထည့်ခြင်းသည် မှန်ကန်ကြောင်း အတည်ပြုပြီး ဖြစ်သည်။ ဤစကားလုံးကို ထည့်ခဲ့သောသူသည် အဘယ်အမှားကို ပြုလုပ်ခဲ့သနည်း။ သူက ဘုရားသခင်၏ မည်သည့်လက္ခဏာသွင်ပြင်ကိုမဆို ဖော်ပြသည်ဖြစ်စေ “အသာလွန်ဆုံး” ဟူသော စကားလုံးကို ထည့်သင့်သည်ဟု ထင်ခဲ့ခြင်းဖြစ်သည်။ ဤနှိုင်းယှဉ်မှုကို ပြုလုပ်ရာ၌ သူ အဘယ်နေရာတွင် မှားယွင်းခဲ့သနည်း။ ဘုရားသခင်၏ မည်သည့်မိန့်မြွက်ချက်၊ မည်သည့်သမ္မာတရားကို ဆန့်ကျင်နေပါသနည်း။ (ဖန်ဆင်းခံများသည် ဘုရားသခင်၏အထက်၌ မည်သည့်အခါမျှ ရှိနိုင်မည်မဟုတ်ပေ။ “အသာလွန်ဆုံး” ဟူသော စကားလုံးကို ထည့်ခြင်းသည် ဖန်ဆင်းခံများနှင့် ဘုရားသခင်အကြား ဒုတိယနှင့် တတိယအဆင့် အဆင့်အတန်းခွဲခြားမှုများ ရှိကြောင်း ညွှန်ပြသကဲ့သို့ ဖြစ်နေပါသည်။) ဤသည်မှာ မှန်သလော။ (မှန်ပါသည်။) ယင်းမှာ အဓိပ္ပာယ်ရှိပေသည်။ ထိုနည်းအတိုင်း ရှင်းပြ၍ ရသည်။ ရှေ့တွင် “အသာလွန်ဆုံး” ဟူသော စကားလုံးကို ထည့်ခြင်းသည် မှားယွင်းကြောင်း အတည်ပြုနိုင်သည့် အခြားမိန့်မြွက်ချက်များ ရှိသေးသလော။ (သမ္မာတရားသည် ဘုရားသခင်ထံမှသာ လာနိုင်ကြောင်း၊ ဘုရားသခင်သာလျှင် သမ္မာတရားဖြစ်ကြောင်း၊ သို့ဖြစ်၍ ဒုတိယအသာလွန်ဆုံး၊ တတိယအသာလွန်ဆုံး စသည့် နှိုင်းယှဉ်ဖော်ပြချက်များ မရှိနိုင်ဟူသောအချက်ကို ကျွန်ုပ် သတိရမိပါသည်။) ဤသည်လည်း မှန်ပါသည်။ (သမ္မာတရားသည် လူ၏ ကျင့်ကြံပြုမူမှု၊ လုပ်ဆောင်မှု၊ ဘုရားသခင်ကို ကိုးကွယ်မှုတို့အတွက် စံသတ်မှတ်ချက် ဖြစ်သည်။ နိယာမများ၊ စည်းမျဉ်းများနှင့် စံသတ်မှတ်ချက်များသည် ဘုရားသခင်ထံမှသာ လာနိုင်ပြီး လူတို့၌ သူတို့၏ လုပ်ဆောင်ချက်များအတွက် စံသတ်မှတ်ချက်များ သို့မဟုတ် နိယာမများ မရှိသည့်အပြင် သူတို့အတွက် စည်းမျဉ်းများကိုလည်း မသတ်မှတ်နိုင်ပါ၊ သို့ဖြစ်၍ “အသာလွန်ဆုံး” ဟူသော စကားလုံးကို ထည့်ရန် မလိုအပ်ပါ။) ဤရှင်းလင်းချက်သည် အနည်းငယ် ပို၍ လက်တွေ့ကျသည်။ အခြားရှိသေးသလော။ (ဘုရားသခင်၏ သြဇာအာဏာနှင့် ဘုရားသခင်၏ အနှစ်သာရသည် အတုမရှိပါ။ ဘုရားသခင်၏ အနှစ်သာရသည် သမ္မာတရားဖြစ်ပြီး မည်သည့်အရာနှင့်မျှ နှိုင်းယှဉ်၍မရပါ။ “အသာလွန်ဆုံး” ဟူသော စကားလုံးကို ထည့်ခြင်းသည် သမ္မာတရားမှာ အတုမရှိ မဟုတ်တော့သကဲ့သို့ ဖြစ်စေပါသည်။) ဤမိန့်မြွက်ချက်သည် မည်သို့ရှိသနည်း။ (ကောင်းပါသည်။) အဘယ်အရာက ကောင်းသနည်း။ (ဘုရားသခင်သည် အတုမရှိကြောင်းကို ယင်းက ထောက်ပြပါသည်။) “အတုမရှိ” ဟူသော ဤဝေါဟာရကို သင်တို့အားလုံး မေ့နေကြသည်။ ဘုရားသခင်သည် အတုမရှိပေ။ ဘုရားသခင် မိန့်ကြားခဲ့သော စာကြောင်းတစ်ကြောင်းစီ၌ ပါရှိသော စံသတ်မှတ်ချက်အပြင် လူသားအတွက် ဘုရားသခင်၏ တောင်းဆိုချက် တစ်ခုစီတိုင်းကို လူသားမျိုးနွယ်အကြား၌ ရှာတွေ့နိုင်သလော။ (မတွေ့နိုင်ပါ။) လူသားမျိုးနွယ်၏ အသိပညာ၊ ရိုးရာယဉ်ကျေးမှု သို့မဟုတ် အတွေးအခေါ်များ၌ ဤအရာများ ပါဝင်သလော။ (မပါဝင်ပါ။) ယင်းတို့သည် သမ္မာတရားကို ဖြစ်ပေါ်စေနိုင်သလော။ မဖြစ်ပေါ်စေနိုင်ချေ။ ထို့ကြောင့် “အသာလွန်ဆုံး” ဟူသော စကားလုံးကို ထည့်ခြင်းသည် ဒုတိယနှင့် တတိယအဆင့် အဆင့်အတန်းများကို ညွှန်းဆိုပြီး အမြင့်၊ အနိမ့်၊ ထို့ထက်ပင် နိမ့်ကျသည့်အရာတို့ကို ခွဲခြားကာ အမှုအရာများကို ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့် စသည်ဖြင့် ပိုင်းခြားလေသည်။ ယင်းမှာ မှန်ကန်သောအရာ အားလုံးသည် အစီအစဉ်တစ်ခုအရ စံသတ်မှတ်ချက်တစ်ခု ဖြစ်လာနိုင်သည်ဟု ဆိုလိုသည်။ ဤအတိုင်း နားလည်၍ ရသလော။ (ရပါသည်။) သို့ဆိုလျှင် “အသာလွန်ဆုံး” ဟူသော စကားလုံးကို ထည့်ခြင်းနှင့်ပတ်သက်၍ အဘယ်ပြဿနာ ရှိသနည်း။ ယင်းက ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ သမ္မာတရားကို သူဖန်ဆင်းထားသော လူသားများအကြားရှိ အသိပညာ၊ အတွေးအခေါ်များနှင့် အခြားမှန်ကန်သော အရာများထက် နှိုင်းယှဉ်ချက်အားဖြင့်သာ ပို၍မြင့်မားသော နှိုင်းယှဉ်စရာတစ်ခု အဖြစ်သို့ ပြောင်းလဲလိုက်သည်။ ဤသည်က သမ္မာတရားကို အဆင့်အတန်းများအဖြစ် ခွဲခြားလိုက်သည်။ အကျိုးဆက်အားဖြင့် ဖောက်ပြန်ပျက်စီးသော လူသားများအကြားရှိ မှန်ကန်သောအရာများသည်လည်း သမ္မာတရား ဖြစ်လာသည်။ ထို့အပြင် ထိုသို့သောအရာများသည်လည်း လူ၏ လုပ်ဆောင်ချက်များနှင့် ကျင့်ကြံပြုမူမှုအတွက် နှိုင်းယှဉ်လျှင် နိမ့်ကျသောအဆင့်တွင်သာရှိသော စံသတ်မှတ်ချက်များ ဖြစ်လာသည်။ ဥပမာအားဖြင့် အကျင့်သိက္ခာ မြင့်မားခြင်း၊ ယဉ်ကျေးခြင်း၊ လူသားတို့၏ ကြင်နာမှုနှင့် လူတို့၌ မွေးရာပါ ကောင်းသောအရာ အချို့ကဲ့သို့သော အရာများအားလုံးတို့သည် စံသတ်မှတ်ချက်များ ဖြစ်လာကြသည်။ ၎င်းတို့ မည်သည့်အရာ ဖြစ်လာသည်ဟု ဤအရာက သွယ်ဝိုက်ညွှန်းဆိုသနည်း။ (သမ္မာတရား ဖြစ်လာသည်။) ၎င်းတို့သည် သမ္မာတရား ဖြစ်လာကြသည်။ “အသာလွန်ဆုံး” ဟူသော စကားလုံးကို ထည့်ခြင်းသည် ဤစံသတ်မှတ်ချက်၏ သဘာဝကို ပြောင်းလဲလိုက်သည်ကို ကြည့်လော့။ စံသတ်မှတ်ချက်၏ သဘာဝ ပြောင်းလဲသွားသည်နှင့် တစ်ပြိုင်နက် ဘုရားသခင်အပေါ် အဓိပ္ပာယ် ဖွင့်ဆိုချက်သည်လည်း ပြောင်းလဲသွားသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်အပေါ် အဓိပ္ပာယ်ဖွင့်ဆိုချက်သည် အဘယ်အရာ ဖြစ်သွားသနည်း။ ဤအဓိပ္ပာယ်ဖွင့်ဆိုချက်၌ ဘုရားသခင်သည် အတုမရှိ မဟုတ်တော့ပေ။ ဘုရားသခင်၏ သြဇာအာဏာ၊ တန်ခိုးနှင့် အနှစ်သာရသည် အတုမရှိ မဟုတ်တော့ပေ။ ဘုရားသခင်သည် လူသားမျိုးနွယ်အကြား၌ တန်ခိုးနှင့် သြဇာအာဏာရှိသော အမြင့်ဆုံးအဆင့် ဂုဏ်ပုဒ်တစ်ခုမျှသာ ဖြစ်မည်။ လူသားမျိုးနွယ်အကြားရှိ စွမ်းရည်နှင့် ဂုဏ်ဒြပ်ရှိသော မည်သည့်တစ်ဦးတစ်ယောက်ကိုမဆို ဘုရားသခင်နှင့် တန်းတူရည်တူ မှတ်ယူ၍ရနိုင်ပြီး သူနှင့် တန်းတူထား ဆွေးနွေး၍ ရနိုင်မည်ဖြစ်သည့်တိုင် သူ့လောက် မြင့်မားခြင်း သို့မဟုတ် ကြီးမြတ်ခြင်း မရှိရုံသာ ဖြစ်မည်။ လူသားမျိုးနွယ်အကြားရှိ နှိုင်းယှဉ်ချက်အားဖြင့် အပြုသဘောဆောင်သော ထိုပုဂ္ဂိုလ်များနှင့် ခေါင်းဆောင်များသည် ဘုရားသခင်၏ နောက်တည့်တည့်၌ အဆင့်သတ်မှတ်ခံရနိုင်ကာ ကွပ်ကဲမှုပိုင်းတွင် ဒုတိယ၊ တတိယ၊ စတုတ္ထ စသည်ဖြင့် ဖြစ်လာနိုင်ကာ ဘုရားသခင်မှာမူ အမြင့်ဆုံးအဆင့်အတန်း၌ ရှိလေ၏။ ထိုသို့သော အဓိပ္ပာယ်ဖွင့်ဆိုချက်သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို လုံးဝ ပြောင်းလဲလိုက်သည် မဟုတ်လော။ “အသာလွန်ဆုံး” ဟူသော စကားလုံးတစ်လုံးတည်းဖြင့် ဘုရားသခင်၏ အနှစ်သာရသည် လုံးဝ ပြောင်းလဲသွားသည်။ ဤသည်မှာ ပြဿနာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် “အသာလွန်ဆုံး” ဟူသော စကားလုံးကို မထည့်ဘဲ ဤစကားများသည် မည်သည့်ပုံစံဖြင့် မှန်ကန်သနည်း။ (၎င်းတို့သည် အချက်အလက်တစ်ခုကို ဖော်ပြသည်။) ဤအချက်အလက်ကား အဘယ်နည်း။ (ယင်းမှာ ဘုရားသခင်သည် သမ္မာတရား၊ စည်းမျဉ်း၊ စံနှုန်းနှင့် စံသတ်မှတ်ချက် ဖြစ်သည်ဟူသောအချက် ဖြစ်သည်။) ယင်းမှာ ဘုရားသခင်သည် ဤစံသတ်မှတ်ချက်အားလုံး၏ မူလအစဖြစ်သည်ဟူသော အချက်ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူသားများအကြား၊ ဖန်ဆင်းခံများအကြား၌ ထိုသို့သော စံသတ်မှတ်ချက်များ မရှိပေ။ ဘုရားသခင်သည် ဤစံသတ်မှတ်ချက်များကို ဖော်ပြသည့် တစ်ခုတည်းသော အရင်းအမြစ်ဖြစ်သည်။ ဘုရားသခင်သာလျှင် ဤအနှစ်သာရကို ပိုင်ဆိုင်သည်။ အပြုသဘောဆောင်သော အရာအားလုံး၏ လက်တွေ့ကျမှုနှင့် စံသတ်မှတ်ချက်များသည် ဘုရားသခင်ထံမှသာ လာနိုင်သည်။ အကယ်၍ လူတစ်ဦးသည် လူ၏ ကျင့်ကြံပြုမူမှု၊ လုပ်ဆောင်မှုနှင့် ဘုရားသခင်ကို ကိုးကွယ်မှုတို့အတွက် စည်းမျဉ်းတစ်ခုခုကို သိရှိပြီး စံသတ်မှတ်ချက်တစ်ခုခုကို သိရှိကာ သမ္မာတရားအချို့ကို နားလည်ပါက သူသည် ဘုရားသခင် ဖြစ်လာနိုင်သလော။ (မဖြစ်နိုင်ပါ။) သူသည် သမ္မာတရား၏ အရင်းအမြစ် ဟုတ်သလော။ သမ္မာတရားအားလုံးကို ဖော်ပြသူ ဟုတ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် သူ့ကို ဘုရားသခင်ဟု ခေါ်နိုင်သလော။ မခေါ်နိုင်ပေ။ ဤသည်မှာ အနှစ်သာရကျသော ကွာခြားချက် ဖြစ်သည်။ သင်တို့ နားလည်သလော။ (နားလည်ပါသည်။) ယခုတွင် “သမ္မာတရားဟူသည်မှာ” ဟူသည့် အကြောင်းအရာနှင့်ပတ်သက်၍ ငါသည် နှစ်ကြိမ်တိုင် ပြောခဲ့ပြီးဖြစ်သော်လည်း သင်တို့၏ အဖြေများ၌ ဘုရားသခင်ကို ဖန်ဆင်းခံများအကြားရှိ ဖန်ဆင်းခံတစ်ဦးအဖြစ်သို့ ပြောင်းလဲခြင်း၊ ဖန်ဆင်းခံများကို ဘုရားသခင်နှင့် တန်းတူရည်တူဖြစ်စေခြင်း၊ နှစ်ဦးနှစ်ဖက်အကြား ဆက်နွှယ်မှုကို တန်းတူညီမျှ ဖြစ်စေခြင်းကဲ့သို့သော ကြီးမားသည့်အမှားတစ်ခု ပါဝင်နေဆဲ ဖြစ်သည်။ ဤသည်က ထိုကိစ္စရပ်၏ သဘာဝကို ပြောင်းလဲလိုက်ပြီး ယင်းမှာ ဘုရားသခင်ကို ငြင်းပယ်ခြင်းနှင့် တူညီသည်။ ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်ပြီး လူသားများသည် ဖန်ဆင်းခံများ ဖြစ်ကြသည်။ ဤနှစ်ခုသည် အဆင့်အတန်းတူညီသော အခန်းကဏ္ဍများ မဟုတ်ကြပေ။ သို့သော် သင် “အသာလွန်ဆုံး” ဟူသော စကားလုံးကို ထည့်လိုက်သောအခါ အဘယ်အရာ ဖြစ်သွားသနည်း။ ၎င်းတို့သည် အနှစ်သာရနှင့် အဆင့်အတန်းအရ တူညီသွားကြပြီး သာလွန်မှု သို့မဟုတ် နိမ့်ကျမှုအရသာ ကွာခြားတော့သည်။ သင်တို့ကို ဤအရာနှင့်ပတ်သက်၍ ငါ အသေးစိတ် မေးမြန်းသောအခါ သင်တို့သည် “ဤသည်မှာ ငါတို့ကို လျှော့တွက်နေခြင်း မဟုတ်လော။ ငါတို့အားလုံး ပညာတတ်များ ဖြစ်ကြသည်။ ဤစကားလုံးအနည်းငယ်ကို ငါတို့ မည်သို့ မေ့လျော့နိုင်မည်နည်း။ ငါတို့၏ မှတ်စုများကို ကြည့်စရာမလိုအောင်ပင် ဤအကြောင်းအရာကို လွယ်လင့်တကူ ပြောနိုင်ပါသည်” ဟူ၍ မိမိတို့ဘာသာ စဉ်းစားခဲ့ကြသည်။ သင်တို့ ပါးစပ်ဟလိုက်သည်နှင့်တစ်ပြိုင်နက် ပြဿနာမှာ ပေါ်လာသည်။ ငါ စကားပြောပြီးနောက်တွင် သင်တို့သည် ယင်းကို အကြိမ်များစွာ ဖတ်ခဲ့ပြီးဖြစ်သော်လည်း တိကျမှန်ကန်အောင် ပြန်မပြောနိုင်သေးပေ။ ဤအတွက် အကြောင်းရင်းကား အဘယ်နည်း။ သင်တို့သည် ဤကိစ္စနှင့်စပ်လျဉ်း၍ သမ္မာတရားကို နားမလည်ကြသေးပေ။ တစ်စုံတစ်ယောက်က “အသာလွန်ဆုံး” ဟူသော စကားလုံးကို ထည့်ပြီး “သင်တို့မည်သူကမျှ ‘အသာလွန်ဆုံး’ ကို မထည့်ကြပေ။ သင်တို့သည် ဘုရားသခင်၌ ထိုမျှ ယုံကြည်ခြင်း မရှိကြဘူး မဟုတ်လော။ ကျွန်ုပ်ကို ကြည့်ကြလော့၊ ‘အသာလွန်ဆုံး’ ကို ထည့်လိုက်သည်။ ယင်းက ကျွန်ုပ် ပညာတတ်ကြောင်း ပြသည်။ ကျွန်ုပ် ကောလိပ်တက်ခဲ့သောအချိန်သည် အလဟဿ မဖြစ်ခဲ့ပါတကား” ဟု တွေးထင်ခဲ့သည်။ သူ “အသာလွန်ဆုံး” ဟူသော စကားလုံးကို ထည့်ပြီးနောက် သင်တို့အများစုက ပြဿနာကို သတိမထားမိခဲ့ကြပေ။ သင်တို့ထဲမှ အနည်းငယ်က တစ်စုံတစ်ခု လွဲနေသည်ဟု ခံစားခဲ့ရသော်လည်း အဘယ်ကြောင့်ဖြစ်သည်ကို မရှင်းပြနိုင်ခဲ့ပေ။ အခြားသူများက ရှင်းပြပြီးနောက် သင်တို့သည် ယင်းကို သဘောတရားအရ နားလည်ခဲ့ပြီး ရှင်းလင်းချက်က မှန်ကန်ကြောင်း သင်တို့ သိရှိခဲ့သည်။ သို့သော် သင်တို့သည် ယင်းကို သမ္မာတရားနှင့်အညီ နားလည်ခဲ့သလော။ (နားမလည်ခဲ့ပါ။) “အသာလွန်ဆုံး” ဟူသော စကားလုံးကို ထည့်ခြင်းသည် အဘယ်ကြောင့် မှားယွင်းသည်ကို ငါ မိတ်သဟာယဖွဲ့ခဲ့ပြီး သင်တို့ နားလည်ခဲ့ကြသော်လည်း ထိုကိစ္စ၏ အနှစ်သာရကို သင်တို့ အမှန်တကယ် နားလည်ခဲ့သလော။ (နားမလည်ခဲ့ပါ။) သင်တို့ ရှင်းလင်းစွာ မသိမြင်ခဲ့ကြပေ။ အဘယ်ကြောင့် ထိုသို့ ဖြစ်ရသနည်း။ (ကျွန်ုပ်တို့ သမ္မာတရားကို နားမလည်ကြပါ။) သို့ဆိုလျှင် သင်တို့သည် အဘယ်ကြောင့် သမ္မာတရားကို နားမလည်ကြသနည်း။ ငါ ပြောခဲ့သည့်အရာကို သင်တို့ နားမလည်ခဲ့ကြသလော။ အကယ်၍ သင်တို့ နားလည်ခဲ့ပါက သင်တို့သည် အဘယ်သို့လျှင် သမ္မာတရားကို နားမလည်နိုင်သေးသနည်း။ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင်” ဟူသည့် အကြောင်းအရာနှင့် ပတ်သက်၍ အခန်းမည်မျှ ရှိပါသနည်း။ သင်တို့သည် ယင်းတို့ကို အကြိမ်မည်မျှ ဖတ်ခဲ့ပြီးပြီနည်း။ ဤစကားများကို အမှန်တကယ် နားလည်သလော။ (နားမလည်ပါ။) သင်တို့ နားမလည်ကြသောကြောင့် ယနေ့ မိမိကိုယ်ကို အရှက်ခွဲမိခြင်းဖြစ်သည်။ ဤစကားများက သင့်ကို ဖော်ထုတ်ခဲ့သည်။ ယင်းသို့ မဟုတ်သလော။ (ဟုတ်ပါသည်။) သင် ဤအရာမှ တစ်စုံတစ်ရာ သင်ယူခဲ့ပြီးပြီလော။ ဤကဲ့သို့သော အရာတစ်ခုခုကို နောက်တစ်ကြိမ် သင် ကြုံတွေ့ရသည့်အခါ မိမိကိုယ်ကို ဉာဏ်ကောင်းသည်ဟု ထင်မှတ်ပြီး ပြုမူနေဦးမည်လော။ သင် မပြုဝံ့တော့မည် မဟုတ်လော။ အကယ်၍ လူတစ်ဦးသည် သမ္မာတရားကို နားမလည်ပါက အဘယ်မျှလောက်သော ပညာရေး သို့မဟုတ် အသိပညာကမျှ အသုံးဝင်မည် မဟုတ်ပေ။ အကယ်၍ သင်သည် ပညာမတတ်ဘဲ ဤစကားလုံးကို မည်သို့ အသုံးပြုရမည်ကို မသိပါက သင်သည် “အသာလွန်ဆုံး” ဟူသော စကားလုံးကို ထည့်ကောင်းထည့်မည် မဟုတ်သည့်အပြင် ဤပြဿနာ ပေါ်ပေါက်ခဲ့မည်မဟုတ်ပေ။ အနည်းဆုံးအနေဖြင့် သင်သည် ဤအမှားကို ပြုလုပ်ခဲ့မည် မဟုတ်သကဲ့သို့ မိမိကိုယ်ကို အရူးလုပ်မိမည်လည်း မဟုတ်ပေ။ သို့သော် သင်သည် ပညာတတ်ပြီး အချို့သော စကားလုံးများ၏ အဓိပ္ပာယ်နှင့် အသုံးပြုပုံကို နားလည်သောကြောင့် သင်သည် ယင်းတို့ကို ဘုရားသခင်အပေါ် အသုံးချခဲ့ခြင်းဖြစ်သည်။ အကျိုးဆက်အားဖြင့် သင်သည် ပြဿနာတစ်ခု ပေါ်ပေါက်စေခဲ့ပြီး ထက်မြက်မှုကို အချိုးမပြေမှုအဖြစ်သို့ ပြောင်းလဲလိုက်သည်။ အကယ်၍ သင်သည် ယင်းကို လူတစ်ဦးအပေါ် အသုံးချပါက ယင်းမှာ ပုဂ္ဂိုလ်ရေးကိုးကွယ်ခြင်းနှင့် မြှောက်ပင့်ခြင်းမျှသာ ဖြစ်ပြီး အလွန်ဆုံးအနေဖြင့် စက်ဆုပ်ဖွယ်ကောင်းရုံသာ ဖြစ်သည်။ သို့သော် အကယ်၍ သင်သည် ယင်းကို ဘုရားသခင်အပေါ် အသုံးချပါက ပြဿနာမှာ ဆိုးရွားလာသည်။ ယင်းမှာ ဘုရားသခင်ကို ငြင်းပယ်သော၊ ဘုရားသခင်ကို အတိုက်အခံလုပ်သော၊ ဘုရားသခင်ကို ပြစ်တင်ရှုတ်ချသော စကားလုံးတစ်လုံး ဖြစ်လာသည်။ ဤသည်မှာ သမ္မာတရားကင်းမဲ့သော ဖောက်ပြန်ပျက်စီးသည့် လူသားများ ကျူးလွန်နိုင်ခြေ အရှိဆုံးသော အမှားဖြစ်သည်။ အနာဂတ်တွင် ကြိယာဝိသေသနများ သို့မဟုတ် နာမဝိသေသနများကို ပေါ့ပေါ့ဆဆ မထည့်မိစေရန် သတိထားလော့။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဘုရားသခင်၏ ပင်ကိုလက္ခဏာ၊ အနှစ်သာရ၊ နှုတ်ကပတ်တော်များ၊ စိတ်သဘောထားတို့နှင့် သက်ဆိုင်သည့်အရာသည် ဖောက်ပြန်ပျက်စီးသော လူသားများ၌ အချို့တဲ့ဆုံးဖြစ်သည့် နယ်ပယ်များဖြစ်ပြီး သူတို့၏ နားလည်မှု အပေါ်ယံအကျဆုံးနှင့် အနည်းပါးဆုံးဖြစ်သည့် နယ်ပယ်များ ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သမ္မာတရားကို နားမလည်သောလူများသည် မဆင်မခြင် မပြုမူမိစေရန် သတိထားရမည်။ နှိုင်းချိန်စဉ်းစားတတ်လျှင် ပို၍ကောင်းပေသည်။
၁။ “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်ခြင်း” ဟူသည့် အတွေးအခေါ်ကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း
လူအချို့က သမ္မာတရား၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် အယူအဆကို ယခုတင် ရှင်းပြခဲ့ကြသည်။ သင်တို့သည် သမ္မာတရား၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် အယူအဆကို နားလည်ကြသော်လည်း သမ္မာတရားဟူသည်ကို သင်တို့ အမှန်တကယ် နားလည်ကြသလော။ ဤအရာနှင့်ပတ်သက်၍ သင်တို့ကို ငါ စမ်းသပ်ရန် လိုအပ်သည်။ ငါ သင်တို့ကို မည်သို့ စမ်းသပ်မည်နည်း။ သင်တို့၏ အားသာချက်များကို အသုံးပြု၍ သင်တို့ကို ငါ စမ်းသပ်မည်။ သင်တို့၏ အားသာချက်များကား အဘယ်နည်း။ သင်တို့သည် ပညာသင်ခြင်း၊ စကားလုံးများ၊ ဝေါဟာရများနှင့်လည်းကောင်း၊ လူစုတိုင်းရှိ လူတို့ပိုင်ဆိုင်ကြသော လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အမျိုးမျိုးသော အတွေးအခေါ်များ၊ နည်းလမ်းများနှင့်လည်းကောင်း၊ ထို့ပြင် လူသားတို့၏ ရိုးရာယဉ်ကျေးမှုများသာမက သူတို့၏ အယူအဆများ၊ စိတ်ကူးစိတ်သန်းများနှင့်လည်းကောင်း အကျွမ်းတဝင် ရှိကြသည်။ သင်တို့သည် လူမျိုးနွယ်စုအားလုံး၊ တိုင်းရင်းသားလူမျိုးစုအားလုံးနှင့် နိုင်ငံသားအားလုံးတို့ အသက်ရှင်နေထိုင်ကြသည့် အမျိုးမျိုးသော နိယာမများ၊ အယူအဆများနှင့်လည်း အကျွမ်းတဝင်ရှိကြသည်။ ဤသည်တို့မှာ သင်တို့၏ အားသာချက်များ မဟုတ်လော။ ဤအရာများထဲတွင် အချို့မှာ အတော်အတန် ပုံသေဖြစ်သော ဓလေ့သုံးစကားများ ဖြစ်သည်၊ အချို့မှာ စကားပုံများဖြစ်ပြီး အချို့မှာ ဆိုရိုးစကားများဖြစ်သည်။ အချို့မှာ သာမန်လူများ အများအားဖြင့် အသုံးပြုလေ့ရှိသော မှတ်မိလွယ်သည့် အရပ်သုံးစကားများ ဖြစ်ကြသည်။ လူတို့သည် မိမိတို့၌ မကြာခဏရှိသည့် လေးနက်သော အတွေးအခေါ်များနှင့် အမြင်များကို ဓလေ့သုံးစကားတစ်ရပ်အဖြစ် ပြောင်းလဲလိုက်သည့် အရာများမှာ မည်သည့်အရာများ ဖြစ်သနည်း၊ သင်တို့ကိုယ်သင်တို့ မေးကြည့်လော့။ သမ္မာတရားဟူသည်ကို ကျွန်ုပ်တို့ အတိအကျ နားလည်နိုင်ရန်အတွက် အနည်းငယ်သော ဆိုရိုးစကား၊ ဓလေ့သုံးစကားနှင့် နိယာမများသာမက လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် လူတို့၏ နည်းလမ်းနှင့် သူတို့၏ ရိုးရာအယူအဆများကို ဦးစွာ စိတ်ဖြာလေ့လာ ဆွေးနွေးကြစို့။ သမ္မာတရားဟူသည်မှာ အမှန်တကယ် အဘယ်အရာဖြစ်သည်ကို အပျက်သဘောဆောင်သော ရှုထောင့်မှ ငါတို့ ဆွေးနွေးကြမည်။ ဤသည်မှာ နည်းလမ်းကောင်းတစ်ခု ဟုတ်သလော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ငါတို့အား ဥပမာတစ်ခုလောက် စပြောကြည့်လော့။ (ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့် ဖြစ်သည်။) ဤပြောဆိုချက်သည် မှန်ကန်သလော။ (မမှန်ကန်ပါ။) “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသည့် ဤအချက်နှင့်ပတ်သက်၍ ဦးစွာ မိတ်သဟာယစဖွဲ့ကြပါစို့။ ဆက်လက်ပြီး ဤဆိုရိုးစကားက အဘယ်အရာ ဆိုလိုသည်ကို ရှင်းပြကြလော့။ (သင်သည် သင်အလုပ်ခန့်အပ်သောသူများကို သူတို့အပေါ် သတိကြီးစွာထားခြင်း မရှိဘဲ ယုံကြည်သင့်သည်ဟု ဆိုလိုသည်။ အကယ်၍ သင်သည် တစ်စုံတစ်ယောက်ကို မယုံကြည်ပါက ထိုသူကို မခန့်အပ်ပါနှင့်ဟု ဆိုလိုသည်။) ဤသည်မှာ စာသားအတိုင်း အဓိပ္ပာယ်ကောက်ယူခြင်း ဖြစ်သည်။ ပထမဦးစွာ လောကရှိ လူအများစုသည် ဤဆိုရိုးစကားကို သဘောတူသလော သို့မဟုတ် မတူသလော၊ ငါ့အား ပြောလော့။ (သဘောတူပါသည်။) သူတို့ သဘောတူကြသည်။ ဤလူ့အဖွဲ့အစည်းရှိ လူအများစုသည် အခြားသူများကို အလုပ်ခန့်အပ်ခြင်းအတွက် စည်းမျဉ်းတစ်ခုအဖြစ် “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသော ဆိုရိုးစကားကို လိုက်နာကြပြီး သူတို့သည် လူတို့ကို ဆက်ဆံသည့်ပုံစံ၌ ဤစည်းမျဉ်းကို လိုက်နာကြသည်ဟု ဆိုခြင်းသည် တရားနည်းလမ်းကျပါသည်။ သို့ဆိုလျှင် ဤဆိုရိုးစကား၏ ရှုထောင့်တစ်ခုတလေသည် မှန်ကန်ခြင်း ရှိသလော။ (မရှိပါ။) သို့ဆိုလျှင် ဘာသာတရားမရှိသူ အများစုသည် အဘယ်ကြောင့် ဤဆိုရိုးစကားကို မှန်ကန်သည်ဟု မှတ်ယူပြီး ယင်းကို ခြွင်းချက်မရှိ လက်ခံကာ အသုံးချကြသနည်း။ ထိုသို့ပြုလုပ်ခြင်းအတွက် သူတို့၏ ရည်ရွယ်ချက်ကား အဘယ်နည်း။ သူတို့ အဘယ်ကြောင့် ထိုသို့ ဆိုကြသနည်း။ လူအချို့က “အကယ်၍ သင်သည် တစ်စုံတစ်ယောက်ကို အလုပ်ခန့်မည်ဆိုလျှင် သင်သည် ထိုသူတို့ကို သံသယဝင်၍ မဖြစ်။ သူတို့ကို ယုံကြည်ကိုးစားရမည်။ သူတို့၌ အလုပ်ပြီးမြောက်အောင် လုပ်ဆောင်နိုင်သည့် ပင်ကိုစွမ်းရည်နှင့် ကိုယ်ကျင့်စရိုက် ရှိသည်ကိုလည်းကောင်း၊ သူတို့သည် သင့်အပေါ် သစ္စာစောင့်သိမည်ကိုလည်းကောင်း သင် ယုံကြည်ကိုးစားရမည်။ အကယ်၍ သင် သူတို့ကို သံသယဝင်ပါက ထိုသူတို့ကို မခန့်အပ်နှင့်။ ဆိုရိုးစကား ပြောထားသကဲ့သို့ ‘ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်’ ဟူ၍ ဖြစ်သည်။ ဤဆိုရိုးစကားမှာ မှန်ကန်သည်” ဟု ဆိုကြသည်။ အမှန်တကယ်တွင် ဤပြောစကားသည် အထင်အမြင်မှားစေသော နတ်ဆိုးဆန်သည့် စကားမျှသာ ဖြစ်သည်။ ယင်းသည် အဘယ်မှ လာသနည်း။ ယင်း၏ ရည်ရွယ်ချက်ကား အဘယ်နည်း။ ယင်း၏ အကြံအစည်ကား အဘယ်နည်း။ (ဘုရားသခင်၊ နောက်ဆုံး မိတ်သဟာယဖွဲ့စဉ်အတွင်း အချို့သောလူများသည် သူတို့၏အလုပ်တွင် အခြားသူများ ဝင်ရောက်စွက်ဖက်ခြင်းကို မလိုလားပါက “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟု ပြောလိမ့်မည်ဟု ပြောဆိုသွားခဲ့သည်ကို ကျွန်ုပ် သတိရမိပါသည်။ သူတို့ ဆိုလိုသည်မှာ “သင်သည် ကျွန်ုပ်အား ဤအလုပ်ကို ပေးခဲ့ပြီး ကျွန်ုပ်ကို အသုံးပြုနေပြီ ဖြစ်သောကြောင့် သင်သည် ကျွန်ုပ်၏အလုပ်တွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုသင့်၊ ကျွန်ုပ်လုပ်ဆောင်သည့်အရာကို သင် ဝင်မစွက်ဖက်သင့်ပါ” ဟူ၍ ဖြစ်သည်။) ဤဆိုရိုးစကားကို အသုံးပြုသောလူများ၌ မည်သို့သော စိတ်သဘောထားမျိုး ရှိသနည်း။ (စိတ်ကူးပေါက်သလို လုပ်တတ်ပြီး ထင်ရာစိုင်းတတ်သည့် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား ရှိသည်။) ဤသည်မှာ တကယ့်ကို သူတို့၏ စိတ်သဘောထား ဖြစ်သည်။ ဤဆိုရိုးစကားကို အသုံးပြုသော သို့မဟုတ် စိတ်ကူးရခဲ့သောသူတို့သည် ခန့်အပ်သောသူများလော သို့မဟုတ် ခန့်အပ်ခြင်းခံရသောသူများလော။ ဤဆိုရိုးစကားမှ မည်သူ အကျိုးအရရှိဆုံး ဖြစ်သနည်း။ (ခန့်အပ်ခြင်းခံရသောသူများ ဖြစ်ပါသည်။) ခန့်အပ်ခြင်း ခံရသောသူတို့သည် ဤဆိုရိုးစကားမှ မည်သို့ အကျိုးရရှိကြသနည်း။ အကယ်၍ သူတို့သည် ဤဆိုရိုးစကားကို သူတို့၏အလုပ်ရှင်ထံ ထပ်ခါတလဲလဲ အသားပေးပြောဆိုပါက သူတို့သည် အလုပ်ရှင်၏စိတ်ထဲ၌ ထင်မြင်ချက်တစ်မျိုးမျိုးကို သွတ်သွင်းပေးခြင်း ဖြစ်သည်။ ယင်း၌ စိတ်ထဲစွဲမြဲစေခြင်း သို့မဟုတ် အယူဝါဒသွတ်သွင်းခြင်း၏ သဘာဝ ရှိသည်။ ဤသည်မှာ အလုပ်ရှင်အား ဤသို့ပြောနေသည့်သဘော သက်ရောက်လေသည်။ သင်သည် တစ်စုံတစ်ယောက်ကို ခန့်အပ်လိုက်သည်နှင့် သူတို့ သင့်အပေါ် သစ္စာစောင့်သိမည်ကို သင် ယုံကြည်ရမည်။ သူတို့သည် အလုပ်ကို ကောင်းစွာ လုပ်ဆောင်မည်ကိုလည်းကောင်း၊ သူတို့၌ ဤစွမ်းရည် ရှိသည်ကိုလည်းကောင်း သင် ယုံကြည်ရမည်။ သူတို့ကို သံသယဝင်ခြင်းသည် သင့်ကိုသာ ထိခိုက်နစ်နာစေလိမ့်မည်ဖြစ်သဖြင့် သင် သူတို့ကို သံသယမဝင်ရပေ။ အကယ်၍ သင်သည် အမြဲတမ်း စိတ်နှစ်ခွဖြစ်နေလျှင်၊ အကယ်၍ သင်သည် သူတို့ကို အခြားတစ်ယောက်ယောက်ဖြင့် အစားထိုးရန် အမြဲတမ်း နည်းလမ်းရှာနေလျှင် ဤအရာက သင့်အပေါ် သူတို့၏ သစ္စာစောင့်သိမှုကို ထိခိုက်စေနိုင်သည်။ ဤသည်ကို ကြားရသည့်အခါ အလုပ်ရှင်သည် ဤဆိုရိုးစကား၏ လွှမ်းမိုးခြင်း သို့မဟုတ် အထင်အမြင်မှားစေခြင်းကို အလွယ်တကူ ခံရမည်လော။ (ခံရမည်ဖြစ်သည်။) အလုပ်ရှင်သည် လွှမ်းမိုးခြင်း သို့မဟုတ် အထင်အမြင်မှားစေခြင်းကို ခံရသည်နှင့်တစ်ပြိုင်နက် ခန့်အပ်ခြင်း ခံရသောသူက အကျိုးရရှိပေလိမ့်မည်။ အလုပ်ရှင်သည် ဤသို့သော တွေးခေါ်ပုံမျိုးကို လက်ခံပြီး ၎င်း အလုပ်ခန့်ထားသော လူအပေါ်၌ သံသယ သို့မဟုတ် သင်္ကာမကင်းဖြစ်မှုများ မထားရှိဟု ဆိုကြပါစို့။ ၎င်းသည် ထိုသူ လုပ်ဆောင်ခဲ့သော အလုပ်ကို မကြီးကြပ်သကဲ့သို့ ထိုသူသည် ၎င်းအပေါ် သစ္စာစောင့်သိခြင်း ရှိမရှိကိုဖြစ်စေ၊ ဤအရာများကို လုပ်ဆောင်ရန် အရည်အချင်း ရှိမရှိကိုဖြစ်စေ စုံစမ်းမေးမြန်းခြင်းမရှိချေ။ ထိုသို့ဖြစ်လျှင် အလုပ်ခန့်ထားခြင်း ခံရသောသူသည် ဤအလုပ်ရှင်၏ ကြီးကြပ်မှုနှင့် ကြည့်ရှုစစ်ဆေးမှုကို ရှောင်တိမ်းနိုင်ပြီး နောက်ဆက်တွဲအနေဖြင့် မိမိ၏ အလုပ်ရှင်၏ ဆန္ဒများကို လိုက်နာခြင်းမရှိဘဲ မိမိ သဘောကျအတိုင်း မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်ပေလိမ့်မည်။ အလုပ်သမားတစ်ဦးသည် ဤဆိုရိုးစကားကို အသုံးပြုသောအခါ သူတို့၌ သူ၏အလုပ်ရှင်အပေါ် လုံးလုံးလျားလျား သစ္စာရှိသည့် ကိုယ်ကျင့်စရိုက် အမှန်တကယ် ရှိသလော၊ ငါ့အား ပြောလော့။ သူတို့ကို ကြီးကြပ်ရန် လုံးဝ မလိုအပ်သလော။ (မဟုတ်ပါ။) ငါတို့ အဘယ်ကြောင့် ထိုသို့ဆိုရသနည်း။ လူသားများသည် အတွင်းလှိုက်အောင် ဖောက်ပြန်ပျက်စီးကြသည်၊ သူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြပြီး အထူးသဖြင့် မရိုးသားသည့်အပြင် လိမ်လည်လှည့်ဖြားတတ်ကြသည်ဟူသည့်အချက်မှာ ရှေးအခါမှ ယနေ့ထက်တိုင် တစ်လောကလုံး အသိအမှတ်ပြုထားသော အမှန်တရားတစ်ခု ဖြစ်သည်။ ရိုးသားသောလူများ မရှိသည့်အပြင် လူနုံလူအများပင် မုသားပြောကြသည်။ ဤသည်မှာ အခြားသူများကို အလုပ်ခန့်အပ်ခြင်းနှင့်ပတ်သက်လာလျှင် ကြီးမားသော အခက်အခဲကို ဖြစ်ပေါ်စေပြီး လုံးလုံးလျားလျား မှီခိုအားထားရလောက်သော သူတစ်ဦးကို မဆိုထားနှင့်၊ ယုံကြည်ကိုးစားထိုက်သောသူတစ်ဦးကို ရှာဖွေတွေ့ရှိရန်မှာ လုံးဝနီးပါး မဖြစ်နိုင်ပေ။ ခန့်အပ်ဖို့ အတော်အတန် သင့်တော်သော လူအနည်းငယ်ကို ရှာဖွေတွေ့ရှိခြင်းသည် လူတစ်ဦး အမျှော်လင့်နိုင်ဆုံးသောအရာသာ ဖြစ်သည်။ သို့ဆိုလျှင် ယုံကြည်ကိုးစားထိုက်သောလူများ မရှိသောကြောင့် “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်ခြင်း” သည် မည်သို့လျှင် ဖြစ်နိုင်မည်နည်း။ မည်သူ့ကိုမျှ မှီခိုအားထား၍ မရသောကြောင့် ယင်းမှာ မဖြစ်နိုင်ပေ။ သို့ဆိုလျှင် ခန့်အပ်ဖို့ အတော်အတန် သင့်တော်သောသူတို့ကို ကျွန်ုပ်တို့ မည်သို့ အသုံးပြုသင့်သနည်း။ ကြီးကြပ်မှုနှင့် လမ်းညွှန်မှုအားဖြင့်သာ ကျွန်ုပ်တို့ ထိုသို့ ပြုလုပ်နိုင်ပါသည်။ ဘာသာတရားမရှိသူများသည် မိမိတို့အတွက် အတော်အတန် စိတ်ချသေချာမှုကို အာမခံနိုင်ရန်အလို့ငှာ သူတို့ ခန့်အပ်ထားသောသူကို စောင့်ကြည့်ရန် သတင်းပေးသူများနှင့် သူလျှိုများကို စေလွှတ်ကြသည်။ သို့ဖြစ်၍ ရှေးခေတ်လူတို့သည် “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟု ဆိုသောအခါ မိမိတို့ကိုယ်ကို လှည့်ဖြားနေခဲ့ကြခြင်း ဖြစ်သည်။ “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသော ဤဝေါဟာရကို ထွင်ခဲ့သောသူသည် ဤဆိုရိုးစကားကို မိမိအတွက် အမှန်တကယ် လက်တွေ့အသုံးမချခဲ့ပေ။ အကယ်၍ သူ အမှန်တကယ် အသုံးချခဲ့ပါက သူသည် အသိဉာဏ်ကင်းမဲ့သော ပုဂ္ဂိုလ်တစ်ဦး၊ လှည့်စားခြင်းနှင့် လိမ်လည်ခြင်းကိုသာ ခံရနိုင်သည့် ပထမတန်းစား လူနုံလူအတစ်ဦး ဖြစ်ပေလိမ့်မည်။ ဤသည်မှာ အမှန်တရားတစ်ခု မဟုတ်လော။ “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသည့် အရာ၌ အကြီးမားဆုံးသော ချို့ယွင်းချက်သည် အဘယ်နေရာတွင် တည်ရှိသည်ကို ပြောကြစို့။ “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသည့် အရာအတွက် အခြေခံအုတ်မြစ်ကား အဘယ်နည်း။ ခန့်အပ်ခြင်းခံရသောသူသည် လုံးဝစိတ်ချရပြီး သစ္စာရှိကာ တာဝန်ယူတတ်သူ ဖြစ်ရမည်။ အလုပ်ရှင်အနေဖြင့် “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသော ဆိုရိုးစကားကို အသုံးချရန်အတွက် အလုပ်သမားသည် ထိုသို့သောလူစားမျိုးဖြစ်ကြောင်း ရာနှုန်းပြည့် သေချာမှု ရှိရမည်။ ယနေ့ခေတ်တွင် ထိုသို့သော ယုံကြည်ကိုးစားရသည့် လူတစ်ဦးတစ်ယောက်ကိုမျှ ရှာမတွေ့နိုင်ပေ။ ထိုသူတို့သည် လုံးဝနီးပါး တကယ်မရှိတော့ဘဲ “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသော ဤပြောဆိုချက်ကို အဓိပ္ပာယ်မဲ့စေသည်။ အကယ်၍ သင်သည် ယုံကြည်စိတ်ချ၍ မရသောသူတစ်ဦးကို ရွေးချယ်ပြီးနောက် ထိုသူနှင့်ပတ်သက်၍ သင်၏သံသယများကို ချုပ်တည်းရန်အလို့ငှာ “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသော ဆိုရိုးစကားကို အသုံးချပါက သင်သည် မိမိကိုယ်ကို လှည့်ဖြားနေခြင်း မဟုတ်လော။ ခန့်အပ်ခြင်း ခံရသောသူသည် သင်က သူတို့ကို သံသယမဝင်ရုံမျှဖြင့် ယုံကြည်စိတ်ချထိုက်ကာ သစ္စာစောင့်သိပြီး တာဝန်ယူမှုရှိသော ပုံစံဖြင့် အမှုအရာများကို လုပ်ဆောင်နိုင်စွမ်း ရှိသလော။ အမှန်တကယ်တွင် သူတို့သည် သင်၏သံသယကို ထည့်မစဉ်းစားဘဲ ပကတိလူစားမျိုးအတိုင်း ဆက်လက်ပြုမူကြလိမ့်မည်။ အကယ်၍ သူတို့သည် လှည့်ဖြားတတ်သောသူတစ်ဦး ဖြစ်ပါက သူတို့သည် လိမ်လည်လှည့်ဖြားသော အရာများကို ဆက်လက်လုပ်ဆောင်ကြလိမ့်မည်။ အကယ်၍ သူတို့သည် ဟန်ဆောင်မှုကင်းမဲ့ပါက သူတို့သည် ဟန်ဆောင်မှုကင်းမဲ့သော အရာများကို ဆက်လက်လုပ်ဆောင်ကြလိမ့်မည်။ ဤသည်မှာ သင် သူတို့အပေါ် သံသယရှိသည်၊ မရှိသည်အပေါ်၌ မူတည်ခြင်း မရှိပေ။ သာဓကအနေဖြင့် သင်သည် လှည့်ဖြားတတ်သောသူတစ်ဦးကို ခန့်အပ်သည် ဆိုကြပါစို့။ ဤသူသည် လှည့်ဖြားတတ်ကြောင်း စိတ်နှလုံးထဲ၌ သင် သိရှိပါလျက်နှင့် သင်က ထိုသူအား “သင့်ကို ကျွန်ုပ် သံသယမဝင်ပါ။ ထို့ကြောင့် သင်၏အလုပ်ကို ယုံကြည်ချက်ရှိရှိသာ ဆက်လုပ်ပါ” ဟု ဆိုပါက ထိုသူသည် သင်က သူ့ကို သံသယမဝင်ရုံမျှဖြင့် ပရိယာယ်ကင်းမဲ့သော အရာများကို လုပ်ဆောင်သည့် ဟန်ဆောင်မှုကင်းမဲ့သော လူတစ်ဦး ဖြစ်လာမည်လော။ ယင်းက ဖြစ်နိုင်သလော။ ပြောင်းပြန်အားဖြင့် အကယ်၍ သင်သည် ဟန်ဆောင်မှုကင်းမဲ့သော လူတစ်ဦးကို ခန့်အပ်ပြီး သင်က သူတို့ကို သံသယဝင်ခြင်း သို့မဟုတ် နားမလည်ခြင်းကြောင့် သူတို့သည် လှည့်ဖြားတတ်သော လူတစ်ဦး ဖြစ်လာမည်လော။ ဖြစ်လာမည်မဟုတ်ပေ။ ထို့ကြောင့် “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသော ဆိုရိုးစကားသည် လူနုံလူအတစ်ဦးက စိတ်သက်သာမှုရရန် ကြိုးပမ်းမှုသက်သက်သာ ဖြစ်ကာ ယင်းမှာ မိမိကိုယ်ကိုလှည့်ဖြားသည့် အဓိပ္ပာယ်မဲ့စကား ဖြစ်သည်။ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုသည် မည်သည့်အတိုင်းအတာအထိ ရှိသနည်း။ အဆင့်အတန်းနှင့် တန်ခိုးအာဏာကို လိုက်စားခြင်းသည် ဖခင်များနှင့် သားများအပြင် ညီအစ်ကိုများကိုလည်း အချင်းချင်း ဆန့်ကျင်ပြီး သတ်ဖြတ်စေခဲ့သည်။ ယင်းက မိခင်များနှင့် သမီးများကို အချင်းချင်း မုန်းတီးစေခဲ့သည်။ မည်သူက မည်သူ့ကို ယုံကြည်နိုင်မည်နည်း။ လုံးလုံးလျားလျား မှီခိုအားထား၍ရသောသူ တစ်ဦးတစ်ယောက်မျှ မရှိ၊ အခြားသူများနှင့်ယှဉ်လျှင် ခန့်အပ်၍ရသောသူများသာ ရှိသည်။ သင် မည်သူ့ကို ခန့်အပ်သည်ဖြစ်စေ အမှားများကို တားဆီးရန် တစ်ခုတည်းသော နည်းလမ်းမှာ သူတို့ကို စောင့်ကြည့်ခြင်း သို့မဟုတ် ကြီးကြပ်ခြင်း ဖြစ်သည်။ သို့ဖြစ်၍ “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသည် မိမိကိုယ်ကို လှည့်ဖြားသော ဆိုရိုးစကားတစ်ခု ဖြစ်သည်။ ယင်းမှာ ပေါက်ကရဖြစ်ကာ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအယူအဆဖြစ်၍ လုံးဝ အခြေအမြစ်မရှိပေ။ ဘုရားသခင်သည် အဘယ်ကြောင့် နောက်ဆုံးသောကာလ၌ လူသားမျိုးနွယ်ကို သန့်စင်စေပြီး ကယ်တင်ရန် သမ္မာတရားကို ဖော်ပြကာ တရားစီရင်ခြင်းအလုပ်ကို ပြုလုပ်သနည်း။ အကြောင်းမှာ လူသားမျိုးနွယ်သည် ပြင်းပြင်းထန်ထန် ဖောက်ပြန်ပျက်စီးနေသောကြောင့် ဖြစ်သည်။ ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံသောသူ တစ်ဦးတစ်ယောက်မျှ မရှိသည့်အပြင် ဘုရားသခင်အသုံးပြုရန် သင့်တော်သောသူ တစ်ဦးတစ်ယောက်မျှ မရှိပေ။ သို့ဖြစ်၍ ဘုရားသခင်သည် လူတို့ကို ရိုးသားရန် ထပ်ခါတလဲလဲ တောင်းဆိုခြင်းဖြစ်သည်။ လူသားများသည် အလွန် လှည့်ဖြားတတ်ကြသောကြောင့် သူတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ပြည့်နှက်နေပြီး စာတန်၏သဘာဝ ရှိကြခြင်းဖြစ်သည်။ သူတို့သည် အပြစ်လုပ်ခြင်းနှင့် မကောင်းမှုပြုခြင်းကို မလုပ်ဘဲ မနေနိုင်ကြသည့်အပြင် သူတို့သည် အချိန်မရွေး၊ နေရာမရွေး ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး သစ္စာဖောက်နိုင်စွမ်း ရှိကြသည်။ ဖောက်ပြန်ပျက်စီးသော လူသားများအကြား၌ အသုံးပြု၍ရနိုင်သော သို့မဟုတ် ယုံကြည်စိတ်ချထိုက်သောသူ တစ်ဦးတစ်ယောက်မျှ မရှိပေ။ လူသားမျိုးနွယ်ထဲမှ တစ်စုံတစ်ယောက်ကို ရွေးချယ်ပြီး အသုံးပြုရန် တကယ့်ကို ခက်ခဲလှပါသည်။ ပထမဦးစွာ လူတို့အနေဖြင့် တစ်စုံတစ်ယောက်ကို အမှန်တကယ် နားလည်ရန် မဖြစ်နိုင်ပေ။ ဒုတိယအနေဖြင့် လူတို့သည် အခြားသူများကို ထိုးထွင်းသိမြင်နိုင်ခြင်း မရှိကြချေ။ တတိယအနေဖြင့် အထူးအခြေအနေများတွင် လူတို့အနေဖြင့် အခြားသူများကို ဇက်ကြိုးထိန်းရန် သို့မဟုတ် စီမံခန့်ခွဲရန်မှာ သာ၍ပင် မဖြစ်နိုင်တော့ပေ။ ဤအခြေအနေတွင် အသုံးပြုရန် တစ်စုံတစ်ယောက်ကို ရှာဖွေခြင်းသည် အခက်ခဲဆုံးအရာ ဖြစ်သည်။ ထို့ကြောင့် “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသော ဆိုရိုးစကားသည် အကြီးအကျယ် မှားယွင်းပြီး အနည်းငယ်မျှပင် လက်တွေ့မကျပေ။ ဤဆိုရိုးစကားကို အခြေခံ၍ တစ်စုံတစ်ယောက်ကို ရွေးချယ်ပြီး အသုံးပြုခြင်းသည် လှည့်စားခြင်းခံရရန် တောင်းဆိုနေခြင်းမျှသာ ဖြစ်သည်။ ဤဆိုရိုးစကားကို မှန်ကန်သည်၊ သမ္မာတရားဖြစ်သည်ဟု မှတ်ယူသော မည်သူမဆို လူတို့အနက် စဉ်းစားဉာဏ်မရှိဆုံး ဖြစ်ကြသည်။ ဤဆိုရိုးစကားသည် အခြားသူများအား အသုံးပြုခြင်းဟူသည့် အခက်အခဲကို အမှန်တကယ် ဖြေရှင်းနိုင်သလော။ လုံးဝ မဖြေရှင်းနိုင်ပေ။ ယင်းမှာ မိမိကိုယ်ကို နှစ်သိမ့်ခြင်း၊ မိမိကိုယ်ကို လှည့်ဖြားခြင်းနှင့် မိမိကိုယ်ကို အရူးလုပ်ခြင်း၌ ပါဝင်နေသည့် နည်းလမ်းတစ်ခုမျှသာ ဖြစ်သည်။
ငါတို့၏ မိတ်သဟာယဖွဲ့ခြင်း၌ ဤအဆင့်တွင် “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသော ဆိုရိုးစကားသည် မှန်ကန်သည်၊ မမှန်ကန်သည်ဟူသည့်အပေါ် အခြေခံ နားလည်သဘောပေါက်မှု ရှိသလော။ ဤဆိုရိုးစကားသည် သမ္မာတရား ဟုတ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ယင်းမှာ အဘယ်အရာ ဖြစ်သနည်း။ (စာတန်၏ အတွေးအခေါ် ဖြစ်ပါသည်။) ပို၍ တိတိကျကျ ဆိုရလျှင် ဤဆိုရိုးစကားသည် အခြားနောက်တစ်ဦး၏ ကြီးကြပ်မှု သို့မဟုတ် စောင့်ကြည့်မှုမှ ကျော်လွှားရန် သို့မဟုတ် လွတ်မြောက်ရန် ဆန္ဒရှိသော တစ်စုံတစ်ဦးအတွက် ဆင်ခြေတစ်ခုအဖြစ် အသုံးဝင်သည်၊ ယင်းမှာ ဆိုးယုတ်သောလူများအားလုံး မိမိတို့၏ ကိုယ်ကျိုးကို ကာကွယ်ရန်နှင့် မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်များ ဖြစ်မြောက်အောင်မြင်ရန်အလို့ငှာ ထားရှိသော မျက်နှာဖုံးတစ်ခုလည်း ဖြစ်သည်။ ဤဆိုရိုးစကားသည် ကွယ်ဝှက်ထားသော ရည်ရွယ်ချက်များ ထားရှိသောသူတို့အနေဖြင့် မိမိတို့ နှစ်သက်သလို လုပ်ဆောင်ရန်အတွက် အကြောင်းပြချက်တစ်ခု ဖြစ်သည်။ ယင်းမှာ ကြီးကြပ်မှု၊ စောင့်ကြည့်မှု၊ ကိုယ်ကျင့်တရားဆိုင်ရာ တရားမျှတမှုနှင့် အသိတရား၏ ပြစ်တင်ရှုတ်ချမှုတို့မှ အကြောင်းပြချက် ခိုင်ခိုင်လုံလုံဖြင့် လွတ်မြောက်ရန်အတွက် ထိုသို့သောလူတို့ ဖြန့်ပေးသည့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာတစ်ခုလည်း ဖြစ်သည်။ သို့ရာတွင် ယခုအခါ “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသော ဆိုရိုးစကားကို လက်တွေ့ကျပြီး မှန်ကန်သည်ဟု ယုံကြည်သော လူအချို့ ရှိနေသည်။ ထိုသို့သောလူများ၌ ပိုင်းခြားသိမြင်နိုင်စွမ်း ရှိသလော။ သူတို့သည် သမ္မာတရားကို နားလည်ပါသလော။ ထိုသို့သောလူများ၏ အတွေးအခေါ်များနှင့် ရှုမြင်ချက်များသည် ပြဿနာရှိသလော။ အကယ်၍ အသင်းတော်အတွင်းရှိ တစ်စုံတစ်ယောက်က ဤဆိုရိုးစကားကို ဖြန့်ပေးပါက သူသည် ရည်ရွယ်ချက်တစ်ခုဖြင့် ထိုသို့ ပြုလုပ်ခြင်းဖြစ်ကာ အခြားသူများကို အထင်အမြင်မှားစေရန် ကြိုးစားနေခြင်း ဖြစ်သည်။ သူသည် မိမိအပေါ် အခြားသူများ၏ ဒွိဟများ သို့မဟုတ် သံသယများကို ဖယ်ရှားရန်အတွက် “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသော ဆိုရိုးစကားကို အသုံးပြုဖို့ ကြိုးပမ်းနေခြင်း ဖြစ်သည်။ သွယ်ဝိုက်သောအားဖြင့် ဤသည်မှာ မိမိသည် အလုပ်လုပ်နိုင်ကြောင်း အခြားသူများ ယုံကြည်ရန်၊ မိမိသည် အသုံးပြု၍ရသောသူ တစ်ဦးဖြစ်ကြောင်း ယုံကြည်ရန် အလိုရှိခြင်းကို ဆိုလိုသည်။ ဤသည်မှာ သူ၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်ပန်းတိုင် မဟုတ်လော။ သေချာပေါက် ဖြစ်ပေသည်။ သူက မိမိဘာသာ “သင်တို့သည် ကျွန်ုပ်ကို မည်သည့်အခါမျှ မယုံကြည်ဘဲ အမြဲတမ်း သံသယဝင်နေကြသည်။ တစ်ချိန်ချိန်တွင် သင်တို့သည် ကျွန်ုပ်ကို ပြဿနာအနည်းငယ် ရှာပြီး ဖြုတ်ချကြမည်မှာ သေချာသလောက်ပင်။ ကျွန်ုပ်စိတ်ထဲတွင် ဤအကြောင်းအရာ အမြဲတမ်းရှိနေလျှင် အဘယ်သို့ အလုပ်လုပ်နိုင်မည်နည်း” ဟု စဉ်းစားမိသည်။ သို့ဖြစ်၍ ဘုရားအိမ်တော်သည် သူ့ကို သံသယမရှိဘဲ ယုံကြည်စိတ်ချပြီး လွတ်လပ်စွာ အလုပ်လုပ်ခွင့်ပေးရန်၊ ထိုအခါ၌ သူ၏ ရည်မှန်းချက်ပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်စေရန်အတွက် သူသည် ဤရှုမြင်ချက်ကို ဖြန့်ခြင်းဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်သည် သမ္မာတရားကို အမှန်တကယ် လိုက်စားနေပါက သူသည် သူ၏အလုပ်အပေါ် ဘုရားအိမ်တော်၏ ကြီးကြပ်မှုကို မြင်တွေ့ရသည့်အခါ ဤသည်မှာ သူကိုယ်တိုင်၏ ကာကွယ်မှုအတွက်ဖြစ်ပြီး၊ ပို၍အရေးကြီးသည်မှာ ယင်းသည် ဘုရားအိမ်တော်၏ အလုပ်အတွက် တာဝန်ကျေပွန်နေခြင်းလည်း ဖြစ်ကြောင်း သိရှိလျက် မှန်မှန်ကန်ကန် သဘောထားသင့်သည်။ သူသည် မိမိ၏ ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ကောင်း ထုတ်ဖော်မည်ဖြစ်သော်လည်း ဘုရားသခင်အနေဖြင့် မိမိကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး ကာကွယ်ပေးရန် ဘုရားသခင်ထံ ဆုတောင်းနိုင်သည်၊ သို့မဟုတ် မိမိမကောင်းမှုပြုပါက ဘုရားသခင်၏အပြစ်ဒဏ်ပေးခြင်းကို လက်ခံပါမည်ဟု ဘုရားသခင်ထံ သစ္စာဆိုနိုင်သည်။ ဤသည်က သူ၏စိတ်ကို ငြိမ်သက်စေမည် မဟုတ်လော။ လူတို့ကို အထင်အမြင်မှားစေရန်နှင့် မိမိ၏ကိုယ်ပိုင်ရည်ရွယ်ချက် ဖြစ်မြောက်အောင်မြင်ရန် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာကို အဘယ့်ကြောင့် ဖြန့်ရသနည်း။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားသခင်ရွေးချယ်ထားသော လူများ၏ ကြီးကြပ်မှု သို့မဟုတ် မိမိ၏အလုပ်အကြောင်း လေ့လာဖို့ အထက်ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အားထုတ်ကြိုးပမ်းမှုများအပေါ် အတိုက်အခံလုပ်သော သဘောထား အစဉ်ရှိကြသည်။ သူက အဘယ်သို့ ထင်သနည်း။ “‘ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်။’ သင်တို့ ကျွန်ုပ်ကို အဘယ့်ကြောင့် အမြဲတမ်း ကြီးကြပ်နေရသနည်း။ သင်တို့ ကျွန်ုပ်ကို မယုံကြည်လျှင် အဘယ့်ကြောင့် အသုံးပြုနေသေးသနည်း” ဟူ၍ ဖြစ်သည်။ အကယ်၍ သင်တို့သည် သူ၏ အလုပ်နှင့်ပတ်သက်၍ မေးမြန်းပါက သို့မဟုတ် ယင်း၏တိုးတက်မှုကို စုံစမ်းမေးမြန်းပြီးနောက် သူ၏ ကိုယ်ရေးကိုယ်တာ အခြေအနေကို မေးမြန်းပါက သူသည် သာ၍ပင် ခုခံကာကွယ်လာလိမ့်မည်မှာ “ဤအလုပ်ကို ကျွန်ုပ်အား အပ်နှံထားပြီးဖြစ်သည်။ ယင်းမှာ ကျွန်ုပ်၏ လုပ်ပိုင်ခွင့်အတွင်း၌ ရှိနေသည်။ ကျွန်ုပ်၏အလုပ်ထဲတွင် သင်တို့ အဘယ်ကြောင့် ဝင်ရောက်စွက်ဖက်နေကြသနည်း” ဟူ၍ ဖြစ်သည်။ ယင်းကို ပြောင်ပြောင်တင်းတင်း မပြောဝံ့သော်လည်း သူသည် ဤသို့ သွယ်ဝိုက်ပြောဆိုမည်မှာ “ဆိုရိုးစကားက ပြောသကဲ့သို့ ‘ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်’ ပင်။ သင်သည် အဘယ့်ကြောင့် ထိုမျှ သံသယများသောသူ ဖြစ်နေသနည်း။” ဟူ၍ ဖြစ်သည်။ သူသည် သင့်ကို ပြစ်တင်ရှုတ်ချပြီး အမည်တပ်သည်အထိပင် ဖြစ်မည်။ ထို့ပြင် အကယ်၍ သင်သည် သမ္မာတရားကို နားမလည်သည့်အပြင် ပိုင်းခြားသိမြင်နိုင်စွမ်း မရှိလျှင်ကော အဘယ်သို့ ဖြစ်မည်နည်း။ သူ၏ သွယ်ဝိုက်ပြောဆိုမှုကို ကြားပြီးနောက် သင်က “ကျွန်ုပ်သည် သံသယများနေသလော။ သို့ဆိုလျှင် ကျွန်ုပ်မှားသည်။ ကျွန်ုပ်သည် လှည့်ဖြားတတ်ပေသည်။ ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့် ဟူသည်မှာ သင် မှန်၏” ဟု ဆိုလိမ့်မည်။ ဤသို့ဖြင့် သင်သည် အထင်အမြင်မှားစေခြင်းကို ခံရပြီမဟုတ်လော။ “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသော ဆိုရိုးစကားသည် သမ္မာတရားနှင့် ကိုက်ညီသလော။ မကိုက်ညီပါ၊ ယင်းသည် အဓိပ္ပာယ်မဲ့သော စကားပါတကား။ ကောက်ကျစ်ဆိုးယုတ်သော ဤလူတို့သည် မသိမသာနှင့် ဒုက္ခပေးတတ်ပြီး လှည့်ဖြားတတ်ကြသည်။ သူတို့သည် နားဝေတိမ်တောင်ဖြစ်သော လူများကို အထင်အမြင်မှားစေရန် ဤဆိုရိုးစကားကို သမ္မာတရားအဖြစ် အသုံးပြုကြသည်။ နားဝေတိမ်တောင်ဖြစ်သော လူတစ်ဦးသည် ဤဆိုရိုးစကားကို ကြားရသည့်အခါ အမှန်ပင် အထင်အမြင်မှားစေခြင်းကို ခံရပြီး စိတ်ရှုပ်ထွေးသွားကာ “သူသည် မှန်၏။ ဤပုဂ္ဂိုလ်ကို ကျွန်ုပ် မတရားပြောမိပြီ။ ‘ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်’ ဟု သူကိုယ်တိုင် ပြောခဲ့ပေသည်။ ကျွန်ုပ် သူ့ကို အဘယ်သို့များ သံသယဝင်ခဲ့လေသနည်း။ အလုပ်ကို ဤအတိုင်း လုပ်၍မရပေ။ သူ့အလုပ်ကို စပ်စုခြင်းမရှိဘဲ သူ့ကို ကျွန်ုပ် အားပေးရမည်။ ကျွန်ုပ် သူ့ကို အသုံးပြုနေသည့်အတွက် သူ့ကို ယုံကြည်ပြီး ဘောင်မခတ်ဘဲ လွတ်လပ်စွာ အလုပ်လုပ်ခွင့်ပေးဖို့ လိုသည်။ သူ့ကို တာဝန်ထမ်းဆောင်ရန် နေရာပေးဖို့လိုသည်။ သူ၌ အလုပ်လုပ်နိုင်စွမ်း ရှိသည်။ ထို့ပြင် သူ၌ အစွမ်းအစမရှိလျှင်ပင် အလုပ်လုပ်နေသော သန့်ရှင်းသောဝိညာဉ်တော် ရှိနေပါသေးသည်” ဟု စဉ်းစားလေသည်။ ဤသည်မှာ မည်သို့သော ယုတ္တိမျိုးနည်း။ ယင်းတစ်ခုတလေသည် သမ္မာတရားနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) ဤစကားများအားလုံးသည် မှန်ကန်သကဲ့သို့ ထင်ရသည်။ “ကျွန်ုပ်တို့သည် အခြားသူများကို ဘောင်ခတ်၍မရပေ။” “လူတို့သည် မည်သည့်အရာကိုမျှ မလုပ်နိုင်။ အရာရာကို လုပ်ဆောင်သည်မှာ သန့်ရှင်းသောဝိညာဉ်တော် ဖြစ်၏။ သန့်ရှင်းသောဝိညာဉ်တော်က အရာရာကို ကြည့်ရှုစစ်ဆေးသည်။ ဘုရားသခင်က အလုံးစုံ တာဝန်ယူထားသောကြောင့် ကျွန်ုပ်တို့ သံသယဝင်စရာ မလိုပေ။” စသည်တို့ဖြစ်၏။ သို့သော် ဤသည်တို့မှာ မည်သို့သော စကားများ ဖြစ်သနည်း။ ယင်းတို့ကို ပြောဆိုသောလူတို့သည် နားဝေတိမ်တောင် ဖြစ်နေကြသည် မဟုတ်လော။ သူတို့သည် ဤမျှလောက်ကိုပင် မရိပ်စားမိနိုင်ဘဲ စာကြောင်းတစ်ကြောင်းတည်းဖြင့် အထင်အမြင်မှားစေခြင်းကို ခံကြရသည်။ လူအများစုက “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဆိုသည့် စကားကို သမ္မာတရားအဖြစ် မှတ်ယူကြသည်ဟု ဆိုလျှင် မမှားပေ။ ၎င်းတို့သည် ဤအရာအားဖြင့် အထင်အမြင်မှားစေခြင်းကို ခံရပြီး ချည်နှောင်ခံရသည်။ လူတို့ကို ရွေးချယ်သောအခါ၊ သို့မဟုတ် အသုံးပြုသောအခါ ၎င်းတို့သည် ဤအရာအားဖြင့် နှောင့်ယှက်ခြင်း၊ လွှမ်းမိုးခြင်းကိုခံရပြီး၊ ၎င်းတို့၏ လုပ်ရပ်များကိုပင် ထိန်းချုပ်ခွင့်ပြုကြလေသည်။ ရလဒ်အနေဖြင့် ခေါင်းဆောင်များနှင့် အမှုဆောင်များစွာတို့သည် အသင်းတော်အလုပ်ကို စစ်ဆေးပြီး လူတို့ကို ရာထူးတိုးကာ အသုံးပြုသည့် အခါတိုင်းတွင် အစဉ်သဖြင့် အခက်အခဲများ၊ စိုးရိမ်ကြောင့်ကြမှုများ ရှိကြသည်။ အဆုံးတွင် သူတို့လုပ်နိုင်သမျှမှာ “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဆိုသည့် စကားလုံးများနှင့် မိမိတို့ကိုယ်ကို နှစ်သိမ့်ခြင်းဖြစ်သည်။ အလုပ်အကြောင်းကို ၎င်းတို့ စစ်ဆေးသည်၊ စုံစမ်းမေးမြန်းသည့်အခါတိုင်းတွင် “‘ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်။’ ညီအစ်ကိုမောင်နှမများကို ငါယုံကြည်သင့်သည်။ တကယ်တမ်းတွင် သန့်ရှင်းသောဝိညာဉ်တော်က လူတို့ကို စိစစ်သည်၊ ထို့ကြောင့် အခြားလူများကို အစဉ်သံသယဝင်ပြီး ကြီးကြပ်ခြင်း မရှိသင့်ပေ”ဟု ထင်မြင်ကြသည်။ ၎င်းတို့သည် ဤစကားရပ်၏ လွှမ်းမိုးခြင်းကို ခံထားရသည်မဟုတ်လော။ ဤစကားရပ်၏ လွှမ်းမိုးခြင်းကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်များမှာ အဘယ်နည်း။ ရှေးဦးစွာ “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်”ဟူသည့် ဤအယူအဆကို တစ်စုံတစ်ဦးက လက်ကိုင်ထားလျှင် ၎င်းသည် အခြားသူများ၏ အလုပ်ကို စစ်ဆေးပြီး ညွှန်ကြားမည်လော။ ၎င်းသည် လူများ၏ အလုပ်ကို ကြီးကြပ်ပြီး နောက်ဆက်တွဲ စစ်ဆေးမည်လော။ ဤသူသည် ၎င်းအသုံးပြုသော လူတိုင်းကို ယုံကြည်ပြီး ထိုသူတို့၏ အလုပ်ကို လုံးဝ မစစ်ဆေး၊ မညွှန်ကြားဘဲ ထိုသူတို့ကိုလည်း လုံးဝ မကြီးကြပ်ဘဲ နေလျှင် ၎င်းသည် မိမိ၏ တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်နေပါသလော။ ၎င်းသည် အသင်းတော်၏ အလုပ်ကို အရည်အချင်းရှိရှိ လုပ်ဆောင်ပြီး ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်အောင်မြင်စေနိုင်မည်လော။ ၎င်းသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အပေါ် သစ္စာစောင့်သိနေပါသလော။ ဒုတိယအနေဖြင့် ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သင်၏ တာဝန်များကို စောင့်ထိန်းရန် ပျက်ကွက်ခြင်းသက်သက် မဟုတ်ပေ။ ဤသည်မှာ စာတန်၏ အကြံအစည်များနှင့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်ကို သမ္မာတရားအဖြစ် မှတ်ယူခြင်း၊ လိုက်နာပြီး လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်။ သင်သည် စာတန်ကို လိုက်နာနေပြီး စာတန်ဆန်သော အတွေးအခေါ်တစ်ခုဖြင့် အသက်ရှင်နေခြင်းဖြစ်သည် မဟုတ်လော။ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံသောသူ မဟုတ်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုက်နာစောင့်ထိန်းသောသူ သာ၍ပင် မဟုတ်ချေ။ သင်သည် လူယုတ်မာစစ်စစ် ဖြစ်၏။ ဘုရားနှုတ်ကပတ်တော်များကို ဘေးဖယ်ပြီး ထိုအစား စာတန်ဆန်သော စကားရပ်တစ်ခုကို ယူပြီး သမ္မာတရားအဖြစ် လက်တွေ့လုပ်ဆောင်ခြင်းသည် သမ္မာတရားနှင့် ဘုရားသခင်ကို သစ္စာဖောက်ခြင်းဖြစ်သည်။ သင်သည် ဘုရားအိမ်တော်တွင် အလုပ်လုပ်နေလင့်သည့်တိုင်အောင် သင်၏ အပြုအမူဆိုင်ရာ စည်းမျဉ်းများမူကား စာတန်၏ ယုတ္တိနှင့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များ ဖြစ်နေ၏။ သင်သည် မည်သို့သော လူစားမျိုး ဖြစ်သနည်း။ ဤသည်မှာ ဘုရားသခင်ကို သစ္စာဖောက်သောသူနှင့် ဘုရားသခင်ကို အလွန်အမင်း ဂုဏ်သရေပျက်စေသောသူ ဖြစ်၏။ ဤလုပ်ဆောင်မှု၏ အနှစ်သာရသည် အဘယ်နည်း။ ဘုရားသခင်ကို ပြောင်ပြောင်တင်းတင်း ရှုတ်ချပြီး သမ္မာတရားကို ပြောင်ပြောင်တင်းတင်း ငြင်းဆန်နေခြင်းဖြစ်သည်။ ဤသည်မှာ ယင်း၏ အနှစ်သာရမဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်၏ အလိုတော်ကို လိုက်မလျှောက်သည့်အပြင် သင်သည် စာတန်၏ နတ်ဆိုးဆန်သော စကားတစ်ခွန်းနှင့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် စာတန်ဆန်သော အတွေးအခေါ်များကို အသင်းတော်အတွင်း၌ ထင်တိုင်းကြဲခွင့်ပြုနေ၏။ ဤသို့ပြုလုပ်ခြင်းအားဖြင့် သင်သည် စာတန်၏ ကြံရာပါ ဖြစ်လာပြီး အသင်းတော်အတွင်း၌ ၎င်း၏ လှုပ်ရှားမှုများကို လုပ်ဆောင်ရာတွင် စာတန်ကို ကူညီကာ အသင်းတော်အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်လေ၏။ ဤပြဿနာ၏ အနှစ်သာရသည် အလွန်ကြီးလေးသည် မဟုတ်လော။
ယနေ့ခေတ်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်အများစုသည် မိမိတို့၏စိတ်နှလုံးထဲ၌ စာတန်၏အဆိပ်အတောက်ကို သိုထားကြပြီး စာတန်ဆန်သော အတွေးအခေါ်များဖြင့် အသက်ရှင်နေကြဆဲဖြစ်ကာ သူတို့၏စိတ်နှလုံးထဲ၌ ဩဇာရှိသော ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ နည်းပါးလှသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များစွာတို့၏ အလုပ်မှာ ပြဿနာရှိတတ်သည်။ အချို့သောလူတို့သည် အလုပ်ကို မလုပ်ဆောင်နိုင်ကြောင်းနှင့် ပြဿနာများ အသေအချာ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း မိမိတို့၏စိတ်နှလုံးထဲ၌ အမှန်တကယ် သိရှိကြသော်လည်း သူတို့သည် အလုပ်အစီအစဉ်များ ရေးဆွဲပြီးသောအခါ ထိုအလုပ်ကို မည်သည့်အခါမျှ စစ်ဆေးခြင်း သို့မဟုတ် ကြီးကြပ်ခြင်း မရှိကြပေ။ သို့ရာတွင် ဤပြဿနာကို မည်သို့ဖြေရှင်းရမည် မသိသောကြောင့် သူတို့သည် “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသော ရှုမြင်ချက်ကို အလွယ်တကူ လက်ခံကျင့်သုံးပြီး ဝတ်ကျေတမ်းကျေဖြင့် လုပ်ဆောင်ကာ စိတ်သက်သာမှုပင် ရှိကြသည်။ ဤအရာက အချို့သောလူများ တကယ့်အလုပ်ကို မလုပ်ဆောင်နိုင်ခြင်းသို့ ရောက်ရှိစေပြီး သူတို့သည် ဟန်ပြလုပ်ဆောင်နေရင်း အထွေထွေအရေးကိစ္စများဖြင့်သာ အလုပ်ရှုပ်နေကြသည်။ အကျိုးဆက်အားဖြင့် သူတို့သည် အသင်းတော်၏အလုပ်ကို ကမောက်ကမဖြစ်စေပြီး၊ အချို့နေရာများတွင် ဘုရားသခင်အတွက် လှူဖွယ်ပစ္စည်းများပင် အခိုးခံရသည်။ ဘုရားသခင် ရွေးချယ်ထားသောလူများသည် ဤအရာမြင်ရသည်ကို မခံရပ်နိုင်ဘဲ အကြောင်းအရာကို အထက်သို့ တိုင်ကြားကြသည်။ အတုအယောင်ခေါင်းဆောင်သည် ဤအကြောင်းကို သိရှိသွားသောအခါ မှင်တက်သွားပြီး ဘေးအန္တရာယ် ကျရောက်လာတော့မည်ကဲ့သို့ ခံစားရသည်။ ထို့နောက် အထက်က သူ့အား “သင်သည် အဘယ့်ကြောင့် အလုပ်ကို မစစ်ဆေးခဲ့သနည်း။ သင်သည် အဘယ့်ကြောင့် မသင့်လျော်သောလူကို အသုံးပြုခဲ့သနည်း။” ဟု မေးခွန်းထုတ်လေသည်။ ထိုမေးခွန်းကို အတုအယောင်ခေါင်းဆောင်က “ကျွန်ုပ်၌ လူတစ်ဦး၏ အနှစ်သာရနှင့်ပတ်သက်၍ ထိုးထွင်းသိမြင်မှု မရှိသောကြောင့် ကျွန်ုပ်သည် ‘ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်’ ဟူသော စည်းမျဉ်းကို အလွယ်တကူ လိုက်နာခဲ့ပါသည်။ ကျွန်ုပ် မသင့်လျော်သောလူကို အသုံးပြုမိပြီး ထိုသို့သော ဘေးအန္တရာယ်ကို ဖြစ်စေလိမ့်မည်ဟု မည်သည့်အခါမျှ မမျှော်လင့်ခဲ့ပေ” ဟု ပြန်ဖြေသည်။ “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဆိုသည့် အမြင်က မှန်ကန်သည်ဟု သင် ယုံကြည်သလော။ ဤစကားရပ်သည် သမ္မာတရားဖြစ်သလော။ ဘုရားအိမ်တော်၏ အလုပ်တွင်လည်းကောင်း၊ မိမိ၏ တာဝန်ကို ထမ်းဆောင်ရာတွင်လည်းကောင်း သူသည် အဘယ်ကြောင့် ဤစကားရပ်ကို အသုံးပြုမည်နည်း။ ဤတွင် ပြဿနာက အဘယ်နည်း။ “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသည်မှာ ဘာသာတရားမရှိသူများ၏ စကားများ၊ စာတန်ထံမှ လာသော စကားများဖြစ်သည်မှာ သိသာထင်ရှားပေသည်။ ဤသို့ဆိုလျှင် သူသည် ဤစကားများကို သမ္မာတရားအဖြစ် အဘယ်ကြောင့် သဘောထားသနည်း။ ဤစကားများသည် မှန်သည်၊ သို့မဟုတ် မှားသည်ကို သူ အဘယ်ကြောင့် မပိုင်းခြားနိုင်သနည်း။ ဤအရာများသည် သိသိသာသာပင် လူသား၏ စကားများ၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ စကားများဖြစ်သည်။ တကယ်ကို သမ္မာတရားမဟုတ်ပေ။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များနှင့် လုံးလုံး ကွဲလွဲနေသည်။ လူတို့၏ လုပ်ရပ်များ၊ ကျင့်ကြံပြုမူခြင်းများနှင့် ဘုရားသခင်အား ကိုးကွယ်မှုအတွက် စံအဖြစ် အသုံးမပြုသင့်ပေ။ ဤသို့ဆိုလျှင် ဤစကားကို မည်သို့ ချဉ်းကပ်သင့်သနည်း။ သင်သည် အမှန်တကယ် ပိုင်းခြားသိမြင်နိုင်စွမ်း ရှိပါက၊ သင်၏ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းအဖြစ် အသုံးပြုဖို့ ဤစကား၏နေရာတွင် မည်သည့် သမ္မာတရား စည်းမျဉ်းအမျိုးအစားကို အသုံးပြုသင့်သနည်း။ စံသည် “သင်၏ တာဝန်ကို သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှဖြင့် ကောင်းစွာ ထမ်းဆောင်ရန်” ဖြစ်သင့်သည်။ သင်၏ စိတ်နှလုံး အကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှနှင့် ဆောင်ရွက်ခြင်းသည် မည်သူ၏ ဘောင်ခတ်ခြင်းကိုမျှ မခံခြင်းဖြစ်သည်။ စိတ်နှလုံးတစ်ခုတည်းဖြစ်ပြီး နောက်ထပ်မည်သည့်အရာမျှ မရှိခြင်းဖြစ်သည်။ ဤအရာကို လုပ်ဆောင်ခြင်းသည် လုံးဝသဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတသဖြင့် ဤသည်မှာ သင်၏ တာဝန်နှင့် ဝတ္တရား ဖြစ်ပြီး ကောင်းစွာ ထမ်းဆောင်သင့်သည်။ မည်သည့်ပြဿနာများကို သင် ကြုံတွေ့ရပါစေ စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်သင့်သည်။ သင်လုပ်ဆောင်သင့်သည့် မည်သည့်နည်းဖြင့်မဆို ကိုင်တွယ်လော့။ ပြုပြင်ခြင်းကို လိုအပ်လျှင် ထိုအတိုင်းသာ ဖြစ်စေလော့။ ဖြုတ်ချခြင်း လိုအပ်လျှင် ထိုအတိုင်းသာ ဖြစ်စေလော့။ အတိုချုပ်အားဖြင့် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားအပေါ် အခြေခံပြီး ဆောင်ရွက်လော့။ ဤသည်မှာ စည်းမျဉ်းမဟုတ်လော။ ဤသည်မှာ “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဆိုသည့် စကားနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်သည်မဟုတ်လော။ သင်အလုပ်ခန့်သည့်လူများကို သံသယမဝင်သကဲ့သို့ သင်သံသယဝင်သည့်လူများကို အလုပ်မခန့်နှင့်ဆိုသည်မှာ မည်သည့် အဓိပ္ပာယ်နည်း။ ယင်းမှာ လူတစ်ယောက်ကို အလုပ်ခန့်ပြီးလျှင် ထိုသူကို သံသယမရှိသင့်ဘဲ ထိန်းချုပ်မှုကို လွှတ်ပေးသင့်သည်၊ မကြီးကြပ်သင့်၊ ထိုသူကျေနပ်သလို လုပ်ဆောင်ခွင့်ပေးသင့်သည်၊ သံသယရှိလျှင် ထိုသူကို အလုပ်မခန့်သင့်ဟု ဆိုလိုသည်။ ဤသို့ အဓိပ္ပာယ်ရသည်မဟုတ်လော။ ဤသည်မှာ လွန်စွာပင် မှားယွင်းသည်။ လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို အလွန်အမင်း ခံထားရသည်။ လူတိုင်းတွင် စာတန်ဆန်သော စိတ်သဘောထားရှိပြီး၊ ဘုရားကို သစ္စာဖောက်နိုင်စွမ်းရှိကာ အတိုက်အခံလုပ်နိုင်စွမ်းရှိသည်။ မည်သူကမျှ စိတ်မချရဟု ဆိုနိုင်သည်။ လူတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ဘောင်ခတ်ခြင်းကို ခံရပြီး မိမိတို့ကိုယ်ကို မထိန်းချုပ်နိုင်သောကြောင့် လူတစ်ယောက်က ကမ္ဘာအဆုံးထိ ကျိန်ဆိုလျှင်ပင် ဤသည်မှာ အသုံးမဝင်ပေ။ ၎င်းတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖြေရှင်းနိုင်မီ၊ ဘုရားကို ၎င်းတို့ အတိုက်အခံလုပ်ပြီး သစ္စာဖောက်သော ပြဿနာကို လုံးလုံးလျားလျား မဖြေရှင်းနိုင်မီ၊ လူတို့၏ အပြစ်များ၏ အရင်းအမြစ်ကို မဖြေရှင်းနိုင်မီတွင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံရမည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းကို မဖြတ်သန်းရသေးသကဲ့သို့ ကယ်တင်ခြင်းကို မရရှိသေးသောသူများသည် စိတ်မချရပေ။ ၎င်းတို့သည် ယုံကြည်ဖို့ မထိုက်တန်ပေ။ ထို့ကြောင့် သင်သည် တစ်စုံတစ်ဦးကို အလုပ်ခန့်သောအခါ ထိုသူကို ကြီးကြပ်ရမည်ဖြစ်ပြီး ၎င်းကို ညွှန်ကြားရမည်။ ထို့အပြင် ၎င်းကို ပြုပြင်ကာ သမ္မာတရားကို မကြာခဏ မိတ်သဟာယဖွဲ့ရမည်၊ ဤနည်းအားဖြင့်သာ ထိုသူကို ဆက်၍ အသုံးပြုနိုင်ခြင်းရှိမရှိကို ရှင်းလင်းစွာ သင် မြင်နိုင်လိမ့်မည်။ သမ္မာတရားကို လက်ခံနိုင်သောသူ၊ ပြုပြင်ခြင်းကို လက်ခံနိုင်သောသူ၊ တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်နိုင်ကာ မိမိတို့အသက်တာတွင် အဆက်မပြတ် တိုးတက်မှုရှိသောသူ အချို့ရှိလျှင်၊ ထိုလူများကိုသာ အမှန်တကယ် အသုံးပြုနိုင်သည်။ အမှန်တကယ် အသုံးပြု၍ရသောသူတို့၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်နှင့်ဆိုင်သည့် အတည်ပြုချက် ရှိသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ် မရရှိသောလူများကို စိတ်မချရပေ။ သူတို့သည် အလုပ်လုပ်ပေးသူများနှင့် အငှားလုပ်သားများ ဖြစ်ကြသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များကို ရွေးချယ်ခြင်းနှင့် ပတ်သက်လာလျှင် လူနည်းစုမျှကိုသာ အသုံးပြုနိုင်သည် သို့မဟုတ် အသုံးပြုရန်သင့်တော်သည်ဟု မှတ်ယူခြင်းခံရသော်လည်း အတော်အတန် မြင့်မားသော သူတို့၏အချိုးအစား၊ အနည်းဆုံး ထက်ဝက်ကျော်သည် ဖယ်ရှားရှင်းလင်းခြင်းခံရလေသည်။ ဤသည်မှာ အဖြစ်မှန်တစ်ခု ဖြစ်သည်။ အချို့သော အသင်းတော်ခေါင်းဆောင်များသည် အခြားသူတို့၏အလုပ်ကို မည်သည့်အခါမျှ ကြီးကြပ်ခြင်း သို့မဟုတ် စစ်ဆေးခြင်း မပြုကြဘဲ မိတ်သဟာယဖွဲ့ခြင်း သို့မဟုတ် အလုပ်အစီအစဉ်များ ရေးဆွဲပြီးသည်နှင့်တစ်ပြိုင်နက် ထိုအလုပ်ကို ဂရုမစိုက်ကြတော့ပေ။ ထိုအစား သူတို့သည် “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသော စကားအတိုင်း လိုက်နာကြပြီး “ကျန်သည့်အရာကို ဘုရားသခင် လုပ်ပါစေ” ဟုပင် မိမိတို့ဘာသာ ဆိုကြသည်။ ထို့နောက် သူတို့သည် သက်သောင့်သက်သာရှိမှုနှင့် သက်သာလွယ်ကူမှုကို စတင်၍ မွေ့လျော်ခံစားလာကြပြီး အကြောင်းအရာကို စုံစမ်းမေးမြန်းခြင်းမပြုဘဲ ယင်းကို လျစ်လျူရှုကြသည်။ ဤပုံစံအတိုင်း အလုပ်လုပ်ခြင်းအားဖြင့် သူတို့သည် ဝတ်ကျေတမ်းကျေ ဖြစ်နေသည်မဟုတ်လော။ သူတို့၌ တာဝန်သိစိတ် တစ်စုံတစ်ရာ ရှိသလော။ ထိုသို့သောလူများသည် အတုအယောင်ခေါင်းဆောင်များ မဟုတ်ကြသလော။ ဘုရားသခင်သည် လူတို့အနေဖြင့် မိမိတို့၏တာဝန်များကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ထမ်းဆောင်ကြရန် တောင်းဆိုသည်။ လူတို့ထံမှ ဘုရားသခင် တောင်းဆိုသည့်အရာသည် သမ္မာတရား ဖြစ်သည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်လုပ်သည့်အခါ သို့မဟုတ် မိမိတို့၏တာဝန်များကို ထမ်းဆောင်သည့်အခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များအစား နတ်ဆိုးများနှင့် စာတန်၏စကားများကို လိုက်နာပါက ဤသည်မှာ ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းနှင့် သစ္စာဖောက်ခြင်း၏ သရုပ်သကန်တစ်ခု မဟုတ်လော။ ဘုရားသခင်အိမ်တော်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များကို ရွေးကောက်သည့်အခါ သမ္မာတရားကို လက်ခံနိုင်သောလူများ၊ အသိတရားနှင့် ဆင်ခြင်တုံတရားရှိသော လူကောင်းများနှင့် အစွမ်းအစကောင်းရှိပြီး အလုပ်ကို ထမ်းရွက်နိုင်စွမ်း ရှိသောသူများကိုသာ အဘယ့်ကြောင့် ရွေးချယ်ရမည်နည်း။ အကြောင်းမှာ လူသားမျိုးနွယ်သည် အတွင်းလှိုက်အောင် ဖောက်ပြန်ပျက်စီးနေပြီး အသုံးပြု၍ရသောသူ တစ်ယောက်မျှ လုံးဝမရှိသလောက်ဖြစ်သောကြောင့် ဖြစ်သည်။ တစ်စုံတစ်ယောက်၌ နှစ်ပေါင်းများစွာ လေ့ကျင့်ပျိုးထောင်ခြင်း မရှိပါက သူတို့သည် အမှုအရာများကို ဆိုးဆိုးရွားရွားပင် အကျိုးသက်ရောက်မှုမရှိဘဲ လုပ်ဆောင်ကြပြီး မိမိတို့၏တာဝန်များကို ကောင်းစွာထမ်းဆောင်ရန် အခက်အခဲများစွာ ရှိကြသည်။ ထို့ပြင် သူတို့သည် အသုံးပြုရန် သင့်တော်လာခြင်းမရှိမီ အကြိမ်ပေါင်းများစွာ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းတို့ကို ခံရမည်ဖြစ်သည်။ လူအများစုသည် သူတို့၏ လေ့ကျင့်မှုကာလအတွင်း ဖော်ထုတ်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းကို ခံကြရပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အတော်အတန် မြင့်မားသောနှုန်းထားများဖြင့် ဖယ်ရှားရှင်းလင်းခြင်း ခံရကြသည်။ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း။ အကြောင်းမှာ လူသားမျိုးနွယ်သည် စာတန်၏ အတွင်းလှိုက်အောင် ဖောက်ပြန်ပျက်စီးစေခြင်းကို ခံထားရသောကြောင့် ဖြစ်သည်။ လူအများစုသည် သမ္မာတရားကို မချစ်ကြသကဲ့သို့ သူတို့သည် အသိတရားနှင့် ဆင်ခြင်တုံတရား၏ စံနှုန်းနှင့်လည်း မကိုက်ညီကြပေ။ သို့ဖြစ်၍ သူတို့အများစုကို အသုံးပြု၍မရပေ။ သူတို့သည် တာဝန်အချို့ကို ထမ်းဆောင်နိုင်ရန်အလို့ငှာ နှစ်ပေါင်းများစွာ ဘုရားသခင်ကို ယုံကြည်လက်ခံပြီး သမ္မာတရားအနည်းငယ်ကို နားလည်ရမည် ဖြစ်သည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အဖြစ်မှန် ဖြစ်သည်။ သို့ဖြစ်၍ ဤအရာကို အခြေခံ၍ “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသော စကားရပ်သည် လုံးလုံးမှားယွင်းပြီး လက်တွေ့တန်ဖိုး လုံးဝမရှိကြောင်း ငါတို့ ကောက်ချက်ချနိုင်ပါသည်။ “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသည် မိစ္ဆာဒိဋ္ဌိအယူဝါဒနှင့် မှားယွင်းပြီးအဓိပ္ပာယ်မဲ့သောအရာ ဖြစ်ကြောင်း ငါတို့ အသေအချာ ပြောနိုင်သည်။ ယင်းမှာ နတ်ဆိုးဆန်သော ဆိုရိုးစကား၊ စာတန်ဆန်သော အတွေးအခေါ်ဖြစ်ပြီး ထိုကဲ့သို့ သရုပ်ဖော်ခြင်းသည် လုံးလုံးလျားလျား သင့်လျော်ပေသည်။ ဘုရားသခင်က “ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို ယုံကြည်စိတ်ချနိုင်သည်” ဟူသော သဘောသက်ရောက်သည့် မည်သည့်အရာကိုမျှ လုံးဝ မပြောခဲ့ဖူးပေ။ ကိုယ်တော်သည် လူတို့ကို ရိုးသားရန် အမြဲတမ်း တောင်းဆိုခဲ့ပြီး၊ ခပ်သိမ်းသော လူသားမျိုးနွယ်အကြား၌ ရိုးသားသောလူ အလွန်နည်းပါးကြောင်း၊ အားလုံးသည် မုသားပြောနိုင်စွမ်းနှင့် လှည့်ဖြားနိုင်စွမ်းရှိကြောင်းနှင့် အားလုံး၌ လှည့်ဖြားတတ်သော စိတ်သဘောထား ရှိကြောင်း သက်သေပြလေသည်။ ထို့အပြင် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အနေဖြင့် ဘုရားသခင်ကို သစ္စာဖောက်နိုင်ခြေမှာ ရာနှုန်းပြည့်ဖြစ်ကြောင်း ဘုရားသခင် ပြောခဲ့သည်။ ဘုရားသခင်က လူတစ်ဦးကို အသုံးပြုလျှင်ပင် ထိုသူသည် နှစ်ပေါင်းများစွာ ပြုပြင်ခြင်းကို ခံရမည်ဖြစ်ပြီး အသုံးပြုခံရစဉ်အတွင်း၌ပင် သူသည် သန့်စင်ခြင်းခံရရန်အလို့ငှာ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို နှစ်ပေါင်းများစွာ ကြုံတွေ့ရမည်ဖြစ်သည်။ ယခုတွင်မူ အမှန်တကယ် စိတ်ချရသောသူ တစ်ယောက်တလေမျှ ရှိသလော၊ သင်တို့ ငါ့အား ပြောလော့။ မည်သူမျှ ထိုသို့ မပြောဝံ့ကြပေ။ မည်သူမျှ မပြောဝံ့ခြင်းက အဘယ်အရာကို သက်သေပြသနည်း။ လူအားလုံး စိတ်မချရကြောင်း ယင်းက သက်သေပြသည်။ သို့ဖြစ်၍ “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသော ဆိုရိုးစကားသို့ ပြန်ကောက်ကြစို့။ ယင်းမှာ မည်သည့်ပုံစံဖြင့် မှားယွင်းသနည်း။ ယင်းနှင့်ပတ်သက်၍ အဘယ်အရာက အဓိပ္ပာယ်မဲ့သနည်း။ ယင်းမှာ သူ့ဘာသာသူ ရှင်းနေသည် မဟုတ်လော။ အကယ်၍ မည်သူမဆို ဤဆိုရိုးစကားသည် တစ်နည်းနည်းဖြင့် မှန်ကန်သည် သို့မဟုတ် အသုံးချနိုင်သည်ဟု ယုံကြည်နေဆဲဖြစ်ပါက ထိုသူသည် သမ္မာတရား ကင်းမဲ့သောသူတစ်ဦး ဖြစ်သည်မှာ သေချာပြီး အဓိပ္ပာယ်မဲ့သောသူတစ်ဦး ဖြစ်သည်မှာ အမှန်ပင်။ ယနေ့ သင်တို့သည် ဤစကားရပ်နှင့်ပတ်သက်သည့် ပြဿနာကို သတိပြုမိနိုင်ပြီး ယင်းမှာ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာဖြစ်ကြောင်း ဆုံးဖြတ်နိုင်သည်။ ထို့ပြင် ဤသည်မှာ သင်တို့ ဘုရားသခင်၏အလုပ်ကို ကြုံတွေ့ခဲ့ပြီးဖြစ်၍ ယခုအခါ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အနှစ်သာရနှင့်ပတ်သက်၍ ပို၍ရှင်းလင်းစွာ သိမြင်နိုင်ပြီး ပို၍ရှင်းလင်းသော ထိုးထွင်းအမြင်များ ရရှိနိုင်သောကြောင့် လုံးလုံးဖြစ်ပေသည်။ ဤအကြောင်းကြောင့်သာ သင်တို့သည် ဤနတ်ဆိုးဆန်သော စကားရပ်၊ ဤမိစ္ဆာဒိဋ္ဌိအယူဝါဒနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာကို လုံးလုံးလျားလျား ငြင်းဆိုနိုင်ခြင်း ဖြစ်သည်။ အကယ်၍ ဘုရားသခင်၏ ကယ်တင်ခြင်းအလုပ်ကြောင့်သာ မဟုတ်ခဲ့ပါက သင်တို့သည်လည်း စာတန်၏ နတ်ဆိုးဆန်သော ဤဆိုရိုးစကား၏ အထင်အမြင်မှားစေခြင်းကို ခံရပြီးလျှင် ယင်းကို စံထားရသော အဆိုအမိန့် သို့မဟုတ် ဆောင်ပုဒ်တစ်ခုကဲ့သို့ပင် အသုံးပြုကြပေမည်။ သင်တို့၌ သမ္မာတရားလက်တွေ့ကျမှု လုံးဝ ရှိမည်မဟုတ်သည်မှာ သနားစရာ ကောင်းလိုက်မည့်ဖြစ်ခြင်း။
“ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဆိုသည့် စကားရပ်သည် လူအများစု ယခင်က ကြားဖူးကြသည့် စကားရပ်တစ်ခု ဖြစ်သည်။ ဤစကားရပ်ကို သင်တို့ မှန်သည်ဟု ယုံကြည်သလော သို့မဟုတ် မှားသည်ဟု ယုံကြည်သလော။ (မှားပါသည်။) ယင်းကို မှားသည်ဟု သင်တို့ယုံကြည်သည့်အတွက် လက်တွေ့ဘဝတွင် သင်တို့ကို ယင်းက အဘယ်ကြောင့် လွှမ်းမိုးနိုင်ဆဲ ဖြစ်ရသနည်း။ ဤသို့သော အမှုအရာမျိုး သင်တို့အပေါ် ဖြစ်ပျက်သည့်အခါ ဤအမြင်သည် ပေါ်ထွက်လာလိမ့်မည်။ ယင်းက သင်တို့ကို အတိုင်းအတာတစ်ခုအထိ နှောင့်ယှက်မည်ဖြစ်ပြီး သင်တို့ကို ယင်းက နှောင့်ယှက်သည်နှင့် တစ်ပြိုင်နက် သင်တို့၏အလုပ်သည် ထိခိုက်သွားလိမ့်မည်။ သို့ဆိုလျှင် သင်သည် ယင်းကို မှားသည်ဟု ယုံကြည်ပြီး ယင်းသည် မှားကြောင်း ဆုံးဖြတ်ထားပြီးဖြစ်ပါက အဘယ်ကြောင့် သင်သည် ယင်း၏လွှမ်းမိုးမှုကို ခံနေရဆဲဖြစ်ပြီး သင့်ကိုယ်သင် နှစ်သိမ့်ရန် ယင်းကို အဘယ်ကြောင့် အသုံးပြုနေဆဲ ဖြစ်သနည်း။ (အကြောင်းမှာ လူတို့သည် သမ္မာတရားကို နားမလည်သောကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ လက်တွေ့လုပ်ဆောင်ရန် ပျက်ကွက်ကြသဖြင့် ၎င်းတို့သည် စာတန်၏ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်ကို လက်တွေ့လုပ်ဆောင်ရန်အတွက် မိမိတို့၏စည်းမျဉ်းအဖြစ်ဖြစ်စေ၊ စံသတ်မှတ်ချက်အဖြစ်ဖြစ်စေ မှတ်ယူကြသောကြောင့် ဖြစ်ပါသည်။) ဤသည်မှာ အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်။ အခြားအကြောင်းရင်းများ ရှိသေးသလော။ (အကြောင်းမှာ ဤစကားရပ်သည် လူတို့၏ ဇာတိပကတိဆိုင်ရာ အကျိုးစီးပွားများနှင့် အတော်အတန် ကိုက်ညီသောကြောင့်ဖြစ်ပြီး ၎င်းတို့သည် သမ္မာတရားကို နားမလည်သည့်အခါ ဤစကားရပ်နှင့်အညီ အလိုအလျောက် ပြုမူကြမည်ဖြစ်သောကြောင့် ဖြစ်ပါသည်။) လူတို့သည် သမ္မာတရားကို နားမလည်သည့်အခါတွင်သာ ဤသို့ဖြစ်သည် မဟုတ်ဘဲ သမ္မာတရားကို နားလည်သည့်အခါ၌ပင် သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိကောင်း မရှိနိုင်ပေ။ ဤစကားရပ်သည် “လူတို့၏ ဇာတိပကတိဆိုင်ရာ အကျိုးစီးပွားများနှင့် အတော်အတန် ကိုက်ညီသည်” ဟူသည့်အချက်မှာ မှန်ကန်၏။ လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်မည့်အစား မိမိတို့၏ ဇာတိပကတိဆိုင်ရာ အကျိုးစီးပွားများကို ကာကွယ်ရန် စဉ်းလဲသော လှည့်ကွက်တစ်ခု သို့မဟုတ် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် စာတန်ဆန်သော အတွေးအခေါ်တစ်ခုကို လိုက်နာလိုကြသည်။ ထို့အပြင် ၎င်းတို့သည် ဤသို့ပြုလုပ်ရန် အခြေခံအကြောင်းရင်းတစ်ခု ရှိသည်။ ဤအခြေခံအကြောင်းရင်းကား အဘယ်နည်း။ ယင်းမှာ ဤစကားရပ်ကို လူထုက မှန်ကန်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားခြင်းပင်ဖြစ်သည်။ ၎င်းတို့သည် ဤစကားရပ်နှင့်အညီ အမှုအရာများကို လုပ်ဆောင်သည့်အခါ ၎င်းတို့၏ လုပ်ဆောင်ချက်များသည် အခြားသူများအားလုံး၏ရှေ့မှောက်တွင် ခိုင်လုံနိုင်ပြီး ဝေဖန်ခြင်းမှ ကင်းလွတ်နိုင်ကြသည်။ ကိုယ်ကျင့်တရားဆိုင်ရာ ရှုထောင့်မှ ရှုမြင်သည်ဖြစ်စေ၊ ဥပဒေရေးရာ ရှုထောင့်မှ ရှုမြင်သည်ဖြစ်စေ၊ ရိုးရာအယူအဆများ၏ ရှုထောင့်မှ ရှုမြင်သည်ဖြစ်စေ ယင်းသည် ခိုင်လုံသော အမြင်တစ်ခုနှင့် အလေ့အကျင့်တစ်ခု ဖြစ်သည်။ ထို့ကြောင့် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် မလိုလားသည့်အခါ သို့မဟုတ် ယင်းကို နားမလည်သည့်အခါတွင် သင်သည် ဘုရားသခင်ကို ပြစ်မှားရန်၊ သမ္မာတရားကို ချိုးဖောက်ရန်နှင့် ကိုယ်ကျင့်တရားဆိုင်ရာ အနိမ့်ဆုံးစည်းကို မကျော်လွန်သည့် နေရာသို့ ဆုတ်ခွာရန် ပို၍ လိုလားပေမည်။ ဤနေရာကား အဘယ်နည်း။ ယင်းမှာ “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသည့် အနိမ့်ဆုံးစည်းပင် ဖြစ်သည်။ ဤနေရာသို့ ပြန်သွားပြီး ဤစကားရပ်နှင့်အညီ ပြုမူခြင်းက သင့်အား စိတ်အေးစေလိမ့်မည်။ အဘယ်ကြောင့် ယင်းက သင့်အား စိတ်အေးစေသနည်း။ အကြောင်းမှာ အခြားသူတိုင်းလည်း ဤသို့ပင် တွေးသောကြောင့် ဖြစ်သည်။ ထို့အပြင် သင့်စိတ်နှလုံးထဲ၌ “အယောက်တိုင်းက ချိုးဖောက်နေချိန်တွင် ဥပဒေ မသက်ရောက်နိုင်” ဟူသော အယူအဆလည်း ရှိနေပြီး သင်က ဤသို့တွေးသည်၊ “လူတိုင်း ဤသို့တွေးကြသည်။ ငါသည် ဤစကားရပ်နှင့်အညီ လက်တွေ့လုပ်ဆောင်ပါက ဘုရားသခင်က ငါ့ကို ပြစ်တင်ရှုတ်ချသည်ဖြစ်စေ၊ မချသည်ဖြစ်စေ အရေးမကြီးပေ၊ အကြောင်းမှာ ငါသည် မည်သို့ပင်ဖြစ်စေ ဘုရားသခင်ကို မမြင်နိုင်သကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်ကိုလည်း မထိတွေ့နိုင်သောကြောင့် ဖြစ်သည်။ အနည်းဆုံးတော့ အခြားသူများ၏အမြင်တွင် ငါသည် လူသားဆန်သော လက္ခဏာများရှိသူ၊ အနည်းငယ် အသိတရားရှိသူအဖြစ် ရှုမြင်ခြင်းခံရမည်” ဟူ၍ ဖြစ်လေသည်။ သင်သည် ဤ “လူသားဆန်သော လက္ခဏာများ” အတွက်၊ လူတို့က သင့်အား ၎င်းတို့၏မျက်လုံးထဲတွင် ရန်လိုမှုမရှိဘဲ ရှုမြင်စေရန်အတွက် သမ္မာတရားကို သစ္စာဖောက်ရန် ရွေးချယ်သည်။ ထိုအခါ လူတိုင်းက သင့်ကို ကောင်းသည်ဟု ထင်မြင်ကြမည်ဖြစ်ပြီး သင်သည် ဝေဖန်ခြင်းခံရမည်မဟုတ်၊ သင်သည် သက်သောင့်သက်သာ ဘဝဖြင့် နေထိုင်ရပြီး စိတ်အေးရလိမ့်မည်။ သင်ရှာဖွေသည့်အရာမှာ စိတ်အေးခြင်းဖြစ်သည်။ ဤစိတ်အေးခြင်းသည် လူတစ်ဦး သမ္မာတရားကို ချစ်မြတ်နိုးခြင်း၏ သရုပ်သကန်တစ်ခု ဟုတ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ဤသည်မှာ မည်သို့သော စိတ်သဘောထားမျိုး ဖြစ်သနည်း။ ယင်း၌ လှည့်ဖြားတတ်ခြင်း ပါဝင်သလော။ ယင်း၌ လှည့်ဖြားတတ်ခြင်း ပါဝင်ပေသည်။ သင်သည် ဤအကြောင်းကို အနည်းငယ် စဉ်းစားပြီးဖြစ်၍ “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသော စကားသည် မမှန်ကန်ကြောင်း၊ ယင်းမှာ သမ္မာတရားမဟုတ်ကြောင်း သင် သိရှိသည်။ သို့ဆိုလျှင် သင်သည် အကျပ်အတည်း ကြုံသောအခါ သမ္မာတရားကို မရွေးချယ်ဘဲ၊ ယင်းအစား လူတို့ သဘောပေါက်လက်ခံရ အလွယ်ဆုံးသော ရိုးရာယဉ်ကျေးမှုမှ ဆင်းသက်လာသည့် အတွေးအခေါ်ဆိုင်ရာ စကားရပ်မျိုးကို အဘယ့်ကြောင့် လိုက်နာကျင့်သုံးနေသေးသနည်း။ ဤအရာကို သင် အဘယ့်ကြောင့် ရွေးချယ်သနည်း။ ဤသည်မှာ လူတို့၏ ရှုပ်ထွေးသော အတွေးအခေါ်များနှင့် သက်ဆိုင်ပြီး ရှုပ်ထွေးသော အတွေးအခေါ်များ ရှိသည်နှင့်တစ်ပြိုင်နက် မည်သို့သော စိတ်သဘောထားမျိုး ပါဝင်ပတ်သက်လာသနည်း။ (ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်သည်။) ကောက်ကျစ်ဆိုးယုတ်မှုအပြင် ဤနေရာတွင် အခြားလက္ခဏာသွင်ပြင်တစ်ခုလည်း ပါဝင်နေသည်။ သင်သည် ထိုစကားရပ်ကို မှန်ကန်သည်ဟု အပြည့်အဝ အသိအမှတ်မပြုလင့်ကစား သင်သည် ယင်းကို လိုက်နာကျင့်သုံးနိုင်သေးပြီး ယင်း၏ လွှမ်းမိုးချုပ်ကိုင်မှုကို ခံနေသည်။ ဤနေရာတွင် သေချာသော အရာတစ်ခုရှိ၏။ သင်သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သူဖြစ်ပြီး၊ သင်သည် သမ္မာတရားကို ချစ်မြတ်နိုးသူတစ်ဦး မဟုတ်ပေ။ ဤသည်မှာ ထိုစိတ်သဘောထား မဟုတ်လော။ (ဟုတ်ပါသည်။) ဤမျှလောက်ကို သေချာပါသည်။ လူတို့သည် အမှုအရာများကို လုပ်ဆောင်သောအခါ ရှုမြင်ချက်များစွာ၏ လွှမ်းမိုးခြင်းကို ခံကြရပြီး အမှန်တကယ်တွင် သင်သည် ထိုသို့သော ရှုမြင်ချက်များမှာ မှန်ကန်သည်ဟု သင်၏စိတ်နှလုံးထဲ၌ ယုံကြည်ချင်မှယုံကြည်မည် ဖြစ်သော်ငြားလည်း သင်သည် ယင်းတို့ကို လိုက်နာကျင့်သုံးပြီး စွဲကိုင်ထားနိုင်ကာ ယင်းမှာ စိတ်သဘောထားတစ်မျိုးမျိုး၏ တွန်းအားပေးမှုကြောင့် ဖြစ်သည်။ သင်သည် ဤရှုမြင်ချက်များကို မှားယွင်းသည်ဟု ယုံကြည်သည့်တိုင် သင်သည် ယင်းတို့၏ လွှမ်းမိုးခြင်း၊ ချုပ်ကိုင်ခြင်းနှင့် ကြိုးကိုင်ခြယ်လှယ်ခြင်းတို့ကို ခံရနိုင်သေးသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ ဥပမာအနေဖြင့် အချို့သောလူများသည် မူးယစ်ဆေးဝါးသုံးစွဲခြင်း သို့မဟုတ် လောင်းကစားခြင်းသည် မကောင်းကြောင်း ပြောလည်းပြောနေပြီး သူတို့အနေဖြင့် အရာရာ ဆုံးရှုံးကောင်း ဆုံးရှုံးရမည်ကို စိုးရိမ်၍ အခြားသူများကို ထိုသို့သောအရာများအား မလုပ်ဆောင်ကြရန်ပင် အကြံပေးလင့်ကစား မူးယစ်ဆေးဝါးသုံးစွဲခြင်း သို့မဟုတ် လောင်းကစားခြင်းတို့ကို ပြုလုပ်ကြသည်။ ထိုသို့သောအရာများကို မှားယွင်းသည်ဟူ၍လည်းကောင်း၊ ယင်းတို့သည် အပျက်သဘောဆောင်သော အရာများဖြစ်သည်ဟု သူတို့ ယုံကြည်ကြသော်လည်း ယင်းတို့ကို လက်လျှော့ပြီး စွန့်လွှတ်နိုင်သလော။ (မစွန့်လွှတ်နိုင်ပါ။) သူတို့သည် မည်သည့်အခါမျှ ကိုယ်တိုင်မရပ်တန့်နိုင်ကြသည့်အပြင် “လောင်းကစားဆိုသည်မှာ ပိုက်ဆံရှာသော နည်းလမ်းတစ်ခုလည်း ဖြစ်သောကြောင့် သက်မွေးမှုလုပ်ငန်းတစ်ခု ဖြစ်သွားနိုင်သည်” ဟုပင် ပွင့်ပွင့်လင်းလင်း ဆိုကြသည်။ ယင်းကို သူတို့ လှပအောင်ပြောနေကြသည် မဟုတ်လော။ အမှန်တကယ်တွင် သူတို့သည် မိမိတို့ဘာသာ “ဤသည်မှာ မည်သို့သော သက်မွေးမှုလုပ်ငန်းမျိုး ဖြစ်လေသနည်း။ ကျွန်ုပ်ပိုင်ဆိုင်သည့် တန်ဖိုးရှိသော အရာအားလုံးကို ပေါင်နှံပြီး ယင်းမှရရှိသော ပိုက်ဆံအားလုံးလည်း ဆုံးရှုံးခဲ့ပြီးပြီ။ အနှစ်ချုပ်လိုက်သော် လောင်းကစားသမား တစ်ဦးတစ်ယောက်မျှ ပုံမှန်ဘဝဖြင့် အသက်မရှင်သန်နိုင်ကြ” ဟု စဉ်းစားကြသည်။ သို့ဆိုလျှင် သူတို့သည် ယင်းကို အဘယ့်ကြောင့် ထိုသို့ လှပအောင်ပြောနေကြသေးသနည်း။ အကြောင်းမှာ သူတို့က မစွန့်လွှတ်နိုင်သောကြောင့် ဖြစ်သည်။ ထို့ပြင် သူတို့ အဘယ်ကြောင့် မစွန့်လွှတ်နိုင်ကြသနည်း။ အကြောင်းမှာ ယင်းသည် သူတို့၏သဘာဝထဲ၌ ရှိနေသောကြောင့် ဖြစ်သည်။ ယင်းမှာ ထိုနေရာ၌ အမြစ်တွယ်ပြီးသားဖြစ်သည်။ သူတို့က ဤအရာကို လိုအပ်ပြီး ယင်းကို မပုန်ကန်နိုင်ကြ၊ ယင်းမှာ သူတို့၏သဘာဝ ဖြစ်၏။ “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသော စကားရပ်နှင့်ပတ်သက်၍ ငါတို့သည် အတော်အတန် မိတ်သဟာယ ဖွဲ့ခဲ့ပြီးသလောက် ဖြစ်သည်။ လူတစ်ဦးသည် ဤစကားရပ်၏ လွှမ်းမိုးမှုကို ခံရခြင်းမှာ သူတို့၌ ထိုသို့သော ရှုမြင်ချက်မျိုးကို လက်ခံရန် တဒင်္ဂစိတ်ပေါက်ခြင်းကြောင့်လော သို့မဟုတ် စာတန်က ဂရုမစိုက်သည့် အခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ဤသူ၌ ထိုသို့သော ရှုမြင်ချက်မျိုးကို သွတ်သွင်းခဲ့ပြီး သူ့ကို ထိုအတိုင်း ပြုမူစေခဲ့သောကြောင့်လော။ (မဟုတ်ပါ။) ဤသည်မှာ ထိုလူ၏ ဖောက်ပြန်ပျက်စီးသော သဘာဝနှင့် သက်ဆိုင်သည်။ သူသည် ထိုသို့သောလမ်းစဉ်ကို ရွေးချယ်သည်မှာ ဤအရာသည် သူ၏သဘာဝထဲ၌ ရှိသောကြောင့် ဖြစ်သည်။ “ခန့်အပ်ထားသူများကို သံသယမဝင်သကဲ့သို့ သံသယဝင်သောသူများကို မခန့်အပ်နှင့်” ဟူသော စကားရပ်ကို ဤသို့ စိတ်ဖြာလေ့လာဆွေးနွေးပြီးနောက် သင်တို့သည် ယခုတွင် ယင်းကို အခြေခံအားဖြင့် နားလည်ကြပြီဖြစ်သည်။ ဤစကားရပ်ကို လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် စာတန်၏အတွေးအခေါ်အဖြစ် သတ်မှတ်သည်။ ယင်းမှာ မည်သည့်နည်းနှင့်မျှ သမ္မာတရားမဟုတ်ပေ။ ယင်း၌ သမ္မာတရားနှင့် တစ်စုံတစ်ရာ ဆက်စပ်မှု ရှိသလော။ (မရှိပါ။) ယင်း၌ သမ္မာတရားနှင့် လုံးဝ ဆက်စပ်မှုမရှိသည့်အပြင် ယင်းကို ဘုရားသခင်က ပြစ်တင်ရှုတ်ချသည်။ ယင်းမှာ သမ္မာတရားမဟုတ်။ ဘုရားသခင်ထံမှလာခြင်း မဟုတ်ဘဲ စာတန်ထံမှ လာသည်။ ဤစကားရပ်သည် သမ္မာတရား သို့မဟုတ် ဘုရားသခင်ကို ယုံကြည်သူများ မည်သို့ ပြုမူလုပ်ဆောင်သင့်သည်၊ မည်သို့ ကျင့်ကြံပြုမူပြီး ဘုရားသခင်ကို ကိုးကွယ်သင့်သည် ဟူသော စံသတ်မှတ်ချက်နှင့် လုံးဝမသက်ဆိုင်ကြောင်း အသေအချာ ဆိုနိုင်ပါသည်။ ဤစကားရပ်ကို လုံးလုံးလျားလျား ပြစ်တင်ရှုတ်ချထားပြီး ဖြစ်သည်။ ဤစကားရပ်၏ မှားယွင်းပြီးအဓိပ္ပာယ်မဲ့သော အရည်အသွေးများသည် နှိုင်းစာကြည့်လျှင် အတော်အတန် ထင်ရှားပြီး ယင်းက မှန်ကန်သည်၊ မမှန်ကန်သည်ကို သင်တို့အနေဖြင့် ပိုင်းခြားသိမြင်ရန် လွယ်ကူစေသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။