နောက်ဆက်တွဲ ၁- သမ္မာတရားဟူသည်မှာ (အခန်း နှစ်)
၂။ “နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ” ဟူသည့် အတွေးအခေါ်ကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း
“နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ” ဟူသည့် နောက်ထပ်ဆိုရိုးစကားနှင့် ပတ်သက်၍ ပြောကြပါစို့။ ဤအရာက မည်သည့်အရာကို ဆိုလိုကြောင်း မည်သူ ရှင်းပြနိုင်သနည်း။ (“နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ” ဟူသည့် ဆိုရိုးစကားထဲတွင် ချုံဟူသည်မှာ ထင်းကို ရည်ညွှန်းပြီး ချို (ဂျို) ဟူသည်မှာ သည်းခြေအိတ်ကို ရည်ညွှန်းသည်။ ယင်းမှာ ယွဲတိုင်းပြည်၏ ရှင်ဘုရင် ဂိုကျန်က နေ့စဉ် ထင်းပုံပေါ်အိပ်ပြီး သည်းခြေအိတ်တစ်ခုကို လျက်ခဲ့ပုံ၊ ရှုံးနိမ့်မှု၏ အနိဋ္ဌာရုံမှ ထလာပြီး လက်စားချေကာ သူ၏တိုင်းပြည်ကို ပြန်ရယူလိုသည့်ပုံနှင့် ပတ်သက်၍ ပြောဆိုခြင်း ဖြစ်ပါသည်။) သင်သည် ဤစကားပုံ၏ နောက်ခံဖြစ်သည့် ယင်းဆင်းသက်လာရာ အဖြစ်အပျက်ကို ရှင်းပြခဲ့ပြီးဖြစ်၏။ ပုံမှန်အားဖြင့် ဆိုရိုးစကားတစ်ခုကို ရှင်းပြသောအခါ နောက်ခံအကြောင်းကို ရှင်းပြသည့်အပြင် ယနေ့ခေတ်၌ ယင်းကို လူတို့သုံးသောအခါ မည်သည့်တင်စားမှုအတွက် ဖြစ်သည်ဟူသည့် ထိုဆိုရိုးစကား၏ ရည်ရွယ်ထားသော အဓိပ္ပာယ်ကို ရှင်းပြရသည်။ ယင်းကို ထပ်မံ ရှင်းပြဦးလော့။ (ယင်းသည် အလုပ်ကို ဇောက်ချ လုပ်ကိုင်ပြီး မိမိ၏ ရည်မှန်းချက်ပန်းတိုင်နှင့် ဆန္ဒများကို အောင်မြင်ပြီးမြောက်ဖို့ ရုန်းကန်ကာ ကြိုးစားသော လူတစ်ဦးအား တင်စားမှုတစ်ခု ဖြစ်ပါသည်။) သို့ဆိုလျှင် “ချုံ” နှင့် “ချို” ကို ဤနောက်ခံအကြောင်းရင်းတွင် မည်သို့ ရှင်းပြသင့်သနည်း။ သင်သည် အဓိပ္ပာယ်၏ ဤအချက်နှစ်ချက်ကို မရှင်းပြခဲ့ချေ။ ထိုစကားလုံးများကို ကြည့်လျှင် “ချုံ” သည် ဆူးများရှိသည့် ထင်းတစ်မျိုးကို ဆိုလို၏။ သူသည် အိပ်စက်ရန် ဆူးများရှိသည့် ထင်းပေါ်တွင် လဲလျောင်းပြီးနောက် သူ၏ အခြေအနေများနှင့် ဂုဏ်သရေညှိုးခြင်းကို မိမိကိုယ်ကို မကြာခဏ ပြန်သတိဖော်ကာ သူထမ်းခဲ့သည့် အထူးတာဝန်ကို မိမိကိုယ်ကို မကြာခဏ ပြန်သတိဖော်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သူသည် မျက်နှာကြက်တွင် သည်းခြေအိတ်တစ်ခုကို ချိတ်ပြီး နေ့တိုင်း လျက်ခဲ့သည်။ သည်းခြေအိတ်ကို လျက်သောအခါ လူတို့ မည်သည့် အရသာခံရသနည်း။ (ခါးသက်မှုဖြစ်သည်။) ယင်းမှာ အလွန်ခါးပေမည်။ သူက သူ၏ အမုန်းတရားကို မမေ့ဖို့၊ သူ၏ အထူးတာဝန်ကို မမေ့ဖို့နှင့် သူ၏ဆန္ဒကို မမေ့ဖို့အတွက် မိမိကိုယ်ကို သတိဖော်ရန် ဤခံစားချက်ကို အသုံးပြုခဲ့သည်။ သူ၏ဆန္ဒမှာ အဘယ်နည်း။ သူ၏တိုင်းပြည်ကို ပြန်အရယူခြင်းဟူသည့် ကြီးမားသော အလုပ်တာဝန်ပင်။ နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ ဟူသည် ပုံမှန်အားဖြင့် မည်သည့်တင်စားမှုအတွက် ဖြစ်သနည်း။ ယင်းမှာ ပုံမှန်အားဖြင့် ဆိုးရွားသောအခြေအနေများ၌ ရှိနေသော်လည်း မိမိ၏ အထူးတာဝန်နှင့် ဆန္ဒများကို မမေ့လျော့သူနှင့် မိမိ၏ဆန္ဒများ၊ ရည်သန်မျှော်မှန်းချက်များနှင့် အထူးတာဝန်အပေါ် အဖိုးအခ ပေးနိုင်စွမ်းရှိသော လူတစ်ဦးအတွက် ဖြစ်လေသည်။ ဤသည်မှာ အနည်းနှင့်အများ ယင်းက ဆိုလိုသည့်အရာ ဖြစ်သည်။ လောကီလူတို့၏ အမြင်၌ “နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ” ဟူသည့် ဆိုရိုးစကားသည် အပြုသဘောဆောင်သည့် ဆိုရိုးဖြစ်သလော၊ အပျက်သဘောဆောင်သည့် ဆိုရိုးဖြစ်သလော။ (အပြုသဘော ဆောင်သည့်ဆိုရိုး ဖြစ်သည်။) ယင်းကို အပြုသဘောဆောင်သည့် ဆိုရိုးစကားအဖြစ် အဘယ့်ကြောင့် မြင်ရသနည်း။ ယင်းက လူတို့အား မိမိတို့၏ အမုန်းတရားနှင့် ဂုဏ်သရေညှိုးခြင်းကို မမေ့လျော့ဖို့၊ ဆင်းရဲဒုက္ခကြားထဲရှိ လူတို့အား တွန်းအားပေးနိုင်ကာ မိမိတို့ကို အလုပ်ကြိုးစားအောင်နှင့် ပို၍သန်မာလာဖို့ ကြိုးပမ်းအောင် လုပ်ဆောင်နိုင်သည်။ ယင်းမှာ အတော်အတန် လှုံ့ဆော်နိုင်သော ဆိုရိုးစကားဖြစ်၏။ လောကီလူတို့၏ အမြင်တွင် ဤသည်မှာ သေချာပေါက် အပြုသဘောဆောင်သော ဆိုရိုးစကားဖြစ်သည်။ အကယ်၍ လူတို့သည် ဤဆိုရိုးစကားအတိုင်း ပြုမူလျှင် ၎င်းတို့ ပြုလုပ်သည့်အရာ၊ အမှုအရာများ ပြုလုပ်ဖို့ ၎င်းတို့၏ ကြံရွယ်ချက်၊ အမှုအရာများကို ၎င်းတို့ ပြုလုပ်သည့်နည်းလမ်းနှင့် ၎င်းတို့ လိုက်နာကျင့်သုံးသည့် စည်းမျဉ်းများမှာ မှန်ကန်ပြီး အပြုသဘောဆောင်သည်မှာ သံသယမရှိပေ။ ဤသို့ဆိုသော် ဤဆိုရိုးစကားတွင် အခြေခံအားဖြင့် ဘာမျှမမှားသည်ဖြစ်၍ ဤဆိုရိုးစကားကို တင်ပြခြင်းအားဖြင့် ငါတို့ စိတ်ဖြာလေ့လာ ဆွေးနွေးလိုသော အရာမှာ အဘယ်နည်း။ ငါတို့ ပြောချင်သည့် အရာမှာ အဘယ်နည်း။ (ဤဆိုရိုးစကားသည် သမ္မာတရားနှင့် မည်သည့်ပုံစံများဖြင့် ဆန့်ကျင်နေကြောင်း ကျွန်ုပ်တို့ စိတ်ဖြာလေ့လာ ဆွေးနွေးလိုခြင်း ဖြစ်သည်။) မှန်၏။ ယင်းသည် သမ္မာတရား ဟုတ်မဟုတ်ကို ငါတို့ ပိုင်းခြားသိမြင်လိုသည်။ ဤဆိုရိုးစကားသည် အလွန် “မှန်ကန်” နေသည့်အတွက် ယင်းက မည်သည့်ပုံစံများကွက်တိဖြင့် “မှန်ကန်” နေကြောင်း ငါတို့အနေဖြင့် စိတ်ဖြာလေ့လာဆွေးနွေးပြီး မှန်ကန်ကြောင်း အတည်ပြုဖို့ ထိုက်တန်သည်။ ထို့နောက် ငါတို့၌ ယင်း၏ တိကျမှန်ကန်သော အဓိပ္ပာယ်ဖွင့်ဆိုချက် ရှိမည်ဖြစ်ပြီး ယင်းသည် အမှန်ပင် သမ္မာတရား ဟုတ်မဟုတ် ကြည့်ရှုစစ်ဆေးနိုင်သည်။ ဤသည်မှာ ငါတို့ ရယူအောင်မြင်လိုသည့် နောက်ဆုံးရလဒ် ဖြစ်၏။ “နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ” ဟူသည့် ဆိုရိုးစကားသည် အထူးအခြေအနေများတွင် လူတို့ စွဲကိုင်ထားသည့် ဆက်လက်ရှင်သန်ရေး နိယာမတစ်ခု ဖြစ်၏။ ပထမဦးစွာ သေချာသိအောင် လုပ်ကြစို့၊ ဤဆိုရိုးစကားမှာ သမ္မာတရား ဟုတ်သလော။ (မဟုတ်ပါ။) ယင်းက သမ္မာတရား ဟုတ်သည်၊ မဟုတ်သည်ကို ပြောခြင်းဖြင့် အစမပြုကြစို့။ လူတို့ သိမြင်နိုင်သည့် ယင်း၏ တိုက်ရိုက်အဓိပ္ပာယ်မှနေ၍ ပြောရလျှင် ဤဆိုရိုးစကား၌ အပျက်သဘောဆောင်သော အဓိပ္ပာယ် မရှိပေ။ သို့ဆိုလျှင် ယင်း၌ အပြုသဘောဆောင်သော မည်သည့်အဓိပ္ပာယ် ရှိသနည်း။ ယင်းက လူတို့ကို စိတ်အားထက်သန်စေ၍ စိတ်ပိုင်းဖြတ်မှုကို ခိုင်မာစေကာ နောက်မဆုတ်ဘဲ၊ စိတ်ဓာတ်မကျဘဲ၊ သူရဲဘောမကြောင်ဘဲ ဆက်လက်တိုက်ပွဲဝင်စေနိုင်၏။ ယင်းတွင် အပြုသဘောဆောင်သော အသုံးဝင်သည့် ရှုထောင့်တစ်ရပ် ရှိနေသည်။ သို့ရာတွင် လူတို့အနေဖြင့် ဤဆိုရိုး၌ပါဝင်သည့် ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်မှု စည်းမျဉ်းများကို မည်သည့်အခြေအနေများ၌ စောင့်ထိန်းဖို့ လိုအပ်သနည်း။ ဤဆိုရိုးစကားက ထိန်းသိမ်းသည့် စည်းမျဉ်းများနှင့် ဘုရားသခင်အား ယုံကြည်လက်ခံခြင်းကြားထဲတွင် ဆက်နွှယ်မှု ရှိသလော။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဆက်နွှယ်မှု ရှိသလော။ မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ဆက်နွှယ်မှု ရှိသလော။ ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်ခြင်းနှင့် ဆက်နွှယ်မှု ရှိသလော။ (မရှိပါ။) သင်တို့သည် အလွန်လျင်မြန်စွာ ကောက်ချက်ချလိုက်သလော။ ဆက်နွှယ်မှုမရှိဟု သင်တို့ မည်သို့ သိသနည်း။ (ဘုရားသခင်၏ နှုတ်ကပတ်တော်များက ထိုသို့ မဆိုပါ။) ထိုသို့ပြောသည်မှာ အလွန်အမင်း အလွယ်လိုက်ပြီး တာဝန်မဲ့သောအရာ ဖြစ်၏။ သင်သည် နားမလည်ဘဲနှင့် “မည်သို့ဆိုစေ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် မရှိသည့်အပြင် ဤဆိုရိုးစကားက မည်သည့်အရာ ဆိုလိုကြောင်း မသိသဖြင့် ကျွန်ုပ် နားထောင်မည် မဟုတ်တော့ပေ။ ယင်းက ဆိုလိုချင်သည့်အရာ ဆိုလိုနိုင်သော်လည်း ကျွန်ုပ် ယုံကြည်မည်မဟုတ်” ဟု ပြောသောအခါ ဤသို့ပြောသည်မှာ တာဝန်မဲ့သောအရာ ဖြစ်သည်။ သင်သည် ယင်းကို အလေးအနက် ကိုင်တွယ်ဖြေရှင်းရမည်။ ယင်းကို သင် အလေးအနက် ကိုင်တွယ်ဖြေရှင်းပြီး လုံးစေ့ပတ်စေ့ နားလည်ကာ ယင်းနှင့်ပတ်သက်၍ စစ်မှန်သော ပိုင်းခြားသိမြင်မှု ရှိလာသည့်အခါ ဤဆိုရိုးစကားကို သမ္မာတရားအဖြစ် မည်သည့်အခါမျှ သဘောထားမည် မဟုတ်တော့ပေ။ ယခုတွင် ကျွန်ုပ်သည် သင့်အား ဤဆိုရိုးစကား၏ တိကျမှန်ကန်မှုကို ငြင်းဆိုအောင် လုပ်နေခြင်း မဟုတ်။ ထိုအစား ဤဆိုရိုးစကားသည် သမ္မာတရားမဟုတ်ကြောင်း သင့်ကို နားလည်အောင် လုပ်နေခြင်းနှင့် သင် နားလည်သင့်သည်မှာ မည်သည့်သမ္မာတရားများ ဖြစ်ကြောင်း၊ အလားတူ အခြေအနေများတွင် သမ္မာတရားကို မည်သို့ စောင့်ထိန်းသင့်ကြောင်း ပြနေခြင်းသာ ဖြစ်သည်။ သင် နားလည်သလော။ သို့ဆိုလျှင် သင်တို့၏ နားလည်သဘောပေါက်မှုမှာ မည်သည့်အရာဖြစ်သည်ကို ငါ့ကိုပြောလော့။ (နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ ဟူသည်မှာ ကံမကောင်းသော အချိန်များ၌ လူတို့ လက်တွေ့လုပ်ဆောင်သင့်ပုံနှင့် ပတ်သက်သော်လည်း ဘုရားသခင်၏ အိမ်တော်၌ “ကံဆိုးခြင်း” ဟူသည့် စကားလုံးမရှိပေ။ ဘုရားသခင်က လူတို့ကို ဖော်ထုတ်သောအခါ သို့မဟုတ် စမ်းသပ်မှုများ ကြုံစေသောအခါ ယင်းမှာ ၎င်းတို့အား စုံလင်အောင်ပြုလုပ်ပေးခြင်းဟူသည့် ဘုရားသခင်၏ လုပ်ငန်းစဉ် အစိတ်အပိုင်းချည်းသာ ဖြစ်၏။ ယင်းမှာ ကံဆိုးခြင်း မဟုတ်ပေ။ ဤဆိုရိုးစကားက လူတို့သည် ဤအခိုက်အတန့်တွင် ၎င်းတို့ခံစားရသည့် အခက်အခဲကို အောက်မေ့ပြီး ဆုံးရှုံးခဲ့ရသည်များကို အနာဂတ်တွင် ပြန်လည်အရယူရမည်ဟု ပြောပြခြင်းဖြစ်သည်။ ဤအသုံးအနှုန်းသည် ဘုရားသခင်၏ အိမ်တော်တွင် မခိုင်လုံပေ။ အနည်းငယ် မသင့်လျော်သော ဥပမာတစ်ခုကို ငါပေးမည်။ ဖြုတ်ချခြင်းခံရပြီးနောက်တွင် ခေါင်းဆောင်အချို့က “နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ” ဟူသည့် စကားရပ်ကို မိမိတို့ကိုယ်ကို တွန်းအားပေးဖို့ အသုံးပြုကာ “ယွဲတိုင်းပြည်၏ ရှင်ဘုရင်ဂိုကျန်ထံမှ ကျွန်ုပ်သင်ခန်းစာယူပြီး နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြလုပ်မည်။ ကျွန်ုပ်သည် ယခင်ရာထူးနေရာကို ပြန်လည်ရယူ၍ ခေါင်းဆောင်တစ်ဦး ပြန်ဖြစ်လာသည့် အချိန်တစ်ချိန် ရောက်လာလိမ့်မည်။ သင်တို့ မြင်တွေ့ရမည်။ ယခုမူကား သင်တို့သည် ကျွန်ုပ်အား ဤနေရာတွင် ညံ့ဖျင်းကြောင်း၊ ထိုနေရာတွင် ညံ့ဖျင်းကြောင်း ပြောဆိုဝေဖန်နေကြသည်။ တစ်နေ့တွင် ကျွန်ုပ် ဆုံးရှုံးခဲ့ရသည့်အရာကို ပြန်လည်ရယူပြီး ကျွန်ုပ်၏ အရည်အချင်းမှန်ကို သင်တို့အား သိမြင်စေရမည်။ ယခု ကျွန်ုပ်ခံစားနေခဲ့ရသော ထိုအရှက်ရခြင်းကို လုံးဝ ဆေးကြောသန့်စင်မည့်နေ့တစ်နေ့ မလွဲဧကန် ရောက်လာလိမ့်မည်” ဟု ပြောကြသည်။) ဤသည်မှာ အလွန်ကောင်းသော ဥပမာဖြစ်၏။ ယင်းက သင်တို့အား အသိဉာဏ်ပွင့်လင်းစေပြီး ဖြစ်သလော။ နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြလုပ်ချင်သည့် အချိန်များ သင်တို့၌ ရှိဖူးသလော။ ဆုံးရှုံးသွားခဲ့သည့် အခြေအနေကို ပြန်လည်အဖတ်ဆယ်ရန် သင်တို့ စဉ်းစားဖူးသလော။ (စဉ်းစားဖူးပါသည်။ လူတို့က ကျွန်ုပ်၏ရှုမြင်ချက်များကို ပယ်ချသောအခါ ကျွန်ုပ်၌ ဤစိတ်ကူးများ ရှိပါသည်။ ဥပမာ ကျွန်ုပ်သည် ညီအစ်ကို မောင်နှမများနှင့် အမှုအရာအချို့ကို ဆွေးနွေးနေပြီး ကျွန်ုပ်တင်ပြသည့် ရှုမြင်ချက်များကို သူတို့ မေးခွန်းထုတ်သောအခါ ကျွန်ုပ်၏စိတ်ထဲ၌ မခံချင်စိတ်ဖြစ်လာကာ “တစ်နေ့နေ့တွင် သင်တို့ကို ကျွန်ုပ် ကောင်းကောင်းကြီး လုပ်ပြမည်” ဟု တွေးလေသည်။ ထို့နောက် ကျွန်ုပ်သည် ထိုလုပ်ငန်းနယ်ပယ်ကို ကြိုးစား၍ သွားလေ့လာသော်လည်း ဤသည်မှာ မှားယွင်းသော စိတ်နေစိတ်ထား ဖြစ်ပါသည်။) ဤသည်မှာ သမ္မာတရားကို လက်ခံခြင်း၊ သမ္မာတရားကို ရှာဖွေခြင်း သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့်ဆိုင်သော သဘောထား မဟုတ်ဘဲ မခံချင်စိတ်နှင့် သူတစ်ပါးကို တစ်စုံတစ်ရာ သက်သေပြလိုသည့် ရှုံးနိမ့်ကြောင်း ဝန်မခံသော စိတ်သဘောထားတစ်ခုသာ ဖြစ်၏။ ဤသဘောထားမျိုးကို လူသားမျိုးနွယ်ကြားတွင် အပြုသဘောဆောင်သည်ဟု ယူဆထားကြသည်။ မည်သည့်အခါမျှ ရှုံးနိမ့်ကြောင်း ဝန်မခံခြင်းသည် လူတစ်ဦး ဇွဲရှိကြောင်းကို ဆိုလိုသော ပင်ကိုစရိုက်ကောင်းတစ်မျိုးဖြစ်သောကြောင့် ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မဟုတ်ဟု အဘယ့်ကြောင့် ဆိုရသနည်း။ ယင်းမှာ အမှုအရာများ လုပ်ဆောင်စဉ် ၎င်းတို့၏ သဘောထားနှင့် ၎င်းတို့ ပြုလုပ်သည့်အရာ၏ နောက်ကွယ်မှ စည်းမျဉ်းများနှင့် ကြံရွယ်ချက်များသည် သမ္မာတရားအပေါ် အခြေခံရမည့်အစား ယင်းတို့ကို “နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ” ဟူသော ရိုးရာယဉ်ကျေးမှု၌ရှိသည့် ဆိုရိုးစကားအပေါ် အခြေခံထားသောကြောင့် ဖြစ်လေသည်။ ဤပုဂ္ဂိုလ်သည် ဩဇာကြီးမားပြီး သူ၏ အနိုင်ယူလိုကာ ရှုံးနိမ့်ကြောင်း ဝန်မခံသည့် စိတ်ထားနှင့် သဘောထားတို့က လောကီကမ္ဘာရှိ လူတို့ထံမှ လေးစားမှုကို ရရှိသည်ဟု လူတစ်ဦးက ဆိုနိုင်သော်လည်း သမ္မာတရားနှင့်ရင်ဆိုင်ရသောအခါ ဤကဲ့သို့သော စိတ်ထားနှင့် ပင်ကိုစရိုက်မှာ မည်သည့်အရာ ဖြစ်သနည်း။ ယင်းတို့မှာ မပြောပလောက်ဘဲ အလွန်အမင်း ဆိုးရွားသည်။ ယင်းတို့ကို ဘုရားသခင် ရွံရှာ၏။ အခြားမည်သူ၌ မျှဝေပြောပြစရာ တစ်ခုခု ရှိသေးသနည်း။ (ကျွန်ုပ်သည် တာဝန်တစ်ခုကို ထမ်းဆောင်သောအခါ ထိုလုပ်ငန်းနယ်ပယ်နှင့် မရင်းနှီးသောကြောင့် လူတို့က ကျွန်ုပ်အား အလေးအနက်မထားဟု ကျွန်ုပ်ထင်၏။ ထို့ကြောင့် ကျွန်ုပ်၏ စိတ်နှလုံးထဲ၌ “ငါသည် ဤလုပ်ငန်းနယ်ပယ်ကို ကောင်းစွာ လေ့လာသင်ယူပြီး ငါအမှန်တကယ် စွမ်းဆောင်နိုင်ကြောင်း သင်တို့ကို မြင်အောင် လုပ်ဖို့လိုသည်” ဟု မိမိကိုယ်ကို တိတ်တဆိတ် လှုံ့ဆော်၏။ တစ်ခါတစ်ရံတွင် လူတို့သည် ကျွန်ုပ်၏တာဝန်ထဲမှ အားနည်းချက်များကို ထောက်ပြသောအခါ အပြောင်းအလဲဖြစ်လာအောင် ကြိုးစားအားထုတ်သည်။ ကျွန်ုပ်သည် ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံပြီး ထိုလုပ်ငန်းကို သင်ယူလေ့လာဖို့ အဖိုးအခပေးကာ ဆင်းရဲဒုက္ခ မည်မျှခံစားရပါစေ မျိုသိပ်ထားသော်လည်း ကျွန်ုပ်၏တာဝန်ကို မည်သို့ ကောင်းစွာ ထမ်းဆောင်ရမည်ကို လိုက်စားနေခြင်း မရှိပေ။ ထိုအစား အခြားသူများ ကျွန်ုပ်ကို အထင်ကြီးလေးစားအောင် လုပ်နိုင်ပြီး အခြားသူများ၏ လေးစားမှုကို ရယူနိုင်သော တစ်နေ့နေ့ကို ရှိလာစေချင်သည်။ နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ ဟူသည့် အခြေအနေမျိုးလည်း ကျွန်ုပ်၌ ရှိပါသည်။) သင်တို့အားလုံး မျှဝေပြောပြလိုက်သည့် အရာမှနေ၍ ပြဿနာတစ်ခုကို ငါသတိထားမိသည်။ သင်တို့သည် ဘုရားသခင်ကို ယုံကြည်လက်ခံလာသည်မှာ နှစ်ပေါင်းမနည်းတော့ပေ၊ သင်တို့၏ မိသားစုများနှင့် သက်မွေးမှုလုပ်ငန်းများကို စွန့်လွှတ်ခဲ့ပြီးဖြစ်ကာ ဆင်းရဲဒုက္ခကို ခံစားထားသည်မှာ မနည်းမနောဖြစ်လင့်ကစား အနည်းငယ်လေးသာ ရိတ်သိမ်းခဲ့ပြီဖြစ်သည်။ သင်တို့သည် သင်တို့၏ တာဝန်များတွင် ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံနိုင်စွမ်းနှင့် မိမိတို့ကိုယ်ကို အသုံးခံနိုင်စွမ်းလည်း ရှိပြီး အဖိုးအခပေးနိုင်စွမ်း ရှိသော်လည်း သမ္မာတရားတွင် အဘယ့်ကြောင့် မည်သည့်အခါမျှ မတိုးတက်ရသနည်း။ သင်တို့နားလည်သော သမ္မာတရားမှာ အလွန်နည်းပါးပြီး အလွန်ပေါ့တန်သည်မှာ အဘယ်သို့များ ဖြစ်သနည်း။ အကြောင်းရင်းမှာ သင်တို့သည် သမ္မာတရားအပေါ် အလေးထားမှု မရှိသောကြောင့် ဖြစ်သည်။ သင်တို့သည် နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ အမြဲလုပ်ချင်ပြီး သင်တို့၏ စိတ်နှလုံးများသည် မိမိတို့ကိုယ်ကို သက်သေပြဖို့ အလိုဆန္ဒဖြင့် ပြည့်နှက်နေသည်။ နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ ဟူသည်မှာ “ကြီးမားသော အနာစိမ်း” တစ်ခု ဖြစ်ကာ ဤသည်ကို ကောင်းသောအရာဟု သင် ထင်သလော။ နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ၏ နောက်ဆုံးရလဒ်မှာ အဘယ်နည်း။ လူတစ်ဦးသည် မိမိစွမ်းဆောင်နိုင်ပြီး ကျွမ်းကျင်မှုရှိကြောင်း၊ မိမိသည် အခြားသူများထက် မညံ့သည့်အပြင် မည်သူ့ကိုမျှ မရှုံးနိုင်ကြောင်း သက်သေပြလိုသောအခါ နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြလုပ်မည် ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် သူသည် “လူသားများထဲမှ အကြီးမြတ်ဆုံး ဖြစ်လာဖို့အတွက် အကြီးမားဆုံး ဆင်းရဲဒုက္ခများကို ကြံ့ကြံ့ခံမည်” ဖြစ်သည်။ သို့ဆိုလျှင် နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ ဟူသည့်အရာက ယင်းဘာသာ မည်သည့်ပုံစံများဖြင့် ပေါ်လွင်သနည်း။ ယင်းပေါ်လွင်သည့် ပထမပုံစံမှာ ရှုံးနိမ့်ကြောင်း ဝန်မခံခြင်း၌ ဖြစ်၏။ ဒုတိယမှာ အရှက်ကွဲခြင်းကို သည်းခံခြင်းနှင့် လေးလံသောဝန်ကို ထမ်းခြင်း၌ ဖြစ်၏။ သင်သည် အခြားသူများနှင့် အမှုအရာများကို ငြင်းခုံဖို့အတွက် စကားတစ်လုံးတလေမျှ အသုံးပြုခြင်း၊ ၎င်းတို့ကို ပြန်လည်ချေပခြင်း၊ သို့မဟုတ် မိမိကိုယ်ကို ကာကွယ်ခြင်း ရှိကောင်းရှိမည် မဟုတ်သော်လည်း တိတ်တဆိတ် ကြိုးစားအားထုတ်၏။ မည်သို့သော ကြိုးစားအားထုတ်မှုမျိုး ဖြစ်သနည်း။ ယင်းမှာ အခြားသူများ အပြင်ထွက်၍ ပျော်ပါးနေကြချိန် ညနက်သန်းခေါင်ထိ အလုပ်လုပ်ခြင်း၊ နံနက်စောစော ထခြင်း သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များအား ဖတ်ရှုခြင်းနှင့် သင်၏လုပ်ငန်းနယ်ပယ်နှင့် ပတ်သက်၍ လေ့လာသင်ယူခြင်း၊ လုံ့လဝီရိယ ပိုမိုစိုက်ထုတ်ခြင်း အစရှိသည့် သင်တို့ပေးဆပ်သော အဖိုးအခ ဖြစ်နိုင်သည်။ ဤသည်မှာ ဆင်းရဲဒုက္ခကို တွေ့ကြုံခံစားခြင်း ဟုတ်သလော။ ဤသည်ကို နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြဟု ခေါ်သည်။ ယင်းပေါ်လွင်သည့် တတိယပုံစံမှာ အဘယ်နည်း။ ယင်းသည် မိမိတို့၏ စိတ်ထဲ၌ ကြီးမားသော ရည်မှန်းချက်မျိုးရှိပြီး ဤကြီးမားသော ရည်မှန်းချက်ကြောင့် မိမိတို့၏ ပြဿနာများနှင့် ပတ်သက်၍ မညည်းညူသည့် လူတို့၌ ပေါ်လွင်သည်။ ၎င်းတို့သည် မိမိတို့ချမှတ်ထားပြီး ဖြစ်မြောက်အောင်မြင်လိုသော ရည်မှန်းချက်ပန်းတိုင်များကို စွဲကိုင်ထားလိုကြပြီး ဤကြိုးစားရုန်းကန်လိုစိတ်ကို ဆက်လက်ထိန်းသိမ်းထားလိုသည်။ ဤကြိုးစားရုန်းကန်လိုစိတ်မှာ မည်သည့်အရာ ဖြစ်သနည်း။ ဥပမာ သင်သည် ခေါင်းဆောင်ဖြစ်လိုလျှင် သို့မဟုတ် လုပ်ငန်းဆောင်တာတစ်ခုခုကို အောင်မြင်ပြီးမြောက်လိုလျှင် စိတ်ထဲ၌ ဤစိတ်အခြေအနေကို အမြဲတမ်း ထိန်းသိမ်းထားရမည်။ မိမိ၏ စိတ်ပိုင်းဖြတ်ချက်၊ မိမိ၏ အထူးတာဝန်၊ မိမိ၏ ရည်မှန်းချက်များနှင့် ရည်သန်မျှော်မှန်းချက်များကို မည်သည့်အခါမျှ မမေ့ရ။ ဤအရာကို စာကြောင်းတစ်ကြောင်းတည်းဖြင့် မည်ကဲ့သို့ ဖော်ပြမည်နည်း။ (တစ်စုံတစ်ခု လုပ်ဆောင်ဖို့အတွက် သင်၏ ကနဦးကြံရွယ်ချက်ကို မျက်ခြည်မပြတ်စေနှင့် ဟူ၍ပင်။) တစ်စုံတစ်ခု လုပ်ဆောင်ဖို့အတွက် သင်၏ ကနဦးကြံရွယ်ချက်ကို မျက်ခြည်မပြတ်ခြင်းမှာ မှန်သော်လည်း သိပ်မခိုင်လုံလှပေ။ (သင်စိတ်နှလုံးထဲ၌ ကြီးမားသော ရည်မှန်းချက်ကို ထားရှိလော့ ဟူ၍ပင်။) ယင်းသည် ပိုကောင်း၏။ ယင်းတွင် ထိုခံစားချက် အနည်းငယ်ပါ၏။ ဤစကားများကို ပို၍ တိကျမှန်ကန်ပြီး ကျစ်လျစ်သောနည်းဖြင့် မည်ကဲ့သို့ ပြောနိုင်မည်နည်း။ (ကြိုးစားရုန်းကန်လိုစိတ်နှင့် ရည်မှန်းချက်များ ဟူ၍ဖြစ်သည်။) ဤသည်ကို ပြည့်စုံသော အသုံးအနှုန်းဖြင့် မည်ကဲ့သို့ ဆိုမည်နည်း။ စစ်ပွဲများစွာ တိုက်လျှင် ကျရှုံးမှုများစွာ ရှိမည်ဖြစ်သော်လည်း ပို၍ရဲရင့်လာလေလေ၊ ပို၍ကြာကြာ သင်တိုက်နိုင်လေ ဖြစ်သည်။ ယင်းမှာ “လှေခွက်ချည်းကျန် အလံမလှဲ” ကြိုးစားရုန်းကန်လိုစိတ် ဖြစ်၏။ ယင်းမှာ လူအချို့က “ဖြုတ်ချခြင်းခံရပြီးနောက်တွင် သင် စိတ်ဓာတ်ကျသွားသလော။ ကျွန်ုပ်သည် အကြိမ်ပေါင်းများစွာ ဖြုတ်ချခံရဖူးသော်လည်း မည်သည့်အခါမျှ စိတ်ဓာတ်ကျမသွားခဲ့ပေ။ တစ်စုံတစ်ခုတွင် ကျွန်ုပ် ရှုံးနိမ့်သည့်အခါတိုင်း ပြန်လည်ရုန်းထသည်။ ကျွန်ုပ်တို့၌ ကြိုးစားရုန်းကန်လိုစိတ် ရှိဖို့လိုသည်” ဟု ပြောသည့်ပုံနှင့် တူ၏။ ၎င်းတို့၏ ရှုထောင့်မှကြည့်လျှင် ဤကြိုးစားရုန်းကန်လိုစိတ်သည် အပြုသဘောဆောင်သော အရာဖြစ်၏။ လူတို့၌ ရည်မှန်းချက်များ၊ ရည်သန်မျှော်မှန်းချက်များနှင့် ကြိုးစားရုန်းကန်လိုစိတ် ရှိသောအခါ မကောင်းသောအရာဟု ၎င်းတို့ မထင်ကြပေ။ မာနထောင်လွှားသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားက ထုတ်ဖော်ပြသည့် လိုအင်ဆန္ဒများနှင့် ပြင်းထန်သော ရည်မှန်းချက်များကို ၎င်းတို့ မည်ကဲ့သို့ သဘောထားပြုမူကြသနည်း။ ၎င်းတို့က ယင်းကို အပြုသဘောဆောင်သော အရာတစ်ခုအဖြစ် သဘောထားပြုမူကြသည်။ ထို့ကြောင့် မိမိတို့ ကြိုးစားရုန်းကန်နေသည့် ရည်မှန်းချက်ပန်းတိုင်နှင့် မိမိတို့က မှန်ကန်သည်ဟုထင်သည့် ရည်မှန်းချက်ပန်းတိုင်အား အောင်မြင်ပြီးမြောက်ရန်အတွက် နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ ဟူသည့် ဆင်းရဲဒုက္ခကို ခံနိုင်စွမ်းရှိခြင်းသည် မှန်ကန်သော လုပ်ဆောင်မှု ဖြစ်သည်၊ ယင်းကို လူတို့က နှစ်သက်သဘောကျစရာအဖြစ် ရှုမြင်ကြသည်၊ ပြီးလျှင် ယင်းသည် သမ္မာတရားဖြစ်ရမည်ဟု ၎င်းတို့ စဉ်းစားကြလေသည်။ ဤသည်တို့မှာ နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ၏ သရုပ်သကန်သုံးမျိုးပင် ဖြစ်၏။ ဤသရုပ်သကန်သုံးမျိုးက နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ၌ ပါရှိသော အဓိပ္ပာယ်ကို ရှင်းပြနိုင်သလော။ (ရှင်းပြနိုင်ပါသည်။) သို့ဆိုလျှင် ဤသရုပ်သကန်သုံးမျိုးအကြောင်း ငါ အသေးစိတ် မိတ်သဟာယဖွဲ့မည်။
က။ ရှုံးနိမ့်ကြောင်း ဝန်မခံခြင်း
နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ၏ ပထမ သရုပ်သကန်ဖြစ်သော ရှုံးနိမ့်ကြောင်း ဝန်မခံခြင်းနှင့်ပတ်သက်၍ ပြောခြင်းဖြင့် အစပြုကြစို့။ ရှုံးနိမ့်ကြောင်း ဝန်မခံခြင်းဟူသည် အဘယ်နည်း။ လူတို့၌ ပုံမှန်အားဖြင့် ရှုံးနိမ့်ကြောင်း ဝန်မခံသည့် စိတ်နေစိတ်ထား ရှိကြောင်း သက်သေပြသော မည်သည့်သရုပ်သကန်များ ရှိသနည်း။ ရှုံးနိမ့်ကြောင်း ဝန်မခံခြင်းသည် မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ (မာနထောင်လွှားမှုနှင့် စိတ်နှလုံးမာကျောခြင်း ဖြစ်ပါသည်။) ယင်း၌ မာနထောင်လွှားမှုနှင့် စိတ်နှလုံးမာကျောခြင်းဟူသည့် သိသာထင်ရှားသော စိတ်သဘောထားနှစ်ခု ပါဝင်၏။ အခြားရှိသေးသလော။ (အနိုင်ယူလိုခြင်း ဖြစ်သည်။) ဤသည်မှာ စိတ်သဘောထားတစ်ခု ဟုတ်သလော။ ဤသည်မှာ သရုပ်သကန်တစ်ခု ဖြစ်၏။ ယခု ငါတို့သည် စိတ်သဘောထားများအကြောင်း ပြောနေခြင်း ဖြစ်သည်။ (သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း ဖြစ်သည်။) သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းသည် ၎င်းတို့က သမ္မာတရားကို လက်ခံခြင်းမရှိဟု ဆိုလိုသည်မှာ အသေအချာပင်။ ဥပမာ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးက သင် လုပ်ဆောင်နေသည့် အရာသည် စည်းမျဉ်းများကို ဖောက်ဖျက်ရာရောက်ပြီး ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်နှေးစေသည်ဟု ဆိုကာ သင့်ကို ဖြုတ်ချလိုပါက သင်သည် “ဟွန့်။ ကျွန်ုပ်လုပ်နေသည့်အရာ မှားသည်ဟု ကျွန်ုပ်မထင်ပါ။ အကယ်၍ သင် ကျွန်ုပ်ကို ဖြုတ်ချလိုပါက ဖြုတ်ချလေ။ သင် ကျွန်ုပ်အား ယင်းကို လုပ်ခွင့်မပြုလျှင် ကျွန်ုပ် လုပ်တော့မည်မဟုတ်။ ကျွန်ုပ် ကျိုးနွံနာခံမည်” ဟု စဉ်းစားတော့သည်။ ဤကျိုးနွံနာခံခြင်းထဲ၌ ရှုံးနိမ့်ကြောင်း ငြင်းဆန်သည့် သဘောထား ပါရှိ၏။ ဤသည်မှာ စိတ်သဘောထားတစ်ခု ဖြစ်၏။ ဤစိတ်သဘောထားထဲတွင် မာနထောင်လွှားမှု၊ စိတ်နှလုံးမာကျောခြင်းနှင့် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းအပြင် အခြားမည်သည့်အရာ ပါဝင်သေးသနည်း။ ဘုရားသခင်အား ယှဉ်ပြိုင်လိုသည့် စိတ်သဘောထား ရှိသလော။ (ရှိပါသည်။) သို့ဆိုလျှင် ဤသည်မှာ မည်သည့်စိတ်သဘောထား ဖြစ်သနည်း။ ရက်စက်ကြမ်းကြုတ်ခြင်း ဖြစ်၏။ ဤမျှ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားကို သင်တို့ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိကြချေ။ ယင်းက ရက်စက်ကြမ်းကြုတ်သည်ဟု ငါ အဘယ့်ကြောင့် ဆိုသနည်း။ (၎င်းတို့က ဘုရားသခင်ကို ပြိုင်ဆိုင်လိုသောကြောင့် ဖြစ်ပါသည်။) သမ္မာတရားကို ပြိုင်ဆိုင်ဖို့ ကြိုးစားခြင်းကို ရက်စက်ကြမ်းကြုတ်သည်ဟု ခေါ်၏။ ယင်းမှာ အလွန်တရာ ရက်စက်ကြမ်းကြုတ်၏။ အကယ်၍ ၎င်းတို့သည် ရက်စက်ကြမ်းကြုတ်ခြင်း မရှိခဲ့လျှင် သမ္မာတရားကို ပြိုင်ဆိုင်ဖို့ ကြိုးစားမည် မဟုတ်သည့်အပြင် ဘုရားသခင်ကို ပြိုင်ဆိုင်ဖို့ သို့မဟုတ် သူနှင့်ယှဉ်ပြိုင်ဖို့ ကြိုးစားမည် မဟုတ်ပေ။ ဤသည်မှာ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားပင်။ ရှုံးနိမ့်ကြောင်း ဝန်မခံခြင်းထဲ၌ မာနထောင်လွှားမှုနှင့် စိတ်နှလုံးမာကျောခြင်း၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်းတို့ ရှိလေသည်။ ဤသည်တို့မှာ ယင်းနှင့် ဆက်စပ်နေသည့် သိသာထင်ရှားသော စိတ်သဘောထားများ ဖြစ်ကြ၏။ ရှုံးနိမ့်ကြောင်း ဝန်မခံခြင်းသည် မည်ကဲ့သို့ ပေါ်လွင်သနည်း။ ယင်း၌ မည်သည့်စိတ်နေစိတ်ထားများ ပါဝင်သနည်း။ ရှုံးနိမ့်ကြောင်း ဝန်မခံသောလူတို့က မည်သို့ စဉ်းစားသနည်း။ ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ၎င်းတို့သည် ဖြုတ်ချခံရခြင်းကဲ့သို့သော အရာများကို ကြုံတွေ့ရသောအခါ မည်သည့်အရာ ပြောသနည်း၊ မည်သည့်အရာ စဉ်းစားသနည်း၊ ပြီးလျှင် မည်သည့်အရာ ထုတ်ဖော်သနည်း။ အတွေ့ရဆုံး သရုပ်သကန်မှာ ၎င်းတို့ တာဝန်တစ်ခုကို ထမ်းဆောင်ပြီး ၎င်းတို့သည် ဤတာဝန်ထမ်းဆောင်ခြင်းနှင့် မကိုက်ညီကြောင်း အထက်က မြင်တွေ့ကာ ၎င်းတို့ကို ဖြုတ်ချလိုက်သောအခါ ၎င်းတို့၏ စိတ်ထဲတွင် “ငါသည် သင့်အား မယှဉ်နိုင်ပေ။ သင်နှင့် ငြင်းခုံမည်မဟုတ်။ ငါ၌ ပင်ကိုစွမ်းရည် ရှိသည်။ စစ်မှန်သောရွှေသည် နောက်ဆုံးတွင် တလက်လက် တောက်ပဖို့ ကံပါလာပြီးဖြစ်ကာ မည်သည့်နေရာ သွားသည်ဖြစ်စေ ငါသည် ပင်ကိုစွမ်းရည်ရှိသော သီးခြားပုဂ္ဂိုလ်တစ်ဦး ဖြစ်၏။ အထက်က ငါ့အတွက် မည်သည့်အစီအမံများ လုပ်ပေးသည်ဖြစ်စေ ငါ သည်းခံပြီး ယခုလောလောဆယ် သူတို့ကို နားထောင်မည်ဖြစ်သည်” ဟု ကြိမ်ဖန်များစွာ ကျိတ်၍ စဉ်းစားသုံးသပ်၏။ ၎င်းတို့သည်လည်း ဘုရားသခင်ရှေ့မှောက်သို့ လာရောက်ပြီး “ဘုရားသခင်၊ ကျွန်ုပ်အား ညည်းညူခြင်းမှ ကာကွယ်ပေးဖို့ ကိုယ်တော့်ကို တောင်းလျှောက်ပါသည်။ ကျွန်ုပ်၏လျှာကို ထိန်းချုပ်ပြီး ကိုယ်တော့်ကို ဝေဖန်ကဲ့ရဲ့မှု မပြုမိစေဖို့ သို့မဟုတ် ကိုယ်တော့်ကို ပြစ်မှားစော်ကားခြင်း မပြုမိစေဖို့နှင့် ကျိုးနွံနာခံနိုင်စေဖို့ ကိုယ်တော့်ကို တောင်းလျှောက်ပါ၏” ဟု ဆုတောင်းကြသည်။ သို့သော်လည်း ၎င်းတို့က “ငါ ကျိုးနွံနာခံနိုင်ခြင်း မရှိပေ။ ဤသည်မှာ အခက်ဆုံးအပိုင်း ဖြစ်၏။ ဤအဖြစ်မှန် ငါ လက်မခံနိုင်ပေ။ ငါ ဘာလုပ်သင့်သနည်း။ ဤသည်တို့မှာ အထက်၏ အစီအမံများ ဖြစ်ကြ၏။ ငါ တတ်နိုင်သောအရာ တစ်ခုမျှမရှိပေ။ ငါသည် လွန်စွာ ပင်ကိုစွမ်းရည် ရှိသော်လည်း ဘုရားသခင်၏ အိမ်တော်၌ ငါ၏ ပင်ကိုစွမ်းရည်များကို အဘယ့်ကြောင့် မည်သည့်အခါမျှ အသုံးမပြုနိုင်ရသနည်း။ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား ငါ အလုံအလောက် မဖတ်ခဲ့ဖူးသကဲ့သို့ ဖြစ်၏။ ငါသည် ယခုမှစ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပို၍ဖတ်ရမည်” ဟု နောက်တစ်ဖန် ကြိမ်ဖန်များစွာ ကျိတ်၍ စဉ်းစားသုံးသပ်၏။ ၎င်းတို့သည် အလျှော့မပေးသည့်အပြင် မိမိတို့သည် အခြားသူများထက် နိမ့်ကျသည်ဟု မထင်ကြ၊ မိမိတို့သည် ဘုရားသခင်ကို ယုံကြည်လက်ခံလာသည်မှာ အချိန်ကာလ အနည်းငယ် တိုတောင်းခြင်းကြောင့်သာဖြစ်၍ ဤအရာကို ပြန်လည်ဖြည့်ဆည်းနိုင်သည်ဟု ထင်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် တရားဒေသနာများ နားထောင်ခြင်း၌ အားထုတ်ကြိုးပမ်းကြသည်။ ၎င်းတို့သည် နေ့တိုင်း ဓမ္မသီချင်း အသစ်တစ်ပုဒ်ကို သင်ယူပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များ အခန်းတစ်ခန်းကို ဖတ်ကာ တရားဟော လေ့ကျင့်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တဖြည်းဖြည်းချင်း ပို၍ပို၍ ရင်းနှီးလာသည်၊ ဝိညာဉ်ရေးရာ အယူဝါဒများစွာ ဟောပြောနိုင်ပြီး စုဝေးပွဲများ၌ ရဲရဲတင်းတင်း မိတ်သဟာယဖွဲ့နိုင်သည်။ ဤနေရာတွင် ရှုံးနိမ့်ကြောင်း ဝန်မခံဖို့ အလိုဆန္ဒတစ်ခုခု ရှိသလော။ (ရှိပါသည်။) မည်သို့သော အလိုဆန္ဒမျိုး ဖြစ်သနည်း။ (ကောက်ကျစ်ဆိုးယုတ်သော အလိုဆန္ဒဖြစ်သည်။) ဤသည်မှာ ဒုက္ခပေး၏။ ယင်းကို ငါတို့ စိတ်ဖြာလေ့လာဆွေးနွေးလိုက်သည်နှင့် ကောက်ကျစ်ဆိုးယုတ်သော အလိုဆန္ဒဖြစ်သည်ဟု သင်တို့ ချက်ချင်း အမျိုးအစားသတ်မှတ်လိုက်သည်မှာ အဘယ့်ကြောင့်နည်း။ ဤသည်တို့မှာ ကောင်းသောအရာများ မဟုတ်လော။ ၎င်းတို့၏ ဝိညာဉ်ရေးအသက်တာက ပုံမှန်ဖြစ်သည်။ လောကီအရာများ၌ မပါဝင်။ အတင်းအဖျင်းလည်း မပြောကြ။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ အခန်းပေါင်းများစွာကို ရွတ်ပြနိုင်ပြီး ဓမ္မသီချင်းများစွာကို အလွတ် သီဆိုနိုင်သည်။ ၎င်းတို့သည် “လူကျော်လူမော်များ” ဖြစ်ကြ၏။ သို့ဆိုလျှင် ဤသည်ကို ကောက်ကျစ်ဆိုးယုတ်သော အလိုဆန္ဒဟု သင်တို့ အဘယ့်ကြောင့် ဆိုသနည်း။ (၎င်းတို့၏ ရည်ရွယ်ချက်မှာ မိမိတို့သည် စွမ်းဆောင်နိုင်ပြီး အခြားသူများထက် မနိမ့်ကျကြောင်း သက်သေပြဖို့ ဖြစ်သည်။) ဤသည်ကို ရှုံးနိမ့်ကြောင်း ဝန်မခံခြင်းဟု ခေါ်သည်။ ရှုံးနိမ့်ကြောင်း ဝန်မခံခြင်းဖြင့် ၎င်းတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ် နားလည်ပြီး မိမိတို့၏ ပြဿနာများကို ဝန်ခံနေကြသလော။ (ဝန်မခံကြပါ။) ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် မိမိတို့၏ မာနထောင်လွှားသော စိတ်သဘောထားကို သိမြင်ကြသလော။ (မသိမြင်ကြပါ။) သို့ဆိုလျှင် ရှုံးနိမ့်ကြောင်း ဝန်မခံခြင်းဖြင့် မည်သည့်အရာကို သက်သေပြနေကြသနည်း။ ၎င်းတို့က မိမိတို့သည် စွမ်းဆောင်နိုင်ပြီး သာလွန်ကြောင်း သက်သေပြလိုကြသည်။ အခြားသူများထက် မိမိတို့ ပိုတော်ကြောင်း သက်သေပြလိုပြီး မိမိတို့ကို ဖြုတ်ချခြင်းက အမှားတစ်ခုဖြစ်ကြောင်း နောက်ဆုံးတွင် သက်သေပြလိုသည်။ ၎င်းတို့၏ အလိုဆန္ဒကို ဤဦးတည်ချက်၌ ချိန်ရွယ်ထားခြင်း ဖြစ်သည်။ ဤသည်မှာ ရှုံးနိမ့်ကြောင်း ဝန်မခံခြင်းမဟုတ်လော။ (ဟုတ်ပါသည်။) ရှုံးနိမ့်ကြောင်း ဝန်မခံခြင်းဟူသည့် ဤသဘောထားက ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံနိုင်ခြင်း၊ အဖိုးအခပေးခြင်း၊ အရှက်ကွဲခြင်းကို သည်းခံခြင်းနှင့် လေးလံသောဝန်ကို ထမ်းခြင်းဟူသည့် ၎င်းတို့၏ လုပ်ဆောင်ချက်များကို ဖြစ်ပေါ်စေခြင်း ဖြစ်သည်။ အပြင်ပန်းတွင် ၎င်းတို့သည် များစွာ ကြိုးပမ်းအားထုတ်ခြင်း၊ ဆင်းရဲဒုက္ခကို ကြံ့ကြံခံပြီး အဖိုးအခပေးနိုင်ခြင်းနှင့် နောက်ဆုံးတွင် မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်များကို ဖြစ်မြောက်အောင်မြင်ခြင်း ရှိပုံပေါက်သော်လည်း ဘုရားသခင်သည် အဘယ့်ကြောင့် မနှစ်သက်သနည်း။ ၎င်းတို့ကို သူ အဘယ့်ကြောင့် ပြစ်တင်ရှုတ်ချသနည်း။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် လူတို့၏ အတွင်းစိတ်နှလုံးများကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး လူပုဂ္ဂိုလ်တိုင်းကို သမ္မာတရားနှင့်အညီ အကဲဖြတ်သောကြောင့် ဖြစ်သည်။ လူပုဂ္ဂိုလ်တိုင်း၏ အပြုအမူ၊ ရည်ရွယ်ချက်များ၊ သရုပ်သကန်များနှင့် စိတ်သဘောထားများကို ဘုရားသခင် မည်ကဲ့သို့ အကဲဖြတ်သနည်း။ ဤအရာများအားလုံးကို သမ္မာတရားနှင့်အညီ အကဲဖြတ်လေသည်။ သို့ဆိုလျှင် ဘုရားသခင်သည် ဤကိစ္စကို မည်သို့ အကဲဖြတ်ပြီး အဓိပ္ပာယ်သတ်မှတ်သနည်း။ သင်သည် အခက်အခဲမည်မျှကို ခံစားခဲ့ရပြီး သင်ပေးဆပ်ခဲ့ပြီးသော အဖိုးအခ မည်မျှကြီးမားသည်ဖြစ်စေ တကယ်တမ်းတွင် သင်သည် သမ္မာတရားကိုဦးတည်၍ ကြိုးပမ်းမှုမရှိချေ။ သင်၏ ရည်ရွယ်ချက်မှာ ကျိုးနွံနာခံမှု မရှိဖို့ သို့မဟုတ် သမ္မာတရားကို လက်မခံဖို့ပင်။ ထိုအစား သင်သည် ဘုရားသခင်နှင့် ဘုရားသခင်၏အိမ်တော်က သင့်အား အမျိုးအစားသတ်မှတ်ပြီး ကိုင်တွယ်အရေးယူသည့်ပုံစံသည် မှားယွင်းကြောင်း သက်သေပြရန်အတွက် ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံခြင်းနှင့် အဖိုးအခပေးခြင်းဟူသည့် သင်၏နည်းလမ်းကို အသုံးပြုလေသည်။ ဤသည်က မည်သည့်အရာကို ညွှန်းဆိုသနည်း။ သင်သည် မည်သည့်အခါမျှ မမှားခဲ့ဖူးသည့်အပြင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မရှိသည့် လူတစ်ဦးဖြစ်ကြောင်း သင် သက်သေပြလိုခြင်း ဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်က သင့်အား ကိုင်တွယ်အရေးယူသည့် ပုံစံသည် သမ္မာတရားနှင့် မကိုက်ညီကြောင်း၊ သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ တစ်ခါတစ်ရံ မှားယွင်းကြောင်း သက်သေပြလိုခြင်း ဖြစ်သည်။ ဥပမာ သင်နှင့် ပတ်သက်လာလျှင် သတိမမူမိခြင်းနှင့် ပြဿနာတစ်ခု ရှိခဲ့ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရား မဟုတ်သည့်အပြင် သင့်အနေဖြင့် ကျိုးနွံနာခံဖို့ မလိုအပ်ကြောင်း သင်၏ အရေးကိစ္စက သက်သေပြလေသည်။ ဤသည်မှာ ရလဒ်မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်သည် ဤရလဒ်မျိုးကို အသိအမှတ်ပြုသလော သို့မဟုတ် ပြစ်တင်ရှုတ်ချသလော။ (ပြစ်တင်ရှုတ်ချသည်။) ဘုရားသခင်က ယင်းကို ပြစ်တင်ရှုတ်ချ၏။
လူတို့၌ရှိသည့် ရှုံးနိမ့်ကြောင်း ဝန်မခံသည့် ဤသဘောထားသည် သမ္မာတရားနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) ဤသဘောထားသည် သမ္မာတရားနှင့် အညီမဟုတ်၊ ယင်းသည် သမ္မာတရားမှ အလွန်တရာ ဝေးကွာသည်ဟု ငါတို့ဆိုပါက ထိုပြောဆိုချက်သည် မှန်ကန်မည်လော။ မမှန်ကန်ပေ။ အဘယ့်ကြောင့်ဆိုသော် ထိုသဘောထားသည် သမ္မာတရားနှင့် လုံးဝ မဆက်စပ်ပေ။ ကမ္ဘာပေါ်နှင့် လူသားမျိုးနွယ်ကြားတွင် ရှုံးနိမ့်ကြောင်း ဝန်မခံသည့် ဤသဘောထားသည် ချီးကျူးခံရသလော သို့မဟုတ် ပြစ်တင်ရှုတ်ချ ခံရသလော။ (ချီးကျူးခံရသည်။) ယင်းကို မည်သည့်ဝန်းကျင်များ၌ ချီးကျူးကြသနည်း။ (လုပ်ငန်းခွင်နှင့် ကျောင်းများတွင် ဖြစ်သည်။) ဥပမာ ကျောင်းသားတစ်ဦးက စာမေးပွဲတွင် ခြောက်ဆယ်ရာခိုင်နှုန်းရလျှင် သူက “ငါသည် ရှုံးနိမ့်ကြောင်း ဝန်ခံမည်မဟုတ်။ နောက်တစ်ကြိမ်တွင် ကိုးဆယ်ရာခိုင်နှုန်း ရရမည်” ဟု ပြောသည်။ ထို့ပြင် သူသည် ကိုးဆယ်ရာခိုင်နှုန်း ရသောအခါ နောက်တစ်ကြိမ်တွင် တစ်ရာရာခိုင်နှုန်း ရချင်သည်။ နောက်ဆုံးတွင် သူသည် ဤအရာကို စွမ်းဆောင်ရရှိကာ သူ၏မိဘများက ဤကလေးသည် ရည်မှန်းချက်ကြီးမားပြီး တောက်ပသော အနာဂတ်ရှိသည်ဟု တွေးကြသည်။ အခြားဝန်းကျင်ဖြစ်သည့် အဖြစ်များဆုံးသော ဝန်းကျင်မှာ ပြိုင်ပွဲများတွင် ဖြစ်သည်။ အသင်းတချို့သည် ပြိုင်ပွဲရှုံးနိမ့်ပြီး ၎င်းတို့၏မျက်နှာပေါ်တွင် အရှက်ရခြင်း အမည်းစက်ရှိနေသော်လည်း ရှုံးနိမ့်ကြောင်း ဝန်မခံကြပေ။ ဤစိတ်နေစိတ်ထားနှင့် ရှုံးနိမ့်ကြောင်း ဝန်မခံသည့် သဘောထားကြောင့် ၎င်းတို့သည် ကြိုးစားမှုများစွာ စိုက်ထုတ်ပြီး ပို၍လေ့ကျင့်လျက် နောက်ပြိုင်ပွဲတွင် တစ်ဖက်အသင်းကို အနိုင်ယူကာ ထိုသူတို့ကို မရှုမလှဖြစ်စေသည်။ ဤလူ့အသိုင်းအဝိုင်းထဲနှင့် လူသားမျိုးနွယ်ကြားတွင် ရှုံးနိမ့်ကြောင်း ဝန်မခံခြင်းသည် စိတ်နေစိတ်ထားတစ်မျိုး ဖြစ်၏။ စိတ်နေစိတ်ထားဟူသည် အဘယ်နည်း။ (ယင်းမှာ လူတို့ကို စိတ်ဓာတ်ရေးရာ အားပေးထောက်မသည့် စဉ်းစားတွေးခေါ်သည့် နည်းလမ်းတစ်ခု ဖြစ်သည်။) မှန်ကန်၏။ ယင်းမှာ အမြဲတမ်း ရှေ့သို့ ရဲရင့်စွာ တက်လှမ်းနေသော၊ အရှုံးမခံသော၊ စိတ်ဓာတ်မကျသော၊ နောက်မဆုတ်သော၊ မိမိတို့၏ ရည်သန်မျှော်မှန်းချက်များနှင့် ရည်မှန်းချက်ပန်းတိုင်များအား စွမ်းဆောင်ရရှိသော လူတို့အား အားပေးထောက်မသည့် တွန်းအားဖြစ်သည်။ ဤသည်ကို ရှုံးနိမ့်ကြောင်း ဝန်မခံခြင်းဟု ခေါ်သည်။ ယင်းမှာ ရှုံးနိမ့်ကြောင်း ဝန်မခံသည့် စိတ်နေစိတ်ထားတစ်မျိုး ဖြစ်သည်။ လူတို့သည် သူတို့၌ ဤစိတ်နေစိတ်ထား၊ ဤ “အားမာန်” မရှိလျှင် ဘဝသည် အဓိပ္ပာယ်မရှိဟု ထင်ကြ၏။ ဘဝတွင် ၎င်းတို့ အမှီပြုသည်မှာ မည်သည့်အရာ ဖြစ်သနည်း။ ၎င်းတို့၏ဘဝသည် စိတ်နေစိတ်ထားတစ်မျိုးအပေါ် အမှီပြုသည်။ ဤစိတ်နေစိတ်ထားသည် မည်သည့်နေရာမှ လာသနည်း။ ယင်းသည် လူတို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများသာမက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှလည်း လာ၏။ ယင်းသည် လက်တွေ့မကျသည့်အပြင် လူတို့ ဖြစ်မြောက်အောင်မြင်ခြင်း မရှိနိုင်ပေ။ ဘုရားသခင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည့် အချိန်မှစ၍ ယနေ့တိုင်အောင် နှစ်ပေါင်းမည်မျှ ကုန်လွန်သွားပြီဖြစ်စေ သက်ရှိအရာများ ရှင်သန်နေထိုင်သည့် ဖွဲ့စည်းပုံစနစ်၊ လူသားမျိုးနွယ် ရှင်သန်နေထိုင်သည့် ဖွဲ့စည်းပုံစနစ်အပြင် ကောင်းကင်၊ မြေကြီး၊ အရာခပ်သိမ်းနှင့် စကြဝဠာကြီး လှုပ်ရှားလည်ပတ်သည့် ဖွဲ့စည်းပုံစနစ် အစရှိသည်ဖြင့် အပြုသဘော ဆောင်သောအရာ မြောက်မြားစွာ ရှိသည်။ ၎င်းတို့၏ အတွေးအခေါ်များနှင့် ပညာရေးအတိုင်းအတာနှင့်အညီ လူတို့သည် ဤအရာအားလုံးထဲ၌ လိုက်နာစောင့်ထိန်းရန်၊ ၎င်းတို့ ပြုမူလုပ်ဆောင်ပြီး ကျင့်ကြံပြုမူရမည့် ပုံစံအတွက် စည်းမျဉ်းနှင့် တွန်းအားအဖြစ် သို့မဟုတ် ဤအရာအဖို့ အခြေခံအဖြစ် အသုံးပြုရန်အတွက် စနစ်ကျမှုတစ်ခုကို တွေ့ရှိနိုင်သင့်သည်။ သို့သော်လည်း လူတို့သည် မှန်ကန်သော ဦးတည်ချက်ဖြင့် ကြိုးစားအားထုတ်မှုကို မကျင့်သုံးကြပေ။ ၎င်းတို့သည် မည်သည့် ဦးတည်ချက်ဖြင့် မိမိတို့၏ စွမ်းအားကို ကျင့်သုံးရမည်နည်း။ ၎င်းတို့သည် မိမိတို့၏ စွမ်းအားကို မှားယွင်းသော ဦးတည်ချက်ဖြင့် ကျင့်သုံးကြသည်။ ဆိုလိုသည်မှာ အမှုအရာများ တိုးတက်ရသည့် စနစ်ကျမှုကို ချိုးဖောက်ပြီး အရာခပ်သိမ်း လည်ပတ်ရသည့် စနစ်ကျမှုကို ချိုးဖောက်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင် ပြဋ္ဌာန်းထားသည့် ဤသဘာဝစနစ်များကို အမြဲ ဖျက်ဆီးလိုပြီး ပျော်ရွှင်မှုကို ဖန်တီးဖို့ လူသား၏နည်းစနစ်များနှင့် နည်းလမ်းများကို အသုံးပြုချင်ကြသည်။ ပျော်ရွှင်မှုကို မည်သို့ရရှိကြောင်း၊ ယင်း၏အထဲ၌ မည်သည့်နက်နဲမှု ရှိကြောင်း၊ သို့မဟုတ် အရင်းအမြစ်က မည်သည့်အရာဖြစ်ကြောင်း ၎င်းတို့ မသိကြပေ။ ဤအရင်းအမြစ်ကို ၎င်းတို့ မရှာဖွေကြပေ။ ထိုအစား ၎င်းတို့သည် ပျော်ရွှင်မှုကို ဖန်တီးဖို့အတွက် လူသားနည်းလမ်းကို အသုံးပြုရန် ကြိုးစားပြီး ထူးဆန်းသောတန်ခိုးများကိုလည်း အမြဲဖန်တီးချင်ကြသည်။ ၎င်းတို့သည် ဤအရာများအားလုံး၏ ပုံမှန်စနစ်ကျမှုကို ပြောင်းလဲပစ်ဖို့အတွက် လူသားနည်းလမ်းကို အသုံးပြုပြီး ၎င်းတို့အလိုရှိသည့် ပျော်ရွှင်မှုနှင့် ရည်မှန်းချက်ပန်းတိုင်များကို စွမ်းဆောင်ရရှိဖို့ ကြိုးစားကြသည်။ ဤအရာအားလုံးမှာ မူမမှန်ပေ။ လူတို့အနေဖြင့် မည်သို့ကြိုးစားရုန်းကန်ပါစေ ထိုကဲ့သို့သော အရာများအတွက် ကြိုးစားရုန်းကန်ဖို့ရန် မိမိတို့ကိုယ်ကို အမှီပြုခြင်း၏ နောက်ဆုံးရလဒ်မှာ အဘယ်နည်း။ ဘုရားသခင်က လူသားမျိုးနွယ်ကို စီမံခန့်ခွဲဖို့ ပေးခဲ့သော ဤကမ္ဘာကြီးမှာ ယခု ပျက်စီးနေပြီဖြစ်သည်။ ယခုတွင် ယင်းက ပျက်စီးနေပြီဖြစ်သည်မှာ မည်သူသည် အကြီးဆုံး သားကောင်ဖြစ်သနည်း။ (လူသားဖြစ်ပါသည်။) လူသားမျိုးနွယ်သည် အကြီးဆုံး သားကောင်ဖြစ်၏။ လူတို့သည် ကမ္ဘာကြီးကို ဤအတိုင်းအတာအထိ အလွဲသုံးစားပြုခဲ့ပြီး ဖြစ်လင့်ကစား လှေခွက်ချည်းကျန် အလံမလှဲဟု ၎င်းတို့ ကြွေးကြော်နေသေး၏။ ၎င်းတို့၏ ဦးနှောက်ထဲ၌ တစ်စုံတစ်ရာ မှားယွင်းနေသည် မဟုတ်လော။ ထိုလှေခွက်ချည်းကျန် အလံမလှဲက ဖြစ်ပေါ်စေသည့် နောက်ဆုံး အကျိုးဆက်မှာ အဘယ်နည်း။ ကြီးမားလှသော ဘေးအန္တရာယ်ပင်ဖြစ်၏။ ယင်းမှာ ပြိုင်ပွဲတစ်ခု သို့မဟုတ် နှစ်ခုကို အရေးနိမ့်ခြင်း သို့မဟုတ် ၎င်းတို့၏မျက်နှာပေါ်တွင် အရှက်ရခြင်း အမည်းစက်မျှသာ မဟုတ်တော့ပေ။ ၎င်းတို့သည် မိမိတို့၏ ရှေ့ရေးကို ဖျက်ဆီးလိုက်ပြီဖြစ်ပြီး မိမိတို့၏ လွတ်မြောက်ရာလမ်းကြောင်းကို ဖြတ်တောက်ပစ်လိုက်ခြင်း ဖြစ်သည်။ မိမိတို့ကိုယ်ကို ဖျက်ဆီးပစ်လိုက်မိပြီ ဖြစ်သည်။ ဤသည်မှာ ရှုံးနိမ့်ကြောင်း ဝန်မခံခြင်းမှ လာသည့်အရာပင် ဖြစ်၏။
ယခု ငါတို့ စိတ်ဖြာလေ့လာဆွေးနွေးနေသည်မှာ စာတန်၏ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထား၊ မာနထောင်လွှားသော စိတ်သဘောထားတို့နှင့်ဆိုင်သည့် ပုံမှန် သရုပ်သကန်ဖြစ်ပြီး ယင်းမှာ လှေခွက်ချည်းကျန် အလံမလှဲရန် ဖြစ်၏။ လှေခွက်ချည်းကျန် အလံမလှဲခြင်းဟူသည့် စိတ်နေစိတ်ထားတစ်ခု ဖြစ်သည်။ ယင်းကို ငါတို့ ဆန်းစစ်ဝေဖန်ကာ ဖော်ထုတ်ပြီး ပြစ်တင်ရှုတ်ချသော်လည်း သင်သည် ယင်းကို လူသားမျိုးနွယ်၏ အလယ်တွင် ပြစ်တင်ရှုတ်ချသော်လည်း ဤသည်ကို လူတို့ လက်ခံမည်လော။ (လက်ခံမည်မဟုတ်ပါ။) အဘယ့်ကြောင့် လက်မခံမည်နည်း။ (လူတို့အားလုံးက ဤစကားရပ်ကို ချီးကျူးကြသောကြောင့် ဖြစ်သည်။) ၎င်းတို့က ဤစိတ်နေစိတ်ထားကို အားပေးမြှင့်တင်ကြသည်။ အကယ်၍ လူတစ်ဦး၌ ရှုံးနိမ့်ကြောင်း ဝန်မခံခြင်းနှင့် လှေခွက်ချည်းကျန် အလံမလှဲခြင်းဟူသည့် စိတ်နေစိတ်ထား နည်းနည်းမျှ မရှိလျှင် အခြားသူများက သူသည် ငပျော့ဖြစ်သည်ဟု ပြောကြမည်ဖြစ်သည်။ အကယ်၍ ငါတို့က ဤအရာများကို အားပေးမြှင့်တင်ခြင်း မရှိပါက ငါတို့သည် ငပျော့များ ဟုတ်ကြသလော။ (မဟုတ်ကြပါ။) လူတို့က “သင်သည် အဘယ်သို့ ငပျော့မဟုတ်ဘဲ နေမည်နည်း။ သင်သည် ဘဝကို ဇွဲမရှိဘဲ အသက်ရှင်သည်။ သင့်အတွက် အသက်ရှင်ရသည်မှာ မည်သည့်အကျိုး ရှိသနည်း” ဟု ဆိုကြသည်။ ဤပြောဆိုချက်သည် မှန်ကန်သလော။ ယင်းကို အလျင်ဆုံး စိတ်ဖြာလေ့လာဆွေးနွေးကြစို့။ ရှုံးနိမ့်ကြောင်း ဝန်မခံခြင်းသည် မည်သည့်သဘောထားမျိုး ဖြစ်သနည်း။ ပုံမှန် ဆင်ခြင်တုံတရားရှိသော လူတို့၌ ဤသဘောထား ရှိသင့်သလော။ အမှန်တွင် လူတို့၌ ပုံမှန် ဆင်ခြင်တုံတရား ရှိလျှင် ဤစိတ်ဓာတ် မရှိသင့်ပေ။ ဤစိတ်ဓာတ်ရှိခြင်းသည် မှားယွင်း၏။ လူတစ်ဦးသည် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်ထားသော လူတစ်ဦး ဖြစ်ဖို့အလို့ငှာ လက်တွေ့အရှိတရားကို ရင်ဆိုင်ရမည်။ ထိုသို့ဖြစ်၍ ရှုံးနိမ့်ကြောင်း ဝန်မခံခြင်းသည် ဆင်ခြင်တုံတရား ကင်းမဲ့သည်မှာ ထင်ရှား၏။ ယင်းမှာ သူ၏ဦးနှောက်၌ တစ်စုံတစ်ခု သိပ်မမှန်သည့်အပြင် ဤသဘောထား မှားယွင်းကြောင်း သိသာထင်ရှားသည်ဟု ဆိုလိုခြင်းဖြစ်သည်။ အတိအကျဆိုရလျှင် မာနထောင်လွှားသော စိတ်သဘောထားတစ်ခုက ရှုံးနိမ့်ကြောင်း ဝန်မခံခြင်းထဲ၌ ရှိရင်းစွဲ ဖြစ်သောကြောင့် ဘုရားသခင်ကို ယုံကြည်သူများအနေဖြင့် ဤစိတ်ဓာတ် မရှိသင့်ပေ။ လူတို့အနေဖြင့် မာနထောင်လွှားသော စိတ်သဘောထား ရှိသောအခါ သမ္မာတရားကို လက်ခံဖို့ လွယ်ကူသလော။ (မလွယ်ကူပါ။) ဤသည်မှာ ပြဿနာတစ်ခု ဖြစ်၏။ အကယ်၍ သင်သည် မာနထောင်လွှားသော စိတ်သဘောထားကို သမ္မာတရားလိုက်စားရမည့် အခြေခံအုတ်မြစ်တစ်ခုအဖြစ် အသုံးပြုပါက သင်သည် မည်သည့်အရာကို လိုက်စားနေခြင်း ဖြစ်သနည်း။ သင် လိုက်စားနေသည့် အရာက သမ္မာတရား မဟုတ်သည်မှာ ကျိန်းသေ၏၊ အဘယ့်ကြောင့်ဆိုသော် ဤလိုက်စားမှုသည် ပင်ကိုအားဖြင့် အပြုသဘောမဆောင်သည့်အပြင် သင် ရရှိသည့်အရာက သမ္မာတရား မဟုတ်သည်မှာ ကျိန်းသေ၏။ ယင်းသည် လူတို့ စိတ်ကူးထားခဲ့သည့် “စိတ်နေစိတ်ထား” တစ်မျိုးမျိုး ဖြစ်မည်မှာ ကျိန်းသေ၏။ အကယ်၍ လူတို့က ဤသို့သော စိတ်နေစိတ်ထားကို သမ္မာတရားအဖြစ် သဘောထားပြုမူပါက ၎င်းတို့သည် လမ်းကြောင်းမှ သွေဖည်သွားပေပြီ။ သို့ဆိုလျှင် ငါတို့သည် ရှုံးနိမ့်ကြောင်း ဝန်မခံသည့် စိတ်ဓာတ်ကို မှန်အောင်ပြင်ပေးရမည်ဆိုလျှင် ငါတို့ မည်သည့်အရာကို ပြောမည်နည်း။ လူတို့သည် တကယ့်ပြဿနာများကို ရင်ဆိုင်ပြီး သမ္မာတရား စည်းမျဉ်းများအတိုင်း အမှုအရာများကို လုပ်ဆောင်သင့်ကြောင်း၊ ၎င်းတို့၌ ရှုံးနိမ့်ကြောင်း ဝန်မခံသည့်သဘောထား မရှိသင့်ကြောင်း ငါတို့ ပြောမည်ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ရှုံးနိမ့်ကြောင်း ဝန်မခံပါက မည်သူကို ဝန်မခံခြင်း ဖြစ်သနည်း။ (ဘုရားသခင်ကို ဖြစ်သည်။) ၎င်းတို့က သမ္မာတရားကို ဝန်မခံခြင်းဖြစ်သည်။ ပို၍ အတိအကျဆိုလျှင် ၎င်းတို့က အကြောင်းအရာ၏ အချက်အလက်အမှန်များကို ဝန်မခံခြင်း ဖြစ်သည်။ ၎င်းတို့သည် အမှားတစ်စုံတစ်ရာ ပြုလုပ်ခဲ့သဖြင့် ထုတ်ဖော်ခံရခြင်း ဖြစ်သည်ဟု ဝန်မခံခြင်းဖြစ်သည်။ ထို့ပြင် ၎င်းတို့၌ မာနထောင်လွှားသော စိတ်သဘောထားရှိသည်ဟု ဝန်မခံခြင်း ဖြစ်လေသည်။ ဤအရာများမှာ မှန်၏။ သို့ဆိုလျှင် ဤလူတို့ကို မည်ကဲ့သို့ ချေပနိုင်သနည်း။ ၎င်းတို့ကို တုံ့ပြန်ဖို့ အကောင်းဆုံးနည်းလမ်းမှာ ၎င်းတို့က ကသိကအောက်အဖြစ်ဆုံးဟု သိထားသည့်အရာကို အသုံးပြုခြင်းဖြင့် ဖြစ်လေသည်။ ယနေ့ ကမ္ဘာပေါ်တွင် လူသားမျိုးနွယ်က မည်သည့်အရာကို ကသိကအောက်အဖြစ်ဆုံးဟု သိထားသနည်း။ သိပ္ပံပညာပင်။ သိပ္ပံပညာက လူသားမျိုးနွယ်ကို မည်သည့်အရာ ပေးခဲ့ပြီးဖြစ်သနည်း။ (ဘေးအန္တရာယ် ဖြစ်သည်။) လူသားမျိုးနွယ်က အချီးကျူးဆုံးနှင့် ဂုဏ်အယူဆုံးဖြစ်သည့် သိပ္ပံပညာက ၎င်းတို့အပေါ် မကြုံစဖူး ဘေးအန္တရာယ်ကို ယူဆောင်ပေးခဲ့ပြီ ဖြစ်သည်။ ယခု ဤသဲလွန်စကို ရပြီဖြစ်သဖြင့် သင်တို့သည် ဤလူတို့ကို အရှက်ခွဲနိုင်ဖို့အတွက် မည်ကဲ့သို့ ပြန်ချေပသင့်သနည်း။ စာတန်မျိုးဖြစ်သောသူတို့ အရှက်ရသင့်သလော၊ သင်တို့ မည်သို့ ထင်သနည်း။ (အရှက်ရသင့်ပါသည်။) အကယ်၍ သင်သည် ထိုသူတို့ကို အရှက်မခွဲလျှင် သူတို့က အမြဲတမ်းပင် သမ္မာတရားကို အထင်သေးကြမည်၊ ဘုရားသခင်၌ ယုံကြည်သောသူတို့ကို ခွဲခြားဆက်ဆံကြမည်၊ ပြီးလျှင် ဘုရားသခင်ကို ယုံကြည်သောသူတို့သည် ငပျော့များဖြစ်သောကြောင့်သာ ယုံကြည်ကြခြင်း ဖြစ်သည်ဟု ထင်ကြမည်ဖြစ်သည်။ ထိုသူတို့ကို သင်တို့ မည်သို့ ချေပသင့်သနည်း။ (“သင်သည် သာမန်လူတစ်ဦးသာ ဖြစ်သည်။ သင်သည် ရှုံးနိမ့်ကြောင်း ဝန်ခံဖို့မလိုရအောင် သင်၌ မည်သည့်အရာ ရှိသနည်း။ မည်သည့်အရာက သင့်ကို ဝန်မခံရအောင် ဖြစ်စေသနည်း။ အချို့သောလူတို့သည် သိပ္ပံပညာရှင်များ ဖြစ်နေလျှင်ပင် ဘာအကြောင်းထူးသနည်း။ သူတို့ တီထွင်ထုတ်လုပ်သော သိပ္ပံနည်းပညာသည် မည်မျှ တိုးတက်နေသည်ဖြစ်စေ ဘာအကြောင်း ထူးသနည်း။ သိပ္ပံပညာက ယခု လူသားမျိုးနွယ်အပေါ် ယူဆောင်လာခဲ့သည့် ဘေးအန္တရာယ်အားလုံးကို သိပ္ပံပညာရှင်များ ဖြေရှင်းနိုင်သလော” ဟူ၍ ပြောခြင်းဖြင့်ဖြစ်သည်။) ဤသည်မှာ ၎င်းတို့အား ပြန်လည်ချေပဖို့ မှန်ကန်သောနည်းလမ်း ဖြစ်သည်။ ယင်းနှင့် ပတ်သက်၍ စဉ်းစားကြည့်လော့။ ဤသည်မှာ ၎င်းတို့ကို ချေပဖို့ နည်းလမ်းကောင်း ဟုတ်သလော။ သင်က “လူသားမျိုးနွယ်သည် မျက်မှောက်ခေတ်တိုင်အောင် ရှင်သန်ခဲ့ပြီး ဖြစ်သော်လည်း လူတို့သည် မိမိတို့ကိုယ်တိုင်၏ ဘိုးဘေးများမှာ မည်သူတို့ဖြစ်ကြောင်းကိုပင် မသိသောကြောင့် အဘယ်သို့ ဝန်မခံဘဲ နေနိုင်သနည်း။ သင်သည် မည်သည့်နေရာမှ လာသည်ကိုပင် မသိသဖြင့် မြောက်ကြွမြောက်ကြွ ဖြစ်နေဖို့ရန် သင်၌ မည်သည့်အရာ ရရှိထားသနည်း။ သင်သည် သင့်အား ဖန်ဆင်းခဲ့သော ဘုရားသခင်ကိုပင် အသိအမှတ်မပြုသဖြင့် အဘယ်သို့များ ရှုံးနိမ့်ကြောင်း သင် ဝန်မခံနိုင်သနည်း။ ဘုရားသခင်သည် လူတို့ကို ဖန်ဆင်းခဲ့ပြီး ဤသည်မှာ အင်မတန် ကောင်းမြတ်သော အရာတစ်ခု ဖြစ်သော်လည်း သင်သည် ယင်းကို အသိအမှတ်မပြု သို့မဟုတ် လက်မခံပေ။ ထိုအစား လူတို့သည် သားရဲတိရစ္ဆာန်များမှ ပြောင်းလဲဖြစ်ပေါ်ခဲ့သည်ဟု မလျှော့တမ်း ယုံကြည်ပြီး အသိအမှတ်ပြုသည်။ သင်သည် အဘယ်မျှ အောက်တန်းကျသနည်း။ ဘုရားသခင်သည် အလွန်ပင် အင်အားကြီးပြီး မြင့်မြတ်သည်။ သူသည် သင်၏ ဖန်ဆင်းရှင်ဖြစ်ကြောင်း သူက ဆိုသော်လည်း သင်သည် သူ၏ ဖန်ဆင်းခံဖြစ်ကြောင်း သင် အသိအမှတ်မပြုပေ။ သင်သည် အဘယ်မျှ ယုတ်ညံ့သနည်း” ဟု ပြောသည်။ ၎င်းတို့က မည်သည့်အရာဖြင့် ခွန်းတုံ့ပြန်မည်နည်း။ “လူတို့သည် မျောက်မှ ပြောင်းလဲဖြစ်ပေါ်ခဲ့သော်လည်း ကျွန်ုပ်တို့သည် အဆင့်ပိုမြင့်သော သတ္တဝါများ ဖြစ်နေကြသေးသည်” ဟူ၍ ဖြစ်သည်။ “သို့ဆိုလျှင် သင်သည် တိရစ္ဆာန်များနှင့် သားရဲများ ဖြစ်နေကြသေးသလော။ ကျွန်ုပ်တို့သည် တိရစ္ဆာန်များဖြစ်ကြောင်းကို ကျွန်ုပ်တို့ အသိအမှတ် မပြုပေ။ ကျွန်ုပ်တို့သည် လူများ၊ ဘုရားသခင် ဖန်ဆင်းသည့် လူသားများ ဖြစ်ကြသည်။ ဘုရားသခင်က လူတို့ကို ဖန်ဆင်းခဲ့ပြီး သင်သည် လူပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်ဟု သူက အသိအမှတ်ပြုသော်လည်း သင်သည် လူပုဂ္ဂိုလ်တစ်ဦး မဖြစ်လိုပေ။ ဘုရားသခင်က လူများအား ဖန်ဆင်းခဲ့သည်ဟူသည့်အချက်ကို သင် မလျှော့တမ်း ငြင်းပယ်သည်။ သားရဲတိရစ္ဆာန်တစ်ကောင် ဖြစ်သည်ဟု မလျှော့တမ်း ပြောနေသည်။ သင့်အနေဖြင့် အသက်ရှင်ရသည်မှာ မည်သည့်အကျိုးရှိသနည်း။ သင်သည် အသက်ရှင်ထိုက်သလော” ဟူ၍ဖြစ်၏။ ဤစကားများ၌ စွမ်းအားရှိသလော။ (ရှိပါသည်။) ဤသည်မှာ ဤလူတို့အား ငါတို့ ပြန်ချေပသည့်ပုံ ဖြစ်၏။ ၎င်းတို့က ယင်းကို အသိအမှတ် ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ၊ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ဤသည်တို့မှာ အမှန်တရားများ ဖြစ်ကြသည်။ နောက်ထပ် အချက်တစ်ခုကို ငါပြောမည်။ လူတို့သည် မည်သည့်အခါမျှ ရှုံးနိမ့်ကြောင်း ဝန်မခံကြ၊ မိမိတို့ကိုယ်ကို အလွန် စွမ်းဆောင်နိုင်သည်၊ နည်းပညာနှင့် ဉာဏ်ပညာမျိုးစုံ တိုးတက်ဆန်းသစ်ပြီး ဖြစ်သည်ဟု ထင်ကြသော်လည်း သဘာဝတရားကို မည်သို့ သဘောထားပြုမူသနည်း။ ၎င်းတို့သည် သဘာဝတရားနှင့် အဆက်မပြတ် ဆန့်ကျင်တိုက်ခိုက်ပြီး ယင်းကို အစဉ်သဖြင့် အောင်နိုင်လိုသည်။ သဘာဝတရား၏ စနစ်ကျမှုအား မည်သို့ လိုက်နာရမည်ကို လုံးဝ နားမလည်ကြပေ။ လူသားမျိုးနွယ်၏ စီမံခန့်ခွဲမှုက နောက်ဆုံးတွင် သဘာဝတရားအပေါ် မည်သည့်အရာ ပြုလုပ်ခဲ့သနည်း။ နှံ့စပ်ကျွမ်းကျင်ပြီး သိပ္ပံပညာကို နားလည်သော လူတို့က ဤအရာအားလုံးကို စီမံခန့်ခွဲသည် မဟုတ်လော။ သင်သည် ရှုံးနိမ့်ကြောင်း ဝန်ခံဖို့ ငြင်းဆန်သည် မဟုတ်လော။ သင်သည် စွမ်းဆောင်ရည်ရှိသော လူတစ်ဦး မဟုတ်လော။ သင်သည် ဘုရားသခင်၏ အချုပ်အခြာအာဏာရှိခြင်းကို အလိုမရှိသည် မဟုတ်လော။ လူသားမျိုးနွယ်နှင့် သဘာဝတရားသည် နှစ်ပေါင်းထောင်နှင့်ချီအောင် အတူယှဉ်တွဲ နေထိုင်လာခဲ့ပြီး ဖြစ်လင့်ကစား အံ့သြစရာကောင်းသည်မှာ လူသားမျိုးနွယ်က သဘာဝတရားအား မည်သို့ စီမံခန့်ခွဲရမည်ကို မသိသေးပေ။ လူသားမျိုးနွယ်သည် အလွန်အကျွံ တူးဖော်သည်၊ အလွန်အကျွံ သုံးစွဲပစ်သည်၊ ထို့ပြင် ဆိုးရွားစွာ ညစ်ညမ်းစေခဲ့သည်မှာ ယခုတွင် သဘာဝအရင်းအမြစ်များသည် တစ်နေ့တခြား ပို၍ ထောက်ပံ့မှု မလုံလောက်သောအခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ ထိုမျှမက လူတို့သောက်သုံးသည့် ရေ သို့မဟုတ် ၎င်းတို့စားသုံးသည့် အစားအစာ သို့မဟုတ် ၎င်းတို့ရှူရှိုက်သည့် လေသည် တစ်ခုမျှ အဆိပ်အတောက် မကင်းချေ။ ဘုရားသခင်က သဘာဝတရားကို ဖန်ဆင်းစတွင် သက်ရှိအရာအားလုံး၊ အစားအစာ၊ လေနှင့် ရေတို့သည် သန့်ရှင်းပြီး အဆိပ်မပါရှိခဲ့သော်လည်း သူက လူသားမျိုးနွယ်အား စီမံခန့်ခွဲဖို့ သဘာဝတရားကို ပေးခဲ့ပြီးနောက် ဤအရာများအားလုံးမှာ အဆိပ်သင့်ခဲ့သည်။ ဤအရာများကို “မွေ့လျော်” ရမည့်သူမှာ လူတို့ကိုယ်တိုင် ဖြစ်သည်။ သို့ဆိုလျှင် လူတို့သည် အဘယ်သို့များ ရှုံးနိမ့်ကြောင်း ဝန်မခံဘဲ နေနိုင်သနည်း။ ဘုရားသခင်က လူသားမျိုးနွယ်အတွက် ထိုမျှလှပသော ကမ္ဘာမြေကို ဖန်ဆင်းခဲ့ပြီး သူတို့အား စီမံခန့်ခွဲစေခဲ့သော်လည်း သူတို့က မည်ကဲ့သို့ စီမံခန့်ခွဲခဲ့သနည်း။ မည်သို့စီမံခန့်ခွဲရမည်ကို သူတို့ သိသလော။ လူသားမျိုးနွယ်က ယင်းကို လုံးဝ ရှုပ်ထွေးသွားသည်အထိ အလွဲသုံးစားပြုခဲ့၏။ ပင်လယ်သမုဒ္ဒရာများဖြစ်စေ၊ တောတောင်များဖြစ်စေ၊ မြေကြီးဖြစ်စေ၊ လေဖြစ်စေ၊ ကောင်းကင်ထက်က အိုဇုန်းလွှာပင်ဖြစ်စေ တစ်ခုမျှ မလွတ်ချေ။ ယင်းတို့အားလုံးမှာ ဖျက်ဆီးပစ်ခြင်းခံခဲ့ရသည်။ ဤအရာအားလုံး၏ ဆိုးရွားသော အကျိုးဆက်များကို နောက်ဆုံး မည်သူခံရမည်နည်း။ (လူတို့ပင် ဖြစ်ပါသည်။) ယင်းမှာ လူသားမျိုးနွယ်ကိုယ်တိုင် ဖြစ်၏။ လူတို့သည် မိုက်မဲနိုင်သမျှ မိုက်မဲကြလင့်ကစား မိမိတို့ကိုယ်ကို ကြီးကျယ်ခမ်းနားသည်ဟု ထင်ကြပြီး ရှုံးနိမ့်ကြောင်း ဝန်မခံကြပေ။ ၎င်းတို့သည် အဘယ့်ကြောင့် ဝန်မခံကြသနည်း။ အကယ်၍ လူသားမျိုးနွယ်အား အမှုအရာများကို ဤပုံစံအတိုင်း ဆက်လက်၍ စီမံခန့်ခွဲခွင့်ပြုလျှင် သဘာဝတရားသည် နဂိုမူလအတိုင်း ပြန်ဖြစ်မည်လော။ မည်သည့်အခါမျှ ဖြစ်လာမည်မဟုတ်ပေ။ လူသားမျိုးနွယ်သည် ရှုံးနိမ့်ကြောင်း ဝန်မခံသည့် ဤစိတ်နေစိတ်ထားကို မှီခိုအားထားပါက ကမ္ဘာကြီးနှင့် သဘာဝတရားသည် ၎င်းတို့၏ စီမံခန့်ခွဲမှုအောက်တွင် ပို၍ပင် ဆိုးလာမည်၊ ပိုမိုပျက်စီးလာမည်၊ ထို့ပြင် ညစ်ပတ်လာမည်။ နောက်ဆုံး အကျိုးဆက်များမှာ မည်သည့်အရာ ဖြစ်လာမည်နည်း။ လူသားမျိုးနွယ်သည် မိမိတို့ ဖျက်ဆီးလိုက်သည့် ဤသဘာဝပတ်ဝန်းကျင်ထဲတွင် သေဆုံးသွားမည် ဖြစ်သည်။ ထိုအခါ ဤအရာအားလုံးကို နောက်ဆုံးတွင် မည်သူ ပြောင်းလဲပေးနိုင်သနည်း။ ဘုရားသခင် ပြောင်းလဲပေးနိုင်သည်။ အကယ်၍ လူတို့သည် ဤအရာကို လုပ်နိုင်စွမ်းရှိပါက ၎င်းတို့အနက် တစ်ဦးတစ်ယောက်သည် ထွက်ပေါ်လာပြီး ကမ္ဘာကြီး၏ လက်ရှိအခြေအနေကို ပြောင်းလဲပစ်ဖို့ ကြိုးစားနိုင်သော်လည်း ဤတာဝန်ကို ယူဝံ့သောသူ တစ်ဦးတလေ ရှိသလော။ (မရှိပါ။) သို့ဆိုလျှင် လူတို့သည် အဘယ့်ကြောင့် ရှုံးနိမ့်ကြောင်း ဝန်မခံရသနည်း။ လူတို့သည် ၎င်းတို့သောက်သုံးနေသော ရေကိုပင် မကာကွယ်နိုင်ပေ။ သဘာဝတရားကို ငှက်များ၊ ငါးများ သို့မဟုတ် အင်းဆက်ပိုးမွှားများက မဆိုနှင့်၊ ခြင်္သေ့များ သို့မဟုတ် ကျားများကပင် ဖျက်ဆီးပစ်ခဲ့ခြင်း မဟုတ်ပေ။ ထိုအစား ယင်းကို ဖျက်ဆီးပစ်ပြီး ပျက်စီးစေခဲ့သည်မှာ လူသားများကိုယ်တိုင် ဖြစ်၏။ လူတို့သည် ၎င်းတို့ စိုက်ပျိုးသည့်အရာကို နောက်ဆုံးတွင် ရိတ်သိမ်းရမည်ဖြစ်သည်။ ယခုတွင် အမှုအရာများကို ပြောင်းလဲပေးဖို့ နည်းလမ်းတစ်ခုတလေ ရှိသလော။ ပြောင်းလဲပေး၍ မရတော့ချေ။ အကယ်၍ ဤအရာများအားလုံးကို လုပ်ဆောင်ဖို့ ဘုရားသခင် မလာခဲ့လျှင် လူသားမျိုးနွယ်တစ်ရပ်လုံး နေထိုင်သည့် သဘာဝပတ်ဝန်းကျင်သည် ပို၍ပို၍သာ ဆိုးဝါးမည်ဖြစ်ပြီး ပို၍ပို၍ ပျက်စီးလာမည်ဟု အသေအချာ ပြောနိုင်လေသည်။ ပို၍ကောင်းမွန်လာမည် မဟုတ်ပေ။ ဘုရားသခင်သာလျှင် ဤအရာအားလုံးကို ပြောင်းလဲပေးနိုင်သည်။ လူသားမျိုးနွယ်သည် ရှုံးနိမ့်ကြောင်း ဝန်မခံလျှင် အဆင်ပြေသလော။ ဤသဘာဝပတ်ဝန်းကျင်ကို သင် ပြောင်းလဲပေးနိုင်သလော။ သင့်အား ကောင်းမွန်သော သဘာဝပတ်ဝန်းကျင်တစ်ခုကို ပေးထားခဲ့သော်လည်း သင်လုပ်နိုင်သမျှမှာ ယင်းကို ဖျက်ဆီးပစ်ဖို့သာ ဖြစ်၏။ ယင်းကို ကာကွယ်မပေးချေ။ ကမ္ဘာလောကတစ်ခုလုံး၏ အစာကွင်းဆက် သံသရာမှာ အဘယ်နည်း။ ယင်းကို လူသားမျိုးနွယ် နားလည်သလော။ နားမလည်ပေ။ ဥပမာ ဝံပုလွေများသည် ရက်စက်ကြမ်းကြုတ်သော တိရစ္ဆာန်များဖြစ်၏။ အကယ်၍ လူသားမျိုးနွယ်သည် ဝံပုလွေများအားလုံးကို သတ်ဖြတ်ခဲ့လျှင် ၎င်းတို့က သဘာဝတရားကို အနိုင်ယူခဲ့ပြီဟု ထင်မှတ်ကြမည်။ ဤစိတ်ပိုင်းဖြတ်ချက်မျိုး၊ ဤစိတ်ဓာတ်ခွန်အားမျိုးနှင့် ဤစိတ်နေစိတ်ထားတို့ကို စိန်ခေါ်ကာ လူသားမျိုးနွယ်သည် ဝံပုလွေများကို အကြီးအကျယ် စတင်၍ အမဲလိုက်လေသည်။ ၎င်းတို့သည် မြက်ခင်းပြင်ဒေသတစ်ခု အတွင်းရှိ ဝံပုလွေအများစုကို မျိုးတုံးစေသောအခါ လူသားမျိုးနွယ်က သဘာဝတရားကို အနိုင်ယူပြီး ဝံပုလွေများဖြစ်သည့် မျိုးစိတ်ကို အနိုင်ယူပြီးဖြစ်သည်ဟု ထင်ကြသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် မိမိတို့၏အိမ်များတွင် ဝံပုလွေအရေခွံများကို ချိတ်ဆွဲထားကြသည်၊ ဝံပုလွေအရေခွံမှ ပြုလုပ်သော ဝတ်ရုံများကို ဝတ်ဆင်ကြသည်၊ ဝံပုလွေအရေခွံမှ ပြုလုပ်သော ဦးထုပ်များကို ဆောင်းကြသည်။ ပြီးလျှင် ၎င်းတို့၏ ဓားမြှောင်ဖျားတွင် ဝံပုလွေသားပေါက်များ၏ အရေခွံကို အသုံးပြုကြသည်။ ၎င်းတို့သည် ဓာတ်ပုံများရိုက်ပြီး တစ်ကမ္ဘာလုံးကို “လူသားမျိုးနွယ်အတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်သည့် ဝံပုလွေများဟူသော ဤမျိုးစိတ်ကို ကျွန်ုပ်တို့ အနိုင်ယူခဲ့ပြီ” ဟု ပြောပြကြသည်။ ၎င်းတို့၏ မိမိဘာသာ ကျေနပ်နေခြင်းက အနည်းငယ် ဆန္ဒစောနေသည် မဟုတ်လော။ ဝံပုလွေများ ပိုနည်းသွားလျှင် အပြင်ပန်းမှကြည့်ပါက လူသားများ၏ အသက်များနှင့် အချို့သော အခြားသက်ရှိအရာများသည် ခြိမ်းခြောက်မခံရတော့သကဲ့သို့ ထင်ရသော်လည်း မည်သည့် အကျိုးဆက်များက လိုက်လာမည်နည်း။ လူသားမျိုးနွယ်က ဤအရာအတွက် နင့်နေအောင် ပြန်ပေးဆပ်ရမည် ဖြစ်သည်။ မည်သည့် အဖိုးအခကို ပြန်ပေးဆပ်ရမည်နည်း။ အလွန်များပြားသော ဝံပုလွေများ အသတ်ခံရသောအခါ ဝံပုလွေအရေအတွက် လျော့ပါးသွားသည်။ ထို့နောက် ချက်ချင်းဆိုသကဲ့သို့ပင် ဝံပုလွေများက စားသုံးသည့် အမျိုးစုံသော ယုန်များ၊ ကြွက်လေးများ၊ မြက်ခင်းပြင်များ၌ရှိသော အခြားတိရစ္ဆာန်များ အားလုံးသည် ကြီးမားသော အတိုင်းအတာဖြင့် စတင်၍ တိုးပွားလာကြသည်။ ဤတိရစ္ဆာန်များ အရေအတွက် လွန်ကဲသောအခါ ပထမအကျိုးဆက်မှာ အဘယ်နည်း။ (မြက်ခင်းများ ပျောက်ကွယ်သွားကြသည်။) မြက်ခင်းများ လျော့သည်ထက် လျော့သွားသည်။ မြက်ခင်းများ လျော့သွားလျှင် အပင်ပေါက်နိုင်သော မြေပြင် လျော့သထက် လျော့သွားသည်။ ဤတိရစ္ဆာန်များ လွန်ကဲသော အရေအတွက် ရှိလာလျှင် ယင်းတို့က များစွာသော မြက်ပမာဏကို စားဖို့လိုပြီး မြက်ပင်ပေါက်နှုန်းက အပင်စားတိရစ္ဆာန်များ၏ အရေအတွက်နှင့် အချိုးအစားမညီတော့ပေ။ ဤအရာများ အချိုးအစား မညီသောအခါ မည်သည့်အရာ ဖြစ်ပျက်သနည်း။ (တစ်စတစ်စနှင့် သဲကန္တာရဖြစ်သွားခြင်းပင်။) ဟုတ်သည်၊ တစ်စတစ်စနှင့် သဲကန္တာရ ဖြစ်သွားခြင်းဖြစ်သည်။ ကုန်းမြေ၌ အပင်ပေါက်နိုင်သော မြေပြင်မရှိလျှင် ယင်းသည် သဲအဖြစ် စတင်ပြောင်းလဲသွားပြီး တဖြည်းဖြည်းဖြင့် သဲထူထပ်သောဒေသ ဖြစ်သွားသည်။ အပင်အများစုက သဲမြေတွင် အမြစ်မတွယ် သို့မဟုတ် အပင်မပေါက်သောကြောင့် သဲထူထပ်သော မြေပြင်များ အလျင်အမြန် တိုးပွားလာပြီး ပို၍ပို၍ ကျယ်ပြန့်လာကာ နောက်ဆုံးတွင် မြက်ခင်းပြင်များအားလုံးက သဲကန္တာရဖြစ်သွားသည်။ ဤနောက်တွင် သဲကန္တာရက လူတို့နေထိုင်သည့် နယ်မြေများကို စတင်ကျူးကျော်မည်ဖြစ်ကာ လူတို့၌ရှိသည့် ပထမဆုံးခံစားချက်က မည်သည့်အရာ ဖြစ်မည်နည်း။ သဲကန္တာရနယ်မြေ တိုးပွားလာပြီ ဖြစ်ကြောင်း လူတို့မြင်တွေ့သောအခါ မကြောက်ကြသည်မှာ ဖြစ်နိုင်သော်လည်း သဲမုန်တိုင်း တိုက်ခတ်သောနေ့ ရောက်လာသောအခါ လူသားမျိုးနွယ်အပေါ် မည်သည့် ထိခိုက်နစ်နာမှု ရောက်လာမည်နည်း။ အစပထမတွင် ဖုန်မှုန့်များ တိုက်ခတ်နေမည် ဖြစ်သည်။ ထို့နောက် လေထန်သောရာသီ ရောက်လာသောအခါ သဲများ အလွန်တရာ တိုက်ခတ်နေသောကြောင့် လူတို့သည် မျက်စိများပင် ဖွင့်နိုင်ကြမည် မဟုတ်ပေ။ ၎င်းတို့၏ ခန္ဓာကိုယ်များလည်း သဲထဲတွင် ဖုံးလွှမ်းနေမည် ဖြစ်ကာ ၎င်းတို့၏ ပါးစပ်များလည်း ပြည့်နေမည် ဖြစ်သည်။ ပြင်းထန်သော အခြေအနေများတွင် သဲကန္တာရအနီးရှိ အိမ်များ၊ တိရစ္ဆာန်များ သို့မဟုတ် လူတို့သည် သဲ၏ ဝါးမျိုဖျက်ဆီးခြင်းကို ခံကောင်းခံရနိုင်သည်။ လူတို့သည် သဲကို တားဆီးနိုင်သလော။ (မတားဆီးနိုင်ပါ။) ယင်းကို လူတို့ မတားဆီးနိုင်သဖြင့် ရွှေ့ပြောင်းကာ ကုန်းတွင်းပိုင်းသို့ ဝေးသထက်ဝေးအောင် ဆုတ်ပြေးရမည် ဖြစ်သည်။ နောက်ဆုံးတွင် မြက်ခင်းပြင်များ သေးငယ်သည်ထက် သေးငယ်သွားကာ သဲကန္တာရက ကြီးသထက် ကြီးလာမည် ဖြစ်သည့်အပြင် လူသားမျိုးနွယ် နေထိုင်နိုင်သော နေရာက နည်းသည်ထက် နည်းလာမည်ဖြစ်သည်။ သို့ဆိုလျှင် လူတို့နေထိုင်သည့် ပတ်ဝန်းကျင်က ပို၍ ကောင်းလာသလော သို့မဟုတ် ပို၍ ဆိုးလာသလော။ (ပို၍ဆိုးလာသည်။) ၎င်းတို့ခံရသည့် ဤရလဒ်က မည်သို့ ပေါ်ပေါက်လာခဲ့သနည်း။ ယင်းကို မည်သည့်အရာက အစပျိုးခဲ့သနည်း။ (ဝံပုလွေများကို သတ်ဖြတ်ခြင်းဖြစ်သည်။) ၎င်းတို့က ဝံပုလွေများကို သတ်ဖြတ်လိုက်သောအခါ ထိုအရာက စတင်လာသည်။ ယင်းမှာ ဤသို့ သေးငယ်ပြီး မပြောပလောက်သော အရာဖြစ်ခဲ့သည်။ အကယ်၍ လူတို့သည် ဤစနစ်ကျမှုအား မည်သို့လိုက်နာရမည်ကို နားမလည်သည့်အပြင် ဤစနစ်ကျမှုအား မည်သို့ကာကွယ်ရမည်ကို နားမလည်ပါက နောက်ဆုံးတွင် မည်သည့်အကျိုးဆက်များ ပေါ်ပေါက်မည်နည်း။ လူတို့သည် သဲများ၏ လက်စဖျောက်ပစ်ခြင်းကို ခံရမည်ဖြစ်သည်။ ဤသည်မှာ ကြီးမားလှသော ဘေးအန္တရာယ်တစ်ခု မဟုတ်လော။ ဝံပုလွေများကို သတ်ဖြတ်ခြင်းသည် အမူအကျင့်တစ်မျိုး ဖြစ်သော်လည်း ယင်း၏ အချက်အချာ၌ မည်သည့်စိတ်သဘောထား ရှိသနည်း။ ဤစိတ်သဘောထား၏ အနှစ်သာရမှာ မည်သည့်အရာ ဖြစ်သနည်း။ ဤအရာပြုလုပ်ရန်အတွက် ၎င်းတို့၏ ကြံရွယ်ချက်မှာ မည်သည့်အရာ ဖြစ်သနည်း။ ဤအမူအကျင့်မျိုး ဖြစ်ပေါ်စေဖို့အတွက် လူတို့၌ မည်သည့်တွေးခေါ်ပုံများ ရှိသနည်း။ (သဘာဝတရားကို အောင်နိုင်လိုခြင်း ဖြစ်သည်။) မှန်ပေ၏။ ၎င်းတို့က သဘာဝတရားကို အောင်နိုင်လိုကြသည်။ ဝံပုလွေများသည် လူသားမျိုးနွယ်၏ မွေးရာပါရန်သူ ဖြစ်သည်ဟု လူတို့ ထင်ကြသည်။ ဝံပုလွေများသည် လူသားမျိုးနွယ်ကို ခြိမ်းခြောက်ပြီး လူတို့ကို အမြဲတမ်း ဖမ်းစားသည်။ ဝံပုလွေများသည် ကောင်းသောအရာ မဟုတ်။ လူသားမျိုးနွယ်သည် ဝံပုလွေများကို ဤအတိုင်း သားပုပ်လေလွင့် ပြောပြီးနောက် အောင်နိုင်ရန်နှင့် တစ်ကောင်မျှပင် မကျန်အောင် လက်စဖျောက်ပစ်ရန် ကြိုးစားကြသည်။ ထို့နောက် လူသားမျိုးနွယ်သည် သက်သောင့်သက်သာနှင့် ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ပြီး လုံးဝ ခြိမ်းခြောက် ခံရမည်မဟုတ်ပေ။ လူတို့က ဤကြံရွယ်ချက်ကို အခြေခံ၍ ဝံပုလွေများကို စတင်သတ်ဖြတ်ခြင်း ဖြစ်လေသည်။ ဤသည်ကို မည်သည့်အရာက ဆုံးဖြတ်ပေးသနည်း။ ယင်းကို ရှုံးနိမ့်ကြောင်း ဝန်မခံသည့် စိတ်နေစိတ်ထားက ဆုံးဖြတ်ပေးလေသည်။ လူသားမျိုးနွယ်သည် ဝံပုလွေများကို မည်သို့ ကောင်းစွာ စီမံခန့်ခွဲရမည် သို့မဟုတ် စံသတ်မှတ်ရမည် မသိဘဲ ထိုအစား သတ်ဖြတ်ပြီး လက်စဖျောက်ပစ်ဖို့ အမြဲ အလိုရှိကြသည်။ ၎င်းတို့က ဤစနစ်ကျမှုကို ပြောင်းပြန်လှန်ပြီး အခြားစနစ်တစ်ခုအဖြစ် ပြောင်းလဲပစ်ချင်ကြသည်။ ရလဒ်မှာ အဘယ်နည်း။ လူတို့သည် သဲ၏ ဝါးမျိုဖျက်ဆီးခံရခြင်း ဖြစ်၏။ ဤသည်မှာ ပေါ်ပေါက်လာသည့်အရာ မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ပေါ်ပေါက်လာသည့်အရာပင် ဖြစ်သည်။ ဘုရားသခင် ဖန်ဆင်းခဲ့သည့် လူသားတစ်ရပ်လုံးနှင့် တစ်ကမ္ဘာလုံးအနက် ဘုရားသခင်၏ အမြင်တွင် မြေပဲဆန်တစ်စေ့ထက်ပင် ပို၍ ကြီးမည်မဟုတ်သည့် ကမ္ဘာဂြိုဟ်၏ ထောင့်လေးတစ်နေရာတွင် ဤဖြစ်ရပ်လေး ဖြစ်ပျက်ခဲ့သော်လည်း လူတို့က ထိုအရာကို ရှင်းရှင်းလင်းလင်းပင် မမြင်နိုင်ကြချေ။ ၎င်းတို့က သဘာဝတရားနှင့် ယှဉ်ပြိုင်နေကြသေးသည်။ ဘုရားသခင်နှင့် ယှဉ်ပြိုင်နေကြသေးသည်။ ပြီးလျှင် ရှုံးနိမ့်ကြောင်း ဝန်မခံကြပေ။ ရှုံးနိမ့်ကြောင်း ဝန်မခံခြင်းက မည်သည့် အကျိုးဆက်များကို ဖြစ်ပေါ်စေသနည်း။ (ပျက်စီးခြင်းကို ဖြစ်ပေါ်စေပါသည်။) ၎င်းတို့က မိမိတို့ကိုယ်တိုင်၏ ပျက်စီးခြင်းကို ဖြစ်ပေါ်စေကြခြင်း ဖြစ်သည်။ ဤအဖြစ်မှန်က ယခုလက်ရှိအချိန်၌ပင် ဖြစ်ပျက်နေသည်။ ဤအကျိုးဆက် ဖြစ်ပွားပြီးနောက် လူသားမျိုးနွယ်က ယင်းကို အဘယ်သို့ ပြုပြင်တော့မည်နည်း။ (ပြုပြင်၍မရပါ။) ယင်းကို ၎င်းတို့ ပြုပြင်၍မရပေ။ လူထုအကျိုးပြု လှုပ်ရှားမှုများကို ဦးစီးဆောင်ရွက်သော စိတ်နှလုံးကောင်းရှိသည့် လူမှုအဖွဲ့အစည်းနှင့် လူအချို့က လူတို့အနေဖြင့် ဟန်ချက်ညီသော ဂေဟစနစ်ကို ထိန်းသိမ်းစောင့်ရှောက်ရန် ရပ်တည်တောင်းဆိုပေးကြသည်။ ထိုသို့ ပြုလုပ်ခြင်းအတွက် ၎င်းတို့၏ ကြံရွယ်ချက်နှင့် အကြောင်းပြချက်မှာ မှန်ကန်ပြီး ၎င်းတို့ တောင်းဆိုနေကြသည့်အရာကလည်း မှန်ကန်၏။ တစ်ယောက်ယောက်က တုံ့ပြန်သလော။ (မတုံ့ပြန်ပါ။) အစိုးရကလည်း အရေးယူဆောင်ရွက်ခြင်း မရှိ၊ ဤအရေးကိစ္စကို မည်သူမျှ အာရုံမစိုက်ချေ။ လူတို့သည် ထိုအရေးကိစ္စ၏ အကြောင်းရင်းကို သိသော်လည်း ပွဲကြည့်ပရိသတ်များကဲ့သို့ အနည်းငယ် စုံစမ်းစစ်ဆေးခြင်းမျှသာ ပြု၏။ ၎င်းတို့က ဝံပုလွေများကို ယခင်အတိုင်း သတ်ဖြတ်နေကြဆဲ ဖြစ်သည်။ လူတစ်ဦးက “အကယ်၍ သင်သည် ယင်းတို့ကို ဤကဲ့သို့ ဆက်လက် သတ်ဖြတ်နေလျှင် တစ်နေ့တွင် သင်သည် သဲထဲတွင် မြှုပ်နှံခံရမည် ဖြစ်သည်” ဟု ဆိုသော်လည်း ၎င်းတို့က “သို့ဆိုလည်း ကျွန်ုပ် မြှုပ်နှံခံလိုက်မည်။ ကျွန်ုပ်တစ်ဦးတည်း ဖြစ်နေမည့်ပုံစံမျိုး မဟုတ်ပေ။ မည်သည့်အရာ ကြောက်စရာရှိသနည်း” ဟု တုံ့ပြန်ကြသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထား ဖြစ်သနည်း။ ထုံထိုင်းခြင်းနှင့် စဉ်းစားဉာဏ်ကင်းမဲ့ခြင်း စိတ်သဘောထား ဖြစ်၏။ ၎င်းတို့၌ လူ့သဘာဝ မရှိပေ။ မည်သူသည် သေရမည်ကိုမကြောက်ဘဲ ရှိသနည်း။ သို့ဆိုလျှင် ၎င်းတို့သည် ထိုသို့ပေါ့တန်သောအရာမျိုးကို မည်သို့ပြောထွက်သနည်း။ ဤကဲ့သို့သော အရာတစ်ခု ဖြစ်ပျက်မည်ဟု ၎င်းတို့ မယုံကြည်ပေ။ ၎င်းတို့က “ကမ္ဘာမြေသည် ကြီးမားလှ၏။ သဲကန္တာရများအပြင် တောနှင့် တောင်များ ရှိကြသည်။ ယင်းတို့အားလုံး အလွန်လျင်မြန်စွာ ဖျက်ဆီးခံရနိုင်သလော။ အချိန်အလုံအလောက် ရှိနေသေးသည်။ ငါတို့သည် ဝံပုလွေအနည်းငယ်ကိုသာ သတ်ဖြတ်ပြီး နေရာတချို့က သဲကန္တာရဖြစ်သွားသဖြင့် သင် ဤမျှကြောက်နေသလော။ အကယ်၍ ယင်းတို့ကို သတ်သင့်လျှင် ငါတို့ သတ်ရမည်” ဟု တွေးကြသည်။ ဤသည်မှာ မိုက်မဲသည်မဟုတ်လော။ ၎င်းတို့သည် ဝံပုလွေအချို့ကို သတ်ဖြတ်ကာ အနှစ်နှစ်ဆယ်သုံးဆယ်မျှ ကြာသောအခါ အစိမ်းရောင် မြက်ခင်းပြင်တစ်ပြင်သည် လုံးလုံး ပြောင်းလဲသွား၏။ အကယ်၍ လူတို့သည် ဤမြေပေါ်တွင် မြက်ပင်စေ့များကို ဖြန့်ကြဲမည် သို့မဟုတ် သဲကန္တာရထဲ၌ ပေါက်ဖို့သင့်တော်သည့် အပင်များကို စိုက်ပျိုးမည်ဆိုပါက၊ ယင်းတို့သည် ဤသဘာဝပတ်ဝန်းကျင်ကို ပြောင်းလဲနိုင်သည်ဆိုပါက လူသားမျိုးနွယ်သည် ၎င်းတို့၏ အမှားများကို ပြန်ထေမိစေမည် ဖြစ်ပြီး နောက်ကျလွန်းမည် မဟုတ်သော်လည်း တကယ်တမ်း၌ ထိုမျှ ရိုးရှင်းလွယ်ကူသလော။ ဘုရားသခင် နေရာတကျ ထားရှိပြီးသည့် စနစ်ကျမှုသည် အကောင်းဆုံးနှင့် အကိုက်ညီဆုံး ဖြစ်၏။ လူတို့သည် မြေတည်ရှိမှုကို ထိန်းသိမ်းထားဖို့အတွက် ဤစနစ်ကျမှုကို လိုက်နာရမည် ဖြစ်ကာ ထိုသို့ဖြင့် သက်ရှိတိုင်းက တစ်ဦးနှင့်တစ်ဦး အထူးသဖြင့် အဆင်ပြေပြီး နှစ်ဦးနှစ်ဖက် အပြန်အလှန် ကန့်သတ်ပြီး သဟဇီဝကျသည့် ပုံစံဖြင့် အတူယှဉ်တွဲနေထိုင်လျက် ဤတိရစ္ဆာန်များ၊ အပင်များနှင့် လူသားမျိုးနွယ်သည် ထိုအပေါ်တွင် ဆက်လက် ရှင်သန်နိုင်လေသည်။ အကယ်၍ ယင်း၏ အစိတ်အပိုင်းတစ်ခု ဖျက်ဆီးခံရလျှင် ဆယ်နှစ်အတိုင်းအတာ၌ မည်သည့်အကျိုးဆက်ကိုမျှ သင် တွေ့ကောင်းတွေ့ရမည် မဟုတ်သော်လည်း နှစ်ပေါင်းနှစ်ဆယ် ကြာပြီး အကျိုးဆက်များကို သင် အမှန်တကယ် ခံစားရသောအခါ ယင်းကို မည်သူမျှ ပြန်ပြင်၍ရမည် မဟုတ်တော့ပေ။ ဤသည်မှာ မည်သည့်အရာကို ညွှန်းဆိုသနည်း။ အကယ်၍ ဘုရားသခင်က ကြီးမားသော အပြောင်းအလဲများကို မပြုလုပ်လျှင် ထိုအခိုက်အတန့်မှစ၍ လူသားမျိုးနွယ်နေထိုင်သည့် သဘာဝပတ်ဝန်းကျင်က ဆိုးသည်ထက် ဆိုးလာမည်သာ ဖြစ်သည်။ ယင်းသည် ကောင်းသောဦးတည်ချက်သို့ တိုးတက်မည်မဟုတ်ပေ။ ဤသည်မှာ အကျိုးဆက်ဖြစ်လာမည့် အရာပင်။ ဤအကျိုးဆက်၏ ဇာစ်မြစ်မှာ အဘယ်နည်း။ ဇာစ်မြစ်မှာ လူသားမျိုးနွယ်က ချီးကျူးသည့် ရှုံးနိမ့်ကြောင်း ဝန်မခံသည့် စိတ်နေစိတ်ထားဖြစ်ကာ ယင်းမှာ နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ၏ ပထမသရုပ်သကန် ဖြစ်၏။ ယင်းကို လူတို့ရှုမြင်သည့် ပုံစံ၌ နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြဟူသည် “မြင့်မြတ်” ပြီး “သန့်ရှင်း” သော ဆိုရိုးစကား ဖြစ်သော်လည်း ယင်းက လူသားမျိုးနွယ်အပေါ်၌ ဖြစ်ပေါ်စေသော ပထမဆုံးသော အကျိုးတရားမှာ ၎င်းတို့အပေါ်သို့ ထိုမျှ ကြီးကြီးမားမား ထိခိုက်စေသော အကျိုးဆက်များကို ဖြစ်ပေါ်စေခြင်း ဖြစ်သည်။ လူတို့က “သဘာဝလောကကြီးအတွက် စနစ်ကျမှု မရှိသလော။ ငါ့အတွက် ထိုမျှ မည်မည်ရရ ဖြစ်ပုံမပေါ်ချေ။ ယင်းကို လူတို့က သန့်ရှင်းပြီး မဖျက်ဆီးသင့်ဟု ဆိုသည်မဟုတ်လော။ ကောင်းပြီ၊ ယင်းကို ငါ ဖျက်ဆီးပစ်လိုက်မည်။ ပြီးလျှင် မည်သည့်အရာ ဖြစ်သွားသည်ကို ငါတို့ စောင့်သာကြည့်လိုက်မည်” ဟု စဉ်းစားကြသည်။ ယနေ့ လူသားမျိုးနွယ် “ခံစား” နေသည့် ထိခိုက်စေသော ဆိုးကျိုးမှာ ၎င်းတို့ လုံးဝ မမြင်တွေ့လိုသည့်အရာပင်ဖြစ်၏။ ဤသည်မှာ “ဖြစ်သည့်အရာကို စောင့်သာကြည့်ခြင်း” ၏ ဆိုးကျိုး ဖြစ်ပေါ်လာပုံ ဖြစ်၏။ ယင်းကို လူသားမျိုးနွယ်ရှေ့တွင် မြင်သာအောင် ပြသထားခြင်း ဖြစ်သည်။ လူတိုင်းက “နောက်ဆုံးသောကာလ” ၏ မြင်ကွင်းများကို မြင်တွေ့ကြပြီး ဖြစ်သည်။ ၎င်းတို့ထိုက်တန်သည့်အရာကို ၎င်းတို့ ရပြီးပြီ မဟုတ်လော။ ၎င်းတို့သည် ကိုယ့်ဒုက္ခကိုယ်ရှာခဲ့ခြင်းသာ ဖြစ်သည်။
နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ၏ ပထမသရုပ်သကန်မှာ ရှုံးနိမ့်ကြောင်း ဝန်မခံခြင်းဖြစ်သည်။ လူတို့သည် မည်သည့်အကျိုးဆက်များကို ခံရမည်နည်း။ ကြီးမားလှသော ဘေးအန္တရာယ် ဖြစ်၏။ ၎င်းတို့သည် မိမိတို့လုပ်ရပ်များ၏ ထိခိုက်စေသော ဆိုးကျိုးများကို ပြန်ခံစားနေကြကာ သာမန်စကားဖြင့်ဆိုသော် ကိုယ့်ဒုက္ခကိုယ်ရှာနေခြင်းနှင့် မိမိတို့ထိုက်တန်သည့်အရာကို ရရှိနေခြင်း ဖြစ်၏။ ဤစကားရပ် တကယ်မှန်သည်၊ မမှန်သည်နှင့် ယင်းက သမ္မာတရား ဟုတ်သည်၊ မဟုတ်သည်ကို သင် ယခု သိပြီမဟုတ်လော။ ဤစကားရပ်မှာ သမ္မာတရား ဟုတ်သလော။ (မဟုတ်ပါ။) ယင်းက သမ္မာတရား မဟုတ်ပေ။ ဘာသာတရားမရှိသူများက “ကျွန်ုပ်တို့သည် ကျင့်ကြံပြုမူခြင်း၌ စိတ်ဓာတ်ခွန်အားတစ်ခုခုနှင့် ခံနိုင်ရည် ရှိသင့်သည်” ဟု ထပ်ပြောသည်ဆိုပါစို့။ သင်သည် အချိန်ယူစဉ်းစားကာ “ယင်းမှာ သိပ်ကိုမှန်ကန်၏။ ကျွန်ုပ်တို့သည် ယုံကြည်သူများအနေဖြင့် ကျိုးနွံနာခံခြင်းအကြောင်းကို အမြဲတမ်း ပြောကြသည်။ ယင်းသည် ကိုယ်ပိုင်အခွင့်အာဏာ ကင်းမဲ့လွန်းသည် မဟုတ်လော။ ယင်းမှာ ပျော့ညံ့လွန်းသည် မဟုတ်လော။ ကျွန်ုပ်တို့၌ ကြံ့ခိုင်မှုမရှိ” ဟု ဆိုလေသည်။ သင်သည် ဤကဲ့သို့ စဉ်းစားသလော။ အကယ်၍ သင်သည် ယနေ့ ငါပြောခဲ့ပြီးသည့် အရာများကို လက်ခံပါက ဤပုံစံအတိုင်း မည်သည့်အခါမျှ စဉ်းစားမည်မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သင်က “လူသားမျိုးနွယ်သည် မျှော်လင့်ချက် ပျောက်ဆုံးနေသည်။ ဘုရားသခင်က ၎င်းတို့ကို မုန်းတီးစက်ဆုပ်သည်မှာ အံ့သြစရာမရှိပေ။ လူသားမျိုးနွယ်သည် အကျိုးသင့် အကြောင်းသင့် ပြောပြရမည့် အဆင့်ကို ကျော်လွန်ပြီးပြီ” ဟု ဆိုမည်ဖြစ်သည်။ သင်သည် ထိုခံယူချက်မျိုးကို လက်ခံမည်မဟုတ်ပေ။ အကယ်၍ သင်၌ သင့်တင့်လျောက်ပတ်သော ချေပစကား မရှိပါက၊ သို့မဟုတ် ယင်းက ဤလူတို့နှင့် အချေအတင်ပြောရန် မသင့်တော်သည်ဖြစ်စေ သင်၏ စိတ်နှလုံးထဲတွင် ၎င်းတို့၏ သဘောထားအမြင်များသည် သမ္မာတရား လုံးဝမဟုတ်ကြောင်း သိလေသည်။ လူတို့က ဤကဲ့သို့သော အယူအဆမျိုးကို မည်မျှပင် အပြုသဘောဆောင်သည်ဟု မြင်သည်ဖြစ်စေ၊ ဤကမ္ဘာပေါ်ရှိ လူသားများက ယင်းကို အဘယ်မျှလောက် ထောက်ခံအားပေး၍ ချီးမြှောက်ပြောဆိုသည်ဖြစ်စေ သင်သည် ယင်း၏ လွှမ်းမိုးခြင်းခံရမည် မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သင်သည် ယင်းကို စွန့်လွှတ်ပြီး မထီမဲ့မြင်ပြုမည် ဖြစ်သည်။ ငါသည် နေသေးသပ ချုံထဲက၊ ချိုသွေးသပ တမြမြ၏ ပထမသရုပ်သကန်နှင့် ပတ်သက်၍ မိတ်သဟာယဖွဲ့ပြီးပြီ။ ငါသည် သမ္မာတရားနှင့် ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်းကို အစပြုခဲ့ကာ ထိုအကြောင်းအရာကို မည်သို့ သွေဖည်သွားခဲ့သနည်း။ ငါစဉ်းစားသည်မှာ ဤသို့ဖြစ်၏။ ငါ၏ မိတ်သဟာဖွဲ့မှုမှ သင်ရရှိသည့်အရာသည် အဓိပ္ပာယ်ဖွင့်ဆိုချက် သို့မဟုတ် အမြင်သဘောထားတစ်ခုအဖြစ် ကန့်သတ်ခံရပါက သင်သည် ဤအယူအဆ၏ မှန်ကန်သော အပိုင်းနှင့် မမှန်ကန်သော အပိုင်းများက မည်သည့်အရာများ ဖြစ်ကြောင်း မည်သည့်အခါမျှ နားလည်မည် မဟုတ်ပေ။ သင်သည် ရောထွေးနေမည်ဖြစ်ကာ တစ်ခါတစ်ရံတွင် ဤအယူအဆမျိုးက မှန်ကန်သည်ဟု ထင်မည်ဖြစ်၏။ တစ်ခါတစ်ရံတွင် ဤအယူအဆမျိုးက မှားယွင်းသည်ဟု ထင်မည်ဖြစ်သော်လည်း ယင်း၌ မည်သည့်အရာ မှားသည်ကိုဖြစ်စေ၊ မည်သည့်အရာ မှန်သည်ကိုဖြစ်စေ ရှင်းရှင်းလင်းလင်း သိမြင်မည် မဟုတ်ပေ။ ထို့အပြင် သင်သည် ဤ “စည်းမျဉ်း” အတိုင်း မကြာခဏ လက်တွေ့လုပ်ဆောင်မည် ဖြစ်ပြီး သင်သည် အမြဲတမ်း နားဝေတိမ်တောင် ဖြစ်နေမည်ဖြစ်သည်။ အကယ်၍ သင်သည် ရှင်းရှင်းလင်းလင်း မမြင်နိုင်ပါက ဤအယူအဆမျိုးကို လက်လွှတ်နိုင်မည် မဟုတ်ပေ။ ယင်းကို သင် လက်မလွှတ်နိုင်ပါက သင်သည် သမ္မာတရားကို အကြွင်းမဲ့ လက်တွေ့လုပ်ဆောင်နိုင်သလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် အကြွင်းမဲ့ ကိုးကွယ်ပြီး လိုက်လျှောက်နိုင်သလော။ လုံးဝ မလိုက်လျှောက်နိုင်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ မှန်ကန်သည် သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ အမြဲ မှန်ကန်သည်ဟု သင်သည် တစ်စိတ်တစ်ပိုင်းအားဖြင့်သာဖြစ်စေ၊ ရံဖန်ရံခါသာဖြစ်စေ ထင်မြင်နိုင်မည်ဖြစ်ကာ ဤအရာကို အယူဝါဒအရသာ စွဲကိုင်ထားလေသည်။ သို့သော် သင်သည် ဤမည်ကာမတ္တ အသိပညာနှင့် မှန်ကန်သည်ဟု ထင်ရသော်လည်း အမှန်မှာမူ မှားယွင်းနေသည့် ဤစကားများ၏ ထိခိုက်ခြင်းနှင့် နှောင့်ယှက်ခြင်းကို ခံနေရသေးပါက ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင့်အတွက် အကြွင်းမဲ့ သမ္မာတရားဖြစ်မည့်အစား အမြဲတမ်း တစ်စိတ်တစ်ပိုင်းအားဖြင့်သာ မှန်ကန်နေမည် ဖြစ်၏။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။