နောက်ဆက်တွဲ ၁- သမ္မာတရားဟူသည်မှာ (အခန်း လေး)

ဆင်းရဲဒုက္ခနှင့် အရှက်ကွဲမှုအနက် မည်သည့်အရာသည် အပြုသဘော ဆောင်သနည်း။ ဤနှစ်ခုကြားထဲတွင် ခြားနားမှုရှိသလော။ (ရှိပါသည်။) ဆင်းရဲဒုက္ခသည် အပြုသဘောဆောင်၏။ အကယ်၍ သင်သည် တရားစီရင်မှု၊ ပြစ်တင်ဆုံးမမှု၊ ပြုပြင်ခြင်းတို့ကို လိုလိုလားလား လက်ခံပြီး ဤဆင်းရဲဒုက္ခကို လိုလိုလားလား ခံစားပါက ဤဆင်းရဲဒုက္ခနှင့် ပတ်သက်၍ သင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ “ကျွန်ုပ်သည် ဤဆင်းရဲဒုက္ခကို ခံစားသင့်သည်။ ဘုရားသခင်က မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ယင်းကို ကျွန်ုပ် နားမလည်သည့်အပြင် ကျွန်ုပ်၏ စိတ်နှလုံးက လက်ခံဖို့ ခက်ခဲကာ ကျွန်ုပ်သည် အပျက်သဘောဆောင်ပြီး အားနည်းနေလျှင်ပင် သူလုပ်ဆောင်သမျှသည် မှန်ကန်၏။ ကျွန်ုပ်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသဖြင့် ဘုရားသခင်အား ခုခံပြောဆိုခြင်း မလုပ်သင့်ပေ။ ကျွန်ုပ်၏ စိတ်နှလုံးက လက်ခံဖို့ ခက်ခဲပါစေ ယင်းကို ကျွန်ုပ်ကိုယ်၌၏ အမှားများက ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်သည် မမှားယွင်းပေ။ ဘုရားသခင် လုပ်ဆောင်သမျှသည် မှန်ကန်၏။ ကျွန်ုပ်သည် ဆင်းရဲဒုက္ခကို ခံစားထိုက်သည်။ မည်သူသည် ကျွန်ုပ်အား ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ရှိစေခဲ့သနည်း။ မည်သူသည် ကျွန်ုပ်အား ဘုရားသခင်ကို အတိုက်အခံ လုပ်စေခဲ့သနည်း။ မည်သူသည် ကျွန်ုပ်အား မကောင်းမှုကို လုပ်စေခဲ့သနည်း။ ထိုအရာများကို ဘုရားသခင်က ကျွန်ုပ်အား ပေးခဲ့ခြင်းမဟုတ်ပေ။ ယင်းတို့ကို ကျွန်ုပ်ကိုယ်၌၏ သဘာဝက တွန်းအားပေးခဲ့ခြင်းဖြစ်သည်။ ဤဆင်းရဲဒုက္ခကို ကျွန်ုပ် ခံစားသင့်သည်” ဟူ၍ ဖြစ်မည်။ သို့ဆိုလျှင် လူတို့အနေဖြင့် ဤဆင်းရဲဒုက္ခကို ခံစားခြင်းသည် အပြုသဘောဆောင်သော အရာတစ်ခု ဟုတ်သလော။ (ဟုတ်ပါသည်။) အကယ်၍ လူတို့သည် ယင်းကို အပြုသဘောဆောင်သော ပုံစံဖြင့် နားလည်ပြီး ဘုရားသခင်ထံမှ ခံယူလျှင် ဤဆင်းရဲဒုက္ခသည် အပြုသဘောဆောင်၏။ သို့သော်လည်း ၎င်းတို့က “ကျွန်ုပ်သည် ကျိုးနွံနာခံနိုင်သည်။ ကျွန်ုပ်သည် ကျိုးနွံနာခံလျှင်ပင် မိမိ၏ အကြောင်းပြချက်ကို ရှင်းရှင်းလင်းလင်း ရှင်းပြရဦးမည် ဖြစ်ပြီး စိတ်ထဲ၌ စဉ်းစားသည့်အရာနှင့် လုပ်ဆောင်သည့်အရာကို ရှင်းရှင်းလင်းလင်း မျှဝေပြောပြရမည်။ ထိုသို့ သူရဲဘောကြောင်ပြီး မပြတ်သားသည့် ပုံစံဖြင့် ကျိုးနွံနာခံလိုက်၍ မဖြစ်ပေ။ သို့မဟုတ်ပါက ကျွန်ုပ်သည် စိတ်ထဲ၌ အမှုအရာများအား မပြတ်မျိုသိပ်ထားရခြင်းဖြင့် သေသွားမည်ဖြစ်သည်” ဟု ပြောသည်ဆိုကြပါစို့။ ၎င်းတို့သည် အမှုအရာများကို အသေအချာနှင့် ရှင်းရှင်းလင်းလင်း ရှင်းပြဖို့၊ အမှုအရာများ၏ ခရေစေ့တွင်းကျ ရှင်းပြဖို့၊ မိမိတို့၏ အကြောင်းပြချက်ကို ပြောပြဖို့၊ မိမိတို့ စဉ်းစားသည့်အရာနှင့် ပတ်သက်၍ ပြောပြဖို့၊ မိမိတို့ မည်သို့ အဖိုးအခပေးရသည်နှင့် ပတ်သက်၍ ပြောပြဖို့နှင့် မိမိတို့ မည်သို့ မှန်ကန်သည်နှင့် ပတ်သက်၍ ပြောပြဖို့ အမြဲတမ်း အလိုရှိကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ရှင်းချက်ထုတ်ခြင်း၊ ခုခံကာကွယ်ခြင်း၊ သို့မဟုတ် မိမိတို့၏ကိုယ်ပိုင် တွေးခေါ်မြော်မြင်မှုနှင့် ပတ်သက်၍ ပြောပြခြင်းမှ ရှောင်ကြဉ်သည့် ဘုရားသခင်ကို ကျိုးနွံနာခံသော လူတစ်ဦးဖြစ်ရန် အလိုမရှိကြပေ။ ၎င်းတို့သည် ထိုကဲ့သို့ ပြုမူလိုစိတ် မရှိကြပေ။ ထိုအခြေအနေတွင် ၎င်းတို့သည် ကျိုးနွံနာခံခြင်းကို မည်သည့်အရာအဖြစ် သဘောထားပြုမူကြသနည်း။ ၎င်းတို့က ယင်းကို သိက္ခာကျခြင်းအား သည်းခံခြင်းအဖြစ် သဘောထားပြုမူကြသည်။ ၎င်းတို့က စိတ်ထဲ၌ မည်သည့်အရာကို စဉ်းစားကြသနည်း။ “ကျွန်ုပ် ကျိုးနွံနာခံခဲ့သည်ဟု ဘုရားသခင် အသိအမှတ်ပြုပြီး ပြောစေရန်အတွက် ဤသိက္ခာကျခြင်းတစ်ခုလုံးကို ကြံ့ကြံ့ခံရမည်” ဟူ၍ ဖြစ်သည်။ ဤအရှက်ကွဲမှုသည် အမှန်တကယ် ရှိသလော။ အကယ်၍ ယင်းသည် လုံးဝ မရှိလျှင် ၎င်းတို့က ဤ “အရှက်ကွဲမှု” ကို ဖယ်ရှားဖို့ရန် အမှုအရာများကို အဘယ့်ကြောင့် အသေအချာနှင့် ရှင်းရှင်းလင်းလင်း ရှင်းပြသေးသနည်း။ ဤသည်မှာ စစ်မှန်သော ကျိုးနွံနာခံမှု မဟုတ်ပေ။ အကယ်၍ အမှုအရာများကို သင်ပြုလုပ်သည့် ရည်ရွယ်ချက်သည် မှန်နေလျှင်ပင် ဘုရားသခင်က အမှုအရာများကို ဤအတိုင်း စီစဉ်ညွှန်ကြားလိုသည်။ သင်သည် မိမိကိုယ်ကို ခုခံကာကွယ်ဖို့ မလိုပေ။ ချေပပြောဆိုဖို့ မလိုပေ။ ယောဘသည် အမှုအရာများကို သင့်ထက် ပိုကောင်းအောင် လုပ်ဆောင်ခဲ့သလော၊ သို့မဟုတ် မလုပ်ဆောင်ခဲ့သလော။ (သူသည် အမှုအရာများကို ပိုကောင်းအောင် လုပ်ဆောင်ခဲ့ပါသည်။) ယောဘကို စစ်ကြောသောအခါတွင် သူက ချေပပြောဆိုပြီး မိမိကိုယ်ကို ခုခံကာကွယ်ခဲ့လျှင် ဘုရားသခင်က နားထောင်ခဲ့ပြီး ဖြစ်မည်လော။ ဘုရားသခင်က နားထောင်ခဲ့ပြီး ဖြစ်မည်မဟုတ်ပေ။ ဤသည်မှာ အဖြစ်မှန်တစ်ခုပင်။ ဘုရားသခင်က လူတို့၏ ခုခံချေပချက်များကို နားမထောင်ကြောင်း ယောဘသိခဲ့သလော။ ယောဘသည် မသိခဲ့သော်လည်း မိမိကိုယ်ကို ခုခံကာကွယ်ခြင်း မရှိခဲ့ပေ။ ဤသည်မှာ သူ၌ရှိခဲ့သည့် ဝိညာဉ်ရင့်သန်မှု ဖြစ်၏။ သူသည် အမှန်တကယ် ကျိုးနွံနာခံခဲ့၏။ ဘုရားသခင်က သူ့ကို ထိုအတိုင်း ဆက်ဆံရလေအောင် ယောဘက မည်သည့် မကောင်းသော အရာကို ပြုလုပ်ခဲ့သနည်း။ သူသည် မကောင်းသောအရာ တစ်ခုမျှ မပြုလုပ်ခဲ့ပေ။ ယောဘသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ‌ရှောင်ကာ စုံလင်သော လူတစ်ဦးဖြစ်သည်ဟု ဘုရားသခင်က ဆိုခဲ့၏။ “အရှက်ကွဲမှု” နှင့်ဆိုင်သည့် အခြေအနေအရ ဆိုရလျှင် ဘုရားသခင်က ယောဘကို ထိုသိက္ခာကျမှုများ ခံစားအောင် ပြုလုပ်မထားသင့်သည့်အပြင် သူ့ကို စာတန်ထံ၌ လွှဲအပ်ထားပြီး စာတန်အား သူ့ကို စုံစမ်းသွေးဆောင်ရန်နှင့် သူ၏ ပိုင်ဆိုင်မှုများအားလုံးကို နုတ်ယူရန် အခွင့်ပေးမထားသင့်ပေ။ ယင်းကို ကျိုးနွံနာခံခြင်း မရှိသော လူတို့၏ ဆင်ခြင်တွေးခေါ်မှုစနစ်အရ ကြည့်လျှင် ယောဘသည် ဆင်းရဲဒုက္ခကို ခံစားခဲ့ရပြီး ကြီးမားသော သိက္ခာကျခြင်းကို ခံစားခဲ့ရသည့်အပြင် ထိုစမ်းသပ်မှုများကို ရရှိကြုံတွေ့သောအခါ သူသည် ထိုဖြစ်ရပ်ပြီးနောက်တွင် ဘုရားသခင်ထံမှ ပို၍ပင်ကြီးမားသော ကောင်းချီးမင်္ဂလာများကို ရရှိဖို့အတွက် အရှက်ကွဲမှုကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးနေခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ တကယ်တမ်းတွင် မှန်ကန်သလော။ (မမှန်ကန်ပါ။) ဤသည်မှာ ယောဘက စဉ်းစားပြီး လက်တွေ့လုပ်ဆောင်ခဲ့ပုံ ဟုတ်သလော။ (မဟုတ်ပါ။) သူက မည်ကဲ့သို့ လက်တွေ့လုပ်ဆောင်ခဲ့သနည်း။ သူသည် ဤစမ်းသပ်မှုများကို မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းခဲ့သနည်း။ သူသည် ကြံ့ကြံ့ခံစရာ မလိုသကဲ့သို့ သိက္ခာကျခြင်းကို သူခံစားနေရသည်ဟုလည်း မတွေးထင်ခဲ့ပေ။ သူက မည်သို့ စဉ်းစားခဲ့သနည်း။ (ဘုရားသခင်က ပေးခဲ့ပြီး ပြန်လည်ရုတ်သိမ်းသွားပြီ ဟူ၍ဖြစ်သည်။) မှန်ပေ၏။ လူတို့သည် ဘုရားသခင်ထံမှ လာကြ၏။ ဘုရားသခင်က သင့်အား အသက်ကို ပေးပြီး ဇီဝအသက်ကို ပေးခဲ့၏။ သင်သည် ဘုရားသခင်ထံမှ လုံးလုံးလျားလျား ဖြစ်သဖြင့် သင်ရရှိသော အရာများအားလုံးသည် သင့်ကို ဘုရားသခင် ပေးသည့်အရာများ မဟုတ်ကြသလော။ သင်၌ ကြွားစရာ မည်သည့်အရာ ရှိသနည်း။ အရာခပ်သိမ်းကို ဘုရားသခင် ပေးသည်ဖြစ်၍ ဘုရားသခင်က ပြန်ယူလိုပါက သင့်အနေဖြင့် အကြောင်းပြချက်ပေးစရာ အဘယ်အရာ ရှိသနည်း။ သင့်ကို သူက တစ်စုံတစ်ခု ပေးသောအခါ သင်ပျော်ရွှင်ပြီး သင့်ကို သူက တစ်စုံတစ်ခု မပေးသောအခါ သင် မပျော်ရွှင်ဘဲ ဘုရားသခင်ကို စောဒကတက်ပြီး ယင်းကို ဘုရားသခင်ထံမှ တောင်းကာ ဘုရားသခင်ကို ဆန့်ကျင်တိုက်ခိုက်သည်။ ဘုရားသခင်က တစ်စုံတစ်ရာ ပေးသည်၊ မပေးသည်က ဘုရားသခင်အပေါ် မူတည်၏။ လူတို့အနေဖြင့် အကြောင်းပြချက်ပေးစရာ တစ်ခုမျှ မရှိပေ။ ဤသည်မှာ ယောဘ ပြုမူခဲ့သည့်ပုံ ဟုတ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာ ယောဘ ပြုမူခဲ့သည့်ပုံ ဖြစ်သည်။ သူ၏စိတ်နှလုံးထဲ၌ မတရားသောအသိ ရှိခဲ့သလော။ (မရှိခဲ့ပါ။) မရှိခဲ့ပေ။ ယင်းကို အပေါ်ယံကြည့်လျှင် ယောဘ၌ မတရားကြောင်း စွပ်စွဲဖို့၊ အကြောင်းပြချက်များ ‌ပေးဖို့၊ မိမိကိုယ်ကို ခုခံကာကွယ်ဖို့၊ ဘုရားသခင်နှင့် ဆန့်ကျင်တိုက်ခိုက်ဖို့နှင့် ဘုရားသခင်အား အရာရာကို အသေအချာနှင့် ရှင်းရှင်းလင်းလင်း ရှင်းချက်ထုတ်ဖို့ လုံလောက်သော အကြောင်းရင်း ရှိခဲ့ပေသည်။ သူသည် ဤအရာများ အပြုလုပ်ထိုက်ဆုံးသောသူ ဖြစ်ခဲ့သော်လည်း သူ ပြုလုပ်ခဲ့သလော။ မပြုလုပ်ခဲ့ပေ။ သူသည် စကားတစ်ခွန်းမျှ မပြောဘဲ အရာအနည်းငယ်ကိုသာ ပြုလုပ်ခဲ့၏။ မိမိဝတ်လုံကိုဆုတ်ပြီး ဦးခေါင်းကိုရိတ်၍ မြေပြင်ပေါ်တွင် ပျပ်ဝပ်လျက် ကိုးကွယ်ခဲ့သည်။ ဤလုပ်ရပ် တသီတသန်းက လူတို့အား သူ့ကို မည်သည့်လူစားမျိုးအဖြစ် မြင်စေခဲ့သနည်း။ ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်ခဲ့သောလူနှင့် စုံလင်သော လူတစ်ဦးအဖြစ် မြင်စေခဲ့သည်။ စုံလင်သောလူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အဘယ်နည်း။ ဘုရားသခင် ပြုလုပ်သည့်အရာအပေါ် တစ်ခုတလေမျှ ဝေဖန်တိကမပြုသော လူတစ်ဦး၊ ထိုအစား ထိုအရာအပေါ် ချီးမွမ်းပြီး ကျိုးနွံနာခံကာ သူခံစားရသော ဆင်းရဲဒုက္ခ မည်မျှကြီးမားသည်ဖြစ်စေ “ကျွန်ုပ်သည် မတရားမှုကို ခံစားရပြီ။ ဤသည်မှာ သိက္ခာကျခြင်းဖြစ်သည်” ဟု မပြောသောသူ ဖြစ်၏။ သူခံစားရသော ဆင်းရဲဒုက္ခ မည်မျှကြီးမားပါစေ ဤကဲ့သို့သော စကားတစ်ခွန်းကို မည်သည့်အခါမျှ မဖွင့်ဟခဲ့ပေ၊ သို့မဟုတ် ဤကဲ့သို့သော စကားတစ်ခွန်းပင် မပြောပေ။ ဤသည်ကို မည်သို့ခေါ်သနည်း။ ဘာသာတရားမရှိသူများက ယင်းကို “အတ္တကို စွန့်လွှတ်ခြင်း” ဟု ခေါ်ကြသည်။ ဤတွင် ဆင်ခြင်တွေးခေါ်စနစ်က မည်သည့်နေရာ၌ ရှိသနည်း။ ဤသည်မှာ ပကတိအခြေအနေ ဟုတ်သလော။ (မဟုတ်ပါ။) “အတ္တကို စွန့်လွှတ်ခြင်း” ဟူသည်မှာ စိတ်ပိုင်းဆိုင်ရာ ရောဂါတစ်ခုဖြစ်ပြီး အဓိပ္ပာယ်မရှိသောစကား ဖြစ်၏။ ယောဘကြုံတွေ့ခဲ့သော ကိစ္စက မည်မျှ ကြီးမားသည်ဖြစ်စေ၊ မည်မျှ နာကျင်သည်ဖြစ်စေ သူသည် ဘုရားသခင်ကို မည်သည့်အခါမျှ ခုခံပြောဆိုခြင်း သို့မဟုတ် တိုက်ခိုက်ခြင်း မရှိခဲ့ ချေ။ သူသည် ကျိုးနွံနာခံရုံသာ ဖြစ်၏။ ကျိုးနွံနာခံခြင်းအတွက် သူ၏ ကနဦးအကြောင်းရင်းမှာ အဘယ်နည်း။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဖြစ်၏။ သူ၏ ကျိုးနွံနာခံနိုင်စွမ်းသည် ဘုရားသခင်အား သူ၏ နားလည်သဘောပေါက်မှုမှ လာ၏။ အရာခပ်သိမ်း ဘုရားသခင်ထံမှ လာသည့်အပြင် ဘုရားသခင် ပြုလုပ်သမျှက မှန်သည်ဟု သူ ယုံကြည်ခဲ့သည်။

ဖြုတ်ချခံရသော အဖွဲ့ခေါင်း‌ဆောင်များနှင့် ကြီးကြပ်ရေးမှူးအချို့သည် မဆုံးနိုင်အောင် ငိုကြွေးကြသည်၊ ဂျီကျသောင်းကျန်းကြသည်၊ ပြီးလျှင် စိတ်ကောက်ကြသည်။ ၎င်းတို့က မိမိတို့သည် မတရားမှုကို ခံစားရပြီဟု ထင်ကာ ဘုရားသခင်သည် မဖြောင့်မတ်ဟု စောဒကတက်ပြီး ညီအစ်ကိုမောင်နှမများသည် မိမိတို့အား ထုတ်ဖော်ခြင်းနှင့် တိုင်ကြားခြင်းတို့အားဖြင့် မိမိတို့အား မတရားသဖြင့် ပြုမူသည်ဟု ထင်လျက် “သင်တို့တတွေ၌ အသိစိတ် မရှိပေ။ ကျွန်ုပ်သည် သင်တို့အပေါ် အလွန်ကောင်းခဲ့ပြီး ဤသည်မှာ ကျွန်ုပ်ကို သင်တို့ ပြန်ပေးဆပ်သည့်ပုံ ဖြစ်သည်တကား။ ဘုရားသခင်သည် မဖြောင့်မတ်ပေ။ ကျွန်ုပ်သည် ထိုမျှကြီးမားသော မတရားမှုကို ခံစားရပြီ ဖြစ်သည့်တိုင် ဘုရားသခင် ကျွန်ုပ်ကို အကာအကွယ်မပေးခဲ့ချေ။ သူတို့ ကျွန်ုပ်ကို ကြမ်းကြမ်းတမ်းတမ်းပင် ဖြုတ်ချပစ်ခဲ့ကြသည်။ သင်တို့အားလုံး ကျွန်ုပ်ကို အထင်သေးကြပြီး ဘုရားသခင်ကလည်း ကျွန်ုပ်ကို အထင်သေးပါတကား” ဟု ဆိုလေသည်။ ၎င်းတို့က မိမိတို့သည် အရမ်းကို မတရားဆက်ဆံခံထားရပြီဟု ထင်ပြီး ဂျီကျသောင်းကျန်းကြသည်။ ဤကဲ့သို့သော လူတစ်ဦးသည် ကျိုးနွံနာခံလာနိုင်သလော၊ ငါ့ကိုပြောလော့။ ငါမြင်သည့်အရာမှ ပြောရလျှင် ယင်းမှာ မလွယ်ကူချေ။ သို့ဖြစ်၍ သူတို့အတွက် အဆုံးသတ်ပြီမဟုတ်လော။ သင်သည် အဘယ်အတွက်ကြောင့် ဂျီကျသောင်းကျန်းနေရသနည်း။ ယင်းကို သင် လက်ခံနိုင်လျှင် လက်ခံလော့။ သမ္မာတရားကို သင် လက်မခံနိုင်ဘဲ သမ္မာတရားကို သင် ကျိုးနွံနာခံနိုင်ခြင်း မရှိလျှင် ဘုရားသခင်၏ အိမ်တော်မှ ထွက်သွားလော့။ ဘုရားသခင်ကို မယုံကြည်နှင့်။ သင့်ကို မည်သူမျှ အတင်းအကျပ် မယုံခိုင်းပေ။ သင်သည် မည်သည့်မတရားမှုကို ခံခဲ့ရသနည်း။ အဘယ်အတွက်ကြောင့် ဂျီကျသောင်းကျန်းနေသနည်း။ ဤသည်မှာ ဘုရားအိမ်တော် ဖြစ်၏။ အကယ်၍ သင်သည် တတ်နိုင်သည်ဆိုပါက လူ့အသိုင်းအဝိုင်းထဲသွား၍ ဂျီကျသောင်းကျန်းပြီးလျှင် စာတန်များနှင့် နတ်ဆိုးမင်းတို့ကို သွားရှာ၍ ဂျီကျသောင်းကျန်းလော့။ ဘုရားအိမ်တော်ထဲ၌ ဂျီကျသောင်းကျန်းခြင်း မပြုလေနှင့်။ အဖွဲ့ခေါင်းဆောင်အဖြစ် သင် ဖြုတ်ချခံရလျှင် အဘယ် ကိစ္စအထူးအထွေ ရှိသနည်း။ အဖွဲ့ခေါင်းဆောင် မဖြစ်လျှင်လည်း သင် အသက်ရှင်နေနိုင်သေးသည် မဟုတ်လော။ သင်သည် အဖွဲ့ခေါင်းဆောင် မဟုတ်ပါက ဘုရားသခင်ကို မယုံကြည်တော့မည်လော။ ယောဘသည် ထိုမျှကြီးမားသော ဆင်းရဲဒုက္ခကို ခံစားခဲ့ရသော်လည်း မည်သည့်အရာ ပြောခဲ့သနည်း။ သူသည် စောဒကတစ်ချက် မတက်ခဲ့ဘဲ ဘုရားသခင်ကိုပင် ချီးမွမ်းကာ “ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ” (ယောဘ ၁:၂၁) ဟု ဆိုခဲ့သည်။ သူသည် ဆုလာဘ်များနှင့် အကျိုးကျေးဇူးများ အလျှံပယ်ရရှိခဲ့သောကြောင့် ယေဟောဝါ၏ နာမတော်ကို ချီးမွမ်းခဲ့ခြင်းလော။ မဟုတ်ပေ။ ယင်းမှာ သူ နားလည်သည့်ပုံနှင့် သူ လက်တွေ့လုပ်ဆောင်ခဲ့သည့်ပုံပင် ဖြစ်ခဲ့သည်။ ဤအရာက လူတစ်ဦး၏ ကိုယ်ကျင့်စရိုက်နှင့်လည်း ပတ်သက်သည်မဟုတ်လော။ (ဟုတ်ပါသည်။) လူအချို့၌ နိမ့်ကျသော ကိုယ်ကျင့်စရိုက်ရှိပြီး အနည်းငယ် မတရားခံရသောအခါ ၎င်းတို့က မိမိတို့သည် အလွန်အမင်း မတရားသဖြင့် ဆက်ဆံခံရပြီ ဟူ၍လည်းကောင်း၊ ထို့ပြင် ကမ္ဘာပေါ်ရှိ လူတိုင်းလူတိုင်းက ယင်းနှင့်ပတ်သက်၍ အပြစ်မကင်းဟု ခံစားပြီး မိမိတို့၏ ခွင့်လွှတ်ခြင်းကို တောင်းခံသင့်သည် ဟူ၍လည်းကောင်း ထင်ကြသည်။ ဤလူတို့သည် အလွန် စိတ်အနှောင့်အယှက် ပေးကြသည်တကား။ “သိက္ခာကျခြင်း” ဟူသည့်စကားလုံးကို သင် မည်သို့ ရှင်းပြမည်နည်း။ သိက္ခာကျမှုကို ခံစားရခြင်းသည် ဘာသာတရား မရှိသူများအတွက် ဖြစ်နေကျ ဖြစ်ရပ်တစ်ခု ဖြစ်သော်လည်း ဘုရားသခင်၏ အိမ်တော်၌ ယင်းကို ပြောဆိုဖို့ ကွဲပြားသောနည်းလမ်း ရှိသည်။ သမ္မာတရားကို ရရှိရန်အတွက် ဆင်းရဲဒုက္ခနှင့် သိက္ခာကျခြင်းကို ခံစားရခြင်းသည် လူတို့ခံစားသင့်သော ဆင်းရဲဒုက္ခဖြစ်၏။ လူတို့သည် ပြုပြင်ခြင်း သို့မဟုတ် ဖြုတ်ချခြင်းကို ခံရသည်ဖြစ်စေ၊ သမ္မာတရားကို နားလည်သောလူတို့က ယင်းကို သိက္ခာကျခြင်းအဖြစ် သဘောမထားကြပေ။ ၎င်းတို့က မိမိတို့သည် ဆင်းရဲဒုက္ခကို ခံစားရဖို့ ထိုက်တန်သည်ဟူ၍လည်းကောင်း၊ လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့် ဆင်းရဲဒုက္ခကို ကျိုးနွံနာခံနိုင်ခြင်း မရှိသော်လည်း ယင်းသည် သိက္ခာကျခြင်း မဟုတ်ဟူ၍လည်းကောင်း ထင်ကြသည်။ မည်သူသည် သိက္ခာကျခြင်းကို အမှန်တကယ် ခံစားရသနည်း။ သိက္ခာကျခြင်းကို ခံစားရသူမှာ ဘုရားသခင်သာ ဖြစ်၏။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်သော်လည်း လူတို့က နားမလည်ကြပေ။ ဘုရားသခင်က ဣသ‌ရေလလူများကို အဲဂုတ္တုပြည်မှ ထုတ်ဆောင်ပြီးနောက် ၎င်းတို့က ရုပ်တုဆင်းတုများအား ကိုးကွယ်ခဲ့ကြသည်ကို ကြည့်လော့။ ၎င်းတို့၌ စားစရာ တစ်ခုမျှ မရှိသောအခါ ဘုရားသခင်အား စောဒကတက်ကြပြီး ဘုရားသခင်က ၎င်းတို့အတွက် မန္နမုန့်နှင့် အခြားအစားအစာကို ချပေးခဲ့ရသည်။ ၎င်းတို့သည် အဆင်ပြေသောနေ့ရက် တစ်ရက်နှစ်ရက် ကြုံတွေ့ပြီးနောက်တွင် ဘုရားသခင်ကို အာရုံမစိုက်ကြတော့သော်လည်း အခက်အခဲများကို ကြုံတွေ့ရသောအခါ သူ့ကို တစ်ဖန်ပြန်၍ ရှာဖွေကြသည်။ သူသည် ကြီးမားသော သိက္ခာကျခြင်းကို ခံစားခဲ့ရသည်ဟု သင်တို့ မထင်သလော။ လူ့ဇာတိခံယူသော ဘုရားသခင်သည် ခေတ်ကာလများ၏ ငြင်းပယ်ခြင်းခံရသောအခါ ကြီးမားသော သိက္ခာကျခြင်းကို ခံစားရသည် မဟုတ်လော။ လူတို့သည် သေးနုပ်ကြပြီး မည်သည့်အရာကိုမျှ မစွမ်းဆောင်နိုင်ကြချေ။ ၎င်းတို့သည် ဘုရားသခင်ပေးသော ကျေးဇူးတော်မြောက်မြားစွာကို မွေ့လျော်ခံစားရပြီး ဘုရားသခင် ထောက်ပံ့ပေးသော သမ္မာတရားမြောက်မြားစွာကို မွေ့လျော်ခံစားရသည်။ သို့သော် ထိုက်သင့်သော ဆင်းရဲဒုက္ခအနည်းငယ်ကို ခံစားရသောအခါ အထူးသဖြင့် မတရားဟု ထင်မြင်ကြသည်။ လူတို့သည် အဘယ်မတရားမှုကို ခံစားရသနည်း။ ပုံမှန်အားဖြင့် အနိုင်မခံ အရှုံးမပေးသည့်စိတ်ဓာတ် အတော်လေးရှိသော လူအချို့ရှိသော်လည်း ၎င်းတို့သည် ဆင်းရဲဒုက္ခ အနည်းငယ် ခံစားရသောအခါ၊ ညီအစ်ကို မောင်နှမများက ထိုသူတို့ကို ပြုပြင်သောအခါ၊ သို့မဟုတ် တစ်စုံတစ်ဦးက သူတို့အား နှစ်လိုဖွယ်မကောင်းသော အရာတစ်ခုခု ပြောသောအခါ၊ သို့မဟုတ် သူတို့ကို မည်သူမျှ အားမပေးသောအခါ သို့မဟုတ် မမြှောက်ပင့်သောအခါ သူတို့ စိတ်ထိခိုက်ကြသည်။ ကြီးမားသော ဆင်းရဲဒုက္ခကို ခံစားရပြီး မတရားခံရပြီဟု ထင်လျက် “သင်တို့အားလုံး ကျွန်ုပ်ကို အထင်သေးကြပြီး ကျွန်ုပ်ကို မည်သူမျှ အာရုံမစိုက်ပေ။ ကျွန်ုပ်သည် မတရားဆက်ဆံခြင်းခံရဖို့ ရေစက်ပါသည်တကား” ဟု မကျေမနပ် ပြောကြသည်။ သင်သည် မည်သည့်အရာကို ဂျီကျသောင်းကျန်းနေသနည်း။ ထိုအရာများကို ပြောခြင်းက မည်သည့်အကျိုး ရှိသနည်း။ ထိုစကားလုံးများ တစ်ခုတလေသည် သမ္မာတရားနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) သို့ဆိုလျှင် ယင်းသည် မည်သည့်အရာနှင့် ညီမျှသနည်း။ ဤသည်မှာ အရှက်ကွဲမှုလော။ သင်သည် မိမိခံစားထိုက်သည့် ဆင်းရဲဒုက္ခကို ရှင်းလင်းစွာ ပိုင်းခြားသိမြင်နိုင်စွမ်းမရှိသည့်အပြင် ယင်းကို လက်မခံပေ။ သင်သည် တရားဒေသနာ အမြောက်အမြားကို နားထောင်ခဲ့ပြီး ဖြစ်သော်လည်း လူတို့အနေဖြင့် သမ္မာတရားကို မည်သို့ လက်တွေ့လုပ်‌ဆောင်သင့်သည်ကိုလည်းကောင်း၊ ၎င်းတို့ မည်သို့ ကျိုးနွံနာခံသင့်သည်ကိုလည်းကောင်း နားမလည်ပေ။ သင်သည် ဤအရာတစ်ခုကိုမျှ မသိဘဲ ကြီးမားသော သိက္ခာကျခြင်းတစ်မျိုးကို သင် ခံစားရပြီဟု ထင်နေသေးသည်။ သင်သည် ဆင်ခြင်တုံတရားမဲ့သည် မဟုတ်လော။ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံသောလူတို့အဖို့ ဤသိက္ခာကျခြင်းသည် ရှိသလော။ (မရှိပါ။) တစ်ခါတစ်ရံ ညီအစ်ကို မောင်နှမများက သင့်အား မတရားသဖြင့် တကယ်ကို ဆက်ဆံနေလျှင်ပင် ယင်းကို သင် မည်ကဲ့သို့ တွေ့ကြုံခံစားသင့်သနည်း။ ဥပမာ တစ်နေရာရာ၌ ဒေါ်လာငါးဆယ် ကျကျန်နေကာ ယင်း၏ဘေးသို့ သင် လမ်းလျှောက်သွားပြီးနောက် ယင်းသည် မရှိတော့ဘဲ လူတိုင်းက သင် ယူလိုက်သည်ဟု သံသယရှိသည်။ သင် မည်သည့်အရာ ပြုလုပ်မည်နည်း။ သင်သည် စိတ်ထိခိုက်ပြီး စိတ်ထဲ၌ “ကျွန်ုပ်သည် ဆင်းရဲလင့်ကစား စာရိတ္တအားမာန် ရှိသေးသည်။ မိမိ၏ ဂုဏ်သိက္ခာနှင့်ပတ်သက်၍ အရေးစိုက်နေသေးသည်။ ကျွန်ုပ်သည် အခြားလူတစ်ဦးဦး ပိုင်ဆိုင်သည့် အရာတစ်ခုခုကို မည်သည့်အခါမျှ မယူဖူးပေ။ ကျွန်ုပ်၏လက်များသည် လုံးဝ သန့်ရှင်းနေသည်။ သင်တို့တတွေက ကျွန်ုပ်ကို အမြဲတမ်း အထင်သေးကာ ဤအရာဖြစ်ပျက်သောအခါ သင်တို့ ပထမဆုံး သံသယရှိသည့်သူမှာ ကျွန်ုပ်သာ ဖြစ်၏။ ဘုရားသခင်သည် ကျွန်ုပ်၏ကိုယ်စား အမှုအရာများကို မရှင်းလင်းပေးခဲ့ဖူးပေ။ ကိုယ်တော်က ကျွန်ုပ်ကိုလည်း မနှစ်သက်ပုံပေါက်သည်” ဟု မချင့်မရဲဖြစ်မည်။ သင် ဂျီကျသောင်းကျန်းမည်။ ဤအရာကို အရှက်ကွဲမှုဟု ယူဆ၍ရနိုင်သလော။ (မရနိုင်ပါ။) သို့ဆိုလျှင် ဤအခြေအနေ၌ သင်သည် မည်သည့်အရာ လုပ်သင့်သနည်း။ အကယ်၍ သင်သည် ယင်းကို ယူပါက ဝန်ခံကာ မည်သည့်အရာကိုမျှ နောက်ထပ် ယူတော့မည်မဟုတ်ဟု ကတိပေးလော့။ အကယ်၍ မယူပါက “ယင်းကို ကျွန်ုပ်မယူပေ။ ဘုရားသခင်က လူတို့၏ အတွင်းစိတ်နှလုံးများကို စောင့်ကြည့်လေ့လာသည်။ မည်သူဖြစ်စေ ထိုပိုက်ဆံကို ယူသောသူသာ သိပြီး ဘုရားသခင်လည်း သိ၏။ ကျွန်ုပ်သည် နောက်ထပ်စကားတစ်ခွန်း ပြောမည်မဟုတ်” ဟု ပြောလော့။ “သင်တို့ ကျွန်ုပ်ကို အထင်သေးသည်။ သင်တို့အားလုံး ကျွန်ုပ်ကို မဲချင်ကြသည်” ဟု သင် ပြောစရာမလိုပေ။ ထိုအရာများကို ပြောခြင်းက အဘယ်အကျိုး ရှိသနည်း။ ထိုအရာမျိုး အများကြီးပြောခြင်းက ကောင်းသောအရာ ဟုတ်သလော။ (မဟုတ်ပါ။) အဘယ့်ကြောင့် မဟုတ်သနည်း။ သင်သည် ထိုအရာမျိုး အများကြီးပြောလျှင် ယင်းက အမှန်တရားတစ်ခုကို သက်သေပြ၏။ သင်၏စိတ်နှလုံးထဲတွင် ဘုရားသခင်မရှိ။ သင်သည် ဘုရားသခင်ကို မယုံကြည်သည့်အပြင် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းမရှိပေ။ သင်သည် ထိုကိစ္စ၏ အမှန်တရားကို ပြောသောအခါ ဘုရားသခင် သိသည်။ သူသည် လူတို့၏ အတွင်းစိတ်နှလုံးကို စောင့်ကြည့်လေ့လာပြီး လူတို့ ပြောသမျှနှင့် လုပ်သမျှကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်။ အခြားလူတို့က ယင်းကို မည်သို့ မြင်တွေ့သည်မှာ သူတို့အပေါ် မူတည်၏။ သင်သည် ဘုရားသခင်က ဤအရာများအားလုံးကို သိကြောင်း ယုံကြည်သဖြင့် များစွာပြောစရာ မလိုပေ။ သင်သည် စိတ်ထိခိုက်စရာ လိုသလော။ မလိုပေ။ ဤကိစ္စသည် အဘယ်မျှလောက် အရေးပါသနည်း။ သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်းကြောင့် အသရေဖျက်ခြင်းနှင့် ဝေဖန်ခြင်းကို ခံရသောအခါ မတရားမှုတစ်ခုကို ခံစားရပြီဟု ထင်မြင်သော်လည်း သင်သည် ယင်းနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း ပြောပြနိုင်သလော။ မိမိကိုယ်ကို တစိုက်မတ်မတ် ခုခံကာကွယ်ခြင်းအားဖြင့် သင်သည် တကယ့်ပြဿနာကို နှောင့်နှေးအောင် လုပ်နေခြင်းဖြစ်သည်။ ဤသည်မှာ အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ သူတို့အား ခုခံပြောဆိုနေခြင်းက အဘယ်အကျိုးရှိသနည်း။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မဟုတ်ပေ။

လူတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းအား တွေ့ကြုံခြင်းဟူသည့် ဖြစ်စဉ်အတွင်း၌ ဆင်းရဲဒုက္ခများစွာကို ခံစားရသည်။ လူတို့ခံစားရသည့် ဆင်းရဲဒုက္ခသည် သိက္ခာကျခြင်း ဟုတ်သလော။ (မဟုတ်ပါ။) လုံးဝ မဟုတ်ပေ။ ငါသည် အဘယ့်ကြောင့် ထိုသို့ဆိုသနည်း။ (လူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သ‌ဘောထားများ ရှိသောကြောင့် ဤဆင်းရဲဒုက္ခကို ခံစားသင့်သည်။) လူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိ၏။ ဤသည်မှာ ယင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ထို့အပြင် သမ္မာတရား၏ မည်သည့်လက္ခဏာသွင်ပြင်ကို သင် နားမလည်သည်ဖြစ်စေ၊ ပြီးလျှင် သင့်အထဲမှ မည်သည့်အပိုင်းသည် အပျက်သဘော ဆောင်နေသေးသည်ဖြစ်စေ သင်သည် ယင်းကို ထုတ်ပြောပြီး ယင်းအပေါ် မိတ်သဟာယဖွဲ့နိုင်သည်။ ယင်းကို စိတ်ထဲ၌ ဆက်လက်၍ မျိုသိပ်ထားစရာ မလိုပေ။ မိတ်သဟာယဖွဲ့ခြင်း၏ ရည်မှန်းချက်ပန်းတိုင်မှာ အဘယ်နည်း။ (ပြဿနာများကို ဖြေရှင်းရန်ဖြစ်သည်။) သမ္မာတရားကို ရှာဖွေရန်၊ သမ္မာတရားကို နားလည်လာရန်နှင့် စိတ်ထဲရှိ ပြဿနာများကို ဖြေရှင်းရန် ဖြစ်သည်။ သင်သည် ယင်းတို့ကို စိတ်ထဲ၌ ဆက်လက်၍ မျိုသိပ်ထားစရာ မလိုပေ။ သင်သည် သိက္ခာကျခြင်းကို ခံစားစရာ မလိုပေ။ သင်သည် ကြံ့ကြံ့ခံရန် မလိုအပ်ဘဲ “ကျွန်ုပ် နားမလည်သည့်တိုင် ကျွန်ုပ်ကို ကျိုးနွံနာခံခိုင်းနေဆဲ ဖြစ်သည်။ ကျွန်ုပ်သည် ကျိုးနွံနာခံခြင်းမရှိမီ နားလည်ရမည်” ဟု ပြောစရာ မလိုအပ်ပေ။ အကယ်၍ သင် နားမလည်ပါက မိတ်သဟာယဖွဲ့နိုင်သည်။ သမ္မာတရားကို ရှာဖွေခြင်းသည် မှန်ကန်သော လမ်းကြောင်းဖြစ်၏။ ဤသည်မှာ မမှားယွင်းပေ။ အမှုအရာအချို့ကို မိတ်သဟာယဖွဲ့ပြီး အသေအချာ ပြောပြသောအခါ လူတို့က မည်သည့်အရာ ပြုလုပ်ရမည်ကို သိမည်ဖြစ်သည်။ သင်သည် သမ္မာတရားရှာဖွေသည့် သဘောထားကို လက်သင့်ခံပြီး သမ္မာတရား ရှာဖွေခြင်းဖြင့် ပြဿနာများကို ဖြေရှင်းသင့်သည်။ အကယ်၍ သမ္မာတရားကို နားမလည်ဘဲ ကျိုးနွံနာခံခြင်းကိုသာ လက်တွေ့လုပ်ဆောင်ပါက နောက်ဆုံးတွင် သင်၏ ပြဿနာများကို ဖြေရှင်းနိုင်မည် မဟုတ်သေးချေ။ ထို့ကြောင့် သင်သည် ကျိုးနွံနာခံဖို့ လိုအပ်နေလျှင်ပင် သင်သည် နားဝေတိမ်တောင်ပုံစံဖြင့်ဖြစ်စေ၊ စည်းမျဉ်းနှင့်မညီသော ပုံစံဖြင့်ဖြစ်စေ ကျိုးနွံနာခံဖို့ မလိုအပ်ပေ။ သို့ရာတွင် ကျိုးနွံနာခံခြင်းထဲတွင် ပါဝင်သည့် အခြေခံအကျဆုံး စည်းမျဉ်းတစ်ခု ရှိသည် ယင်းမှာ သင် နားမလည်သည့်အခါတွင် သင် အလျင်ဦးစွာ ကျိုးနွံနာခံသင့်သည်၊ ကျိုးနွံနာခံသော စိတ်နှလုံးနှင့် ကျိုးနွံနာခံသော သဘောထားရှိသင့်သည် ဟူ၍ ဖြစ်လေသည်။ ဤသည်မှာ လူတို့၌ ရှိသင့်သည့် ဆင်ခြင်တုံတရား ဖြစ်၏။ ဤအရာကို ဖြစ်မြောက်အောင်မြင်ပြီးနောက်မှ ဖြည်းဖြည်းချင်း ရှာဖွေ‌လော့။ ဤနည်းဖြင့် သင်သည် ဘုရားသခင်၏ စိတ်သဘောထားအား ပုန်ကန်ပြစ်မှားခြင်းကို ရှောင်ကြဉ်နိုင်ပြီး အကာအကွယ်ပေးခြင်း ခံရနိုင်ကာ လမ်းဆုံးအထိ အရောက်သွားနိုင်သည်။ လူတို့အား ဖော်ထုတ်ဖို့၊ ပြစ်တင်ရှုတ်ချဖို့နှင့် တရားစီရင်ပြီး ကျိန်ဆဲဖို့ရန်ပင် ဘုရားသခင် အသုံးပြုသည့် စကားများအားလုံးသည် လူတို့ကို အရှက်ခွဲရန် ရည်ရွယ်သလော။ (မရည်ရွယ်ပါ။) လူတို့သည် ဤအရာအားလုံးကို ကြံ့ကြံ့ခံဖို့အတွက် အစွန်းရောက်သော သည်းခံမှု လိုအပ်သလော။ (မလိုအပ်ပါ။) သူတို့ မလိုအပ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် လူတို့သည် ဤအရာအားလုံးကို လက်ခံဖို့အတွက် ကြီးမားသော ယုံကြည်မှု လိုအပ်သည်။ ဤအရာကို လက်ခံခြင်းဖြင့်သာ စာတန်၏ ဖောက်ပြန်ပျက်စီးသော သဘာဝက အတိအကျ မည်သည့်အရာဖြစ်ကြောင်း၊ လူတို့၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရက အတိအကျ မည်သည့်အရာဖြစ်ကြောင်း၊ ဘုရားသခင်အ‌ပေါ် လူတို့၏ ရန်ငြိုးအရင်းအမြစ်က အတိအကျ မည်သည့်အရာဖြစ်ကြောင်းနှင့် လူတို့သည် ဘုရားသခင်နှင့် အဘယ့်ကြောင့် သဟဇာတမဖြစ်ရသည်တို့ကို သင် အမှန်တကယ် နားလည်နိုင်မည်ဖြစ်သည်။ သင်သည် ဤပြဿနာများကို မဖြေရှင်းနိုင်မီ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ ရှိသော သမ္မာတရားကို ရှာဖွေရမည်။ အကယ်၍ သင်သည် သမ္မာတရားကို လက်မခံဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များက အမှုအရာများကို အဘယ်မျှ ရှင်းရှင်းလင်းလင်း ဖော်ပြသည်ဖြစ်စေ သင်လက်မခံပါက ထိုပြဿနာများကို မည်သည့်အခါမျှ သင် ဖြေရှင်းမည် မဟုတ်ပေ။ “ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်ုပ်တို့ကို အရှက်မခွဲပါ။ ယင်းတို့က ကျွန်ုပ်တို့ကို ဖော်ထုတ်ရုံသာ ဖော်ထုတ်ပြီး ကျွန်ုပ်တို့၏ ကောင်းကျိုးအတွက်ဖြစ်သည်” ဟု သင် နားလည်ထားလျှင်ပင် သင်သည် ဤအရာကို အယူဝါဒသဘောအရသာ အသိအမှတ်ပြုခြင်း ဖြစ်သည်။ ဘုရားသခင်ပြောဆိုသမျှ၏ အဓိပ္ပာယ်အမှန်ကိုဖြစ်စေ၊ ယင်းက မည်သည့် အကျိုးသက်ရောက်မှုကို ဖြစ်မြောက်အောင်မြင်ဖို့ ရည်ရွယ်သည်ကိုဖြစ်စေ သင် မည်သည့်အခါမျှ နားလည်လာမည် မဟုတ်ပေ။ သင်သည် ဘုရားသခင် ပြောဆိုသည့် သမ္မာတရားသည် မည်သည့်အရာ အတိအကျဖြစ်သည်ကို မည်သည့်အခါမျှ သင် နားလည်မည် မဟုတ်ပေ။ ဤပုံစံဖြင့် မိတ်သဟာယဖွဲ့ပြီးနောက် ယင်းက လူတို့အား ပြုပြင်ခြင်းကို လက်ခံခြင်း၊ ဖြုတ်ချခံရခြင်းကို လက်ခံခြင်းနှင့် လူတို့၏ အယူအဆများနှင့် မကိုက်ညီသည့် ဘုရားသခင် လုပ်‌ဆောင်သော အလုပ်၊ အစီအစဉ်များနှင့် အချုပ်အခြာအာဏာကို လက်ခံခြင်းအပေါ် လိုလားတက်ကြွပြီး အပြုသဘောဆောင်သော သဘောထားတစ်ခု ရှိစေဖို့အတွက် တစ်စုံတစ်ခုသော အတိုင်းအတာအထိ လုပ်နိုင်သည် မဟုတ်လော။ (လုပ်နိုင်ပါသည်။) အနည်းဆုံးအနေဖြင့် ဘုရားသခင် လုပ်သမျှသည် မှန်ကန်ကြောင်း၊ ယင်းကို ၎င်းတို့က အပျက်သဘော ‌ဆောင်သောပုံစံဖြင့် နားမလည်သင့်ကြောင်း၊ ၎င်းတို့၌ အလျင်ဦးစွာ ရှိသင့်သည့် သဘောထားသည် အပြုသဘောဆန်ဆန်ဖြင့် လက်ခံဖို့၊ ကျိုးနွံနာခံဖို့နှင့် ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်ကြောင်း လူတို့ စဉ်းစားမည် ဖြစ်သည်။ လူတို့အား ဘုရားသခင် ပြုလုပ်သမျှက လူတို့အပိုင်း၌ ကြီးမားသော သည်းခံမှုကို မတောင်းဆိုပေ။ ဆိုလိုသည်မှာ သင်သည် ဤအရာအားလုံးကို ကြံ့ကြံ့ခံစရာ မလိုပေ။ သင်သည် မည်သည့်အရာ လုပ်ဖို့လိုသနည်း။ သင်၌လိုအပ်သည်မှာ လက်ခံရန်၊ ရှာဖွေရန်နှင့် ကျိုးနွံနာခံရန် ဖြစ်သည်။ ဘာသာတရားမရှိသူများက အသုံးပြုသည့် “အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်း” ဟူသော အသုံးအနှုန်းသည် လူတို့အဖို့ သိသာထင်ရှားစွာပင် ထိခိုက်စေ၏။ ဘုရားသခင် ပြုလုပ်သော မည်သည့်အရာကမျှ သင့်အား အရှက်ကွဲမှုကို ကြံ့ကြံ့ခံဖို့ မတောင်းဆိုပေ။ သင်သည် သည်းခံမှု၊ ချစ်ခြင်းမေတ္တာ၊ နှိမ့်ချခြင်းသာမက ကျိုးနွံနာခံခြင်း၊ လက်သင့်ခံခြင်း၊ ရိုးသားမှု၊ ပွင့်လင်းမှုနှင့် ရှာဖွေခြင်းကို လက်တွေ့လုပ်ဆောင်နိုင်သည်။ ဤအရာများသည် အတော်အတန် အပြုသဘောဆောင်၏။ သို့ဆိုလျှင် ဘာသာတရားမရှိသူများ ပြောနေကြသည့်အရာ၏ နောက်ကွယ်ရှိ ဆင်ခြင်တွေးခေါ်မှုစနစ်မှာ မည်သည့်အရာ ဖြစ်သနည်း။ ယင်းမှာ စာတန်ဆန်သော အတွေးအခေါ်နှင့် စာတန်ဆန်သော မုသားများ ဖြစ်၏။ အတိုချုပ်ဆိုရလျှင် အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းသည် ဘုရားသခင်ကို ယုံကြည်သောသူတို့ လိုက်နာသင့်သည့် စည်းမျဉ်းမဟုတ်ပေ။ ယင်းသည် သမ္မာတရားမဟုတ်။ စာတန်ဆန်သော အရာဖြစ်သည်။ အရှက်ကွဲမှုကို ကြံ့ကြံ့ခံခြင်းသည် လူတို့လုပ်ဆောင်ဖို့ ဘုရားသခင်တောင်းဆိုသည့် အရာမဟုတ်၊ အဘယ့်ကြောင့်ဆိုသော် ဤနေရာ၌ အရှက်ကွဲမှုဟူသည် မရှိပေ။ လူတို့အပေါ် ဘုရားသခင်၏ လုပ်‌ဆောင်ချက်များအားလုံးသည် ချစ်ခြင်းမေတ္တာ၊ ကယ်တင်ခြင်း၊ သူတို့ကို ကြည့်ရှုစောင့်ရှောက်ခြင်းနှင့် သူတို့ကို အကာအကွယ်ပေးခြင်း ဟူသည့် လုပ်ဆောင်ချက်များသာ ဖြစ်သည်။ ဘုရားသခင် ပြောဆိုသည့်၊ ပြီးလျှင် လူတို့၌ သူလုပ်ဆောင်သည့် အလုပ်အားလုံးသည် အပြုသ‌ဘော ဆောင်ပြီး သမ္မာတရားချည်း ဖြစ်ကြ၏။ ယင်းတို့ထဲမှ တစ်ခုတလေကမျှ စာတန် ပြောဆိုလုပ်ဆောင်သည့် အရာတို့နှင့် မတူသည့်အပြင် စာတန်၏ နည်းစနစ်များနှင့် နည်းလမ်းများ မပါရှိချေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံခြင်းအားဖြင့်သာလျှင် လူတို့သည် သန့်စင်ခြင်းနှင့် ကယ်တင်ခြင်းကို ခံရနိုင်လေသည်။

စာတန်ပြောသော “အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံခြင်း” ဟူသည့် လုပ်ရပ်သည် လူတို့၌ မည်သည့်နည်းလမ်းများဖြင့် ပေါ်လွင်ထင်ရှားသနည်း။ ယင်းသည် လူတို့၌ ထိခိုက်နစ်နာမှု၊ မတရားပြုကျင့်မှု၊ ဖျက်ဆီးခြင်းနှင့် နင်းခြေခြင်း ပုံစံများဖြင့် ပေါ်လွင်ထင်ရှားသည်။ အချုပ်အားဖြင့်ဆိုသော် ၎င်းသည် သင့်အပေါ် ဘေးဒုက္ခကို သက်ရောက်စေသည်။ သင်သည် ဆင်းရဲဒုက္ခကို ခံစားခဲ့ရသည်ဖြစ်စေ၊ သိက္ခာကျခြင်းကို ခံစားခဲ့ရသည်ဖြစ်စေ အတိုချုပ်အားဖြင့် စာတန်က ၎င်းတို့ကို ခံစားစေသည့် အမှုအရာများမှ လူတို့ နောက်ဆုံးရရှိသည့်အရာမှာ သမ္မာတရား မဟုတ်သည်မှာ ကျိန်းသေ၏။ လူတို့ မည်သည့်အရာကို ရရှိသနည်း။ နာကျင်မှုကို ရရှိသည်။ စာတန်က လူတို့၌ ဖြစ်ပေါ်စေသည့်အရာမှာ မရေမတွက်နိုင်သော အရှက်ခွဲခြင်းနှင့် လှောင်ပြောင်ခြင်း ပုံစံများအပြင် မတရားပြုကျင့်ခြင်းနှင့် ဖောက်ပြန်ပျက်စီးခြင်းတို့ ဖြစ်သည်။ သို့ဆိုလျှင် ယင်းသည် လူတို့၌ မည်သည့်အရာကို ပြီးမြောက်စေပြီး မည်သို့ ခံစားစေသနည်း။ ၎င်းက လူတို့အား မိမိတို့ကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ရန်အလို့ငှာ နာကြည်းချက်များကို ကြံ့ကြံ့ခံစေပြီး လိုက်လျောညီထွေဖြစ်အောင် နေစေသည့်အပြင် အတွင်းစိတ်၌ ဖောက်ပြန်လာစေသည်အထိပင် ဖြစ်စေသည်။ လူတို့သည် ဤအရာအားလုံးကို ကိုင်တွယ်ရန်နှင့် ချဉ်းကပ်ရန် အမျိုးစုံသော နည်းဗျူဟာများနှင့် နည်းလမ်းများကို အသုံးပြုရန် သင်ယူကြပြီး မျက်နှာလိုမျက်နှာရလုပ်ရန်၊ ဟန်ဆောင်ရန်နှင့် မဟုတ်မမှန်သောစကားများ ပြောဆိုရန် သင်ယူကြသည်။ လူတို့သည် ဤအရာအားလုံးကို ထုတ်ဖော်ပြီး ပေါ်လွင်ထင်ရှားစေသောအခါ ၎င်းတို့၏ စိတ်နှလုံးသည် လိုလိုလားလားရှိခြင်း၊ ပျော်ရွှင်ခြင်းနှင့် ငြိမ်သက်ခြင်း ရှိသလော၊ သို့မဟုတ် ဒေါသထွက်ပြီး စိတ်ဆင်းရဲနေသလော။ (ဒေါသထွက်ခြင်းနှင့် စိတ်ဆင်းရဲခြင်း ဖြစ်ပါသည်။) ဤလောက၌ အရှက်ကွဲခြင်းကို ပို၍ ကြံ့ကြံ့ခံလေလေ လူတို့၏ စိတ်နှလုံးထဲရှိ ဒေါသသည် တိုးပွားလာသလော သို့မဟုတ် လျော့နည်းသွားသလော။ (တိုးပွားလာပါသည်။) သို့ဆိုလျှင် လူတို့သည် လူသားမျိုးနွယ်ကို ပို၍ ရန်လိုသောနည်းလမ်းဖြင့် ရှုမြင်သလော၊ သို့မဟုတ် ပို၍ ချစ်ခင်သောနည်းလမ်းဖြင့် ရှုမြင်သလော။ (ရန်လိုသောနည်းလမ်း ဖြစ်ပါသည်။) လူတို့သည် လူသားမျိုးနွယ်ကို ပို၍ ရန်လိုသောနည်းလမ်းဖြင့် ရှုမြင်ပြီး တွေ့သမျှလူတိုင်းကို မုန်းတီးကြသည်။ လူတို့သည် ငယ်ရွယ်ပြီး လူ့အဖွဲ့အစည်းထဲသို့ ဝင်ရောက်စအချိန်တွင် အရာရာတိုင်းကို အံ့ဩဖွယ်အဖြစ် မြင်ကြပြီး လူတို့ကို အထူးပင် လွယ်လင့်တကူ ယုံကြည်ကြသည်။ အသက်သုံးဆယ်အရွယ်သို့ ရောက်သောအခါ ၎င်းတို့သည် အခြားသူများကို ထိုမျှလောက် မယုံကြည်ကြတော့ပေ။ အသက်လေးဆယ်အရွယ်သို့ ရောက်သောအခါ ၎င်းတို့သည် လူအများစုကို မယုံကြည်ကြတော့ဘဲ အသက်ငါးဆယ်အရွယ်သို့ ရောက်သောအခါ ၎င်းတို့၏ စိတ်နှလုံးများသည် အမုန်းတရားနှင့် ပြည့်နေပြီး အခြားသူများကို ပြန်လှည့်၍ ဒုက္ခပေးရန် အသင့်ဖြစ်နေကြသည်။ အမုန်းတရားနှင့် မပြည့်မီတွင် လူတို့သည် မည်သည့်အရာကို ကြံ့ကြံ့ခံကြသနည်း။ ယင်းမှာ သိက္ခာကျခြင်းနှင့် နာကျင်မှုချည်းသာ ဖြစ်သည်။ သင်သည် အခြားသူများကဲ့သို့ လုပ်နိုင်စွမ်းနှင့် သြဇာအာဏာ မရှိသောအခါ၊ အခြားသူများက သင်သည် တစ်စုံတစ်ခုဖြစ်သည်ဟု ဆိုသောအခါ သင်သည် အသိအမှတ်ပြုသည့်အနေဖြင့် သင်၏ခေါင်းကို အလျင်အမြန် ညိတ်ရမည်ဖြစ်ပြီး ၎င်းတို့က သင့်ကို ကျိန်ဆဲသောအခါ သင်သည် နားထောင်ရမည် ဖြစ်သည်။ သင် လုပ်နိုင်သည့်အရာ တစ်ခုမျှ မရှိသော်လည်း အတွင်းထဲ၌ သင် မည်သို့ တွေးထင်သနည်း။ “တစ်နေ့ ငါအာဏာရသောအခါ သင့်ကို ငါ့လက်ဖြင့် သတ်ပစ်ပြီး သင်၏ မျိုးဆက်သုံးဆက်ကို လက်စတုံးပစ်မည်” ဟူ၍ဖြစ်သည်။ သင်၏ စိတ်နှလုံးထဲရှိ အမုန်းတရားသည် ပို၍အားကောင်းသည်ထက် အားကောင်းလာသည်။ ဤသည်မှာ အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံခြင်းနှင့် ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းရွက်ခြင်းက ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အပေါ်သို့ ဆောင်ကြဉ်းလာသည့် အကျိုးဆက် ဖြစ်သည်။ လူတို့က လူ့အဖွဲ့အစည်း၏ ချီးကျူးခြင်းနှင့် မြှင့်တင်ခြင်းကို ခံရသည့် အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံခြင်းနှင့် ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းရွက်ခြင်းသည် အပြုသဘောဆောင်သော အရာတစ်ခု ဖြစ်သည်ဟုလည်းကောင်း၊ လူတို့အား ကြိုးစားလုပ်ဆောင်ရန်နှင့် ပို၍ အားကောင်းလာစေရန် ကြိုးပမ်းစေနိုင်သည့် စိတ်နေစိတ်ထားတစ်မျိုးနှင့် တွေးခေါ်ပုံတစ်မျိုး ဖြစ်သည်ဟုလည်းကောင်း ထင်မှတ်ကြသည်။ သို့ဆိုလျှင် အဘယ်ကြောင့် ယင်းက လူတို့၌ ဒေါသနှင့် အမုန်းတရားကို နောက်ဆုံးတွင် ဖြစ်ပေါ်စေသနည်း။ (အကြောင်းမှာ ယင်းသည် သမ္မာတရား မဟုတ်သောကြောင့် ဖြစ်ပါသည်။) မှန်ပေသည်။ ယင်းသည် သမ္မာတရား မဟုတ်သောကြောင့် ဤဆိုးကျိုးကို ဖြစ်ပေါ်စေခြင်း ဖြစ်သည်။ လူ့အဖွဲ့အစည်းနှင့် လူဆိုးဂိုဏ်းများတွင် မျိုးဆက်များစွာသော မကျေနပ်မှုနှင့် ကလဲ့စားချေ သတ်ဖြတ်မှုများကို မည်သည့်အရာက ဖြစ်ပေါ်စေသနည်း။ (လူတို့သည် သိက္ခာကျခြင်းကို ခံစားရပြီးနောက် ၎င်းတို့၏ စိတ်နှလုံးထဲရှိ အမုန်းတရားက ကြီးထွားလာကာ ကလဲ့စားချေလိုစိတ်ဖြင့် သတ်ဖြတ်ကြခြင်းကြောင့် ဖြစ်သည်။) မှန်ပေသည်၊ ကလဲ့စားချေလိုစိတ်ဖြင့် သတ်ဖြတ်ခြင်းသည် ထိုသို့ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ မျိုးဆက်တစ်ခုပြီးတစ်ခု လူတို့သည် လူသားမျိုးနွယ် ဘေးအန္တရာယ်ဖြင့် ပျက်စီးသည်အထိ အချင်းချင်း ရက်စက်စွာ သတ်ဖြတ်ကြသည်။ ဤသည်မှာ အကျိုးဆက် ဖြစ်သည်။ လူသားမျိုးနွယ်သည် စာတန်၏ အတွေးအခေါ်များနှင့် ယုတ္တိတို့အတိုင်း အသက်ရှင်ခဲ့ပြီး စာတန်၏ အာဏာအောက်တွင် မျက်မှောက်ခေတ်ကာလအထိ တဖြည်းဖြည်း ဆင့်ကဲပြောင်းလဲလာခဲ့သည်။ လူတို့ကြားရှိ ဆက်ဆံရေးသည် ပို၍ ပုံပျက်လာသည်၊ ပို၍ အလှမ်းကွာဝေးလာသည်၊ ပို၍ ယုံကြည်မှု ကင်းမဲ့လာသည်၊ ပြီးလျှင် ပို၍ အေးစက်လာသည်။ ယခု မည်သည့်အဆင့်သို့ ရောက်ရှိသွားပြီနည်း။ တစ်ဦးနှင့်တစ်ဦး ဘာမျှမသက်ဆိုင်သော လူနှစ်ဦး၏ စိတ်နှလုံးများသည် အပြန်အလှန် အမုန်းတရားနှင့် အပြန်အလှန် ရန်လိုမုန်းတီးမှုတို့ဖြင့် ပြည့်နေသည့်အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ယခင်က အိမ်နီးနားချင်းများသည် မကြာခဏ အဆက်အသွယ်ရှိပြီး အချင်းချင်း မကြာခဏ အပြန်အလှန် ဆက်ဆံကြသော်လည်း ယခုမူ လူတစ်ဦးသည် သေဆုံးပြီးနေသည်မှာ ငါးရက် သို့မဟုတ် ခြောက်ရက်ကြာရှိနေနိုင်ပြီး သူ၏ အိမ်နီးချင်းက သိမည်မဟုတ်ပေ။ မည်သူကမျှ လာရောက်ကြည့်ရှုမည် မဟုတ်ပေ။ အမှုအရာများသည် ဤအဆင့်သို့ မည်သို့ ရောက်ရှိသွားခဲ့သနည်း။ ဤအပြန်အလှန် အမုန်းတရားကြောင့် ဤအဆင့်သို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။ သင်သည် အခြားသူများက သင့်ကို ရန်လိုခြင်း မပြုစေလိုသည့်တိုင် တစ်ချိန်တည်းမှာပင် သင်က အခြားသူများကို ရန်လိုသည်၊ ဤသည်မှာ ဆိုးကျိုးသံသရာတစ်ခု ဖြစ်သည်။ ယင်းမှာ စာတန်၏ နိယာမများက လူသားမျိုးနွယ်အပေါ်သို့ ဆောင်ကြဉ်းလာသည့် ဆိုးကျိုးနှင့် ဘေးအန္တရာယ်တစ်ခု ဖြစ်သည်။ လူတို့၏ စိတ်နှလုံးထဲရှိ အခြားသူများအပေါ် အမြင်ရှုထောင့်များနှင့် ထင်မြင်ချက်များသည် ပို၍ မလိုလားဖွယ်ဖြစ်လာသောကြောင့် ၎င်းတို့သည် အရှက်ကွဲခြင်းကို ကြံ့ကြံ့ခံခြင်းနှင့် ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းရွက်ခြင်းတို့၌ ပို၍တော်သည်ထက် တော်လာကြပြီး ၎င်းတို့၏ စိတ်နှလုံးထဲရှိ ဒေါသနှင့် အမုန်းတရားတို့သည် ကြီးထွားလာကာ နောက်ဆုံးတွင် ၎င်းတို့က “၎င်းတို့အားလုံး သေဆုံးသွားပြီး တစ်ယောက်မျှ အသက်မရှင်တော့လျှင် ပိုကောင်းလိမ့်မည်” ဟု ဆိုကြသည်။ လူတိုင်း၏ စိတ်နှလုံးသည် ဤအမုန်းတရားမျိုးနှင့် ပြည့်နေသည် မဟုတ်လော။ ၎င်းတို့သည် ဤလောကကြီး အမြန်ဆုံး ပျက်စီးသွားမည့်အရေးကို တောင့်တကြသည်မှာ “လူများအားလုံးသည် ရိုးတွင်းခြင်ဆီအထိ ဆိုးယုတ်ကြသည်။ ၎င်းတို့သည် ဖျက်ဆီးခြင်း ခံရထိုက်ပါတကား” ဟူ၍ ဖြစ်သည်။ သင်က အခြားလူများသည် ရိုးတွင်းခြင်ဆီအထိ ဆိုးယုတ်ကြသည်ဟု ဆိုသည်၊ သို့သော် သင်ကိုယ်တိုင်မှာမူ အဘယ်သို့ရှိသနည်း။ သင်သည် အမှန်တကယ် ပြောင်းလဲပြီးခြင်းများ ဖြစ်နိုင်သလော။ သင်သည် ကယ်တင်ခြင်းကို ရရှိပြီးပြီလော။ အခြားသူများကို ရိုးတွင်းခြင်ဆီအထိ ဆိုးယုတ်ကြသည့်အတွက် မုန်းတီးနေသည့် တစ်ချိန်တည်းမှာပင် သင်သည် ၎င်းတို့ထက် ပိုကောင်းသင့်သည်။ အကယ်၍ သင်သည် လောက၏ လူများကဲ့သို့ပင် ဆိုးနေပါက သင်၌ ဆင်ခြင်တုံတရား မရှိတော့ပေ။ ဆင်ခြင်တုံတရားရှိသော လူတစ်ဦးသည် လူသားမျိုးနွယ် ရိုးတွင်းခြင်ဆီအထိ ဆိုးယုတ်ကြသည်ကို မြင်သောအခါ ဘုရားသခင်ကို ကျေနပ်စေရန် သမ္မာတရားကို လိုက်စားပြီး လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်သင့်သည်၊ ဤသည်မှာ သင့်လျော်သောအရာ ဖြစ်သည်။ ဤနည်းအားဖြင့် ဘုရားသခင်က ဤကောက်ကျစ်ဆိုးယုတ်သော လူသားမျိုးနွယ်ကို ဖျက်ဆီးသောအခါ ထိုသူတို့သည် ချမ်းသာပေးခြင်းခံရမည် ဖြစ်သည်။

သင်တို့သည် ဤကောက်ကျစ်ဆိုးယုတ်သော လူသားမျိုးနွယ်ကို မုန်းသလော။ (မုန်းပါသည်။) ဘုရားသခင်ကို ယုံကြည်သော လူအများစုသည် လူ့သဘာဝနှင့် ဆင်ခြင်တုံတရား အနည်းငယ်ရှိကြသည်၊ ၎င်းတို့၏ စိတ်နှလုံးများသည် ပို၍ ကြင်နာကြသည်၊ ၎င်းတို့သည် အလင်းကို တောင့်တကြပြီး ဘုရားသခင်နှင့် သမ္မာတရားက အာဏာကိုင်စွဲရန် တောင့်တကြသည်။ ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်သော အရာများကို မနှစ်သက်ကြသကဲ့သို့ မတရားသော အရာများကိုလည်း မနှစ်သက်ကြပေ။ ၎င်းတို့သည် လူသားမျိုးနွယ်အတွက် မျှော်လင့်ချက်၊ ချစ်ခြင်းနှင့် သည်းခံခြင်းတို့ဖြင့် ပြည့်နေသင့်သည်၊ သို့ဖြစ်လျှင် ၎င်းတို့သည် လူသားမျိုးနွယ်ကို အဘယ်သို့ မုန်းတီးနိုင်မည်နည်း။ အချို့လူများက “ကျွန်ုပ် ကျောင်းတက်စဉ်အချိန်ကို ပြန်တွေးကြည့်လျှင် ဆရာက ကျွန်ုပ်ကို အနိုင်ကျင့်ခဲ့သော်လည်း ကျွန်ုပ်သည် ထိုအကြောင်းကို ထုတ်မပြောဝံ့ခဲ့ပေ၊ ကျွန်ုပ်သည် သည်းခံရုံသာ သည်းခံခဲ့သည်။ ထို့ကြောင့် အနာဂတ်တွင် တက္ကသိုလ်ဝင်ခွင့်ရဖို့ ကြိုးစားပညာသင်ရန် ကျွန်ုပ် စိတ်ပိုင်းဖြတ်ခဲ့သည်။ ကျွန်ုပ် အစွမ်းအစရှိမရှိ သင်တို့ကို ပြမည်၊ ထိုအခါ သင်တို့ကို အနိုင်ကျင့်မည့်သူမှာ ကျွန်ုပ်ဖြစ်လာမည်” ဟု ဆိုကြသည်။ အချို့လူများက “ကျွန်ုပ် အလုပ်လုပ်စဉ်အချိန်ကို ပြန်တွေးကြည့်လျှင် ကုမ္ပဏီထဲရှိ ဩဇာညောင်းသူများက ကျွန်ုပ်ကို အမြဲ အနိုင်ကျင့်ခဲ့ကြသဖြင့် ကျွန်ုပ်က ‘ကျွန်ုပ်၏ အောင်မြင်မှုများဖြင့် သင်တို့ကို ကျော်လွန်သွားမည့်နေ့ကိုသာ စောင့်နေလိုက်ပါ။ ထိုအခါ သင်တို့၏ဘဝများကို စိတ်ဆင်းရဲအောင် ကျွန်ုပ်လုပ်မည်’ ဟု တွေးခဲ့သည်” ဟု ဆိုကြသည်။ “ကျွန်ုပ် စီးပွားရေးလုပ်သည့်အချိန်ကို ပြန်တွေးကြည့်လျှင် ကုန်ပစ္စည်းပေးသွင်းသူ မန်နေဂျာက ကျွန်ုပ်ကို အမြဲ လိမ်လည်ခဲ့သဖြင့် ကျွန်ုပ်က ‘ကျွန်ုပ် ချမ်းသာကြွယ်ဝလာမည့်နေ့ ရောက်လာသည့်အခါတွင် သင့်ကို ကလဲ့စားချေမည်’ ဟု တွေးခဲ့သည်” ဟု ဆိုကြသော အခြားလူများရှိသည်။ မည်သူ့ဘဝမျှ မလွယ်ကူသကဲ့သို့ လူတိုင်းတွင် အနိုင်ကျင့်ခံရသည့် အချိန်များ ရှိကြသည်၊ ၎င်းတို့တွင် စိတ်ထဲ၌ မုန်းတီးပြီး ကလဲ့စားချေလိုသည့် လူများ ရှိကြသည်။ ဤသည်မှာ လောကကြီး ရောက်ရှိလာခဲ့သည့် အခြေအနေ ဖြစ်သည်၊ ယင်းသည် အမုန်းတရားနှင့် ပြည့်နေပြီး ရန်လိုမုန်းတီးမှုနှင့် ပြည့်နေသည်။ လူတို့၏ အချင်းချင်းအပေါ် ရန်လိုမုန်းတီးမှုသည် အလွန်အမင်း ပြင်းထန်ပြီး ၎င်းတို့သည် သဟဇာတဖြစ်စွာ အတူမနေနိုင်ကြသကဲ့သို့ ရင်းနှီးချစ်ကြည်သော ဆက်ဆံရေးလည်း မရှိကြတော့ပေ။ ဤလောကကြီးသည် မကြာမီ ပြီးဆုံးတော့မည်၊ ယင်းသည် လမ်းဆုံးသို့ ရောက်နေပြီ ဖြစ်သည်။ လူတိုင်း၏ စိတ်ထဲ၌ တစ်စုံတစ်ယောက်က တစ်နေရာရာတွင် အနိုင်ကျင့်ခဲ့သည့်အချိန်မှဖြစ်စေ၊ ကုမ္ပဏီ၊ အဖွဲ့အစည်း သို့မဟုတ် လူအုပ်စုတစ်ခုခုတွင် အခြားသူများ၏ အနိုင်ကျင့်ခြင်း၊ အထင်သေးခြင်း၊ လိမ်လည်ခြင်း သို့မဟုတ် ဒုက္ခပေးခြင်းကို ခံခဲ့ရသည့်အချိန်မှ ရင်ကွဲနာကျဖွယ် ဇာတ်လမ်းများ ရှိကြသည်။ ဤအရာများသည် နေရာတိုင်းတွင် ဖြစ်ပျက်နေသည်။ ဤသည်က အဘယ်အရာကို သက်သေပြသနည်း။ လူသားမျိုးနွယ်တွင် ၎င်းတို့အလယ်၌ နောဧကဲ့သို့သော လူများ မရှိတော့ကြောင်း ယင်းက သက်သေပြသည်။ ယင်းမှာ မမှန်သလော။ (မှန်ပါသည်။) လူတိုင်း၏ စိတ်နှလုံးသည် ကောက်ကျစ်ဆိုးယုတ်မှုနှင့် ပြည့်နေပြီး သမ္မာတရားအပေါ်၊ အပြုသဘောဆောင်သော အရာများအပေါ်၊ တရားမျှတမှုအပေါ် ရန်လိုမှုနှင့် ပြည့်နေသည်။ လူတို့သည် ကယ်တင်၍မရနိုင်တော့ပေ။ လူသားမျိုးနွယ်ကို ကယ်တင်နိုင်သည့် လူမရှိ၊ သွန်သင်ချက်မရှိ၊ သီအိုရီမရှိပေ၊ ဤသည်မှာ အဖြစ်မှန် ဖြစ်သည်။ အချို့လူများက “ကမ္ဘာစစ်ကြီး မည်သည့်အချိန်တွင် ဖြစ်မည်နည်း။ စစ်ပြီးသည့်နောက်တွင် သေထိုက်သည့်လူတိုင်းသည် သေမည်ဖြစ်ပြီး ကျန်ရှိသည့်သူများသည် အသစ်မှ ပြန်စနိုင်ကြသည်။ ခေတ်သစ်က စတင်ပြီး နိုင်ငံသစ်တစ်ခုကို တည်ထောင်လိမ့်မည်” ဟု မျှော်လင့်နေကြဆဲ ဖြစ်သည်။ ဤသည်မှာ ဖြစ်နိုင်သလော။ မဖြစ်နိုင်ပေ။ အချို့လူများက ၎င်းတို့၏ မျှော်လင့်ချက်ကို အမျိုးမျိုးသော ဘာသာတရားများအပေါ်တွင် ထားရှိကြသော်လည်း ယခုအခါ ဘာသာတရားတိုင်းသည် နေဝင်ချိန် ရောက်နေပြီဖြစ်ပြီး ၎င်းတို့သည် နောက်ဆုံးထွက်သက်ကို ရှူရှိုက်နေကြသည်။ ဘာသာတရားတိုင်းသည် အတွင်းသရုပ်မှစ၍ ပုပ်ပျက်နေပြီး နာမည်ဆိုးဖြင့် ဂုဏ်သတင်းမွှေးနေသည်။ ဤစကားများဖြင့် ငါသည် မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်ရန် နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို အသုံးမပြုခဲ့ပါက လူသားများ၏ အတွင်းစိတ်နက်ရှိုင်းရာရှိ အမုန်းတရားနှင့် ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားသည် ပို၍ပို၍ ဆိုးရွားလာပြီး ပို၍ပို၍ ထင်တိုင်းကြဲလာမည်သာ ဖြစ်သည်ဟူသော အချက်တစ်ချက်ကို လူတို့အား နားလည်စေရန် ရည်ရွယ်သည်။ နောက်ဆုံးတွင် လူသားမျိုးနွယ်အတွက် တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ အချင်းချင်း ရက်စက်စွာ သတ်ဖြတ်ခြင်းမှတစ်ဆင့် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးခြင်း၌ အဆုံးသတ်ရန်သာ ဖြစ်ပေမည်။ မျက်မှောက်ကာလတွင် လူများစွာတို့သည် ဤကောက်ကျစ်ဆိုးယုတ်သော လူသားမျိုးနွယ်ကို ရှောင်ရှားပြီး တောနက်တောင်ကြီးများထဲတွင် သို့မဟုတ် လူနေထိုင်သည့် အရိပ်အယောင်မရှိသော နေရာတစ်ခုတွင် တစ်ကိုယ်တည်း သွားရောက်နေထိုင်လိုကြသည်။ ဤအရာ၏ ရလဒ်မှာ အဘယ်နည်း။ လူသားမျိုးနွယ်သည် မျိုးပွားတော့မည်မဟုတ်ဘဲ နောက်မျိုးဆက်တစ်ခု ရှိတော့မည် မဟုတ်ပေ။ လူသားမျိုးနွယ်သည် မျက်မှောက်မျိုးဆက်ပြီးနောက် မျိုးတုံးပျောက်ကွယ်သွားမည်ဖြစ်ပြီး မျိုးဆက်များ ရှိတော့မည် မဟုတ်ပေ။ လူသားမျိုးနွယ်၏ ဘုရားသခင်အပေါ် အတိုက်အခံလုပ်ခြင်းသည် အလွန်ဆိုးရွားပြီး ယင်းက သူ၏ အမျက်ဒေါသကို အစောပိုင်းကတည်းက ဆွပေးခဲ့သည်။ ၎င်းတို့သည် မကြာမီ ပြီးဆုံးသွားကြလိမ့်မည်။ အဘယ်ကြောင့် လူများစွာတို့သည် အိမ်ထောင်မပြုကြသနည်း။ အကြောင်းမှာ ၎င်းတို့သည် လိမ်လည်ခြင်းခံရမည်ကို ကြောက်သောကြောင့်၊ လူကောင်းများ ရှိတော့သည်ကို မယုံကြည်တော့သောကြောင့်နှင့် အိမ်ထောင်အပေါ် ရန်လိုမှုနှင့် ပြည့်နေသောကြောင့် ဖြစ်သည်။ ဤအတွက် မည်သူ့ကို အပြစ်တင်သင့်သနည်း။ လူတို့ အလွန်အမင်း နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးနေခြင်းကို အပြစ်တင်လော့၊ စာတန်နှင့် နတ်ဆိုးများကို အပြစ်တင်လော့၊ ပြီးလျှင် ဖောက်ပြန်ပျက်စီးမှုကို လိုလိုလားလား လက်ခံသည့် လူတို့အပေါ် အပြစ်တင်လော့။ သင်သည် အခြားသူများကို မုန်းသည်၊ သို့သော် သင်သည် ၎င်းတို့ထက် အမှန်တကယ် ပိုကောင်းသလော။ သင်၌ သမ္မာတရားမရှိဘဲ အခြားသူများကို မုန်းတီးခြင်းသည် အရာမရောက်ပေ။ အကယ်၍ လူတို့၌ သမ္မာတရားမရှိဘဲ သမ္မာတရားကို နားမလည်ပါက နောက်ဆုံးတွင် ၎င်းတို့သည် တစ်ဖက်ပိတ်လမ်းဆုံးသို့ ရောက်ရှိသွားပြီး ဘေးအန္တရာယ်ထဲသို့ ကျရောက်ကာ ဖျက်ဆီးခြင်းခံရမည် ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ ကြုံတွေ့ရမည့် အဆုံးသတ် ဖြစ်သည်။ အကယ်၍ ဘုရားသခင်က လူသားမျိုးနွယ်ကို မကယ်တင်ပါက ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်တွင် သမ္မာတရားကို နားလည်နိုင်မည့်သူ တစ်ဦးတစ်ယောက်မျှ ရှိမည်မဟုတ်ပေ။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။