နောက်ဆက်တွဲ ၃- နောဧနှင့် အာဗြဟံတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံခဲ့ပြီး သူ့ကို ကျိုးနွံနာခံခဲ့ပုံ (အပိုင်း ၂) အခန်း သုံး

၂။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အာဗြဟံ၏ သဘောထား

ယခု အာဗြဟံ၌ နောက်မျိုးဆက်များက အတုယူထိုက်သည့် အရာများကို ကြည့်ကြစို့။ ဘုရားသခင်၏ ရှေ့မှောက်တွင် အာဗြဟံ၏ အဓိကလုပ်ဆောင်ချက်မှာ နောက်မျိုးဆက်များက အလွန်ရင်းနှီးပြီး ကောင်းစွာသိကြသည့် ဣဇာက်ကို ပူဇော်ခြင်းပင် ဖြစ်သည်။ ဤကိစ္စတွင် အာဗြဟံ ထုတ်ဖော်ပြသခဲ့သည့်အရာ၏ သွင်ပြင်လက္ခဏာတိုင်းသည် သူ၏ စရိုက်ဖြစ်စေ၊ သူ၏ ယုံကြည်ခြင်းဖြစ်စေ၊ သို့မဟုတ် သူ၏ ကျိုးနွံနာခံခြင်းဖြစ်စေ နောက်မျိုးဆက်များအတွက် အတုယူထိုက်ပေသည်။ သို့ဆိုလျှင် သူ ထုတ်ဖော်ပြသခဲ့သည့် အတုယူထိုက်သော သတ်သတ်မှတ်မှတ်ဖြစ်သော သရုပ်သကန်များမှာ အတိအကျအားဖြင့် မည်သည့်အရာများ ဖြစ်သနည်း။ ပင်ကိုအားဖြင့်၊ သူ ထုတ်ဖော်ပြသခဲ့သည့် ဤအမျိုးမျိုးသောအရာများသည် အနှစ်သာရမဲ့သည် မဟုတ်သကဲ့သို့၊ စိတ်ကူးသက်သက်ဖြစ်သောအရာများ သာ၍ပင် မဟုတ်သည့်အပြင်၊ မည်သည့်လူကမျှ လုပ်ကြံဖန်တီးထားခြင်း မဟုတ်သည်မှာလည်း သေချာသည်၊ ဤအရာများအားလုံးအတွက် သက်သေအထောက်အထား ရှိပေသည်။ ဘုရားသခင်သည် အာဗြဟံအား သားတစ်ဦးကို ပေးသနားခဲ့သည်။ ဤအရာကို အာဗြဟံအား ဘုရားသခင်ကိုယ်တိုင်ပြောကြားခဲ့ပြီး အာဗြဟံသည် အသက် ၁၀၀ အရွယ်တွင် ဣဇာက်အမည်ရှိသော သားတစ်ဦးကို မွေးဖွားခဲ့သည်။ ရှင်းလင်းစွာပင်၊ ဤကလေး၏ ဇာစ်မြစ်မှာ သာမန်မဟုတ်ခဲ့ပေ၊ သူသည် အခြားမည်သူနှင့်မျှ မတူခဲ့ပေ၊ သူသည် ဘုရားသခင် ကိုယ်တိုင် ပေးသနားခဲ့ခြင်း ဖြစ်သည်။ ကလေးတစ်ဦးကို ဘုရားသခင်က ကိုယ်တိုင် ပေးသနားသည့်အခါ လူတို့က ဘုရားသခင်သည် သူ့၌ ကြီးမြတ်သည့်အရာတစ်ခုကို သေချာပေါက် လုပ်ဆောင်တော်မူလိမ့်မည်ဟုလည်းကောင်း၊ ဘုရားသခင်သည် သူ့အား ကြီးမြတ်သည့်အရာတစ်ခုကို အပ်နှင်းတော်မူလိမ့်မည်ဟုလည်းကောင်း၊ ဘုရားသခင်သည် ၎င်းအပေါ်၌ ထူးကဲသော လုပ်ရပ်များကို လုပ်ဆောင်တော်မူလိမ့်မည်ဟုလည်းကောင်း၊ ကိုယ်တော်သည် ထိုကလေးကို ထူးချွန်ပြောင်မြောက်အောင် ပြုလုပ်တော်မူလိမ့်မည်ဟုလည်းကောင်း စသဖြင့် တွေးထင်ကြသည်၊ ဤအရာများမှာ အာဗြဟံနှင့် အခြားလူများက ကြီးမားသော မျှော်လင့်ချက်များ ထားရှိခဲ့သည့်အရာများ ဖြစ်သည်။ သို့သော်လည်း အမှုအရာများက လမ်းကြောင်းတစ်မျိုး ပြောင်းသွားခဲ့ပြီး မည်သူမျှ မမျှော်လင့်နိုင်ခဲ့သည့် တစ်စုံတစ်ရာသည် အာဗြဟံအပေါ် ဖြစ်ပျက်ခဲ့သည်။ ဘုရားသခင်သည် အာဗြဟံအား ဣဇာက်ကို ပေးသနားခဲ့ပြီး ပူဇော်သက္ကာပြုချိန် ရောက်သောအခါ ဘုရားသခင်က အာဗြဟံအား “သင်သည် ယနေ့ မည်သည့်အရာကိုမျှ ပူဇော်ရန်မလိုအပ်ပေ၊ ဣဇာက်ကိုသာ ပူဇော်လော့၊ ထိုမျှဆိုလျှင် လုံလောက်ပြီ” ဟု ပြောခဲ့သည်။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်သည် အာဗြဟံအား သားတစ်ဦးကို ပေးခဲ့ပြီး ဤသားသည် ကြီးပြင်းတော့မည့်ဆဲဆဲတွင် ဘုရားသခင်က သူ့ကို ပြန်ယူလိုခဲ့သည်။ ဤအရာအပေါ် အခြားသူများ၏ ရှုမြင်ပုံမှာမူ “ဣဇာက်ကို ပေးခဲ့သူမှာ ကိုယ်တော်ဖြစ်ပါသည်။ ကျွန်ုပ်က ဤအရာကို မယုံကြည်ခဲ့သော်လည်း ကိုယ်တော်က ဤကလေးကို ပေးမြဲပေးခဲ့သည်။ ယခုမူ ကိုယ်တော်က သူ့ကို ယဇ်အဖြစ် ပူဇော်ရန် တောင်းဆိုနေသည်။ ဤသည်မှာ ကိုယ်တော်က သူ့ကို ပြန်ယူနေခြင်း မဟုတ်လော။ ကိုယ်တော် ပေးထားသည့်အရာကို လူတို့ထံမှ မည်သို့ ပြန်ယူနိုင်မည်နည်း။ ကိုယ်တော်က သူ့ကို ယူလိုလျှင် ယူတော်မူလော့။ ကိုယ်တော်သည် သူ့ကို တိတ်တဆိတ် ပြန်ယူသွားနိုင်ပါသည်။ ကျွန်ုပ်ကို ဤသို့သော နာကျင်မှုနှင့် ဆင်းရဲခက်ခဲမှုကို ပေးရန် မလိုအပ်ပါ။ ကျွန်ုပ်၏ လက်ဖြင့် သူ့ကို ယဇ်ပူဇော်ရန် ကိုယ်တော်က မည်သို့ တောင်းဆိုနိုင်ရသနည်း။” ဟူ၍ ဖြစ်ပေမည်။ ဤသည်မှာ အလွန်ခက်ခဲသော တောင်းဆိုချက်တစ်ခု ဖြစ်ခဲ့သလော။ ယင်းမှာ အလွန်အမင်း ခက်ခဲခဲ့သည်။ ဤတောင်းဆိုချက်ကို ကြားလျှင် အချို့လူများက “ဤသည်မှာ ဘုရားသခင် အမှန်တကယ် ဟုတ်ပါသလော။ ဤသို့ ပြုမူခြင်းသည် အလွန် ကျိုးကြောင်းဆီလျော်မှုမရှိပါတကား။ ဣဇာက်ကို ပေးခဲ့သူမှာ ကိုယ်တော်ဖြစ်ပြီး ယခု သူ့ကို ကိုယ်တော်က ပြန်တောင်းနေသည်။ ကိုယ်တော်သည် အမှန်တကယ် အစဉ်သဖြင့် ကျိုးကြောင်းခိုင်လုံပါသလော။ ကိုယ်တော် လုပ်ဆောင်သမျှသည် အစဉ်သဖြင့် မှန်ကန်ပါသလော။ မှန်ကန်ချင်မှ မှန်ကန်ပေမည်။ လူတို့၏ အသက်သည် ကိုယ်တော်၏ လက်ထဲတွင် ရှိပါသည်။ ကိုယ်တော်က ကျွန်ုပ်အား သားတစ်ဦး ပေးမည်ဟု ပြောခဲ့ပြီး ကိုယ်တော် ထိုအတိုင်းပင် လုပ်ဆောင်ခဲ့သည်၊ ကိုယ်တော်၌ ထိုအာဏာ ရှိသကဲ့သို့ သူ့ကို ပြန်ယူပိုင်ခွင့် အာဏာလည်း ကိုယ်တော်၌ ရှိသည်၊ သို့သော် ကိုယ်တော် ပြန်ယူသည့်ပုံစံနှင့် ဤကိစ္စရပ်မှာ အနည်းငယ် အကျိုးအကြောင်းခိုင်လုံမှုမရှိနိုင်သည့်အရာ မဟုတ်လော။ ကိုယ်တော်သည် ဤကလေးကို ပေးခဲ့သည်ဖြစ်သောကြောင့် သူ့ကို ကြီးပြင်းခွင့်၊ ကြီးမြတ်သည့်အရာများကို လုပ်ဆောင်ခွင့်နှင့် ကိုယ်တော်၏ ကောင်းချီးများကို တွေ့ကြုံခံစားခွင့် ပေးသင့်သည်။ သူ့ကို သေရန် ကိုယ်တော်က မည်သို့ တောင်းဆိုနိုင်ရသနည်း။ သူ့ကို သေရန် အမိန့်ပေးမည့်အစား သူ့ကို ကျွန်ုပ်အား မပေးခဲ့လျှင် ပို၍ပင် ကောင်းပါဦးမည်။ သို့ဆိုလျှင် အဘယ်ကြောင့် သူ့ကို ကျွန်ုပ်အား ပေးခဲ့သနည်း။ ကိုယ်တော်သည် ဣဇာက်ကို ကျွန်ုပ်အား ပေးခဲ့ပြီး ယခု သူ့ကို ပူဇော်ရန် ကျွန်ုပ်အား ပြောနေသည်၊ ဤသည်မှာ ကိုယ်တော်က ကျွန်ုပ်အား ပို၍နာကျင်စေခြင်း မဟုတ်လော။ ကိုယ်တော်သည် ကျွန်ုပ်ကို အခက်တွေ့အောင် လုပ်နေခြင်း မဟုတ်လော။ သို့ဆိုလျှင် ကနဦး၌ ဤသားကို ကျွန်ုပ်အား ကိုယ်တော် ပေးခဲ့ခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။” ဟု ပြောကြပေမည်။ ၎င်းတို့သည် မည်သို့ပင် ကြိုးစားစေကာမူ ဤတောင်းဆိုချက်၏ နောက်ကွယ်မှ ကျိုးကြောင်းဆီလျော်မှုကို သဘောမပေါက်နိုင်ကြပေ၊ မည်သို့ပင် ပြောဆိုစေကာမူ ယင်းမှာ ၎င်းတို့အတွက် ယုတ္တိတန်ခြင်းမရှိဟု ထင်ရပြီး၊ မည်သည့်လူကမျှ ယင်းကို နားလည်နိုင်ခြင်း မရှိပေ။ သို့သော် ဘုရားသခင်သည် အာဗြဟံအား ဤအရာ၏ နောက်ကွယ်မှ ကျိုးကြောင်းဆင်ခြင်မှုကို ပြောခဲ့သလော။ ယင်းအတွက် အကြောင်းပြချက်များနှင့် သူ၏ ရည်ရွယ်ချက်မှာ အဘယ်အရာဖြစ်သည်ကို သူ့အား ပြောခဲ့သလော။ ကိုယ်တော် ပြောခဲ့သလော။ မပြောခဲ့ပါ။ ဘုရားသခင်က “မနက်ဖြန်ယဇ်ပူဇော်ရာတွင် ဣဇာက်ကို ပူဇော်လော့” ဟုသာ ပြောခဲ့သည်။ ဘုရားသခင်သည် ရှင်းပြချက်တစ်ခု ပေးခဲ့သလော။ (မပေးခဲ့ပါ။) သို့ဆိုလျှင် ဤစကားများ၏ သဘောသဘာဝမှာ အဘယ်အရာဖြစ်သနည်း။ ဘုရားသခင်၏ ပင်ကိုလက္ခဏာအရ ရှုမြင်လျှင် ဤစကားများသည် လုပ်ဆောင်သင့်သည့်၊ နာခံပြီး ကျိုးနွံနာခံသင့်သည့် အမိန့်တစ်ခု ဖြစ်ခဲ့သည်။ သို့သော် ဘုရားသခင် ပြောခဲ့သည့်အရာနှင့် ကိစ္စရပ်ကိုယ်၌အရ ရှုမြင်လျှင်မူ လူတို့အတွက် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ရန် ခက်ခဲမည် မဟုတ်လော။ လူတို့က လုပ်ဆောင်သင့်သည့်အရာများသည် ကျိုးကြောင်းဆီလျော်ရမည်ဖြစ်ပြီး လူ့ခံစားချက်များနှင့် လူတိုင်းတွင်ရှိသော အသိတရားတို့နှင့် ကိုက်ညီရမည်ဟု တွေးထင်ကြသည်၊ သို့သော် ဤအရာတစ်ခုတလေသည် ဘုရားသခင် ပြောခဲ့သည့်အရာနှင့် သက်ဆိုင်ခဲ့ပါသလား။ (မသက်ဆိုင်ခဲ့ပါ။) သို့ဆိုလျှင် ဘုရားသခင်သည် ရှင်းပြချက်တစ်ခု ပေးခဲ့သင့်သလော၊ သူ၏ အတွေးအခေါ်များနှင့် သူ၏ အဓိပ္ပာယ်ကို ဖော်ပြခဲ့သင့်သလော၊ သို့မဟုတ် လူတို့ နားလည်နိုင်ရန် သူ၏ စကားများ၏ ဖုံးကွယ်ထားသောအဓိပ္ပာယ်တွင် သူဆိုလိုသည့်အရာကို အနည်းငယ်မျှပင် ထုတ်ဖော်ခဲ့သင့်သလော။ ဘုရားသခင်သည် ဤအရာတစ်ခုတလေကို လုပ်ဆောင်ခဲ့ပါသလား။ သူသည် မလုပ်ဆောင်ခဲ့သကဲ့သို့ လုပ်ဆောင်ရန်လည်း အစီအစဉ်မရှိခဲ့ပေ။ ဤစကားများတွင် ဖန်ဆင်းရှင်၏ တောင်းဆိုချက်၊ သူ အမိန့်ပေးသည့်အရာနှင့် လူအပေါ် သူ၏ မျှော်လင့်ချက်တို့ ပါဝင်ခဲ့သည်။ ဤအလွန်ရိုးရှင်းသော စကားများ၊ ဤကျိုးကြောင်းဆီလျော်မှုမရှိသော စကားများ၊ လူတို့၏ ခံစားချက်များကို ထည့်မစဉ်းစားသော ဤအမိန့်နှင့် တောင်းဆိုချက်ကို အခြားလူများက၊ ဤမြင်ကွင်းကို ရှုမြင်သည့် မည်သည့်လူမဆိုက ခက်ခဲသော၊ ပင်ပန်းခက်ခဲသော၊ ကျိုးကြောင်းဆီလျော်မှုမရှိသော အရာတစ်ခုအဖြစ်သာ တွေးထင်ကြပေမည်။ သို့သော် အမှန်တကယ် ပါဝင်ပတ်သက်သူ အာဗြဟံအတွက်မူ ဤအရာကို ကြားပြီးနောက် သူ၏ ပထမဆုံး ခံစားချက်မှာ စူးစူးနစ်နစ် နာကျင်ခြင်းပင် ဖြစ်သည်။ သူသည် ဘုရားသခင် ပေးသနားခဲ့သည့် ဤကလေးကို လက်ခံရရှိခဲ့ပြီး၊ သူ့ကို ပြုစုပျိုးထောင်လျက် နှစ်ပေါင်းများစွာ ကုန်ဆုံးခဲ့ကာ၊ ထိုနှစ်များတစ်လျှောက်လုံး မိသားစု၏ ပျော်ရွှင်မှုကို ခံစားခဲ့ရသော်လည်း ဘုရားသခင်ထံမှ စကားတစ်ခွန်း၊ အမိန့်တစ်ခုကြောင့် ဤပျော်ရွှင်မှု၊ ဤအသက်ရှင်နေသော လူသားသည် ပျောက်ကွယ်ပြီး ယူဆောင်သွားခြင်း ခံရတော့မည် ဖြစ်သည်။ အာဗြဟံ ရင်ဆိုင်ခဲ့ရသည့်အရာမှာ ဤမိသားစု၏ ပျော်ရွှင်မှုကို ဆုံးရှုံးရခြင်းမျှသာမဟုတ်ဘဲ ဤကလေးကို ဆုံးရှုံးပြီးနောက် ထာဝရ အထီးကျန်ခြင်းနှင့် တမ်းတခြင်း၏ နာကျင်မှုလည်း ဖြစ်သည်။ သက်ကြီးရွယ်အိုတစ်ဦးအတွက် ဤသည်မှာ မခံမရပ်နိုင်စရာ ဖြစ်သည်။ ထိုသို့သော စကားများကို ကြားပြီးနောက် မည်သည့်သာမန်လူမဆို မျက်ရည်ပင်လယ်ဝေအောင် ငိုကြွေးကြမည် မဟုတ်လော။ ထို့အပြင် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ကျိန်ဆဲကြမည်၊ ဘုရားသခင်အပေါ် မကျေမနပ် ပြောဆိုကြမည်၊ ဘုရားသခင်ကို အထင်အမြင် လွဲမှားကြမည်ဖြစ်ပြီး ဘုရားသခင်နှင့် အငြင်းအခုံပြုရန် ကြိုးစားကြပေမည်၊ ၎င်းတို့သည် မိမိတို့ လုပ်ဆောင်နိုင်စွမ်းရှိသမျှ၊ မိမိတို့၏ စွမ်းရည်အားလုံး၊ မိမိတို့၏ ပုန်ကန်မှု၊ ရိုင်းစိုင်းမှုနှင့် ကျိုးကြောင်းဆီလျော်မှုမရှိခြင်းအားလုံးကို ထုတ်ဖော်ပြသကြပေမည်။ သို့သော်လည်း သူသည် တန်းတူညီမျှ နာကျင်ခဲ့သော်ငြားလည်း အာဗြဟံသည် ဤသို့ မလုပ်ဆောင်ခဲ့ပေ။ မည်သည့်ပုံမှန်လူကဲ့သို့မဆို သူသည် ထိုနာကျင်မှုကို ချက်ချင်း ခံစားခဲ့ရသည်၊ သူ၏ နှလုံးသားကို ထိုးဖောက်ခံရသည့် ခံစားချက်ကို ချက်ချင်း တွေ့ကြုံခံစားခဲ့ရပြီး သားတစ်ဦးကို ဆုံးရှုံးရခြင်း၏ အထီးကျန်ခြင်းကို ချက်ချင်း ခံစားခဲ့ရသည်။ ဘုရားသခင်၏ ဤစကားများသည် လူ့ခံစားချက်များကို ထည့်မစဉ်းစားဘဲ၊ လူတို့အတွက် စိတ်ကူးမယဉ်နိုင်စရာဖြစ်ပြီး လူတို့၏ အယူအဆများနှင့် မကိုက်ညီပေ၊ ၎င်းတို့သည် လူ့ခံစားချက်များ၏ ရှုထောင့်မှ ပြောဆိုခဲ့ခြင်း မဟုတ်ပေ၊ ၎င်းတို့သည် လူ၏ အခက်အခဲများ သို့မဟုတ် လူ၏ စိတ်ခံစားမှုဆိုင်ရာ လိုအပ်ချက်များကို ထည့်မစဉ်းစားခဲ့သကဲ့သို့၊ လူ၏ နာကျင်မှုကိုလည်း သေချာပေါက် ထည့်မစဉ်းစားခဲ့ပေ။ ဘုရားသခင်သည် ဤစကားများကို အာဗြဟံအား အေးစက်စက် ပစ်ပေါက်မိန့်မြွက်လိုက်သည်၊ ဘုရားသခင်သည် ဤစကားများက သူ့အတွက် မည်မျှ နာကျင်စေသည်ကို ဂရုစိုက်ခဲ့ပါသလား။ အပြင်ပန်းတွင် ဘုရားသခင်သည် ဂရုမစိုက်သူ၊ အလေးမထားသူကဲ့သို့ ထင်ရသည်၊ သူကြားခဲ့ရသမျှမှာ ဘုရားသခင်၏ အမိန့်နှင့် ဘုရားသခင်၏ တောင်းဆိုချက်သာ ဖြစ်သည်။ မည်သူ့အတွက်မဆို ဤတောင်းဆိုချက်သည် လူ့ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ၊ ခံစားချက်များနှင့် မကိုက်ညီဟု ထင်ရမည်ဖြစ်ပြီး လူ့ကိုယ်ကျင့်တရားနှင့် ကျင့်ဝတ်များနှင့်ပင် မကိုက်ညီဟု ထင်ရပေမည်၊ ယင်းသည် ကိုယ်ကျင့်တရားနှင့် ကျင့်ဝတ်ဆိုင်ရာ စည်းကို ကျော်လွန်ခဲ့ပြီး လူတို့နှင့် ဆက်ဆံခြင်းဆိုင်ရာ လူမှုရေးရာ စံနှုန်းများနှင့် စည်းမျဉ်းများအပြင် လူတို့၏ ခံစားချက်များကိုလည်း ဆန့်ကျင်ခဲ့သည်။ “ဤစကားများသည် ကျိုးကြောင်းဆီလျော်မှုမရှိဘဲ ကိုယ်ကျင့်တရားနှင့်မညီသည်သာမက အကြောင်းပြချက်ကောင်းမရှိဘဲ ပြဿနာရှာနေခြင်းသာဖြစ်သည်တကား။ ဤစကားများကို ဘုရားသခင်က မည်သို့ ပြောဆိုနိုင်ခဲ့မည်နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျိုးကြောင်းဆီလျော်ပြီး မျှတသင့်ကာ လူကို လုံးဝဥဿုံ ယုံကြည်လက်ခံစေသင့်သည်၊ ၎င်းတို့သည် အကြောင်းပြချက်ကောင်းမရှိဘဲ ပြဿနာရှာခြင်း မဖြစ်သင့်သကဲ့သို့ ကျင့်ဝတ်နှင့်မညီ၊ ကိုယ်ကျင့်တရားနှင့်မညီ၊ သို့မဟုတ် ကျိုးကြောင်းဆီလျော်မှုမရှိခြင်းတို့လည်း မဖြစ်သင့်ပေ။ ဤစကားများကို ဖန်ဆင်းရှင်က အမှန်တကယ် ပြောဆိုခဲ့ခြင်းလော။ ဖန်ဆင်းရှင်သည် ထိုသို့သော အရာများကို ပြောဆိုနိုင်မည်လော။ ဖန်ဆင်းရှင်သည် ကိုယ်တော် ဖန်ဆင်းခဲ့သည့်လူများကို ဤသို့ ဆက်ဆံနိုင်မည်လော။ ထိုသို့ဖြစ်ရန် မဖြစ်နိုင်ပါ” ဟု ယုံကြည်ကြသူများပင် ရှိသည်။ သို့သော်လည်း ဤစကားများသည် ဘုရားသခင်၏ နှုတ်တော်မှ အမှန်ပင် ထွက်ပေါ်လာခဲ့သည်။ ဘုရားသခင်၏ သဘောထားနှင့် သူ၏ စကားပြောဟန်ကို အကဲဖြတ်ကြည့်လျှင် ဘုရားသခင်သည် သူအလိုရှိသည့်အရာကို ဆုံးဖြတ်ပြီးဖြစ်ကာ ဆွေးနွေးစရာမရှိသည့်အပြင် လူတို့၌ ရွေးချယ်ပိုင်ခွင့်လည်း မရှိပေ၊ သူသည် လူကို ရွေးချယ်ပိုင်ခွင့် ပေးတော်မမူခဲ့ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် တောင်းဆိုချက်တစ်ခု ဖြစ်ခဲ့သည်၊ ၎င်းတို့သည် သူက လူကို ထုတ်ပြန်ခဲ့သည့် အမိန့်တစ်ခု ဖြစ်ခဲ့သည်။ အာဗြဟံအတွက်မူ ဘုရားသခင်၏ ဤစကားများသည် အလျှော့အတင်းမရှိဖြစ်ပြီး မေးခွန်းထုတ်စရာမရှိပေ၊ ၎င်းတို့သည် ဘုရားသခင်က သူ့အပေါ် ပြုလုပ်နေသည့် အလျှော့အတင်းမရှိသော တောင်းဆိုချက်တစ်ခုဖြစ်ပြီး ဆွေးနွေးစရာ မဟုတ်ခဲ့ပေ။ အာဗြဟံသည် မည်သည့်ရွေးချယ်မှုကို ပြုလုပ်ခဲ့သနည်း။ ဤသည်မှာ ငါတို့ ဆက်လက်မိတ်သဟာယဖွဲ့ကြမည့် အဓိကအချက် ဖြစ်သည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီးနောက် အာဗြဟံသည် စိတ်သောကရောက်ကာ ကြီးမားသောဝန်ထုပ်တစ်ခုက သူ့အပေါ် ဖိထားသကဲ့သို့ ခံစားလျက် သူ၏ ပြင်ဆင်မှုများကို စတင်ခဲ့သည်။ သူသည် စိတ်နှလုံးထဲတွင် တိတ်တဆိတ် ဆုတောင်းခဲ့သည်မှာ “အကျွန်ုပ်၏ သခင်၊ အကျွန်ုပ်၏ ဘုရားသခင်။ ကိုယ်တော် လုပ်ဆောင်သမျှသည် ချီးမွမ်းခြင်းကို ခံထိုက်ပါ၏၊ ဤသားကို ကိုယ်တော်က ပေးသနားခဲ့ခြင်းဖြစ်ပြီး ကိုယ်တော်က သူ့ကို ပြန်ယူလိုလျှင် အကျွန်ုပ်သည် သူ့ကို ပြန်အပ်သင့်ပါသည်” ဟူ၍ ဖြစ်သည်။ အာဗြဟံသည် နာကျင်နေခဲ့သော်လည်း သူ၏ သဘောထားသည် ဤစကားများတွင် ထင်ရှားမြင်သာသည် မဟုတ်လော။ ဤနေရာတွင် လူတို့သည် မည်သည့်အရာကို မြင်နိုင်သနည်း။ ၎င်းတို့သည် ပုံမှန် လူ့သဘာဝ၏ အားနည်းခြင်း၊ ပုံမှန် လူ့သဘာဝ၏ စိတ်ခံစားမှုဆိုင်ရာ လိုအပ်ချက်များအပြင် အာဗြဟံ၏ ဆင်ခြင်တုံတရားရှိသောအပိုင်းနှင့် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းနှင့် ကျိုးနွံနာခံခြင်းရှိသော အပိုင်းကို မြင်နိုင်သည်။ သူ၏ ဆင်ခြင်တုံတရားရှိသောအပိုင်းမှာ အဘယ်အရာဖြစ်သနည်း။ အာဗြဟံသည် ဣဇာက်ကို ဘုရားသခင်က ပေးခဲ့ကြောင်း၊ ဘုရားသခင်သည် သူအလိုရှိသလို သူ့ကို ဆက်ဆံပိုင်ခွင့် အာဏာရှိကြောင်း၊ လူတို့သည် ဤအရာအပေါ် မည်သည့်ဝေဖန်မှုမျှ မပြုသင့်ကြောင်း၊ ဖန်ဆင်းရှင် ပြောဆိုသမျှသည် ဖန်ဆင်းရှင်ကို ကိုယ်စားပြုကြောင်း၊ လူအတွက် ကျိုးကြောင်းဆီလျော်သည်ဖြစ်စေ မလျော်သည်ဖြစ်စေ၊ လူ၏ အသိပညာ၊ ယဉ်ကျေးမှု၊ ကိုယ်ကျင့်တရားတို့နှင့် ကိုက်ညီသည်ဖြစ်စေ မကိုက်ညီသည်ဖြစ်စေ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် သူ၏ နှုတ်ကပတ်တော်များ၏ သဘောသဘာဝသည် ပြောင်းလဲခြင်းမရှိကြောင်းကို ကောင်းစွာ သိရှိခဲ့သည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမလည်နိုင်လျှင်၊ သဘောမပေါက်နိုင်လျှင် ဤသည်မှာ သူတို့ကိစ္စဖြစ်သည်ကိုလည်းကောင်း၊ ဘုရားသခင်က ဤနှုတ်ကပတ်တော်များကို အဘယ်ကြောင့်ရှင်းပြရမည်၊ သို့မဟုတ် ရှင်းအောင်လုပ်ရမည်ဟူသည့် အကြောင်းပြချက်မရှိသည်ကိုလည်းကောင်း၊ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်မှသာ ကျိုးနွံနာခံသင့်သည်မဟုတ်ဘဲ အခြေအနေများက မည်သို့ပင်ဖြစ်စေ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သဘောထားတစ်ခုတည်းသာ ထားရှိသင့်ပြီး ယင်းမှာ နားထောင်ခြင်း၊ ထို့နောက် လက်ခံခြင်း၊ ထို့နောက် ကျိုးနွံနာခံခြင်း ဖြစ်ကြောင်းကိုလည်းကောင်း သူသည် ရှင်းလင်းစွာ သိရှိခဲ့သည်။ ဤသည်မှာ ဘုရားသခင်က သူ့ကို လုပ်ဆောင်ရန် တောင်းဆိုခဲ့သမျှအပေါ် အာဗြဟံ၏ ရှင်းလင်းစွာ သိမြင်နိုင်သော သဘောထားဖြစ်ခဲ့ပြီး ယင်းထဲတွင် ပုံမှန် လူ့သဘာဝ၏ ဆင်ခြင်တုံတရားအပြင် စစ်မှန်သော ယုံကြည်ခြင်းနှင့် စစ်မှန်သော ကျိုးနွံနာခံခြင်းတို့ ပါဝင်သည်။ အာဗြဟံသည် အဘယ်အရာကို အဓိကအားဖြင့် လုပ်ဆောင်ရန် လိုအပ်ခဲ့သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အမှားအမှန်ကို မဆန်းစစ်ရန်၊ ၎င်းတို့သည် ရယ်စရာအဖြစ်ပြောဆိုခြင်းလော၊ သို့မဟုတ် သူ့ကို စစ်ကြောခြင်းလော၊ သို့မဟုတ် အခြားတစ်စုံတစ်ခုလောဟု မစစ်ဆေးရန် ဖြစ်သည်။ အာဗြဟံသည် ထိုသို့သောအရာများကို မစစ်ဆေးခဲ့ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သူ၏ ချက်ချင်းတုံ့ပြန်သော သဘောထားမှာ အဘယ်အရာဖြစ်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျိုးကြောင်းဆင်ခြင်တုံတရားဖြင့် အဖြေထုတ်၍မရနိုင်၊ ကျိုးကြောင်းဆီလျော်သည်ဖြစ်စေ မဆီလျော်သည်ဖြစ်စေ ထိုနှုတ်ကပတ်တော်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များသာ ဖြစ်သည်၊ ဘုရားနှုတ်ကပတ်တော်များအပေါ် လူတို့၏ သဘောထားတွင် ရွေးချယ်စရာနေရာနှင့် စစ်ဆေးစရာနေရာ မရှိသင့်ပေ၊ လူတို့၌ ရှိသင့်သည့် ဆင်ခြင်တုံတရားနှင့် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာမှာ နားထောင်ရန်၊ လက်ခံရန်နှင့် ကျိုးနွံနာခံရန် ဖြစ်သည်ဟူ၍ ဖြစ်သည်။ သူ၏ စိတ်နှလုံးထဲတွင် အာဗြဟံသည် ဖန်ဆင်းရှင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရမှာ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ ဖန်ဆင်းခံလူသားတစ်ဦးက မည်သည့်နေရာတွင် ရပ်တည်သင့်သည်ကိုလည်းကောင်း အလွန်ရှင်းလင်းစွာ သိရှိခဲ့သည်။ အာဗြဟံသည် ထိုသို့သော ဆင်ခြင်တုံတရားနှင့် ဤသို့သော သဘောထားမျိုးကို ပိုင်ဆိုင်ခဲ့သောကြောင့်ပင် သူသည် ကြီးမားသော နာကျင်မှုကို ခံစားခဲ့ရသော်ငြားလည်း ဣဇာက်ကို ဘုရားသခင်ထံသို့ စနိုးစနောင့်ဖြစ်ခြင်း၊ တွန့်ဆုတ်ခြင်းမရှိဘဲ ပူဇော်ခဲ့ပြီး၊ ကိုယ်တော်အလိုရှိသည့်အတိုင်း ပြန်အပ်ခဲ့သည်။ ဘုရားသခင်က တောင်းဆိုခဲ့သောကြောင့် သူသည် ဣဇာက်ကို ကိုယ်တော့်ထံသို့ ပြန်အပ်ရမည်ဖြစ်ပြီး ကိုယ်တော်နှင့် အငြင်းအခုံမပြုသင့်ကြောင်း၊ သို့မဟုတ် သူ၏ ကိုယ်ပိုင်ဆန္ဒများ သို့မဟုတ် တောင်းဆိုချက်များ မရှိသင့်ကြောင်း သူခံစားခဲ့ရသည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ဦးက ဖန်ဆင်းရှင်အပေါ် ထားရှိသင့်သည့် သဘောထား အတိအကျပင် ဖြစ်သည်။ ဤသို့လုပ်ဆောင်ရာတွင် အခက်ခဲဆုံးအရာမှာ အာဗြဟံ၏ အဖိုးတန်ဆုံးအရာ ဖြစ်ခဲ့သည်။ ဘုရားသခင် ပြောဆိုခဲ့သည့် ဤစကားများသည် ကျိုးကြောင်းဆီလျော်မှုမရှိဘဲ လူ့ခံစားချက်များကို ထည့်မစဉ်းစားပေ၊ လူတို့သည် ၎င်းတို့ကို အဖြေမထုတ်နိုင် သို့မဟုတ် လက်မခံနိုင်ပေ၊ မည်သည့်ခေတ်ပင်ဖြစ်စေ၊ သို့မဟုတ် ဤအရာသည် မည်သူ့အပေါ် ဖြစ်ပျက်သည်ဖြစ်စေ ဤစကားများသည် အဓိပ္ပာယ်မရှိ၊ ၎င်းတို့သည် မအောင်မြင်နိုင်သောအရာများ ဖြစ်သည်၊ သို့သော် ဘုရားသခင်သည် ဤအရာကို လုပ်ဆောင်ရန် တောင်းဆိုနေဆဲ ဖြစ်သည်။ သို့ဆိုလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ လူအများစုသည် ဤစကားများကို စစ်ဆေးကြမည်ဖြစ်ပြီး ထိုသို့ ရက်ပေါင်းများစွာ လုပ်ဆောင်ပြီးနောက် ၎င်းတို့ဘာသာ တွေးထင်ကြမည်မှာ “ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျိုးကြောင်းဆီလျော်မှုမရှိပါ၊ ဘုရားသခင်သည် ဤသို့ မည်သို့ ပြုမူနိုင်မည်နည်း။ ဤသည်မှာ လူကို နှိပ်စက်ခြင်းတစ်မျိုး မဟုတ်လော။ ဘုရားသခင်သည် လူကို မချစ်သလော။ ကိုယ်တော်သည် လူတို့ကို ဤသို့ မည်သို့ ညှဉ်းပန်းနိုင်သနည်း။ လူတို့ကို ဤသို့ ညှဉ်းပန်းသော ဘုရားတစ်ပါးကို ကျွန်ုပ်မယုံကြည်ပါ၊ ဤစကားများကို မကျိုးနွံမနာခံရန် ကျွန်ုပ် ရွေးချယ်နိုင်သည်” ဟူ၍ ဖြစ်သည်။ သို့သော် အာဗြဟံသည် ဤသို့ မလုပ်ဆောင်ခဲ့ပေ၊ သူသည် ကျိုးနွံနာခံရန် ရွေးချယ်ခဲ့သည်။ လူတိုင်းက ဘုရားသခင် ပြောဆိုခဲ့သည့်အရာနှင့် တောင်းဆိုခဲ့သည့်အရာမှာ မှားယွင်းသည်ဟု၊ ဘုရားသခင်သည် လူတို့အပေါ် ထိုသို့သော တောင်းဆိုချက်များကို မပြုလုပ်သင့်ဟု ယုံကြည်ကြသော်လည်း အာဗြဟံသည် ကျိုးနွံနာခံနိုင်ခဲ့သည်၊ ဤသည်မှာ သူနှင့်ပတ်သက်၍ အဖိုးတန်ဆုံးသောအရာဖြစ်ပြီး အခြားလူများ၌ မရှိသည့်အရာ အတိအကျပင် ဖြစ်သည်။ ဤသည်မှာ အာဗြဟံ၏ စစ်မှန်သော ကျိုးနွံနာခံခြင်း ဖြစ်သည်။ ထို့အပြင် ဘုရားသခင်က သူ့ကို တောင်းဆိုခဲ့သည့်အရာကို ကြားပြီးနောက် သူသေချာခဲ့သည့် ပထမဆုံးအရာမှာ ဘုရားသခင်သည် ဤအရာကို ရယ်စရာအဖြစ် ပြောဆိုခဲ့ခြင်း မဟုတ်ကြောင်း၊ ယင်းမှာ ကစားပွဲတစ်ခု မဟုတ်ကြောင်း ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဤအရာများ မဟုတ်ခဲ့သည်ဖြစ်သောကြောင့် ၎င်းတို့သည် မည်သည့်အရာများ ဖြစ်ခဲ့သနည်း။ ဘုရားသခင်က လုပ်ဆောင်ရမည်ဟု ဆုံးဖြတ်သည့်အရာကို မည်သည့်လူကမျှ မပြောင်းလဲနိုင်သည်မှာ မှန်ကန်ကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ရယ်စရာအဖြစ်ပြောဆိုခြင်း၊ စမ်းသပ်ခြင်း၊ သို့မဟုတ် ညှဉ်းပန်းခြင်းတို့ မရှိကြောင်း၊ ဘုရားသခင်သည် ယုံကြည်စိတ်ချထိုက်ကြောင်း၊ ကိုယ်တော် ပြောဆိုသမျှသည် ကျိုးကြောင်းဆီလျော်သည်ဖြစ်စေ မလျော်သည်ဖြစ်စေ မှန်ကန်ကြောင်းမှာ အာဗြဟံ၏ နက်ရှိုင်းသော ယုံကြည်ချက် ဖြစ်ခဲ့သည်။ ဤသည်မှာ အာဗြဟံ၏ စစ်မှန်သော ယုံကြည်ခြင်း မဟုတ်ခဲ့သလော။ သူက “ဘုရားသခင်က ဣဇာက်ကို ပူဇော်ရန် ကျွန်ုပ်အား ပြောခဲ့သည်။ ဣဇာက်ကို ရရှိပြီးနောက် ကျွန်ုပ်သည် ဘုရားသခင်ကို ကောင်းစွာ ကျေးဇူးမတင်ခဲ့ပါ၊ ဤသည်မှာ ဘုရားသခင်က ကျွန်ုပ်၏ ကျေးဇူးတင်မှုကို တောင်းဆိုနေခြင်းလော။ သို့ဆိုလျှင် ကျွန်ုပ်သည် ကျွန်ုပ်၏ ကျေးဇူးတင်မှုကို ကောင်းစွာ ပြသရမည်။ ကျွန်ုပ်သည် ဣဇာက်ကို ပူဇော်လိုကြောင်း၊ ဘုရားသခင်ကို ကျေးဇူးတင်လိုကြောင်း၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ကျွန်ုပ်သိပြီး အမှတ်ရကြောင်း၊ ဘုရားသခင်ကို စိတ်မပူပန်စေလိုကြောင်း ကျွန်ုပ် ပြသရမည်။ ဘုရားသခင်သည် ဤစကားများကို ကျွန်ုပ်အား စစ်ဆေးရန်နှင့် စမ်းသပ်ရန် ပြောဆိုခဲ့သည်မှာ သံသယရှိစရာမလိုပေ၊ ထို့ကြောင့် ကျွန်ုပ်သည် ဝတ်ကျေတမ်းကျေလုပ်ဆောင်သင့်သည်။ ကျွန်ုပ်သည် ပြင်ဆင်မှုအားလုံးကို ပြုလုပ်မည်၊ ထို့နောက် သိုးတစ်ကောင်ကို ဣဇာက်နှင့်အတူ ယူဆောင်သွားမည်၊ ပူဇော်ချိန်၌ ဘုရားသခင်က ဘာမျှမပြောလျှင် ကျွန်ုပ်သည် သိုးကို ပူဇော်မည်။ ဝတ်ကျေတမ်းကျေလုပ်ဆောင်ရုံမျှဖြင့် လုံလောက်သည်။ အကယ်၍ ဘုရားသခင်က ဣဇာက်ကို ပူဇော်ရန် အမှန်တကယ် တောင်းဆိုလျှင် သူ့ကို ယဇ်ပလ္လင်ပေါ်တွင် ဟန်ပြလုပ်ဆောင်စေသင့်သည်၊ အချိန်တန်လျှင် ဘုရားသခင်သည် ကျွန်ုပ်၏ ကလေးကိုမဟုတ်ဘဲ သိုးကို ပူဇော်စေကောင်း ပူဇော်စေလိမ့်မည်” ဟု ပြောခဲ့သလော။ ဤသည်မှာ အာဗြဟံ တွေးထင်ခဲ့သည့်အရာ ဟုတ်ပါသလော။ (မဟုတ်ပါ။) အကယ်၍ သူသည် ထိုသို့ တွေးထင်ခဲ့လျှင် သူ၏ စိတ်နှလုံးထဲတွင် စိတ်သောက ရှိမည်မဟုတ်ပေ။ အကယ်၍ သူသည် ထိုသို့သော အရာများကို တွေးထင်ခဲ့လျှင် သူ၌ မည်သို့သော တည်ကြည်မှုမျိုး ရှိမည်နည်း။ သူသည် စစ်မှန်သော ယုံကြည်ခြင်း ရှိမည်လော။ သူသည် စစ်မှန်သော ကျိုးနွံနာခံခြင်း ရှိမည်လော။ ရှိမည်မဟုတ်ပေ။

ဣဇာက်ကို ယဇ်ပူဇော်ခြင်းကိစ္စနှင့် ပတ်သက်လာသောအခါ အာဗြဟံ ခံစားခဲ့ရပြီး ဖြစ်ပေါ်ခဲ့သည့် နာကျင်မှုကို အကဲဖြတ်ကြည့်လျှင် သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လုံးဝဥဿုံ ယုံကြည်ခဲ့ကြောင်း၊ ဘုရားသခင် ပြောဆိုခဲ့သည့် စကားလုံးတိုင်းကို သူယုံကြည်ခဲ့ကြောင်း၊ ဘုရားသခင် ပြောဆိုခဲ့သမျှကို ဘုရားသခင် ဆိုလိုသည့်အတိုင်း သူ၏ စိတ်နှလုံးအတွင်းထဲမှ အတိအကျ နားလည်ခဲ့ကြောင်း၊ ဘုရားသခင်အပေါ် သံသယများ မရှိခဲ့ကြောင်း ရှင်းလင်းပေသည်။ ဤသည်မှာ စစ်မှန်သော ယုံကြည်ခြင်း ဟုတ်သလော၊ မဟုတ်သလော။ (ဟုတ်ပါသည်။) အာဗြဟံသည် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်း ရှိခဲ့ပြီး ဤသည်မှာ အာဗြဟံသည် ရိုးသားသောလူတစ်ဦး ဖြစ်သည်ဟူသော ကိစ္စရပ်တစ်ခုကို သရုပ်ဖော်ပြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သူ၏ တစ်ခုတည်းသော သဘောထားမှာ နာခံခြင်း၊ လက်ခံခြင်းနှင့် ကျိုးနွံနာခံခြင်း ဖြစ်သည်၊ ဘုရားသခင် ပြောဆိုသမျှကို သူနာခံပေမည်။ အကယ်၍ ဘုရားသခင်က တစ်စုံတစ်ခုသည် အနက်ရောင်ဖြစ်သည်ဟု ပြောဆိုခဲ့လျှင် အာဗြဟံက ယင်းကို အနက်ရောင်အဖြစ် မမြင်နိုင်လျှင်ပင် သူသည် ဘုရားသခင် ပြောဆိုခဲ့သည့်အရာမှာ မှန်ကန်သည်ဟု ယုံကြည်မည်ဖြစ်ပြီး ယင်းမှာ အနက်ရောင်ဖြစ်ကြောင်း ယုံကြည်လက်ခံပေမည်။ အကယ်၍ ဘုရားသခင်က သူ့ကို တစ်စုံတစ်ခုသည် အဖြူရောင်ဖြစ်သည်ဟု ပြောခဲ့လျှင် သူသည် ယင်းမှာ အဖြူရောင်ဖြစ်ကြောင်း ယုံကြည်လက်ခံပေမည်။ ထိုမျှ ရိုးရှင်းပါသည်။ ဘုရားသခင်က သူ့အား ကလေးတစ်ဦးကို ပေးသနားမည်ဟု ပြောခဲ့ပြီး အာဗြဟံက “ငါသည် အသက် ၁၀၀ ရှိနေပြီဖြစ်သည်၊ သို့သော် ဘုရားသခင်က ငါ့ကို ကလေးတစ်ဦး ပေးမည်ဟု ပြောလျှင် ငါ့သခင်၊ ဘုရားသခင်ကို ကျေးဇူးတင်ပါသည်” ဟု သူ့ဘာသာ တွေးထင်ခဲ့သည်။ သူ၌ အခြားအတွေးအခေါ်များ အလွန်အမင်း မရှိခဲ့ဘဲ ဘုရားသခင်ကိုသာ ယုံကြည်ခဲ့သည်။ ဤယုံကြည်ခြင်း၏ အနှစ်သာရမှာ အဘယ်အရာဖြစ်သနည်း။ သူသည် ဘုရားသခင်၏ အနှစ်သာရနှင့် ပင်ကိုလက္ခဏာကို ယုံကြည်ခဲ့ပြီး ဖန်ဆင်းရှင်အပေါ် သူ၏ သိကျွမ်းနားလည်မှုမှာ စစ်မှန်ခဲ့သည်။ သူသည် ဘုရားသခင်ကို အနန္တတန်ခိုးရှင်နှင့် လူသားမျိုးနွယ်၏ ဖန်ဆင်းရှင်အဖြစ် ယုံကြည်သည်ဟု ပြောဆိုကြသော်လည်း “လူသားတို့သည် မျောက်တွေကနေ အမှန်တကယ် ဆင့်ကဲပြောင်းလဲလာသလော။ ဘုရားက အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည်ဟု ဆိုကြသော်လည်း လူတွေက ဒါကို ကိုယ့်မျက်စိနဲ့ကိုယ် မမြင်ဖူးကြပါ” ကဲ့သို့သော သံသယများကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် ထားရှိကြသည့် ထိုလူများကဲ့သို့ မဟုတ်ခဲ့ပေ။ ဘုရားသခင် မည်သို့ပင် ပြောဆိုစေကာမူ ထိုလူများသည် အစဉ်သဖြင့် ယုံကြည်ခြင်းနှင့် သံသယကြား တစ်ဝက်တစ်ပျက် ဖြစ်နေကြပြီး အမှုအရာများ မှန်ကန်သည် သို့မဟုတ် မှားယွင်းသည်ကို ဆုံးဖြတ်ရန် ၎င်းတို့ မြင်သည့်အရာအပေါ် မှီခိုကြသည်။ ၎င်းတို့သည် မိမိတို့၏ မျက်စိဖြင့် မမြင်နိုင်သည့် မည်သည့်အရာကိုမဆို သံသယရှိကြသည်၊ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင် စကားပြောသည်ကို ကြားသည့်အခါတိုင်း ကိုယ်တော်၏ စကားများနောက်တွင် မေးခွန်းအမှတ်အသားများကို ထားရှိကြသည်။ ၎င်းတို့သည် ဘုရားသခင် ထုတ်ဖော်ပြသည့် အချက်အလက်၊ ကိစ္စရပ်နှင့် အမိန့်တိုင်းကို ဂရုတစိုက်၊ လုံ့လဝီရိယဖြင့်၊ သတိကြီးစွာ စစ်ဆေးပြီး ဆန်းစစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို သိပ္ပံနည်းကျ သုတေသနပြုသည့် သဘောထားဖြင့် စစ်ဆေးသင့်သည်ဟုလည်းကောင်း၊ ဤနှုတ်ကပတ်တော်များသည် အမှန်တကယ် သမ္မာတရား ဟုတ်မဟုတ်ကို ကြည့်ရှုသင့်သည်ဟုလည်းကောင်း၊ သို့မဟုတ်ပါက ၎င်းတို့သည် လိမ်လည်လှည့်ဖြားခြင်းကို ခံရဖွယ်ရှိသည်ဟုလည်းကောင်း တွေးထင်ကြသည်။ သို့သော် အာဗြဟံသည် ဤသို့မဟုတ်ခဲ့ဘဲ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ရိုးရှင်းသော စိတ်နှလုံးဖြင့် နားထောင်ခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင် ဘုရားသခင်သည် အာဗြဟံအား သူ၏ တစ်ဦးတည်းသောသား ဣဇာက်ကို သူ့ထံ ယဇ်ပူဇော်ရန် တောင်းဆိုခဲ့သည်။ ဤသည်မှာ အာဗြဟံကို နာကျင်စေခဲ့သော်လည်း သူသည် ကျိုးနွံနာခံရန် ရွေးချယ်ခဲ့ဆဲဖြစ်သည်။ အာဗြဟံသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ မပြောင်းလဲနိုင်ကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ လက်တွေ့ဖြစ်လာမည်ဖြစ်ကြောင်း ယုံကြည်ခဲ့သည်။ ဖန်ဆင်းခံလူသားများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လုပ်ရိုးလုပ်စဉ်တစ်ခုကဲ့သို့ လက်ခံပြီး ကျိုးနွံနာခံသင့်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ရင်ဆိုင်ရာ၌ ဖန်ဆင်းခံလူသားများတွင် ရွေးချယ်ပိုင်ခွင့်မရှိသကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆန်းစစ်ခြင်း သို့မဟုတ် စစ်ဆေးခြင်းကို သာ၍ပင် မပြုသင့်ပေ။ ဤသည်မှာ အာဗြဟံက ဘုရားသခင်၏ နှုတ်ကပတ်တော်အပေါ် ထားရှိခဲ့သည့် သဘောထားဖြစ်သည်။ အာဗြဟံသည် အလွန်နာကျင်ခဲ့သော်လည်း၊ သူ၏သားအပေါ် သူ၏ချစ်ခြင်းနှင့် စွန့်လွှတ်ရန် ဝန်လေးခြင်းက သူ့ကို အလွန်အမင်း ဖိစီးမှုနှင့် နာကျင်မှုကို ဖြစ်စေခဲ့သော်လည်း သူသည် သူ၏ကလေးကို ဘုရားသခင်ထံသို့ ပြန်အပ်ရန် ရွေးချယ်ခဲ့ဆဲဖြစ်သည်။ အဘယ်ကြောင့် သူသည် ဣဇာက်ကို ဘုရားသခင်ထံသို့ ပြန်အပ်မည်ဖြစ်သနည်း။ ဘုရားသခင်က အာဗြဟံအား ဤသို့လုပ်ဆောင်ရန် မတောင်းဆိုခဲ့သည့်အခါ သူ၏သားကို ပြန်အပ်ရန် သူက စတင်လုပ်ဆောင်ရန် မလိုအပ်ခဲ့ပေ၊ သို့သော် ဘုရားသခင်က တောင်းဆိုခဲ့သောကြောင့် သူသည် သူ၏သားကို ဘုရားသခင်ထံသို့ ပြန်အပ်ခဲ့ရသည်၊ ပေးစရာ ဆင်ခြေများမရှိခဲ့ဘဲ သူသည် ဘုရားသခင်နှင့် အငြင်းအခုံမပြုသင့်ပေ၊ ဤသည်မှာ အာဗြဟံ ထားရှိခဲ့သည့် သဘောထားဖြစ်သည်။ သူသည် ဤသို့သော စင်ကြယ်သည့် စိတ်နှလုံးဖြင့် ဘုရားသခင်ကို ကျိုးနွံနာခံခဲ့သည်။ ဤသည်မှာ ဘုရားသခင် အလိုရှိခဲ့သည့်အရာဖြစ်ပြီး ဤသည်မှာ ဘုရားသခင် မြင်တွေ့လိုခဲ့သည့်အရာ ဖြစ်သည်။ ဣဇာက်ကို ယဇ်ပူဇော်ခြင်းကိစ္စနှင့် ပတ်သက်လာသောအခါ အာဗြဟံ၏ အပြုအမူနှင့် သူစွမ်းဆောင်ရရှိခဲ့သည့်အရာမှာ ဘုရားသခင် မြင်တွေ့လိုခဲ့သည့်အရာ အတိအကျဖြစ်ပြီး ဤကိစ္စရပ်မှာ ဘုရားသခင်က သူ့ကို စမ်းသပ်ပြီး အတည်ပြုနိုင်ရန်စစ်ဆေးခြင်း ဖြစ်ခဲ့သည်။ သို့သော်လည်း ဘုရားသခင်သည် အာဗြဟံကို နောဧအား ဆက်ဆံခဲ့သကဲ့သို့ မဆက်ဆံခဲ့ပေ။ သူသည် အာဗြဟံအား ဤကိစ္စရပ်၏ နောက်ကွယ်မှ အကြောင်းပြချက်များ၊ ဖြစ်စဉ်၊ သို့မဟုတ် ယင်းနှင့်ပတ်သက်သည့် အရာအားလုံးကို မပြောခဲ့ပေ။ အာဗြဟံသည် အရာတစ်ခုတည်းကိုသာ သိရှိခဲ့သည်၊ ယင်းမှာ ဘုရားသခင်က သူ့ကို ဣဇာက်အား ပြန်အပ်ရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်၊ ထိုမျှသာဖြစ်သည်။ ဤသို့လုပ်ဆောင်ရာ၌ ဘုရားသခင်သည် သူ့ကို စမ်းသပ်နေခြင်းဖြစ်ကြောင်း သူ မသိခဲ့သကဲ့သို့၊ ဤစမ်းသပ်မှုကို သူခံယူပြီးနောက် ဘုရားသခင်သည် သူနှင့်သူ၏ မျိုးဆက်များ၌ မည်သည့်အရာကို ပြီးမြောက်စေလိုသည်ကိုလည်း သူသတိမပြုမိခဲ့ပေ။ ဘုရားသခင်သည် အာဗြဟံအား ဤအရာတစ်ခုမျှ မပြောခဲ့ဘဲ သူ့ကို ရိုးရှင်းသော အမိန့်တစ်ခု၊ တောင်းဆိုချက်တစ်ခုသာ ပေးခဲ့သည်။ ဘုရားသခင်၏ ဤစကားများသည် အလွန်ရိုးရှင်းပြီး လူ့ခံစားချက်များကို ထည့်မစဉ်းစားခဲ့သော်လည်း အာဗြဟံသည် ဘုရားသခင် အလိုရှိပြီး တောင်းဆိုခဲ့သည့်အတိုင်း လုပ်ဆောင်ခြင်းဖြင့် ဘုရားသခင်၏ မျှော်လင့်ချက်များကို ပြည့်မီစေခဲ့သည်၊ သူသည် ဣဇာက်ကို ယဇ်ပလ္လင်ပေါ်၌ ယဇ်အဖြစ် ပူဇော်ခဲ့သည်။ သူ၏ လှုပ်ရှားမှုတိုင်းက သူ၏ ဣဇာက်ကို ပူဇော်ခြင်းမှာ ဝတ်ကျေတမ်းကျေ လုပ်ဆောင်နေခြင်း မဟုတ်ကြောင်း၊ သူသည် ယင်းကို ဝတ်ကျေတမ်းကျေ လုပ်ဆောင်နေခြင်း မဟုတ်ဘဲ ရိုးသားစစ်မှန်စွာနှင့် သူ၏ အတွင်းစိတ်နှလုံးထဲမှ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြသခဲ့သည်။ သူသည် ဣဇာက်ကို စွန့်လွှတ်ရန် မခံရပ်နိုင်ခဲ့သော်လည်း၊ ယင်းက သူ့ကို နာကျင်စေခဲ့သော်လည်း ဖန်ဆင်းရှင် တောင်းဆိုခဲ့သည့်အရာကို ရင်ဆိုင်ရသောအခါ အာဗြဟံသည် အခြားမည်သည့်လူကမျှ ရွေးချယ်မည်မဟုတ်သည့် နည်းလမ်းကို ရွေးချယ်ခဲ့သည်၊ ယင်းမှာ ဖန်ဆင်းရှင် တောင်းဆိုခဲ့သည့်အရာကို လုံးဝဥဿုံ ကျိုးနွံနာခံခြင်း၊ အလျှော့အတင်းမရှိဘဲ၊ ဆင်ခြေများမရှိဘဲ၊ မည်သည့်သတ်မှတ်ချက်မျှမရှိဘဲ ကျိုးနွံနာခံခြင်း ဖြစ်သည်၊ သူသည် ဘုရားသခင် သူ့ကို တောင်းဆိုခဲ့သည့်အတိုင်း အတိအကျ လုပ်ဆောင်ခဲ့သည်။ အာဗြဟံသည် ဘုရားသခင်က သူ့ကို လုပ်ဆောင်ရန် တောင်းဆိုခဲ့သည့်အရာကို လုပ်ဆောင်နိုင်ခဲ့သည့်အခါ သူသည် မည်သည့်အရာကို ပိုင်ဆိုင်ခဲ့သနည်း။ ရှုထောင့်တစ်ခုအရ၊ သူ၏အတွင်း၌ ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်း ရှိခဲ့သည်၊ ဖန်ဆင်းရှင်သည် ဘုရားသခင်၊ သူ၏ ဘုရားသခင်၊ သူ၏ သခင်၊ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာစွဲကိုင်ပြီး လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည့် တစ်ဆူတည်းသောသူ ဖြစ်ကြောင်း သူသေချာခဲ့သည်။ ဤသည်မှာ စစ်မှန်သော ယုံကြည်ခြင်း ဖြစ်သည်။ အခြားရှုထောင့်တစ်ခုအရ၊ သူ၌ စင်ကြယ်သော စိတ်နှလုံး ရှိခဲ့သည်။ သူသည် ဖန်ဆင်းရှင် ပြောဆိုခဲ့သည့် စကားလုံးတိုင်းကို ယုံကြည်ခဲ့ပြီး ဖန်ဆင်းရှင် ပြောဆိုခဲ့သည့် စကားလုံးတိုင်းကို ရိုးရှင်းစွာနှင့် တိုက်ရိုက် လက်ခံနိုင်ခဲ့သည်။ နောက်ထပ် ရှုထောင့်တစ်ခုအရ၊ ဖန်ဆင်းရှင် တောင်းဆိုခဲ့သည့်အရာ၏ အခက်အခဲ မည်မျှပင် ကြီးမားစေကာမူ၊ ယင်းက သူ့ကို နာကျင်မှု မည်မျှပင် ဖြစ်စေကာမူ သူရွေးချယ်ခဲ့သည့် သဘောထားမှာ ကျိုးနွံနာခံခြင်းဖြစ်ပြီး ဘုရားသခင်နှင့် အငြင်းအခုံမပြုခြင်း၊ သို့မဟုတ် အတိုက်အခံမလုပ်ခြင်း၊ သို့မဟုတ် မငြင်းပယ်ခြင်းဖြစ်ကာ ဘုရားသခင် တောင်းဆိုခဲ့သည့်အတိုင်း၊ ဘုရားသခင်၏ စကားလုံးတိုင်းနှင့် ဘုရားသခင် ထုတ်ပြန်ခဲ့သည့် အမိန့်အတိုင်း လိုက်နာလုပ်ဆောင်လျက် လုံးဝဥဿုံ ကျိုးနွံနာခံခြင်း ဖြစ်သည်။ ဘုရားသခင် တောင်းဆိုခဲ့ပြီး မြင်တွေ့လိုခဲ့သည့်အတိုင်းပင် အာဗြဟံသည် ဣဇာက်ကို ယဇ်ပလ္လင်ပေါ်၌ ယဇ်အဖြစ် ပူဇော်ခဲ့သည်၊ သူ့ကို ဘုရားသခင်ထံ ပူဇော်ခဲ့သည်၊ သူလုပ်ဆောင်ခဲ့သမျှသည် ဘုရားသခင်က မှန်ကန်သောလူကို ရွေးချယ်ခဲ့ကြောင်း၊ ဘုရားသခင်၏ အမြင်တွင် သူသည် ဖြောင့်မတ်သောသူဖြစ်ကြောင်း သက်သေပြခဲ့သည်။

ဘုရားသခင်က အာဗြဟံအား ဣဇာက်ကို ပူဇော်ရန် တောင်းဆိုခဲ့သည့်အခါ ဖန်ဆင်းရှင်၏ မည်သည့် စိတ်သဘောထားနှင့် အနှစ်သာရ သွင်ပြင်လက္ခဏာကို ထုတ်ဖော်ခဲ့သနည်း။ ယင်းမှာ ဘုရားသခင်သည် ဖြောင့်မတ်သောသူများ၊ သူ အသိအမှတ်ပြုသည့်သူများကို သူ၏ ကိုယ်ပိုင် သတ်မှတ်ထားသော စံနှုန်းများအတိုင်း လုံးလုံး ဆက်ဆံတော်မူသည်ဟူ၍ ဖြစ်သည်၊ ဤသည်မှာ သူ၏ စိတ်သဘောထားနှင့် အနှစ်သာရနှင့် လုံးဝကိုက်ညီသည်။ ဤစံနှုန်းများတွင် အလျှော့အတင်းလုပ်၍ မရနိုင်ပေ၊ ၎င်းတို့ကို အနည်းနှင့်အများ ဖြည့်ဆည်း၍ မရနိုင်ပေ။ ဤစံနှုန်းများကို အတိအကျ ပြည့်မီရမည်။ အာဗြဟံ၏ နေ့စဉ်အသက်တာ၌ သူလုပ်ဆောင်ခဲ့သည့် ဖြောင့်မတ်သော လုပ်ရပ်များကို ဘုရားသခင် မြင်တွေ့ရုံမျှဖြင့် မလုံလောက်ခဲ့ပေ၊ ဘုရားသခင်သည် သူ့အပေါ် အာဗြဟံ၏ စစ်မှန်သော ကျိုးနွံနာခံခြင်းကို မမြင်တွေ့ခဲ့ရသေးပေ၊ ဤအကြောင်းကြောင့်ပင် ဘုရားသခင်သည် သူ လုပ်ဆောင်ခဲ့သည့်အရာကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့် ဘုရားသခင်သည် အာဗြဟံ၌ စစ်မှန်သော ကျိုးနွံနာခံခြင်းကို မြင်တွေ့လိုခဲ့သနည်း။ အဘယ်ကြောင့် သူသည် အာဗြဟံကို ဤနောက်ဆုံး စမ်းသပ်မှုကို ခံယူစေခဲ့သနည်း။ အကြောင်းမှာ ငါတို့အားလုံး သိရှိသည့်အတိုင်း ဘုရားသခင်သည် အာဗြဟံကို နိုင်ငံအမြောက်အမြား၏ ဖခင်ဖြစ်စေလိုခဲ့သောကြောင့် ဖြစ်သည်။ “နိုင်ငံအမြောက်အမြား၏ ဖခင်” ဆိုသည်မှာ မည်သည့် သာမန်လူမဆို ထမ်းရွက်နိုင်သည့် ဘွဲ့အမည်တစ်ခုလော။ မဟုတ်ပေ။ ဘုရားသခင်၌ သူ၏ သတ်မှတ်ထားသောစံနှုန်းများ ရှိသည်၊ သူအလိုရှိပြီး စုံလင်အောင်ပြုသည့် မည်သူ့ကိုမဆို၊ သူက ဖြောင့်မတ်သည်ဟု ရှုမြင်သည့် မည်သူ့ကိုမဆို သူ တောင်းဆိုသည့် စံနှုန်းများမှာ တူညီသည်၊ ယင်းတို့မှာ စစ်မှန်သော ယုံကြည်ခြင်းနှင့် လုံးဝဥဿုံ ကျိုးနွံနာခံခြင်း ဖြစ်သည်။ ဘုရားသခင်သည် အာဗြဟံ၌ ထိုသို့သော ကြီးမြတ်သည့်အရာတစ်ခုကို လုပ်ဆောင်လိုခဲ့သည်ဖြစ်သောကြောင့် သူ့၌ ဤအရာနှစ်ခုကို မတွေ့မြင်ဘဲ ကိုယ်တော်သည် မဆင်မခြင် ရှေ့ဆက်လုပ်ဆောင်ခဲ့မည်လော။ လုံးဝ မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်က သူ့အား သားတစ်ဦးကို ပေးပြီးနောက် အာဗြဟံသည် ထိုသို့သော စမ်းသပ်မှုတစ်ခုကို ခံယူရမည်မှာ ရှောင်လွှဲ၍မရပေ၊ ဤသည်မှာ ဘုရားသခင် လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည့်အရာဖြစ်ပြီး ဘုရားသခင်က စီစဉ်ထားခဲ့ပြီးဖြစ်သည့်အရာ ဖြစ်သည်။ အမှုအရာများ ဘုရားသခင် အလိုရှိသည့်အတိုင်း ဖြစ်ပျက်ပြီးနောက်၊ အာဗြဟံသည် ဘုရားသခင်၏ တောင်းဆိုချက်များကို ပြည့်မီပြီးနောက်မှသာ ဘုရားသခင်သည် သူ့အလုပ်၏ နောက်တစ်ဆင့်ကို လုပ်ဆောင်ရန် စတင်စီစဉ်ခဲ့သည်၊ ယင်းမှာ အာဗြဟံ၏ မျိုးဆက်များကို ကောင်းကင်ရှိ ကြယ်များ၊ ပင်လယ်ကမ်းခြေရှိ သဲများကဲ့သို့ များပြားစေခြင်း၊ သူ့ကို နိုင်ငံအမြောက်အမြား၏ ဖခင်ဖြစ်စေခြင်း ဖြစ်သည်။ ဘုရားသခင်က အာဗြဟံအား ဣဇာက်ကို ယဇ်ပူဇော်ရန် တောင်းဆိုခဲ့ခြင်း၏ ရလဒ်ကို မသိရှိရသေးဘဲ၊ ဖြစ်ပေါ်လာခြင်း မရှိသေးသည့်အခါတွင် ဘုရားသခင်သည် မဆင်မခြင် လုပ်ဆောင်မည်မဟုတ်ပေ၊ သို့သော် ယင်းမှာ ဖြစ်ပေါ်လာခဲ့သည်နှင့်တစ်ပြိုင်နက် အာဗြဟံ ပိုင်ဆိုင်ခဲ့သည့်အရာသည် ဘုရားသခင်၏ စံနှုန်းများကို ပြည့်မီခဲ့သည်၊ ဆိုလိုသည်မှာ သူသည် ဘုရားသခင်က သူ့အတွက် စီစဉ်ခဲ့သည့် ကောင်းချီးများအားလုံးကို လက်ခံရရှိမည်ဟု ဆိုလိုသည်။ သို့ဖြစ်၍ ဣဇာက်ကိုပူဇော်ခြင်းမှကြည့်လျှင် ဘုရားသခင်သည် လူတို့၌ သူလုပ်ဆောင်သည့် မည်သည့်အလုပ်အတွက်မဆို၊ သို့မဟုတ် သူက ၎င်းတို့အား ပါဝင်စေလိုသည့် မည်သည့်အခန်းကဏ္ဍအတွက်မဆို၊ သို့မဟုတ် သူ၏ စီမံခန့်ခွဲမှုအစီအစဉ်၌ ၎င်းတို့အား လက်ခံစေလိုသည့် မည်သည့်တာဝန်ပေးစေခိုင်းချက်အတွက်မဆို လူတို့အပေါ် မျှော်မှန်းချက်များနှင့် သတ်မှတ်ထားသော စံနှုန်းများ ရှိသည်ကို တွေ့မြင်နိုင်သည်။ လူတို့အပေါ် ဘုရားသခင်၏ မျှော်မှန်းချက်များအတွက် အကျိုးရလဒ် နှစ်မျိုးရှိသည်၊ တစ်မျိုးမှာ သင်သည် ဘုရားသခင်က သင့်ကို တောင်းဆိုသည့်အရာကို မလုပ်ဆောင်နိုင်လျှင် သင်သည် ဖယ်ရှားရှင်းလင်းခြင်းကို ခံရမည်၊ အခြားတစ်မျိုးမှာ အကယ်၍ သင်လုပ်ဆောင်နိုင်လျှင် ဘုရားသခင်သည် သူ၏ အစီအစဉ်နှင့်အညီ သူ အလိုရှိသည့်အရာကို သင့်၌ ဆက်လက်ပြီးမြောက်စေမည် ဖြစ်သည်။ ဘုရားသခင်က လူသားများထံမှ တောင်းဆိုသည့် စစ်မှန်သော ယုံကြည်ခြင်းနှင့် လုံးဝဥဿုံ ကျိုးနွံနာခံခြင်းတို့သည် လက်တွေ့တွင် လူတို့အတွက် စွမ်းဆောင်ရရှိရန် အလွန်အမင်း မခက်ခဲပေ။ သို့သော် ၎င်းတို့သည် လွယ်သည်ဖြစ်စေ ခက်သည်ဖြစ်စေ ဤအရာနှစ်ခုမှာ ဘုရားသခင်အတွက် လူတို့၌ တွေ့ရှိရမည့်အရာများ ဖြစ်သည်။ အကယ်၍ သင်သည် ဤကိစ္စရပ်တွင် စံမီလျှင် ဘုရားသခင်သည် သင့်ကို စံချိန်မီသည်ဟု တွေ့ရှိမည်ဖြစ်ပြီး ဘုရားသခင်သည် နောက်ထပ် ဘာမျှ တောင်းဆိုတော့မည်မဟုတ်ပေ၊ အကယ်၍ သင်မအောင်မြင်နိုင်လျှင်မူ ယင်းမှာ အခြားကိစ္စတစ်ခု ဖြစ်သည်။ ဘုရားသခင်က အာဗြဟံအား သူ၏သားကို ပူဇော်ရန် တောင်းဆိုခဲ့သည့်အချက်က အာဗြဟံ၌ ယခင်ကတည်းက ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးနှင့် သူ့အပေါ် စစ်မှန်သော ယုံကြည်ခြင်းကို ပိုင်ဆိုင်ခြင်းမှာ လိုအပ်သမျှဖြစ်သည်ဟုလည်းကောင်း၊ အနည်းနှင့်အများဆိုလျှင် ရသည်ဟုလည်းကောင်း ကိုယ်တော် မခံစားခဲ့ရကြောင်း ပြသသည်။ ယင်းမှာ ဘုရားသခင်၏ တောင်းဆိုချက်ပုံစံ လုံးဝမဟုတ်ခဲ့ပေ၊ သူသည် သူ၏ နည်းလမ်းများဖြင့်လည်းကောင်း၊ လူတို့ အောင်မြင်နိုင်သည့်အရာနှင့်အညီလည်းကောင်း တောင်းဆိုချက်များကို ပြုလုပ်သည်၊ ဤသည်မှာ ညှိနှိုင်း၍ မရ။ ဤသည်မှာ ဘုရားသခင်၏ သန့်ရှင်းခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်ပင်လျှင် ဘုရားသခင်၏ သန့်ရှင်းခြင်း ဖြစ်သည်။

စင်ကြယ်ပြီး စစ်မှန်သော ယုံကြည်ခြင်းရှိကာ ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သည့် အာဗြဟံကဲ့သို့သော လူကောင်းတစ်ဦးပင်လျှင် ဘုရားသခင်၏ စမ်းသပ်ခြင်းကို လက်ခံခဲ့ရသည်၊ သို့ဖြစ်၍ လူသားမျိုးနွယ်၏အမြင်၌ ဤစမ်းသပ်ခြင်းသည် လူ့စိတ်ခံစားချက်များကို အတော်အတန်ထောက်ထားငဲ့ညှာခြင်းမရှိဟု ဖြစ်မနေခဲ့သလော။ သို့သော် ဤလူ့စိတ်ခံစားချက်များကို ထောက်ထားငဲ့ညှာခြင်းမရှိခြင်းသည်ပင်လျှင် ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရတို့၏ ပြယုဂ် အတိအကျဖြစ်ပြီး အာဗြဟံသည် ဤစမ်းသပ်ခြင်းမျိုးကို ခံခဲ့ရသည်။ ဤစမ်းသပ်ခြင်းတွင် အာဗြဟံသည် ဖန်ဆင်းရှင်အပေါ် သူ၏ မလျှော့သော ယုံကြည်ခြင်းနှင့် မလျှော့သော ကျိုးနွံနာခံခြင်းကို ဘုရားသခင်အား ပြသခဲ့သည်။ အာဗြဟံသည် စမ်းသပ်ခြင်းကို အောင်မြင်ခဲ့သည်။ သာမန်အားဖြင့် အာဗြဟံသည် မည်သည့် ဘဝအတက်အကျကိုမျှ မကြုံတွေ့ခဲ့ဖူးပေ၊ သို့သော် ဘုရားသခင်က သူ့ကို ဤကဲ့သို့ စမ်းသပ်ပြီးနောက်တွင် သူ၏ ပုံမှန် ယုံကြည်ခြင်းနှင့် ကျိုးနွံနာခံခြင်းတို့သည် စစ်မှန်ကြောင်း သက်သေပြခဲ့သည်၊ ယင်းမှာ အပြင်ပန်းမဟုတ်၊ ဆောင်ပုဒ်တစ်ခု မဟုတ်ခဲ့ပေ။ ဘုရားသခင်က ထိုသို့သော နှုတ်ကပတ်တော်များကို ပြောဆိုပြီး သူ့အပေါ် ထိုသို့သော တောင်းဆိုမှုတစ်ခုကို ပြုလုပ်ပြီးနောက်တွင် ဤအခြေအနေအောက်၌ အာဗြဟံသည် မလျှော့ဘဲ ကျိုးနွံနာခံနိုင်ဆဲ ဖြစ်ခဲ့သည်ဟူသောအချက်က သေချာသည့်အရာတစ်ခုကို ဆိုလိုသည်မှာ၊ အာဗြဟံ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်သည် ဘုရားသခင်ဖြစ်ပြီး အစဉ်လည်း ဘုရားသခင်သာ ဖြစ်လိမ့်မည်၊ မည်သည့် ပြောင်းလဲနေသော အကြောင်းတရားများကြောင့်ဖြစ်စေ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရသည် မပြောင်းလဲနိုင်ဟူ၍ ဖြစ်သည်။ သူ၏စိတ်နှလုံးထဲတွင် လူသားများသည် ထာဝရကာလပတ်လုံး လူသားများသာဖြစ်ပြီး ဖန်ဆင်းရှင်ကို ယှဉ်ပြိုင်ရန်၊ အကြောင်းပြချက်ပေး ငြင်းခုံရန် သို့မဟုတ် ပြိုင်ဆိုင်ရန် အခွင့်အရေးမရှိသကဲ့သို့ ဖန်ဆင်းရှင် ပြောဆိုခဲ့သော နှုတ်ကပတ်တော်များကို စိတ်ဖြာလေ့လာရန်လည်း အခွင့်မရှိပေ။ ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် ဖန်ဆင်းရှင် တောင်းဆိုသည့် မည်သည့်အရာနှင့်မဆို ပတ်သက်လာလျှင် လူတို့၌ ရွေးချယ်ပိုင်ခွင့်မရှိဘဲ ၎င်းတို့လုပ်ဆောင်သင့်သည့် တစ်ခုတည်းသောအရာမှာ ကျိုးနွံနာခံရန်ဖြစ်သည်ဟု အာဗြဟံက ယုံကြည်ခဲ့သည်။ အာဗြဟံ၏ သဘောထားက အလွန်ပင် သိသာထင်ရှားလှသည်၊ သူသည် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်းရှိပြီး ဤစစ်မှန်သော ယုံကြည်ခြင်းထဲတွင် စစ်မှန်သော ကျိုးနွံနာခံခြင်းက မွေးဖွားလာခဲ့သည်၊ သို့ဖြစ်၍ ဘုရားသခင်က သူ့အပေါ် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ သို့မဟုတ် သူ့ထံမှ မည်သည့်အရာကို တောင်းဆိုသည်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်က မည်သို့သော လုပ်ဆောင်ချက်ကို ဆောင်ရွက်ခဲ့သည်ဖြစ်စေ၊ ယင်းမှာ အာဗြဟံ မြင်တွေ့ခဲ့သော၊ ကြားသိခဲ့သော သို့မဟုတ် ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခဲ့ရသော အရာတစ်ခုခုဖြစ်ပါစေ၊ ဤအရာများထဲမှ တစ်ခုမျှသည် ဘုရားသခင်အပေါ် သူ၏ စစ်မှန်သော ယုံကြည်ခြင်းကို သက်ရောက်မှုမရှိနိုင်ခဲ့သကဲ့သို့ ဘုရားသခင်အပေါ် သူ၏ ကျိုးနွံနာခံသော သဘောထားကို သာ၍ပင် သက်ရောက်မှု မရှိနိုင်ခဲ့ပေ။ ဖန်ဆင်းရှင်က လူ့စိတ်ခံစားချက်များကို ထောက်ထားငဲ့ညှာခြင်းမရှိသော စကားတစ်ခွန်းကို ပြောဆိုသည့်အခါ၊ လူအပေါ် ကျိုးကြောင်းဆီလျော်မှုမရှိသော တောင်းဆိုမှုတစ်ခုကို ပြုလုပ်သည့်အခါ၊ လူမည်မျှပင် ဤနှုတ်ကပတ်တော်များကို စိတ်ခုသည်ဖြစ်စေ၊ အတိုက်အခံလုပ်သည်ဖြစ်စေ၊ စိတ်ဖြာလေ့လာပြီး ဆန်းစစ်သည်ဖြစ်စေ၊ သို့မဟုတ် အထင်အမြင်သေးသည်ပင်ဖြစ်စေ၊ အာဗြဟံ၏ သဘောထားသည် အပြင်လောက၏ ပတ်ဝန်းကျင်ကြောင့် တုန်လှုပ်ခြင်းမရှိဘဲ ရှိနေခဲ့သည်။ ဘုရားသခင်အပေါ် သူ၏ ယုံကြည်ခြင်းနှင့် ကျိုးနွံနာခံခြင်းတို့သည် မပြောင်းလဲခဲ့သကဲ့သို့ ယင်းတို့သည် သူ၏နှုတ်မှ ပြောဆိုလိုက်သော စကားများမျှသာ သို့မဟုတ် လုပ်ရိုးလုပ်စဉ်မျှသာ မဟုတ်ခဲ့ပေ၊ ထိုအစား သူယုံကြည်သော ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်ကြောင်း၊ သူယုံကြည်သော ဘုရားသခင်သည် ကောင်းကင်ဘုံရှိ ထိုဘုရားသခင်ဖြစ်ကြောင်းကို သက်သေပြရန် သူသည် အဖြစ်မှန်များကို အသုံးပြုခဲ့သည်။ အာဗြဟံ၌ ထင်ရှားပေါ်လွင်ခဲ့သည့်အရာ အားလုံးမှ ငါတို့ မည်သည့်အရာကို တွေ့မြင်ရသနည်း။ ဘုရားသခင်အပေါ် သူ၏ သံသယများကို ငါတို့ တွေ့မြင်ရသလော။ သူ့၌ သံသယများ ရှိခဲ့သလော။ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆန်းစစ်ခဲ့သလော။ ယင်းတို့ကို သူ စိတ်ဖြာလေ့လာခဲ့သလော။ (မလုပ်ခဲ့ပါ။) အချို့လူများက “သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဆန်းစစ်ခဲ့လျှင် သို့မဟုတ် စိတ်ဖြာမလေ့လာခဲ့လျှင် သူသည် အဘယ်အရာအတွက် စိတ်ဆင်းရဲနေခဲ့ရသနည်း” ဟု ပြောကြသည်။ သင်သည် သူ့ကို စိတ်ဆင်းရဲခွင့် မပြုသလော။ သူသည် အလွန်စိတ်ဆင်းရဲခဲ့ပြီး ကျိုးနွံနာခံနိုင်ဆဲဖြစ်သည်၊ သင်သည် စိတ်မဆင်းရဲသည့်အခါတွင်ပင် ကျိုးနွံနာခံနိုင်သလော။ သင့်အတွင်း၌ ကျိုးနွံနာခံခြင်း မည်မျှရှိသနည်း။ ထိုသို့သော စိတ်ဆင်းရဲခြင်းနှင့် နာကျင်ခြင်းက အာဗြဟံ၏ ကျိုးနွံနာခံခြင်းအပေါ် သက်ရောက်မှုမရှိခဲ့ခြင်းက ဤကျိုးနွံနာခံခြင်းသည် စစ်မှန်ကြောင်း၊ ယင်းမှာ လိမ်ညာမှုတစ်ခု မဟုတ်ကြောင်း သက်သေပြသည်။ ဤသည်မှာ စာတန်၏ရှေ့မှောက်တွင်၊ အရာခပ်သိမ်း၏ရှေ့မှောက်တွင်၊ ဖန်ဆင်းခံအားလုံး၏ရှေ့မှောက်တွင် ဘုရားသခင်အတွက် ဖန်ဆင်းခံလူသားတစ်ဦး၏ သက်သေခံချက်ဖြစ်ပြီး၊ ဤသက်သေခံချက်သည် အလွန်အစွမ်းထက်ပြီး အလွန်တန်ဖိုးရှိလှပါသည်တကား။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။