ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၃) အခန်း တစ်
ငါတို့၏ ပြီးခဲ့သည့် စုဝေးပွဲတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်တစ်ချက်မြောက် တာဝန်ကို မိတ်သဟာယဖွဲ့ခဲ့သည်။ ငါတို့သည် ပူဇော်သက္ကာများကို စောင့်ရှောက်ထိန်းသိမ်းရာတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြည့်ဆည်းသင့်သည့် တာဝန်နှင့် ၎င်းတို့ လုပ်ဆောင်သင့်သည့် အလုပ်အကြောင်းကို မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ပူဇော်သက္ကာများကို စောင့်ရှောက်ထိန်းသိမ်းရာတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မည်သည့်အလုပ်ကို လုပ်ဆောင်သင့်သနည်း။ (ပထမအလုပ်တာဝန်မှာ ယင်းတို့ကို စောင့်ရှောက်ထိန်းသိမ်းရန် ဖြစ်ပါသည်။ ဒုတိယမှာ စာရင်းများကို စစ်ဆေးရန် ဖြစ်ပါသည်။ တတိယမှာ အမျိုးမျိုးသော အသုံးစရိတ်များသည် စည်းမျဉ်းများနှင့် ကိုက်ညီခြင်း ရှိမရှိဟူသည်ကို ဆက်လက်စောင့်ကြည့်ရန်၊ စုံစမ်းရန်နှင့် စစ်ဆေးရန် ဖြစ်ပါသည်။ တင်းကျပ်သော စိစစ်မှုကို ဆောင်ရွက်ရမည်ဖြစ်ပြီး ကျိုးကြောင်းမညီညွတ်သော အသုံးစရိတ်များကို တင်းကျပ်စွာ ကန့်သတ်ရမည် ဖြစ်သည်။ ဖြုန်းတီးမှုနှင့် အလဟဿဖြစ်စေခြင်းတို့ကို မဖြစ်ပေါ်မီကပင် တားဆီးခြင်းသည် အကောင်းဆုံး ဖြစ်သည်။ အကယ်၍ ယင်းတို့ ဖြစ်ပေါ်ပြီးဖြစ်ပါက၊ တာဝန်ရှိသူများကို တာဝန်ခံစေရမည် ဖြစ်သည်။ သတိပေးချက်များ ထုတ်ပြန်သင့်သည်သာမက လျော်ကြေးကိုလည်း တောင်းဆိုရမည် ဖြစ်သည်။) အခြေခံအားဖြင့် ထိုအချက်များပင် ဖြစ်သည်။ အဓိကအချက်မှာ ယင်းတို့ကို စောင့်ရှောက်ထိန်းသိမ်းရန်၊ ထို့နောက် စာရင်းများကို စစ်ဆေးရန်၊ ပြီးနောက် အသုံးစရိတ်များကို ဆက်လက်စောင့်ကြည့်၍ စစ်ဆေးရန်နှင့် ယင်းတို့ကို မှန်ကန်စွာ သုံးစွဲရန်တို့ ဖြစ်သည်။ ဆယ့်တစ်ချက်မြောက် တာဝန်နှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယ ပြီးဆုံးသည့်နောက်တွင် လူတို့သည် ယခုအခါ ပူဇော်သက္ကာများနှင့်ပတ်သက်၍ တိကျသော သိနားလည်မှုနှင့် အသိပညာ ရှိလာကြပြီး ပူဇော်သက္ကာများကို စောင့်ရှောက်ထိန်းသိမ်းရာတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရန် လိုအပ်သည့်အလုပ်အပြင် အယောင်ဆောင် ခေါင်းဆောင်များက ဤအလုပ်အား မည်သို့လုပ်ဆောင်သည်ဟူသည်ကိုလည်းကောင်း၊ ယင်းကို လုပ်ဆောင်ရာတွင် ၎င်းတို့၏ တိကျသော သရုပ်သကန်များကိုလည်းကောင်း ယခုအခါ သိရှိလာကြသည်။ ငါတို့၏ မိတ်သဟာယသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များနှင့် ပတ်သက်သည်ဖြစ်စေ၊ အယောင်ဆောင် ခေါင်းဆောင်များ၏ အမျိုးမျိုးသော သရုပ်သကန်များနှင့် ပတ်သက်သည် ဖြစ်စေ၊ အပြုသဘောဆောင်သော အရာများအကြောင်းကို မိတ်သဟာယဖွဲ့ခြင်း ဖြစ်သည်ဖြစ်စေ၊ အပျက်သဘောဆောင်သော အရာများကို ဖော်ထုတ်ခြင်း ဖြစ်သည်ဖြစ်စေ၊ ယင်း၏ အဓိက ရည်ရွယ်ချက်မှာ ပူဇော်သက္ကာများကို စောင့်ရှောက်ထိန်းသိမ်းခြင်းအလုပ်ကို ကောင်းမွန်စွာ မည်သို့လုပ်ဆောင်ရမည်ကိုလည်းကောင်း၊ ပူဇော်သက္ကာများကို စောင့်ရှောက်ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်းနှင့် ခွဲဝေခြင်းတို့တွင် ကျိုးကြောင်းမညီညွတ်သော လုပ်ရပ်များအား မည်သို့ ဖယ်ရှားရှင်းလင်းရမည်ကိုလည်းကောင်း လူတို့အား နားလည်စေရန် ဖြစ်သည်။ ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များ ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ ဘုရားသခင် ရွေးချယ်ထားသောလူအားလုံးသည် ပူဇော်သက္ကာများကို စောင့်ရှောက်ထိန်းသိမ်းရာတွင် မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းသင့်သည်။ သို့ဆိုလျှင် ဤတာဝန်မှာ အဘယ်နည်း။ ယင်းမှာ ကြီးကြပ်ရန်နှင့် တွေ့ရှိသည့် မည်သည့်ပြဿနာကိုမဆို အချိန်မီ သတင်းပို့ရန် ဖြစ်သည်။ ဆိုလိုသည်မှာ ကြီးကြပ်ခြင်းနှင့် သတင်းပို့ခြင်း လုပ်ငန်းဆောင်တာများကို ထမ်းဆောင်ရန် ဖြစ်သည်။ “ပူဇော်သက္ကာများကို စောင့်ရှောက်ထိန်းသိမ်းခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဖြစ်ပြီး ငါတို့ သာမန်ယုံကြည်သူများနှင့် မည်သို့မျှမဆိုင်ပါ”ဟု မထင်မှတ်နှင့်။ ဤအမြင်သည် မမှန်ကန်ပေ။ လူတို့သည် ဤသမ္မာတရားများကို နားလည်ပြီးဖြစ်သည့်အတွက် မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းသင့်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက မဖော်ထုတ်နိုင်သည့် ကိစ္စရပ်များအတွက် သို့မဟုတ် အလွယ်တကူ ပိုင်းခြား၍မရနိုင်သော မျက်စိလျှမ်းသွားသည့် အကြောင်းရပ်များ၊ နေရာများအတွက် တစ်စုံတစ်ဦးသည် ပူဇော်သက္ကာများကို စောင့်ရှောက်ထိန်းသိမ်းခြင်း၊ ခွဲဝေခြင်းနှင့် အသုံးပြုခြင်းတို့တွင် ကျိုးကြောင်းမညီညွတ်ခြင်းနှင့်ဆိုင်သည့် ပြဿနာတစ်ခုခုကိုဖြစ်စေ စည်းမျဉ်းများ ချိုးဖောက်ခံရခြင်းနှင့်ဆိုင်သည့်ပြဿနာတစ်ခုခုကိုဖြစ်စေ တွေ့ရှိပါက ပူဇော်သက္ကာများကို ကျိုးကြောင်းညီညွတ်စွာ စောင့်ရှောက်ထိန်းသိမ်းခြင်း၊ အသုံးပြုခြင်းနှင့် ခွဲဝေခြင်းတို့ ဖြစ်မြောက်စေရန် ဤအရာများကို ခေါင်းဆောင်များနှင့် အမှုဆောင်များထံ အချိန်မီ သတင်းပို့သင့်သည်။ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသော လူတစ်ဦးစီတိုင်း၏ တာဝန်ဖြစ်သည်။
အချက် ၁၂- ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို အချိန်မီ တိကျစွာ ဖော်ထုတ်သတ်မှတ်လော့။ ပြီးလျှင် ၎င်းတို့ကို ရပ်တန့်၍ ချုပ်ချယ်ကန့်သတ်ပြီး အခြေအနေများကို ပြန်လည်ကောင်းမွန်အောင် ပြုလုပ်လော့။ ထို့အပြင် ဘုရားသခင် ရွေးချယ်ထားသောလူများက ထိုသို့သောအရာများမှတစ်ဆင့် ပိုင်းခြားသိမြင်နိုင်စွမ်း တိုးပွားလာပြီး ယင်းတို့ထံမှ သင်ယူတတ်မြောက်စေရန် သမ္မာတရားကို မိတ်သဟာယဖွဲ့လော့ (အပိုင်း ၁)
ဆယ့်တစ်ခုမြောက် တာဝန်ဝတ္တရားအပေါ် မိတ်သဟာယဖွဲ့ခြင်း ပြီးဆုံးသွားပြီ ဖြစ်သောကြောင့်၊ ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဆယ့်နှစ်ခုမြောက် တာဝန်ဝတ္တရားဖြစ်သည့် “ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို အချိန်မီ တိကျစွာ ဖော်ထုတ်သတ်မှတ်လော့။ ပြီးလျှင် ၎င်းတို့ကို ရပ်တန့်၍ ချုပ်ချယ်ကန့်သတ်ပြီး အခြေအနေများကို ပြန်လည်ကောင်းမွန်အောင် ပြုလုပ်လော့။ ထို့အပြင် ဘုရားသခင် ရွေးချယ်ထားသောလူများက ထိုသို့သောအရာများမှတစ်ဆင့် ပိုင်းခြားသိမြင်နိုင်စွမ်း တိုးပွားလာပြီး ယင်းတို့ထံမှ သင်ယူတတ်မြောက်စေရန် သမ္မာတရားကို မိတ်သဟာယဖွဲ့လော့” ကို ဆက်လက်၍ မိတ်သဟာယဖွဲ့ကြမည်။ ဤတာဝန်ဝတ္တရား၏ အဓိက အကြောင်းအရာမှာ အဘယ်နည်း။ ၎င်းမှာ အဓိကအားဖြင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို နှောင့်ယှက်၊ အဖျက်အမှောင့်လုပ်ပြီး ပျက်စီးစေသော အသင်းတော်တွင်းရှိ လူအမျိုးမျိုး၊ ဖြစ်ရပ်အမျိုးမျိုးနှင့် အမှုအရာအမျိုးမျိုးအပြင် ပြဿနာအမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းရန် ခေါင်းဆောင်များနှင့် အမှုဆောင်များကို တောင်းဆိုခြင်းနှင့် သက်ဆိုင်သည်။ ဤပြဿနာများကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရန်၊ သူတို့၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်နှင့် ဤအလုပ်ကို ကောင်းစွာ ဆောင်ရွက်ရန်အလို့ငှာ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဦးစွာ အဘယ်အရာကို နားလည်ရမည်နည်း။ ဤတာဝန်ဝတ္တရားမှာ “ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန် အစီအစဉ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်သော လူအမျိုးမျိုး၊ ဖြစ်ရပ်အမျိုးမျိုးနှင့် အမှုအရာအမျိုးမျိုးကို အချိန်မီ တိကျမှန်ကန်စွာ ခွဲခြားသိမြင်ရန်” ဖြစ်သည်၊ ဤသည်မှာ ဤအလုပ်၏ အတိုင်းအတာ ဖြစ်သည်။ ပန်းတိုင်တစ်ခုနှင့် အတိုင်းအတာတစ်ခု ရှိလျှင်၊ မည်သည့်ပြဿနာများကို ဖြေရှင်းရန် လိုအပ်သည်နှင့် ခေါင်းဆောင်များနှင့် အမှုဆောင်များကို မည်သည့်အလုပ်နှင့် တာဝန်ဝတ္တရားများကို တာဝန်ယူရန် မျှော်လင့်သည်တို့မှာ ရှင်းလင်းလာသည်။ ဆယ့်နှစ်ခုမြောက် တာဝန်ဝတ္တရားအတွင်း၌ ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် အဓိက တောင်းဆိုချက်မှာ အဘယ်နည်း။ ၎င်းမှာ အနှောင့်အယှက်များနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်ပေါ်စေသော လူအမျိုးမျိုး၊ ဖြစ်ရပ်အမျိုးမျိုးနှင့် အမှုအရာအမျိုးမျိုးကို တားဆီးပြီး ကန့်သတ်ကာ၊ အခြေအနေကို ပြောင်းလဲပစ်ရန် ဖြစ်ပြီး၊ တစ်ချိန်တည်းတွင် ဘုရားသခင် ရွေးချယ်ထားသောသူများ ထိုသို့သော အမှုအရာများမှတစ်ဆင့် ပိုင်းခြားသိမြင်မှုကို ဖြစ်ပေါ်စေပြီး ၎င်းတို့ထံမှ သင်ခန်းစာယူနိုင်ရန်အလို့ငှာ သမ္မာတရားကို မိတ်သဟာယဖွဲ့ရန်လည်း ဖြစ်သည်။ ဤသည်ကို လုပ်ဆောင်ရန်အလို့ငှာ မည်သည့် ကြိုတင်သတ်မှတ်ချက်များကို ပြည့်မီရမည်နည်း။ အကယ်၍ သင်သည် အသင်းတော်၏ ပုံမှန် အစီအစဉ်ကို နှောင့်ယှက်၊ အဖျက်အမှောင့်လုပ်ပြီး ပျက်စီးစေသော လူအမျိုးမျိုး၊ ဖြစ်ရပ်အမျိုးမျိုးနှင့် အမှုအရာအမျိုးမျိုးကို မြင်တွေ့သော်လည်း ဤသည်တို့မှာ ပြဿနာများ မဟုတ်ဟု ထင်မှတ်ပါက၊ ထိုအခါ ဒုက္ခရှိနေပြီဖြစ်သည်။ ဤသည်မှာ သင်သည် ပြဿနာ၏ အနှစ်သာရကို ထွင်းဖောက်မြင်နိုင်ခြင်း မရှိကြောင်း၊ ဆိုလိုသည်မှာ၊ အသင်းတော် အသက်တာကို နှောင့်ယှက်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းသည် အသင်းတော်၏ အလုပ်ထံသို့ ဆောင်ကြဉ်းပေးနိုင်သော အန္တရာယ်နှင့် ဘုရားသခင် ရွေးချယ်ထားသောသူများ၏ အသက်ဝင်ရောက်မှုအပေါ် ၎င်း ရှိနိုင်သော အကျိုးဆက်များနှင့် သက်ရောက်မှုများကို နားလည်ခြင်း မရှိကြောင်းကို ဖော်ပြသည်။ ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသင်းတော် အလုပ်ကို ကောင်းစွာ ဆက်လက် လုပ်ဆောင်နိုင်ပါဦးမည်လော။ သူတို့သည် ပြဿနာများကို ဖြေရှင်းပြီး အခြေအနေကို ပြောင်းလဲပစ်နိုင်ပါမည်လော။ (မလုပ်နိုင်ပါ။) သို့ဆိုလျှင် ဤနေရာ၌ မိတ်သဟာယဖွဲ့ရမည့် အဓိကအချက်မှာ အဘယ်နည်း။ ၎င်းမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သမ္မာတရား စည်းမျဉ်းများကို ဦးစွာ နားလည်ခြင်းအားဖြင့်သာ အမျိုးမျိုးသော ပြဿနာရပ်များ၏ အနှစ်သာရကို ထွင်းဖောက်မြင်နိုင်ပြီး အမျိုးမျိုးသော လက်တွေ့ ပြဿနာများကို ထိထိရောက်ရောက် ဖြေရှင်းနိုင်သည်ဟူ၍ ဖြစ်သည်။ အသင်းတော် အလုပ်ကို ကောင်းစွာ လုပ်ဆောင်ရန် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဦးစွာ အသင်းတော် အလုပ်၌ မည်သည့် ပြဿနာများ မကြာခဏ ပေါ်ပေါက်တတ်သည်ကို သိရှိရန် လိုအပ်သည်။ ထို့နောက်၊ သူတို့သည် ပေါ်ပေါက်လာသော ပြဿနာများ၏ သဘာဝ၊ ၎င်းတို့သည် အသင်းတော် အလုပ်နှင့် အသင်းတော် အသက်တာ၏ ပုံမှန် အစီအစဉ်ကို သက်ရောက်မှု ရှိမရှိနှင့် ၎င်းတို့သည် အသင်းတော် အလုပ်ကို နှောင့်ယှက်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်း သဘာဝ ရှိမရှိတို့ကို တိကျမှန်ကန်စွာ နားလည်ရန်၊ ပိုင်းခြားသိမြင်ရန်နှင့် အကဲဖြတ်ရန် လိုအပ်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ ဦးစွာ နားလည်သင့်သော အလွန် အရေးကြီးသော ပြဿနာတစ်ရပ် ဖြစ်သည်။ ဤသည်ကို နားလည်ပြီးမှသာလျှင် ဤပြဿနာများကို ထိထိရောက်ရောက် ဖြေရှင်းရန် ဖြစ်နိုင်ပြီး၊ ဆယ့်နှစ်ကြိမ်မြောက် တာဝန်ဝတ္တရား၌ ဖော်ပြထားသည့်အတိုင်း “၎င်းတို့ကို တားဆီးပြီး ကန့်သတ်ကာ၊ အခြေအနေကို ပြောင်းလဲပစ်ရန်” ကို လုပ်ဆောင်နိုင်ပေမည်။ အတိုချုပ်အားဖြင့်၊ ပြဿနာတစ်ခုကို မဖြေရှင်းမီတွင်၊ သင်သည် ဦးစွာ ပြဿနာ အဘယ်မှာ တည်ရှိသည်၊ ပါဝင်သော အခြေအနေများနှင့် အဖြစ်အပျက်များမှာ မည်သည့်အရာများဖြစ်သည်၊ ပြဿနာ၏ သဘာဝ၊ ပြဿနာက မည်မျှ ပြင်းထန်သည်၊ ၎င်းကို မည်သို့ စိစစ်ပြီး ပိုင်းခြားသိမြင်ရမည်နှင့် မည်သို့ တိကျမှန်ကန်စွာ လက်တွေ့လုပ်ဆောင်ရမည်တို့ကို နားလည်ရန် လိုအပ်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ ဦးစွာ နားလည်ရန် လိုအပ်သောအရာ ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအမှုအရာများကို နားလည်ရန် လိုအပ်သောကြောင့်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၊ ဘုရားသခင် ရွေးချယ်ထားသောသူများ နှစ်ဦးစလုံးသည် ဤပြဿနာများ ပေါ်ပေါက်လာသောအခါ ၎င်းတို့ကို မည်သို့ ရင်ဆိုင်ရမည်၊ ၎င်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် မည်သို့ ကိုက်ညီစစ်ဆေးရမည်နှင့် ၎င်းတို့ကို ဖြေရှင်းရန် သမ္မာတရား စည်းမျဉ်းများကို မည်သို့ အသုံးပြုရမည်တို့ကို နားလည်နိုင်ရန်အလို့ငှာ၊ ၎င်းတို့အကြောင်း ရှုထောင့်များစွာမှ တိတိကျကျ မိတ်သဟာယဖွဲ့ကြပါစို့။ ဤနည်းလမ်းအားဖြင့်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သူတို့ မဖြေရှင်းနိုင်သော အခက်အခဲများနှင့် ကြုံတွေ့ရသောအခါ၊ ဘုရားသခင် ရွေးချယ်ထားသောသူများအားလုံးသည် ၎င်းတို့ကို အတူတကွ ရင်ဆိုင်နိုင်ပြီး ဖြေရှင်းနည်းများအတွက် သမ္မာတရားကို ရှာဖွေနိုင်ကြမည်၊ ထို့ပြင် အသင်းတော် အလုပ်၌ အနှောင့်အယှက်နှင့် အဖျက်အမှောင့်လုပ်ခြင်း ပြဿနာများနှင့် ကြုံတွေ့ရသောအခါ၊ လူတိုင်းသည် ၎င်းတို့ကို တားဆီးပြီး ကန့်သတ်ရန် ရပ်တည်နိုင်ကြမည်။ တစ်ချိန်တည်းတွင်၊ အပျက်သဘောဆောင်သော လူများနှင့် ကိစ္စရပ်များအတွက်၊ သူတို့သည် လူထုရှေ့၌ စိစစ်ခြင်း၊ ပိုင်းခြားသိမြင်ခြင်းနှင့် စရိုက်လက္ခဏာကို သရုပ်ဖော်ခြင်းတို့ကို လုပ်ဆောင်နိုင်ကြပြီး၊ ဤသို့ဖြင့် ဤပြဿနာရပ်များကို တားဆီးစေသည်၊ ကန့်သတ်စေသည်၊ အရင်းအမြစ်မှ ဖယ်ရှားပစ်စေသည်။ သို့ဆိုလျှင် အတိကျဆုံးသော ပြဿနာရပ်များဖြင့် စတင်၍ မိတ်သဟာယဖွဲ့ကြပါစို့။
အသင်းတော်အသက်တာကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်သည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ
ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်သော ကိစ္စရပ်များကို ဖော်ထုတ်ရန်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များက အစပြုသင့်သည့် နယ်ပယ်များမှာ အဘယ်နည်း။ ၎င်းတို့သည် ဤပြဿနာများကို ရှာဖွေတွေ့ရှိရန် အသင်းတော်အသက်တာကို စစ်ဆေးခြင်းဖြင့် စတင်သင့်သည်။ အသင်းတော်အသက်တာတွင် အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်းသဘောသဘာဝရှိသည့် မည်သည့်ပြဿနာများက ပုံမှန်အားဖြင့် ပေါ်ပေါက်လာတတ်သည်ကို သင်တို့အားလုံး အနည်းငယ် သိကြသလော။ အသင်းတော်တစ်ခုတွင် လူမည်မျှပင်ရှိသည်ဖြစ်စေ၊ အသင်းတော်အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်မည့်သူ အနည်းငယ်ထက်ပိုမည်မှာ သေချာသည်။ သင်တို့ သိရှိပြီးသည့် အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်း လုပ်ရပ်များမှာ အဘယ်နည်း။ (စုဝေးပွဲများတွင် သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ အဓိကအကြောင်းအရာများကို ဗဟိုမပြုဘဲ အကြောင်းအရာမှ အစဉ်သဖြင့် သွေဖည်သွားခြင်း ဖြစ်ပါသည်။) (စကားလုံးများနှင့် အယူဝါဒများကို အလေ့အကျင့်အနေဖြင့် ပြောဆိုခြင်းလည်း ဖြစ်ပါသည်။) သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ အကြောင်းအရာမှ သွေဖည်သွားခြင်း။ ဥပမာအားဖြင့်၊ အခြားသူများက မိမိ၏တာဝန်ကို ထမ်းဆောင်ရာတွင် မည်သို့ သစ္စာစောင့်သိရမည်ကို မိတ်သဟာယဖွဲ့နေသည့်အခါ၊ ၎င်းတို့က မိမိတို့၏ ခင်ပွန်း (သို့မဟုတ် ဇနီး) နှင့် သားသမီးများအား မည်သို့ ကောင်းစွာ လုပ်ကျွေးပြုစုရမည်ကို ပြောဆိုကြလိမ့်မည်။ အခြားသူများက မိမိ၏တာဝန်ကို ထမ်းဆောင်ရာတွင် သစ္စာစောင့်သိခြင်းသည် ဘုရားသခင်ကို ကျေနပ်စေရန်နှင့် သူ့ကို ကျိုးနွံနာခံရန်ဖြစ်သည်ကို ဆိုလိုကြောင်း မိတ်သဟာယဖွဲ့နေချိန်တွင်၊ ၎င်းတို့က မိမိ၏တာဝန်ကို ထမ်းဆောင်ရာတွင် သစ္စာစောင့်သိခြင်းသည် မိမိ၏မိသားစုနှင့် ချစ်ခင်ရသူများအတွက် ကောင်းချီးများရရှိရန်ဖြစ်ကြောင်း ပြောဆိုကြလိမ့်မည်။ ဤသည်မှာ အကြောင်းအရာမှ သွေဖည်သွားခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) အကယ်၍ သင်က ၎င်းတို့ကို ကြားဖြတ်မပြောလျှင်၊ ၎င်းတို့သည် မဆုံးနိုင်အောင် ဆက်ပြောနေလိမ့်မည်။ အကယ်၍ သင်က ၎င်းတို့ကို ကန့်သတ်ပါက၊ ၎င်းတို့သည် ဒေါသထွက်လာပြီး အရှက်ရမှုကြောင့် ဒေါသထွက်ကာ၊ ထိုသို့ဖြင့် ၎င်းတို့၏ မကောင်းသော အပြုအမူကို တစ်ဆင့်တိုး၍ လုပ်ဆောင်ကြလိမ့်မည်။ သို့ဆိုလျှင် ဤကိစ္စရပ်သည် သဘောသဘာဝအားဖြင့် အလွန်ပြင်းထန်သည့် အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်း အဆင့်တွင် ရှိနေသည်။ သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ အကြောင်းအရာမှ သွေဖည်သွားခြင်းသည် အဖြစ်များသော ကိစ္စရပ်တစ်ခု ဖြစ်သော်လည်း၊ ဓမ္မဓိဋ္ဌာန်ကျကျ ပြောရလျှင်၊ ယင်းသည် အသင်းတော်အသက်တာကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်နိုင်ပေသည်။ ဤသည်မှာ ပထမဆုံး ပြဿနာဖြစ်သည်။ ဒုတိယအချက်ဖြစ်သည့် “စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုခြင်း” နှင့်စပ်လျဉ်း၍၊ ဤအရာက အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်းအဖြစ် သတ်မှတ်ခြင်းခံရခြင်း ရှိမရှိဟူသည်မှာ ကိစ္စရပ်၏ ပြင်းထန်မှုအပေါ် မူတည်သည်။ အချို့လူများသည် သမ္မာတရား လက်တွေ့ကျမှု ကင်းမဲ့သောကြောင့် စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုကြသည်။ ၎င်းတို့ ပါးစပ်ဟလိုက်သည်နှင့်၊ စကားလုံးများနှင့် အယူဝါဒများချည်းသာ၊ အနှစ်မဲ့သော သီအိုရီများသာ ဖြစ်သည်။ သို့သော်လည်း၊ ၎င်းတို့၏ ရည်ရွယ်ချက်မှာ အခြားသူများကို အထင်အမြင်မှားစေပြီး ၎င်းတို့၏ လေးစားမှုကို ရယူရန် မဟုတ်ပေ။ ကန့်သတ်ခြင်းနှင့် မလုပ်ရန် ဖျောင်းဖျခြင်းတို့ဖြင့် ၎င်းတို့သည် မိမိကိုယ်ကို သတိပြုမိလာကြမည်ဖြစ်ပြီး၊ နောက်ပိုင်းတွင် စကားလုံးများနှင့် အယူဝါဒများကို ၎င်းတို့ ပြောဆိုခြင်းက ပိုနည်းပါးလာလိမ့်မည်ဖြစ်ပြီး၊ ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုကိုလည်း နောက်ထပ် ဟန့်တားတော့မည် မဟုတ်ပေ။ ဤအရာကို အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်းအဖြစ် သတ်မှတ်ထားခြင်း မရှိပေ။ သို့သော်၊ အခြားသူများကို အထင်အမြင်မှားစေရန် ရည်ရွယ်ချက်ဖြင့် တမင်တကာ စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုသောသူများသည် ၎င်းတို့ပြောဆိုသည့်အရာမှာ စကားလုံးများနှင့် အယူဝါဒများဖြစ်ကြောင်း ကောင်းစွာသိချိန်တွင်ပင် ထိုသို့ လုပ်ဆောင်ကြသည်။ ဤသို့လုပ်ဆောင်ရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ အခြားသူများ၏ လေးစားမှုကို ရယူရန်ဖြစ်သည်၊ ၎င်းတို့သည် လူတို့ကို မိမိတို့ဘက်သို့ ဆွဲဆောင်ပြီး အထင်အမြင်မှားစေလိုကာ၊ အဆင့်အတန်းကို ဖမ်းဆုပ်လိုကြသည်။ ဤသည်မှာ သဘောသဘာဝအားဖြင့် အတော်အတန် ပြင်းထန်သည်။ ယင်းသည် သမ္မာတရားကို နားမလည်သောကြောင့် စကားလုံးများနှင့် အယူဝါဒများကိုသာ ပြောဆိုနိုင်ခြင်းနှင့် သဘောသဘာဝအားဖြင့် ကွဲပြားသည်။ ထိုသို့သော အပြုအမူသည် အဖျက်အမှောင့်လုပ်ခြင်း၊ နှောင့်ယှက်ခြင်းတို့နှင့် ညီမျှသည်။ အသင်းတော်အသက်တာတွင် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများသည် နေရာအနှံ့တွင် ရှိသည်။ ယင်းတို့သည် စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုခြင်း သို့မဟုတ် အကြောင်းအရာမှ သွေဖည်သွားခြင်းကဲ့သို့သော ကိစ္စရပ်များသာ မဟုတ်ပေ။ အခြားအရာအချို့မှာ အဘယ်နည်း။ (အုပ်စုဖွဲ့ခြင်း၊ သဘောထားကွဲလွဲအောင် ပြုလုပ်ခြင်းနှင့် အခြားသူများ၏ အပြုသဘောဆောင်ခြင်းကို လျော့စေခြင်းတို့ဖြစ်ပါသည်။) (အပျက်သဘောဆောင်ခြင်းကို ပွင့်အံချခြင်းနှင့် ပြဿနာရှာခြင်းအပြင်၊ လူတို့ကို တစိုက်မတ်မတ် စိတ်အနှောင့်အယှက်ပေးခြင်းတို့လည်း ရှိပါသည်။) (အချို့လူများသည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များနှင့်ပတ်သက်၍ အယူအဆများရှိသည့်အခါ၊ အခြားသူများတွင်လည်း အလုပ်အစီအစဉ်များနှင့်ပတ်သက်၍ အယူအဆများ ပေါ်ပေါက်လာစေလျက် ၎င်းတို့သည် ဤအယူအဆများကို ဖြန့်ဝေပြီး ၎င်းတို့၏ အပျက်သဘောဆောင်ခြင်းကို ပွင့်အံချကြပါသည်။) ထိုအရာများသည် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများအဖြစ် သတ်မှတ်ခြင်းခံရသည်။ လူတို့ကို ဒုက္ခပေးခြင်းနှင့် တိုက်ခိုက်ခြင်း၊ အယူအဆများကို ဖြန့်ဝေခြင်း၊ အပျက်သဘောဆောင်ခြင်းကို ပွင့်အံချခြင်း၊ အခြေအမြစ်မရှိသော ကောလာဟလများကို ဖြန့်ဝေခြင်း၊ နှင့် အဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်းတို့နှင့်အတူ အုပ်စုဖွဲ့ခြင်းက တစ်ခုဖြစ်သည်၊ သဘောထားကွဲလွဲအောင် ပြုလုပ်ခြင်းသည် နောက်တစ်ခုဖြစ်သည်။ ဤအရာအားလုံးသည် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများ ဖြစ်ကြသည်။ ဤပြဿနာများသည် သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ အကြောင်းအရာမှ သွေဖည်သွားခြင်းထက် သဘောသဘာဝအားဖြင့် များစွာ ပို၍ ပြင်းထန်သည်။ ရွေးကောက်ပွဲများနှင့် ဆက်စပ်သည့် ပြဿနာတစ်ခုလည်း ရှိသေးသည်။ ရွေးကောက်ပွဲများအတွင်း ပေါ်ပေါက်သည့် မည်သည့်ပြဿနာအမျိုးအစားသည် အဖျက်အမှောင့်လုပ်ခြင်း၊ နှောင့်ယှက်ခြင်းတို့နှင့် သက်ဆိုင်သနည်း။ ဥပမာအားဖြင့် မဲများကို ကြိုးကိုင်ခြယ်လှယ်ခြင်း၊ မိမိအတွက် မဲများကို သေချာစေရန် အကျိုးအမြတ်များ ကတိပေးခြင်း ဖြစ်သည်။ ဤသည်မှာ ရွေးကောက်ပွဲတစ်ခုကို ပျက်ပြားစေသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ ပြီးလျှင် ခိုးကြောင်ခိုးဝှက် လှုပ်ရှားမှုများဖြစ်သည့် လူတို့ကို မိမိ၏ဘက်သို့ ဆွဲဆောင်ရန်၊ အထင်အမြင်မှားစေရန်နှင့် မိမိအတွက် မဲပေးစေရန် နောက်ကွယ်မှ လူတို့ စိတ်များကို စည်းရုံးသိမ်းသွင်းခြင်း ဖြစ်သည်။ ဤအရာအားလုံးသည် ရွေးကောက်ပွဲများအတွင်း ပေါ်ပေါက်သည့် ကိစ္စရပ်များ ဖြစ်ကြသည်။ ဤအရာများက အဖျက်အမှောင့်လုပ်ခြင်းများ၊ နှောင့်ယှက်ခြင်းများနှင့် ညီမျှသလော။ (ညီမျှပါသည်။) ဤပြဿနာများကို စုပေါင်း၍ ရွေးကောက်ပွဲ စည်းမျဉ်းများကို ချိုးဖောက်ခြင်းအဖြစ် သတ်မှတ်ထားသည်။ နောက်ပြဿနာတစ်ခုမှာ အိမ်တွင်းရေးရာများကို တတွတ်တွတ်ပြောဆိုခြင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အဆက်အသွယ်များကို တည်ဆောက်ခြင်းနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ခြင်းတို့ ဖြစ်သည်။ တစ်စုံတစ်ဦးသည် ဤအရာများအတွက် စုဝေးပွဲများသို့ လာကောင်းလာနိုင်သည်။ သမ္မာတရားကို နားလည်ရန် သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များကို မိတ်သဟာယဖွဲ့ရန် မဟုတ်ဘဲ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ရန် ဖြစ်သည်။ ထိုသို့သော ပြဿနာသည် ပြင်းထန်သော အမျိုးအစားတစ်ခုလော။ (ဟုတ်ပါသည်။) ယင်းသည်လည်း အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်းတို့ကို ဖြစ်စေခြင်းနှင့် ညီမျှပေသည်။
ယခုတွင်၊ အသင်းတော်အသက်တာအတွင်း ပေါ်ပေါက်သည့် အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်းဆိုင်ရာ အမျိုးမျိုးသော ပြဿနာများကို အကျဉ်းချုပ်ဖော်ပြကြစို့။ ပထမအချက်အနေဖြင့်၊ သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ အကြောင်းအရာမှ မကြာခဏ သွေဖည်သွားခြင်း၊ ဒုတိယအချက်မှာ လူတို့ကို အထင်အမြင်မှားစေပြီး ၎င်းတို့၏ လေးစားမှုကို ရယူရန် စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုခြင်း၊ တတိယအချက်မှာ အိမ်တွင်းရေးရာများကို တတွတ်တွတ် ပြောဆိုခြင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အဆက်အသွယ်များ တည်ဆောက်ခြင်းနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ခြင်းတို့ဖြစ်သည်။ စတုတ္ထအချက်၊ အုပ်စုဖွဲ့ခြင်း၊ ပဉ္စမအချက်၊ အဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်း၊ ဆဋ္ဌမအချက်၊ သဘောထားကွဲလွဲအောင် ပြုလုပ်ခြင်း၊ သတ္တမအချက်၊ လူတို့ကို တိုက်ခိုက်ခြင်းနှင့် ညှဉ်းဆဲခြင်း၊ အဋ္ဌမအချက်၊ အယူအဆများကို ဖြန့်ဝေခြင်း၊ နဝမအချက်၊ အပျက်သဘောဆောင်ခြင်းကို ပွင့်အံချခြင်း၊ ဒသမအချက်၊ အခြေအမြစ်မရှိသော ကောလာဟလများကို ဖြန့်ဝေခြင်းနှင့် ဆယ့်တစ်ချက်မြောက်၊ ရွေးကောက်ပွဲ စည်းမျဉ်းများကို ချိုးဖောက်ခြင်းတို့ ဖြစ်သည်။ စုစုပေါင်း ဆယ့်တစ်ချက် ဖြစ်သည်။ ဤသရုပ်သကန် ဆယ့်တစ်မျိုးသည် အသင်းတော် အသက်တာအတွင်း၌ မကြာခဏ ပေါ်ပေါက်သည့် အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်းဆိုင်ရာ ပြဿနာများ ဖြစ်ကြသည်။ အသင်းတော်အသက်တာကို အသက်ရှင်နေထိုင်သည့်အခါ၊ ဤကိစ္စရပ်များ ပေါ်ပေါက်လာပါက၊ ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် ထရပ်ပြီး ၎င်းတို့ကို တားဆီးရန်၊ ကန့်သတ်ရန် လိုအပ်သည့်အပြင် ၎င်းတို့ကို အဆီးအတားမရှိ ဆက်ဖြစ်ပွားခွင့် မပြုသင့်ပေ။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များက ၎င်းတို့ကို မကန့်သတ်နိုင်ပါက၊ ညီအစ်ကိုမောင်နှမများအားလုံးသည် ၎င်းတို့ကို အတူစုပေါင်း၍ ကန့်သတ်သင့်သည်။ အကယ်၍ ပါဝင်ပတ်သက်သူသည် ဆိုးယုတ်သော လူ့သဘာဝမရှိသည့်အပြင်၊ တမင်တကာ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေခြင်းမရှိဘဲ သမ္မာတရားကို နားလည်မှု ကင်းမဲ့ရုံသာဖြစ်ပါက၊ ၎င်းတို့ကို သမ္မာတရားအား မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် ကူညီကာ အားပေး၍ရသည်။ အကယ်၍ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသူသည် ဆိုးယုတ်သောသူတစ်ဦးဖြစ်ပြီး၊ အမှုမှာ သေးငယ်ပါက၊ ၎င်းတို့၏ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို မိတ်သဟာယဖွဲ့ခြင်းနှင့် ဖော်ထုတ်ခြင်းမှတစ်ဆင့် တားဆီးပြီး ကန့်သတ်သင့်သည်။ အကယ်၍ ၎င်းတို့သည် နောင်တရလိုစိတ်ရှိပြီး၊ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသည့် နည်းလမ်းများဖြင့် နောက်ထပ် ပြောဆိုခြင်း သို့မဟုတ် ပြုမူခြင်း မရှိတော့ဘဲ၊ ညီအစ်ကိုမောင်နှမများက သတ်မှတ်သည့် ကန့်သတ်ချက်များကို လက်ခံလျက် အသင်းတော်တွင် အရေးမပါဆုံးသော အသင်းသားဖြစ်ဖို့ လိုလားနေကာ တာဝန်ကျေစွာ နားထောင်ပြီး နာခံနိုင်သည့်အပြင်၊ အသင်းတော်က စီစဉ်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ပါက၊ ၎င်းတို့အနေဖြင့် အသင်းတော်တွင် ယာယီပါဝင်၍ရသည်။ သို့သော် ၎င်းတို့သည် လက်မခံဘဲ ထိုအစား ဆန့်ကျင်ကာ လူများစုအပေါ် ရန်လိုလာပါက၊ ဒုတိယအဆင့်ဖြစ်သည့် ၎င်းတို့ကို ရှင်းလင်းပစ်ခြင်းအား ဆောင်ရွက်သင့်ပေသည်။ ဤလုပ်နည်းကိုင်နည်းသည် သင့်လျော်သလော။ (သင့်လျော်ပါသည်။)
၁။ သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ အကြောင်းအရာမှ မကြာခဏ သွေဖည်သွားခြင်း
ယခု ငါတို့သည် သဘာဝအားဖြင့် အဖျက်အမှောင့်လုပ်ခြင်းများ၊ နှောင့်ယှက်ခြင်းများနှင့် ညီမျှသည့်အရာများဖြစ်သော အသင်းတော် အသက်တာတွင် ဖြစ်ပေါ်သည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအကြောင်းကို မိတ်သဟာယဖွဲ့ကြမည်။ ထိုအရာများထဲမှ ပထမတစ်ခုမှာ သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ အကြောင်းအရာမှ မကြာခဏ သွေဖည်သွားခြင်း ဖြစ်သည်။ သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ အကြောင်းအရာမှ သွေဖည်သွားခြင်းကို မည်သို့ သတ်မှတ်ရမည်နည်း။ အကြောင်းအရာမှ သွေဖည်သွားသည့် မိတ်သဟာယစကားများကို ငါတို့ မည်သို့ ရှင်းလင်းစွာ သိမြင်နိုင်မည်နည်း။ သင်တို့သည် သင်တို့၏ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းတွင် အကြောင်းအရာမှ မကြာခဏ သွေဖည်သွားတတ်ကြသလော။ (သွေဖည်သွားတတ်ကြပါသည်။) ဤပြဿနာ၏ သဘောသဘာဝကို နှောင့်ယှက်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်း၏ သဘောသဘာဝအဖြစ် သတ်မှတ်ခံရရန် မည်မျှအထိ ဖြစ်ရမည်နည်း။ အကယ်၍ သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ အကြောင်းအရာမှ သွေဖည်သွားသည့် ဖြစ်ရပ်တိုင်းကို နှောင့်ယှက်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းအဖြစ် သတ်မှတ်ခဲ့မည်ဆိုလျှင် နောင်အနာဂတ်တွင် အသင်းတော်အသက်တာ၌ လူတို့သည် စကားပြောရန် သို့မဟုတ် မိတ်သဟာယဖွဲ့ရန် စိုးရွံ့ကြမည် မဟုတ်လော။ ပြီးလျှင် လူတို့သည် မိတ်သဟာယဖွဲ့ရန် စိုးရွံ့ကြမည်ဆိုလျှင် ၎င်းတို့က ထိုပြဿနာကို ရှင်းလင်းစွာ မသိမြင်သေးကြောင်း ဆိုလိုသည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဖြစ်၍ သမ္မာတရားကို မိတ်သဟာယဖွဲ့စဉ် အကြောင်းအရာမှ သွေဖည်သွားခြင်းနှင့်ဆိုင်သည့် မည်သည့် အမျိုးအစားက နှောင့်ယှက်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းတို့အား ဖြစ်စေသည်ကို တိကျစွာ သတ်မှတ်လိုက်သည့်အခါ လူအများစုသည် ၎င်းတို့၏ ဘောင်ခတ်ခြင်းများမှ လွတ်မြောက်ကြလိမ့်မည်။ သင်တို့သည် ပုံမှန်စကားပြောဆိုမှုတွင်ပင် အကြောင်းအရာမှ သွေဖည်သွားသည်ကို ထောက်သော်၊ သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ ထိုသို့ပြုလုပ်ခြင်းသည် သာ၍ပင် အဖြစ်များလေသည်။ ထို့ကြောင့် သင်တို့ကို ဘောင်ခတ်ခြင်းမှ ကင်းဝေးစေရန် ဤအကြောင်းကို အလွန်ရှင်းလင်းမှုဖြင့် မိတ်သဟာယဖွဲ့ရန် လိုအပ်သည်။ သင့်အနေဖြင့် အသိပညာရှိသော်လည်း၊ အကြောင်းအရာမှ သွေဖည်သွားပြီး နှောင့်ယှက်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းအား ဖြစ်စေမည်ကို ကြောက်ရွံ့ခြင်းက သင့်အား စကားပြောခြင်းမှ မတားဆီးပါစေနှင့်၊ ပြီးလျှင် မိတ်သဟာယမဖွဲ့ဝံ့အောင် မပြုလုပ်ပါစေနှင့်။ သို့မဟုတ် သင် မိတ်သဟာယဖွဲ့လိုသည့်အခါတွင် သင့်အား ဦးစွာ စဉ်းစားရန် မလှုံ့ဆော်စေနှင့်။ “ကျွန်ုပ်ပြောဆိုလိုသည့်အရာသည် အဓိကအကြောင်းအရာနှင့် ဆက်စပ်သလော။ အကြောင်းအရာမှ သွေဖည်သွားခြင်းလော။ မည်သို့ပင်ဖြစ်စေ အကြောင်းအရာမှ မလွဲစေရန်အလို့ငှာ ကျွန်ုပ်အနေဖြင့် စကားမပြောမီ ကျွန်ုပ်၏ အတွေးများကို အကြမ်းဖျင်းရေးဆွဲကာ ယင်းအတိုင်း ပြောဆိုသင့်သည်။ ကျွန်ုပ်သာ အကြောင်းအရာမှ သွေဖည်သွားလျှင် မည်သူ့ကိုမျှ အကျိုးပြုမည်မဟုတ်ဘဲ စုဝေးပွဲ၏ အဖိုးတန်သည့်အချိန်ကို ဖြုန်းတီးရာရောက်မည်၊ ညီအစ်ကိုမောင်နှမများ၏ သမ္မာတရားနားလည်မှုကို ထိခိုက်စေလိမ့်မည်ဖြစ်ပြီး၊ ဆိုးရွားလျှင် အသင်းတော်အသက်တာကိုပင် နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်နိုင်သည်”ဟူ၍ ဖြစ်သည်။ သို့ဆိုလျှင် အကြောင်းအရာမှ သွေဖည်သွားခြင်းကိစ္စကို ငါတို့ မည်သို့ ရှုမြင်သင့်သနည်း။ ပထမဦးစွာ အကြောင်းအရာမှ သွေဖည်သွားခြင်းက ညီအစ်ကိုမောင်နှမများအတွက် အကျိုးရှိမရှိဟူသည်ကို ငါတို့ စဉ်းစားရန် လိုအပ်ပြီး ထို့နောက်တွင် အကြောင်းအရာမှ သွေဖည်သွားခြင်းက အသင်းတော်အသက်တာအတွက် မည်သည့်အကျိုးဆက်များ ရှိသည်ကို ငါတို့ ရှင်းလင်းစွာ မြင်ရမည်ဖြစ်သည်။ ဤနည်းအားဖြင့် အကြောင်းအရာမှ သွေဖည်သွားခြင်းသည် သေးငယ်သော ပြဿနာတစ်ခု မဟုတ်ကြောင်း ငါတို့ ရှင်းလင်းစွာ မြင်နိုင်သည်။ ဆိုးရွားသော ကိစ္စများတွင် ထိုအရာသည် အသင်းတော်အသက်တာနှင့် အသင်းတော်၏အလုပ်အား နှောင့်ယှက်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းတို့ကိုပင် ဖြစ်စေနိုင်သည်။ အကြောင်းအရာတစ်ခုခုနှင့်ပတ်သက်၍ သင်၏ သိနားလည်မှုနှင့် နားလည်သဘောပေါက်နိုင်စွမ်းကို မိတ်သဟာယဖွဲ့ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျမ်းပိုဒ်တစ်ပိုဒ်ကို သင်ရှာသည်ဟု ဆိုကြပါစို့၊ သို့မဟုတ် အကြောင်းအရာတစ်ခုခုနှင့်ပတ်သက်၍ သင်တွေ့ကြုံခဲ့သည့် တစ်စုံတစ်ရာမှ သင်ရရှိခဲ့သော အသိပညာ၊ သင်နားလည်ခဲ့သော သမ္မာတရားများနှင့် သင်နားလည်ခဲ့သော ဘုရားသခင်၏ ရည်ရွယ်ချက်များအကြောင်းကို သင်မိတ်သဟာယဖွဲ့သည်ဟု ဆိုကြပါစို့၊ သို့မဟုတ် အကြောင်းအရာတစ်ခုခုနှင့်ပတ်သက်၍ သင်၏ မိတ်သဟာယဖွဲ့ခြင်းသည် အနည်းငယ် လေရှည်ပြီး ယင်းနှင့်ပတ်သက်၍ သင့်ကိုယ်သင် အလွန်ရှင်းလင်းစွာ ဖော်ပြခြင်းမရှိဘဲ မိမိကိုယ်ကို အကြိမ်များစွာ ထပ်ခါတလဲလဲ ပြောဆိုသည်ဟု ဆိုကြပါစို့။ ဤအခြေအနေများတွင် သင်သည် အကြောင်းအရာမှ သွေဖည်သွားသလော။ ဤအရာများထဲမှ တစ်ခုကိုမျှ အကြောင်းအရာမှ သွေဖည်သွားခြင်းအဖြစ် သတ်မှတ်ထားခြင်းမရှိပေ။ သို့ဆိုလျှင် အကြောင်းအရာမှ သွေဖည်သွားခြင်းဆိုသည်မှာ အဘယ်နည်း။ အကြောင်းအရာမှ သွေဖည်သွားခြင်းဆိုသည်မှာ သင်ပြောဆိုသည့်အရာသည် မိတ်သဟာယဖွဲ့သည့် အကြောင်းအရာနှင့် အနည်းငယ်မျှ သို့မဟုတ် လုံးဝမသက်ဆိုင်သည့်အခါ၊ ယင်းသည် အပြင်ပန်းရေးရာ ကိစ္စများအကြောင်း အဆက်အစပ်မရှိ ပြောနေခြင်းသာဖြစ်ပြီး လူတို့အတွက် လုံးဝ တည်ဆောက်စရာမရှိသည့်အခါတွင် ဖြစ်သည်။ ယင်းမှာ အကြောင်းအရာမှ လုံးဝ သွေဖည်သွားခြင်း ဖြစ်သည်။ ယခုတွင် နှောင့်ယှက်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းတို့ကို ဖြစ်စေခြင်းဟူသည်မှာ မည်သည့်အရာဖြစ်သည်ကို ဆွေးနွေးကြစို့။ သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ အကြောင်းအရာမှ သွေဖည်သွားခြင်းကိစ္စတွင် မည်သည့်စကားအမျိုးအစားများနှင့် အပြုအမူများက နှောင့်ယှက်ခြင်းများ၊ အဖျက်အမှောင့်လုပ်ခြင်းများနှင့် ညီမျှသနည်း။ ဤနေရာတွင် ပြဿနာ၏ အနှစ်သာရမှာ အဘယ်နည်း။ အကြောင်းအရာမှ သွေဖည်သွားခြင်းသည် သဘာဝအားဖြင့် နှောင့်ယှက်ခြင်း၊ အဖျက်အမှောင့်လုပ်ခြင်းနှင့် မည်သို့ ညီမျှသနည်း။ ဤသည်မှာ မိတ်သဟာယဖွဲ့ထိုက်သလော။ ထိုအကြောင်းကို မိတ်သဟာယဖွဲ့ပြီးသည်နှင့်တစ်ပြိုင်နက် အကြောင်းအရာမှ သွေဖည်သွားခြင်းက မည်သည့်အရာ ဆိုလိုသည်ကို သင်နားလည်လိမ့်မည်လော။ (နားလည်လိမ့်မည်ဖြစ်သည်။) သို့ဆိုလျှင် ထိုမေးခွန်းအတွက် သင်တို့၏ အဖြေများကို ပေးကြလော့။ (တစ်စုံတစ်ဦး၏ မိတ်သဟာယဖွဲ့ခြင်းသည် သမ္မာတရားနှင့် မည်သည့်ပတ်သက်မှုမျှမရှိသော အကြောင်းအရာများ၊ ဥပမာအားဖြင့် အချည်းနှီးသော စကားနှင့် အိမ်တွင်းရေးရာများအကြောင်း ပြောဆိုခြင်း၊ လူတို့ကို ဘုရားသခင်ရှေ့မှောက်တွင် ငြိမ်သက်ခြင်းနှင့် သူ၏နှုတ်ကပတ်တော်များကို ဆင်ခြင်သုံးသပ်ခြင်းတို့မှ တားဆီးလျက် ၎င်းတို့၏ စိတ်နှလုံးကို နှောင့်ယှက်သည့် လူမှုရေးရေစီးကြောင်းများ ပါဝင်သည့်အရာများကို ဆွေးနွေးခြင်းတို့အကြောင်း ဖြစ်သည့်အခါ၊ ထိုမိတ်သဟာယဖွဲ့ခြင်းသည် အကြောင်းအရာမှ သွေဖည်သွားခြင်း ဖြစ်ပါသည်။) ယင်းက အဓိကအချက် မည်မျှကို ပြောဆိုသနည်း။ (တစ်ခုမှာ အကြောင်းအရာများက သမ္မာတရားနှင့် ဆက်စပ်မှုမရှိခြင်း ဖြစ်ပါသည်။) ဤသည်မှာ အလွန်အရေးကြီးသော အချက်ဖြစ်သည်၊ သမ္မာတရားနှင့် ဆက်စပ်မှုမရှိခြင်း ဖြစ်သည်။ အချက်တစ်ခုမှာ အချည်းနှီးသော စကားနှင့် အိမ်တွင်းရေးရာများအကြောင်း တတွတ်တွတ်ပြောခြင်း ဖြစ်သည်။ နောက်တစ်ခုမှာ ရိုးရာယဉ်ကျေးမှု၊ လူ့ကိုယ်ကျင့်တရားဆိုင်ရာ အတွေးအခေါ်နှင့် လူတို့ မြင့်မြတ်သည်ဟု ယူဆသည့်အရာများကို သမ္မာတရားဖြစ်သည့်အလား ပြောဆိုခြင်းဖြစ်သည်။ ဤသည်မှာ နားလည်သဘောပေါက်မှု လွဲချော်ခြင်း ပြဿနာဖြစ်သည်၊ ဤအရာအားလုံးသည် သမ္မာတရားနှင့် ဆက်စပ်မှုမရှိပေ။ ဥပမာအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များက “လူငယ်များသည် ရည်သန်မျှော်မှန်းချက်များ မရှိဘဲ မနေသင့်ပေ”ဟု ဆိုသည်။ တစ်စုံတစ်ဦးက “ရှေးအခါမှစ၍ သူရဲကောင်းတို့သည် လူငယ်ဘဝတွင် ပေါ်ထွန်းခဲ့ကြသည်” သို့မဟုတ် “ရည်မှန်းချက်သည် အသက်အရွယ်ဖြင့် ကန့်သတ်မထားပါ”ဟု မိတ်သဟာယဖွဲ့သည်။ သို့မဟုတ် သင်က ဘုရားသခင်ကို မည်သို့ကြောက်ရွံ့ရမည်အကြောင်း ပြောဆိုသည့်အခါ ၎င်းတို့က “သင့်အထက် သုံးပေအကွာတွင် ဘုရားတစ်ဆူ ရှိသည်”၊ “လူက ပြုမူဆောင်ရွက်သည့်အခါ ကောင်းကင်ဘုံက စောင့်ကြည့်နေသည်”၊ “ကိုယ့်လိပ်ပြာလုံလျှင် တံခါးခေါက်သည့်သရဲတစ္ဆေများကို ကြောက်ဖို့မလို” သို့မဟုတ် “လူတစ်ဦး၏ စိတ်နှလုံးသည် ကောင်းမြတ်ခြင်းဘက်သို့ ယိမ်းယိုင်ရမည်” ဟူ၍ မိတ်သဟာယဖွဲ့သည်။ ဤသည်မှာ အကြောင်းအရာမှ သွေဖည်သွားခြင်း မဟုတ်လော။ ဤစကားများသည် သမ္မာတရားနှင့် ဆက်စပ်ခြင်းမရှိဖြစ်သည် မဟုတ်လော။ ဤစကားများသည် အဘယ်အရာများဖြစ်သနည်း။ (စာတန်ဆန်သော အတွေးအခေါ်များ ဖြစ်ပါသည်။) ထိုအရာများသည်စာတန်ဆန်သော အတွေးအခေါ်များဖြစ်ပြီး လူမျိုးတစ်မျိုးမျိုး၏ ရိုးရာယဉ်ကျေးမှုလည်း ဖြစ်သည်။ အကြောင်းအရာမှ သွေဖည်သွားခြင်း၏ ပထမ သရုပ်သကန်မှာ ပြောဆိုသည့် အကြောင်းအရာက သမ္မာတရားနှင့် မဆက်စပ်သည့်အခါ ဖြစ်သည်။ ယင်းမှာ လူတစ်ဦးက ဘာသာတရား မရှိသူများက မှန်ကန်ပြီး မြင့်မြတ်သောအရာအဖြစ် စွဲကိုင်သော အတွေးအခေါ်များနှင့် သီအိုရီများကို ပြောဆိုပြီး ယင်းတို့ကို သမ္မာတရားနှင့် အတင်းအကျပ် ဆက်စပ်စေခြင်း ဖြစ်သည်။ ယင်းမှာ အကြောင်းအရာမှ သွေဖည်သွားခြင်း ဖြစ်သည်။ အကြောင်းအရာက သမ္မာတရားနှင့် ဆက်စပ်မှုမရှိခြင်းဟူသည့် ဤသရုပ်သကန်ကို နားလည်ရန် လွယ်ကူသင့်သည်။ ဒုတိယ သရုပ်သကန်မှာ ဆွေးနွေးသည့် အကြောင်းအရာများက လူတို့၏ စိတ်ကို နှောင့်ယှက်သည့်အခါ ဖြစ်သည်။ စုဝေးပွဲတွင် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းမရှိသည့်အပြင်၊ မိတ်သဟာယဖွဲ့သည့်အရာက အသိပညာ၊ ပညာအရည်အသွေး၊ အတွေးအခေါ်နှင့် ဥပဒေ သို့မဟုတ် လူမှုရေးဖြစ်စဉ်များနှင့် အမျိုးမျိုးသော ရှုပ်ထွေးသည့် လူအချင်းချင်း ဆက်ဆံရေးများ ဖြစ်သည့်အခါ ယင်းသည် လူတို့၏ စိတ်ကို နှောင့်ယှက်လေသည်။ ဤသည်မှာ တစ်စုံတစ်ဦးက အခြေခံအားဖြင့် သမ္မာတရားမပါဝင်သည့်အပြင် ယင်းနှင့် လုံးဝ ပတ်သက်ခြင်းမရှိသည့် ကိစ္စရပ်များကို သမ္မာတရားဖြစ်သည့်အလားမိတ်သဟာယဖွဲ့သည့်အခါတွင် ဖြစ်သည်။ ဤအရာက အခြားသူများ၏ စိတ်ထဲတွင် ရှုပ်ထွေးမှုကို ဖြစ်စေပြီး ၎င်းတို့ နားထောင်သည်နှင့်အမျှ ၎င်းတို့၏ တွေးခေါ်မှုသည် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းမှ ပြင်ပရေးရာကိစ္စများဆီသို့ ရောက်သွားသည်။ ထိုအခါ ဤလူတို့သည် မည်သို့ ပြုမူကြသနည်း။ ၎င်းတို့သည် အသိပညာနှင့် ပညာအရည်အသွေးအပေါ် စတင်အာရုံစိုက်လာကြသည်။ လူတို့၏ စိတ်ကို နှောင့်ယှက်ခြင်းသည် ယင်း၏ သဘောသဘာဝအရ ဆိုးရွားသော အရာတစ်ခု ဖြစ်သည်။ တတိယ သရုပ်သကန်မှာ ဆွေးနွေးသည့် အကြောင်းအရာများသည် ရူပါရုံများနှင့်ပတ်သက်၍ ရှင်းလင်းမှုမရှိခြင်းကို ဖြစ်ပေါ်စေလျက် လူတို့ကို ဘုရားသခင်အား အထင်အမြင်လွဲမှားစေသည့်အခါတွင် ဖြစ်သည်။ အချို့လူများသည် သမ္မာတရားနှင့်ပတ်သက်၍ မိမိတို့ကိုယ်တိုင် သိပ်မရှင်းလင်းဘဲ ၎င်းတို့၌ ရှင်းလင်းမှုနှင့် နားလည်မှုရှိသည်ဟု ဟန်ဆောင်လိုကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ မိမိတို့ပြောဆိုသည့်အရာတွင် နက်နဲသော အယူဝါဒအချို့ကို ထည့်သွင်းကြပြီး ၎င်းတို့ကြားဖူးကာ နားလည်ထားသည့် ဘာသာရေးအယူဝါဒများကို ရောသမမွှေလျက် အခြေအမြစ်မရှိဘဲ လွန်ကဲစွာ ပြောဆိုကြသည်။ ၎င်းတို့ကို နားထောင်ပြီးနောက်တွင် လူတို့သည် ရူပါရုံများနှင့်ပတ်သက်၍ ရှင်းလင်းမှု ပျောက်ဆုံးသွားကြသည်၊ ထိုလူ ဆွေးနွေးရန် ရည်ရွယ်သည့် သမ္မာတရားမှာ အတိအကျ အဘယ်အရာဖြစ်သည်ကို ၎င်းတို့ မသိကြတော့ပေ။ ၎င်းတို့ နားထောင်လေ၊ ပို၍ ရှုပ်ထွေးလာလေဖြစ်ပြီး ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းမှာ ပို၍ အားနည်းလာလေဖြစ်ကာ ဘုရားသခင်နှင့်ပတ်သက်၍ အထင်အမြင်လွဲမှားမှုများပင် ဖြစ်ပေါ်လာနိုင်သည်။ လူတို့သည် ဤပြောဆိုဆွေးနွေးမှုကြောင့် သမ္မာတရားကို နားလည်ခြင်းမရှိဘဲ ထွက်သွားရုံသာမက ၎င်းတို့၏ စိတ်များကလည်း ရှုပ်ထွေးသွားကြသည်။ ထိုအရာကအပျက်သဘောဆောင်သော သက်ရောက်မှုတစ်ခု ရှိသည်။ ဤသည်မှာ အကြောင်းအရာမှ သွေဖည်သွားခြင်းမှ ဖြစ်ပေါ်လာသည့်အရာ ဖြစ်သည်။
သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ အကြောင်းအရာမှ သွေဖည်သွားခြင်းသည် နည်းလမ်းများစွာဖြင့် ပေါ်လွင်ထင်ရှားပြီး ယင်းတို့တစ်ခုစီတိုင်းသည် ၎င်း၏သဘောသဘာဝအရ လူတို့၏ အသက်ဝင်ရောက်မှုကို အနှောင့်အယှက်ဖြစ်ပေါ်စေသည်။ လူတို့သည် ထိုသို့သော မိတ်သဟာယဖွဲ့ခြင်းကို နားထောင်ပြီးသည့်အခါ ၎င်းတို့သည် သမ္မာတရားအပေါ် ရှင်းလင်းသော သိနားလည်မှုနှင့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခု ကင်းမဲ့ရုံသာကင်းမဲ့ကြသည် မဟုတ်ပေ။ ထိုအစား ၎င်းတို့၏ စိတ်များက ရှုပ်ထွေးလာကြသည်၊ ၎င်းတို့သည် သမ္မာတရားနှင့်ပတ်သက်၍ ပိုမို မရှင်းမလင်းဖြစ်လာကြပြီး အချို့သော အဓိပ္ပာယ်ကောက်လွဲမှားခြင်းများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် နားလည်မှုများလည်း ဖြစ်ပေါ်လာကြသည်။ ဤသည်မှာ သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ အကြောင်းအရာမှ သွေဖည်သွားခြင်းက လူတို့အပေါ် သက်ရောက်မှုနှင့် ဆိုးကျိုး ဖြစ်သည်။ ဤသရုပ်သကန်သုံးခုမှ တစ်ခုစီတိုင်းသည် သဘောသဘာဝအရ အတော်အတန် ပြင်းထန်သည်။ ဥပမာအားဖြင့် ပထမတစ်ခုမှာ “ပြောဆိုသည့် အကြောင်းအရာသည် သမ္မာတရားနှင့် ဆက်စပ်မှုမရှိခြင်း” ဖြစ်သည်။ မှန်ကန်ပုံရသော်လည်း မမှန်ကန်သည့်အရာများကို ပြောဆိုခြင်းနှင့် ဟောပြောကာ စိစစ်ရန် လူ့အသိပညာ၊ အတွေးအခေါ်၊ သီအိုရီများ၊ ရိုးရာယဉ်ကျေးမှုနှင့် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များ၏ ကျော်ကြားသော ဆိုရိုးစကားများကဲ့သို့သော စာတန်ဆန်သည့်အရာများကို အသင်းတော်ထဲသို့ ယူဆောင်လာခြင်း၊ လူတို့ကို အထင်အမြင်မှားစေရန် သမ္မာတရားကို မိတ်သဟာယဖွဲ့ရန် အခွင့်အရေးကို အသုံးပြုခြင်းတို့သည် ၎င်းတို့အတွက် အနှောင့်အယှက် ဖြစ်ပေါ်စေသည်။ ဤသည်မှာ သဘောသဘာဝအရ အလွန်ဆိုးရွားသည်။ အကယ်၍ ပိုင်းခြားသိမြင်တတ်သူတစ်ဦးက ထိုသို့သော မိတ်သဟာယဖွဲ့ခြင်းကို နားထောင်မည်ဆိုလျှင် ၎င်းတို့က “သင်ပြောနေသည့်အရာသည် မမှန်ပါ။ သမ္မာတရား မဟုတ်ပါ။ သင်ပြောနေသည့်အရာသည် ဘာသာတရား မရှိသူများက ကောင်းသည်ဟု တွေးထင်သော ကိုယ်ကျင့်တရားဆိုင်ရာ အပြုအမူနှင့် ဆိုရိုးစကားများဖြစ်သည်။ ယင်းတို့သည်ကျင့်ကြံပြုမူကာ လောကနှင့် ဆက်ဆံပုံအတွက် ဘာသာတရား မရှိသူများ၏ သက်ဝင်ယုံကြည်မှုများသာ ဖြစ်သည်။ ယင်းတို့သည် အခြေခံအားဖြင့် သမ္မာတရားနှင့်ဆက်စပ်ခြင်းမရှိပါ” ဟု ပြောဆိုပေမည်။ သို့ရာတွင် အချို့လူများသည် ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့ပြီး ဤမှားယွင်းသော အယူအဆများကို ကြားသည့်အခါ ၎င်းတို့နှင့်အတူ လိုက်လုပ်ကြသည့်အပြင် ယင်းတို့ကို သမ္မာတရားအဖြစ် လိုက်နာစောင့်ထိန်းကြသည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထိုသို့သောအချိန်များတွင် ဤအရာကို မတားဆီးသည့်အပြင် မကန့်သတ်ပါက၊ ၎င်းတို့သည် လူတို့ ပိုင်းခြားသိမြင်နိုင်စွမ်း ရရှိစေရန်အလို့ငှာ ယင်းနှင့်ပတ်သက်၍ မိတ်သဟာယမဖွဲ့ဘဲ စိတ်ဖြာလေ့လာဆွေးနွေးခြင်း မပြုပါက ဘုရားသခင် ရွေးချယ်ထားသောလူအချို့က အထင်အမြင်မှားစေခြင်း ခံရနိုင်ပေသည်။ အထင်အမြင်မှားစေခြင်း ခံရခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ ၎င်းတို့သည် လူတို့က မှန်ကန်သည်၊ ကောင်းသည်၊ နက်နဲသည်ဟု ထင်မြင်သော၊ ရိုးရာစကားပုံများ၊ ကျော်ကြားသော ပုဂ္ဂိုလ်များ၏ ဆိုရိုးနီတိများနှင့် မိမိကိုယ်ကို ကျင့်ကြံပြုမူခြင်းဆိုင်ရာ သီအိုရီများကဲ့သို့သော ဘာသာတရား မရှိသည့် လောကမှ ကျော်ကြားသော ပုဂ္ဂိုလ်များက ဟောပြောသည့်အရာများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကဲ့သို့ပင် အားလုံးမှန်ကန်ပြီး သမ္မာတရားဖြစ်သည်ဟု ယုံကြည်ကြလိမ့်မည်။ ၎င်းတို့သည် အထင်အမြင်မှားစေခြင်း ခံရပြီမဟုတ်လော။ အပေါ်ယံအားဖြင့် ၎င်းတို့သည် သမ္မာတရားအကြောင်းကို မိတ်သဟာယဖွဲ့နေကြပုံရသော်လည်း လက်တွေ့တွင်မူ ယင်းသည် လူ့စိတ်ကူးအချို့နှင့်လည်းကောင်း၊ စာတန်၏ အထင်အမြင်မှားစေသော အတွေးအခေါ်အချို့နှင့်လည်းကောင်း ရောနှောနေပြီး ဤသည်မှာ လူတို့အတွက် အနှောင့်အယှက် ဖြစ်စေသည်မှာ သိသာထင်ရှားသည်။ တစ်စုံတစ်ဦးက စာတန်၏ အတွေးအခေါ်နှင့် လူ့အသိပညာကို သမ္မာတရားအဖြစ် အယောင်ပြခြင်းဖြင့် လူတို့ကို အထင်အမြင်မှားစေလျှင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ညီအစ်ကိုမောင်နှမများကို ပိုင်းခြားသိမြင်နိုင်စွမ်း တိုးပွားလာစေပြီး သမ္မာတရားဆိုသည်မှာ အမှန်တကယ် အဘယ်အရာဖြစ်သည်ကို နားလည်စေရန် ထိုကိစ္စကို ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးသင့်ပေသည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့် အလုပ်ဖြစ်သည်။ ဒုတိယ သရုပ်သကန်မှာ “လူတို့၏ စိတ်ကို နှောင့်ယှက်ခြင်း” ဖြစ်သည်။ အချို့လူများသည် လူ့အသိပညာ၊ ပညာအရည်အသွေး၊ ဆုကျေးဇူးများနှင့် ပါရမီများကို ချီးမြှောက်လျက် မှန်ကန်ပုံရသော်လည်း မမှန်ကန်သည့်အရာများအကြောင်းကို ပြောဆိုရန် သမ္မာတရားကို မိတ်သဟာယဖွဲ့ရမည့် အခွင့်အရေးများအား အမြဲတစေ အမိအရ အသုံးချကြသည်။ ၎င်းတို့သည် ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းများ၊ ရိုးရာယဉ်ကျေးမှု စသည်တို့အကြောင်းကိုလည်း ပြောဆိုကြသည်။ ၎င်းတို့သည် စာတန်ထံမှလာသော ဤအရာများကို အပြုသဘောဆောင်သည့်အရာများအဖြစ်၊ သမ္မာတရားအဖြစ် အယောင်ပြကြသည်။ ယင်းက လူတို့ကို ဤအရာများသည် အားပေးထောက်ခံရမည့်အရာများ၊ အသင်းတော်တွင် ဖြန့်ဝေပြီး ချီးကျူးထောမနာပြုရမည့်အရာများ၊ လူတိုင်းက စွဲကိုင်ရမည့်အရာများဖြစ်သည်ဟု မှားယွင်းစွာ ယုံကြည်စေသည်။ လူတို့၏ စိတ်ထဲတွင် မှန်ကန်ပုံရသော်လည်း မမှန်ကန်သည့် မှားယွင်းသော အယူအဆများနှင့် မိစ္ဆာဒိဋ္ဌိအယူဝါဒများကို တိုးပွားလာစေသည်။ ပြီးလျှင် လူတို့၏ စိတ်ကို ရှုပ်ထွေးစေပြီး ၎င်းတို့ကို ဦးတည်ချက်မဲ့စေကာ သမ္မာတရားဆိုသည်မှာ အမှန်တကယ် အဘယ်အရာဖြစ်သည်၊ သို့မဟုတ် ပြဿနာများနှင့် ရင်ဆိုင်ရသည့်အခါ မည်သို့ မှန်ကန်စွာ လက်တွေ့လုပ်ဆောင်ရမည်၊ မည်သည့်လမ်းကြောင်းက မှန်ကန်သောလမ်းကြောင်းဖြစ်သည်ဟူသည်တို့ကို မသိရှိစေတော့ပေ။ ဤအရာက ၎င်းတို့၏ စိတ်နှလုံးများကို အမှောင်ထုထဲသို့ ထိုးကျသွားစေသည်။ ဤသည်မှာ လူတို့ကို အထင်အမြင်မှားစေရန် မိစ္ဆာဒိဋ္ဌိအယူဝါဒများနှင့် မှားယွင်းသော အယူအဆများကို ဖြန့်ဝေခြင်း၏ အကျိုးဆက်ဖြစ်သည်။ တတိယ သရုပ်သကန်ကိုမူ ငါတို့ အသေးစိတ် မိတ်သဟာယဖွဲ့မည် မဟုတ်။ အချုပ်အားဖြင့် အခြားအရာများထဲတွင် အကြောင်းအရာမှ သွေဖည်သွားသော ဆွေးနွေးမှုအချို့သည် အသိပညာနှင့် သက်ဆိုင်သည်၊ အချို့သည် လူ့အယူအဆများနှင့် သက်ဆိုင်သည်၊ အချို့သည် ကိုယ်ကျင့်တရားအရ ကောင်းမွန်သော အပြုအမူများနှင့် သက်ဆိုင်သည်။ သို့သော် ဤအရာများထဲမှ တစ်ခုမျှ သမ္မာတရားနှင့် မဆက်စပ်ပေ၊ ထိုအရာအားလုံးသည် ယင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ထို့ကြောင့် ဤပြဿနာများ ပေါ်ပေါက်လာသည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ယင်းတို့ကို တားဆီးသင့်ပြီး ကန့်သတ်သင့်သည်။ တစ်စုံတစ်ဦး၏ မိတ်သဟာယဖွဲ့ခြင်းကို ကြားပြီးနောက် လူတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် သမ္မာတရားအပေါ် ရှင်းလင်းမှုမရှိသည့်အပြင် နှောင့်ယှက်ခြင်းပါ ခံရကာ၊ တစ်ချိန်က ရှင်းလင်းခဲ့သော စိတ်များမှာ ရှုပ်ထွေးသွားပြီး မည်သို့ မှန်ကန်စွာ လက်တွေ့လုပ်ဆောင်ရမည်ကို မသိတော့ပါက၊ ထိုသို့သောလူတစ်ဦး၏ မိတ်သဟာယဖွဲ့ခြင်းကို တားဆီးကာ ကန့်သတ်သင့်ပေသည်။ ဥပမာအားဖြင့် ပုံမှန်လူ့သဘာဝနှင့်စပ်လျဉ်းသည့် သမ္မာတရားများကို ၎င်းတို့၏ မိတ်သဟာယဖွဲ့ခြင်းတွင် အချို့လူများက၊ “ပုံမှန်လူ့သဘာဝတွင် ဘုရားသခင် အနှစ်သက်ဆုံးအရာမှာ ဆင်းရဲဒုက္ခကို ခံနိုင်ရည်ရှိခြင်း၊ ဇာတိပကတိဆိုင်ရာ သာယာမှု သို့မဟုတ် သက်သောင့်သက်သာရှိမှုကို မတပ်မက်ခြင်း၊ အရသာရှိသော အစားအစာကိုပင် မစားသုံးခြင်း၊ လူတစ်ဦး ခံစားသင့်သည့်အရာ သို့မဟုတ် ဘုရားသခင် ပြင်ဆင်ပေးထားသည့်အရာကို မမွေ့လျော်မခံစားခြင်း၊ ဤဇာတိပကတိဆိုင်ရာ အလိုဆန္ဒများကို ဆန့်ကျင်ပုန်ကန်ခြင်း၊ ဇာတိပကတိ၏ အလိုဆန္ဒအားလုံးကို ချုပ်တည်းခြင်း၊ မိမိ၏ ကိုယ်ခန္ဓာကို ချိုးနှိမ်ခြင်းနှင့် ဇာတိပကတိကို ၎င်း၏အလိုအတိုင်း မဖြစ်စေခြင်းတို့ ဖြစ်သည်။ သို့ဖြစ်၍ သင်သည် ညဘက်တွင် အိပ်ချင်သည့်အခါ ဇာတိပကတိကို ဆန့်ကျင်ပုန်ကန်ရန် လိုအပ်သည်။ သင်မလုပ်နိုင်ပါက ယင်းကို ချုပ်တည်းရန် နည်းလမ်းများ ရှာဖွေဖို့ လိုအပ်သည်။ ဇာတိပကတိကို ပုန်ကန်ရန် သင်၏စိတ်ပိုင်းဖြတ်မှု ကြီးမားလေလေ၊ ဇာတိပကတိကို သင် ပို၍ ဆန့်ကျင်ပုန်ကန်လေ၊ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ သရုပ်သကန်များ ပိုင်ဆိုင်ကြောင်းနှင့် ဘုရားသခင်အပေါ် သစ္စာစောင့်သိမှု ပိုင်ဆိုင်ကြောင်း ပို၍ သက်သေပြလေလေ ဖြစ်သည်။ ပုံမှန်လူ့သဘာဝ၏ အထင်ရှားဆုံးသော သရုပ်သကန်နှင့် အများဆုံး အားပေးထောက်ခံသင့်သည့်အရာမှာ မိမိကိုယ်ခန္ဓာကို ချိုးနှိမ်ခြင်း၊ ဇာတိပကတိ၏ အလိုဆန္ဒများကို ဆန့်ကျင်ပုန်ကန်ခြင်း၊ ဇာတိပကတိဆိုင်ရာ သက်သောင့်သက်သာရှိမှုကို မတပ်မက်ခြင်းနှင့် ရုပ်ဝတ္ထုဆိုင်ရာ သာယာမှုတွင် ခြိုးခြံခြင်းတို့ ဖြစ်သည်ဟု ကျွန်ုပ် ထင်သည်။ သင် ပို၍ ခြိုးခြံချွေတာလေ၊ ကောင်းကင်နိုင်ငံတော်တွင် သင်စုဆောင်းမည့် ကောင်းချီးများ ပို၍ ကြီးမားလေ ဖြစ်လိမ့်မည်”ဟု ပြောဆိုကြသည်။ ဤစကားများသည် အတော်အတန် အပြုသဘောဆောင်သည်ဟု ထင်ရသည် မဟုတ်လော။ ယင်းတို့တွင် အမှားတစ်ခုခု ရှိသလော။ လူသား ဆင်ခြင်တွေးခေါ်မှုစနစ်၊ သက်ဝင်ယုံကြည်မှုများနှင့် အယူအဆများဖြင့် တိုင်းတာလျှင် ဤစကားများသည် မည်သည့်ဘာသာရေး သို့မဟုတ် လူမှုရေးအုပ်စုတွင်မဆို အောင်မြင်မည်ဖြစ်သည်။ လူတိုင်းက ၎င်းတို့၏ သဘောတူညီမှုကို ဖော်ပြရန် လက်မထောင်ပြကြမည်ဖြစ်ပြီး ၎င်းတို့ပြောဆိုသည့်အရာ မှန်ကန်ကြောင်း၊ ၎င်းတို့၏ ယုံကြည်ခြင်း ကောင်းမွန်ပြီး ဖြူစင်ကြောင်း ပြောဆိုကြမည်။ ဤအရာကို ယုံကြည်မည့် အချို့လူများ အသင်းတော်ထဲတွင်လည်း ရှိသည် မဟုတ်လော။ လူ့အယူအဆများဖြင့် အကဲဖြတ်သည့်အခါ၊ ဤစကားများအားလုံးက မှန်ကန်သည်။ ယင်းတို့နှင့်ပတ်သက်၍ မည်သည့်အရာက မှန်ကန်သနည်း။ အချို့က “ဘုရားသခင်သည် ထိုသို့သောလူများကို အမှန်ပင် နှစ်သက်သည်။ ယင်းမှာ သူအသက်ရှင်သည့် ခြိုးခြံချွေတာသော နည်းလမ်းလည်းဖြစ်သည်”ဟု ပြောကောင်းပြောနိုင်သည်။ ဤသည်မှာ လူ့အယူအဆတစ်ခု မဟုတ်လော။ လူတို့သည် ဤအယူအဆမျိုးကို ထားရှိကြသည်။ သို့ဖြစ်၍ အကယ်၍ လူတစ်ဦးဦးက ဤသို့သော မိတ်သဟာယဖွဲ့ခြင်းကို အမှန်တကယ် ပြုလုပ်ခဲ့မည်ဆိုလျှင် ယင်းသည် လူအများစု၏ အယူအဆများကို လိုက်လျောညီထွေဖြစ်စေခြင်းသာ ဖြစ်မည် မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့သည် ဤသို့သော အယူအဆကို လက်ခံသည့်အခါ ထိုလူ၏ သဘောထားအမြင်ကို သဘောတူနေကြခြင်းဖြစ်သည် မဟုတ်လော။ သင်သည် ထိုလူ၏ သဘောထားအမြင်ကို သဘောတူပြီး လက်ခံပြီးသည့်အခါ သင်သည် ၎င်းတို့၏ လုပ်ဆောင်ချက်များကို ထောက်ခံသည် မဟုတ်လော။ ထို့နောက် သင်သည် ၎င်းတို့ကို အတုယူရန် ကြိုးစားမည် မဟုတ်လော။ ပြီးလျှင် သင်လုပ်ဆောင်နိုင်သည့်အခါ သင်လိုက်လျှောက်သည့် လမ်းကြောင်း၊ သင်၏ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းသည် ထိုအခါ ပုံသေဖြစ်သွားမည် မဟုတ်လော။ ပုံသေဖြစ်သွားခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ သင့်အနေဖြင့် ထိုသို့သောပုံစံဖြင့် ပြုမူပြီး လက်တွေ့လုပ်ဆောင်မည်ဟု စိတ်ပိုင်းဖြတ်ထားကြောင်းကို ဆိုလိုသည်။ ဘုရားသခင်သည် ထိုသို့သောလူများကို ချစ်ပြီး သင်သည် ဤနည်းအတိုင်း ပြုမူသည့်အခါ သူနှစ်သက်သည်ဟု သင်၏စိတ်နှလုံးထဲ၌ ယုံကြည်သည်နှင့်အမျှ၊ ထိုသို့ပြုလုပ်ခြင်းဖြင့်သာ သင်သည် ဘုရားသခင် လက်ခံသောသူတစ်ဦး၊ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်ပြီး ကောင်းကင်ဘုံ၌ ကောင်းချီးခံစားရနိုင်သူ၊ ကောင်းသော ပန်းတိုင်ရှိသူတစ်ဦး ဖြစ်နိုင်သည်ဟု ယုံကြည်သည်နှင့်အမျှ၊ သင်သည် ဤနည်းအတိုင်း ပြုမူရန် ဆုံးဖြတ်လိုက်လေသည်။ သင်သည် ဤဆုံးဖြတ်ချက်ကို ချလိုက်သည့်အခါ သင်၏စိတ်သည် ဤသို့သော အတွေးနှင့် သဘောထားအမြင်တို့၏ နှောင့်ယှက်ခြင်းနှင့် အထင်အမြင်မှားစေခြင်းကို ခံရပြီးဖြစ်သည် မဟုတ်လော။ ဤသည်မှာ အမှန်တရားဖြစ်သည်။ ဤသည်မှာ အကျိုးဆက်ဖြစ်သည်။ သင်၏စိတ်သည် နှောင့်ယှက်ခြင်းခံနေရပြီး သင်သည် ထိုအရာကို သဘောပင်မပေါက်ပေ။ ဤနေရာတွင် နောက်ထပ် ပြဿနာတစ်ခုလည်း ရှိသည်။ သင်၏စိတ်သည် ထိုသို့သော အတွေးများနှင့် အမြင်ရှုထောင့်များအားဖြင့် တုံ့ဆိုင်းရပ်တန့်သွားပြီး နှောင့်ယှက်ခြင်းခံရသည်နှင့်တစ်ပြိုင်နက် သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် တောင်းဆိုချက်များအပေါ် ရှင်းလင်းမှု ပျောက်ဆုံးသွားသည် မဟုတ်လော။ ထို့နောက် သင်သည် ဘုရားသခင်နှင့်ပတ်သက်၍ အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်လာပြီး သူနှင့် အလှမ်းဝေးလာသည် မဟုတ်လော။ ဤအရာက သင်သည် ရူပါရုံများနှင့်ပတ်သက်၍ မရှင်းလင်းကြောင်း ညွှန်ပြသည် မဟုတ်လော။ ထိုအကြောင်းကိုသေချာစဉ်းစားကြည့်လော့။ သင်သည် လူတို့ မှန်ကန်သည်ဟု မြင်သော်လည်း မှားယွင်းသော အတွေး သို့မဟုတ် သဘောထားအမြင်တစ်ခုခု၏ အထင်အမြင်မှားစေခြင်းကို ခံရသည့်အခါ သင်၏စိတ်သည် ထိုအခါ နှောင့်ယှက်ခြင်းခံရသည် မဟုတ်လော။ သင်၏စိတ်နှလုံးထဲရှိ ရူပါရုံများသည် ထိုအခါ ရှင်းလင်းနေနိုင်သေးသလော။ (မနေနိုင်ပါ။) သို့ဆိုလျှင် ဘုရားသခင်အပေါ်သိသည့် သင်၏ အသိသည် တိကျမှန်ကန်သလော သို့မဟုတ် အထင်အမြင်လွဲမှားခြင်းတစ်ခုဖြစ်သလော။ သိသာထင်ရှားစွာပင်အထင်အမြင်လွဲမှားခြင်းတစ်ခု ဖြစ်သည်။ သို့ဆိုလျှင် သင်နားလည်သည့်အရာနှင့် သင်မှန်ကန်သည်ဟု ယုံကြည်သည့်အရာသည် အမှန်တကယ် သမ္မာတရား ဟုတ်သလော။ မဟုတ်ပေ။ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သမ္မာတရားနှင့် ဆန့်ကျင်ဘက်ဖြစ်လျက် ဆန့်ကျင်နေသည်။ ထို့ကြောင့် ဤသို့သော သမ္မာတရားကို မိတ်သဟာယဖွဲ့ရာတွင် အကြောင်းအရာမှ သွေဖည်သွားခြင်းသည် လူတို့၏ စိတ်ကို အနှောင့်အယှက်ဖြစ်စေခြင်းနှင့် အမှန်ပင် ညီမျှလေသည်။ ဤအကြောင်းအရာမှ သွေဖည်သွားခြင်းက လူတို့၏ စိတ်ကို ထိုသို့သောကြီးမားသည့် အနှောင့်အယှက် ဖြစ်ပေါ်စေခြင်းနှင့် ညီမျှသည်ကို ထောက်လျှင် ဘုရားသခင်၏အမှုတော်အား အဖျက်အမှောင့် ဖြစ်ပေါ်စေခြင်းနှင့် ညီမျှသည်ဟု ဆိုနိုင်သလော။ ထိုအရာက လူတို့ကို အယူအဆများအပြင်၊ စာတန်၏ အတွေးအခေါ်နှင့် ကျိုးကြောင်းဆင်ခြင်မှုထဲသို့ ပို့ဆောင်သည်။ သို့ဖြစ်၍ ယင်းသည် လူတို့ကို ဘုရားသခင်၏ မျက်မှောက်တော်မှ ဆွဲထုတ်သွားသည် မဟုတ်လော။ လူတို့သည် ဘုရားသခင်ကို အထင်အမြင်လွဲမှားသည့်အခါ၊ သူ၏ ရည်ရွယ်ချက်များကို ၎င်းတို့ နားမလည်သည့်အပြင်၊ သူ၏ ရည်ရွယ်ချက်များနှင့် လိုအပ်ချက်များအတိုင်း လက်တွေ့မလုပ်ဆောင်နိုင်ဘဲ ထိုအစား စာတန်၏ ကျိုးကြောင်းဆင်ခြင်မှုနှင့် လူ့အယူအဆများအတိုင်း လက်တွေ့လုပ်ဆောင်သည့်အခါ ၎င်းတို့သည် ဘုရားသခင်နှင့် ပို၍ နီးစပ်သလော သို့မဟုတ် သူနှင့် ပို၍ အလှမ်းဝေးသွားသလော။ (သူနှင့် ပို၍ အလှမ်းဝေးပါသည်။) ၎င်းတို့သည် သူနှင့် ပို၍ အလှမ်းဝေးကြပေသည်။ သို့ဆိုလျှင် ဤ အကြောင်းအရာမျိုးကို မိတ်သဟာယဖွဲ့ခြင်းသည် စုဝေးပွဲများအတွင်း ကန့်သတ်ခြင်းခံသင့်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသို့သော အကြောင်းအရာမှ သွေဖည်သွားခြင်းမျိုး၏ သဘောသဘာဝမှာ လူတို့ကို အနှောင့်အယှက်ဖြစ်စေခြင်းဖြစ်သည်။ သို့ဖြစ်၍ ယင်းကို အမှန်ပင် ကန့်သတ်ရမည်။ အကယ်၍ ယင်းကို တားဆီးပြီး ကန့်သတ်ခြင်းမပြုပါက၊ အစွမ်းအစ ညံ့ဖျင်းပြီး ထုံထိုင်းသော နားဝေတိမ်တောင်ဖြစ်သောလူများ၊ အထူးသဖြင့် ဝိညာဉ်ရေးရာ သိနားလည်မှု မရှိသောသူများ၊ အကြောင်းအရာမှ သွေဖည်သွားသောလူကို အတုယူပြီး လိုက်လျှောက်ကြသည့်လူများစွာ ရှိလိမ့်မည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များက အချိန်မီထပြီး တားဆီးသင့်သည့်အချိန် ဖြစ်သည်။ ၎င်းတို့သည် ထိုလူကို အကြောင်းအရာမှ ဆက်လက်သွေဖည်သွားခွင့် မပြုရပေ။ ထိုသူ၏ မိတ်သဟာယဖွဲ့ခြင်း အကြောင်းအရာက ပိုများသောလူတို့ကို အထင်အမြင်မှားစေပြီး ပိုများသောလူတို့၏ စိတ်ကို နှောင့်ယှက်ရန် ၎င်းတို့ ခွင့်မပြုရပေ။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြည့်ဆည်းသင့်သည့် တာဝန်ဝတ္တရားတစ်ခု၊ ၎င်းတို့ ဆောင်ရွက်သင့်သည့် လုပ်ငန်းဆောင်တာတစ်ခု ဖြစ်သည်။
သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ အကြောင်းအရာမှ သွေဖည်သွားခြင်းဟူသည့် အကြောင်းအရာနှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းမှာ ဤမျှသာဖြစ်သည်။ ဆက်လက်၍ ငါတို့သည် လူတစ်ဦးက သမ္မာတရားကို မိတ်သဟာယဖွဲ့ရာတွင် မည်မျှအထိ အကြောင်းအရာမှ သွေဖည်သွားရမည်ကိုလည်းကောင်း၊ ဤအရာ၏ သဘောသဘာဝက အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများအဖြစ် သတ်မှတ်ခံရရန် မည်သည့်အကြောင်းအရာများအား မိတ်သဟာယဖွဲ့ရမည်ကိုလည်းကောင်း အနှစ်ချုပ်ကြမည်။ အကြောင်းအရာမှ သွေဖည်သွားခြင်း အမျိုးအစားအချို့မှာ သိသာထင်ရှားသည်။ တစ်စုံတစ်ဦးသည် အကြောင်းအရာမှ လုံးဝ သွေဖည်သွားသည့်အခါ၊ ၎င်းတို့သည် အချည်းနှီးသော ရောက်တတ်ရာရာ စကားပြောခြင်း သို့မဟုတ် အိမ်တွင်းရေးရာများအကြောင်း ဆွေးနွေးခြင်းကို စတင်သည့်အခါ၊ ယင်းကို ပိုင်းခြားသိမြင်ရန် လွယ်ကူသည်။ ဥပမာအားဖြင့် လူတိုင်းက မိမိတို့၏ တာဝန်အား မည်သို့ထမ်းဆောင်ရမည်အကြောင်းကို မိတ်သဟာယဖွဲ့နေသည့်အချိန်တွင် တစ်စုံတစ်ဦးက ၎င်းတို့လုပ်ဆောင်ခဲ့သော ကောင်းမှုများ သို့မဟုတ် ညီအစ်ကိုမောင်နှမများအား ၎င်းတို့က မည်သို့ကူညီခဲ့သည် စသည်တို့ကို ပြောဆိုလျက် ၎င်းတို့၏ “ဂုဏ်ကျက်သရေရှိသော” အတိတ်အကြောင်းကို မိတ်သဟာယဖွဲ့ကောင်းဖွဲ့နိုင်သည်။ မည်သူမျှ ဤအရာကို နားထောင်လိုခြင်းမရှိသည့်အပြင်၊ ၎င်းတို့ နားထောင်လေလေ၊ ယင်းကို ပို၍ အလွန်အမင်း မနှစ်မြို့လာလေလေဖြစ်ပြီး နောက်ဆုံးတွင် ထိုလူကို လျစ်လျူရှုကြသည်အထိ ဖြစ်သည်။ ထိုအခါ ထိုလူသည် ရှက်ဖွယ်အဖြစ် မြင်လိမ့်မည်။ လူအများစုက ဤလူကို ပိုင်းခြားသိမြင်နိုင်သရွေ့ ၎င်းတို့သည် ဆက်လက်လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ ဤအကြောင်းအရာမှ သွေဖည်သွားခြင်းမျိုးကို ပိုင်းခြားသိမြင်နိုင်ရန် သမ္မာတရားကို များစွာနားလည်ဖို့ မလိုအပ်ပေ။ ရောက်တတ်ရာရာ စကားပြောခြင်း၊ အိမ်တွင်းရေးရာများအကြောင်း တတွတ်တွတ်ပြောခြင်း၊ မိမိကိုယ်ကို ချီးမြှောက်ခြင်း၊ မိမိကိုယ်ကို ပေါ်လွင်အောင်ပြခြင်းနှင့် မိမိကိုယ်ပိုင် “ဂုဏ်ကျက်သရေရှိသော” အတိတ်အကြောင်း ပြောဆိုရန် မိတ်သဟာယဖွဲ့ခြင်း၏ အကြောင်းအရာကို အခွင့်ကောင်းယူခြင်း၊ ဤသို့သော အကြောင်းအရာမှ သွေဖည်သွားခြင်းမျိုးသည် ပိုင်းခြားသိမြင်ရန် လွယ်ကူသည်။ ယင်းသည် အခြေခံအားဖြင့် အနှောင့်အယှက်များစွာနှင့် မညီမျှပေ။ အကြောင်းမှာ လူအများစုသည် ထိုသို့သောအရာများကို အလွန်အမင်း မနှစ်မြို့ဘဲ ယင်းတို့ကို နားထောင်ရန် မလိုလားကြသည့်အပြင်၊ ၎င်းတို့သည် မိမိကိုယ်ကို ပေါ်လွင်အောင်ပြနေခြင်းဖြစ်ကာ သမ္မာတရားကို မိတ်သဟာယဖွဲ့နေခြင်းမဟုတ်ကြောင်း၊ ၎င်းတို့သည် အကြောင်းအရာမှ သွေဖည်သွားပြီဖြစ်ကြောင်း သိရှိကြသောကြောင့် ဖြစ်သည်။ ၎င်းတို့ စတင်စကားပြောဆိုသည့်အခါတွင် အဖွဲ့က ၎င်းတို့ကို အရှက်မရစေဖို့ ကြိုးစားကောင်းကြိုးစားမည်ဖြစ်သော်လည်း၊ ၎င်းတို့ ကြာရှည်စွာ ဆက်လက်ပြောဆိုသည်နှင့်အမျှ လူတို့သည် စက်ဆုပ်ရွံရှာလာပြီး ဆက်လက်နားထောင်ရန် မလိုလားတော့ဘဲ မိမိတို့ဘာသာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းက ပိုကောင်းမည်ဟု ခံစားရသည်။ အကယ်၍ ထိုလူက ဆက်လက်ပြောဆိုမည်ဆိုလျှင် ၎င်းတို့သည် ထပြီး ထွက်ခွာသွားကြလိမ့်မည်။ ထိုလူသည် အမှုအရာများက ပြောင်းလဲသွားကြောင်းနှင့် မိမိတို့ကိုယ်ကို အရှက်ရစေမိကြောင်း မြင်သောအခါ၊ ဆက်လက်ပြောဆိုတော့မည် မဟုတ်ပေ။ အကြောင်းအရာမှ မည်သည့် သွေဖည်သွားခြင်းမျိုးသည် လူတို့အပေါ် ဆိုးကျိုးသက်ရောက်မှုတစ်ခု ရှိနှင့်ပြီးဖြစ်သော်လည်း လူတို့က ယင်းကို အပျက်သဘောဆောင်သည့်အရာတစ်ခုအဖြစ် မရိပ်စားမိနိုင်သေးဘဲ၊ ထိုအစား အကြောင်းအရာမှ သွေဖည်သွားသော အကြောင်းအရာကို သမ္မာတရားအဖြစ် မှတ်ယူပြီး စိတ်ဝင်တစား နားထောင်နေကြသနည်း။ ဤသို့သော အကြောင်းအရာမှ သွေဖည်သွားခြင်းမျိုးသည် လူတို့အတွက် အနှောင့်အယှက် ဖြစ်ပေါ်စေနိုင်ပြီး ထိုသို့သောကိစ္စများကို လူတစ်ဦးက ပိုင်းခြားသိမြင်သင့်ပေသည်။ ဤသို့သော အကြောင်းအရာမှ သွေဖည်သွားခြင်းမျိုးနှင့်ဆိုင်သည့် ဥပမာတစ်ခုကို ပေးလော့။ (တစ်စုံတစ်ဦးသည် ပြုပြင်ခြင်းခံရပြီးနောက် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းမရှိဘဲ ထိုပြဿနာ၏ မှန်ကန်ခြင်းနှင့် မှားယွင်းခြင်းအပေါ်တွင်သာ အာရုံစိုက်ပြောဆိုသည့်အခါ ယင်းသည် လူတိုင်း၏ စိတ်ကို ရှုပ်ထွေးစေသည်။ ဤအရာက လူတို့ကို ပိုင်းခြားသိမြင်နိုင်စွမ်း မရှိစေခြင်းမျိုး ဖြစ်ပေါ်စေနိုင်ရုံသာမဟုတ်။ ထိုအစား ဤလူပြောဆိုသည့်အရာသည် သမ္မာတရားနှင့် ကိုက်ညီပြီး သူမှန်ကန်သည်ဟုပင် ခံစားရစေသည်။ ဤအရာက လူတိုင်းကို ၎င်းတို့ဘက်၌ ရပ်တည်စေပါသည်။) ပြုပြင်ခြင်းကို မည်သို့လက်ခံရမည်အကြောင်း မိတ်သဟာယဖွဲ့ခြင်းဟူသော အကြောင်းပြချက်ဖြင့် ၎င်းတို့သည် မိမိတို့က မှားယွင်းစွာ ပြုပြင်ခြင်းခံခဲ့ရသည်ဟု လူတို့အား ထင်မြင်စေလျက်၊ လူတို့ကို ၎င်းတို့ဘက်၌ ရပ်တည်စေပြီး ၎င်းတို့ကို စာနာစေသည့်အပြင် ထပ်လောင်း၍ လူတို့အား ထိုသို့သောအခြေအနေများအောက်တွင် ကျိုးနွံနာခံပြီး ပြုပြင်ခြင်းကို လက်ခံနိုင်သည့် ၎င်းတို့၏ စွမ်းရည်ကို လေးစားစေလျက် မိမိတို့ကိုယ်ကို ခုခံကာကွယ်ပြီး အပြစ်ကင်းစင်ကြောင်း သက်သေပြကြသည်။ ဤအရာက လူတို့ကို အထင်အမြင်မှားစေသည်။ ယင်းသည် ရည်ရွယ်ချက်ရှိရှိ၊ တမင်တကာ ပြုလုပ်သော အကြောင်းအရာမှ သွေဖည်သွားခြင်း ဖြစ်ရပ်တစ်ခုဖြစ်သည်။ ယင်းက နားထောင်သူများကို ပြုပြင်ခြင်းနှင့် ရင်ဆိုင်ရသည့်အခါ ကျိုးနွံနာခံခြင်းမရှိနိုင်စေရုံသာမက ပြုပြင်ခြင်းကို လက်ခံပြီး မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ကာ သိရှိနိုင်ခြင်းလည်း မရှိစေဘဲ ထိုအစား ၎င်းတို့ကို ပြုပြင်ခြင်းအား သတိထားစေကာ အတိုက်အခံလုပ်စေသည်။ ထိုသို့သော မိတ်သဟာယဖွဲ့ခြင်းသည် ပြုပြင်ခြင်းခံရခြင်း၏ အရေးပါမှုကို လူတို့နားလည်ရန်၊ ပြုပြင်ခြင်းနှင့် ရင်ဆိုင်ရသည့်အခါ လူတို့အနေဖြင့် မှန်ကန်သော သဘောထားကို မည်သို့ ခံယူသင့်သည်၊ ယင်းကို မည်သို့လက်ခံသင့်သည်၊ မည်သို့ လက်တွေ့လုပ်ဆောင်သင့်သည်ဟူသည်တို့ကို နားလည်ရန် မကူညီနိုင်ပေ။ ထိုအစား ယင်းသည် လူတို့အား ပြုပြင်ခြင်းကို ကိုင်တွယ်ရန် အခြားနည်းလမ်းတစ်ခုကို ရွေးချယ်စေသည်။ ယင်းမှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမဟုတ်သည့်အပြင်သမ္မာတရား စည်းမျဉ်းများနှင့်အညီ ပြုမူခြင်းလည်းမဟုတ်ဘဲ လူတို့အား ပို၍ မရိုးသားစေသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ ထိုသို့သော မိတ်သဟာယဖွဲ့ခြင်းသည် လူတို့ကို အထင်အမြင်မှားစေရန် ဆောင်ရွက်သည်။ သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ အကြောင်းအရာမှ သွေဖည်သွားခြင်းသည် အသင်းတော်အသက်တာတွင် ပေါ်ပေါက်သည့် ပြဿနာအမျိုးအစားတစ်ခု ဖြစ်သည်။ အကယ်၍ ဤပြဿနာအမျိုးအစားသည် နှောင့်ယှက်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်း အဆင့်သို့ ရောက်ရှိပါက လူအများစုက ပိုင်းခြားသိမြင်နိုင်စွမ်း တိုးပွားလာပြီး အတွေ့အကြုံမှ သင်ယူကာ သင်ခန်းစာတစ်ခု ရရှိရန်အလို့ငှာ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် ထိုအရာကို မိတ်သဟာယဖွဲ့ပြီး စိစစ်လျက် တားဆီးကာ ကန့်သတ်ဖို့အတွက် ထွက်လာသင့်ကြပေသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။