ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၈) အခန်း လေး

၃။ ပျင်းရိပြီး သက်သောင့်သက်သာဖြစ်ခြင်းကို မွေ့လျော်ခံစားသော အယောင်ဆောင် ခေါင်းဆောင်များ

ငါတို့သည် အယောင်ဆောင် ခေါင်းဆောင် နှစ်မျိုးအကြောင်းကို ယခုတင် မိတ်သဟာယဖွဲ့ခဲ့ကြသည်။ “ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ” ဟူသည့် အကြောင်းအရာကို ငါတို့ မိတ်သဟာယဖွဲ့နေစဉ် မကြာခဏ ပြောဆိုဆွေးနွေးကြပြီးဖြစ်သည့် နောက်ထပ် အယောင်ဆောင် ခေါင်းဆောင်တစ်မျိုးရှိသည်။ ဤအမျိုးအစားတွင် အစွမ်းအစ အနည်းငယ်ရှိသည်။ ၎င်းတို့သည် ဉာဏ်မထက်မြက်သူများ မဟုတ်ကြပေ။ ၎င်းတို့၏ အလုပ်တွင် နည်းလမ်းများနှင့် နည်းစနစ်များ ရှိသည့်အပြင် ပြဿနာများကို ဖြေရှင်းခြင်းအတွက် အစီအစဉ်များလည်း ရှိကြပြီး ၎င်းတို့အား အလုပ်တစ်ခု ပေးအပ်သည့်အခါ မျှော်လင့်ထားသည့် စံနှုန်းများနှင့် နီးစပ်အောင် အကောင်အထည်ဖော်နိုင်ကြသည်။ အလုပ်တွင် ပေါ်ပေါက်လာသည့် မည်သည့်ပြဿနာကိုမဆို ၎င်းတို့က ရှာဖွေတွေ့ရှိနိုင်ပြီး အချို့ကိုလည်း ဖြေရှင်းပေးနိုင်ကြသည်။ အချို့လူများ တင်ပြသည့် ပြဿနာများကို ကြားရသည့်အခါ သို့မဟုတ် အချို့လူများ၏ အပြုအမူ၊ သရုပ်သကန်များ၊ စကားနှင့် လုပ်ရပ်များကို သတိပြုမိသည့်အခါ ၎င်းတို့၏ စိတ်နှလုံးထဲတွင် တုံ့ပြန်မှုတစ်ခုရှိကြပြီး ၎င်းတို့တွင် ကိုယ်ပိုင်ထင်မြင်ချက်နှင့် သဘောထားတစ်ခု ရှိကြသည်။ ဤလူများက သမ္မာတရားကို လိုက်စားပြီး ဝန်တာစိတ်ရှိကြလျှင် ဤပြဿနာအားလုံးကို ဖြေရှင်း၍ရပေသည်။ သို့သော် ယနေ့ ငါတို့ မိတ်သဟာယဖွဲ့နေသည့် လူအမျိုးအစား၏ တာဝန်အောက်ရှိ အလုပ်တွင်မူ ပြဿနာများက မမျှော်လင့်ဘဲ မဖြေရှင်းဘဲ ကျန်ရှိနေသည်။ ယင်းမှာ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဤလူများသည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် သက်သာလွယ်ကူမှုကို နှစ်သက်ပြီး ကြိုးစားအားထုတ်ရခြင်းကို မုန်းတီးကြသည်။ ၎င်းတို့သည် အပေါ်ယံအားဖြင့် ဝတ်ကျေတမ်းကျေ အားထုတ်မှုများကိုသာ ပြုလုပ်နေကြသည်။ ၎င်းတို့သည် အလုပ်မရှိဘဲ အားနေခြင်းနှင့် အဆင့်အတန်း၏ အကျိုးအမြတ်များကို မွေ့လျော်ခံစားခြင်းအား နှစ်သက်ကြပြီး လူများကို အမိန့်ပေးခြင်းအား နှစ်သက်ကြသည်။ ၎င်းတို့သည် ပါးစပ်ကိုသာ အနည်းငယ် လှုပ်ရှားပြီး အကြံဉာဏ်အချို့ ပေးကာ ထို့နောက်တွင် မိမိတို့၏အလုပ် ပြီးပြီဟု မှတ်ယူကြသည်။ အသင်းတော်၏ လက်တွေ့ကျသော အလုပ် သို့မဟုတ် ဘုရားသခင်က ၎င်းတို့အား အပ်နှံသည့် အရေးကြီးသောအလုပ် တစ်ခုတလေကိုမျှ နှလုံးမသွင်းကြပေ။ ၎င်းတို့တွင် ဤဝန်တာစိတ် မရှိကြသည့်အပြင် ဘုရားအိမ်တော်က ဤအရာများကို ထပ်တလဲလဲ အလေးပေးပြောဆိုလျှင်ပင် ၎င်းတို့က နှလုံးမသွင်းကြသေးပေ။ ဥပမာအားဖြင့် ၎င်းတို့သည် ဘုရားအိမ်တော်၏ ရုပ်ရှင်ထုတ်လုပ်ရေးအလုပ် သို့မဟုတ် စာနှင့်ပတ်သက်သောအလုပ်တွင် ဝင်ရောက်စွက်ဖက်ရန် သို့မဟုတ် စုံစမ်းမေးမြန်းရန် အလိုမရှိကြသကဲ့သို့ ဤအလုပ်အမျိုးအစားများက မည်သို့ တိုးတက်နေသည်ကိုလည်းကောင်း၊ မည်သည့်ရလဒ်များ စွမ်းဆောင်ရရှိနေသည်ကိုလည်းကောင်း စစ်ဆေးရန် ဆန္ဒမရှိကြပေ။ ၎င်းတို့သည် သွယ်ဝိုက်သော စုံစမ်းမေးမြန်းမှုအချို့ကိုသာ ပြုလုပ်ကြပြီး လူများက ဤအလုပ်နှင့်ပတ်သက်၍ အလုပ်များနေကြပြီး ဤအလုပ်အား လုပ်ဆောင်နေကြသည်ကို သိလိုက်သည်နှင့်တစ်ပြိုင်နက် ယင်းကို နောက်ထပ် ဂရုမစိုက်ကြတော့ပေ။ အလုပ်တွင် ပြဿနာများရှိကြောင်း ၎င်းတို့ လုံးဝ ကောင်းစွာ သိသည့်အခါတွင်ပင် ၎င်းတို့သည် မိတ်သဟာယဖွဲ့ပြီး ထိုပြဿနာများကို မဖြေရှင်းချင်ကြသေးသည့်အပြင် လူများက မိမိတို့၏ တာဝန်များအား မည်သို့ ထမ်းဆောင်နေကြသည်ကိုလည်း စုံစမ်းမေးမြန်းခြင်း သို့မဟုတ် စစ်ဆေးခြင်း မရှိကြပေ။ အဘယ်ကြောင့် ၎င်းတို့သည် ဤအရာများကို စုံစမ်းမေးမြန်းခြင်း သို့မဟုတ် စစ်ဆေးခြင်း မရှိကြသနည်း။ ၎င်းတို့က ထိုအရာများကို စစ်ဆေးလျှင် ဖြေရှင်းပေးရမည့် စောင့်ဆိုင်းနေသော ပြဿနာများစွာ ရှိလိမ့်မည်ဖြစ်ပြီး ယင်းမှာ အလွန် စိတ်ပူပန်စရာ ဖြစ်လိမ့်မည်ဟု ၎င်းတို့ ထင်ကြသည်။ ပြဿနာများကို ၎င်းတို့ အမြဲ ဖြေရှင်းနေရမည်ဆိုလျှင် ဘဝက အလွန်အမင်း ပင်ပန်းစရာဖြစ်လိမ့်မည်ဖြစ်ခြင်း။ အကယ်၍ ၎င်းတို့ အလွန်အမင်း စိုးရိမ်ပူပန်ပါက အစားအစာသည် ၎င်းတို့အတွက် အရသာရှိတော့မည် မဟုတ်ဘဲ ကောင်းစွာ အိပ်စက်နိုင်ကြမည် မဟုတ်ပေ။ ၎င်းတို့၏ ဇာတိပကတိသည် ပင်ပန်းလိမ့်မည်ဖြစ်ပြီး ထိုအခါ ဘဝသည် စိတ်မချမ်းမြေ့စရာ ဖြစ်လာလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ပြဿနာတစ်ခုကို ၎င်းတို့ မြင်သည့်အခါတွင် ရှောင်လွှဲနိုင်လျှင် ရှောင်လွှဲပြီး လျစ်လျူရှုနိုင်လျှင် လျစ်လျူရှုကြသည်။ ဤလူအမျိုးအစားနှင့်ပတ်သက်၍ ပြဿနာမှာ အဘယ်အရာဖြစ်သနည်း။ (၎င်းတို့ အလွန်ပျင်းရိကြပါသည်။) မည်သူသည် ဆိုးရွားသော ပြဿနာ ရှိသလောဟူသည်ကို ငါ့အား ပြောလော့။ ပျင်းရိသောလူများလော၊ သို့မဟုတ် အစွမ်းအစညံ့ဖျင်းသောလူများလော။ (ပျင်းရိသောလူများဖြစ်ပါသည်။) အဘယ်ကြောင့် ပျင်းရိသောလူများက ဆိုးရွားသောပြဿနာရှိသနည်း။ (အစွမ်းအစနည်းသောလူများသည် ခေါင်းဆောင် သို့မဟုတ် အမှုဆောင် မဖြစ်နိုင်သော်လည်း ၎င်းတို့တတ်စွမ်းနိုင်သမျှ တာဝန်တစ်ခုကို ထမ်းဆောင်သည့်အခါတွင် အတော်အတန် ထိရောက်နိုင်သည်။ သို့ရာတွင် ပျင်းရိသောလူများက မည်သည့်အရာကိုမျှ မလုပ်နိုင်ပေ။ ၎င်းတို့သည် အစွမ်းအစရှိလျှင်ပင် ယင်းက အကျိုးသက်ရောက်မှု မရှိပါ။) ပျင်းရိသောလူများသည် မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ပေ။ ယင်းကို စကားလုံးများဖြင့် အနှစ်ချုပ်လျှင် ၎င်းတို့သည် အသုံးမကျသော လူများဖြစ်သည်။ ၎င်းတို့သည် ဒုတိယတန်းစား ဒုက္ခိတများဖြစ်ကြသည်။ ပျင်းရိသောလူများ၏ အစွမ်းအစသည် မည်မျှကောင်းပါစေ အဆင်တန်ဆာသက်သက်သာဖြစ်သည်။ ၎င်းတို့တွင် အစွမ်းအစကောင်း ရှိသော်လည်း ယင်းမှာ အသုံးမဝင်ပေ။ ၎င်းတို့သည် အလွန်ပျင်းလွန်းကြသည်။ မည်သည့်အရာကို လုပ်သင့်သည်ကို ၎င်းတို့သိသော်ငြားလည်း ၎င်းတို့ မလုပ်ဆောင်ပေ။ ပြီးလျှင် တစ်စုံတစ်ခုက ပြဿနာဖြစ်သည်ကို ၎င်းတို့ သိလျှင်ပင် ဖြေရှင်းရန်အတွက် သမ္မာတရားကို မရှာဖွေကြပေ။ ပြီးလျှင် အလုပ်သည် ထိရောက်မှုရှိရန်အတွက် မည်သည့်ဆင်းရဲဒုက္ခများ ခံသင့်သည်ကို ၎င်းတို့သိကြသော်ငြားလည်း ၎င်းတို့သည် အကျိုးရှိသော ဤဆင်းရဲဒုက္ခများကို ခါးစည်းခံရန် မလိုလားကြသောကြောင့် ၎င်းတို့သည် မည်သည့်သမ္မာတရားများကိုမျှ မရရှိနိုင်ကြဘဲ မည်သည့်လက်တွေ့ကျသည့် အလုပ်ကိုမျှ မလုပ်နိုင်ကြ။ ၎င်းတို့သည် လူများ ခါးစည်းခံသင့်သည့် ဆင်းရဲဒုက္ခများကို ခါးစည်းခံရန် ဆန္ဒမရှိကြပေ။ ၎င်းတို့သည် ကိုယ်စိတ်ချမ်းသာမှုတွင် မွေ့လျော်ခံစားရန်၊ ဝမ်းမြောက်ခြင်းနှင့် နားနေချိန်တို့ကို ပျော်မွေ့ခံစားရန်နှင့် လွတ်လပ်ပြီး သက်သောင့်သက်သာရှိသော အသက်တာကို ပျော်မွေ့ခံစားရန်တို့ကိုသာ သိကြသည်။ ၎င်းတို့သည် အသုံးမကျကြသည် မဟုတ်လော။ ဆင်းရဲဒုက္ခများကို ခါးစည်းခံနိုင်ခြင်း မရှိသောလူများသည် အသက်ရှင်ရန် မထိုက်တန်ပေ။ ကပ်ပါးကောင်တစ်ကောင်၏ ဘဝကို အစဉ်သဖြင့် အသက်ရှင်နေထိုင်ရန် ဆန္ဒရှိသည့်သူများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိသည့် လူများဖြစ်သည်။ ၎င်းတို့သည် လူ့တိရစ္ဆာန်များဖြစ်ကြပြီး ထိုသို့သော လူများသည် အလုပ်လုပ်ပေးခြင်းကို ထမ်းဆောင်ရန်ပင် မထိုက်တန်ကြချေ။ ၎င်းတို့သည် ဆင်းရဲဒုက္ခကို ခါးစည်းခံနိုင်ခြင်း မရှိသောကြောင့် အလုပ်လုပ်ပေးခြင်းကို ၎င်းတို့ ထမ်းဆောင်သည့်အခါတွင်ပင် ယင်းကို ၎င်းတို့ ကောင်းစွာ လုပ်ဆောင်နိုင်ခြင်း မရှိဘဲ ၎င်းတို့အနေဖြင့် သမ္မာတရားကို ရရှိရန် ဆန္ဒရှိလျှင်ပင် ယင်းအတွက် မျှော်လင့်ချက် သာ၍ပင် နည်းပါးလေသည်။ ဆင်းရဲဒုက္ခကို မခံနိုင်ဘဲ သမ္မာတရားကို မချစ်သောသူတစ်ဦးသည် အသုံးမကျသောသူတစ်ဦး ဖြစ်သည်။ ၎င်းသည် အလုပ်လုပ်ပေးခြင်းကို ထမ်းဆောင်ရန်ပင် အရည်အချင်းပြည့်မီခြင်း မရှိ။ ၎င်းတို့သည် လူ့သဘာဝ တစ်စက်မျှမရှိသည့် လူ့တိရစ္ဆာန်ဖြစ်သည်။ ထိုသို့သောလူများကို ဖယ်ရှားရှင်းလင်းရမည်ဖြစ်သည်။ ဤအရာသည်သာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ဖြစ်လေသည်။

အချို့လူများသည် လယ်ယာလုပ်ငန်းအတွက် တာဝန်ရှိကြပြီး ၎င်းတို့သည် အထူး လုံ့လဝီရိယရှိကြသည်။ ၎င်းတို့သည် စိတ်ထဲတွင် အစီအစဉ်တစ်ခုရှိပြီး ရာသီတစ်ခုစီတွင် မည်သည့်အလုပ် လုပ်ရမည်ကို သိကြသည်။ လယ်ထွန်ချိန်ရောက်သောအခါ လယ်ကွက်တစ်ခုစီကို ၎င်းတို့ သွားရောက်ကြည့်ရှုကြသည်။ လယ်ကွက်တစ်ခုစီတွင် စိုက်ပျိုးရန် စီစဉ်ထားသည့်အရာကို လယ်ကွက်၏ လက်တွေ့အခြေအနေနှင့် နှိုင်းယှဉ်ကြည့်ကြပြီး ၎င်းတို့၏ အစီအစဉ်က သင့်တော်ခြင်းရှိမရှိဟူသည်နှင့် လက်တွေ့အခြေအနေနှင့် ကိုက်ညီမှုရှိမရှိဟူသည်တို့ကို ကြည့်ရှုကြသည်။ ထို့အပြင် ယခုနှစ်တွင် မြေကြီးက မည်မျှ စိုစွတ်သည် သို့မဟုတ် ခြောက်သွေ့သည်၊ မည်သည့်မြေသြဇာ လိုအပ်သည်၊ မည်သည့်အရာကို စိုက်ပျိုးရန် သင့်တော်သည်ဟူသည်တို့ကို ၎င်းတို့ ကြည့်ရှုကြသည်။ ကြည့်ရှုပြီးဖြစ်ကာ ဤအရာများကို သဘောပေါက်သွားသည်နှင့်တစ်ပြိုင်နက် ပျိုးပင်များ စိုက်ပျိုးပြီးခြင်း ရှိမရှိဟူသည်နှင့် အရေအတွက်မည်မျှ စိုက်ပျိုးပြီးပြီဖြစ်ကြောင်းတို့ကို ချက်ချင်းမေးမြန်းကြပြီးနောက် ဖန်လုံအိမ်သို့ သွားရောက်ကြည့်ရှုကာ ပျိုးပင်များ စိုက်ပျိုးနေသူသည် အားကိုးလောက်ခြင်း ရှိမရှိ သို့မဟုတ် ပျိုးပင်များကို ပျက်စီးစေလိမ့်မည် ဟုတ်မဟုတ်ဟူသည်ကို ကြည့်ရှုကြသည်။ ဤအလုပ်ကိုလုပ်ရန် လူတစ်ဦးတည်းနှင့် မလုံလောက်ပါက ထိုသူနှင့် ပူးပေါင်းဆောင်ရွက်ရန် နောက်တစ်ဦးကို ၎င်းတို့က တာဝန်ပေးပြီး နှစ်ဦးသား တစ်ဦးကိုတစ်ဦး ကြီးကြပ်ကြရသည်။ ပျင်းရိသောလူများက ဤအရာကို လုပ်ဆောင်လိမ့်မည်လော။ ၎င်းတို့ လုပ်ဆောင်မည်မဟုတ်ပေ။ အကယ်၍ မည်သူမျှ ၎င်းတို့ကို ကြီးကြပ်ပြီး တိုက်တွန်းခြင်းမရှိပါက ၎င်းတို့သည် လုပ်ငန်းခွင်ကို ကိုယ့်ဘာသာ လုံးဝ သွားရောက်မည်မဟုတ်ပေ။ အကယ်၍ ဘုရားအိမ်တော်က အလုပ်တစ်ခု၏ တိုးတက်မှုနှင့်ပတ်သက်၍ မမေးမြန်းပါက ၎င်းတို့သည် ထိုအလုပ်၏ အခြေအနေမှန်ကို အလျင်ဦးအောင် လုံးဝ စစ်ဆေးမည်မဟုတ်ပေ။ ညံ့ဖျင်းသော အစွမ်းအစရှိသည့် လူများနှင့်ပတ်သက်၍ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ အမြဲ မိမိတို့ဘာသာ လုပ်ဆောင်ကြသော်လည်း အရေးကြီးပြီး အရေးပေါ်ဖြစ်သည့်အရာနှင့် မဖြစ်သည့်အရာကို ပိုင်းခြားနိုင်စွမ်းမရှိသည့်အပြင် ကြောင်းကျိုးမမြင်ဘဲ ပြုမူကြသည်။ သို့ရာတွင် ဤပျင်းရိသောလူများမှာမူ အတန်ပင် ပါးနပ်ကြပြီး မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ ပါးစပ်လှုပ်ကာ အခြားသူများကို အလုပ်လုပ်ရန် အမိန့်ပေးခြင်းကိုသာ နှစ်သက်ကြသည်။ ၎င်းတို့သည် မည်သည့်အရာကိုမျှ ကိုယ်တိုင် မလုပ်ဆောင်ကြသည့်အပြင် လက်တွေ့ကျသော အလုပ်ကိုလည်း မလုပ်နိုင်ကြပေ။ ၎င်းတို့က “မေးခွန်းအချို့မေးရန် ငါ ဖုန်းခေါ်ဖို့ သို့မဟုတ် စာတစ်စောင်ပို့ဖို့သာ လိုအပ်ပြီး ငါ၏အလုပ် ပြီးပြီ၊ ပြဿနာ ပြေလည်သွားပြီဖြစ်သည်။ ဤအရာက ငါ့အတွက် ဒုက္ခအများကြီး သက်သာစေပါသည်တကား။ ခေါင်းဆောင်တစ်ဦးအနေဖြင့် ငါ၏ အစွမ်းအစက မည်သို့ရှိသည်ကို ကြည့်လော့။ စကားအနည်းငယ်ဖြင့် အလုပ်ကို ငါ ပြီးမြောက်စေနိုင်သည်၊ ဤသည်မှာလည်း ငါ၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းနေခြင်း မဟုတ်လော။ ငါသည် ငါ၏ တာဝန်များကို ပျက်ကွက်နေခြင်း မဟုတ်ပါ။ အထက်က ဤအရာများနှင့်ပတ်သက်၍ ငါ့ကို မေးမြန်းပါက သူတို့ကို အလွန် ကျွမ်းကျင်စွာ ငါ ပြန်လည်ဖြေဆိုနိုင်ပြီး ရှင်းလင်းသော ရှင်းပြချက်တစ်ခုကို ပေးနိုင်ပါသည်။ လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုခြင်းက မည်သည့်အဓိပ္ပာယ်ရှိသနည်း။ ဆင်းရဲဒုက္ခများနှင့် ဝေဒနာများကို ငါ ခါးစည်းခံစားရမည်ဖြစ်ပြီး နေရောင်ခြည်ကြောင့် ငါ၏အသားအရေသည် မည်းသွားမည်ဖြစ်သည်။ ထိုလုပ်ရိုးလုပ်စဉ်ကို ဖြတ်သန်းရန် မလိုအပ်ပါ။ အကယ်၍ ငါ့ကိုယ်ငါ ဒုက္ခအနည်းငယ် သက်သာစေနိုင်လျှင် ထိုသို့ပင် လုပ်ဆောင်မည်ဖြစ်သည်။ မိမိအတွက် အမှုအရာများကို ခက်ခဲစေခြင်းက မလိုအပ်ပါ” ဟု တွေးကြသည်။ ၎င်းတို့သည် အတန်ပင် “ပါးနပ်” ကြသည် မဟုတ်လော။ ဤလူစားမျိုးက အလုပ်လုပ်သည့်အခါ ၎င်းတို့၏ ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရန် ဖြတ်လမ်းလိုက်ခြင်းနှင့် အလွယ်လမ်းများ ရှာဖွေခြင်းတွင် အထူးကျွမ်းကျင်ကြပြီး ၎င်းတို့တွင် ကိုယ်ပိုင်နည်းလမ်းများနှင့် နည်းစနစ်များ ရှိကြသည်။ ၎င်းတို့သည် မည်သည့်အရာကိုမျှ မိမိတို့ဘာသာ မလုပ်ဆောင်ကြသကဲ့သို့ မည်သည့်အရာတွင်မျှလည်း မပါဝင်ကြပေ။ ၎င်းတို့သည် ဟန်ဆောင်လုပ်ပြရုံလုပ်ပြလျက် မေးခွန်းများမေးရန် ဖုန်းခေါ်ဆိုခြင်းကိုသာ ပြုလုပ်ကြပြီး ဖုန်းချလိုက်သည်နှင့်တစ်ပြိုင်နက် အိပ်ရာဝင်ကြပြီး သို့မဟုတ် အနှိပ်ခံကြပြီး ၎င်းတို့၏ ဇာတိပကတိကို စတင်မွေ့လျော်ကြသည်။ ဤလူအမျိုးအစားသည် အမှန်တကယ်တွင် “အလုပ်လုပ်”ရမည့်နည်းလမ်းကို သိကြသည်။ အလုပ်မလုပ်ဘဲနေရန် အခွင့်အရေးများ ရှာဖွေရမည့်ပုံကို အမှန်တကယ် သိကြပြီး ဟန်ဆောင်လုပ်ပြရုံလုပ်ပြပြီး လူတို့ကို လှည့်စားရမည့် နည်းလမ်းအား အမှန်တကယ် သိကြသည်တကား။ ၎င်းတို့က ထိုအစွမ်းအစအနည်းငယ်ရှိခြင်းသည် မည်သည့်အသုံးဝင်မှု ရှိသနည်း။ ၎င်းတို့သည် အလုပ်သို့ရောက်ပြီးနောက် လက်ဖက်ရည်သောက်ခြင်းနှင့် သတင်းစာဖတ်ခြင်းကိုသာ ပြုလုပ်ကြပြီး တစ်နေ့တာ အလုပ်မဆင်းမီမှာပင် မည်သည့်အရာစားရမည်၊ အပန်းဖြေရန် မည်သည့်နေရာသွားရမည်ကို စတင်စဉ်းစားကြသည့် ကွန်မြူနစ်ပါတီ တိုင်းနိုင်ငံတွင်ရှိသော အရာရှိများနှင့် အတူတူပင် ဖြစ်ကြသည်။ ၎င်းတို့အတွက် ဘဝက အမှန်တကယ် ကောင်းမွန်ပေသည်။ ဤသည်မှာ ဤအယောင်ဆောင် ခေါင်းဆောင်အမျိုးအစားက ၎င်းတို့၏အလုပ်တွင် လိုက်နာစောင့်ထိန်းသည့် စည်းမျဉ်းလည်း ဖြစ်သည်။ ၎င်းတို့သည် မည်သည့်ဆင်းရဲဒုက္ခကိုမျှ မခံစားကြ၊ မည်သည့်ပင်ပန်းနွမ်းနယ်မှုကိုမျှ ခါးစည်းမခံကြရသော်လည်း အရာရှိတစ်ဦးကဲ့သို့ ပြုမူကာ အဆင့်အတန်း၏ အကျိုးအမြတ်များကို မွေ့လျော်ခံစားနေကြဆဲဖြစ်ပြီး ညီအစ်ကိုမောင်နှမအများစုက ဤသည်မှာ ပြဿနာတစ်ခုဖြစ်ကြောင်း မမြင်နိုင်ကြပေ။ ဤသည်မှာ ဤအယောင်ဆောင် ခေါင်းဆောင်မျိုးက အလုပ်လုပ်ပုံစံဖြစ်သည်။ ၎င်းတို့သည် လက်တွေ့ကျသောအလုပ်ကို မလုပ်ဆောင်ကြဘဲ အလုပ်ကို နောက်ဆက်တွဲလိုက်လံဆောင်ရွက်ရန်နှင့် စစ်ဆေးရန် လုပ်ငန်းခွင်သို့ မသွားကြပေ။ သို့ဖြစ်လျှင် ၎င်းတို့သည် အလုပ်နှင့်ပတ်သက်သည့် ပြဿနာများကို ရှာဖွေတွေ့ရှိနိုင်သလော။ (မတွေ့ရှိနိုင်ပါ။) ဝိညာဉ်ရေးရာ အတုအယောင်ဖြစ်သော အယောင်ဆောင် ခေါင်းဆောင်များနှင့် ညံ့ဖျင်းသော အစွမ်းအစရှိသည့် အယောင်ဆောင် ခေါင်းဆောင်များသည် မျက်စိဖွင့်ထားလျက်နှင့်ပင် မမြင်မကန်းဖြစ်ကြပြီး ပြဿနာများကို မမြင်နိုင်ကြပေ၊ သို့ဆိုလျှင် ဤအသုံးမကျသော လူစားမျိုးနှင့်ပတ်သက်၍ မည်သို့နည်း။ ၎င်းတို့က “ကျွန်ုပ်သည် လက်တွေ့ကျသောအလုပ်တွင် မပါဝင်ဘဲ ထိုနေရာတွင် အလုပ်လုပ်နေသောလူများနှင့် ပေါင်းသင်းဆက်ဆံရန် လုပ်ငန်းခွင်သို့ မသွားပါ။ ထို့ကြောင့် ပြဿနာများ ပေါ်ပေါက်လာပါက ကျွန်ုပ်သည် မျက်စိဖွင့်ထားလျက်နှင့်ပင် မမြင်မကန်းဖြစ်သည်ဟု သင်ပြော၍မရပါ။ ကျွန်ုပ်သည် လုပ်ငန်းခွင်သို့ မရောက်ခဲ့ဘဲ ပြဿနာများကိုလည်း မမြင်ခဲ့ရပါ။ ထို့ကြောင့် ပြဿနာများ ပေါ်ပေါက်လာပါက ကျွန်ုပ်နှင့် မည်သည့် သက်ဆိုင်မှုရှိသနည်း။ ပါဝင်ပတ်သက်နေသောလူများကို သင် သွားရှာသင့်သည်”ဟု ပြောဆိုကြသည်။ ဤလူများသည် အမှန်တကယ်ပင် ဉာဏ်များကြသည် မဟုတ်လော။ ၎င်းတို့ လုပ်ဆောင်ရမည့်အရာဟူသမျှမှာ အမိန့်များပေးပြီး လူများကို ကောင်းစွာ စီစဉ်ပေးရန်သာ ဖြစ်သည်ဟု ၎င်းတို့ထင်ကြသည်။ ထိုမျှသာဖြစ်ပြီး ထို့နောက်တွင် ၎င်းတို့၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီးဖြစ်ကာ ထို့နောက် ၎င်းတို့၏ အားလပ်ချိန်နှင့် ဖျော်ဖြေရေးအချိန်ကို အရှက်မရှိသည့်ပုံစံဖြင့် မွေ့လျော်ခံစားနိုင်ပြီဟု ထင်ကြသည်။ အောက်တွင် မည်သည့် ပြဿနာများရှိသည်ဖြစ်စေ ၎င်းတို့သည် စုံစမ်းမေးမြန်းခြင်းများ မပြုဘဲ တစ်စုံတစ်ဦးက အထက်သို့ တိုင်ကြားသည့်အခါမှသာ ပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် အလျင်အမြန် လုပ်ဆောင်ကြသည်။ နေ့စဉ်နေ့တိုင်း ၎င်းတို့ အာရုံစိုက်သမျှမှာ အဆင့်အတန်း၏ အကျိုးအမြတ်များကို မွေ့လျော်ခံစားခြင်း၊ နေရာအနှံ့တွင် အေးအေးလူလူ လျှောက်သွားခြင်း၊ အလုပ်ကို စစ်ဆေးဟန်ပြခြင်းတို့ ဖြစ်သော်လည်း ၎င်းတို့သည် အမှန်တွင် ပြဿနာအမှန်တကယ်ရှိသည့်နေရာသို့ လုံးဝ မသွားကြဘဲ အရေးကြီးသောအလုပ်ကိုလည်း မည်သည့်အခါတွင်မျှ မစစ်ဆေးကြပေ။ ဤသည်မှာ ကွန်မြူနစ်ပါတီ အရာရှိများက အပေါ်ယံအဆင့် အားထုတ်မှုများကိုသာ ပြုလုပ်ပြီး ၎င်းတို့ကို လူအမြင်ကောင်းစေမည့် အလုပ်ကိုသာ လုပ်ဆောင်ခြင်းကဲ့သို့ပင် ဖြစ်သည် မဟုတ်လော။ ၎င်းတို့အား ပေးအပ်ထားသည့်အလုပ်ကို လုပ်ဆောင်ရန် ကောင်းမွန်သော ကတိများကို ပေးကြသော်လည်း နောက်ဆက်တွဲလိုက်လံဆောင်ရွက်ခြင်း သို့မဟုတ် ကြီးကြပ်ခြင်း မပြုကြပေ။ လုပ်ငန်းခွင်သို့ သွားလျှင်ပင် လုပ်ရိုးလုပ်စဉ်များကိုသာ လုပ်ဆောင်ကြသည်။ ၎င်းတို့သည် အလုပ်ကို ကိုယ်တိုင် လုံးဝ လုပ်ဆောင်မည်မဟုတ် သို့မဟုတ် ပြဿနာများကို ကိုယ်တိုင် ဖြေရှင်းမည်မဟုတ်ပေ။ ၎င်းတို့က “ဤအရာများကို လုပ်ဆောင်ရန် ငါ ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးရန် မလိုအပ်ပါ။ ထိုနေရာတွင် လုပ်ဆောင်နေသောသူတစ်ဦး ရှိနေခြင်းက လုံလောက်သည်။ မည်သို့ပင်ဖြစ်စေ မည်သည့်ငွေကိုမျှ ရှာနေခြင်းမဟုတ်သောကြောင့် ရုန်းကန်ရပ်တည်နေရုံမျှက ငါ့အတွက် အဆင်ပြေသည်” ဟု စဉ်းစားကြလေသည်။ ဤစိတ်နေစိတ်ထား ရှိသည့်အခါ ၎င်းတို့သည် မိမိတို့၏အလုပ်ကို ကောင်းစွာ လုပ်ဆောင်နိုင်သလော။ ၎င်းတို့က “ငါသည် တစ်ရက်စာ စားဖို့အတွက်သာ အလုပ်လုပ်လိမ့်မည်ဖြစ်ပြီး တစ်နေ့ပြီးတစ်နေ့ ဝတ်ကျေတမ်းကျေပုံစံဖြင့်သာ ငါဖြတ်သန်းမည်”ဟု တွေးလျက် မိမိတို့စိတ်များတွင် ပရိယာယ်လေးတစ်ခု ရှိကြသည်။ သို့တိုင်အောင် ၎င်းတို့သည် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်ကို မည်သည့်အခါတွင်မျှ မလုပ်ဆောင်ကြဘဲ လုပ်ငန်းခွင်တွင် ၎င်းတို့ကို လုံးဝ မမြင်တွေ့ရပေ။ သို့ဆိုလျှင် ၎င်းတို့သည် အဘယ်မှာရှိနေသနည်း။ ၎င်းတို့သည် ကောင်းစွာ စားနိုင်၊ သောက်နိုင်၊ အိပ်နိုင်သည့် လှပပြီး လုံခြုံသောနေရာတစ်ခုတွင် ပုံမှန် ရေချိုးခြင်း၊ ပုံမှန် အနှိပ်ခံခြင်း၊ ပုံမှန် အဝတ်အစားများလဲခြင်းတို့ကို ပြုလုပ်လျက် ပျော်မွေ့နေကြကာ မင်းသားတစ်ပါးကဲ့သို့ နေထိုင်နေကြပြီး မည်သည့်ဆင်းရဲဒုက္ခကိုမျှ လုံးဝ ခါးစည်းမခံစားကြရပေ။ ၎င်းတို့သည် မည်သည့်လက်တွေ့ကျသော အလုပ်ကို လုပ်နိုင်သည်၊ မည်သည့်လက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းနိုင်သည်၊ ဘုရားအိမ်တော်၏ အလုပ်အတွက် မည်သည့် ပံ့ပိုးမှုများ ၎င်းတို့ ပြုလုပ်ပြီးဖြစ်သည်ဟူသည်နှင့် ဤကောင်းမွန်သော အရာအားလုံးကို မွေ့လျော်ခံစားရန် ၎င်းတို့ မည်သို့ အရည်အချင်းပြည့်မီသည်ဟူသည်တို့ကို မည်သည့်အခါတွင်မျှ ဆင်ခြင်သုံးသပ်ခြင်းမရှိပေ၊ ဤအရာတစ်ခုတလေကိုမျှ ၎င်းတို့ လုံးဝ မစဉ်းစားကြပေ။ ဤလူများသည် မည်သည့်အရာများဖြစ်ကြသနည်း။ ဤအယုတ်တမာများတွင် မိမိကိုယ်ကို သတိပြုမိခြင်းမရှိ၊ ၎င်းတို့သည် အရှက်မဲ့သော သတ္တဝါများဖြစ်ကြပြီး အသင်းတော်ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်ရန် မထိုက်တန်ကြပေ။

အယောင်ဆောင် ခေါင်းဆောင်အားလုံးသည် လက်တွေ့ကျသော အလုပ်ကို မည်သည့်အခါမျှ မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် မိမိတို့၏ ခေါင်းဆောင်မှု အခန်းကဏ္ဍက အဆင့်အတန်း၏ အကျိုးအမြတ်များကို ခံစားရသည့် အရာရှိရာထူးတစ်ခုကဲ့သို့ ပြုမူကြပြီး ခေါင်းဆောင်တစ်ဦးအနေဖြင့် ထမ်းဆောင်သင့်သည့် တာဝန်နှင့် လုပ်ဆောင်သင့်သည့် အလုပ်ကို ဝန်ထုပ်ဝန်ပိုးတစ်ခုကဲ့သို့၊ အနှောင့်အယှက်တစ်ခုကဲ့သို့ သဘောထားကြသည်။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် အသင်းတော်၏ အလုပ်အပေါ် အတိုက်အခံလုပ်ခြင်းဖြင့် ပြည့်လျှံနေသည်။ အလုပ်ကို ကြီးကြပ်ရန်နှင့် အလုပ်အတွင်းတွင် နောက်ဆက်တွဲလိုက်လံဆောင်ရွက်ပြီး ဖြေရှင်းရန် လိုအပ်သည့် မည်သည့်ပြဿနာများ တည်ရှိသည်ကို လေ့လာရန် စေခိုင်းခြင်းခံရသည့်အခါ ၎င်းတို့သည် မလိုလားခြင်းဖြင့် ပြည့်နေကြသည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရမည့် အလုပ်ဖြစ်သည်၊ ဤသည်မှာ ၎င်းတို့၏ အလုပ်ဖြစ်သည်။ အကယ်၍ သင် မလုပ်ဆောင်ဘဲ လုပ်ဆောင်ရန်လည်း လိုလားခြင်း မရှိပါက အဘယ်ကြောင့် သင်သည် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်လိုနေသေးသနည်း။ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားရန်အလို့ငှာ သင်၏တာဝန်ကို ထမ်းဆောင်သလော၊ သို့မဟုတ် အရာရှိတစ်ဦးဖြစ်ရန်နှင့် အဆင့်အတန်း၏ အကျိုးအမြတ်များကို ခံစားရန်အလို့ငှာ ဖြစ်သလော။ အကယ်၍ သင်သည် အရာရှိရာထူးတစ်ခုခုကို စွဲကိုင်နိုင်ရန်အလို့ငှာသာ ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည်ဆိုလျှင် ယင်းမှာ အနည်းငယ် အရှက်မရှိရာကျသည် မဟုတ်လော။ ဤလူစားမျိုးတွင် အနိမ့်ကျဆုံးသော ကိုယ်ကျင့်စရိုက်ရှိသည်၊ ဂုဏ်သိက္ခာမရှိဘဲ အရှက်လည်းမရှိပေ။ အကယ်၍ သင်သည် ဇာတိပကတိဆိုင်ရာ သက်သောင့်သက်သာဖြစ်ခြင်းကို မွေ့လျော်ခံစားလိုပါက လောကသို့ အမြန်ပြန်သွားသင့်ပြီး သင်တတ်နိုင်သည့်အတိုင်း ယှဉ်ပြိုင်လော့၊ အတင်းအကျပ် ရယူလော့၊ ပြီးလျှင် သိမ်းပိုက်လော့။ မည်သူကမျှ ယင်းကို ဝင်ရောက်စွက်ဖက်လိမ့်မည် မဟုတ်ပေ။ ဘုရားအိမ်တော်သည် ဘုရားသခင် ရွေးချယ်ထားသောလူများက မိမိတို့၏ တာဝန်များကို ထမ်းဆောင်ပြီး သူ့ကိုဝတ်ပြုကိုးကွယ်ရန်အတွက် နေရာတစ်ခုဖြစ်သည်။ လူများက သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခြင်းကို ရရှိရန်အတွက် နေရာတစ်ခုဖြစ်သည်။ ယင်းသည် လူတို့အား မင်းသားများကဲ့သို့ အသက်ရှင်ခွင့်ပေးသည့် နေရာတစ်ခုဖြစ်ဖို့မဆိုထားနှင့်၊ တစ်ဦးတလေက ဇာတိပကတိဆိုင်ရာ သက်သောင့်သက်သာဖြစ်ခြင်းကို မွေ့လျော်ခံစားရန်အတွက် နေရာတစ်ခု မဟုတ်ပေ။ အယောင်ဆောင် ခေါင်းဆောင်များသည် အရှက်တရားကိုမသိကြ၊ ၎င်းတို့သည် အရှက်တရား ကင်းမဲ့နေပြီး ဆင်ခြင်တုံတရား မရှိကြပေ။ ၎င်းတို့အား မည်သည့် တိကျသောအလုပ်ကို တာဝန်ပေးသည်ဖြစ်စေ ၎င်းတို့သည် အလေးအနက်မထားဘဲ လျစ်လျူရှုထားလိုက်ကြသည်။ ၎င်းတို့သည် စကားလုံးများဖြင့် အလွန်ကောင်းစွာ တုံ့ပြန်သော်လည်း လက်တွေ့ကျသောအရာ တစ်ခုကိုမျှ မလုပ်ဆောင်ကြပေ။ ဤသည်မှာ အကျင့်ပျက်ခြင်း မဟုတ်လော။ ၎င်းတို့သည် လက်တွေ့ကျသောအလုပ်ကို မလုပ်ဆောင်သည်သာမက တစ်ဦးတည်း အာဏာကိုလည်း ရှိချင်ကြသည်။ ဘဏ္ဍာရေး၊ လူပုဂ္ဂိုလ်ရေးရာနှင့် အခြားကိစ္စရပ်အားလုံးအပေါ် အာဏာကို မိမိတို့လက်ထဲတွင် ကိုင်စွဲထားလိုပြီး လူများကို နေ့တိုင်း ၎င်းတို့ထံ အစီရင်ခံစေလိုကြသည်။ ဤအရာများနှင့်ပတ်သက်လာသည့်အခါ ၎င်းတို့သည် အမှန်တကယ်ပင် အလွန်လုံ့လဝီရိယရှိကြသည်။ အထက်သို့ အလုပ်အကြောင်း အစီရင်ခံရန် အချိန်ကျရောက်လာသောအခါ အလုပ်ကို အလွန်ပင် ကောင်းမွန်စွာ ၎င်းတို့ လုပ်ဆောင်ခဲ့သည်ဟု အထက်ကမှားယွင်းစွာ ယုံကြည်သွားရန်အလို့ငှာ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ လုပ်ဆောင်ခဲ့သော အလုပ်၏ ရလဒ်အားလုံးကို မိမိတို့လုပ်ဆောင်ခဲ့သည်ဟု မှတ်ယူစေကြရာ အမှန်တကယ်တွင် အခြားသူများကသာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဧဝံဂေလိတရားကို ဟောပြောခြင်းမှတစ်ဆင့် လူမည်မျှကို ရရှိပြီးဖြစ်သည်၊ မည်သည့်လူများကို ရာထူးတိုးပေးပြီး ပျိုးထောင်ပေးနေသည်၊ မည်သည့်လူများကို ရာထူးမှ ဖြုတ်ချပြီးဖြစ်သည်၊ မည်သည့်လူများကို ရှင်းလင်းပစ်ပြီးဖြစ်သည် စသည်ဖြင့် ဤတိကျသော အလုပ်တာဝန်များထဲမှ တစ်ခုကိုမျှ ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်းမဟုတ်သော်လည်း ၎င်းတို့က ထိုအရာများကို တင်ပြရဲကြဆဲဖြစ်သည်။ ဤလူများသည် အရှက်တရား ကင်းမဲ့နေကြသည် မဟုတ်လော။ ၎င်းတို့သည် လှည့်ဖြားနေကြသည် မဟုတ်လော။ ထိုသို့သောလူများသည် အလွန် လှည့်ဖြားတတ်ပြီး ကောက်ကျစ်စဉ်းလဲကြပါတကား။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ပါးနပ်သည်ဟု ထင်ကြသည်၊ ဤသည်မှာ အမှန်တကယ်ပင် ကိုယ့်ရှူးကိုယ်ပတ်ကြခြင်းပင် ဖြစ်ပြီး အဆုံးတွင် ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထုတ်ဖော်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းကို ခံကြရလေသည်။ လူအချို့သည် မည်သည့်အလုပ်ကို လုပ်သည်ဖြစ်စေ၊ မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ စွမ်းရည်မရှိပေ။ ယင်းကို မထမ်းရွက်နိုင်ပေ။ ပြီးလျှင် ၎င်းတို့သည် လူတစ်ယောက် ဖြည့်ဆည်းသင့်သည့် မည်သည့်တာဝန်ကိုမဆို၊ မည်သည့်ဝတ္တရားကိုမဆို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်စွမ်းမရှိပေ။ ၎င်းတို့သည် အမှိုက်သရိုက် မဟုတ်လော။ ၎င်းတို့ကို လူသားဟု ခေါ်ထိုက်သေးသလော။ ခြွင်းချက်အနေဖြင့် ငနုံ၊ ငအ၊ စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းသူများနှင့် ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းသူများမှလွဲ၍ မိမိတို့၏ တာဝန်များကို မထမ်းဆောင်သင့်သော၊ မိမိတို့၏ ဝတ္တရားများကို ကောင်းမွန်စွာ မဖြည့်ဆည်းသင့်သော အသက်ရှင်သူ တစ်ဦးတလေရှိသလော။ သို့သော် ဤသို့သောသူမျိုးသည် အစဉ်စဉ်းလဲပြီး အချောင်ခိုသည်။ ပြီးလျှင် မိမိတာဝန်တို့ကို ကောင်းမွန်စွာ မဖြည့်ဆည်းလိုပေ။ သွယ်ဝိုက်ညွှန်းဆိုသည်မှာ ၎င်းတို့သည် မှန်ကန်သော လူသားတစ်ဦး မဖြစ်လိုပေ။ ဘုရားသခင်က ၎င်းတို့ကို လူသားတစ်ဦးဖြစ်ရန် အခွင့်အလမ်းပေးခဲ့သည်။ အစွမ်းအစနှင့် ဆုကျေးဇူးများပေးခဲ့သည်။ သို့တိုင်အောင် ဤအရာတို့ကို မိမိတို့၏တာဝန် ထမ်းဆောင်ခြင်း၌ ၎င်းတို့ အသုံးမပြုနိုင်ပေ။ ၎င်းတို့သည် မည်သည့်အရာကိုမျှ မလုပ်ဆောင်ဘဲ အချိန်တိုင်း ဇိမ်ခံမှုကို အလွန်ခံစားလိုသည်။ ဤသို့သောသူတစ်ဦးသည် လူသားဟု ခေါ်ခံရရန် ထိုက်တန်သလော။ မည်သည့်အလုပ်ကို ၎င်းတို့အား ပေးသည်ဖြစ်စေ၊ အရေးကြီးသည်ဖြစ်စေ၊ သာမန်ဖြစ်သည်ဖြစ်စေ၊ ခက်ခဲသည်ဖြစ်စေ၊ ရိုးရှင်းသည်ဖြစ်စေ ၎င်းတို့သည် အစဉ် ဝတ်ကျေတမ်းကျေဆန်ပြီး စိတ်မချရကာ အချောင်ခိုကြသည်။ ပြဿနာများဖြစ်ပေါ်သောအခါ ၎င်းတို့၏တာဝန်ကို အခြားလူများဆီသို့ တွန်းပို့၍ ခေါင်းရှောင်ဖို့ ကြိုးစားပြီး တာဝန်ယူခြင်းမရှိပေ။ ပြီးလျှင် ၎င်းတို့၏ ကပ်ပါးရပ်ပါးဘဝများကို ဆက်လက်အသက်ရှင်လိုသည်။ ၎င်းတို့သည် အသုံးမဝင်သော အမှိုက်များ မဟုတ်လော။ လူ့အဖွဲ့အစည်းတွင် ငွေရှာရန် မည်သူက မိမိကိုယ်ကို မမှီခိုရသနည်း။ လူတစ်ဦးသည် အရွယ်ရောက်သည်နှင့် ကိုယ့်ဝမ်းစာကိုယ် ရှာရမည်။ သူ၏ မိဘများက ၎င်းတို့၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီး ဖြစ်သည်။ သူ၏မိဘများက သူ့အား ထောက်ပံ့လိုစိတ်ရှိလျှင်ပင် သူသည် ယင်းနှင့်ပတ်သက်ပြီး စိတ်အေးလိမ့်မည်မဟုတ်။ သူ၏မိဘများသည် သူ့ကို ပျိုးထောင်သည့်တာဝန်ကို ပြီးဆုံးသွားပြီဖြစ်သည်ကိုလည်းကောင်း၊ သူသည် ကျန်းမာသန်စွမ်းသော အရွယ်ရောက်သူတစ်ဦးဖြစ်ပြီး အမှီအခိုကင်းစွာ အသက်ရှင်နိုင်သင့်သည်ကိုလည်းကောင်း သဘောပေါက်နိုင်အပ်သည်။ ဤသည်မှာ အရွယ်ရောက်သူတစ်ဦးတွင် အနည်းဆုံးရှိသင့်သည့် ဆင်ခြင်တုံတရားမဟုတ်လော။ တစ်စုံတစ်ယောက်က အမှန်ပင် ဆင်ခြင်တုံတရားရှိလျှင် သူ၏မိဘများထံ ဆက်လက်၍ ကပ်စားနေဖို့ မဖြစ်နိုင်ပေ။ သူသည် အခြားလူများက လှောင်ပြောင်မည်ကိုဖြစ်စေ၊ သူ သိက္ခာကျမည်ကိုဖြစ်စေ ကြောက်ရွံ့လိမ့်မည်။ ထို့ကြောင့် သက်သာခြင်းကို ခုံမင်နှစ်သက်ပြီး အလုပ်ကိုမုန်းတီးသောသူသည် ဆင်ခြင်တုံတရားရှိသလော။ (မရှိပါ။) ၎င်းတို့သည် အစဉ်သဖြင့် တစ်စုံတစ်ခုကို အလကား လိုချင်သည်။ မည်သည့်တာဝန်ကိုမျှ ကောင်းမွန်စွာ ဖြည့်ဆည်းလိုခြင်း လုံးဝ မရှိဘဲ ချိုချဉ်များက ကောင်းကင်မှ ကြွေကျပြီး ၎င်းတို့၏ ပါးစပ်ထဲသို့ ကျရောက်စေလိုသည်။ ၎င်းတို့သည် အစဉ်သဖြင့် တစ်ရက်တွင် သုံးနပ်ကောင်းကောင်း စားလိုသည်။ တစ်စုံတစ်ယောက်အား ၎င်းတို့ကို အစဉ် လိုလေသေးမရှိ ပြုစုပေးစေလိုသည်။ ပြီးလျှင် အလုပ် တစ်စက်မျှ မလုပ်ဘဲ အစားအသောက်ကောင်းတို့ကို မွေ့လျော်လိုသည်။ ဤသည်မှာ ကပ်ပါးကောင်တစ်ကောင်၏ စိတ်နေစိတ်ထားမဟုတ်လော။ ကပ်ပါးကောင်ဖြစ်သော လူတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသလော။ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာရှိသလော။ လုံးဝမရှိ။ ၎င်းတို့အားလုံးသည် ကပ်စားသည့် အသုံးမကျသောလူများ ဖြစ်ကြသည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရားမရှိသော သားရဲတိရစ္ဆာန်များဖြစ်ကြသည်။ ၎င်းတို့ထဲမှ မည်သူမျှ ဘုရားအိမ်တော်တွင် ကျန်ရှိနေဖို့ မထိုက်တန်ပေ။

အသင်းတော်က သင့်အတွက် အလုပ်တစ်ခုကို စီစဉ်ပေးသည် ဆိုပါစို့။ ပြီးရင် သင်က “အဲဒီအလုပ်က ငါ့ကို အာရုံစိုက်မှု ရရှိခွင့်ပေးတဲ့အလုပ် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အဲဒါကို ငါ့အတွက် ပေးထားပြီးပြီဖြစ်တဲ့အတွက် ငါ ကောင်းကောင်းမွန်မွန် လုပ်ပြီး ဒီတာဝန်ကို ငါ ထမ်းရွက်မယ်။ ငါက ဧည့်ခံတာကို လုပ်ဖို့ စီစဉ်ပေးတာခံရရင် အဲဒါကို ကောင်းကောင်းမွန်မွန် လုပ်ဖို့ ငါ အစွမ်းကုန် ကြိုးစားမယ်။ ညီအစ်ကိုမောင်နှမတွေကို ငါ ကောင်းကောင်းမွန်မွန် စောင့်ရှောက်မယ်၊ ပြီးတော့ လူတိုင်း ဘေးကင်းရေးအတွက် သေချာအောင် အစွမ်းကုန် လုပ်မယ်။ ဧဝံဂေလိ ဟောကြားဖို့ စီစဉ်ပေးတာ ခံရရင် ကိုယ့်ကိုယ်ကိုယ် သမ္မာတရားနဲ့ ပြင်ဆင်ပြီး ဧဝံဂေလိကို မေတ္တာနဲ့ ကောင်းကောင်းမွန်မွန် ဟောကြားတဲ့အပြင် ကိုယ့်တာဝန်ကို ကောင်းကောင်းမွန်မွန် ဖြည့်ဆည်းမယ်။ ငါက နိုင်ငံခြားဘာသာစကား သင်ယူဖို့ စီစဉ်ပေးတာ ခံရရင် အဲဒါကို စိတ်နှလုံးအကြွင်းမဲ့ လေ့လာပြီး ကြိုးစားမယ်၊ နိုင်ငံခြားသားတွေဆီမှာ ဘုရားသခင်နဲ့ပတ်သက်ပြီး သက်သေခံနိုင်ဖို့အတွက် တစ်နှစ် ဒါမှမဟုတ် နှစ်နှစ် အတွင်းမှာ အဲဒါကို အမြန်ဆုံး ကျွမ်းကျင်လာအောင် ကြိုးစားမယ်။ သက်သေခံချက်ဆောင်းပါးတွေရေးဖို့ ငါ့ကို တောင်းဆိုရင် အဲဒီလိုလုပ်ဖို့အတွက် တာဝန်သိသိနဲ့ ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်မယ်၊ ကိစ္စတွေကို သမ္မာတရားစည်းမျဉ်းတွေနဲ့အညီ ရှုမြင်မယ်။ ပြီးတော့ ဘာသာစကားအကြောင်း သင်ယူမယ်။ လှပတဲ့ စကားပြေတွေနဲ့ ဆောင်းပါးတွေကို ငါ မရေးကောင်းမရေးနိုင်ပေမဲ့ အနည်းဆုံးတော့ ငါ့ရဲ့ အတွေ့အကြုံတွေနဲ့ ဆိုင်တဲ့ သက်သေခံချက်ကို ရှင်းရှင်းလင်းလင်း ဆွေးနွေးပြောဆိုနိုင်မှာပဲ။ သမ္မာတရားအကြောင်းကို နားလည်နိုင်အောင် မိတ်သဟာယဖွဲ့နိုင်မယ်။ ဘုရားသခင်ကို စစ်မှန်တဲ့ သက်သေကို ခံနိုင်မယ်။ ဒီလိုနဲ့ လူတွေက ငါ့ဆောင်းပါးတွေကို ဖတ်လို့ တည်ဆောက်စရာဖြစ်ပြီး အကျိုးဖြစ်ကြမယ်။ အသင်းတော်က ငါ့ကို ဘာအလုပ်မျိုးပဲ ချပေးပါစေ ငါ့ရဲ့ စိတ်နှလုံး၊ အားအင်ရှိသမျှနဲ့ တာဝန်ယူဆောင်ရွက်မယ်။ ငါနားမလည်တာ တစ်ခုခုရှိရင်၊ ပြဿနာတစ်ခုဖြစ်လာရင် ဘုရားသခင်ဆီကို ဆုတောင်းမယ်၊ သမ္မာတရားကို ရှာမယ်။ သမ္မာတရား စည်းမျဉ်းတွေနဲ့အညီ ပြဿနာတွေကို ဖြေရှင်းပြီး အလုပ်ကို ကောင်းကောင်းလုပ်မယ်။ ငါ့တာဝန်က ဘာပဲဖြစ်ပါစေ ကောင်းကောင်းထမ်းဆောင်ပြီး ဘုရားကို ကျေနပ်စေဖို့ အစွမ်းကုန် ဆောင်ရွက်မယ်။ ငါစွမ်းဆောင်နိုင်တဲ့ ဘယ်အရာမဆိုအတွက် ငါခံယူသင့်တဲ့ တာဝန်တွေအားလုံးကို တာဝန်ယူဖို့ အကောင်းဆုံးလုပ်မယ်။ အနည်းဆုံးအနေနဲ့ ငါ့ရဲ့ အသိစိတ်၊ ဆင်ခြင်တုံတရားကို ဆန့်ကျင်မှာမဟုတ်ဘူး။ ဝတ်ကျေတမ်းကျေမလုပ်ဘူး။ စိတ်မချရအောင် မနေဘဲ မခိုကပ်ဘူး၊ ဒါမှမဟုတ် သူများတွေ အလုပ်ကြိုးစားပြီး ရထားတဲ့ အသီးအပွင့်တွေကို မမွေ့လျော်ဘူး။ ငါလုပ်တဲ့ ဘယ်အရာကမှ အသိစိတ်ရဲ့ စံနှုန်းထက် နိမ့်ကျမှာမဟုတ်ဘူး” ဟူ၍ ပြောသည်ဆိုပါစို့။ ဤသည်မှာ လူသားကျင့်ကြံပြုမူမှု၏ အနည်းဆုံးစံနှုန်းဖြစ်သည်။ ဤသို့သောပုံစံဖြင့် တာဝန်ထမ်းဆောင်သောသူသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ရှိသောသူအဖြစ် အရည်အချင်းပြည့်မီနိုင်သည်။ သင်သည် အနည်းဆုံးအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် လိပ်ပြာလုံရမည်။ အနည်းဆုံးအနေဖြင့် သင်၏ တစ်ရက် ထမင်းသုံးနပ်ဖြင့် ထိုက်တန်ရမည်ဖြစ်ပြီး ကပ်ပါးရပ်ပါး မလုပ်ရ။ ဤသည်မှာ တာဝန်သိစိတ်ရှိခြင်းဟု ခေါ်သည်။ သင်၏ အစွမ်းအစက မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ၊ သမ္မာတရားကို သင်နားလည်ခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မည်သို့ပင်ဆိုစေ သင်သည် ဤသဘောထားရှိရမည်။ “ဒီအလုပ်ကို ငါ့ကို ပေးထားတဲ့အတွက် ငါ အလေးအနက် သဘောထားရမယ်။ ငါ့ရဲ့ အရေးကိစ္စအဖြစ် မှတ်ယူပြီး ကောင်းကောင်းလုပ်ဆောင်ဖို့ ငါ့ရဲ့ စိတ်နှလုံးနဲ့ အင်အားရှိသမျှကို အသုံးပြုရမယ်။ လုံးဝ ကောင်းကောင်း လုပ်နိုင်မလားဆိုတာကတော့ အာမခံနိုင်တယ်လို့ ယူဆလို့ မဖြစ်ဘူး။ ဒါပေမဲ့ ငါ့သဘောထားကတော့ ကောင်းကောင်းပြီးဖို့အတွက် အကောင်းဆုံးလုပ်မယ်။ အဲဒါနဲ့ ပတ်သက်လို့ ဝတ်ကျေတမ်းကျေဆန်တာမျိုး သေချာပေါက် ဖြစ်မှာမဟုတ်ဘူး။ အလုပ်မှာ ပြဿနာတစ်ခုဖြစ်လာရင် တာဝန်ယူသင့်တယ်။ အဲဒီကနေ သေချာပေါက် သင်ခန်းစာယူပြီး ငါ့တာဝန်ကို ကောင်းကောင်းထမ်းဆောင်ရမယ်”ဟူ၍ ဖြစ်သည်။ ဤသည်မှာ မှန်ကန်သော သဘောထားဖြစ်သည်။ သင်တို့တွင် ထိုသို့သော သဘောထားတစ်ခုရှိသလော။ လူအချို့ကပြောသည်။ “ငါ့ကို တာဝန်ချပေးတဲ့အလုပ်မှာ မဖြစ်မနေ ကောင်းကောင်းလုပ်ဖို့ မလိုပါဘူး။ ငါ တတ်နိုင်တာကိုပဲ လုပ်မယ်။ နောက်ဆုံးရလဒ်က သူဖြစ်ဖို့ရှိတဲ့အတိုင်း ဖြစ်လာမှာပဲ။ ကိုယ့်ကိုယ်ကိုယ် အရမ်း အပင်ပန်းခံဖို့ မလိုဘူး၊ ဒါမှမဟုတ် တစ်ခုခုမှားလုပ်မိရင် စိတ်ပူပြီး သောကရောက်နေဖို့မလိုဘူး။ ဖိအားတွေ အများကြီး ယူဖို့ မလိုပါဘူး။ ကိုယ့်ကိုယ်ကိုယ် အရမ်း အပင်ပန်းခံတော့ ဘာအကျိုးရှိလဲ။ တကယ်တမ်းတော့ ငါက အမြဲတမ်း အလုပ်လုပ်နေတာပဲ။ အလကားကပ်စားနေတာ မဟုတ်ဘူး” ဟူ၍ ဖြစ်သည်။ မိမိတာဝန်အပေါ် ဤသို့သော သဘောထားမျိုးသည် တာဝန်မသိတတ်ခြင်းဖြစ်၏။ “ငါ အလုပ်လုပ်ချင်စိတ်ရှိရင် နည်းနည်းလုပ်မယ်။ ငါတတ်နိုင်တာကိုပဲ လုပ်မယ်။ နောက်ဆုံးရလဒ်က သူဖြစ်ဖို့ရှိတဲ့အတိုင်း ဖြစ်လာမှာပဲ။ အဲဒါကို အရမ်းအလေးအနက်ထားစရာ မလိုပါဘူး” ဟူ၍ ဖြစ်သည်။ ထိုသို့သောလူများသည် ၎င်းတို့တာဝန်အပေါ် သိတတ်သော သဘောထားမရှိဘဲ တာဝန်ယူစိတ် မရှိကြပေ။ သင်တို့သည် မည်သို့သောသူမျိုးဖြစ်သနည်း။ ပထမအမျိုးအစားဖြစ်လျှင် သင်တို့သည် ဆင်ခြင်တုံတရားနှင့် လူ့သဘာဝရှိသောသူများဖြစ်သည်။ ဒုတိယအမျိုးအစားဖြစ်လျှင် သင်တို့သည် ငါ ယခုပင် ပိုင်းခြားစိစစ်ခဲ့သော အယောင်ဆောင်ခေါင်းဆောင် အမျိုးအစားနှင့် ကွာခြားမှုမရှိပေ။ သင်တို့သည် သင်တို့၏ နေ့ရက်များကို အလဟဿ နေနေခြင်းသာ ဖြစ်သည်။ “ငါ ပင်ပန်းတာတွေ၊ ဆင်းရဲဒုက္ခတွေကို ရှောင်မယ်။ ပိုပြီး ပျော်ပျော်နေမယ်။ တစ်နေ့မှာ ငါ ဖြုတ်ချခံရရင်တောင် ဘာကိုမှ ဆုံးရှုံးခဲ့မှာမဟုတ်ဘူး။ အနည်းဆုံးတော့ ဂုဏ်အဆင့်အတန်းရဲ့ အကျိုးအမြတ်များကို သုံးလေးရက်လောက် ခံစားခဲ့ရမှာပဲ။ ဒါ ငါ့အတွက် ဆုံးရှုံးမှု ဖြစ်ခဲ့မှာမဟုတ်ဘူး။ ငါခေါင်းဆောင်အဖြစ် အရွေးခံရရင် ဒါ ငါလုပ်မယ့်နည်းလမ်းပဲ” ဟူ၍ ဖြစ်သည်။ ဤသို့သော လူစားမျိုး၏ စိတ်နေစိတ်ထားကို သင် အဘယ်သို့ထင်မြင်သနည်း။ ထိုသို့သော လူများသည် သမ္မာတရားကို စိုးစဉ်းမျှ မလိုက်စားသည့် မယုံကြည်သူများဖြစ်သည်။ သင်သည် တာဝန်ယူစိတ် အမှန်တကယ် ရှိလျှင် ယင်းမှာ သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိကြောင်း ပြလေသည်။ တာဝန်က မည်မျှကြီးသည်၊ ငယ်သည်ဖြစ်စေ၊ မည်သူက သင့်အား ထိုတာဝန်ကို ချပေးသည်ဖြစ်စေ၊ ဘုရားအိမ်တော်က သင့်ကို အပ်နှံသည်ဖြစ်စေ၊ အသင်းတော်ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်က သင့်ကို တာဝန်ချပေးသည်ဖြစ်စေ သင်၏ သဘောထားက “ငါ့ကို ဒီတာဝန် ချပေးတဲ့အတွက် အဲဒါဟာ ဘုရားရဲ့ ချီးမြှောက်ခြင်း၊ ကျေးဇူးတော်ပဲ။ သမ္မာတရားစည်းမျဉ်းတွေနဲ့အညီ ကောင်းကောင်းလုပ်သင့်တယ်။ ငါက သာမန်အစွမ်းအစ ရှိပေမဲ့ ဒီတာဝန်ကို ယူပြီး ကောင်းကောင်းလုပ်ဖို့ အစွမ်းကုန်လုပ်ချင်စိတ်ရှိတယ်။ ငါလုပ်တာ မကောင်းရင် တာဝန်ခံသင့်တယ်။ ငါလုပ်တာကောင်းရင် ဒါဟာ ငါ့အတွက် နာမည်ကောင်း ရဖို့ မဟုတ်ဘူး။ ဒါ ငါလုပ်သင့်တဲ့အရာပဲ” ဟူ၍ ဖြစ်သင့်သည်။ မိမိတာဝန်အပေါ် သဘောထားသည့်ပုံစံသည် စည်းမျဉ်းနှင့်ဆိုင်သည်ဟု အဘယ်ကြောင့် ငါဆိုသနည်း။ သင်သည် အမှန်တကယ်ပင် တာဝန်သိစိတ်ရှိပြီး တာဝန်သိတတ်သောသူဖြစ်လျှင် အသင်းတော်အလုပ်ကို တာဝန်ယူနိုင်မည်ဖြစ်ပြီး သင်ထမ်းဆောင်သင့်သည့် တာဝန်ကို ထမ်းဆောင်နိုင်လိမ့်မည်။ သင်၏တာဝန်ကို ပေါ့ပေါ့တန်တန် မှတ်ယူပါက ဘုရားသခင်ကို ယုံကြည်မှုအပေါ် သင်၏ အမြင်သည် မမှန်ကန်ပေ။ ဘုရားသခင်နှင့် သင်၏တာဝန်အပေါ် သင်၏ သဘောထားတွင် ပြဿနာရှိပေသည်။ သင်၏တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် သင်၏အမြင်မှာ ဝတ်ကျေတမ်းကျေ လုပ်ဆောင်ရန်နှင့် အိုးနင်းခွက်နင်းဖြင့်ပင် ပြီးမြောက်သွားရန်သာ ဖြစ်ပြီး ယင်းသည် သင်လုပ်ဆောင်လိုသည့်အရာဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ သင် ကျွမ်းကျင်သည့်အရာဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ သင်သည် တော်စွလျော်စွ ကြုံရာကျပန်းလုပ်သည့် သဘောထားဖြင့် အမြဲချဉ်းကပ်သည်။ ထို့ကြောင့် သင်သည် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ရန် မသင့်တော်ဘဲ အသင်းတော်အလုပ်ကို လုပ်ဆောင်ရန် မထိုက်တန်ပေ။ ထို့အပြင် အလွန် တဲ့တိုးပြောရလျှင် သင်တို့ကဲ့သို့ လူများသည် အသုံးမကျသူများ၊ မည်သည့်အရာကိုမျှ စွမ်းဆောင်ရရှိခြင်း မရှိဖို့ သေချာပြီး အသုံးမကျသော လူများသာ ဖြစ်ကြသည်။ အသုံးမကျသောသူများဆိုသည်မှာ မည်သို့သောလူစားမျိုးများ ဖြစ်သနည်း။ နားဝေတိမ်တောင်ဖြစ်သောသူများ၊ မိမိတို့၏ နေ့ရက်များကို အချိန်ဖြုန်းနေသောသူများ ဖြစ်ကြသည်။ ဤသို့သော လူစားမျိုးသည် ၎င်းတို့လုပ်ဆောင်သည့် မည်သည့်အရာတွင်မဆို တာဝန်ယူစိတ်မရှိသကဲ့သို့ ယင်းကို အလေးအနက်လည်းမထားပေ။ ၎င်းတို့သည် အရာခပ်သိမ်းကို ကမောက်ကမဖြစ်စေသည်။ သင်သည် သမ္မာတရားကို မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ ၎င်းတို့သည် သင်၏စကားများကို ဂရုမစိုက်ကြပေ။ ၎င်းတို့က ဤသို့ တွေးထင်ကြသည်။ “ကျွန်ုပ်ကတော့ ဤကဲ့သို့သာ ဖြစ်သလိုနေသွားမည်။ သင်ကြိုက်သလိုသာ ပြောတော့။ မည်သို့ပင်ဖြစ်စေ၊ ယခုလောလောဆယ် ကျွန်ုပ်သည် မိမိ၏တာဝန်ကို ထမ်းဆောင်နေပြီး စားစရာလည်းရှိသည်၊ ယင်းမှာ တော်လောက်ပါပြီ။ အနည်းဆုံးအနေဖြင့် ကျွန်ုပ် သူတောင်းစားတစ်ယောက် ဖြစ်စရာမလိုပါ။ တစ်နေ့နေ့ ကျွန်ုပ်၌ စားစရာမရှိတော့လျှင် ထိုအခါကျမှ စဉ်းစားပါမည်။ ကောင်းကင်ဘုံသည် လူသားအတွက် ထွက်ပေါက်တစ်ခုကို အစဉ်သဖြင့် ချန်ထားပေးလိမ့်မည်။ ကျွန်ုပ်တွင် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား မရှိဟုလည်းကောင်း၊ နားဝေတိမ်တောင်ဖြစ်သောသူ ဖြစ်သည်ဟုလည်းကောင်း သင်ပြောသည်၊ ထိုသို့ဆိုလျှင်လည်း မည်သည့်ကိစ္စရှိသနည်း။ ကျွန်ုပ်က ဥပဒေကို ချိုးဖောက်ခဲ့ခြင်းမရှိပါ။ အလွန်ဆုံးအနေဖြင့် ကျွန်ုပ်သည် ကိုယ်ကျင့်စရိုက် အနည်းငယ် ပေါ့ပျက်နေခြင်းသာ ဖြစ်သည်၊ သို့သော် ယင်းမှာ ကျွန်ုပ်အတွက် ဆုံးရှုံးမှုမဟုတ်ပါ။ စားစရာရှိနေသမျှ ကာလပတ်လုံး အဆင်ပြေပါသည်”ဟူ၍ ဖြစ်၏။ ဤအမြင်ရှုထောင့်ကို သင်တို့ မည်သို့ထင်သနည်း။ သင်တို့ကို ငါပြောမည်၊ မိမိတို့၏ နေ့ရက်များကို အချိန်ဖြုန်းနေသော ဤကဲ့သို့ နားဝေတိမ်တောင်ဖြစ်သောသူများသည် ဖယ်ရှားရှင်းလင်းခြင်းခံရရန် ကံပါပြီးဖြစ်ကြကာ ၎င်းတို့သည် ကယ်တင်ခြင်းကို မည်သည့်နည်းနှင့်မျှ မရရှိနိုင်ပေ။ ဘုရားသခင်ကို နှစ်အတော်ကြာ ယုံကြည်ခဲ့ပြီးဖြစ်သော်လည်း သမ္မာတရားတစ်ခုတလေကိုမျှ မည်သည့်အခါမျှ လက်မခံခဲ့ဘဲ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များမရှိသောသူအားလုံးသည် ဖယ်ရှားရှင်းလင်းခြင်းခံရမည် ဖြစ်သည်။ တစ်ယောက်မျှ ရှင်သန်ကျန်ရစ်မည် မဟုတ်ပေ။ အမှိုက်များနှင့် အသုံးမကျသူများသည် အလကားကပ်စားနေသူများသာဖြစ်ပြီး ၎င်းတို့သည် ဖယ်ရှားရှင်းလင်းခြင်းခံရရန် ကံကြမ္မာပါပြီးဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ကပ်ရပ်သောက်နေသူများသာ ဖြစ်ပါက ၎င်းတို့ကို သာ၍ပင် ဖြုတ်ချပြီး ဖယ်ရှားရှင်းလင်းရမည်ဖြစ်သည်။ ဤကဲ့သို့ နားဝေတိမ်တောင် ဖြစ်သောသူများသည် ခေါင်းဆောင်များ၊ အမှုဆောင်များ ဖြစ်ချင်နေကြသေးသည်၊ ၎င်းတို့သည် မထိုက်တန်ပေ။ ၎င်းတို့သည် မည်သည့်လက်တွေ့ကျသော အလုပ်ကိုမျှ မလုပ်ဆောင်ကြသည့်တိုင် ခေါင်းဆောင်များ ဖြစ်ချင်နေကြသေးသည်။ ၎င်းတို့သည် အမှန်တကယ်ပင် အရှက်မရှိကြပေ။

ခေါင်းဆောင်များနှင့် အမှုဆောင်အချို့သည် မိမိတို့၏ရာထူးများမှ ဖြုတ်ချခြင်းခံရပြီးနောက်တွင် ၎င်းတို့က “ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦး မဖြစ်ရခြင်းက သိပ်ကောင်းသည်။ အလွန်စိုးရိမ်ကြောင့်ကြစရာ သို့မဟုတ် မိမိကိုယ်ကို အလွန် စိတ်အပင်ပန်းခံနေစရာ မလိုအပ်ပါ။ သာမန်ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးဖြစ်ရခြင်းက ကောင်းပါသည်။ အဘယ်ကြောင့် ယင်းနှင့်ပတ်သက်၍ ကျွန်ုပ်ကိုယ်ကျွန်ုပ် စိတ်အပင်ပန်းခံရမည်နည်း။ ကျွန်ုပ်သည် ကိုယ့်ကိုယ်ကိုယ် ပင်ပန်းနွမ်းနယ်စေဖို့အတွက် အစွမ်းအစ ပိုင်ဆိုင်ထားခြင်း မဟုတ်ပါ”ဟု ပြောကြသည်။ အခြားတစ်စုံတစ်ယောက်က ၎င်းတို့အား “သင်က ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦး မဟုတ်သဖြင့် ယခု သင် မည်သည့်အရာကို လုပ်ဆောင်မည်နည်း”ဟု ပြောသည်။ ၎င်းတို့က “အလွန် မပင်ပန်းသည့်အပြင် အားထုတ်မှုများစွာ မလိုအပ်သရွေ့ ကျွန်ုပ် မည်သည့်အရာကိုမဆို လုပ်ဆောင်ခြင်းက အဆင်ပြေပါသည်။ လမ်းလျှောက်ပြီး အနီးဝန်းကျင်ကို ကြည့်ခြင်း သို့မဟုတ် ထိုင်ခြင်းနှင့် စကားပြောခြင်း၊ သို့မဟုတ် ကွန်ပျူတာကြည့်ခြင်းများ ပါဝင်ပြီး အလွန်ရှည်ကြာသော အချိန်နာရီများ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခမရှိသည့် တစ်စုံတစ်ရာက အဆင်ပြေပါသည်”ဟု ပြန်ပြောကြသည်။ ဤသည်မှာ မည်သည့် စကားမျိုးဖြစ်သနည်း။ အကယ်၍ သင်တို့ ရွေးချယ်လိုက်သော ခေါင်းဆောင် သို့မဟုတ် အမှုဆောင်သည် ဤအရာမျိုးဖြစ်ကြောင်း သင်တို့ တွေ့ရှိပါက သင်တို့၏ စိတ်နှလုံးထဲတွင် မည်သို့ခံစားရလိမ့်မည်နည်း။ သင်တို့ အလွန်နောင်တရလိမ့်မည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ဤအရာနှင့်ပတ်သက်၍ သင်တို့တွင် အတွေးတစ်ခုတလေ ရှိလိမ့်မည်လော။ သင်က “မူလက သင့်တွင် အစွမ်းအစအနည်းငယ်ရှိသည်ကို ကျွန်ုပ်မြင်ပြီး သင့်ကို ရာထူးတိုးပေးကာ ပျိုးထောင်ပေးချင်ခဲ့သည့်အပြင် နောက်ထပ် သမ္မာတရားအချို့ကို သင် ပိုနားလည်နိုင်ရန်အလို့ငှာ သင့်ကို အခွင့်အရေးတစ်ခု ပေးသည်။ သင်သည် ဘာမျှမဟုတ်သည့်အရာထက်ပင် ညံ့ဖျင်းသည်ဟု ကျွန်ုပ် လုံးဝ မတွေးခဲ့မိပါ။ ထိုအချိန်က သင့်ကို လူသားတစ်ဦးအဖြစ် မှတ်ယူမိခဲ့သည့်အတွက် ကျွန်ုပ် နောင်တရမိသည်။ သင်သည် အမှန်တွင်လူသားတစ်ဦး မဟုတ်ဟု ကျွန်ုပ် မည်သည့်အခါမျှ မတွေးခဲ့မိပါ။ သင်သည် ဝက် သို့မဟုတ် ခွေးထက်ပင် နိမ့်ကျသည်၊ သင်က အမှိုက်သရိုက်ဖြစ်သည်။ သင်သည် ဤလူ့အရေခွံကို ဝတ်ဆင်ဖို့ မထိုက်တန်ဘဲ သင်က လူသားတစ်ဦးဖြစ်ဖို့ မထိုက်တန်ပါ”ဟု ပြောလိမ့်မည်။ ဤစကားများသည် နားကြားမကောင်းသည့်ပုံရသည် မဟုတ်လော။ (မဟုတ်ပါ။) ယင်းတို့သည် သင်တို့အတွက် နားကြားမကောင်းသည့်ပုံ မရသော်လည်း ဤသို့သော အမှိုက်သရိုက်မျိုးအတွက်မူ အလွန်နားကြားမကောင်းသည့်ပုံရသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤကဲ့သို့သော အမှိုက်သရိုက်တွင် နှလုံးသားရှိသလော။ (မရှိပါ။) သို့ဆိုလျှင် တစ်စုံတစ်ယောက်က ၎င်းတို့အကြောင်း ကောင်းသောအရာများ သို့မဟုတ် မကောင်းသောအရာများ ပြောနေသည်ကို ၎င်းတို့ သိနိုင်ကြသလော။ နှလုံးသားမရှိသောလူများသည် မည်သည့်ကိစ္စရပ်ကိုမဆို ကြုံတွေ့ရသည့်အခါ ၎င်းတို့၏ နေ့ရက်များကို ဖြုန်းတီးသည့် သဘောထားအား ပြောင်းလဲမည်မဟုတ်ပေ။ ၎င်းတို့ကိုယ်တိုင် အကျိုးရှိပြီး အမြတ်ထွက်ကာ သက်သောင့်သက်သာခံစားရသရွေ့ အဆင်ပြေသည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ထို့ကြောင့် အခြားတစ်ဦးတလေက မည်သည့်အရာကို ပြောသည်ဖြစ်စေ ၎င်းတို့ ဂရုမစိုက်ကြပေ။ ၎င်းတို့၏ ကျော်ကြားသောဆိုရိုးမှာ “သင် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ ကျွန်ုပ်ကို သင် မည်သို့မြင်သည်ဖြစ်စေ၊ မည်သို့ အကဲဖြတ်သည်ဖြစ်စေ၊ ကျွန်ုပ်ကို သင် မည်သို့ အမျိုးအစားသတ်မှတ်သည်ဖြစ်စေ၊ ကိုင်တွယ်သည်ဖြစ်စေ ကျွန်ုပ် ဂရုမစိုက်ပါ”ဟူ၍ ဖြစ်သည်။ ဤလူများသည် အမှိုက်သရိုက်များသာဖြစ်သည် မဟုတ်လော။ သင် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ ၎င်းတို့တွင် မည်သည့် သိမြင်ခံစားမှုမျှမရှိသည့်အပြင် နှလုံးမသွင်းကြပေ။ အဘယ်ကြောင့် ၎င်းတို့ နှလုံးမသွင်းကြသနည်း။ ၎င်းတို့သည် လူပျင်းများသာဖြစ်ပြီး နှလုံးသားမရှိကြပေ။ နှလုံးသားမရှိသောလူများတွင် ဂုဏ်သိက္ခာ သို့မဟုတ် တည်ကြည်မှုမရှိ၊ သင်ပြောသည့် မည်သည့်အရာကိုမျှ ၎င်းတို့ ဂရုမစိုက်ကြသည့်အပြင် သင်က ၎င်းတို့အား မည်မျှပင် ပြင်းထန်စွာ ပြောဆိုသည်ဖြစ်စေ ၎င်းတို့၏ နှလုံးသားထဲတွင် နာကျင်ခြင်းကို ခံစားရမည်မဟုတ်ပေ။ ဂုဏ်သိက္ခာ၊ တည်ကြည်မှုနှင့် ဆင်ခြင်တုံတရား ရှိသူများသာလျှင် ထိုသို့သောစကားများကို ကြားရသည့်အခါ နာကျင်ခံစားရလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ နှလုံးသားများ စူးနစ်စွာ ထိုးနှက်ခံရသည်ဟု ခံစားရလိမ့်မည်။ ၎င်းတို့က “ယင်းမှာ ကျင့်ကြံပြုမူရန် နိမ့်ကျသည့် နည်းလမ်းတစ်ခုဖြစ်သည်။ ယင်းက လူတို့ကို ကျွန်ုပ်အပေါ် အထင်သေးစေခဲ့ပြီး ကျွန်ုပ်၏ ဂုဏ်သိက္ခာကို ဆုံးရှုံးခဲ့သည်။ ထို့ကြောင့် ကျွန်ုပ် ထိုသို့ နောက်ထပ် ပြုမူမည်မဟုတ်ပါ။ ကျွန်ုပ် သိက္ခာဆည်လိုပြီး လူတို့အား ကျွန်ုပ်ကို အထင်မသေးစေချင်ပါ။ ကျွန်ုပ် သိက္ခာဆည်ဖို့ ကြိုးစားပြီး ဂုဏ်သိက္ခာရှိရှိနေထိုင်ကာ ဘုရားသခင်ကို ကျေနပ်စေဖို့ မည်သည့်အရာကိုမဆို ကျွန်ုပ် လုပ်မည်” ဟု ပြောကြလိမ့်မည်။ ၎င်းတို့၏ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး ၎င်းတို့၏ နာကျင်သောနေရာ၊ အားနည်းသောနေရာကို ထိုးနှက်သည့် စကားများနှင့်ပတ်သက်လာသည့်အခါ ၎င်းတို့တွင် သိမြင်ခံစားမှုရှိသည်၊ ဤသူများသည် နှလုံးသားရှိသောလူများ ဖြစ်ကြသည်။ သိမြင်ခံစားမှုရှိပြီး ဂုဏ်သိက္ခာပိုင်ဆိုင်သောသူများသည် မှန်ကန်သော ပြောဆိုချက်များကို ကြားရပြီး အပြုသဘောဆောင်သောအရာများကို မြင်ကာ မှန်ကန်သည့်အရာနှင့် မှားယွင်းသည့်အရာတို့ကြား ပိုင်းခြားသိမြင်သည့်အခါ ၎င်းတို့တွင် ဂုဏ်သိက္ခာရှိသောကြောင့် ပြောင်းလဲရန် စိတ်ပိုင်းဖြတ်ချက်ရှိကြပြီး အခြားသူများအား ၎င်းတို့အပေါ် အထင်မသေးစေချင်ကြပေ။ ထိုပျင်းရိသူများနှင့် အသုံးမကျသောလူများတွင် ဂုဏ်သိက္ခာမရှိပေ။ ထို့ကြောင့် သင်က ၎င်းတို့အား မည်သည့်အရာကိုပင် ပြောသည်ဖြစ်စေ၊ သင်၏ပြောဆိုချက်များက မည်မျှပင် မှန်ကန်သည်ဖြစ်စေ၊ တိကျသည်ဖြစ်စေ သို့မဟုတ် သမ္မာတရားနှင့် မည်မျှ ကိုက်ညီသည်ဖြစ်စေ၊ သို့မဟုတ် သင်၏ပြောဆိုချက်များသည် မည်မျှပင် အပြုသဘောဆောင်သောအရာများ ဖြစ်ပါစေ ဤလူများအပေါ်တွင် မည်သည့်အကျိုးသက်ရောက်မှုမျှမရှိဘဲ ၎င်းတို့ကို စိုးစဉ်းမျှ တို့ထိမည်မဟုတ်ပေ။ ဂုဏ်သိက္ခာမရှိသောလူတစ်ဦးသည် အပြုသဘောဆောင်သောအရာ တစ်ခုတလေ၊ ဆုံးဖြတ်ချက်တစ်ခုတလေ သို့မဟုတ် ဖော်ထုတ်မှုတစ်ခုတလေနှင့် စပ်လျဉ်း၍ လုံးဝ သိမြင်ခံစားမှုမရှိသကဲ့သို့ မည်သည့် ဘဝလမ်းကြောင်းမျိုးအား ရွေးချယ်ရမည်ဟူသည့်အပေါ် မှန်ကန်သောသဘောထားလည်း မရှိပေ။ ထိုအကြောင်းကြောင့် သင်က ၎င်းတို့အား မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ ၎င်းတို့ကို သင် မည်သို့ပင် ဖော်ထုတ်သည်ဖြစ်စေ၊ သတ်မှတ်သည်ဖြစ်စေ ၎င်းတို့သည် လုံးဝ လက်ခံရန် ငြင်းပယ်ပြီး ဂရုမစိုက်ကြပေ။ သို့ဆိုလျှင် ထိုသို့သောလူများအတွက် သမ္မာတရားကို တရားဟောခြင်းနှင့် တရားဒေသနာများ ဟောပြောခြင်းသည် အသုံးဝင်မှု တစ်ခုတလေရှိသလော။ ၎င်းတို့ကို ပြုပြင်ခြင်းသည် အသုံးဝင်မှု တစ်ခုတလေရှိသလော။ ၎င်းတို့ကို တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့သည် အသုံးဝင်မှု တစ်ခုတလေရှိသလော။ မရှိပေ။ ထိုသို့သောလူများသည် အသုံးမကျသူများသာ ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ နေ့ရက်များကို အိုးနင်းခွက်နင်းဖြင့်ပင် ပြီးမြောက်သွားကြပြီး သားရဲတိရစ္ဆာန်များအမျိုးအစားနှင့် သက်ဆိုင်သည်။ တိတိကျကျပြောရလျှင် ၎င်းတို့သည် လူသားများမဟုတ်ကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားနာရန် မထိုက်တန်ကြပေ။ အကယ်၍ ဤအသုံးမကျသူများ၊ ကပ်ပါးကောင်များက အသင်းတော်ခေါင်းဆောင်များ ဖြစ်လာပါက ၎င်းတို့သည် အသင်းတော်တွင် ရှိနေသော ပြဿနာများကို ရှာဖွေတွေ့ရှိနိုင်ကြသလော။ ၎င်းတို့သည် ပြဿနာများကို ဖြေရှင်းနိုင်သလော။ သေချာပေါက် မဖြေရှင်းနိုင်ပေ။ အကယ်၍ ဘုရားသခင် ရွေးချယ်ထားသောလူများက ပြဿနာတစ်ခုကို တင်ပြပါက ၎င်းတို့ ဖြေရှင်းနိုင်ကြသလော။ ထိုအရာကိုလည်း ၎င်းတို့ သေချာပေါက် မဖြေရှင်းနိုင်ကြပေ။ ၎င်းတို့သည် မည်သည့်ပြဿနာကိုမျှ ဖြေရှင်းနိုင်စွမ်းမရှိကြပေ။ သို့ဆိုလျှင် ၎င်းတို့သည် ခေါင်းဆောင်မှုအလုပ်ကို မည်သို့လုပ်ဆောင်နိုင်ကြသနည်း။ ယင်းမှာ မတွေးဝံ့စရာ ဖြစ်ပေမည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် လူတို့သည် အနည်းဆုံးအားဖြင့် အသင်းတော်အလုပ်တွင် ရှိနေသော ပြဿနာများနှင့် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုနှင့်ပတ်သက်၍ ရှိနေသော ပြဿနာများကို ဖြေရှင်းနိုင်ရမည်ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် အချိန်တစ်ခုကြာ လေ့ကျင့်ပြီး အတွေ့အကြုံအချို့ ရရှိလာကာ သမ္မာတရားအချို့ကိုလည်း မိတ်သဟာယဖွဲ့နိုင်ပြီး အတွေ့အကြုံဆိုင်ရာ သက်သေခံချက်အချို့ကို ပြောဆိုနိုင်ပါက ၎င်းတို့သည် ခေါင်းဆောင်မှုအလုပ်တွင် တဖြည်းဖြည်း ကျွမ်းကျင်လာနိုင်ပေသည်။ အကယ်၍ ၎င်းတို့သည် မည်သည့်ပြဿနာကိုမျှ ရှာဖွေတွေ့ရှိနိုင်စွမ်း သို့မဟုတ် ဖြေရှင်းနိုင်စွမ်း မရှိပါက ခေါင်းဆောင်မှုအလုပ်ကို ၎င်းတို့ လုပ်ဆောင်နိုင်ဖို့ နည်းလမ်းမရှိပေ။ ထိုအခါ ၎င်းတို့သည် အယောင်ဆောင် ခေါင်းဆောင်များဖြစ်ကြပြီး ၎င်းတို့ကို ဖြုတ်ချကာ ခေါင်းဆောင်အသစ်များကို ရွေးကောက်တင်မြှောက်သင့်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။