အချက် ၆- သူတို့သည် စဉ်းလဲသော နည်းလမ်းများဖြင့် ပြုမူကြ၏၊ ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ကြ၏၊ အခြားသူများနှင့် မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ကြ၊ ထို့ပြင် အခြားသူများအား သူတို့ကို အတင်းအကျပ် နာခံစေ၏ (အခန်း တစ်)

ဖြည့်စွက်ချက်- ဒါ့မင်းနှင့် ရှောင်မင်းတို့၏ ဇာတ်လမ်း

ငါတို့မိတ်သဟာယ၏ အဓိကအကြောင်းအရာကို မပြောမီတွင် ဇာတ်လမ်းတစ်ပုဒ်ကို ပြောခြင်းအားဖြင့် အစပြုကြစို့။ ဇာတ်လမ်းများကို ပြောခြင်း၏ အကျိုးအမြတ်မှာ အဘယ်နည်း။ (ယင်းတို့သည် မှတ်မိရန် လွယ်ကူသည်။) ယခုအချိန်ထိတွင် မှတ်မိရန် လွယ်ကူသည့် ဇာတ်လမ်းမည်မျှကို ငါပြောခဲ့ပြီးသနည်း။ (ဒါ့ပေါင်နှင့် ရှောင်ပေါင်တို့၏ ဇာတ်လမ်းဖြစ်သည်။) “ဒါ့ပေါင်နှင့် ရှောင်ပေါင်တို့၏ ဇာတ်လမ်း”သည် ယခင်အခေါက်က ငါပြောခဲ့သည့်အရာ ဖြစ်သည်။ (“ကြွက်များကို လိုက်ဖမ်းခြင်း” နှင့် အမျိုးသမီးခေါင်းဆောင်များ၏ ဇာတ်လမ်းလည်းရှိသည်။) ဇာတ်လမ်းအတော်များများကို ပြောပြီးဖြစ်သည်။ အဘယ်ကြောင့် ဇာတ်လမ်းများကို ငါပြောသနည်း။ အမှန်တွင် ရည်ရွယ်ချက်မှာ လူတို့နားလည်သင့်သည့် သမ္မာတရားအချို့ကို မိတ်သဟာယဖွဲ့ရန်အတွက် ပို၍ သက်သောင့်သက်သာရှိသော၊ နားလည်ရန် လွယ်ကူသောပုံစံသို့ ပြောင်းရန်ဖြစ်သည်။ ငါပြောသည့် ဇာတ်လမ်းများမှ သမ္မာတရားများကို သင်တို့နားလည်လျှင်၊ ဤသမ္မာတရားများက နေ့စဉ်အသက်တာတွင် သင်၏ဝင်ရောက်မှု၏ ကဏ္ဍအမျိုးမျိုး၌ အထောက်အကူဖြစ်လျှင် ဇာတ်လမ်းများကို အချည်းနှီးပြောခြင်း မဟုတ်ပေ။ ဤသည်မှာ ဇာတ်လမ်းများအဖြစ်သာ ကြားနာခြင်းထက် ဇာတ်လမ်းများတွင် ပါဝင်သော သမ္မာတရားများကို သင်တို့ အမှန်တကယ် နားလည်သည်ကိုလည်းကောင်း၊ ဤသမ္မာတရားများ၏ လက်တွေ့ကျသောအခြမ်းကို သင်နားလည်သည်ကိုလည်းကောင်း ပြသည်။ ယခင်အခေါက်က ဒါ့ပေါင်နှင့် ရှောင်ပေါင်တို့၏ ဇာတ်လမ်းကို ငါပြောခဲ့သည်။ ယနေ့တွင် ဒါ့မင်းနှင့် ရှောင်မင်းတို့၏ ဇာတ်လမ်းကို ငါပြောမည်။ သင်တို့နားထောင်သည့်အခါတွင် ဤဇာတ်လမ်းသည် သင်တို့အား မည်သည့်အရာကို နားလည်စေရန် အမှန်တကယ် ကြိုးစားနေသည်နှင့် သမ္မာတရား၏ မည်သည့်ကဏ္ဍပါဝင်သည်ကို စဉ်းစားလော့။

ဒါ့မင်းနှင့် ရှောင်မင်းတို့သည် သားအဖဖြစ်သည်။ ဟိုတစ်လောက ဒါ့မင်းနှင့် သူ၏သားရှောင်မင်းသည် ဘုရားသခင်၏ အမှုတော်သစ်ကို လက်ခံခဲ့သည်။ ဤသည်မှာ ကောင်းသောအရာတစ်ခုလော။ (ဟုတ်ပါသည်။) ယင်းသည် ကောင်းသောအရာတစ်ခု ဖြစ်သည်။ ရှောင်မင်းက ငယ်ရွယ်ပြီး စာသိပ်မဖတ်တတ်ပေ။ ထို့ကြောင့် ဒါ့မင်းက သူ့အား ဘုရားနှုတ်ကပတ်တော်တို့ကို နေ့စဉ်ဖတ်ပြပြီး ရှောင်မင်း နားမလည်သည့် နှုတ်ကပတ်တော်များကို စိတ်ရှည်စွာရှင်းပြပေးသည်။ အချိန်ကာလတစ်ခု ပြီးနောက်တွင် ရှောင်မင်းသည် မည်သို့ကျင့်ကြံပြုမူရမည်နှင့်ပတ်သက်သည့် အယူဝါဒတော်တော်များများအပြင် ဘုရားသခင်ကို မယုံကြည်မီတွင် သူမည်သည့်အခါကမျှ မတွေ့ကြုံခဲ့ဖူးသည့် ကျိုးနွံနာခံခြင်း၊ ယုံကြည်ခြင်း၊ ရိုးသားမှု၊ လှည့်ဖြားခြင်း စသည်တို့ကဲ့သို့သော ဝေါဟာရအချို့ကိုပါ နားလည်လာသည်။ ဒါ့မင်းသည် သူ့သား၏ တိုးတက်မှုကို မြင်ပြီး အလွန်ကျေနပ်သည်။ သို့ရာတွင် ရှောင်မင်းကို ဘုရားနှုတ်ကပတ်တော် မည်မျှဖတ်ပြသည်ဖြစ်စေ သူ၏ အပြုအမူ သို့မဟုတ် စကားတွင် တိုးတက်မှုသိပ်မရှိသည်ကို ဒါ့မင်းက လတ်တလောတွင် သတိပြုမိသည်။ ဒါ့မင်းသည် စိုးရိမ်လာပြီး သူ့တွင် ဝန်တာရှိသည့်စိတ်တစ်ခု ဖြစ်လာကာ “ငါ၏ သားကို ဘုရားနှုတ်ကပတ်တော် ဖတ်ခြင်းအားဖြင့် သမ္မာတရားအချို့ကို နားလည်အောင်၊ အခြားလူများက သူ့ကို အသိအမှတ်ပြုရန်အတွက်၊ ထောက်ခံအားပေးရန်အတွက်၊ လိမ္မာသောကလေးအဖြစ် သူ့ကို ချီးမွမ်းရန်အတွက် အပြောင်းအလဲတစ်ခုခုကို ပြလာအောင် ငါမည်သို့ လုပ်ဆောင်နိုင်သနည်း။ ထို့နောက်တွင် ရှောင်မင်း၏ စွမ်းဆောင်မှုကြောင့် ဘုရားသခင်အား ယုံကြည်ခြင်းသည် ကောင်းသည်ဟု ၎င်းတို့ ချီးကျူးနိုင်ပြီး ငါ့သား၏ ပြောင်းလဲမှုများမှတစ်ဆင့် အခြားလူများထံသို့ ဧဝံဂေလိတရားဟောနိုင်သည်။ ယင်းမှာ ကောင်းလိုက်မည့်ဖြစ်ခြင်း” ဟု တွေးသည်။ ဤဝန်တာရှိသည့်စိတ် ဖြစ်လာပြီးသည့်နောက်တွင် ဒါ့မင်းက ဆက်လက်၍ တွေးတောသည်။ “ရှောင်မင်းကို ကျင့်ကြုံပြုမူခြင်းနှင့်ပတ်သက်ပြီး ပို၍နားလည်စေရန်၊ ဤသို့ဖြင့် သူသည် ပို၍ကောင်းစွာ ထမ်းဆောင်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များဖြင့် ညီရန် ငါမည်သို့ ပညာသင်ပေးနိုင်သနည်း။ နောက်ဆုံးတွင် ရှောင်မင်းက လိမ္မာသောကလေးဖြစ်လာပြီး လူတိုင်းက သူ့ကို ချီးမွမ်းသောအခါ ဤဂုဏ်ကျက်သရေအားလုံးကို ဘုရားသခင်ထံသို့ ပေးနိုင်သည်။ ယင်းမှာ ကောင်းလိုက်မည့်ဖြစ်ခြင်းပါတကား။ ထိုအဆင့်တွင် ငါ့စိတ်နှလုံးရှိ လေးလံသောကျောက်တုံးသည် ကျသွားလိမ့်မည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ဒါ့မင်းက ကျိုးကြောင်းသင့်သည်ဟု ခံစားရသော ဝန်ထုပ်ဖြစ်သလော။ ယင်းသည် သူ့အတွက် သင့်လျော်သောအလုပ်ကို ထမ်းဆောင်ခြင်းအဖြစ် သတ်မှတ်နိုင်သလော။ (သတ်မှတ်နိုင်ပါသည်။) ဤရှုထောင့်မှကြည့်လျှင် သူ၏ စမှတ်သည် မှန်ကန်သည်။ ကျိုးကြောင်းသင့်ပြီး သင့်လျော်သော တာဝန်အဖြစ် အကျုံးဝင်သည်။ ရှောင်မင်းအတွက် ဒါ့မင်းရွေးချယ်ခဲ့သည့် လမ်းကြောင်းသည် မှန်သလော၊ သို့မဟုတ် မှားသလော။ ကောင်းသလော၊ သို့မဟုတ် ဆိုးသလော။ ဆက်လက်၍ မည်သည့်အရာဖြစ်မည်ကို ကြည့်ကြပါစို့။ ဒါ့မင်းသည် မကြာခဏဆုတောင်းပြီး ဤအရာနှင့်ပတ်သက်၍ ဘုရားသခင်ကို အသနားခံသည်။ ပြီးလျှင် နောက်ဆုံးတွင် တစ်နေ့၌ သူ့တွင် “လှုံ့ဆော်အားပေးမှု” တစ်ခုရှိသည်။ မည်သည့် “လှုံ့ဆော်အားပေးမှု” နည်း။ ကိုးကားသည့် အမှတ်အသားများပါသည့် “လှုံ့ဆော်အားပေးမှု” ဟူသောအရာ ဖြစ်သည်။ ဤ “လှုံ့ဆော်အားပေးမှုသည်” ကိုးကားမှု သင်္ကေတတွင် ထည့်ထားသည့်အတွက် ဒါ့မင်းက မည်သည့်လမ်းကြောင်းမျိုးကို ရည်ညွှန်းနေသနည်း။ ဤဇာတ်လမ်းတွင် နောက်ထပ် မည်သည့်အရာဖြစ်မည်ကို သင်တို့ စိတ်ကူးကြည့်နိုင်သလော။ အလွန်ရှင်းလင်းခြင်းမရှိသည် မဟုတ်လော။ ယင်းမှာ အတော်အတန် မသိနိုင်သောအရာဖြစ်သည်။

တစ်နေ့တွင် သူ၏သားကို ဘုရားနှုတ်ကပတ်တော် ဖတ်ပြပြီးနောက်တွင် ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမကောင်းဆိုသည်ကို ဒါ့မင်းက ရှောင်မင်းကို အလွန်လေးနက်စွာမေးသည်။ ရှောင်မင်းက တည်ကြည်လေးနက်စွာဖြင့် ပြန်ဖြေသည်။ “ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းသည်။ ဘုရားသခင်ကို ယုံကြည်သူတို့သည် အခြားလူများကို အနိုင်မကျင့်။ ဘေးအန္တရာယ်များနှင့် မကြုံရ။ ကောင်းကင်ဘုံသို့ ရောက်နိုင်ပြီး သေပြီးနောက် ငရဲကျခံရမည် မဟုတ်ပါ” ဟူ၍ ဖြစ်သည်။ ရှောင်မင်းသည် မှန်ကန်သလော။ သူ၏ ငယ်ရွယ်သော အသက်အရွယ်ကို ထောက်သော် ရှောင်မင်းက ဤသို့ပြောနိုင်ခြင်းသည်ပင် အလွန်ကောင်းနေပြီဖြစ်သည်။ ဘုရားသခင်အား ယုံကြည်ခြင်းအပေါ် သူ၏ နားလည်မှုသည် အလွန်ရိုးရှင်းသည်။ အခြေခံကျပြီး အလွန့်အလွန် အပေါ်ယံဆန်သည်။ သို့သော် သူ့အတွက်မူ အလွန်လေးနက်နေပြီ ဖြစ်သည်။ ဒါ့မင်းက ဤအရာကို ကြားပြီး ကျေနပ်ကာ သက်သောင့်သက်သာဖြစ်သွားသည်။ ပြီးလျှင် “ကောင်းလေစွ။ ရှောင်မင်း၊ သား တိုးတက်လာပြီဖြစ်သည်။ ဘုရားသခင်အပေါ် သား၏ ယုံကြည်မှုသည် အခြေခံအုတ်မြစ်တစ်ခုရှိသည့် ပုံစံရှိသည်။ အဖေ အလွန်ကျေနပ်ပြီး စိတ်သက်သာရာရသည်။ သို့သော် ဘုရားသခင်ကို ယုံကြည်ခြင်းသည် အမှန်ပင် ထိုမျှရိုးရှင်းသလော” ဟု ဆိုသည်။ ရှောင်မင်းသည် တစ်ခဏကြာ တွေးတောပြီး “ဤသည်မှာ ဘုရားနှုတ်ကပတ်တော်က ပြောသမျှ မဟုတ်လော။ အခြားမည်သည့်အရာ ရှိသနည်း” ဟု ပြောသည်။ ဒါ့မင်းက ချက်ချင်း ပြန်ပြောသည်။ “ဘုရားသခင်၏ တောင်းဆိုချက်များသည် ဤအရာများသာ ရှိသည်မဟုတ်။ သားက ဘုရားသခင်ကို အလွန်ကြာမြင့်စွာ ယုံကြည်ခဲ့ပြီး ညီအစ်ကိုမောင်နှမများက အလည်လာသောအခါ ၎င်းတို့အား ကြိုဆိုနှုတ်ဆက်ရမည်ကိုပင် မသိ။ ယခုမှစ၍ အသက်ကြီးသူများကို သား တွေ့သောအခါ သူတို့အား အဘိုးနှင့် အဘွားဟု ခေါ်ပါ။ ပို၍ငယ်သော လူကြီးများကို တွေ့သောအခါ ဦးလေး၊ အဒေါ် သို့မဟုတ် အစ်ကိုကြီး၊ အစ်မကြီးဟု ခေါ်ပါ။ ဤသို့ဖြင့် သားသည် လူတိုင်းကချစ်သော ကလေးဖြစ်လာလိမ့်မည်။ ဘုရားသခင်က လူတိုင်းကချစ်သော ကလေးများကိုသာ ချစ်သည်။ ယခုမှစ၍ အဖေပြောသည်ကို နားထောင်ပြီး အဖေပြောသည့်အတိုင်း လုပ်ဆောင်ပါ။ အဖေသည် သား တစ်စုံတစ်ယောက်ကို တစ်ခုခုခေါ်ရန် ပြောသောအခါ ထိုသို့ သားခေါ်ပါ” ဟူ၍ ဖြစ်သည်။ ရှောင်မင်းက သူ၏ ဖခင်ပြောသည့်အရာသည် မှန်ကန်သည်ဟု ခံစားမိလျက် သူ့ဖခင်၏ စကားများကို အလေးအနက်ထားသည်။ သူ၏ ငယ်ရွယ်သောစိတ်နှလုံးတွင် သူ့အဖေသည် ပို၍ အသက်ကြီးသည်၊ ဘုရားနှုတ်ကပတ်တော်များကို ပို၍ ဖတ်သည်။ သူသိသည်ထက် ပို၍သိသည်။ ထို့အပြင် သူ့အဖေသည် စိတ်တွင် သူ၏ကောင်းကျိုးအတွက်သာရှိပြီး သူ့ကို အသေအချာပင် လမ်းလွဲစေမည် မဟုတ်။ ထို့ကြောင့် သူ့ဖခင်ပြောသည့် မည်သည့်အရာမဆို မှန်ကန်ရမည်။ ရှောင်မင်းသည် သမ္မာတရားက မည်သည့်အရာဖြစ်သည်၊ အယူဝါဒက မည်သည့်အရာဖြစ်သည်ကို နားမလည်သော်လည်း အနည်းဆုံးအနေဖြင့် မည်သည့်အရာက အကောင်းနှင့်အဆိုးဖြစ်သည်၊ အမှန်နှင့် အမှားဖြစ်သည်ကို သိသည်။ ရှောင်မင်းသည်လည်း သူ၏ ဖခင်က စကားပြောပြီးနောက်တွင် ဤကိစ္စနှင့်ပတ်သက်၍ ဝန်တာရှိသည့်စိတ် အနည်းငယ် ဖြစ်လာသည်။ ရှေ့လျှောက်တွင် ရှောင်မင်းက သူ၏ဖခင်နှင့် အပြင်ထွက်ပြီး တစ်စုံတစ်ယောက်နှင့် ဆုံမိသည့်အခါတိုင်းတွင် သူ၏ဖခင်က သူ့အား ထိုသူကို “အဒေါ်” ဟု ခေါ်ရန် ပြောလျှင် သူက “မင်္ဂလာပါ၊ အဒေါ်” ဟု ဆိုသည်။ “ဦးလေး” ဟု ခေါ်ရန် ပြောလျှင် သူက “မင်္ဂလာပါ၊ ဦးလေး” ဟု ဆိုသည်။ လူတို့အားလုံးက ရှောင်မင်းအား ယဉ်ကျေးသော လိမ္မာသည့်ကလေးအဖြစ် ချီးမွမ်းကြပြီး ဒါ့မင်းကိုလည်း သူ၏ သင့်လျော်သော မိဘအုပ်ထိန်းမှုအတွက် ချီးကျူးကြသည်။ ရှောင်မင်းသည် အလွန်ကျေနပ်ပြီး “အဖေ၏ ညွှန်ကြားမှုသည် ကောင်းသည်။ ငါတွေ့သည့်သူတိုင်းက ငါ့ကို နှစ်သက်သည်” ဟု သူ့ဘာသာ စဉ်းစားလေသည်။ ရှောင်မင်းသည် စိတ်အတွင်းတွင် သာယာကြည်နူးပြီး အထူးပင် ဂုဏ်ယူကာ သူ့ဖခင်က သူ့ကို လမ်းပြသည့်နည်းသည် အမှန်ပင်ကောင်းပြီး မှန်ကန်သည်ဟု ထင်မြင်သည်။

တစ်နေ့တွင် ရှောင်မင်းသည် ကျောင်းမှအိမ်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် သူ့အဖေဆီသို့ အမြန်ပြေးသွားပြီး “အဖေ၊ မည်သည့်အရာဖြစ်သည်ကို သိသလော။ ဘေးအိမ်ရှိ အဘိုးကြီးကျန်းသည် အလွန်ကြီးသော”ဟု သူ ပြော၍မပြီးမီတွင် ဒါ့မင်းက ကြားဖြတ်ပြောသည်။ “အဘိုးကြီး ကျန်း။ ရှောင်မင်း၊ သား အဘယ်၍များ ဤသို့ပြောနိုင်ရသနည်း။ သားက ယုံကြည်သူဟုတ်သေးရဲ့လော။ မဟုတ်တော့သလော။ သူ့ကို အဘယ်သို့ ‘အဘိုးကြီးကျန်း’ ဟု ခေါ်နိုင်ရသနည်း။ သားကို အဖေပြောခဲ့သည့်အရာကို သား မေ့လျော့ပြီးဖြစ်သည်။ ဘုရားသခင်အား သား အမှန်တကယ် ယုံကြည်ခြင်းမရှိ။ သားသည် စစ်မှန်သော ယုံကြည်သူတစ်ဦးမဟုတ်။ ကြည့်ပါ။ ဤအရာကို အဖေမှတ်မိသည်။ အဖေသည် သားကို ကူညီပြီး သတိပေးနိုင်သည်။ သူ့ကို အဘိုးကျန်းဟု ခေါ်သင့်သည်။ နားလည်သလော” ဟူ၍ ဖြစ်သည်။ ရှောင်မင်းက “သူ့ကို အဘိုးကျန်းဟု ခေါ်ခြင်းကလည်း အလုပ်ဖြစ်သည်” ဟု တွေးသည်။ သူက “ဤသို့ဖြင့် ဘေးအိမ်ရှိ အဘိုးကျန်းသည် ဤမျှကြီးသော ငါးတစ်ကောင်ဖမ်းမိသည်။ အဘွားကြီးကျန်းက ပျော်မြူးနေခဲ့သည်” ဟူ၍ ဆက်ပြောသည်။ “သား နောက်တစ်ဖန် မေ့သွားသလော” ဟု ဒါ့မင်းက ဆိုသည်။ “သားငယ်၊ သားက နားမလည်သေးပါ။ အဖေသည် သားကို ယခုပင်ပြောခဲ့သည်။ သူ့ကို အဘိုးကျန်းဟု ခေါ်သင့်သည်။ ဤသို့ဆိုလျှင် တစ်မျိုးဆက်တည်း ဖြစ်သည့် သူ၏ ဇနီးကို မည်သို့ခေါ်သင့်သနည်း။ အဘွားကျန်းဖြစ်သင့်သည်။ ဤအရာကို သတိရပါ။ အဘိုးကြီးကျန်း၊ သို့မဟုတ် အဘွားကြီးကျန်းဟု နောက်တစ်ဖန် လုံးဝ မပြောနှင့်။ သို့မဟုတ်လျှင် လူတို့က အဖေတို့ကို လှောင်လိမ့်မည်။ ဤသို့ဆိုလျှင် အဖေတို့သည် ယုံကြည်သူများအနေဖြင့် ရှက်ဖွယ်ကောင်းမည်မဟုတ်လော။ အဖေတို့သည် မယဉ်ကျေးသကဲ့သို့ မသင့်လျော်ဘဲ ယုံကြည်သူများကဲ့သို့ မဟုတ်ဟု ဆိုလိမ့်မည်။ ဤသည်မှာ ဘုရားသခင်အတွက် ဂုဏ်ကျက်သရေကို ယူဆောင်ပေးမည်မဟုတ်” ဟူ၍ဖြစ်သည်။ ရှောင်မင်းက အစပိုင်းတွင် အဘိုးကြီးကျန်း ဖမ်းမိသည့် ငါးကြီးအကြောင်းကို သူ၏ အဖေအား ပြောပြရန် စိတ်လှုပ်ရှားခဲ့သော်လည်း သူ၏ အဖေက ပြင်ပေးခြင်းကို ခံရပြီးနောက်တွင် သူသည် စိတ်ဝင်စားမှုပျောက်ဆုံးသွားပြီး ယင်းအကြောင်းကို မပြောလိုတော့ပေ။ သူသည် နောက်ပြန်လှည့်ပြီး သူ၏ ကျောပိုးအိတ်ကိုလွယ်ကာ လမ်းလျှောက်ထွက်သွားလျက် ရေရွတ်သည်။ “ဤအဘိုးကျန်း၊ အဘွားကျန်းကိစ္စများဖြင့် အရာရာတိုင်းကို အဖေသိသည်ဟု ထင်သည်။ သားတို့နှင့် မည်သို့သက်ဆိုင်သနည်း။ အဖေတစ်ဦးတည်းသာ ဝိညာဉ်ရေးရာဆန်နေသည့်အလား ဖြစ်လေသည်” ဒါ့မင်းက “ဟုတ်သည်။ အမှန်တွင် အဖေသည် ဝိညာဉ်ရေးရာဆန်သည်။ လူအများစုအတွက် ၎င်းတို့သည် မည်မျှအသက်ကြီးသည်ဖြစ်စေ ၎င်းတို့၏ အသက်အရွယ်ကို ကြည့်ခြင်းအားဖြင့်ပင် ၎င်းတို့၏ ဝါရင့်မှုကို အဖေ ပိုင်းခြားသိမြင်နိုင်ပြီး ၎င်းတို့အား မည်သို့ခေါ်ဆိုသင့်ပုံကို သိသည်။ အဖေသည် အသက်ကြီးသူတို့အား ဦးလေးနှင့် အဒေါ်ဟု ခေါ်သည်။ သားက ဂုဏ်ပုဒ်တစ်ခုကိုပင် အဘယ်ကြောင့် မှန်အောင်မပြောနိုင်သနည်း။ ယုံကြည်သူများအနေဖြင့် အဖေတို့က ဤအရာကို မေ့လျော့၍မရ။ မျိုးဆက်ဆိုင်ရာ ဝေါဟာရများကို မှား၍မဖြစ်” ဟု ပြန်ဖြေသည်။ ဤအပြစ်တင်စကားကို ပြောပြီးနောက်တွင် ရှောင်မင်းသည် ရင်ထဲတွင် စိတ်ချမ်းသာခြင်းမရှိဘဲ စိတ်ထဲ၌ သူ့အဖေက မှန်သည်ဟု ထင်ဆဲဖြစ်သည်။ သူ့အဖေလုပ်သည့် မည်သည့်အရာမဆို မှန်သည်။ သူက ဆန္ဒမရှိလျှင်ပင် သူ မှားသည်ဟု ဝန်ခံသည်။ ထိုအချိန်မှစ၍ အဘိုးကြီးကျန်း၊ သို့မဟုတ် အဘွားကြီးကျန်းကို သူမြင်တွေ့သည့်အခါတိုင်းတွင် သူသည် ၎င်းတို့ကို အဘိုးကျန်းနှင့် အဘွားကျန်းဟု ခေါ်သည်။ သူ့အဖေက သင်ကြားပြီး သူ့အတွင်းသို့ သွတ်သွင်းသည့်အရာတိုင်းကို ရှောင်မင်းက အလေးအနက် ထားသည်။ ဤသည်မှာ ကောင်းသောအရာလော၊ သို့မဟုတ် ဆိုးသောအရာလော။ ယခုအထိမူ ယင်းသည် ကောင်းသောအရာဖြစ်သည်ဟု ထင်ရသည် မဟုတ်လော။

တစ်နေ့တွင် ရှောင်မင်းနှင့် သူ၏အဖေသည် လမ်းထွက်လျှောက်ပြီး ဝက်ပေါက်တစ်မြုံကို ဦးဆောင်နေသည့် ဝက်မတစ်ကောင်ကို တွေ့ရသည်။ ဝက်မနှင့် သူမ၏ ဝက်ကလေးများကြား ဆက်ဆံရေးသည် အလွန်ရင်းနှီးသည်။ ဘုရားသခင်ဖန်ဆင်းသည့်အရာရာတိုင်းက ကောင်းသည်ဟု ရှောင်မင်းက တွေးထင်လေသည်။ ဝက်ဖြစ်စေ၊ ခွေးဖြစ်စေ ၎င်းတို့အားလုံးတွင် မိခင်ဗီဇစိတ် ရှိပြီး လေးစားသင့်သည်။ ဤတစ်ကြိမ်တွင် ရှောင်မင်းက ရိုင်းစိုင်းစွာ စကားမပြောပေ၊ သို့မဟုတ် ယင်းအား “ဝက်မအိုကြီး” ဟု အလောတကြီးမခေါ်ပေ။ အမှားလုပ်မိပြီး သူ့အဖေစိတ်ဆိုးမည်ကိုကြောက်ကာ သူက “အဖေ၊ ဤဝက်အမေကြီးသည် အသက်မည်မျှရှိသနည်း။ သူသည် ဝက်ပေါက်များစွာကို မွေးဖွားခဲ့သည်။ သူ့ကို သားမည်သို့ ခေါ်သင့်သနည်း” ဟု ညင်ညင်သာသာ မေးလိုက်သည်။ ဒါ့မင်းက “သူ့ကို ငါတို့ မည်သို့ခေါ်သင့်သနည်း။ ပြောရန် ခက်သည်” ဟု ခဏတာ တွေးလိုက်သည်။ သူ့ဖခင်က အဖြေတစ်ခု ထုတ်မပြောဘဲ အတွေးထဲတွင် နစ်မျောနေသည်ကို မြင်ပြီး ရှောင်မင်းက “အဖေသည် ဘုရားနှုတ်ကပတ်တော်များစွာကို ဖတ်ပြီးသည်မဟုတ်လော။ အဖေသည် သားထက်ပို၍ အသက်လည်းကြီးသည်။ ဤအရာကိုပင် အဖေအဘယ်သို့ မသိသနည်း” ဟူ၍ စောဒကတက်လေတော့သည်။ ရှောင်မင်း၏ ဆွခြင်းကိုခံရပြီး ဒါ့မင်းက အနည်းငယ် စိုးရိမ်ကာ “သူ့ကို ‘အဘွား’ ဟု ခေါ်လျှင် မကောင်းသလော” ဟု ဆိုသည်။ ရှောင်မင်းက ဝက်ကို မခေါ်မီတွင် ဒါ့မင်းက ပြန်လည်စဉ်းစားပြီး “သူ့ကို သားတို့ အဘွားဟု ခေါ်၍မဖြစ်။ ဤသို့ဆိုလျှင် သူသည် အမေ့ဘက်မှ အဘွားအရင်းနှင့် တစ်မျိုးဆက်တည်းဖြစ်သွားမည် မဟုတ်လော။ သူ့ကို အဘွားဝက်ဟု ခေါ်ခြင်းက ပို၍ပင်ဆိုးလိမ့်မည်။ ငါ၏ မိခင်နှင့် တစ်မျိုးဆက်တည်းဖြစ်သွားမည်။ သူသည် ဝက်ပေါက်များစွာကို မွေးဖွားပြီးသည့်အတွက် သူ၏ ပင်ကိုလက္ခဏာ သို့မဟုတ် အဆင့်အတန်းကို လျစ်လျူရှု၍မဖြစ်ဘဲ သူ၏ မျိုးဆက်ကို မှား၍မဖြစ်။ သူ့ကို ‘အဒေါ်ဝက်’ ဟု ခေါ်သင့်သည်” ဟု ဆိုသည်။ ဤအရာကို ကြားပြီး ရှောင်မင်းက ဝက်ကို လေးစားစွာဖြင့် ဦးညွှတ်ကာ “မင်္ဂလာပါ၊ အဒေါ်ဝက်” ဟု ခေါ်လိုက်သည်။ ဝက်မက လန့်ပြီး အထိတ်တလန့်ဖြစ်ကာ သူရော ဝက်ပေါက်အားလုံးပါ ခုန်ပေါက်ထွက်ပြေးသွားသည်။ ရှောင်မင်းက ဤအရာကိုမြင်ပြီး သူ့ကို ဂုဏ်ပုဒ်မှား၍ ခေါ်လိုက်သလောဟု တွေးသည်။ ဒါ့မင်းက “ဝက်သည် ဤသို့ တုံ့ပြန်သည်မှာ ပျော်ရွှင်ပြီး စိတ်လှုပ်ရှားနေခြင်း ဖြစ်မည်။ နောင်တွင် ဤသို့သောအခြေအနေများကို အဖေတို့ ကြုံရသည့်အခါ အခြားလူများက မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ လုပ်ဆောင်သည်ဖြစ်စေ အဖေတို့သည် ဤသို့ ဆက်လက်ပြုမူသင့်သည်။ ယဉ်ကျေးပြီး လူမှုရေးစံသတ်မှတ်ချက်များကို လိုက်နာပါ။ ယင်းကို မြင်သည့်အခါ ဝက်များကပင် ကျေနပ်လိမ့်မည်” ဟု ဆိုသည်။ ဤဖြစ်ရပ်တွင် ရှောင်မင်းက အသစ်ဖြစ်သောအရာတစ်ခုကို သင်ယူရသည်။ မည်သည့်အရာကို သူ သင်ယူရသနည်း။ သူက “အရာအားလုံးကို ဘုရားသခင်ဖန်ဆင်းသည်။ သက်ရှိအားလုံးက အချင်းချင်းလေးစားသရွေ့၊ ယဉ်ကျေးသရွေ့၊ ဝါရင့်မှုကို နားလည်သရွေ့၊ ကြီးသူကို ရိုသေပြီး ငယ်သူကို ချစ်သရွေ့ သက်ရှိအားလုံးသည် သဟဇာတဖြစ်စွာ ယှဉ်တွဲတည်ရှိနိုင်သည်” ဟု ဆိုသည်။ ရှောင်မင်းသည် ယခုတွင် ဤအယူဝါဒကို နားလည်သည်။ သူ၏ ဖခင်သည် ဤအရာကိုကြားပြီး ရှောင်မင်းအား အလွန်ပင် သင်ကြား၍ရနိုင်သော ကောင်ကလေးအဖြစ် ချီးမွမ်းသည်။ ထိုအချိန်မှစ၍ ရှောင်မင်းသည် ပို၍ပင် ယဉ်ကျေးသိမ်မွေ့ပြီး ရည်မွန်လာသည်။ မည်သည့်နေရာသို့ သူသွားသည်ဖြစ်စေ သူသည် လိမ္မာပြီးလူထုထဲတွင် ထင်ပေါ်သည်။ သူသည် “လိမ္မာသော ယောက်ျားလေး” မဟုတ်သလော။ သူသည် ကိုးကားသင်္ကေတများဖြင့် “လိမ္မာသော ယောက်ျားလေး” ဖြစ်သည်။ ဤသည်မှာ ဇာတ်လမ်း၏ အဆုံးသို့ ရောက်ရှိပြီဖြစ်သည်။

ဤဇာတ်လမ်းကို မည်သို့ထင်သနည်း။ အလွန်ပင် ရယ်ရွှင်စရာမဖြစ်သလော။ ဤဇာတ်လမ်းသည် မည်သို့ ဖြစ်လာသနည်း။ ယင်းသည် လက်တွေ့ဘဝရှိ လူများ၏ စကား၊ လုပ်ရပ်များ၊ အပြုအမူ၊ အတွေးအခေါ်များ၊ အမြင်များမှ ဆင်းသက်လာခြင်းဖြစ်သည်။ ယင်းတို့ကို ဤဇာတ်လမ်းငယ်အတွင်းသို့ အကျဉ်းချုံးထည့်ထားခြင်း ဖြစ်သည်။ ဤဇာတ်လမ်းက မည်သည့်အရေးကိစ္စအကြောင်းကို ပြောသနည်း။ ဇာတ်လမ်းထဲရှိ ဒါ့မင်းတွင် မည်သည့်ပြဿနာများကို သင်တို့ မြင်နိုင်သနည်း။ ရှောင်မင်းကရော အဘယ်သို့ဖြစ်သနည်း။ ဒါ့မင်း၏ ပြဿနာများ၏ အနှစ်သာရမှာ အဘယ်နည်း။ ပထမဦးစွာ တွေးကြည့်လော့။ ဒါ့မင်းက အနှစ်ချုပ်ပြီး လက်တွေ့လုပ်ဆောင်ခဲ့သည့်အရာတို့တွင် သမ္မာတရားနှင့် ကိုက်ညီသည့်အပိုင်း တစ်ခုတလေရှိသလော။ (မရှိပါ။) ဤသို့ဆိုလျှင် မည်သည့်အရာကို သူ လက်တွေ့လုပ်ဆောင်နေသနည်း။ (အယူအဆများနှင့် စိတ်ကူးများဖြစ်သည်။) ဤအယူအဆများနှင့် စိတ်ကူးများက မည်သည့်နေရာမှ လာသနည်း။ (ရိုးရာယဉ်ကျေးမှုမှလာသည်။) အရင်းအမြစ်က ရိုးရာယဉ်ကျေးမှုဖြစ်သည်။ သူ၏ အယူအဆများနှင့် စိတ်ကူးများသည် ရိုးရာယဉ်ကျေးမှု၏ ကူးစက်ခြင်း၊ ပုံစံသွင်းခြင်း၊ ပညာပေးခြင်းတို့၏ ထုတ်ကုန်များဖြစ်သည်။ သူသည် ရိုးရာယဉ်ကျေးမှု၏ အကောင်းဆုံးသော၊ အပြုသဘောဆောင်ဆုံးသော၊ စံပြုလောက်သော အနှစ်သာရများ ဖြစ်သည်ဟု သူယုံကြည်သည့်အရာကို ယူပြီး ပြန်လည်ပုံဖော်ကာ သူ၏သား လက်တွေ့လုပ်ဆောင်ရန်အတွက် သမ္မာတရားဖြစ်သည်ဟု သူယုံကြည်သည့် အရာအဖြစ်သို့ ပြောင်းလဲခဲ့သည်။ ဤဇာတ်လမ်းကို သိသာထင်ရှားပြီး နားလည်ရန်လွယ်ကူသည်ဟု သတ်မှတ်နိုင်သလော။ (သတ်မှတ်နိုင်ပါသည်။) ဤဇာတ်လမ်းကို နားထောင်ခြင်းမှ သင်တို့ နားလည်ပြီး သဘောပေါက်နိုင်ခဲ့သည့်အရာကို မျှဝေလော့။ (နားထောင်ပြီးနောက်တွင် ဒါ့မင်း၏ ပြဿနာသည် ဘုရားသခင်ကို သူယုံကြည်သော်လည်း ဘုရားနှုတ်ကပတ်တော်များကို သူလုံးဝ အားမထုတ်ခဲ့ခြင်းဖြစ်သည်ဟု ကျွန်ုပ် ခံစားရသည်။ သူသည် လူတို့၏ ရိုးရာအယူအဆများအပေါ် အခြေခံ၍ ဘုရားသခင်အပေါ် ယုံကြည်ပြီး သူသည် ထိုအပေါ်ယံဆန်သော စံသတ်မှတ်ချက်များကို လိုက်နာလျှင် ဘုရားသခင်သည် ကျေနပ်လိမ့်မည်ဟု ထင်သည်။ သူသည် ဘုရားသခင်က လူတို့အပေါ် အမှန်တကယ်တွင် မည်သည့်အရာ တောင်းဆိုပြီး ပုံမှန် လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်သည်ဆိုသည်ကို ဘုရားနှုတ်ကပတ်တော်အတွင်းတွင် မရှာဖွေပေ၊ သို့မဟုတ် ချင့်ချိန်စဉ်းစားခြင်းမရှိပေ။) ဒါ့မင်းသည် မည်သည့်အရာဖြင့် အသက်ရှင်သနည်း။ (အယူအဆများ၊ စိတ်ကူးများဖြင့် ဖြစ်သည်။) အယူအဆများ၊ စိတ်ကူးများဖြင့် အသက်ရှင်ခြင်းသည် အနှစ်မရှိသော စကားရပ်ဖြစ်သည်။ အမှန်တွင် သူသည် ရိုးရာယဉ်ကျေးမှုဖြင့် အသက်ရှင်နေပြီး ရိုးရာယဉ်ကျေးမှုကို သမ္မာတရားအဖြစ် မှတ်ယူခဲ့သည်။ သူသည် ရိုးရာယဉ်ကျေးမှုဖြင့် အသက်ရှင်နေခဲ့သည်။ ဤတွင် မည်သည့်အသေးစိတ်အချက်အလက်များ ပါဝင်သနည်း။ သူသည် အဘယ်ကြောင့် ရှောင်မင်းအား လူတို့ကို ဂုဏ်ပုဒ်အချို့ဖြင့် ခေါ်စေလိုသနည်း။ (အပေါ်ယံတွင် ယင်းမှာ ဤကောင်းမှုများမှတစ်ဆင့် ဘုရားသခင် ဘုန်းတော်ထင်ရှားစေရန်ဖြစ်သည်ဟု သူက ပြောသည်။ သို့သော် အမှန်တကယ်တွင် သူသည် သူ၏ကိုယ်ပိုင် ဘဝင်မြင့်မှုကို ဖြည့်ဆည်းရန်ဖြစ်သည်။ သူ၏ကလေးကို ကောင်းစွာသွန်သင်ဆုံးမရန် အရည်အချင်းရှိသည့်အတွက် ချီးမွမ်းခံရဖို့ ဖြစ်သည်။) ဟုတ်သည်။ ယင်းသည် သူ၏ ရည်ရွယ်ချက်ဖြစ်သည်။ သူ၏ သွန်သင်လေ့ကျင့်ပေးမှုသည် သူ့ကလေးအား ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားကို နားလည်စေရန်မဟုတ်။ သူ့အတွက် ဂုဏ်ကျက်သရေ တိုးစေသည့်အရာများအား သူ့ကလေးလုပ်ဆောင်စေရန်၊ သူ၏ တစ်ကိုယ်ရေ ဘဝင်မြင့်မှုကို ဖြည့်ဆည်းစေရန် ဖြစ်သည်။ ဤသည်မှာလည်း ပြဿနာတစ်ခုဖြစ်သည်။ အပြုအမူမှတစ်ဆင့် မိမိကိုယ်ကို တန်ဆာဆင်ပြီး ပြရုပ်တင်ခြင်းပေါ် အစဉ်အာရုံစိုက်ခြင်းတွင် ပြဿနာတစ်ခုရှိသလော။ (ရှိပါသည်။) ဤသည်မှာ သူရောက်ရှိနေသော လမ်းကြောင်းရှိ ပြဿနာတစ်ခုကို ညွှန်ပြပြီး ဤသည်မှာ အဆိုးရွားဆုံး ပြဿနာဖြစ်သည်။ မိမိ၏ အပြုအမူကို ပြရုပ်တင်ခြင်းအပေါ် အစဉ်အာရုံစိုက်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းသည် လူတို့၏ လေးစားမှုကို ရရန်၊ လူတို့အား မြှောက်ပင့်စေရန်နှင့် မိမိကိုယ်ကို ချီးမွမ်းရန်ဖြစ်သည်။ ဤအရာ၏ သဘောသဘာဝမှာ အဘယ်နည်း။ ယင်းသည် ကြောင်သူတော်ဆန်ခြင်းဖြစ်သည်။ ဖာရိရှဲများ၏ နည်းလမ်းဖြစ်သည်။ အပြင်ပန်းရှိ အပြုအမူကောင်းများအပေါ် အာရုံစိုက်သော၊ မိမိအပြုအမူကို ပြရုပ်တင်ခြင်းအပေါ် အာရုံစိုက်သော၊ မိမိအပြုအမူတွင် များစွာ အားစိုက်ထုတ်သောသူတို့သည် သမ္မာတရားကို နားလည်သလော။ (နားမလည်ပါ။) ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များစွာကို ဖတ်ပြီး များစွာ အားစိုက်ထုတ်သည်။ ဤသို့ဆိုလျှင် အဘယ်ကြောင့် သမ္မာတရားကို နားမလည်သနည်း။ ဘုရားသခင်၏ စီမံမှုနှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းသည် လူတို့အား သမ္မာတရားကိုနားလည်စေရန်၊ လူတို့အား စုံလင်အောင်ပြုလုပ်ရန်၊ စိတ်သဘောထားပြောင်းလဲမှုကို ကြုံရစေရန်ဖြစ်သည်ကို ၎င်းတို့ နားမလည်ပေ။ ယင်းကို ၎င်းတို့ နားမလည်။ ၎င်းတို့က “ဘုရားနှုတ်ကပတ်တော်ကို ငါမည်သို့ ဖတ်သည်ဖြစ်စေ လူတို့က အလွယ်တကူ သဘောတူသည့်၊ အသိအမှတ်ပြုသည့်၊ ထောက်ခံအားပေးမည့် အချို့သောစကားများ၊ လုပ်ရပ်များနှင့် အပြုအမူများကို ငါ အနှစ်ချုပ်မည်။ ထို့နောက်တွင် လက်တွေ့ဘဝ၌ ဤအရာများအတိုင်း ငါ အသက်ရှင်နေထိုင်ပြီး ယင်းတို့ကို စွဲစွဲမြဲမြဲ လိုက်နာစောင့်ထိန်းမည်။ ဤသည်မှာ စစ်မှန်သော ယုံကြည်သူတစ်ဦးက လုပ်ဆောင်မည့်အရာဖြစ်သည်” ဟု တွေးကြသည်။

သင်တို့တွင် ဒါ့မင်းနှင့်ဆင်တူသော ပြဿနာများရှိသလော။ လူမှုစံသတ်မှတ်ချက်များကို လိုက်လျှောက်ခြင်း၊ ဝါရင့်မှုကို အရေးစိုက်ခြင်း၊ ကြီးသူကို လေးစားပြီး ငယ်သူကို ဂရုစိုက်ခြင်း၊ သက်ကြီးသူနှင့် ငယ်ရွယ်သူတို့ကြား သင့်လျော်သော အစီအစဉ်ကျမှုကို ထိန်းသိမ်းခြင်းတို့ကဲ့သို့သော ယခုတင် ဆွေးနွေးခဲ့သည့် သိသာသော ကဏ္ဍများအပြင် အခြားဆင်တူသည့် အပြုအမူများ၊ အတွေးများ၊ အမြင်ရှုထောင့်များ၊ သို့မဟုတ် နားလည်မှုများရှိသလော။ ဤပြဿနာများအား စူးစမ်းပြီး စိစစ်ရန် သင်တို့ကိုယ်တိုင်သိသလော။ ဥပမာ အသင်းတော်တွင် လူတစ်ယောက်သည် အသက်ကြီးလျှင်၊ သို့မဟုတ် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ပြီးဖြစ်လျှင် သင်သည် အစဉ်သဖြင့် ထိုလူကို အရိုအသေပေးလိုသည်။ ၎င်းကို စကားပြီးအောင်ပြောခွင့်ပေးသည်။ ထိုသူက အဓိပ္ပာယ်မရှိသည့်အရာကို ပြောနေလျှင်ပင် ကြားဖြတ်မပြောပေ။ ပြီးလျှင် ထိုသူက မှားယွင်းသော တစ်စုံတစ်ခုကို လုပ်ဆောင်ပြီး ပြုပြင်ခြင်းခံရဖို့ လိုအပ်သောအခါတွင်ပင် သင်က ထိုသူကို သိက္ခာဆည်ရန် ကြိုးစားပြီး သူတစ်ပါးတို့ရှေ့တွင် ထိုသူအား ဝေဖန်ခြင်းကို ရှောင်ကြဉ်ဆဲဖြစ်ကာ ထိုသူ၏ လုပ်ရပ်များက မည်မျှ ကျိုးကြောင်းမသင့်ပါစေ၊ သို့မဟုတ် ဆိုးရွားပါစေ လူတိုင်းက ထိုသူကို ခွင့်လွှတ်ပြီး သည်းခံရန် လိုအပ်ဆဲဖြစ်သည်ဟု ထင်သည်။ သင်သည် သူတစ်ပါးတို့အား “ကျွန်ုပ်တို့သည် လူကြီးသူမကို အရိုအသေအနည်းငယ်ပေးသင့်ပြီး ၎င်းတို့၏ ဂုဏ်သိက္ခာကို မထိခိုက်သင့်ပါ။ ကျွန်ုပ်တို့သည် လူငယ်များဖြစ်သည်” ဟုလည်း မကြာခဏ သင်ကြားပေးသည်။ ဤ “လူငယ်များ” ဟူသည့် ဝေါဟာရသည် မည်သည့်နေရာမှ လာသနည်း။ (ရိုးရာယဉ်ကျေးမှုဖြစ်သည်။) ရိုးရာယဉ်ကျေးမှုဆိုင်ရာ အတွေးမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ထို့အပြင် အသင်းတော်တွင် အလေ့အထတစ်ခု ဖြစ်ပေါ်လာပြီးဖြစ်သည်။ ထိုနေရာတွင် လူတို့က ပိုမိုအသက်ကြီးသော ညီအစ်ကိုမောင်နှမများကို တွေ့သောအခါတွင် ၎င်းတို့အား “ကိုကြီး”၊ “မကြီး”၊ “အဒေါ်”၊ သို့မဟုတ် “အစ်ကိုကြီး” ဟူ၍ နွေးထွေးစွာ ရည်ညွှန်းပြောဆိုသည်။ လူတိုင်းက မိသားစုကြီးတစ်ခု၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည့်အလားပင် ဖြစ်သည်။ ဤအသက်ပိုကြီးသောလူတို့သည် ပို၍ လေးစားခြင်းခံရသည်။ ဤအရာက အခြားလူများ၏ စိတ်တွင် ထိုငယ်ရွယ်သောသူတို့အပေါ် အမှုမဲ့အမှတ်မဲ့ အကောင်းမြင်စေသည်။ ရိုးရာယဉ်ကျေးမှု၏ ဤအရာများသည် တရုတ်လူမျိုးတို့၏ အတွေးနှင့် ရိုးတွင်းချဉ်ဆီထဲတွင် နက်နဲစွာ အမြစ်တွယ်နေခဲ့သည်မှာ အသင်းတော်အသက်တာတွင် ထိုသွင်ပြင်အခြေအနေကို ဆက်တိုက်ဖြန့်ပြီး ပုံဖော်သည်အထိ ဖြစ်သည်။ လူတို့သည် ဤအယူအဆများ၏ ကန့်သတ်ခြင်းနှင့် ထိန်းချုပ်ခြင်းကို မကြာခဏခံရသောကြောင့် ၎င်းတို့သည် ယင်းတို့ကို ကိုယ်တိုင်ကိုယ်ကျ အတည်ပြုထောက်ခံကာ ဤဦးတည်ချက်တွင် လုပ်ဆောင်ပြီး လက်တွေ့လုပ်ဆောင်ရန် ကြိုးစားရုံမကဘဲ အခြားလူများအားလည်း ဤသို့ပြုလုပ်ခြင်းကို အသိအမှတ်ပြုကာ လိုက်လံလုပ်ဆောင်ရန် ၎င်းတို့ကို သွန်သင်ဆုံးမသည်။ ရိုးရာယဉ်ကျေးမှုသည် သမ္မာတရားမဟုတ်။ ဤသည်မှာ သေချာသည်။ သို့သော် သမ္မာတရားမဟုတ်သည်ကို လူတို့သိရုံမျှဖြင့် လုံလောက်သလော။ ယင်းက သမ္မာတရားမဖြစ်သည်မှာ တစ်ကဏ္ဍဖြစ်သည်။ ယင်းကို ငါတို့ အဘယ်ကြောင့် စိစစ်သင့်သနည်း။ ယင်း၏ အရင်းအမြစ်မှာ အဘယ်နည်း။ ပြဿနာ၏ အနှစ်သာရက မည်သည့်နေရာတွင် တည်ရှိသနည်း။ ဤအရာများကို မည်သို့ လက်လွှတ်နိုင်သနည်း။ ရိုးရာယဉ်ကျေးမှုကို စိစစ်ခြင်းသည် သင့်စိတ်နှလုံးအတွင်းထဲတွင် ဤကဏ္ဍ၏ သဘောတရားများ၊ အတွေးအခေါ်များ၊ အမြင်များကို အလုံးစုံ အသစ်ဖြစ်သော နားလည်ခြင်းတစ်ခု ပံ့ပိုးပေးရန် ရည်ရွယ်ချက်အတွက် ဖြစ်သည်။ ဤ အလုံးစုံ အသစ်ဖြစ်သော နားလည်ခြင်းကို မည်သို့ ရရှိနိုင်သနည်း။ ဦးစွာ ရိုးရာယဉ်ကျေးမှုသည် စာတန်ထံမှ ပေါ်ပေါက်လာသည်ကို သင်သိရမည်။ စာတန်က ဤရိုးရာယဉ်ကျေးမှု အကြောင်းအရာများကို လူသားများအတွင်းသို့ မည်သို့ သွတ်သွင်းသနည်း။ ခေတ်ကာလတိုင်းတွင် စာတန်သည် ဤ ဆိုရိုးစကားများနှင့် သဘောတရားများဆိုသော ဤအတွေးအခေါ်များကို ဖြန့်ရန် နာမည်ကြီးသော ပုဂ္ဂိုလ်များနှင့် ကြီးမြတ်သူများကို အသုံးပြုသည်။ ထို့နောက်တွင် တဖြည်းဖြည်းချင်းဖြင့် ဤအယူအဆများသည် စနစ်တကျဖြစ်လာပြီး ပို၍တိကျလာကာ လူတို့၏ ဘဝများနှင့် အစဉ် ပို၍နီးကပ်လာသည်။ နောက်ဆုံးတွင် ယင်းတို့သည် လူတို့ကြားတွင် ပျံ့နှံ့လာသည်။ အနည်းငယ်ချင်းစီဖြင့် ဤစာတန်ဆန်သော အတွေးအခေါ်များ၊ ဆိုရိုးစကားများ၊ သဘောတရားများသည် လူတို့၏ စိတ်အတွင်းသို့ သွတ်သွင်းခြင်းခံရသည်။ လူတို့သည် အယူဝါဒသွတ်သွင်းခြင်း ခံရပြီးနောက်တွင် စာတန်ထံမှလာသော ဤအတွေးအခေါ်များနှင့် သဘောတရားများကို ၎င်းတို့ လက်တွေ့လုပ်ဆောင်ပြီး လိုက်နာစောင့်ထိန်းသင့်သည့် အပြုသဘောအဆောင်ဆုံးသောအရာများအဖြစ် မှတ်ယူကြသည်။ ထို့နောက်တွင် စာတန်က လူတို့၏ စိတ်များကို အကျဉ်းချပြီး ထိန်းချုပ်ရန်အတွက် ဤအရာများကို အသုံးပြုသည်။ မျိုးဆက်တစ်ခုပြီးတစ်ခု လက်ရှိအချိန်ထိ တစ်လျှောက်လုံး ဤသို့သော အခြေအနေများအောက်တွင် ပညာသင်ကြားပေးခြင်း၊ ပုံစံသွင်းခြင်း၊ ထိန်းချုပ်ခြင်းခံရပြီး ဖြစ်သည်။ ရိုးရာယဉ်ကျေးမှုသည် မှန်ပြီး ကောင်းသည်ဟု ဤမျိုးဆက်များအားလုံးက ယုံကြည်ကြသည်။ ဤကောင်းပြီး မှန်သောအရာများဟူသည့် အရာများ၏ မူလဇာစ်မြစ် သို့မဟုတ် အရင်းအမြစ်ကို မည်သူကမျှ မစိစစ်ပေ။ ဤသည်မှာ ပြဿနာကို ဆိုးရွားစေသော အရာဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်ကို နှစ်များစွာ ဖတ်ပြီးသူ ယုံကြည်သူအချို့သည်ပင် ဤအရာများသည် မှန်ကန်ပြီး အပြုသဘောဆောင်သောအရာများဖြစ်သည်ဟု ထင်ဆဲဖြစ်သည်မှာ ဤအရာများသည် သမ္မာတရားကို အစားထိုးနိုင်သည်၊ ဘုရားနှုတ်ကပတ်တော်ကို အစားထိုးနိုင်သည်ဟု ယုံကြည်သည်အထိ ဖြစ်သည်။ ထို့အပြင် လူအချို့က “ဘုရားနှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ မည်မျှဖတ်သည်ဖြစ်စေ လူတို့ကြားတွင် နေထိုင်လျက်ဖြင့် နာခံခြင်းသုံးချက်နှင့် ကောင်းခြင်းလေးဖြာ အပြင် စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်း ဟူသည့် အယူအဆများကဲ့သို့သော ရိုးရာအယူအဆများနှင့် ရိုးရာယဉ်ကျေးမှု ဆိုသည့်အရာများကို စွန့်ပစ်၍ မရနိုင်ပါ။ ဤသည်မှာ ယင်းတို့သည် ပညာရှိများဖြစ်သော ကျွန်ုပ်တို့၏ ဘိုးဘေးများထံမှ လက်ဆင့်ကမ်းလာသောကြောင့် ဖြစ်သည်။ ဘုရားသခင်ကို ကျွန်ုပ်တို့ ယုံကြည်ရုံသက်သက်ဖြင့် ကျွန်ုပ်တို့ ဘိုးဘေးများ၏ သွန်သင်မှုများကို မဆန့်ကျင်နိုင်ပါ။ ပြီးလျှင် ကျွန်ုပ်တို့ ဘိုးဘေးများနှင့် ထိုရှေးပညာရှိများ၏ သွန်သင်မှုများကို ကျွန်ုပ်တို့ မပြောင်းလဲနိုင်၊ သို့မဟုတ် မစွန့်ပစ်နိုင်ပါ” ဟု တွေးကြသည်။ ဤသို့သော အတွေးများနှင့် နားလည်သဘောပေါက်မှုသည် လူတို့၏ စိတ်နှလုံးတွင် တည်ရှိသည်။ အမှုမဲ့အမှတ်မဲ့ဖြင့် လူတို့အားလုံးသည် ဤရိုးရာယဉ်ကျေးမှုနှင့်ဆိုင်သော အရာများ၏ ထိန်းချုပ်ခြင်း၊ ချည်နှောင်ခြင်းကို ခံရဆဲ ဖြစ်သည်။ ဥပမာ သင်က အသက်နှစ်ဆယ်ကျော်အရွယ်တွင် ရှိသည်ကို ကလေးတစ်ယောက်က မြင်ပြီး သင့်အား “ဦးလေး” ဟု ခေါ်သောအခါ သင်က ဝမ်းမြောက်ပြီး ကျေနပ်အားရသည်။ သူက သင့်နာမည်ကို တိုက်ရိုက်ခေါ်လျှင် သင်က စိတ်မသက်မသာဖြစ်ပြီး ကလေးက မယဉ်ကျေးသကဲ့သို့ သွန်သင်လေ့ကျင့်ပေးသင့်သည်ဟု ထင်သည်။ ပြီးလျှင် သင်၏ သဘောထားက ပြောင်းလဲသည်။ အမှန်တကယ်တွင် သူက သင့်ကို ဦးလေးဟု ခေါ်သည်ဖြစ်စေ၊ သင့်အမည်ကို ခေါ်သည်ဖြစ်စေ ယင်းမှာ သင်၏ တည်ကြည်မှုနှင့် လုံးဝ ဆက်စပ်မှုမရှိပေ။ ဤသို့ဆိုလျှင် သင့်အား ဦးလေးဟု မခေါ်သောအခါတွင် သင်က အဘယ်ကြောင့် မပျော်မရွှင်ဖြစ်သနည်း။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်သည် ရိုးရာယဉ်ကျေးမှု၏ အုပ်စိုးခြင်းနှင့် လွှမ်းမိုးခြင်းကို ခံရသောကြောင့် ဖြစ်သည်။ ယင်းသည် သင့်စိတ်တွင် အမြစ်တွယ်နှင့်ပြီးသားဖြစ်ကာ လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများအပေါ် ဆက်ဆံပြုမူခြင်း၊ အမှုအရာအားလုံးကို စဉ်းစားသုံးသပ်ခြင်းနှင့် ကောက်ချက်ချခြင်းအတွက် အခြေခံအကျဆုံးသော စံနှုန်းဖြစ်လာခဲ့သည်။ သင်၏ စံနှုန်းက မှားယွင်းသောအခါ သင့်လုပ်ရပ်များ၏ သဘောသဘာဝက မှန်ကန်နိုင်သလော။ လုံးဝ လုံးဝ မမှန်ကန်နိုင်ပေ။ သမ္မာတရားနှင့် အကဲဖြတ်လျှင် ဤအမှုကိစ္စကို သင်မည်သို့ ကိုင်တွယ်မည်နည်း။ သူတစ်ပါးတို့က သင့်အား ခေါ်သည့်အရာကို သင် ဂရုစိုက်မည်လော။ (ဂရုစိုက်မည်မဟုတ်ပါ။) အကယ်၍ ဆိုလိုသည်မှာ ၎င်းတို့က သင့်အား စော်ကားခဲ့လျှင် သို့မဟုတ် အရှက်ရစေခဲ့လျှင် သို့ဖြစ်ပါက သင်သည် အသေအချာပင် စိတ်မသက်မသာဖြစ်မည်။ ဤသည်မှာ လူ့သဘာဝ၏ ပုံမှန်ဖော်ပြမှုတစ်ခု ဖြစ်သည်။ သို့ရာတွင် သင်၏ တိုင်းတာမှုစံနှုန်းက ဘုရားနှုတ်ကပတ်တော်၊ သမ္မာတရား၊ သို့မဟုတ် ဘုရားသခင်ဆီမှလာသော ယဉ်ကျေးမှုဖြစ်လျှင် လူတို့က သင့်အား နာမည်ဖြင့် ခေါ်သည်ဖြစ်စေ၊ “ဦးလေး”၊ သို့မဟုတ် “ညီအစ်ကို” ဟု ခေါ်သည်ဖြစ်စေ သင့်တွင် လုံးဝ တုံ့ပြန်မှုရှိမည်မဟုတ်။ ဤအမှုကိစ္စတွင် ဒေသထုံးတမ်းဓလေ့များကို သင်လိုက်လျှောက်နိုင်သည်။ ဥပမာ တရုတ်ပြည်တွင် လူတစ်ယောက်က သင့်ကို “ဦးလေး” ဟု ခေါ်သောအခါ သူသည် သင့်အပေါ် လေးစားမှုရှိသည်ဟု သင်ခံစားရသည်။ သို့သော် သင်သည် အနောက်နိုင်ငံတစ်ခုသို့ သွားပြီး လူတစ်ယောက်က သင့်အား “ဦးလေး” ဟု ခေါ်လျှင် သင်သည် အနေခက်လိမ့်မည်။ သင်သည် သင့်နာမည်အား ခေါ်ဆိုခြင်းကို ပို၍ နှစ်သက်ကာ ဤအရာကို လေးစားမှုပုံစံတစ်ခုအဖြစ် မြင်လိမ့်မည်။ တရုတ်ပြည်တွင် သင့်ထက်အလွန်ပို၍ ငယ်သောသူတစ်ဦးက သင့်အား နာမည်ဖြင့်ခေါ်လျှင် သင်သည် အလွန်ပင် မပျော်မရွှင်ဖြစ်ပြီး သူသည် သက်ကြီးသူကို အလေးမထားဟု ခံစားရမည်။ သင်သည် လွန်စွာ အရှက်ရလိမ့်မည်။ ပြီးလျှင် သင်သည် စိတ်ဆိုးပြီး ဤသူကို ရှုတ်ချခြင်းပင် ပြုလိမ့်မည်။ ဤသည်မှာ ဤစဉ်းစားပုံတွင် ပြဿနာတစ်ခုရှိသည်ဟု မပြသလော။ ဤသည်မှာ ငါကိုင်တွယ်ရန် ရည်ရွယ်သော ပြဿနာဖြစ်သည်။

နိုင်ငံတစ်ခုဆီနှင့် လူမျိုးစုတစ်ခုဆီတွင် ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှုရှိသည်။ ရိုးရာယဉ်ကျေးမှုအားလုံးကို ငါတို့ ဝေဖန်သလော။ မဝေဖန်သင့်သော ယဉ်ကျေးမှုတစ်ခုရှိသည်။ ယင်းမှာ မည်သည့်ယဉ်ကျေးမှုဖြစ်သည်ကို သင်တို့ ပြောနိုင်သလော။ သင်တို့ကို ငါဥပမာတစ်ခုပေးမည်။ ဘုရားသခင်က အာဒံကို ဖန်ဆင်းခဲ့သည်။ အာဒံဟု အမည်ပေးခဲ့သည်မှာ မည်သူနည်း။ (ဘုရားသခင် ဖြစ်သည်။) ဤသို့ဆိုလျှင် ဘုရားသခင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး ၎င်းတို့နှင့် အပြန်အလှန်ဆက်ဆံသောအခါ၌ လူတို့ကို မည်သို့ခေါ်သနည်း။ (နာမည်ဖြင့် ခေါ်သည်။) မှန်သည်။ လူတို့ကို နာမည်ဖြင့် ခေါ်သည်။ ဘုရားသခင်က သင့်ကို နာမည်တစ်ခုပေးသည်။ ပြီးလျှင် ဤနာမည်သည် ဘုရားသခင်၏ အမြင်တွင် အဓိပ္ပာယ်ရှိသည်။ ယင်းသည် ဂုဏ်ပုဒ်တစ်ခုအဖြစ်၊ အမည်နာမတစ်ခုအဖြစ် အသုံးဝင်သည်။ ဘုရားသခင်က သင့်ကို ဂုဏ်ပုဒ်တစ်ခုပေးသောအခါ သူသည် သင့်ကို ဤဂုဏ်ပုဒ်ဖြင့် ခေါ်သည်။ ဤသည်မှာ လေးစားမှုပုံစံတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ အကောင်းဆုံးသော လေးစားမှုပုံစံဖြစ်သည်။ သမ္မာတရားနှင့် အနီးကပ်ဆုံး ကိုက်ညီပြီး အပြုသဘောအဆောင်ဆုံးသော လေးစားမှုတစ်ခု ဖြစ်သည်။ ဤသည်မှာ လူတို့ကို လေးစားခြင်းအတွက် စံနှုန်းဖြစ်ပြီး ဘုရားသခင်ထံမှ လာသည်။ ဤသည်မှာ ယဉ်ကျေးမှုပုံစံတစ်ခုမဟုတ်သလော။ (ဟုတ်ပါသည်။) ဤယဉ်ကျေးမှုကို ငါတို့ ထောက်ခံသင့်သလော။ (ထောက်ခံသင့်ပါသည်။) ဤသည်မှာ ဘုရားသခင်ထံမှ လာသည်။ ဘုရားသခင်သည် လူတစ်ဦးအား သူ၏အမည်ဖြင့် တိုက်ရိုက်ခေါ်သည်။ ဘုရားသခင်က သင့်ကို အမည်တစ်ခုပေးသည်။ ဂုဏ်ပုဒ်တစ်ခု ပေးသည်။ ထို့နောက် သင့်ကို ကိုယ်စားပြုရန်၊ ခေါ်ရန် ဤဂုဏ်ပုဒ်ကို အသုံးပြုသည်။ ဤသည်မှာ ဘုရားသခင်က လူတို့ကို ဆက်ဆံပုံဖြစ်သည်။ ဘုရားသခင်က ဒုတိယလူကို ဖန်ဆင်းသောအခါတွင် သူမကို မည်သို့ ဆက်ဆံခဲ့သနည်း။ ဘုရားသခင်က အာဒံကို သူမအား အမည်ပေးစေသည်။ အာဒံက သူမအား ဧဝဟု အမည်ပေးခဲ့သည်။ ဘုရားသခင်က သူမကို ဤအမည်ဖြင့် ခေါ်သလော။ ခေါ်ခဲ့သည်။ ထို့ကြောင့် ဤသည်မှာ ဘုရားသခင်ထံမှလာသော ယဉ်ကျေးမှုတစ်ခု ဖြစ်သည်။ ဘုရားသခင်က ဖန်ဆင်းခံတစ်ဦးဆီအား ဂုဏ်ပုဒ်တစ်ခုပေးသည်။ ပြီးလျှင် ထိုဂုဏ်ပုဒ်ကို သူခေါ်သောအခါ မည်သူ့ကို ရည်ညွှန်းသည်ဆိုသည်ကို လူသားများနှင့် ဘုရားသခင်တို့နှစ်ဦးစလုံး သိသည်။ ဤသည်မှာ လေးစားမှုဟု ခေါ်သည်။ တန်းတူညီမျှမှုဟု ခေါ်သည်။ ဤသည်မှာ လူတစ်ဦးက ယဉ်ကျေးသလောဆိုသည်ကို၊ သူ၏ လူ့သဘာဝတွင် တင့်တယ်လျောက်ပတ်သော အမူအကျင့်နှင့်ဆိုင်သော အသိစိတ်တစ်ခု ရှိသလောဆိုသည်ကို တိုင်းတာရန် စံနှုန်းတစ်ခုဖြစ်သည်။ ဤသည်မှာ တိကျမှန်ကန်သလော။ (တိကျမှန်ကန်သည်။) ယင်းသည် အမှန်ပင် တိကျမှန်ကန်သည်။ ကျမ်းစာတွင် မိသားစုတစ်ခု၏ ဖြစ်ရပ်တစ်ခုခု သို့မဟုတ် မျိုးရိုးစဉ်ဆက်ကို မှတ်တမ်းတင်သည်ဖြစ်စေ ဇာတ်ကောင်အားလုံးတွင် နာမည်များရှိသည်။ ယင်းတို့တွင် ဂုဏ်ပုဒ်များရှိသည်။ သို့ရာတွင် သင်တို့ သတိပြုမိသည်ဟု ငါမသေချာသည့် အရာတစ်ခုရှိသည်။ ကျမ်းစာက အဘိုး၊ အဘွား၊ ဦးလေး၊ အဒေါ်၊ ဦးလေးကြီး၊ အဒေါ်ကြီး စသည်တို့ကဲ့သို့သော အမည်နာမများကို အသုံးမပြုပေ။ လူတို့၏ နာမည်များကိုသာ အသုံးပြုသည်။ ဤမှနေ၍ မည်သည့်အရာကို သင်တို့ ကောက်ယူနိုင်သနည်း။ လူတို့အတွက် ဘုရားသခင် သတ်မှတ်ခဲ့သည့်အရာသည် စည်းကမ်းများဖြစ်စေ၊ ဥပဒေများဖြစ်စေ လူသား၏ ဝေါဟာရတွင် လူတို့ကြား လက်ဆင့်ကမ်းလာခဲ့သော ရိုးရာတစ်မျိုးဖြစ်သည်။ ဘုရားသခင်ထံမှ လက်ဆင့်ကမ်းလာခဲ့သော ဤရိုးရာက မည်သည့်အရာ ဖြစ်သနည်း။ ဤသည်မှာ လူတို့ လိုက်နာသင့်သောအရာတစ်ခု ဖြစ်သည်။ ဝါစဉ် ဂုဏ်ပုဒ်များမလိုပေ။ ဘုရားသခင်၏ အမြင်တွင် အဘိုး၊ အဘွား၊ ဦးလေးကြီး၊ ဦးလေးငယ်၊ အဒေါ်ကြီး၊ အဒေါ်လေး စသည်တို့ကဲ့သို့ ရှုပ်ထွေးခက်ခဲလွန်းသော မိသားစုဂုဏ်ပုဒ်များမရှိပေ။ လူသားများသည် အဘယ်ကြောင့် ဝါစဉ်ဂုဏ်ပုဒ်များနှင့် အမည်နာမများကို အလွန်အရေးစိုက်သနည်း။ ယင်းမှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်က ဤအရာများကို အမုန်းတီးဆုံး ဖြစ်သည်။ ဤအရာများကို ဇာချဲ့နေသည်မှာ အစဉ်သဖြင့် စာတန်၏ အမျိုးအစားဖြစ်သည်။ ဤရိုးရာယဉ်ကျေးမှုနှင့်ပတ်သက်လျှင် ဘုရားသခင်နှင့်သက်ဆိုင်သည့် အလွန်စစ်မှန်သော အချက်တစ်ခုရှိသည်။ ဘုရားသခင်က လူသားမျိုးနွယ် တစ်ရပ်လုံးကို ဖန်ဆင်းခဲ့ပြီး လူတစ်ဦးက မိသားစုနှင့် သားစဉ်မြေးဆက် မည်မျှရှိကောင်းရှိနိုင်သည်ကို ရှင်းလင်းစွာ သိသည်။ မည်သည့် ဝါစဉ်စနစ်မျှ မလိုပေ။ ဘုရားသခင်က အသီးအပွင့်ဖြစ်ထွန်းရန်၊ မျိုးပွားရန်သာပြောသည်။ သင့်မိသားစုကို ကြီးပွားချမ်းသာအောင်ပြုလုပ်ဖို့သာ ပြောသည်။ ယင်းမှာ သင်မှတ်မိရန် လိုအပ်သည့်အရာအားလုံးဖြစ်သည်။ မျိုးဆက်တစ်ခုဆီတွင် သားစဉ်မြေးဆက် မည်မျှရှိသည်၊ ထိုသားစဉ်မြေးဆက်များက သားစဉ်မြေးဆက် မည်မျှရှိသည်တို့သာ ရှိသည်။ ဝါစဉ်စနစ်ကို မလိုပေ။ နောက်ပိုင်း မျိုးဆက်များသည် ၎င်းတို့၏ ဘိုးဘေးများက မည်သူတို့ဖြစ်သည်ကို သိဖို့မလိုသကဲ့သို့ ဘိုးဘေးတို့နှင့်ဆိုင်သော ခန်းမများ၊ ဗိမာန်များ ဆောက်ရန်လည်း မလိုပေ။ ယဇ်ပူဇော်ခြင်းများ ပြုလုပ်ခြင်း၊ သို့မဟုတ် ၎င်းတို့အား ကိုးကွယ်ခြင်းတို့ကို ပို၍ပင် မလိုပေ။ ဘုရားသခင်ကို ယုံကြည်ပြီး လိုက်လျှောက်သောသူအားလုံး၊ ယေဟောဝါကို ယုံကြည်သူအားလုံးတို့သည် ယဇ်ပလ္လင်ရှေ့တွင် လှူဖွယ်ပစ္စည်းများကို တင်ကြသည်ဟု ကျမ်းစာက မှတ်တမ်းတင်သည်။ မိသားစုတစ်ခုတွင် ရှိသူတိုင်းသည် ဘုရားရှေ့သို့လာပြီး လှူဖွယ်ပစ္စည်းများကို တင်ကြသည်။ ဤသည်မှာ မိသားစုတစ်ခုစီက အဘိုး၏ အဘိုးများ၊ အဘိုး၏ အဖေများ၊ အဘွား၏ အမေများအတွက် အထိမ်းအမှတ်သစ်သားပြားများဖြင့် ပြည့်နေသည့် ဘိုးဘေးတို့နှင့်သက်ဆိုင်သော ခန်းမတစ်ခုဆီရှိသည့် တရုတ်လူမျိုးတို့ကဲ့သို့ မဟုတ်ပေ။ ဘုရားသခင်က သူ၏ အမှုကို ဦးစွာ စတင်ခဲ့သည့်နေရာတွင် ဤအရာများ မတည်ရှိပေ။ သို့ရာတွင် ဘုရားသခင်၏ အမှုတော်နေရာနှင့် ဝေးသောနေရာများကို စာတန်နှင့် ဝိညာဉ်ဆိုးများက ထိန်းချုပ်သည်။ ဤဗုဒ္ဓနိုင်ငံများတွင် ဤစာတန်ဆန်သော အလေ့အကျင့်များ ရှင်သန်ကြသည်။ ထိုနေရာတွင် လူတို့သည် ၎င်းတို့၏ ဘိုးဘေးများကို ကိုးကွယ်ရမည်။ အရာရာတိုင်းကို မိသားစုထံ တင်ပြရမည်။ အရာရာတိုင်းကို မိသားစု၏ ဘိုးဘေးများထံသို့ သတင်းပို့ရမည်။ ဘိုးဘေးများ၏ ပြာများက မရှိတော့လျှင်ပင် နောက်ပိုင်းမျိုးဆက်များက အမွှေးနံ့သာများဖြင့် ပူဇော်ပြီး ဦးညွှတ်ရမည်ဖြစ်ဆဲပင်။ လက်ရှိခေတ်ပေါ်အချိန်တွင် အနောက်တိုင်းနှင့် ပိုမိုသစ်လွင်သော၊ ပိုများပြားသော အယူအဆများဖြင့် ထိတွေ့ပြီး ရိုးရာမိသားစု အချုပ်အနှောင်များမှ ရုန်းထွက်လွတ်မြောက်ပြီးသူအချို့သည် ဤသို့သော မိသားစုများတွင် ဆက်၍ နေလိုစိတ်မရှိပေ။ ၎င်းတို့သည် ဤသို့သောမိသားစုက တင်းကျပ်စွာ၊ အကျောက်အကန် ထိန်းချုပ်ခြင်းကို ခံစားရသည်။ မိသားစုတွင်းရှိ လူကြီးသူမများက ကိစ္စတိုင်းနီးပါးတွင် ကြားဝင်သည်။ အထူးသဖြင့် အိမ်ထောင်နှင့် ပတ်သက်သောအခါတွင် ဖြစ်သည်။ တရုတ်ပြည်တွင် ဤသို့သောအရာများက မရှားပေ။ စာတန်က လူတို့အား ဝါရင့်မှုကို အာရုံစိုက်အောင် လုပ်ဆောင်ပြီး ဤအယူအဆကို လူတို့က လိုလိုလားလား လက်ခံသည့်ပုံစံရှိသည်။ ၎င်းတို့က “မျိုးဆက်တစ်ခုဆီတွင် အဆင့်ရှိသည်။ ထိပ်ဆုံးတွင်ရှိသူတို့မှာ ကျွန်ုပ်တို့၏ ဘိုးဘေးများဖြစ်သည်။ ‘ဘိုးဘေး’ ဟူသည့်စကားကို ပြောလိုက်သည်နှင့် လူတို့သည် ဒူးထောက်ပြီး ၎င်းတို့အား ဘုရားများကဲ့သို့ ကိုးကွယ်သင့်သည်” ဟု ယုံကြည်ကြသည်။ ကလေးဘဝကတည်းက ဤပုံစံဖြင့် မိမိ၏ မိသားစု၏ လွှမ်းမိုးခြင်း၊ ပုံစံသွင်းခြင်းနှင့် ပြုစုပျိုးထောင်ခြင်းကို ခံရသည်။ ၎င်းတို့၏ ငယ်ရွယ်သောစိတ်များသည် အရာတစ်ခု သွတ်သွင်းခံရသည်။ ဤကမ္ဘာလောကတွင် မိသားစုမရှိဘဲ အသက်မရှင်နိုင်၊ မိသားစုကို စွန့်ခွာခြင်း၊ သို့မဟုတ် မိသားစု အချုပ်အနှောင်များမှ ချိုးဖျက်လွတ်မြောက်ခြင်းသည် ကိုယ်ကျင့်တရား အပြုအမူအားဖြင့် ရှုတ်ချပြစ်တင်ထိုက်သော ပြစ်မှုဖြစ်သည်ဟူ၍တည်း။ ကိုယ်ကျင့်တရား အပြုအမူအားဖြင့် ရှုတ်ချပြစ်တင်ထိုက်သော ပြစ်မှုဆိုသည်မှာ မည်သည့်အရာကို သွယ်ဝိုက်ညွှန်းဆိုသနည်း။ ဤသည်မှာ သင့်မိသားစုကို နားမထောင်လျှင် သင်သည် သားသမီးဝတ်မကျေသော ကလေးဖြစ်သည်၊ သားသမီးဝတ်မကျေခြင်းဆိုသည်မှာ သင်သည် လူသားမဟုတ်ဟုဆိုလိုသည်ဟူ၍ သွယ်ဝိုက်ညွှန်းဆိုသည်။ ထို့ကြောင့် လူအများစုက ဤမိသားစုဆိုင်ရာ အချုပ်အနှောင်များကို မချိုးဖျက်ရဲပေ။ တရုတ်လူမျိုးတို့သည်ဝါစဉ်စနစ်၊ ထို့အပြင် နာခံခြင်းသုံးချက်နှင့် ကောင်းခြင်းလေးဖြာ၊ အခြေခံရင်းနှီးမှုသုံးခုနှင့် ပုံသေကောင်းခြင်းငါးဖြာတို့ကဲ့သို့သော အယူအဆများ၏ ပုံစံသွင်းခြင်း၊ လွှမ်းမိုးခြင်း၊ ထိန်းချုပ်ခြင်းကို ဆိုးဆိုးရွားရွားခံထားရသည်။ မိမိ၏ သက်ကြီးသူများကို ဦးလေး၊ အဒေါ်၊ အဘိုး၊ သို့မဟုတ် အဘွားဟု သင့်တင့်လျောက်ပတ်စွာ မခေါ်သော လူငယ်များသည် ရိုင်းစိုင်းပြီး ယဉ်ကျေးမှုမရှိဟု မကြာခဏ စွပ်စွဲခံရသည်။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ သင်သည် လူမှုထုံးတမ်းဓလေ့များကို မလိုက်လျှောက်သောကြောင့်၊ ယဉ်ကျေးမှု မရှိသောကြောင့်၊ တန်ဖိုးမရှိသောကြောင့် ဤလူမျိုးစုအုပ်စုတွင်၊ ဤလူ့အဖွဲ့အစည်းတွင် သင့်ကို နိမ့်ကျသည်ဟု သတ်မှတ်သည်ဟူ၍ ဆိုလိုသည်။ အခြားလူတို့မှာ ကောင်းစွာ ဝတ်စားဆင်ယင်သည်။ ဟန်ဆောင်မှုတွင် ကျွမ်းကျင်သည်။ ရည်မွန်ခြင်း၊ တင့်တယ်ခြင်းနှစ်မျိုးလုံးဖြင့် ပြောဆိုသည်။ ၎င်းတို့သည် စကားပြောရာတွင် သကာရည်လောင်းထားကြပြီး သင်ကမူ လူတစ်ယောက်အား ဦးလေး သို့မဟုတ် အဒေါ်ဟု ခေါ်ရန်ပင် မသိ။ သင်သည် ယဉ်ကျေးမှုမရှိဟု လူတို့က ဆိုလိမ့်မည်။ ပြီးလျှင် မည်သည့်နေရာသို့ သင်သွားသည်ဖြစ်စေ သင့်ကို အထင်သေးလိမ့်မည်။ ဤသည်မှာ တရုတ်လူမျိုးတို့ သွတ်သွင်းခြင်းခံရသော သဘောတရားမျိုးဖြစ်သည်။ လူတို့အား မည်သို့ခေါ်ရမည်ကိုမသိသော ကလေးအချို့သည် ၎င်းတို့မိဘများက ကြမ်းတမ်းစွာ ဆူခြင်း သို့မဟုတ် ရိုက်နှက်ခြင်းကိုပင် ခံရမည်။ မိဘအချို့က ၎င်းတို့အား ရိုက်နှက်စဉ်တွင် “သင်သည် ရိုင်းစိုင်းသည်။ အသုံးမကျ။ ယဉ်ကျေးမှုမရှိ။ သင့်ကို သေအောင်ရိုက်သတ်လိုက်သည်က ကောင်းဦးမည်။ သင်သည် ငါ့အား အရှက်ရစေရုံကလွဲ၍ အခြားမည်သည့်အရာမျှမလုပ်။ လူတို့ရှေ့တွင် ငါ့အား သိက္ခာကျစေသည်” ဟု ဆိုလိမ့်မည်။ ကလေးက အခြားလူများအား မည်သို့ခေါ်ရမည်ကို မသိရုံသက်သက်ဖြင့် မိဘများက ၎င်းတို့၏ ကိုယ်ပိုင်သိက္ခာအတွက် ပြဿနာကို ပုံကြီးချဲ့ကာ ကလေးကို ပြင်းထန်စွာ ရိုက်သည်။ ဤသည်မှာ မည်သည့်အပြုအမူမျိုးနည်း။ ဤသည်မှာ အဓိပ္ပာယ်မဲ့လိုက်ပါတကား။ ငါသည် ဤသို့ မိတ်သဟာယမပြုလျှင် ဤအရာများကို သင်တို့ သဘောပေါက်မည်လော။ သင်တို့သည် လက်တွေ့ဘဝ၌ သင်တို့ ကြည့်ရှုလေ့လာသော ဖြစ်ရပ်များမှတစ်ဆင့် သို့မဟုတ် ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခြင်းမှတစ်ဆင့် သို့မဟုတ် သင်တို့၏ ကိုယ်ပိုင်အတွေ့အကြုံများမှတစ်ဆင့် တဖြည်းဖြည်းချင်း၊ အနည်းငယ်ချင်းစီဖြင့် ဤအမှုကိစ္စများကို သိမြင်နိုင်ပြီး ထို့နောက်တွင် သင့်အသက်တာ၏ ဦးတည်ချက်ကို ပြောင်းလဲကာ သင်ရောက်ရှိနေသည့် လမ်းကြောင်း၏ ဦးတည်ချက်ကို ပြောင်းလဲနိုင်သလော။ မပြောင်းလဲနိုင်လျှင် သင်တို့၏ အသိအမြင်သည် ချို့တဲ့နေသည်။ အမှုကိစ္စအားလုံးတွင် ဘုရားနှုတ်ကပတ်တော်၊ ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင်၏ တောင်းဆိုချက်များကို စံနှုန်းအဖြစ် အသုံးပြုခြင်းသည် အမှန်ကန်ဆုံးသော လုပ်နည်းကိုင်နည်းဖြစ်၏။ ယင်းသည် အမှားတစ်ခုမျှ မရှိ။ ဤသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ စာတန်ထံမှလာသော မည်သည့်အရာမဆိုသည် လူသားအယူအဆများ၊ သို့မဟုတ် နှစ်သက်မှုများဖြင့် မည်မျှ ကိုက်ညီသည်ဖြစ်စေ မည်မျှသင့်တင့်လျောက်ပတ်သည့် ပုံစံပေါ်သည်ဖြစ်စေ သမ္မာတရားမဟုတ်ဘဲ အတုအယောင်တစ်ခုသာ ဖြစ်သည်။

ဤဇာတ်လမ်းကို ပြောခြင်း၏ ရည်ရွယ်ချက်မှာ သင်တို့ကို အလင်းမြင်ရစေရန်၊ သမ္မာတရားက မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှ မည်သည့်အရာကို လူသားများရရှိသည်ကိုလည်းကောင်း၊ ဘုရားသခင်အနေဖြင့် လူတို့အား ၎င်းတို့၏ စိတ်သဘောထားကို ပြောင်းလဲစေပြီး သမ္မာတရားကို ရရှိစေရန်လုပ်ဆောင်ခြင်းသည် မည်သည့်အရာကို ဆိုလိုသည်ကိုလည်းကောင်း၊ ဘုရားသခင်ပြောဆိုသည့် သမ္မာတရားနှင့် သူ၏ တောင်းဆိုချက်များသည် လူတစ်ဦးက စိတ်ကူးပေါက်နိုင်သည်အရာနှင့်ဖြစ်စေ၊ လူတစ်ဦး၏ နိုင်ငံနှင့် လူမှုဆိုင်ရာ ပတ်ဝန်းကျင်မှ သွန်သင်လေ့ကျင့်ပေးခြင်းနှင့် ပုံစံသွင်းခြင်းမှတစ်ဆင့် ဖြစ်ပေါ်သော အတွေးအခေါ်များ၊ ရှုထောင့်များ၊ အမျိုးမျိုးသော နားလည်မှုများနှင့်ဖြစ်စေ ဆက်စပ်မှုတစ်ခုတလေ ရှိမရှိကိုလည်းကောင်း သင်တို့ နားလည်စေရန်ဖြစ်သည်။ သင်တို့အားလုံးသည် ဤအမှုကိစ္စများကို သင်တို့ဘာသာလည်း စိစစ်သင့်သည်။ ယနေ့တွင် ငါတို့၏ ဥပမာသည် ကဏ္ဍတစ်ခုကိုသာ ခြုံငုံသည်။ အမှန်တွင် လူတစ်ဦးချင်းစီ၏ စိတ်နှလုံး၌ ရိုးရာယဉ်ကျေးမှုမှ အမှုအရာများ ပြတ်လပ်သွားခြင်းမရှိပေ။ လူအချို့က “ကျွန်ုပ်တို့သည် ဝါစဉ်စနစ်ကို ဖယ်ထုတ်ရမည်ဖြစ်သည့်အတွက် ကျွန်ုပ်၏မိဘများကို ၎င်းတို့၏ အမည်ဖြင့် ခေါ်နိုင်သည်ဟု ဆိုလိုသလော” ဟု ဆိုကြသည်။ ဤသည်မှာ အဆင်ပြေသလော။ သင့်မိဘများကို အမေ၊ အဖေဟုခေါ်လျှင် သင်က ဝါစဉ်စနစ်ကို လိုက်နာစောင့်ထိန်းနေပြီး ရိုးရာယဉ်ကျေးမှုသို့ ပြန်လည်ကျရောက်သွားသည်ဟု ဆိုလိုသလော။ မဟုတ်ပေ။ မိဘများကို ၎င်းတို့အား ခေါ်သင့်သည့်အတိုင်း ခေါ်သင့်ဆဲဖြစ်သည်။ ၎င်းတို့အား အမေနှင့် အဖေဟုခေါ်ခြင်းသည် ဘုရားသခင်က လူတို့အား ၎င်းတို့ကို ခေါ်စေသည့်ပုံစံဖြစ်သည်။ ဤသည်မှာ ၎င်းတို့ ခေါ်သင့်သည့် ပုံစံဖြစ်သည်။ ယင်းမှာ သင့်မိဘများက သင့်အား “ကလေး”၊ “သား” သို့မဟုတ် “သမီး” ဟု ခေါ်သည့်ပုံစံကဲ့သို့ပင် ဖြစ်သည်။ ဤသို့ဆိုလျှင် ဤဇာတ်လမ်းကို ငါပြောခြင်းအားဖြင့် သင်တို့သည် အဓိကအားဖြင့် မည်သည့်အရာကို နားလည်ရမည်ဖြစ်သနည်း။ ယင်းက မည်သည့်အရာကို အဓိကအားဖြင့် ကိုင်တွယ်သနည်း။ (အမှုအရာများအား အကဲဖြတ်ခြင်းအတွက် ကျွန်ုပ်တို့၏ စံနှုန်းကို ပြောင်းလဲရမည်။ အရာရာတိုင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တောင်းဆိုချက်များအတိုင်း အကဲဖြတ်သင့်သည်။) မှန်သည်။ အမှုအရာများကို သင့်ဘာသာ မစဉ်းမစားဖြင့် မဖန်တီးနှင့်။ လူတို့သည် အစဉ်သဖြင့် ၎င်းတို့၏ ကိုယ်ပိုင် “သမ္မာတရား” ကို ဖန်တီးလိုကြသည်။ တစ်စုံတစ်ခုကို ၎င်းတို့ လုပ်ဆောင်လိုသည့်အခါတိုင်းတွင် ၎င်းတို့သည် ငြင်းခုံမှုနှင့် သဘောတရားတစ်စုံ၊ ထို့နောက် နည်းလမ်းတစ်စုံကို ထုတ်ယူလာသည်။ ပြီးလျှင် ယင်းက မှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ ဆောင်ရွက်သည်။ ၎င်းတို့သည် ဤအရာကို နှစ်ချီ၍ လက်တွေ့လုပ်ဆောင်ပြီး မည်သည့်ရလဒ်ကို ရရှိသည်ဖြစ်စေ ခေါင်းမာစွာဖြင့် ဖက်တွယ်ထားသည်။ သို့တိုင်အောင် ၎င်းတို့သည် စေတနာသဒ္ဓါတရားရှိသည်၊ ဖြောင့်မတ်သည်၊ ကြင်နာသည်ဟု ခံစားရဆဲဖြစ်သည်။ ၎င်းတို့ အသက်ရှင်နေထိုင်နေသည့် အရာများသည် ကောင်းသည်၊ ပြီးလျှင် ဤသည်မှာ ၎င်းတို့အား ချီးမွမ်းမှုနှင့် လေးစားမှုကို စုစည်းပေးသည်ဟု ထင်ကြပြီး ၎င်းတို့သည် ကြီးမြတ်သည်ဟု ပို၍ ထင်လာကြခြင်းဖြင့် အဆုံးသတ်ကြသည်။ လူတို့သည် အမှုကိစ္စတစ်ခုစီအတွက် ဘုရားသခင်၏ တောင်းဆိုချက်များက မည်သည့်အရာဖြစ်သည်၊ အမှုအရာတစ်ခုစီကို လုပ်ဆောင်ခြင်းအတွက် လုပ်ဆောင်မှုစည်းမျဉ်းများက မည်သည့်အရာဖြစ်သည်၊ မိမိတို့တာဝန်ကို ထမ်းဆောင်သည့် လုပ်ငန်းစဉ်တွင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အပေါ် သစ္စာစောင့်သိမှုကို ၎င်းတို့ ထင်ရှားစေခဲ့ခြင်း ရှိမရှိတို့ကို မည်သည့်အခါမျှ ဆင်ခြင်တွေးတောခြင်း၊ နားလည်သဘောပေါက်ရန် ကြိုးစားခြင်း၊ သို့မဟုတ် ရှာဖွေခြင်းမရှိပေ။ ဤအရာများကို ၎င်းတို့ မတွေးတောပေ။ ထိုမူမမှန်ဘဲ ကောက်ကျစ်ဆိုးယုတ်သည့် အမှုကိစ္စများကိုသာ တွေးတောသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်မှုကို လုပ်ဆောင်နေခြင်းမဟုတ်လော။ (ဟုတ်ပါသည်။) အပြင်ပန်းတွင် နူးညံ့သော၊ သင့်လျော်စွာ ပြုမူသော၊ ပညာတတ်ပြီး လူမှုဓလေ့များကို လိုက်နာသော၊ စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်းတို့အကြောင်းကို များစွာပြောဆိုသော၊ ယဉ်ကျေးသိမ်မွေ့မှုရှိသော ရည်မွန်မှုဖြင့် စကားပြောဆိုပြီး ကြားကောင်းသောအရာများအား ပြောဆိုသော မည်သူမဆိုဖြစ်စေ ထိုသို့သောသူသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းရှိမရှိကို ကြည့်ရှုလေ့လာလော့။ သူသည် သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်လျှင် ကောင်းခြင်းကို အယောင်ဆောင်သည့် ကြောင်သူတော်မှလွဲ၍ အခြားမဟုတ်။ သူသည် ဒါ့မင်းကဲ့သို့ဖြစ်ပြီး အနည်းငယ်မျှ ကွာခြားခြင်းမရှိ။ အခြားလူများအား ၎င်းတို့ကို ချီးမွမ်း၍ လေးစားစေရန် လှည့်ဖြားဖို့အတွက် ကောင်းသောအပြုအမူရှိခြင်းကိုသာ အာရုံစိုက်ပြီး အသုံးပြုသောသူတို့သည် မည်သို့သောသူမျိုးဖြစ်သနည်း။ (ကြောင်သူတော်များဖြစ်သည်။) ဤလူတို့တွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိသလော။ (မရှိပါ။) ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလော။ (မလုပ်ဆောင်နိုင်ပါ။) အဘယ်ကြောင့် မလုပ်ဆောင်နိုင်သနည်း။ (သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို ၎င်းတို့ နားမလည်သောကြောင့် လူတို့က ကောင်းသည်ဟုမြင်သော အပြင်ပန်းတွင် ကောင်းသည့် အပြုအမူနှင့် အမှုအရာအချို့ကို သမ္မာတရားအဖြစ် ယူ၍သာ လက်တွေ့လုပ်ဆောင်ကြသည်။) ယင်းသည် အဓိကအချက်မဟုတ်။ သမ္မာတရားကို ၎င်းတို့ မည်မျှ နားမလည်သည်ဖြစ်စေ အမှုအရာများအား လုပ်ဆောင်ခြင်း၏ အချို့သော သိသာသည့် စည်းမျဉ်းများကို သိဆဲမဖြစ်သလော။ သင်သည် ၎င်းတို့အား ၎င်းတို့တာဝန်ကို မည်သို့ထမ်းဆောင်ရမည်ကို ပြောသောအခါ ၎င်းတို့ နားမလည်နိုင်သလော။ ဤသို့သောလူတို့တွင် စရိုက်လက္ခဏာတစ်ခုရှိသည်။ ၎င်းတို့တွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ရည်ရွယ်ချက်မရှိ။ မည်သည့်အရာကို သင်ပြောသည်ဖြစ်စေ သင့်ကို ၎င်းတို့ နားထောင်မည်မဟုတ်။ ၎င်းတို့သည် ၎င်းတို့ ကျေနပ်သလိုသာ လုပ်ဆောင်ပြီး ပြောဆိုလိမ့်မည်။ ယခုတစ်လောတွင် အန္တိခရစ်များ၏ သရုပ်သကန်အမျိုးမျိုးကို ငါတို့ မကြာခဏပြောဆိုနေကြသည်။ သင့်အနီးတွင်ရှိသူများကို ကြည့်လော့။ မည်သူက ပြောင်းလဲမှုတစ်ခုခုကို ပြပြီးဖြစ်သည်၊ မည်သူ၏ အပြုအမူနှင့် အမှုအရာများကို လုပ်ဆောင်သည့် စည်းမျဉ်းများက လုံးဝ မပြောင်းလဲသည်၊ မည်သူ၏ စိတ်နှလုံးက သင်မည်သို့ မိတ်သဟာယပြုသည်ဖြစ်စေ တို့ထိခံရခြင်းမရှိဘဲရှိနေသည်၊ မည်သူက မပြောင်းလဲသေးသည်၊ သို့မဟုတ် ပြောင်းလဲရန် မရည်ရွယ်သေးသည်၊ မည်သူက သင့်မိတ်သဟာယ၏ အကြောင်းအရာကို မိမိတို့ကိုယ်ကိုဖြင့် ချိတ်ဆက်နိုင်လျှင်ပင် အမှုအရာများကို မိမိတို့ ကျေနပ်သလို ဆက်လက်လုပ်ဆောင်နေသည်ဆိုသည်တို့ကို ကြည့်လော့။ ဤသို့သောလူများကို သင်တို့ ကြုံတွေ့ပြီးဖြစ်သလော။ ကြုံတွေ့ပြီး ဖြစ်သည်မဟုတ်လော။ ခေါင်းဆောင်နှင့် အမှုဆောင်အချို့သည် အဘယ်ကြောင့် ဖြုတ်ချခံရသနည်း။ သမ္မာတရားကို ၎င်းတို့ လက်တွေ့မလုပ်ဆောင်သောကြောင့်ဖြစ်သည်။ တကယ့်အလုပ်ကို မလုပ်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အယူဝါဒမျိုးစုံကို နားလည်သည်။ ပြီးလျှင် ၎င်းတို့၏ ကိုယ်ပိုင်နည်းများဖြင့် မလျှော့တမ်း လုပ်ဆောင်သည်။ သမ္မာတရားစည်းမျဉ်းများကို သင်မည်သို့ မိတ်သဟာယပြုသည်ဖြစ်စေ ၎င်းတို့၏ ကိုယ်ပိုင်စည်းကမ်းတစ်စုံ ရှိဆဲဖြစ်ကာ ၎င်းတို့၏ ကိုယ်ပိုင်အမြင်များကို ဖက်တွယ်ထားပြီး မည်သူ့ကိုမျှ နားမထောင်ပေ။ ၎င်းတို့ ဆန္ဒရှိသလိုသာ လုပ်ဆောင်သည်။ သင်က တစ်ခုကို ပြောပြီး ၎င်းတို့က အခြားတစ်ခုကို လုပ်ဆောင်သည်။ ဤသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များကို ဖြုတ်ချသင့်သည်။ မှန်သလော။ (မှန်သည်။) အမှန်ပင် ဖြုတ်ချသင့်သည်။ ဤလူတို့သည် မည်သည့်လမ်းကြောင်းပေါ်တွင် ရှိသနည်း။ (အန္တိခရစ်၏ လမ်းကြောင်းဖြစ်သည်။) အန္တိခရစ်၏လမ်းကြောင်းကို လျှောက်ခြင်းသည် အချိန်အတော်အတန် ပေးလိုက်ပါက ၎င်းတို့ကိုယ်တိုင် အန္တိခရစ် ဖြစ်လာလိမ့်မည်။ မည်မျှကြာမည်ဆိုသည်နှင့်သာ သက်ဆိုင်သည်။ သင်က ၎င်းတို့နှင့် သမ္မာတရားကို မည်သို့ မိတ်သဟာယဖွဲ့သည်ဖြစ်စေ ၎င်းတို့က လက်မခံသေးဘဲ လုံးဝ မပြောင်းလဲလျှင် ယင်းသည် အမှန်ပင် ဒုက္ခပေးသည်။ ပြီးလျှင် ၎င်းတို့သည် အန္တိခရစ်ဖြစ်လာခဲ့ပြီး ဖြစ်သည်။

ယနေ့ပြောခဲ့သော ဇာတ်လမ်းမှ သင်တို့ရရှိခဲ့သော အကြီးဆုံး လှုံ့ဆော်မှုမှာ အဘယ်နည်း။ ယင်းသည် လူတို့အနေဖြင့် လမ်းလွဲရန် လွယ်ကူသည်။ လူတို့အတွက် လမ်းလွဲရန် လွယ်ကူသည်မှာ အဘယ်ကြောင့်နည်း။ ပထမဦးစွာ လူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည်။ ဒုတိယအနေဖြင့် လူတို့၏ အသက်အရွယ်က မည်သို့ဖြစ်စေ ၎င်းတို့၏ အတွေးများတွင်၊ ၎င်းတို့၏ စိတ်နှလုံးအတွင်းပိုင်းထဲတွင် လစ်ဟာခြင်းမရှိပေ။ ဤသို့ဆိုလျှင် ဤဇာတ်လမ်းက သင်တို့အား မည်သည့် အကြံပေးစကားများကို ပေးသနည်း။ လူတို့အနေဖြင့် လမ်းလွဲရန် လွယ်ကူသည်။ ယင်းသည် ပထမတစ်ခုဖြစ်သည်။ ဒုတိယအနေဖြင့် လူတို့သည် ၎င်းတို့ ကောင်းမွန်ပြီး မှန်ကန်သည်ဟု ယုံကြည်သည့်အရာကို သမ္မာတရားဖြစ်သကဲ့သို့ လိုက်နာစောင့်ထိန်းတတ်ကြပြီး ကျမ်းစာအသိပညာနှင့် ဝိညာဉ်ရေးရာ အယူဝါဒများကို လက်တွေ့လုပ်ဆောင်ရန် ဘုရားနှုတ်ကပတ်တော်များအဖြစ် မှတ်ယူကြသည်။ ဤပြဿနာနှစ်ခုကို နားလည်ပြီးနောက်တွင် အနာဂတ်၌ သင်တို့လျှောက်သင့်သည့် လမ်းကြောင်းအတွက်နှင့် အနာဂတ်တွင် သင်တို့ထမ်းဆောင်ရမည့် တာဝန်တစ်ခုစီအတွက် သင်တို့၌ မည်သည့် အသစ်သော နားလည်မှု၊ အယူအဆများ၊ သို့မဟုတ် အစီအစဉ်များရှိသနည်း။ (အနာဂတ်တွင် အမှုအရာများကို လုပ်ဆောင်သောအခါ ကျွန်ုပ်တို့က မှန်သည်ဟု ယုံကြည်သည့်အရာကို မလုပ်ဆောင်သင့်။ ရှေးဦးစွာ ကျွန်ုပ်တို့၏ အတွေးများသည် ဘုရားသခင် လိုအင်ဆန္ဒရှိသည့်အရာနှင့် ကိုက်ညီသလော၊ ဘုရားသခင်၏ တောင်းဆိုချက်များနှင့် ကိုက်ညီသလောဆိုသည်ကို ထည့်စဉ်းစားသင့်သည်။ ဘုရားနှုတ်ကပတ်တော်တွင် လက်တွေ့လုပ်ဆောင်ခြင်းအတွက် စည်းမျဉ်းများကို ရှာသင့်သည်။ ထို့နောက် ရှေ့ဆက်သင့်သည်။ ဤနည်းအားဖြင့်သာ ကျွန်ုပ်တို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ကိုလည်းကောင်း၊ ဘုရားသခင်အပေါ် ကျွန်ုပ်တို့၏ ယုံကြည်မှုတွင် ကျွန်ုပ်တို့ လျှောက်နေသည့်လမ်းကြောင်းသည် မှန်ကန်သည်ဟုလည်းကောင်း သေချာနိုင်သည်ဖြစ်သည်။) သင်တို့သည် ဘုရားနှုတ်ကပတ်တော်နှင့် ပတ်သက်ပြီး အားစိုက်ထုတ်ရမည်။ သင်၏ ကိုယ်ပိုင်ယူဆချက်များထားရှိခြင်းကို ရပ်လော့။ သင့်တွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုမရှိ။ သင့်အစွမ်းအစက ညံ့ဖျင်းသည်။ ပြီးလျှင် သင် အကြံထုတ်လိုက်သည့် အယူအဆများက မည်မျှ ကြီးကျယ်ခမ်းနားပါစေ ယင်းတို့သည် သမ္မာတရားမဟုတ်။ သင်လုပ်ဆောင်ခဲ့သည့်အရာသည် အပြစ်အနာအဆာကင်းပြီး မှန်ကန်သည်ဟု သင်ယုံကြည်မှုရှိလျှင်ပင် မိတ်သဟာယဖွဲ့ပြီး အတည်ပြုရန်အတွက် ညီအစ်ကိုမောင်နှမများထံ ယူဆောင်လာသင့်ဆဲ ဖြစ်သည်၊ သို့မဟုတ် သက်ဆိုင်မှုရှိသော ဘုရားနှုတ်ကပတ်တော်များနှင့် ယှဉ်ကြည့်သင့်သည်။ ဤနည်းဖြင့် ရာနှုန်းပြည့် အပြစ်အနာအဆာကင်းမှုကို သင်ရရှိနိုင်သလော။ ရချင်မှရပေမည်။ သမ္မာတရားစည်းမျဉ်းများနှင့် ဘုရားသခင်ပြောခဲ့သည့်အရာ၏ အရင်းအမြစ်ကို သင် အပြည့်အဝ သဘောပေါက်ပြီးခြင်းမရှိလျှင် သင်၏ လက်တွေ့လုပ်ဆောင်မှု၌ လမ်းလွဲမှုအချို့ ရှိနိုင်ဆဲ ဖြစ်သည်။ ယင်းသည် ကဏ္ဍတစ်ခုဖြစ်သည်။ ဒုတိယကဏ္ဍမှာ အဘယ်နည်း။ လူတို့သည် ဘုရားနှုတ်ကပတ်တော်များထံမှ ကင်းကွာလျှင် ၎င်းတို့၏ လုပ်ရပ်များက မည်မျှဆင်ခြင်တုံတရားရှိသည့်ပုံစံ ရှိသည်ဖြစ်စေ၊ မည်မျှလက်ခံနိုင်ဖွယ်ရှိသည့်ပုံစံ ရှိသည်ဖြစ်စေ သမ္မာတရားကို အစားမထိုးနိုင်ပေ။ သမ္မာတရားကို အစားမထိုးနိုင်သည့် မည်သည့်အရာမဆို သမ္မာတရားမဟုတ်သကဲ့သို့ အပြုသဘောဆောင်သောအရာမဟုတ်။ ယင်းက အပြုသဘောဆောင်သောအရာ မဟုတ်လျှင် မည်သည့်အရာဖြစ်သနည်း။ ယင်းသည် အသေအချာပင် ဘုရားသခင်ကို ကျေနပ်စေသည့်အရာတစ်ခုမဟုတ်သကဲ့သို့ သမ္မာတရားနှင့်လည်း မကိုက်ညီပေ။ ယင်းသည် ဘုရားသခင် ရှုတ်ချသည့်အရာတစ်ခုဖြစ်သည်။ ဘုရားသခင် ရှုတ်ချသည့်အရာတစ်ခုကို သင်လုပ်ဆောင်လျှင် အကျိုးဆက်များက မည်သည့်အရာ ဖြစ်မည်နည်း။ သင်သည် ဘုရားသခင်အား သင့်ကို အလွန်မုန်းတီးစေလိမ့်မည်။ ဘုရားသခင်ဆီမှ လာခြင်းမဟုတ်သောအရာ အားလုံးသည် အပျက်သဘောဆောင်သောအရာများ ဖြစ်ပြီး ယင်းတို့သည် စာတန်ထံမှ လာသည်။ လူအချို့သည် ဤအရာကို နားမလည်ကောင်းမလည်နိုင်ပေ။ သင်တို့ အတွေ့အကြုံရသည်နှင့်အမျှ တဖြည်းဖြည်းချင်း နားလည်လာစေလော့။

ယနေ့တွင် အကြောင်းအရာတစ်ခုကို ငါတို့ အလေးအနက် ဝေဖန်နေခဲ့သည်။ မည်သည့်အရာကို ငါတို့ ဝေဖန်နေသနည်း။ ဝက်မကြီးတစ်ကောင်ကို ဒေါ်ဝက်အဖြစ် ရည်ညွှန်းပြောခြင်းကိစ္စ ဖြစ်သည်။ မှန်သလော။ ဝက်တစ်ကောင်ကို “ဒေါ်ဝက်” ဟု ခေါ်ခြင်းသည် ရှက်ဖွယ်ဖြစ်သလော။ (ဖြစ်ပါသည်။) ယင်းသည် ရှက်ဖွယ်ကိစ္စတစ်ခု ဖြစ်သည်။ လူတို့သည် အစဉ်သဖြင့် ဂုဏ်ပြုသော ဂုဏ်ပုဒ်တစ်ခုရှိလိုသည်။ ဤ “ဂုဏ်”က မည်သည့်နေရာမှ လာသနည်း။ “ဂုဏ်” ဆိုသည်မှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ ဝါရင့်မှုနှင့် သက်ဆိုင်သလော။ (သက်ဆိုင်ပါသည်။) အစဉ်သဖြင့် သက်ကြီးသူတစ်ဦးအဖြစ် အလေးထားခံလိုခြင်း၊ ဝါရင့်မှုကို အစဉ်အာရုံစိုက်ခြင်းသည် ကောင်းသလော။ (မကောင်းပါ။) ဝါရင့်မှုကို အာရုံစိုက်ခြင်းသည် အဘယ်ကြောင့် မကောင်းသနည်း။ ဝါရင့်မှုကို အာရုံစိုက်ခြင်း၏ အရေးပါမှုက မည်သည့်အရာဖြစ်သည်ကို သင်စိစစ်သင့်သည်။ ဤသို့ ပြောလိုက်ခြင်းက အလွန်ရိုးရှင်းသည်။ “ဘုရားသခင်က လူတို့အား ဝါရင့်မှုအပေါ် အာရုံစိုက်ခွင့်မပြုပေ။ သို့ဖြစ်၍ သင်သည် အဘယ်ကြောင့် ယင်းနှင့်ပတ်သက်၍ အသိတရားမဲ့စွာ ဆွေးနွေးနေသနည်း။ သင်သည် ယဉ်ကျေးဟန်ဆောင်လျက် အဓိပ္ပာယ် မရှိသည့်အရာကို ပြောနေသည်။ သင်သည် တာဝန်ထမ်းဆောင်စဉ်တွင် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မည်သည့်အခါမျှ ထည့်မစဉ်းစားဘဲ အစဉ်သဖြင့် ယင်းတို့ကို သစ္စာဖောက်နေသည်။ တစ်စုံတစ်ခု၌ သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများ ပါဝင်သောအခါ သင်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို သစ္စာဖောက်ရန် တွန့်ဆုတ်မည်မဟုတ်။ သင်သည် လူကောင်းတစ်ယောက်ကဲ့သို့ ပြုမူလုပ်ဆောင်လျက် မည်သူကို အရူးလုပ်ရန် ကြိုးစားနေသနည်း။ သင်သည် ကောင်းသည်ဟု မှတ်ယူဖို့ ထိုက်တန်သလော” ဟူ၍ ဖြစ်သည်။ ဤသို့ ပြောခြင်းသည် လက်ခံဖွယ်ဖြစ်မည်လော။ (ဖြစ်ပါမည်။) ပို၍ပင် ကြမ်းတမ်းစေရန် မည်သည့်အရာကို ပြောသင့်သနည်း။ “သင်သည် မည်သည့်အရာကို ဗလုံးဗထွေးပြောနေသနည်း။ သင်သည် သမ္မာတရားကို နားလည်ခြင်းလုံးဝမရှိသည့် မိုက်မဲသော ဝက်တစ်ကောင်၊ နုံအသူတစ်ဦးသာ ဖြစ်သည်။ သင်သည် မည်သည့်အရာအဖြစ် ဟန်လုပ်နေသနည်း။ သင်သည် ပညာသင်ကြားပြီးဖြစ်သည်။ ယဉ်ကျေးမှုရှိသည်။ ဘုရားကို ယုံကြည်သည်။ ဘုရားနှုတ်ကပတ်တော်များစွာကို ဖတ်ပြီး ဘုရားသခင်ကို အလွန်ကောင်းစွာ ယုံကြည်သည်ဟု သင်ထင်ဆဲဖြစ်သည်။ သို့သော် အဆုံးတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသည်ကိုပင် မသိ။ သင်သည် မိုက်မဲသော ဝက်တစ်ကောင်၊ လုံးဝ ငတုံးငအတစ်ကောင်သာ ဖြစ်သည်မဟုတ်လော” ဟူ၍ ဖြစ်သည်။ ဤဇာတ်လမ်းမှာ ဤအထိဖြစ်သည်။ ယခုတွင် မိတ်သဟာယ၏ အဓိကအကြောင်းအရာကို ပြန်သွားကြစို့။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။