အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည် (အပိုင်း ၅) အခန်း တစ်
၂။ အန္တိခရစ်တို့၏ အကျိုးစီးပွားများ
ဂ။ မိမိတို့ကိုယ်ပိုင် အကျိုးအမြတ်များအတွက် လျှို့ဝှက်ကြံစည်ခြင်း
ယနေ့တွင် အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များနှင့်ဆိုင်သည့် အချက်ကိုးနှင့်လည်းကောင်း၊ အန္တိခရစ်များ၏ အကျိုးစီးပွားနှင့်ဆက်စပ်သော ဤအချက်၏ တစ်စိတ်တစ်ပိုင်းနှင့်လည်းကောင်း ပတ်သက်သော ငါတို့၏ မိတ်သဟာယကို ငါတို့ ဆက်ဆွေးနွေးကြမည်။ ပြီးခဲ့သည့်အခေါက်တွင် အန္တိခရစ်များ၏ အကျိုးစီးပွားနှင့်သက်ဆိုင်သော တတိယအချက်ဖြစ်သည့် အကျိုးအမြတ်များအကြောင်းကို ငါ မိတ်သဟာယပြုခဲ့သည်။ ထိုအချက်တွင် သွင်ပြင်လက္ခဏာအချို့၏ တိကျသော သရုပ်သကန်များကို ငါ စာရင်းပြုစုခဲ့ပြီး အန္တိခရစ်များ၏ အပြုအမူ၊ ၎င်းတို့၏ အတွေးအခေါ်များနှင့် အမြင်များ၊ ဤအတွေးအခေါ်များနှင့် အမြင်များ၏ ထိန်းချုပ်မှုအောက်တွင် ၎င်းတို့ လုပ်ဆောင်သည့် အမျိုးမျိုးသော အမှုအရာများကို အဓိက ဆွေးနွေးခဲ့သည်။ ငါသည် သွင်ပြင်လက္ခဏာနှစ်ခုနှင့်ပတ်သက်၍ ပြီးခဲ့သည့်အခေါက်တွင် မိတ်သဟာယပြုခဲ့သည်။ ပထမမှာ ဘုရားအိမ်တော်၏ ပစ္စည်းဥစ္စာများကို အလွဲသုံးစားပြုခြင်းဖြစ်ပြီး ဒုတိယမှာ ၎င်းတို့အား အစေခံစေကာ ၎င်းတို့အတွက် အလုပ်လုပ်စေရန် ညီအစ်ကို မောင်နှမများကို အသုံးပြုခြင်းဖြစ်သည်။ ဤသည်တို့မှာ အန္တိခရစ်များက ၎င်းတို့ကိုယ်ပိုင် အကျိုးအမြတ်များအတွက် ကြံစည်ခြင်းနှင့်ဆိုင်သည့် တိကျသော သရုပ်သကန်နှစ်ခု ဖြစ်သည်။ ယခုတွင် ဤအရာများနှင့်ပတ်သက်၍ ငါ မိတ်သဟာယပြုပြီးဖြစ်သဖြင့် အန္တိခရစ်များ၏ သဘာဝ အနှစ်သာရအပေါ် သိနားလည်မှုတစ်ခု သင်တို့ ရှိကြသလော။ ၎င်းတို့၏ စိတ်သဘောထားနှင့် စပ်လျဉ်း၍ဖြစ်စေ၊ ၎င်းတို့၏ သဘာဝ အနှစ်သာရနှင့် စပ်လျဉ်း၍ဖြစ်စေ အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များအရ ဖောက်ပြန်ပျက်စီးသော လူသားများကြားတွင် ကြီးမားသည့် ခြားနားချက် အမှန်တကယ် မရှိပေ။ ၎င်းတို့ သာ၍ ဆင်တူခြင်းက ၎င်းတို့ ကွဲပြားခြားနားခြင်းထက် သာ၍ အလေးသာသည်။ ၎င်းတို့တွင် ကောင်းမွန်သည့် လူ့သဘာဝရှိမရှိ၊ သို့မဟုတ် ဆိုးယုတ်သည့် လူ့သဘာဝ ရှိမရှိဟူသည့်အရာတွင်သာ ၎င်းတို့ ကွဲပြားကြပြီး သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားနှင့် ပတ်သက်လာသည့်အခါတွင်သာ ထင်ရှားပေါ်လွင်သော ခြားနားချက်တစ်ခု ရှိပေသည်။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် အတူတူချည်းသာ ဖြစ်သော်လည်း အန္တိခရစ်များသည် သမ္မာတရားကို မုန်းတီးနိုင်စွမ်း ရှိကြသည်၊ ဘုရားသခင်ကို အတိုက်အခံ လုပ်နိုင်စွမ်းရှိကြသည်၊ ဘုရားသခင်ကို ဝေဖန်သုံးသပ်နိုင်စွမ်းရှိကြပြီး ဘုရားသခင်ကို ပြစ်မှားစော်ကားနိုင်စွမ်း ရှိကြကာ မကောင်းမှုလုပ်နိုင်စွမ်းလည်း ရှိကြသည့်အပြင် အသင်းတော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်နိုင်စွမ်း ရှိကြလေသည်။ ဤသည်တို့မှာ အန္တိခရစ်များနှင့် သာမန်ဖောက်ပြန်ပျက်စီးသော လူသားများက ထင်ထင်ရှားရှား ခြားနားကြသည့် နယ်ပယ်များဖြစ်သည်။ လူတိုင်းတွင် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားရှိသည်။ သို့သော် ၎င်းတို့က မကောင်းမှု မလုပ်ဆောင်သကဲ့သို့ အသင်းတော်၏ အလုပ်ကို အဖျက်အမှောင့် မလုပ်သည့်အပြင် ဘုရားသခင်ကို တိုက်ရိုက် ထိပ်တိုက်တွေ့ခြင်း မရှိသေးလျှင် အန္တိခရစ်တစ်ဦးအဖြစ် ၎င်းတို့ကို စရိုက်လက္ခဏာ သရုပ်ဖော်၍မရနိုင်ပေ။ ဖောက်ပြန်ပျက်စီးသော လူသားများသည် တူညီသည့် သို့မဟုတ် အလားတူဖြစ်သည့် အတွေးများ၊ အမြင်များနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသော်လည်း တစ်စုံတစ်ဦး၏ လူ့သဘာဝ အနှစ်သာရသည် ဆိုးယုတ်သော လူတစ်ဦး၏ လူ့သဘာဝ မဟုတ်လျှင်၊ ယင်းမှာ ၎င်းနှင့် အန္တိခရစ်တို့ကြား ထင်ရှားပေါ်လွင်သည့် ခြားနားချက်တစ်ခု ဖြစ်သည်။ လူအများစုက ဤခြားနားချက်ကို မမြင်နိုင်သကဲ့သို့ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား ရှိသော လူများနှင့် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လျှောက်သော လူတို့အား အားလုံးပေါင်းလိုက်ကာ ၎င်းတို့ကို အန္တိခရစ်များအဖြစ် စရိုက်လက္ခဏာ သရုပ်ဖော်ကြလေသည်။ ဤအရာကို လုပ်ဆောင်ခြင်းအားဖြင့် လူကောင်းများကို ထိခိုက်နစ်နာစေဖို့ လွယ်ကူသည်။ အန္တိခရစ်များ၏ အနှစ်သာရကို သင်တို့ ရှင်းလင်းစွာ နားမလည်လျှင် ထိုအရာမှာ သင်တို့အနေဖြင့် မိမိကိုယ်ကို နားလည်ရန်အတွက်လည်း ကြီးမားသည့် အဟန့်အတားတစ်ခု ဖြစ်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက အန္တိခရစ်တစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် တူညီသည်ကို မြင်လျှင် မိမိသည် အန္တိခရစ်တစ်ဦး ဖြစ်သည်ဟု သင် တွေးထင်လိမ့်မည် ဖြစ်ပြီး မိမိရောက်နေသည့် လမ်းကြောင်းမှာ အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းနှင့် တူညီသည်ကို မြင်လျှင် သင်က အန္တိခရစ်တစ်ဦးဖြစ်သည်ဟုလည်း တွေးထင်လိမ့်မည် ဖြစ်သည်။ အမှုအရာများကို သင် လုပ်ဆောင်သည့် နည်းလမ်း၊ သင်၏ အတွေးအခေါ်များနှင့် အမြင်များက အန္တိခရစ်တစ်ဦး၏ နည်းလမ်း၊ အတွေးအခေါ်များ၊ အမြင်များနှင့် တူညီနေသည်ကို သင် မြင်လျှင် သင့်ကိုယ်သင် အန္တိခရစ်တစ်ဦးအဖြစ် စရိုက်လက္ခဏာ သရုပ်ဖော်ဦးမည်ဖြစ်သည်။ သင်သည် ဤနည်းလမ်းသုံးခုဖြင့် သင့်ကိုယ်သင် အန္တိခရစ်တစ်ဦးအဖြစ် မြင်လျှင် သင့်ကိုယ်သင် အန္တိခရစ်တစ်ဦးအဖြစ် စရိုက်လက္ခဏာ သရုပ်ဖော်လိမ့်မည်။ ဤအရာက မည်သည့်အကျိုးဆက်များကို ဖြစ်စေလိမ့်မည်နည်း။ သင်သည် အတိုင်းအတာတစ်ခုခုထိ မုချ အပျက်သဘော ဆောင်လာလိမ့်မည်ဖြစ်ပြီး သင့်ကိုယ်သင် လက်လျှော့မိလိမ့်မည်။ ထိုသို့သော ပုံစံဖြင့် သင့်ကိုယ်သင် သိနားလည်ခြင်းသည် အတော်အတန် လွဲချော်ပေသည်။ သို့ဖြစ်၍ သင်၏ အန္တိခရစ် စိတ်သဘောထားကို နားလည်ရန် မလိုအပ်လေသလော။ မဟုတ်ပေ၊ လိုအပ်သည်မှာ အမှန်ဖြစ်၏။ အန္တိခရစ်များ၏ စိတ်သဘောထားများကို မိတ်သဟာယပြုခြင်းနှင့် စိစစ်ခြင်း၏ ရည်ရွယ်ချက်မှာ သင်တို့အနေဖြင့် မိမိကိုယ်ကို နှိုင်းယှဉ်မှုများ ပြုလုပ်နိုင်စေရန်နှင့် မိမိကိုယ်ကို အမှန်တကယ် သိနားလည်သည့် အဆင့်သို့ ရောက်စေရန် ဖြစ်သည်။ သင့်ထံတွင် သာမန် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိသည်ဟု သင် နားလည်ရုံသာနားလည်သော်လည်း အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား ရှိသည်ကို သတိမပြုမိလျှင် သင့်ကိုယ်သင် သိနားလည်မှုသည် အလွန် ပေါ့တန်ပြီး တစ်ဖက်သတ်ဆန်လွန်းပေသည်။ ထိုအရာသည် ဖြစ်သင့်သည့်အရာ မဟုတ်ပေ။ သင်တို့သည် ဤအရာကို ယခု သတိပြုမိကောင်းပြုမိနိုင်မည်မဟုတ်။ လူအများစုက “ငါသည် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လျှောက်နေခြင်းမရှိသကဲ့သို့ အန္တိခရစ်တစ်ဦး မဟုတ်သည့်အပြင် အန္တိခရစ်တစ်ဦး၏ အနှစ်သာရလည်း မရှိပါ။ ထို့ကြောင့် ငါ့ထံတွင် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား ရှိကြောင်း၊ အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို ငါ လျှောက်နိုင်စွမ်းရှိကာ အန္တိခရစ်တစ်ဦး ဖြစ်ကောင်းဖြစ်လာမည်ဖြစ်ကြောင်း သိနားလည်သည့် အဆင့်သို့ ရောက်ရန် ငါ့အတွက် မလိုအပ်ပါ။ ဤသည်မှာ မိမိကိုယ်ကို ငါ၏ သိနားလည်မှုဖြစ်ခဲ့လျှင် ငါသည် ငါ့ကိုယ်ငါ သိက္ခာချနေခြင်း ဖြစ်မည် မဟုတ်လော”ဟု တွေးကြသည်။ ထိုသို့ဖြင့် သင်တို့သည် အန္တိခရစ်များကို ဖော်ထုတ်ခြင်းနှင့်ပတ်သက်သည့် ဤအကြောင်းအရာများကို သိပ်စိတ်မဝင်စားကြပေ။ သင် စိတ်ဝင်စားသည်ဖြစ်စေ၊ စိတ်မဝင်စားသည်ဖြစ်စေ သင်သည် သမ္မာတရားကို လိုက်စားသော လူတစ်ဦးဖြစ်လျှင် နောက်ဆုံးတွင် သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာများနှင့် ဤဆိုရိုးများကို သင် တဖြည်းဖြည်း တိုး၍ သိနားလည်လာသည့်နေ့တစ်နေ့ ရောက်လာလိမ့်မည်။ မိမိတို့၏ အတွေ့အကြုံဆိုင်ရာ သိနားလည်မှုကို မိတ်သဟာယပြုသော်လည်း ၎င်းတို့တွင် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားရှိပုံ သို့မဟုတ် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို ၎င်းတို့ လျှောက်ကြပုံတို့နှင့်ပတ်သက်၍ ဘာဆိုဘာမျှ မပြောဆိုကြသည့် လူအချို့ကို ငါ ကြားပြီးဖြစ်သည်။ ၎င်းတို့၏ အတွေးအခေါ်များ၊ အမြင်များနှင့် စိတ်သဘောထားတို့သည် အန္တိခရစ်တစ်ဦး၏ အတွေးအခေါ်များ၊ အမြင်များနှင့် စိတ်သဘောထားတို့နှင့် အတိအကျ တူညီသည်မှာ သိသာထင်ရှားပေသည်။ ယင်းတို့သည် တထေရာတည်း ဖြစ်သည်။ သို့သော် ဤအရာကို ၎င်းတို့က နားမလည်ကြပေ။ ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိကြောင်း၊ ၎င်းတို့သည် ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး ပုန်ကန်ကြောင်း၊ ၎င်းတို့၏ လူ့သဘာဝသည် သိပ်မကောင်းကြောင်းနှင့် သမ္မာတရားကို ၎င်းတို့ ထိုမျှမချစ်ကြောင်းတို့ကိုသာ ၎င်းတို့ နားလည်နိုင်သဖြင့် ဤသည်မှာ လူအများစု၏ မိမိတို့ကိုယ်ကို သိနားလည်မှုအတိုင်းအတာသည် အလွန်ပေါ့တန်ကြောင်း လုံလောက်သည့် သက်သေဖြစ်၏။ အမှန်တွင် ၎င်းတို့ ထင်ရှားစေပြီး ထုတ်ဖော်ပြသည့်အရာမှာ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားဖြစ်ပြီး ၎င်းတို့ လျှောက်လှမ်းသည့် လမ်းကြောင်းမှာ အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းဖြစ်သော်လည်း ဤအရာကို ၎င်းတို့က နားမလည်ကြပေ။ ၎င်းတို့က အဘယ်ကြောင့် နားမလည်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် အန္တိခရစ်၏ စိတ်သဘောထားနှင့် ဆက်စပ်သည့် အမျိုးမျိုးသော သရုပ်သကန်များကို ၎င်းတို့ နားမလည်သောကြောင့် ဖြစ်သည်။ ပြီးလျှင် ၎င်းတို့တွင် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား ရှိကြောင်း သို့မဟုတ် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းပေါ်တွင် ၎င်းတို့ ရောက်နေကြောင်းကို ပြောရန် စိုးရွံ့သည့် လူများစွာပင် ရှိကြလေသည်။ ထိုအရာကို ၎င်းတို့က နားလည်လျှင်ပင် မပြောဝံ့ကြချေ။ ၎င်းတို့က ထိုအရာကို ထုတ်ပြောလျှင် ၎င်းတို့ ကျိန်ခြင်းခံရသည့်အလား၊ သို့မဟုတ် ပြစ်တင်ရှုတ်ချခြင်း ခံရသည့်အလားဖြစ်လေသည်။ အမှန်တွင် ထိုအရာကို သင်ပြောသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ သင်၏ အခြေအနေသည် အတူတူပင် ဖြစ်သည် မဟုတ်လော။ ထိုအရာက သင့်ထံတွင် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားရှိသည်ဟူသည့် အချက်ကို ပြောင်းလဲပေးနိုင်သလော။ မပြောင်းလဲပေးနိုင်ပေ။ ဤအရာကို သင် နားမလည်သည့်အချက်က သမ္မာတရားအပေါ် သင်၏ သဘောပေါက်နားလည်မှုမှာ အလွန် ပေါ့တန်ကြောင်းနှင့် သင့်ထံတွင် သင့်ကိုယ်သင် စစ်မှန်သည့် သိနားလည်မှု မရှိကြောင်းကို သက်သေပြပေသည်။
၃။ စားစရာ၊ သောက်စရာနှင့် အခြားသော တပ်မက်ဖွယ်ကောင်းသော အရာများကို လိမ်လည်၍ ရယူရန် မိမိတို့၏ ရာထူးဂုဏ်သိမ်ကို အသုံးချခြင်း
ဆက်လက်၍ အန္တိခရစ်များက ၎င်းတို့ကိုယ်ပိုင် အကျိုးအမြတ်များအတွက် ကြံစည်ခြင်းနှင့်ဆိုင်သော တတိယ သရုပ်သကန်အကြောင်းကို ငါတို့ မိတ်သဟာယပြုမည်။ စားစရာ၊ သောက်စရာနှင့် အခြားသော တပ်မက်ဖွယ်ကောင်းသော အရာများကို လိမ်လည်၍ ရယူရန် မိမိတို့၏ ရာထူးဂုဏ်သိမ်ကို အသုံးချခြင်း ဖြစ်သည်။ “မိမိတို့၏ ရာထူးဂုဏ်သိမ်ကို အသုံးချခြင်း”ကို ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ဆိုင်သည့် အောင်လံအောက်တွင် စားစရာ၊ သောက်စရာနှင့် အခြားသော တပ်မက်ဖွယ်ကောင်းသော အရာများကို လိမ်လည်၍ ရယူခြင်းဟုလည်း ခေါ်ဆိုကောင်း ခေါ်ဆိုနိုင်သည်မှာ ပြောစရာမလိုချေ။ ယခင်က ဤအချက်ကို သင်တို့ ကြိုးစားတွေးဆကာ စဉ်းစားဖူးကြသလော။ (မစဉ်းစားဖူးကြပါ။) ဤလူစားမျိုးကို သင်တို့ မြင်ဖူးကြသလော။ ဤလူစားမျိုးနှင့် စပ်လျဉ်း၍ သင်တို့တွင် အယူအဆတစ်ခုတလေ ရှိသလော။ မနှစ်မြို့ခြင်း သို့မဟုတ် စက်ဆုပ်ခြင်းနှင့်ဆိုင်သည့် ခံစားချက်တစ်ခုခု သင်တို့တွင် ရှိကြသလော။ ဤလူစားမျိုးအတွက် အထင်သေးခြင်းကို သင်တို့ ခံစားရသလော။ (ခံစားရပါသည်။) ၎င်းတို့သည် မည်သည့်လူစားမျိုး ဖြစ်သနည်း။ ၎င်းတို့၏ လူ့သဘာဝက မည်သည့်အရာနှင့်တူသနည်း။ ၎င်းတို့က ဤအရာများကို အဘယ်ကြောင့် လုပ်ဆောင်ကြသနည်း။ ဘုရားသခင်ကို ယုံကြည်ရာတွင် ၎င်းတို့၏ ရှုထောင့်အမြင်မှာ အဘယ်နည်း။ ဤလူစားမျိုးသည် ဘုရားသခင် ကယ်တင်သည့် တစ်စုံတစ်ဦးဖြစ်သလော။ နောက်ဆုံး စိစစ်မှုတွင် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှု ရည်မှန်းချက်မှာ အဘယ်နည်း။ ၎င်းတို့သည် ၎င်းတို့၏ မိသားစုများနှင့် အသက်မွေးအလုပ်များကို စွန့်လွှတ်ကြပြီးဖြစ်ကာ ဆင်းရဲဒုက္ခကို ခံစားခြင်းနှင့် အဖိုးအခပေးခြင်း အမူအရာများကို ပြသကြပြီး ဖြစ်သော်လည်း နောက်ဆုံး စိစစ်မှုတွင် စားစရာ၊ သောက်စရာနှင့် အခြားသော တပ်မက်ဖွယ်ကောင်းသော အရာများကို လိမ်လည်၍ ရယူရန် မိမိတို့၏ ရာထူးဂုဏ်သိမ်ကို အသုံးချခြင်း၌ ၎င်းတို့၏ ရည်မှန်းချက်မှာ မည်သည့်အရာဖြစ်သနည်း။ ဤအရာကို ၎င်းတို့ လုပ်ဆောင်သည့်အခါ ဘုရားသခင်က အလွန် မုန်းတီးပြီး သဘောကျခြင်းမရှိသည်ကို ၎င်းတို့ သိကြသလော။ ဤမေးခွန်းများကို သင်တို့ ယခင်က စဉ်းစားဖူးကြသလော။ အမှန်ပြောရလျှင် သင်တို့ အများစုက မစဉ်းစားဖူးကြပေ။ အဘယ်ကြောင့် သင်တို့ မစဉ်းစားဖူးကြသနည်း။ အချို့က “လူ့အဖွဲ့အစည်းတွင် ဤကဲ့သို့သော လူများစွာရှိသည်။ ထို့ကြောင့် ဘုရားအိမ်တော်တွင် ၎င်းတို့ အနည်းငယ်ရှိသည်မှာ အရေးကြီးကိစ္စတစ်ခု မဟုတ်ပါ။ ထို့အပြင် ကျွန်ုပ်တို့ကိုယ်တိုင်က မလွဲမသွေ လုံးလုံးလျားလျား ဖြူစင်ခြင်းမျိုး မဟုတ်ပါ”ဟု ပြောကြသည်။ သင့်ကိုယ်သင် သမ္မာတရား လိုက်စားသူအဖြစ် ယူဆသည့်တိုင်အောင် သင်၏ ကိုယ်ပိုင် လုပ်ဆောင်ချက်များ၊ အတွေးအခေါ်များနှင့် စိတ်ကူးများအပြင် အခြားသူတို့၏ လုပ်ဆောင်ချက်များနှင့် အပြုအမူများကို ယူကာ ယင်းတို့နှင့် သမ္မာတရားကြား ချိတ်ဆက်ခြင်း၊ သမ္မာတရား၏ ရှုထောင့်အမြင်ကို အသုံးပြု၍ ယင်းတို့ကို ရှုမြင်ကာ သတ်မှတ်ခြင်း မရှိပေ။ ထို့ကြောင့် သင်သည် သမ္မာတရားကို လိုက်စားသူတစ်ဦး ဖြစ်နေသေးသလော။ ဘုရားသခင်ကို သင်၏ ယုံကြည်မှုတွင် သင် နားလည်လာပြီးဖြစ်သည့် သမ္မာတရားများသည် သင့်အတွက် တန်ဖိုးရှိကာ အဓိပ္ပာယ်ရှိသေးသလော။ အဓိပ္ပာယ်မရှိပေ။ ဝိညာဉ်ရေးရာ သိနားလည်မှု မရှိချိန်တွင် ဝိညာဉ်ရေးရာပြည့်ဝသယောင် ဟန်ဆောင်သောသူ အားလုံးတွင် အတုအယောင် ဝိညာဉ်ရေးရာပြည့်ဝမှုရှိကြပြီး စည်းမျဉ်းစည်းကမ်းများကို တစ်သဝေမတိမ်း လိုက်နာလျက် သို့မဟုတ် စကားများနှင့် အယူဝါဒများကို ပြောဆိုလျက် တစ်နေ့လုံး အချိန်ကုန်နေခြင်းမှလွဲ၍ မည်သည့်အရာကိုမျှ အရေးမစိုက်ကြပေ။ ယင်းမှာ ရှေးခေတ် ပညာရှင်များ လုပ်ဆောင်ခဲ့ကြသည့် “ပညာရှိများ၏ စာအုပ်များ လေ့လာခြင်းအား မိမိကိုယ်ကို အပြည့်အဝ ရည်စူးဆက်ကပ်ကြပြီး ပြင်ပကိစ္စရပ်များကို အာရုံမစိုက်ကြခြင်း”နှင့် ဆင်တူပေသည်။ ဝိညာဉ်ရေးရာပြည့်ဝသယောင် ဟန်ဆောင်သော လူတို့သည် အခြားလူများလုပ်ဆောင်သည့် မည်သည့်အရာမဆိုက ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း၊ အခြားလူတို့ မည်သို့မည်ပုံ တွေးထင်သည်မှာ အခြားလူတို့၏ ကိစ္စဖြစ်ကြောင်း စဉ်းစားကြပြီး ဘုရားနှုတ်ကပတ်တော်များကို အခြေခံ၍ လူတို့အား မည်သို့ ပိုင်းခြားသိမြင်ရမည်၊ အမှုအရာများကို မည်သို့ ရိပ်စားမိကာ ဘုရားသခင်၏ ရည်ရွယ်ချက်များအား မည်သို့နားလည်ရမည် ဟူသည်တို့ကို သင်ယူရန် ငြင်းဆန်ကြလေသည်။ လူအများစုမှာ ဤကဲ့သို့ ဖြစ်ကြသည်။ တရားဒေသနာတစ်ခုကို နားထောင်ပြီးသည့်အချိန် သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုပြီးသည့်အချိန်တွင် ၎င်းတို့သည် စာရွက်ပေါ် ရေးမှတ်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် မှတ်သားထားကြပြီး ထိုအရာကို ၎င်းတို့က အပေါ်ယံ အာရုံစိုက်ပြပြီးနောက်တွင် မေ့လားလိုက်၍ရသည့် အယူဝါဒများ သို့မဟုတ် စည်းမျဉ်းစည်းကမ်းများအဖြစ် သဘောထားကြလေသည်။ ၎င်းတို့၏ အနီးဝန်းကျင်တွင် ဖြစ်ပျက်သည့်အရာများ သို့မဟုတ် ၎င်းတို့ အနီးအနားတွင်ရှိသည့် လူများ၌ တွေ့ရသည့် အမျိုးမျိုးသော အပြုအမူများနှင့် သရုပ်သကန်များက ဤသမ္မာတရားများနှင့် မည်သို့ဆက်စပ်သည်ဆိုသည့်အရာအတွက်မူ ၎င်းတို့၏ စိတ်နှလုံးများတွင် မည်သည့်အခါတွင် စဉ်းစားခြင်းမရှိ သို့မဟုတ် ဤအရာကို တွေးဆရန် ကြိုးစားခြင်း မရှိသကဲ့သို့ ဆုတောင်းခြင်း သို့မဟုတ် ရှာဖွေခြင်းလည်း မရှိပေ။ လူအများစု၏ ဝိညာဉ်ရေးရာ အသက်တာများသည် ဤအခြေအနေမျိုးတွင် ရှိကြ၏။ ထို့ကြောင့် များစွာသောလူတို့သည် သမ္မာတရားထဲ ဝင်ရောက်ရာတွင် နှေးကွေးပြီး အပေါ်ယံဆန်ကြသည်။ ၎င်းတို့၏ ဝိညာဉ်ရေးရာ အသက်တာသည် အလွန့်အလွန် ငြီးငွေ့ဖွယ်ကောင်းသည်။ စည်းမျဉ်းစည်းကမ်းများကို ၎င်းတို့ လိုက်လျှောက်ရုံမျှ လိုက်လျှောက်ကြပြီး အမှုအရာများကို ၎င်းတို့ လုပ်ဆောင်ပုံအတွက် စည်းမျဉ်းများ မရှိပေ။ လူများစွာနှင့် စပ်လျဉ်း၍ ၎င်းတို့၏ ဝိညာဉ်ရေးရာ အသက်တာသည် လက်တွေ့ဘဝနှင့် ကင်းကွာပြီး အနှစ်မဲ့သည်ဟု ဆိုနိုင်ပေသည်။ ထို့ကြောင့် ဆိုးယုတ်သော လူများနှင့် အန္တိခရစ်များ၏ ဘွင်းဘွင်းရှင်းရှင်း ဗြောင်ကျသော အပြုအမူများနှင့် သရုပ်သကန်များနှင့် ပတ်သက်လာသည့်အခါတွင်ပင် အဓိပ္ပာယ်ဖွင့်ဆိုချက် တစ်ခုတလေ ရှိဖို့မဆိုထားနှင့် မည်သည့်အယူအဆမျှ လုံးဝ မရှိသကဲ့သို့ မည်သည့်စိတ်ကူးမျှ မရှိ သို့မဟုတ် မည်သည့်ပိုင်းခြားသိမြင်နိုင်စွမ်းမျှ မပြကြပေ။ မိမိတို့၏ကိုယ်ပိုင် အကျိုးအမြတ်တစ်ခုချင်းအတွက် ကြံစည်ရာတွင် အန္တိခရစ်များ၏ အပြုအမူများ၊ သရုပ်သကန်များ၊ ဆိုရိုးများနှင့် စပ်လျဉ်း၍ သင်တို့သည် အတန်အသင့် ပမာဏကို မြင်ပြီးဖြစ်ကောင်း ဖြစ်နိုင်သော်လည်း သင်တို့၏ စိတ်နှလုံးများတွင် ၎င်းတို့က အတိအကျ မည်သည့် လူစားမျိုးများဖြစ်သည်၊ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုတွင် သမ္မာတရားကို ၎င်းတို့ ရရှိနိုင်ခြင်း ရှိမရှိ၊ ၎င်းတို့က သမ္မာတရားကို လိုက်စားသည့် လူများ ဟုတ်မဟုတ်ဆိုသည်နှင့် အခြားမေးခွန်းမျိုးကို တွေးဆရန် လုံးဝ မကြိုးစားကြလေပြီ။ ထို့ထက် သင်သည် မိမိ လုပ်ဆောင်သမျှတိုင်းတွင် ဟန်ဆောင်လုပ်ပြရင်း မိမိ၏ တာဝန်များတွင် မည်သည့်ဝင်ရောက်လုပ်ဆောင်ခြင်းမျှ မရှိဘဲ တစ်နေ့လုံး ယောင်နေပြီး သမ္မာတရားကို ရရှိနိုင်ရန် သို့မဟုတ် သမ္မာတရား စစ်မှန်မှုကို နားလည်ကာ ဝင်ရောက်နိုင်ရန် မကြိုးစားပေ။ အန္တိခရစ်များသည် ၎င်းတို့၏ကိုယ်ပိုင် အကျိုးအမြတ်များအတွက် ကြံစည်ရန် ၎င်းတို့၏ ရာထူးကို အသုံးပြုကြပြီး ဘုရားအိမ်တော်၌ လိမ်လည်မှုမှတစ်ဆင့် လိုချင်ဖွယ်ရာ ပစ္စည်းမျိုးစုံကို ရရှိရန် ဘုရားသခင်ကို ယုံကြည်ခြင်းအား ဟန်ဆောင်မှုတစ်ခုအဖြစ် အသုံးပြုကြလေသည်။ ဤလိုချင်ဖွယ်ရာ ပစ္စည်းများတွင် ပင်ကိုအားဖြင့် အစားအစာ၊ သောက်စရာအပြင် ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုအချို့နှင့် ထိုသို့သောအရာ ပါဝင်သည်။ ထိုသို့သော လူတို့၏ အနှစ်သာရမှာ ယခင်က ငါတို့ ပြောဆိုခဲ့ကြသည့် အန္တိခရစ်များ၏ ရုပ်ဝါဒ အနှစ်သာရနှင့် အတူတူပင် ဖြစ်သည်။ လူတစ်မျိုးတစ်စားတည်း၏ စရိုက်လက္ခဏာပင် ဖြစ်သည်။ ၎င်းတို့သည် ရုပ်ဝတ္ထုဆိုင်ရာ အကျိုးခံစားခွင့်မျိုးစုံကို မွေ့လျော်ရန်သာ ကြိုးစားကြသည်။ သမ္မာတရားကို မလိုက်စားကြသကဲ့သို့ ကောင်းမှုများကို သာ၍ပင် မပြင်ဆင်ကြပေ။ ၎င်းတို့သည် သမ္မာတရား လိုက်စားသည့်ပုံသာ ဟန်ဆောင်ကြပြီး အပေါ်ယံအားဖြင့် လိုက်စားသည့်ပုံပေါ်ကြသည်။ ၎င်းတို့ စိတ်နှလုံးများ၏ အချက်အချာတွင် ၎င်းတို့ လိုက်စားသည့်အရာမှာ အခြေခံအားဖြင့် ၎င်းတို့၏ စိတ်များတွင် စဉ်ဆက်မပြတ် ရှိနေသည့် စားခြင်း၊ သောက်ခြင်းနှင့် ကောင်းကောင်း ပြုစုခံရခြင်းတို့နှင့်ပတ်သက်သည့် ဇာတိပကတိဆိုင်ရာ ပျော်ရွှင်မှုများ ဖြစ်သည်။ ဤလူစားမျိုး အတော်များများသည် နေရာအနှံ့အပြားတွင် ရှိပေသည်။ အသင်းတော်တိုင်းတွင် တစ်ဦး သို့မဟုတ် နှစ်ဦး ရှိဖို့ အလားအလာရှိပြီး ထို့ထက်ပင် ရှိကောင်းရှိနိုင်သည်။ ယနေ့တွင် ဤလူများ၏ သရုပ်သကန်များ၊ အပြုအမူနှင့် အနှစ်သာရတို့အကြောင်းကို အယူအဆဆိုင်ရာ သဘောတရားတစ်ခုအနေဖြင့် ငါ ပြောလိမ့်မည် မဟုတ်။ ပထမဆုံးအနေဖြင့် သတ်သတ်မှတ်မှတ်ရှိသော သရုပ်ဖော်သည့် အခြေအနေအနည်းငယ်အကြောင်းကို ငါ ပြောမည်ဖြစ်ကာ သင်တို့ကို နားထောင်ခွင့်ပေးမည်၊ ထိုအရာမှ ထိုးထွင်းအမြင်များ ရရှိခွင့်ပေးပြီး ဤကဲ့သို့သော လူများက ငါတို့ မိတ်သဟာယပြုနေခဲ့သည့် ဤအချက်နှင့် မည်သို့ဆက်စပ်သည်ဆိုသည်ကိုလည်းကောင်း၊ ၎င်းတို့က စားစရာ၊ သောက်စရာ၊ ငွေနှင့် ရုပ်ဝတ္ထုဆိုင်ရာ ပစ္စည်းများကို လိမ်လည်လှည့်ဖြားလျက် ရယူရန် ၎င်းတို့၏ ရာထူးကို အသုံးပြုပြီး ဘုရားသခင်ကို ယုံကြည်ခြင်း အောင်လံလွှင့်ခြင်း ရှိမရှိ ဟူသည်ကိုလည်းကောင်း မြင်ခွင့်ပေးမည်။ ဤလူစားမျိုးကို ပိုင်းခြားသိမြင်ရန် ကြိုးစားလော့။ ထို့နောက်တွင် သင် ထိတွေ့ဆက်သွယ်လာရသည့် လူများတွင် ငါတို့ ပြောနေခဲ့သည့် ဤသရုပ်သကန်များ ရှိမရှိဟူသည်ကို စဉ်းစားလော့။ တစ်ဦးတလေကို စဉ်းစားမိလျှင် ဥပမာအနည်းငယ်ကိုလည်း သင်တို့ ပေးနိုင်သည်။ ငါ့ကို ပြောလော့၊ ဥပမာများပေးခြင်းက ပိုကောင်းသလော သို့မဟုတ် ဤကဲ့သို့ ခြုံငုံ၍သာ မိတ်သဟာယပြုခြင်းက ပိုကောင်းသလော။ (ဥပမာများပေးခြင်းက ပိုကောင်းပါသည်။) ဥပမာပေးခြင်း၏ အပြုသဘောဆောင်သည့် ရှုထောင့်မှာ မည်သည့်အရာဖြစ်သနည်း။ ဦးစွာပထမအနေဖြင့် လူအများစုသည် ဤဇာတ်ကြောင်းများနှင့် လက်တွေ့ဘဝ အခြေအနေများကို နားထောင်ရန် လိုလားနေကြသည်။ ထိုအရာများတွင် ဇာတ်ကောင်များနှင့် ဇာတ်လမ်းဇာတ်ကွက်တစ်ခုရှိပြီး လူအများစုက ထိုအရာများကို စိတ်ဝင်စားဖွယ်အဖြစ် မြင်ကြသည်။ ထိုအရာမှာ သင်၏ တစ်ကိုယ်ရေ အတွေ့အကြုံအကြောင်း ပြောပြသကဲ့သို့သာ ဖြစ်သည်။ ထိုအကြောင်းကို သင်က ဆောင်းပါးတစ်ပုဒ်ရေးလျှင် လူတို့က ပုံမှန်အားဖြင့် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ဖတ်ရှုကြလိမ့်မည်ဖြစ်ပြီး ထိုမျှသာဖြစ်သည်။ သို့သော် ထိုအကြောင်းကို ရုပ်ရှင်တစ်ကား သို့မဟုတ် ဇာတ်စင်ပေါ်တင်ဆက်သည့် ပြဇာတ်တစ်ပုဒ်အဖြစ် ဖန်တီးလျှင် ပိုများသော လူတို့က ကြည့်ရှုကြလိမ့်မည်ဖြစ်ပြီး တစ်ကြိမ်မက ကြည့်ရှုကြမည် ဖြစ်သည်။ ဤသို့ဖြင့် လူတို့သည် သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာ သို့မဟုတ် ဆီလျော်မှုရှိသည့် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ပို၍ စေ့စပ်စွာ၊ ပိုမို ရှင်းလင်းပြတ်သားမှုဖြင့် ကြည့်ကြလိမ့်မည်ဖြစ်ပြီး ထိုအရာက ၎င်းတို့အပေါ် သာ၍နက်ရှိုင်းသည့် ထင်မြင်ချက်တစ်ခုကို ပေးလိမ့်မည်ဖြစ်သည်။ ထို့အပြင် တိကျသည့် ဥပမာအချို့ကို ပေးခြင်းက လူတို့အား သမ္မာတရား၏ သွင်ပြင်လက္ခဏာတစ်ခုစီနှင့် ၎င်းတို့ကြားတွင် နှိုင်းယှဉ်မှုများနှင့် ဆက်စပ်မှုများကို သာ၍ တိကျမှန်ကန်စွာ ပြုလုပ်ဖို့ ကူညီပေးသည်။
အကြောင်းအရာ ၁- စားစရာနှင့် သောက်စရာအတွက် အခွင့်အရေးယူရန်အလို့ငှာ အလုပ်လုပ်ယောင်ဆောင်ခြင်း
ပထမဆုံးအနေဖြင့် ဘုရားသခင် ရွေးချယ်ထားသော လူတို့အတွက် တွေ့နေကျဖြစ်သည့် ဥပမာအချို့ကို ပေးကြစို့။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အမျိုးမျိုးသော ညီအစ်ကို မောင်နှမများကို ကြုံတွေ့ရပြီး ကောင်းမွန်သည့်အရာအချို့ကို ၎င်းတို့ ရှာဖွေတွေ့ရှိသည့် အလုပ်နေရာသစ်တစ်ခုဆီသို့ လာကြကာ “ဤအရာများသည် ကောင်းမွန်သည့်အရာများဖြစ်သည်။ ငါ့ထံတွင် အဘယ်ကြောင့် ယင်းတို့ မရှိရသနည်း”ဟု တွေးကြသည်။ ၎င်းတို့စိတ်ထဲတွင် ဆိုးရွားသော အတွေးများရှိကြသည် မဟုတ်လော။ ၎င်းတို့၏ လောဘသည် ခေါင်းပြူထွက်လာပြီဖြစ်သည်။ လောဘက ခေါင်းပြူထွက်လာသည်နှင့်တစ်ပြိုင်နက် ဤယုတ်ညံ့ပြီး အရှက်မဲ့သော လူယုတ်မာများသည် ခရီးတစ်ထောက်နားကာ ထိုနေရာတွင် အလုပ်လုပ်ပြီး ထွက်မသွားဖို့ ရှိသမျှဆင်ခြေတိုင်းကို ရှာဖွေကြလေသည်။ ထွက်မသွားရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ မည်သည့်အရာ ဖြစ်သနည်း။ (ထိုသို့ဖြင့် တစ်နေ့တွင် ၎င်းတို့က အခွင့်အရေး ယူနိုင်ရန်ဖြစ်သည်။) မှန်ပေ၏၊ ၎င်းတို့က အခွင့်အရေး ယူချင်ကြပေသည်။ ဤအခွင့်အရေးကို ၎င်းတို့ မရလျှင် ည၌ ကောင်းစွာ အိပ်ပျော်လိမ့်မည် မဟုတ်။ ၎င်းတို့က အခြားတစ်နေရာရာသို့ သွားလျှင် တစ်စုံတစ်ဦးက ဤအခွင့်အရေးရသွားမည်ဖြစ်ပြီး ဤအခွင့်အရေးကို ၎င်းတို့ တစ်ဖန်ရရှိမည် မဟုတ်သည်ကို စိုးရိမ်ကြသောကြောင့် ထိုနေရာတွင် တရားဟောကာ အလုပ်လုပ်ရန် ဆင်ခြေတစ်ခု ရှာကြလေသည်။ အမှန်တွင် ၎င်းတို့၏ စိတ်နှလုံးများက ဤလိုချင်ဖွယ်ရာ ပစ္စည်းများအကြောင်းကို အမြဲ စဉ်းစားနေကြပြီး ၎င်းတို့၏ မျက်လုံးများက ဤလိုချင်ဖွယ်ရာ ပစ္စည်းများကို အမြဲ အာရုံစိုက်နေကြသည်။ နောက်ဆုံးတွင် ၎င်းတို့သည် ထိုနေရာတွင် အခြေချလိုက်ကြပြီး ညီအစ်ကို မောင်နှမအများစုက ၎င်းတို့ကို ခင်မင်ကြသည်။ ၎င်းတို့က တရားဟောဆရာများဖြစ်သည်ကို သိကြပြီး ၎င်းတို့ကို ကိုးကွယ်ကာ ကြည်ညိုလေးစားကြလေသည်။ ယခုအချိန်သည် ဤခေါင်းဆောင်နှင့် အမှုဆောင်များက ၎င်းတို့ လိုချင်သည့်အရာ တစ်စုံတစ်ခုရှိသည်ကို ထုတ်ပြောရမည့်အချိန်ဖြစ်သောကြောင့် ထိုအကြောင်းအရာကို အစပျိုးရန် မတူကွဲပြားသည့် နည်းလမ်းမျိုးစုံကို စဉ်းစားကြသော်လည်း ၎င်းတို့ ပြောလေ၊ စိုးရိမ်ကြောင့်ကြလေ ဖြစ်ကြသည်။ ၎င်းတို့က “ဤအရာကို တောင်းဆိုခြင်းအား ငါ အဘယ်သို့ လုပ်ဆောင်သင့်သနည်း။ ဤအရာကို ငါ ကြိုက်ပြီး လိုချင်သည်ကို ညီအစ်ကို မောင်နှမများအား ငါ သိခွင့်ပေး၍မဖြစ်ပါ။ ၎င်းတို့ ဆန္ဒအလျောက် ထိုအရာကို ငါ့အား ပေးအောင် ငါလုပ်ရမည်။ ထိုအရာကို ငါ တောင်းဆိုနေသည်ဟု သူတို့ တွေးထင်သွားအောင် လုပ်၍မဖြစ်ဘဲ ထို့ထက် ထိုအရာသည် ငါ့ကို ၎င်းတို့က လိုလိုလားလား ပေးသည့်အရာတစ်ခုဖြစ်ပြီး ငါ ရဖို့ ထိုက်တန်သည့်အရာတစ်ခုဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်ဟု တွေးထင်အောင် လုပ်ရမည်”ဟု မိမိတို့ဘာသာ တွေးဆကြသည်။ ဤသို့ တွေးဆပြီးသည့်နောက်တွင် ၎င်းတို့က ညီအစ်ကို မောင်နှမများအား “လတ်တလောတွင် သင်တို့၏ အသက်ဝင်ရောက်မှုက အဘယ်သို့နေသနည်း”ဟု မေးကြသည်။ ညီအစ်ကို မောင်နှမများက “သင် ရောက်လာကတည်းက ကျွန်ုပ်တို့၏ အသင်းတော် အသက်တာသည် တိုးတက်ခဲ့ကာ လူတိုင်းက လန်းဆန်းတက်ကြွကြသည်”ဟု ပြောလေသည်။ “သင်တို့ လန်းဆန်းတက်ကြွရသည့် အချက်မှာ သင်တို့၏ ဝိညာဉ် ပိုကောင်းလာသည့် အခြေအနေကို ဆိုလိုသည်။ သင်တို့၏ လုပ်ငန်းလည်း အဆင်ပြေနေသည်။ ဘုရားအလိုတော် ရှိလျှင် အနာဂတ်၌ သင်တို့၏ လုပ်ငန်းက သာ၍ပင် အဆင်ပြေလိမ့်မည်”ဟူ၍ ခေါင်းဆောင်များနှင့် အမှုဆောင်များက စကားပြောနေစဉ် ၎င်းတို့သည် စကားဝိုင်းကို ၎င်းတို့ အလိုရှိသည့်အရာဆီသို့ လမ်းကြောင်းပေးကြသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက ထိုအရာအား အလိုရှိသည်မှာ ညီအစ်ကို မောင်နှမများအတွက် သိသာထင်ရှားလာသည့်အခါ ခေါင်းဆောင်နှင့် အမှုဆောင်များအနေဖြင့် ၎င်းတို့သွားသည့်အခါ ၎င်းတို့နှင့်အတူ တချို့တဝက်ကို ယူသွားသင့်ကြောင်း ပြောကြလေသည်။ ခေါင်းဆောင်နှင့် အမှုဆောင်များက “မဟုတ်ပါ၊ ငါ တစ်ခုမျှ မယူနိုင်ပါ။ ဤအရာသည် စည်းမျဉ်းများနှင့် မကိုက်ညီပါ။ ဘုရားက ဝမ်းသာမည် မဟုတ်ပါ”ဟု ပြောသည်။ ညီအစ်ကိုမောင်နှမများက “ကိစ္စမရှိပါ။ သင် တချို့တဝက် ယူထိုက်ပါသည်” ဟုပြောလျှင် “ကျွန်ုပ် ယူထိုက်လျှင်ပင် မယူနိုင်ပါ” ဟူ၍ ပြန်ပြောလေသည်။ ဤအရာကို ပြောဆိုပြီးနောက်တွင် ညီအစ်ကို မောင်နှမများက ထိုအရာကို ၎င်းတို့အား အမှန်တကယ် မပေးမည်ကို စိုးရိမ်ကြသောကြောင့် ၎င်းတို့၏ ကောင်းမြတ်ခြင်းအတွက် ညီအစ်ကို မောင်နှမများက ၎င်းတို့ကို ကျေးဇူးတင်စေရန်အတွက် အချို့သောအရာများကို ဝေ့ဝိုက်သောနည်းလမ်းဖြင့် ပြောဆိုကြစဉ် တစ်ချိန်တည်းတွင်ပင် ညီအစ်ကို မောင်နှမများက ၎င်းတို့အား တချို့တဝက်ပေးရမည်ကို သတိရဖို့အတွက် မိမိတို့ လိုချင်သည့်အရာကို အလျင်ဦးအောင် တင်ပြကြလေသည်။ ထို့နောက်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဆိုလိုသည့်အရာမှာ ညီအစ်ကို မောင်နှမများအတွက် သိသာထင်ရှားလာပြီး ၎င်းတို့က “ထိုကိစ္စကို ယခု မပြောကြပါစို့နှင့်။ သင် ထွက်သွားသည့်အခါ ကျွန်ုပ်တို့ ပြော၍ရပါသည်”ဟု ပြောကြလေသည်။ ညီအစ်ကို မောင်နှမများက ဤသို့ပြောသည်ကို ခေါင်းဆောင်များနှင့် အမှုဆောင်များက ကြားသည့်အခါ ၎င်းတို့၏ စိတ်နှလုံးများက အလွန့်အလွန် ဝမ်းသာသွားပြီး “အတိုင်းထက်အလွန်ဖြစ်ပေသည်။ နောက်ဆုံးတွင် ငါ လိုချင်သည့်အရာကို ရလိမ့်မည်”ဟု တွေးကြလေသည်။ ထို့နောက် ၎င်းတို့က “မနက်ဖြန် ငါချက်ချင်း ထွက်သွားလျှင် ထိုအရာကို ငါ လိုချင်သည်မှာ အလွန် သိသာလွန်းသွားလိမ့်မည်။ ထိုအစား နှစ်ရက် သို့မဟုတ် သုံးရက်အတွင်းတွင် ငါ ထွက်ခွာမည်”ဟု တွေးကြသည်။ နောက်ဆုံးတွင် တတိယနေ့ရက် ရောက်လာသည့်အခါ ၎င်းတို့ ထွက်သွားစဉ်တွင် ညီအစ်ကို မောင်နှမများက ၎င်းတို့ကို အလွန်လေးလံသည့် အထုပ်တစ်ခုကို ပေးကြသည်။ ထိုအထုပ်မှာ ၎င်းတို့ လိုချင်သည့်အရာဖြစ်သည်ကို ခေါင်းဆောင်များနှင့် အမှုဆောင်များက မြင်ကြသော်လည်း မမြင်ချင်ယောင်ဆောင်ကြပြီး မငြင်းကြပေ။ စကားတစ်ခွန်းမျှ မပြောဘဲ ထိုအထုပ်ကိုသာ ယူလိုက်ကြသည်။ ဤသည်တို့မှာ မည်သည့် လူစားမျိုးများ ဖြစ်ကြသနည်း။ ၎င်းတို့သည် လိုချင်ဖွယ်ရာ ပစ္စည်းများကို ရရှိရန် ကြံစည်ရာတွင် မိမိတို့၏ အလုပ်ကို လမ်းကြောင်းတစ်ခုအဖြစ်လည်းကောင်း၊ ၎င်းတို့၏ အားသွန်ခွန်စိုက် လုပ်ရသောအလုပ်ကို နည်းစနစ်အဖြစ်လည်းကောင်း အသုံးပြုသည့် လူများဖြစ်ပြီး ညီအစ်ကို မောင်နှမများထံမှ ပစ္စည်းများကို မတရားသဖြင့် တောင်းဆိုကြသောသူများဖြစ်သည်။ ဤသည်မှာ လိမ်လည်မှုတစ်မျိုး ဖြစ်သည် မဟုတ်လော။ ၎င်းတို့ အလုပ်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ အခြားသူတို့ကို ကလိမ်ကျခြင်းဖြင့် လိုချင်ဖွယ်ရာ ပစ္စည်းများကို ရရှိရန် ဖြစ်သည်။ လိုချင်ဖွယ်ရာ တစ်ခုခုရှိပြီး ၎င်းတို့ လိုချင်သည့်အရာတစ်ခု ရှိသည့် နေရာတစ်ခုကို ၎င်းတို့ ရှာဖွေတွေ့ရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည်ခရီးတစ်ထောက် နားကာ ထွက်မသွားချင်ကြပေ။ မိမိတို့၏ နေအိမ်အတွက် ကောင်းမွန်သည့် ပစ္စည်းရှိသမျှကို ယူကြသည်။ နှစ်အတန်ကြာ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်ပြီးနောက်တွင် ၎င်းတို့၏ နေအိမ်တွင်ရှိသည့် ပစ္စည်းများစွာမှာ ညီအစ်ကို မောင်နှမများထံမှ ကလိမ်ကကျစ် ရယူထားခြင်းဖြစ်သည်။ ၎င်းတို့ထဲမှ အချို့သည် ညီအစ်ကို မောင်နှမများထံမှ လျှို့ဝှက်ထားသော မိသားစု ချက်နည်းပြုတ်နည်းများ သို့မဟုတ် ဘိုးစဉ်ဘောင်ဆက် အမွေပစ္စည်းများကို ကလိမ်ကကျစ် ရယူခဲ့ကြပြီး ၎င်းတို့အချို့က ဒေသထွက် အထူးထုတ်ကုန်များကို ကလိမ်ကကျစ် ရယူခဲ့ကြသည်။ ဘုရားသခင်ကို ဤလူတို့၏ ယုံကြည်မှုသည် ၎င်းတို့က အပြန်အလှန်အနေဖြင့် မည်သည့်အရာမျှ မတောင်းဆိုဘဲ တစ်နေရာမှ တစ်နေရာသို့ သွားပြီး အလုပ်ကို လုပ်ဆောင်သကဲ့သို့ ထင်ရသော်လည်း အမှန်တွင် ၎င်းတို့သည် ညီအစ်ကို မောင်နှမများထံမှ လိုချင်ဖွယ်ရာ ပစ္စည်းများစွာကို ကလိမ်ကကျစ် ရယူထားကြပြီး ဖြစ်သည်။
ခေါင်းဆောင်တစ်ဦးက အသင်းတော် တစ်ပါးပါးဆီသို့ ရောက်ရှိပြီးသည့်နောက်တွင် ထိုဒေသတွင်ရှိသည့် ဇီးသီးများက နိုင်ငံအနှံ့အပြားတွင် ကျော်ကြားသည်ကို မြင်ပြီး “ငါ ဇီးသီးများကို စားရသည်ကို ကြိုက်သည်။ ဤနေရာတွင်သာ ငါ မွေးခဲ့လျှင် နေ့တိုင်း ဇီးသီးစားရမည်ဖြစ်သော်လည်း ကံအကြောင်းမလှစွာပင် ရက်ပေါင်းများစွာ ငါနေ၍မရသကဲ့သို့ ဇီးသီးများကလည်း မမှည့်သေးပါ။ မည်သည့်အချိန်တွင် ငါ စားနိုင်မည်နည်း။ ငါ သိပြီ။ ဇီးသီးများ မှည့်သည်အထိ နေဖို့ အကြောင်းပြချက်တစ်ခု ငါ ရှာ၍ရပြီး ထို့နောက်တွင် ယင်းတို့ကို ငါ စားနိုင်မည်ဖြစ်သည်၊ မဟုတ်လော”ဟု မိမိတို့ဘာသာ တွေးကြလေသည်။ ထို့နောက်တွင် ၎င်းတို့က ဤနေရာတွင်ရှိသည့် ညီအစ်ကို မောင်နှမ အများစုသည် မကောင်းသည့် အခြေအနေတွင် ရှိပြီး ၎င်းတို့အလုပ်တွင် မည်သည့်အရာကိုမျှ ပြီးမြောက်ခြင်းမရှိသောကြောင့် ဤနေရာတွင် သူ ရေရှည် နေရာယူရမည်ဖြစ်ပြီး သူ မထွက်ခွာမီ အလုပ်၏ ကိစ္စတစ်ခုစီတိုင်း အဆင်ပြေအောင် ပြင်းပြင်းထန်ထန် ကြိုးစားရမည်ဟု ဆိုလျက် ဆင်ခြေပေးကြသည်။ သို့သော် ယင်းမှာ ၎င်း၏ စိတ်နှလုံးတွင် အမှန်တကယ် စဉ်းစားနေသည့်အရာ ဖြစ်သလော။ (မဟုတ်ပါ။) သူ၏ စိတ်နှလုံးတွင် သူသည် အပိုင်ကြံနေသည်။ “ဇီးသီးများ မှည့်ပြီး အချို့ကို ငါ ယူသွားနိုင်သည့် မည်သည့်အချိန်မဆို ယင်းသည် ငါ ထွက်သွားမည့်အချိန် ဖြစ်သည်”ဟူ၍ ဖြစ်သည်။ သူ၏ စိတ်နှလုံးသည် ဤအတွေးဖြင့် ပြည့်နေပြီး ထိုအရာကြောင့် သူသည် ထိုနေရာတွင် ခရီးတစ်ထောက်နားကာ နေရာချထားခြင်း ဖြစ်လေသည်။ ထိုနေရာ၌ သူ ရှိနေသည့်အချိန်အတောအတွင်းတွင် သူသည် အချို့သော စကားများနှင့် အယူဝါဒများကို ဟောကာ အပေါ်ယံအဆင့် ကိစ္စအချို့ကို လုပ်ဆောင်သော်လည်း အလုပ်ကိစ္စတွင် များစွာ ပြီးမြောက်ခြင်းမရှိပေ။ နောက်ဆုံးတွင် ဇီးသီးများ မှည့်ကာ သူ၏ စိတ်နှလုံးသည် ပျော်ရွှင်မှုဖြင့် ပြည့်လျှမ်းသွားသည်။ “နောက်ဆုံးတွင် ဇီးသီးများကို ငါ စားနိုင်လေပြီ။ နောက်ဆုံးတွင်တော့ ငါ အိပ်မက်မက်နေခဲ့သည့် နေ့ရက် ရောက်လာပေပြီ”ဟူ၍ဖြစ်သည်။ ဇီးသီးများ မှည့်သည်နှင့်တစ်ပြိုင်နက် သူက စတင် စားသုံးလိုက်ပြီး တစ်ချိန်တည်းတွင် “ဤနေရာတွင် ဇီးသီးများကို နေ့စဉ် စားသုံးခြင်းသက်သက်က ငါ့အတွက် မသင့်တော်ပါ။ ဇီးသီးများကို စားဖို့သက်သက် ငါ မနေနိုင်ပါ။ ညီအစ်ကို မောင်နှမများက သတိထားမိလျှင် အဘယ်သို့ဖြစ်မည်နည်း။ သူတို့ ငါ့ကို တချို့တဝက် ထည့်ပေးလိုက်ရန် လုပ်ဆောင်ဖို့ နည်းလမ်းအား ငါ စဉ်းစားရမည်။ သူတို့ ငါ့ကို မပေးလျှင် ဤကိစ္စကို ဆက်လုပ်ဆောင်စေရန် ငါ ပြင်းပြင်းထန်ထန် ကြိုးစားပြီး တစ်စုံတစ်ခုကို ပြောရမည်”ဟူ၍ ၎င်း၏ စိတ်နှလုံးတွင် ပြန်ပြောင်းစဉ်းစားနေသည်။ သူက ဇီးသီးများ စားချင်သည်ကို ထိုနေရာတွင် နေထိုင်သည့် ညီအစ်ကို မောင်နှမများက မြင်သည်နှင့်တစ်ပြိုင်နက် ၎င်း ထွက်သွားသည့်အခါ ယူသွားဖို့ တချို့တဝက် ပေးမည်ဟု ပြောကြသည်။ ဤအရာကို ၎င်းက ကြားသည့်အခါ ဝမ်းသာသွားသော်လည်း ၎င်း၏ နှုတ်ကမူ “ကျွန်ုပ် ယူသွားနိုင်မည် မဟုတ်ပါ။ ထိုအရာသည် စည်းမျဉ်းများနှင့် မကိုက်ညီပါ။ ယုံကြည်သူများက ဤအရာကို တပ်မက်၍မရပါ။ ကျွန်ုပ်သည် သင်တို့အပေါ် အခွင့်အရေးယူခြင်း ဖြစ်မည် မဟုတ်လော။ သင်တို့ကို အခမပေးဘဲ ထိုအရာကို ကျွန်ုပ် မယူနိုင်ပါ။ ကျွန်ုပ် ထွက်သွားသည့်အခါ ထိုအတွက် သင်တို့ကို ကျွန်ုပ် ပေးချေပါမည်”ဟု ပြောသည်။ သူပြောသည့် ဤစကားများသည် အပြောသက်သက်သာ ဖြစ်သည်။ သူက ဗိုက်ပြည့်သည်အထိ အတော်များများကို စားပြီး သွားဖို့အချိန် ကျလာသည့်အခါ သူ၏ စိတ်နှလုံးထဲတွင် သူက “သူတို့ ငါ့ကို တစ်ခုတလေမျှ မပေးဘဲနေလိမ့်မည်လော သို့မဟုတ် မကောင်းသည့် အလုံးအချို့ကိုသာ ပေးလိမ့်မည်လော။ အလုံးကြီးများ၊ ကောင်းသည့်အလုံးများကို ငါ စားချင်သည်”ဟု အမြဲ စဉ်းစားနေဆဲဖြစ်သည်။ သူ ထွက်မသွားမီ နှစ်ရက်အလိုတွင် သူသည် “ဇီးသီးများအားလုံးကို အတော်လေး ခူးထားပြီးပြီ မဟုတ်လော။ ယင်းတို့သည် နောက်နှစ် မည်သည့်အချိန်တွင် မှည့်လိမ့်မည်နည်း”ဟု အမြဲ ပြောနေကြသည်။ ယင်းအားဖြင့် သူသည် ညီအစ်ကို မောင်နှမများအား သူ့အတွက် တချို့တဝက် ထည့်ပေးလိုက်ရန် မမေ့လျော့ဖို့ သူက သတိပေးနေသည့် သဘောဖြစ်သည်။ ထိုအရာကို ကြားသည်နှင့် တစ်ပြိုင်နက် ညီအစ်ကို မောင်နှမများအားလုံးက “ကြည့်ရသည်မှာ သူ မသွားမီ သူ့အတွက် တချို့တဝက်ကို ငါတို့ လုံးဝ ထည့်ပေးလိုက်ရမည်ဖြစ်ပြီး သူ့ကို ပေးဖို့ ကောင်းသည့် အလုံးများကို ငါတို့ ခူးရမည့်ပုံဖြစ်သည်။ မဟုတ်လျှင် သူသည် ငါတို့ကို ပြဿနာရှာကောင်း ရှာနိုင်သည်”ဟူ၍ နားလည်သွားကြသည်။ နောက်ဆုံးတွင် သူ သွားရသည့်အချိန် ရောက်လာသည့်အခါ ညီအစ်ကို မောင်နှမများက သူနှင့်အတူ ယူသွားဖို့အတွက် သေတ္တာကြီးသုံးခုကို ပေးကြသည်။ ထိုအရာများကို သူ့ဘာသာ မသယ်နိုင်သဖြင့် သူ့အောက်မှ အခြားသူများကို ကူညီခိုင်းရသည်။ သူ ထွက်မသွားမီတွင်ပင် စားနိုင်သမျှ သူ စားသွားသည်။ ထိုသို့စားခြင်းက သူ့ကို နေမကောင်းဖြစ်စေလျှင်ပင် တန်သည်ဟု သူခံစားသည်။ သူ ထွက်သွားပြီးနောက် ယင်းတို့အား မစားနိုင်တော့မည်ကို သူ စိုးရိမ်သည်။ သူ ထွက်သွားချိန်တွင် အင်တင်တင် ဖြစ်နေဆဲဖြစ်ပြီး သူက “ဤအကြိမ်တွင် ငါ့အတွက် တန်ပေသည်။ နောက်နှစ် ဤအချိန်တွင် ငါ တစ်ဖန် လာမည်။ အလွန် စောစီးစွာ ငါ လာရန် မလိုသော်လည်း အလွန်နောက်ကျစွာ ငါ လာ၍ မဖြစ်ပါ။ ဇီးသီးများ မှည့်သည့်အချိန်တွင်သာ ငါ လာသင့်သည်။ ထိုသို့ဖြင့် လတ်ဆတ်သည့် အသီးအချို့ကို ငါ စားနိုင်ပြီး အသီးများခြောက်သွားသည့်အခါ ခြောက်သည့်အသီးအချို့ကို စား၍ရသည်။ ထွက်သွားသည့်အခါ ငါနှင့်အတူ အချို့ကိုလည်း ယူသွား၍ရသည်”ဟု တွေးလေသည်။ သူသည် ဤအရာကို အလွန် အသေးစိတ်ကျကျ တွက်ချက်နေသည် မဟုတ်လော။ သူ၏ စိတ်နှလုံးက စဉ်းစားသမျှမှာ ဤအရာများဖြစ်သည်။ သူသည် လိုချင်ဖွယ်ရာဖြစ်သော အရာများကို ရရှိရန် အခွင့်အရေးယူခြင်းနှင့် အကြံအစည်များ လုပ်ဇာတ်ခင်းခြင်းအပြင် သူ့ကို အကျိုးပြုသည့် အရာများကို ညီအစ်ကို မောင်နှမများထံမှ ကလိမ်ကျယူရန်အကြောင်းကို အမြဲ စဉ်းစားနေသည်။ သူသည် မိမိမြင်သည့် လိုချင်ဖွယ်ရာဖြစ်သော မည်သည့်အရာကိုမျှ မသိကျိုးကျွန်ပြုလိမ့်မည် မဟုတ်ပါ။ ထိုအရာက မထင်ပေါ်သည့် အရာတစ်စုံတစ်ခုဖြစ်လျှင်ပင် သူ့ကို ဆွဲဆောင်ပြီး သူ့စိတ်တွင် စွဲနေသရွေ့ နောက်ဆုံးတွင် သူ၏ လက်ထဲသို့ ကျရောက်သွားဖို့ သေချာပေသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ အပြုအမူဖြစ်သည် မဟုတ်လော။ ဤလူစားမျိုးများ၏ လူ့သဘာဝနှင့် စရိုက်လက္ခဏာတို့သည် အထူးသဖြင့် ယုတ်ညံ့သည် မဟုတ်လော။ ဤလူစားမျိုးသည် အပေါ်ယံတွင် အခက်အခဲကို မည်မျှကောင်းစွာ ခံစားနိုင်ပြီး အဖိုးအခပေးနိုင်သည်ဖြစ်စေ၊ မည်မျှကောင်းစွာ မိမိတို့၏ မိသားစုကို စွန့်လွှတ်ပြီး မိမိတို့၏ အသက်မွေးအလုပ်ကို စွန့်လွှတ်နိုင်သည်ဖြစ်စေ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောလူများ ဖြစ်သည်ဟု ပြော၍ရနိုင်သလော။ လုံးဝ မရပေ။ ဤလူများသည် ဘုရားသခင်ကို ယုံကြည်ခြင်း အောင်လံကို လွှင့်ထူခြင်းဖြင့် စားစရာနှင့် သောက်စရာများကို လိမ်လည်မှုဖြင့် ရယူသောလူစားမျိုးများ ဖြစ်သည်။
လူအချို့သည် ဧဝံဂေလိ တရားဟောကာ အလုပ်လုပ်ရန် နေရာမျိုးစုံသို့ သွားပြီး ၎င်းတို့ အိမ်ပြန်လာသည့်အခါ နေရာအသီးသီးမှ အမျိုးမျိုးသော ဒေသထွက် အထူးထုတ်ကုန်များ သို့မဟုတ် ညီအစ်ကို မောင်နှမများထံမှ ၎င်းတို့ မတရားသဖြင့် တောင်းယူခဲ့ကြသည့် ပစ္စည်းများကိုပင် ယူလာကြလေသည်။ ထိုအရာသည် ဒီဇိုင်နာ အဝတ်အစားဖြစ်စေ၊ လျှပ်စစ်ပစ္စည်းဖြစ်စေ၊ ၎င်းတို့ကို ဆွဲဆောင်သရွေ့ မသိကျိုးကျွန် မပြုကြသကဲ့သို့ ထိုအရာကိုရဖို့ တောင်းဆိုကြလေသည်။ သင်က မပေးလျှင် သင့်ကို ပြုပြင်ဖို့ ဆင်ခြေမျိုးစုံကို ၎င်းတို့က အကြံထုတ်ကြလိမ့်မည်၊ သင့်ကို ၎င်းတို့ အဘယ်ကြောင့် ပြုပြင်သည်ကို သင့်အား နားလည်စေလိမ့်မည်ဖြစ်ပြီး နောက်ဆုံးတွင် သင်က ထိုအရာကို ၎င်းတို့အား ပေးသည်အထိ အလျှော့ပေးလိမ့်မည် မဟုတ်ပေ။ ဤလူများသည် မိမိတို့တာဝန်ကို ထမ်းဆောင်သည့် အောင်လံကို လွှင့်ထူခြင်းဖြင့် မိမိတို့အတွက် လိုချင်ဖွယ်ရာ ပစ္စည်းမျိုးစုံကို ကလိမ်ကကျစ် ရယူကြပြီး ဤလိုချင်ဖွယ်ရာ ပစ္စည်းများကို ရယူရန် ကြိုးစားနေချိန်တွင် မဆုတ်မနစ်လုပ်ဆောင်ကြသည်။ တစ်ခါတစ်ရံတွင် ညီအစ်ကို မောင်နှမများက ၎င်းတို့အား တစ်စုံတစ်ရာကို အနည်းငယ် ပေးကြသော်လည်း ထိုအရာက ငွေကြေးများစွာ မတန်သည်ကို ဤလူများက စဉ်းစားမိကာ “မလုပ်ပါနှင့်၊ ကျေးဇူးတင်ပါသည်။ ဘုရားသခင်က ကျွန်ုပ်ကို ကြွယ်ဝစွာ ကောင်းချီးပေးပြီးဖြစ်သည်။ မည်သည့်အရာကိုမျှ ကျွန်ုပ် မလိုချင်ပါ”ဟု ပြောကြသည်။ ၎င်းတို့သည် ငြင်းဆိုရန် ဤစကားမျိုးများကို အသုံးပြုကြပြီး ညီအစ်ကို မောင်နှမများအား ၎င်းတို့ကို ခင်မင်ကာ အထင်ကြီးစေဖို့ လှည့်စားကြလေသည်။ သို့သော် ညီအစ်ကို မောင်နှမများက ၎င်းတို့ကို ပေးသည့် အရာသည် ဤလူတို့ အိပ်မက်မက်ခဲ့ရသည့် အရာတစ်ခုနှင့် ၎င်းတို့ လိုအပ်ကာ စဉ်ဆက်မပြတ် စဉ်းစားကြသည့် အရာတစ်ခု ဖြစ်မည်ဆိုလျှင် ဤအရာများကို ၎င်းတို့ မြင်သည့်အခါ အလွဲသုံးစား လုပ်ချင်ကြပြီး ၎င်းတို့ လုံးဝ ချုပ်တည်းထားကြမည် မဟုတ်ပေ။ အချို့သော အမျိုးသမီးများသည် ညီအစ်ကို မောင်နှမများ ပိုင်ဆိုင်သည့် အလှပြင်ပစ္စည်းများ၊ ဝတ်ကောင်းစားလှများနှင့် အကောင်းစား ဖိနပ်များကို အလွဲသုံးစားလုပ်ပြီး အမျိုးသားအချို့က ညီအစ်ကို မောင်နှမများ ပိုင်ဆိုင်သည့် အသုံးအဆောင်များ၊ မော်တော်ဆိုင်ကယ်များ သို့မဟုတ် လျှပ်စစ်ပစ္စည်းများကို ကလိမ်ကကျစ်ရယူကြသည်။ ၎င်းတို့သည် လိုချင်ဖွယ်ရာ ပစ္စည်းတိုင်းကို ပိုင်ဆိုင်ဖို့ လှုပ်ရှားကြသည်။ ညီအစ်ကို မောင်နှမများက မည်သည့် အကောင်းစား ပစ္စည်းများရှိသည်ဖြစ်စေ၊ ထိုအရာက ဤလူများကို ဆွဲဆောင်သရွေ့ ထိုအရာကို လိမ်လည်ခြင်းဖြင့် ရယူမည့် နည်းလမ်းမျိုးစုံကို စဉ်းစားကြလိမ့်မည်။ ထို့အပြင် ဤလူများသည် အတူတကွ ညစာစားစေဖို့အတွက် မူမမှန်သော အကြောင်းပြချက်မျိုးစုံကို စိတ်ကူးရကြပြီး ဆင်ခြေမျိုးစုံရှာကာ အစားအစာနှင့် သောက်စရာများကို တဝတပြဲစားလေသည်။ မည်သည့် အတိုင်းအတာထိ ရှိသနည်း။ ၎င်းတို့ သွားသည့်နေရာတိုင်းတွင် မည်သူ၏ မိသားစု၌ ငွေရှိပြီး မည်သူ၏ မိသားစုက ကောင်းစွာ စားရသည်ကို ကြည့်ကြပြီးနောက် ထိုမိသားစုနှင့် နေကာ ထွက်မသွားကြပေ။ ထို့နောက်တွင် ၎င်းတို့သည် လုပ်ဖော်ဆောင်ဖက်များအတွက် စုဝေးပွဲများပြုလုပ်ရန်နှင့် ညစာစားပွဲများပြုလုပ်ရန် မူမမှန်သည့် အကြောင်းပြချက်မျိုးစုံကို စိတ်ကူးရကြလေသည်။ ပြီးလျှင် ညစာစားပွဲတစ်ခုစီတွင် ၎င်းတို့၏ အဖွင့်စကားများမှာ မည်သည့်အရာများဖြစ်သနည်း။ “ကျွန်ုပ်တို့၏ ယနေ့ စုဝေးပွဲသည် နိုင်ငံတော်နှင့်ဆိုင်သော စုဝေးပွဲတစ်ခု ဖြစ်သည်။ ဤထမင်းစားပွဲသည် နိုင်ငံတော်စားပွဲတော်၏ ရှေ့ပြေး အမြည်းကို ကျွန်ုပ်တို့အား ပေးသည်”ဟူ၍ ဖြစ်၏။ ၎င်းတို့ကို ဖော်လံဖားသောလူတို့က “အာမင်။ ဘုရားကို ကျေးဇူးတင်ပါသည်”ဟု အလောတကြီး ပြောကြသည်။ မိမိတို့ သွားသည့်နေရာတိုင်းတွင် အစားအသောက်ကို တဝတပြဲစားသည့် ခေါင်းဆောင်နှင့် အမှုဆောင်များဟုခေါ်သော သူအချို့ရှိသည်။ အစားအစာတိုင်းတွင် အာဟာရဖြစ်သော ပါဝင်ပစ္စည်းများ ရှိရမည်ဖြစ်ပြီး ငါးနှင့် အသားများ ပါရှိရမည် ဖြစ်ကာ ဟင်းလျာများကပင်လျှင် အပတ်တိုင်း ပြောင်းလဲနေမှရမည်ဖြစ်သည်။ ဟင်းပွဲများ ထပ်နေ၍ မဖြစ်ပါ။ ညစာစားပြီးနောက်တွင် ထိပ်တန်းလက်ဘက်ရည်ကို ၎င်းတို့ သောက်မှရမည်ဖြစ်ပြီး “လက်ဘက်ရည် မသောက်ဘဲ ကျွန်ုပ် နေ၍မရပါ။ ကျွန်ုပ်သည် နေ့တိုင်း များပြားသည့် အလုပ်ပမာဏကို လုပ်ဆောင်ရပြီး ညဉ့်နက်သန်းခေါင် အလုပ်လုပ်ရသည်။ နိုးကြားနေစေရန် လက်ဘက်ရည် အနည်းငယ်မျှ ကျွန်ုပ် မသောက်လျှင် ညပိုင်းတွင် အလုပ်လုပ်နိုင်မည် မဟုတ်ပါ”ဟု ပြောလျက် ဆင်ခြေများပေးကြသည်။ ဤသည်မှာ ၎င်းတို့၏ နှုတ်မှ ပြောသည့်အရာဖြစ်သော်လည်း ၎င်းတို့၏ စိတ်နှလုံးများတွင် မည်သည့်အရာကို ၎င်းတို့ စဉ်းစားနေကြသနည်း။ “ယနေ့ ငါ့တွင် ရှိသည့် ရာထူးကို ရဖို့ မလွယ်ခဲ့ပါ။ ဩဇာအာဏာ အနည်းငယ် ငါ မသုံးသင့်သလော။ ပြီးလျှင် ဘဝတွင် သာ၍ ကောင်းသည့် အရာအချို့ကို ငါ မွေ့လျော်ခံစားဖို့ အိပ်မက်မက်ခဲ့သည်။ ထို့ကြောင့် ယခု ဤအရာများကို မွေ့လျော်ခံစားရန် နည်းလမ်းမျိုးစုံကို ငါ အကြံထုတ်နေသင့်သည် မဟုတ်လော။ ယခု ငါ့တွင်ရှိသည့် တန်ခိုးအာဏာကို အသုံးမပြုလျှင် ထိုတန်ခိုးအာဏာ မရှိတော့သည့်အခါ ထိုသို့ တစ်ဖန်လုပ်ဆောင်ဖို့ အခွင့်အရေးရှိမည် မဟုတ်ပါ။ ငါ တတ်နိုင်သမျှ စားသောက်နေသင့်သည်။ ဤရာထူး ငါ မရှိတော့သကဲ့သို့ ဤအရာများကို မွေ့လျော်ခံစားနိုင်ခြင်း မရှိမည့် နေ့ရက်တစ်ရက် ရောက်လာလိမ့်မည်လော ဟူသည်ကို မည်သူ သိသနည်း။ ငါသည် ဤအခွင့်အရေး ရှိလိမ့်မည် မဟုတ်တော့ပါ။ ထိုအခါတွင် ငါ၏ ဘဝတစ်ခုလုံးက အချည်းနှီးဖြစ်မည် မဟုတ်လော”ဟူ၍ ဖြစ်သည်။ ဤလူစားမျိုးများသည် အလုပ်လုပ်နေခြင်း အောင်လံကို လွှင့်ထူခြင်းဖြင့် အစားအသောက်များကို လိမ်လည်လျက် ရယူကြသည်။ ၎င်းတို့သည် အလုပ်အနည်းငယ် လုပ်ဆောင်ကာ စကားနှင့် အယူဝါဒ အနည်းငယ်ကို ဟောပြောပြီးနောက် လိုချင်ဖွယ်ရာ ပစ္စည်းများကို ကလိမ်ကကျစ် ယူချင်ပြီး အစားကောင်းများကို စားချင်ကြလေသည်။
နေရာတစ်ခုခုတွင် အလုပ်လုပ်ခဲ့သည့် လူတစ်ဦး ရှိခဲ့ပြီး ထိုဒေသတွင်နေထိုင်သည့် ညီအစ်ကို မောင်နှမများက ဤလူအတွက် နေ့တိုင်း ကြက်တစ်ကောင်သတ်ပေးရသည်။ သူသည် နေ့တိုင်း တစ်နေ့ ကြက်တစ်ကောင် စားသည့် အကျင့်တစ်ခု ရလာလေသည်။ ဤအရာကို ကြားပြီးနောက်တွင် သင်တို့ မည်သို့ ခံစားကြသနည်း။ (စက်ဆုပ်ရပါသည်။) ညီအစ်ကို မောင်နှမများက ကြက်များကို ကြက်ဥများရဖို့အတွက် မွေးမြူကြပြီး ကြက်တစ်ကောင်ကို အိုမင်းသွားသည့်အခါတွင်သာ သတ်ကြလေသည်။ ထိုလူရောက်ကတည်းက ဥစားကြက်များပင်လျှင် အသတ်ခံရပြီး အကျိုးဆက်အနေဖြင့် ကြက်များ နည်းသည်ထက် နည်းသွားပြီး ညီအစ်ကို မောင်နှမများက ဆက်၍ တောင့်ခံနိုင်စွမ်း မရှိကြတော့ပေ။ နောက်ပိုင်းတွင် သူသည် အထုတ်ခံရပြီး အိမ်ပြန်သွားသော်လည်း ဒုက္ခပေးသော ဤအပြစ်အနာအဆာကို ပြောင်းလဲနိုင်ခြင်း မရှိသေးပေ။ သူစားဖို့ သူ၏ ဇနီးကို နေ့တိုင်းကြက်တစ်ကောင် သတ်ခိုင်းသည်။ သို့မဟုတ်လျှင် သူ၏ဇနီးနှင့် စကားများလေသည်။ ဤသည်မှာ မည်သည့် လူစားမျိုး ဖြစ်သနည်း။ ကြက်သားစားခြင်းက သူ၏ ဖြစ်ခြင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့ပြီဖြစ်သည်။ သူသည် ထိုကြက်သားကို နေ့တိုင်း အစာစားသည့်အခါတိုင်းတွင် စားလေသည်။ ထုတ်ပယ်ခံရပြီးနောက်တွင်ပင် ကြက်သားကို သူ စားဦးမှဖြစ်မည် ဖြစ်သည်။ သူသည် ထိုအရာအပေါ် မှီခိုလာသည်။ ဤလူတွင် ပြဿနာတစ်ခု ရှိသည် မဟုတ်လော။ သင်မည်သို့ ထင်သနည်း၊ ဤလူစားမျိုးများသည် ကောင်းမြတ်သလော။ (မကောင်းမြတ်ပါ။) တိုတိုပြောရလျှင် အကြိမ်တိုင်းတွင် ညီအစ်ကို မောင်နှမများ၏ ပိုင်ဆိုင်မှုများ မတရားသဖြင့် တောင်းယူရန်နှင့် အကြိမ်တိုင်းတွင် အစားအသောက်များကို လိမ်လည်မှုဖြင့် ရယူရန်အတွက် ဘုရားသခင်ကို ယုံကြည်သည့် အောင်လံကို လွှင့်ထူပြီး မိမိတို့၏ တာဝန်များကို လုပ်ဆောင်သည့် လမ်းကြောင်းတစ်လျှောက်တွင် ဖြစ်ပေါ်သည့် အခွင့်အရေးများကို အသုံးချသည့်သူ မည်သူမဆိုသည် မကောင်းသည့် လူများဖြစ်သည်။ ၎င်းတို့၏ အနှစ်သာရသည် အန္တိခရစ်တစ်ဦး၏ အနှစ်သာရဖြစ်သည်။ ၎င်းတို့အနေဖြင့် အလုပ်လုပ်ရန် မည်သည့်နေရာသို့သွားသည်ဖြစ်စေ သို့မဟုတ် မည်သည့် အလုပ်မျိုးကို လုပ်သည်ဖြစ်စေ ၎င်းတို့ကို လက်ခံဖို့ အတော်အတန် ချမ်းသာပြီး အတော်အတန် ဇိမ်ရှိရှိ နေထိုင်ကြသည့် အိမ်ရှင် မိသားစုများကို ပထမဆုံး ရွေးချယ်ကြသည်။ ဤနေရာများကို ရှာဖွေရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ကောင်းစွာ စားပြီး ကောင်းမွန်သည့် အိမ်တစ်အိမ်တွင် နေထိုင်ရန် ဖြစ်သည်။ ဇာတိပကတိကို ဖြည့်ဆည်းရန် ဖြစ်သည်။ ကောင်းကျိုးမပြုသည့် ပတ်ဝန်းကျင်ကြောင့် ၎င်းတို့ နေထိုင်၍မရသည့် နေရာအချို့ရှိသော်လည်း ၎င်းတို့သည် မိမိတို့၏ လောဘနှင့် မိမိတို့၏ ဤအတွေးအခေါ်များကို လက်လွှတ်ကြလိမ့်မည်လော။ လက်လွှတ်ကြမည် မဟုတ်။ ၎င်းတို့ကို ဧည့်ခံမည့် ဤကဲ့သို့သော အခြားနေရာများကို ရှာကြလိမ့်မည် ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ဤလူများသည် နိုင်ငံခြား အရပ်ဒေသများတွင် အလုပ်ကို နှစ်ကာလအတန်ကြာ လုပ်ဆောင်ပြီးနောက်တွင် လုံးဝ မတူကွဲပြားသည့်ပုံပေါ်ကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့ အိမ်ပြန်လာသည့်အခါ ထိုနေရာတွင်ရှိသည့် ညီအစ်ကို မောင်နှမများက ၎င်းတို့ကို မှတ်မိကြလိမ့်မည် မဟုတ်ပေ။ ၎င်းတို့၏ မျက်နှာများက ပိုပြည့်လာကြလိမ့်မည်။ ၎င်းတို့၏ ဗိုက်များက ပိုပူလာကြလိမ့်မည်။ ၎င်းတို့ သာ၍ ကောင်းစွာ ဝတ်စားကြလိမ့်မည်။ ၎င်းတို့သည် သာ၍ ဇီဇာကြောင်ကြလိမ့်မည်ဖြစ်ပြီး ဟိတ်ဟန်လုပ်ကြလိမ့်မည်။ ၎င်းတို့၏ အသက်တာ ကြီးထွားမှုသည် အဘယ်သို့ ဖြစ်လာလိမ့်မည်နည်း။ ၎င်းတို့၏ အသက်တာသည် လုံးဝ ကြီးထွားလိမ့်မည် မဟုတ်။ ၎င်းတို့သည် ကောင်းကောင်း စားပြီး ကောင်းကောင်းသာ ဝတ်ကြလိမ့်မည်။ ဝလာကြလိမ့်မည်ဖြစ်ပြီး ပါးစုန့်ဖောင်းကာ ဗိုက်ရွှဲသည့်အဆင့်ထိ အစာစားကြပြီးဖြစ်လိမ့်မည် ဖြစ်သည်။ တရုတ်ပြည်မကဲ့သို့သော ဆိုးရွားသည့် ပတ်ဝန်းကျင်တစ်ခုတွင် လူတစ်ဦးက မည်သည့်တာဝန်ကို လုပ်ဆောင်သည်ဖြစ်စေ ထိုအရာသည် စိတ်သောကရောက်စေသည့် အရေးကိစ္စတစ်ခု ဖြစ်သည်။ ၎င်းတို့အနေဖြင့် တစ်ခါတစ်ရံ ကောင်းစွာ အစားကောင်းစားနိုင်ပြီး ဧည့်ခံသည့်နေအိမ်တွင် သက်သောင့်သက်သာ နေရနိုင်သော်လည်း ကိုယ်အလေးချိန် တက်နိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ပါးစုန့်ဖောင်းကာ ဗိုက်ရွှဲသည်အထိ စားနိုင်သည့်သူများမှာ မည်သည့် လူစားမျိုးများ ဖြစ်ကြသနည်း။ (အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ပျော်မွေ့ခံစားသည့်လူများ ဖြစ်သည်။) ၎င်းတို့ မည်သည့်အရာ စားသောက်လိမ့်မည်ဆိုသည်နှင့် တစ်နေ့ ထမင်းသုံးနပ်တွင် မည်သည့်အရာ မွေ့လျော်ခံစားရလိမ့်မည်ဟူသည်ကို အမြဲ စဉ်းစားနေသည့်သူများ ဖြစ်သည်။ ဤလူစားမျိုးများက အစားကောင်း မစားရလျှင် အလုပ်လုပ်ချင်စိတ်မရှိ သို့မဟုတ် မိမိတို့တာဝန်များကို ထမ်းဆောင်ချင်စိတ် မရှိကြပေ။ ၎င်းတို့၏ ဗိုက်က တင်းတိမ်ခြင်းမရှိလျှင် ၎င်းတို့၏ စိတ်က တည်ငြိမ်ခြင်းမရှိပေ။ “ယနေ့ ငါ သိပ်အားရလောက်အောင် မစားရပေ။ အသားလုံးဝ မပါသည့်အပြင် အစာစားပြီးနောက်တွင် သင်တို့က ငါ့ကို လက်ဘက်ရည်မတိုက်ခဲ့ပါ။ ထို့ကြောင့် သင်တို့ကို ငါ လျစ်လျူရှုမည်။ အသင်းတော် အလုပ်နှင့်ပတ်သက်၍ သင်တို့ မိတ်သဟာယပြုသည့်အခါ ငါ စကားပြောလိမ့်မည် မဟုတ်။ ငါသည် သင်တို့အပေါ် လက်တုံ့ပြန်မည်။ သင်တို့အနေဖြင့် ငါ့ကို အစားကောင်းများ မကျွေးလည်း ရသည်ဟု မည်သူပြောသနည်း။ ဤကဲ့သို့သော အစားအစာကို ငါ စားရမည်ဖြစ်သည့်တိုင် သင်တို့သည် ငါ့အား သင်တို့နှင့်အတူ မိတ်သဟာယဖွဲ့စေချင်သေးသည်။ မဖြစ်နိုင်ပါ”ဟူ၍ ဖြစ်သည်။ ဤသည်မှာ စိတ်ထဲတွင် ၎င်းတို့ တွေးသည့်အရာဖြစ်သော်လည်း ထိုအရာကို ၎င်းတို့ ထုတ်မပြောနိုင်ပေ။ ၎င်းတို့က “မနေ့ညက ငါ အလွန်ညနက်သည်အထိ အလုပ်လုပ်ရင်း နေခဲ့သည်။ ထို့ကြောင့် ဤနေ့လည်တွင် တစ်မှေးအိပ်မှရမည်ဖြစ်သည်”ဟုသာ ပြောကြသည်။ ၎င်းတို့သည် လူလိမ်ကြီးတစ်ဦး ဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် မွန်းလွဲပိုင်း လေးနာရီ သို့မဟုတ် ငါးနာရီထိ အိပ်စက်ကြပြီး ၎င်းတို့ကို စောင့်ဆိုင်းနေသည့်လူများစွာ ရှိသော်လည်း ၎င်းတို့ မထချင်ကြပေ။ ရုတ်တရက်ဆိုသလို ၎င်းတို့က ပန်းသီးများကို အနံ့ရကြပြီး တစ်ကိုက် မစားရမည်ကို စိုးလျက် အိပ်ရာမှ ရုတ်တရက် ခုန်ထကြလေသည်။ ဤသည်မှာ ၎င်းတို့ အလုပ်လုပ်ပုံဖြစ်ပြီး ဤသည်မှာ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ပုံ ဖြစ်သည်။ ဤလူများက မည်သည့်နေရာသို့ သွားသည်ဖြစ်စေ၊ ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ မည်သို့ စားသောက်သည်ဖြစ်စေ၊ သို့မဟုတ် တရားဒေသနာများကို မည်သို့ နားထောင်သည်ဖြစ်စေ ၎င်းတို့၏ ကြံရွယ်ချက်များနှင့် ရည်ရွယ်ချက်များကို ၎င်းတို့ ပြောင်းလဲလိမ့်မည်မဟုတ်သကဲ့သို့ ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို လက်လွှတ်ကြလိမ့်မည် မဟုတ်ပေ။ ရုပ်ဝတ္ထုပစ္စည်းများအားလုံးသည် ဤဘဝတွင် ၎င်းတို့ လိုက်စားမှု၏ ရည်မှန်းချက်ဖြစ်သည်။ ကောင်းစွာ စားခြင်း၊ ကောင်းစွာ ဝတ်ဆင်ခြင်းနှင့် ကောင်းမွန်သည့် အကျိုးခံစားခွင့်ကို မွေ့လျော်ခံစားခြင်းတို့သည် ဤဘဝတွင် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုနှင့်ဆိုင်သည့် ရည်မှန်းချက်များဖြစ်သည်။ ဤဘဝတွင် ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် ကောင်းမွန်သည့် အရာများကို ၎င်းတို့ အဆက်မပြတ် စားနိုင်လျှင်၊ ဝတ်ကောင်းစားလှများကို ဝတ်ဆင်နိုင်ပြီး အိမ်ကောင်းများတွင် နေထိုင်နိုင်သည့်အပြင် ညီအစ်ကို မောင်နှမများအား ၎င်းတို့ကို ပံ့ပိုးခိုင်းနိုင်လျှင်၊ ဤအရာများကို ၎င်းတို့က လိမ်လည်ခြင်းဖြင့် ရယူနိုင်လျှင် ဤဘဝတွင် ၎င်းတို့ စိတ်ကျေနပ်လိမ့်မည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ဤလောကတွင် ပုံမှန် အလုပ်တစ်ခုတွင် အလုပ်ကြိုးစားခြင်းသည် လူတစ်ဦးအား ငွေများစွာ ရစေလိမ့်မည် မဟုတ်သကဲ့သို့ စီးပွားရေးလုပ်ငန်း လုပ်ဆောင်ခြင်းဖြင့် ငွေရှာရန် မလွယ်ကူပေ။ ၎င်းတို့အနေဖြင့် ဤကဲ့သို့သော အရာများကို မွေ့လျော်ခံစားနိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ၎င်းတို့၏ စိတ်များတွင် ထိုအရာကို အချိန်ယူစဉ်းစားပြီးနောက်တွင် ၎င်းတို့အနေဖြင့် များစွာ အားထုတ်ရန် မလိုအပ်သည်နှင့်အမျှ ဘုရားသခင်ကို ယုံကြည်ခြင်းက အကောင်းဆုံးဖြစ်သည်ဟု ၎င်းတို့ စဉ်းစားကြဆဲဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်ရန် လိုအပ်သမျှမှာ စကားအနည်းငယ် ပြောဆိုခြင်း၊ အနည်းငယ် ဟိုသည် ပြေးလွှားခြင်းနှင့် အန္တရာယ်ရှိသောအရာ အနည်းငယ်ကို တာဝန်ယူခြင်းသာဖြစ်ပြီး ထို့နောက်တွင် ကောင်းစွာ စားကာ ဝတ်စားဆင်ယင်နိုင်ကြသည်။ လူများစွာအား ၎င်းတို့အတွက် အလုပ်အကျွေးပင် ပြုခိုင်းနိုင်ကြပြီး အရေးပါသောလူတစ်ဦးကဲ့သို့ ဆက်ဆံခံရခြင်းကို မွေ့လျော်ခံစားနိုင်ကြပေသည်။ ဤကဲ့သို့ အသက်ရှင်ခြင်းသည် နှစ်သက်ပျော်ရွှင်ဖွယ်ဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ၎င်းတို့အနေဖြင့် ထိုက်ထိုက်တန်တန် ကောင်းချီးခံစားရပြီးဖြစ်သည်ဟု ၎င်းတို့က တွေးထင်ကြလေသည်။ ထို့ကြောင့် ၎င်းတို့သည် “ဘုရားက ကျွန်ုပ်တို့ကို အလွန်များစွာ၊ အလွန် ထိုက်ထိုက်တန်တန်နှင့် လူက တောင်းဆိုဖူးသည်ထက်ဖြစ်စေ၊ ဆန္ဒပြုဖူးသည်ထက်ဖြစ်စေ သာ၍ ဆုကျေးဇူးပေးပြီး ဖြစ်သည်” ဟူသကဲ့သို့သော စိတ်ရင်းအတိုင်း မဟုတ်သည့်အရာများကို ညီအစ်ကို မောင်နှမများရှေ့တွင် မကြာခဏ ပြောဆိုကြလေသည်။ ဤစကားများက မှန်ကန်သော်လည်း ၎င်းတို့၏ တစ်ကိုယ်ရေ လိုက်စားမှုများနှင့် စရိုက်လက္ခဏာ၊ ၎င်းတို့၏ အတွေးအခေါ်များ၊ ကြံရွယ်ချက်များ၊ ရည်ရွယ်ချက်များနှင့် လုံးဝ ကိုက်ညီမှု မရှိပေ။ ၎င်းတို့ ပြောသမျှ အရာရာတိုင်းက လူတို့ကို လှည့်စားသည်။ ၎င်းတို့၏ အလုပ်များခြင်း၊ မိမိတို့ကိုယ်ကို အသုံးခံခြင်းနှင့်ဆိုင်သည့် အပေါ်ယံ သွင်ပြင်မှာလည်း လူတို့ကို လှည့်စားဖို့ချည်းသာ ဖြစ်သည်။ ၎င်းတို့ စိတ်နှလုံးများတွင် ရှိသည့် တွက်ချက်မှုများ၊ ကြံရွယ်ချက်များနှင့် လောဘတို့သည်သာ စစ်မှန်သည်။ ဤသည်မှာ ဤလူတို့၏ စရိုက်လက္ခဏာဖြစ်သည်။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ဤရုပ်ဝတ္ထုဆိုင်ရာ ပျော်ရွှင်မှုများက ၎င်းတို့၏ စိတ်နှလုံးများတွင် ထိပ်ဆုံးနေရာကို ယူထားပြီး ၎င်းတို့က ထိုအရာများကို လုံးဝ လက်လွှတ်ကြမည် မဟုတ်သည့်အပြင် ယင်းတို့နှင့်ပတ်သက်၍ လုံးဝ မေ့လျော့ကြမည် မဟုတ်ချေ။ သမ္မာတရားနှင့်ပတ်သက်၍ သင် မည်သို့ မိတ်သဟာယပြုသည်ဖြစ်စေ၊ ပြီးလျှင် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ သင် မည်သို့ မိတ်သဟာယပြုသည်ဖြစ်စေ ၎င်းတို့အနေဖြင့် ဤလောဘနှင့် ဤလိုအင်ဆန္ဒများကို ခေါင်းမာစွာ ဖက်တွယ်ရင်း၊ ဤကြံရွယ်ချက်များနှင့် ရည်ရွယ်ချက်များကို ထားရှိရင်းဖြင့် မိမိတို့တာဝန်များကို ထမ်းဆောင်ကြလိမ့်မည်။ ပြီးလျှင် ၎င်းတို့တွင် အဆင့်အတန်း ရှိသည်ဖြစ်စေ၊ အဆင့်အတန်း မရှိသည်ဖြစ်စေ ၎င်းတို့၏ ကြံရွယ်ချက်များက ပြောင်းလဲလိမ့်မည် မဟုတ်ပေ။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။