အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၂) အခန်း နှစ်

ခ။ မိမိတို့၏ တစ်ကိုယ်ရေ ပတ်ဝန်းကျင်များကို လူတို့၏ ကြီးကြပ်အုပ်ချုပ်မှု

ဒုတိယအချက်သည် နေ့စဉ်အသက်တာတွင် မိမိတို့၏ တစ်ကိုယ်ရေ ပတ်ဝန်းကျင်များကို လူတို့၏ ကြီးကြပ်အုပ်ချုပ်မှု ဖြစ်သည်။ ဤအချက်သည် ပုံမှန်လူ့သဘာဝ၏ မည်သည့်နယ်ပယ်နှင့် ပတ်သက်နေသနည်း။ (မိမိ၏ ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်၏ နယ်ပယ်နှင့် ပတ်သက်ပါသည်။) ယင်းသည် မည်သည့်အရာ ပါဝင်သနည်း။ အဓိကအားဖြင့် ကျယ်ပြန့်သော နယ်ပယ်နှစ်ခု ပါဝင်သည်။ မိမိ၏ တစ်ကိုယ်ရေအသက်တာအထိသာ ဆက်နွှယ်သည့် နေထိုင်ရာ ပတ်ဝန်းကျင်နှင့် မိမိ မကြာခဏ ထိတွေ့သည့် အများနှင့်ဆိုင်သော ပတ်ဝန်းကျင်များဖြစ်သည်။ ပြီးလျှင် အတိအကျဆိုလျှင် ဤကျယ်ပြန့်သော နယ်ပယ်နှစ်ခုတွင် မည်သည့်အရာ ပါဝင်သနည်း။ မိမိ၏ ဘဝနေမှုပုံစံအပြင် မိမိ၏ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်ကို စီမံမှုတို့ဖြစ်သည်။ ထပ်၍ အသေးစိတ်ရှင်းပြရလျှင် လူတစ်ဦး၏ ဘဝနေမှုပုံစံက မည်သည့်အရာ ပါဝင်သနည်း။ အလုပ်နှင့် အနားယူခြင်း၊ စားနေကျအစားအသောက်၊ ပြီးလျှင် နေ့စဉ် ကျန်းမာရေးကို ထိန်းသိမ်းခြင်းတို့ကဲ့သို့သောအရာများ၊ ပြီးလျှင် နေ့စဉ်ဘဝနှင့်ပတ်သက်သည့် ဘုံအသိပညာတို့ပါဝင်သည်။ ပထမတစ်ခုဖြစ်သော အလုပ်နှင့် အနားယူခြင်းဖြင့် ငါတို့ အစပြုမည်။ ယင်းတို့ကို ပုံမှန်၊ အစီအစဉ်တကျဖြစ်သောပုံစံဖြင့်သာ လုပ်ဆောင်သင့်သည်။ မိမိ၏အလုပ်က ညနက်သည်အထိနေဖို့၊ သို့မဟုတ် အချိန်ပိုလုပ်ဖို့ လိုအပ်သည့်အခါကဲ့သို့သော အထူးအခြေအနေများမှ လွဲ၍ အလုပ်နှင့် အနားယူခြင်းသည် အများအားဖြင့် ပုံမှန်ဖြစ်ပြီး အစီအစဉ်တကျဖြစ်သည်။ ယင်းသည် မှန်သောနည်းဖြစ်သည်။ ညတွင် မအိပ်ဘဲနေရသည်ကို ပို၍နှစ်သက်သည့်သူအချို့ရှိသည်။ ၎င်းတို့သည် ညတွင် မအိပ်ဘဲ အမှုအရာမျိုးစုံဖြင့် အလုပ်ရှုပ်ကြသည်။ မနက်အစောပိုင်းတွင် အခြားလူများက အိပ်ရာမှထပြီး အလုပ်ကို မစမချင်း ၎င်းတို့က အိပ်ရာမဝင်ပေ။ ပြီးလျှင် အခြားလူများက ညတွင် အိပ်ရာဝင်သောအခါ ယင်းသည် ၎င်းတို့ထပြီး အလုပ်လုပ်သည့် အချိန်ဖြစ်သည်။ ဤသို့သောလူများမရှိသလော။ အခြားလူများနှင့် အစဉ်သဖြင့် သဟဇာတ မဖြစ်ပေ။ အစဉ်သဖြင့် ထူးခြားနေသည်။ ဤသို့သောလူတို့သည် ဆင်ခြင်တုံတရားသိပ်မရှိပေ။ လူတိုင်း၏ ပုံမှန်လှုပ်ရှားမှုများသည် အထူးဖြစ်ရပ်များရှိသော်ငြားလည်း သာမန်အခြေအနေများတွင် အခြေခံအားဖြင့် ကိုက်ညီနေသင့်သည်။ နောက်တစ်ခုသည် အဘယ်နည်း။ (စားနေကျအစားအစာ ဖြစ်သည်။) ပုံမှန်လူ့သဘာဝ၏ စားနေကျအစားအစာ လိုအပ်ချက်များကို ပြည့်ဝစေရန် လွယ်ကူသည်မဟုတ်လော။ (လွယ်ကူပါသည်။) ဤတစ်ခုက လွယ်ကူသည်။ သို့ရာတွင် လူတို့၌ စားနေကျအစားအစာနှင့်ပတ်သက်ပြီး မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အမြင်အနည်းငယ် ရှိသည်မဟုတ်လော။ လူအချို့က “ဘုရားသခင်ကို ငါတို့ ယုံကြည်သည်။ ပြီးလျှင် အရာရာတိုင်းက သူ့လက်ထဲတွင်ရှိသည်။ အစာအိမ်ကို ထိခိုက်စေနိုင်သည့် စားပုံမျိုးမရှိ။ ငါတို့၏ လွတ်လွတ်လပ်လပ် အချုပ်အချယ်ကင်းစွာဖြင့် ငါတို့နှစ်သက်သမျှကို စားမည်။ ဘုရားသခင်က ငါတို့ကို ကာကွယ်နေသောကြောင့် ယင်းသည် ပြဿနာမဟုတ်ပေ” ဟု ဆိုသည်။ ဤသို့သော နားလည်မှုရှိသည့် လူများမရှိသလော။ ဤတွင် တစ်စုံတစ်ခုက အနည်းငယ် လွဲချော်နေသည်မဟုတ်လော။ ဤသို့သော နားလည်မှုသည် ပုံမှန်မဟုတ်။ ထိုသို့သော နားလည်မှု ရှိသောသူတို့သည် ၎င်းတို့၏ စဉ်းစားပုံတွင် ပုံမှန်မဟုတ်ပေ။ အသက်ရှင်ခြင်းအတွက် ပုံမှန်၊ ဘဝပေးအသိ ဗဟုသုတနှင့် ဇာတိပကတိအတွက် အလေးထားမှုပြခြင်းကို ရောထွေးသော အခြားလူများရှိသည်။ အသက်ရှင်ခြင်းအတွက် ဘဝပေးအသိ ဗဟုသုတကို အာရုံစိုက်ခြင်းသည် ဇာတိပကတိကို အလေးထားမှုပြခြင်းဟု ယုံကြည်ကြသည်။ ယင်းကို ယုံကြည်သောသူများ မရှိသလော။ (ရှိပါသည်။) ဥပမာ လူအချို့သည် အစာအိမ်ပြဿနာရှိပြီး အစပ်များ၊ မအီမသာဖြစ်စေသော အရာများကို မစားပေ။ ၎င်းတို့အား “ယင်းသည် အတိုင်းအချင့်ဖြင့် စားသုံးသည့် သင်နှစ်သက်သော ပုံစံဖြစ်သည်။ သင်သည် ဇာတိပကတိအတွက် အလေးထားမှုပြသနေခြင်း ဖြစ်သည်။ ယင်းကို သင်ပုန်ကန်ရန် လိုသည်။ ထိုသို့သော အစားအစာများသာ ရှိသည့်နေရာများသို့ သင်သွားမိမည်ဖြစ်ပြီး ယင်းတို့ကို သင်စားဖို့ လိုအပ်သည်။ အဘယ်သို့ သင်မစားဘဲနေနိုင်မည်နည်း” ဟု ပြောသောသူအချို့ ရှိသည်။ ထိုနားလည်မှုမျိုး ရှိသည့်လူများမရှိသလော။ (ရှိပါသည်။) လူအချို့သည် ဇာတိပကတိကို ပုန်ကန်ရန်အတွက် အချို့သောအရာကို မစားနိုင်သည့်တိုင် အီလည်လည်ဖြစ်သည်အထိ မရမကစားသည်။ ငါက “သင်မစားလိုလျှင် မစားဘဲနေခွင့်ရှိသည်။ သင်မစားလျှင် မည်သူကမျှ သင့်ကို ရှုတ်ချမည်မဟုတ်” ဟု ပြောသည်။ ၎င်းတို့က “မဖြစ်ပေ။ ကျွန်ုပ်စားရမည်” ဟု ဆိုသည်။ ဤသို့ဆိုလျှင် ၎င်းတို့၏ အီလည်လည်ဖြစ်ခြင်းသည် ထိုက်တန်သည်။ ၎င်းတို့သည် ကိုယ့်ပြဿနာကိုယ်ရှာခြင်း ဖြစ်သည်။ မိမိတို့အတွက် စည်းမျဉ်းစည်းကမ်းများ သတ်မှတ်သည်။ ထို့ကြောင့် ယင်းတို့ကို ထိန်းသိမ်းရမည်မှာ ၎င်းတို့ ဖြစ်သည်။ ဤသို့ဆိုလျှင် ထိုအရာကို မစားလျှင် မှားမည်လော။ (မှားမည်မဟုတ်ပါ။) မှားလိမ့်မည်မဟုတ်ပေ။ သီးသန့်ကျန်းမာရေးအခြေအနေများရှိသည့် အခြားလူတို့သည် အချို့သောအစားအစာများနှင့် ဓာတ်မတည့်ပေ။ ထိုအရာများကို ၎င်းတို့ရှောင်ပြီး မစားဖို့လိုသည်။ အချို့မှာ ငရုတ်သီးမှုန့်နှင့် ဓာတ်မတည့်သောကြောင့် မစားသင့်ပေ။ သို့တိုင်အောင် မရမကစားသည်။ ယင်းသည် ဇာတိပကတိကို ပုန်ကန်ခြင်းကို ဆိုလိုသည်ဟု ယုံကြည်လျက် ယင်းတို့ကို ဆက်လက်၍ စားသည်။ ယင်းသည် လွဲချော်နေသော နားလည်မှုတစ်ခုမဟုတ်လော။ ဟုတ်သည်။ ၎င်းတို့သည် တစ်စုံတစ်ခုကို စားဖို့ မသင့်တော်လျှင် မစားသင့်ပေ။ မည်သည့်အတွက် ၎င်းတို့၏ ခန္ဓာကိုယ်ကို တွန်းလှန်တိုက်ခိုက်နေသနည်း။ ဤသည်မှာ ၎င်းတို့အနေဖြင့် မဆင်မခြင်လုပ်ဆောင်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ထိုစည်းမျဉ်းစည်းကမ်းကို စောင့်ထိန်းဖို့ မလိုသကဲ့သို့ ၎င်းတို့၏ ဇာတိပကတိကို ထိုပုံစံဖြင့် ပုန်ကန်ဖို့မလိုပေ။ လူတိုင်းက ကိုယ်ပိုင် ရုပ်ပိုင်းဆိုင်ရာ အခြေအနေရှိသည်။ လူအချို့တွင် မကောင်းသောအစာအိမ်ရှိသည်။ အချို့တွင် အားနည်းသောနှလုံးရှိသည်။ အချို့မှာ အမြင်အာရုံအားနည်းသည်။ အချို့မှာ ချွေးထွက်လွယ်သည်။ အချို့မှာ လုံးဝ ချွေးမထွက်။ လူတိုင်း၏ အခြေအနေက ကွဲပြားသည်။ သင်သည် သင်ကိုယ်တိုင်၏ အခြေအနေကို အခြေခံပြီး ပြင်ဆင်ညှိနှိုင်းမှုများ ပြုလုပ်ရမည်။ ဤဖြစ်ရပ်များကို စာကြောင်းတစ်ကြောင်းဖြင့် သဘောထားထင်ဟပ်အောင် ဖော်ပြနိုင်သည်။ ဘဝတွင် ဘဝပေးအသိအနည်းငယ်ကို သင်ယူလော့။ ဤတွင် “ဘဝပေးအသိ” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ မည်သည့်အရာကို စားခြင်းက သင့်အတွက် အန္တရာယ်ရှိသည်၊ မည်သည့်အရာကို စားခြင်းက သင့်အတွက် ကောင်းသည်ဆိုသည်ကို သိဖို့လိုသည်ဟု အဓိပ္ပာယ်ရသည်။ တစ်စုံတစ်ခုက အရသာမကောင်းသော်လည်း သင့်ကျန်းမာရေးအတွက် ကောင်းလျှင် သင့်ကျန်းမာရေးအတွက် ယင်းကိုစားရမည်။ တစ်စုံတစ်ခုက အရသာရှိသော်လည်း သင်စားသောအခါ နေထိုင်မကောင်းဖြစ်လျှင် မစားနှင့်။ ယင်းသည် ဘဝပေးအသိဖြစ်သည်။ ထို့အပြင် လူတို့သည် ကျန်းမာနေရန်အတွက် ဘဝပေးအသိ နည်းလမ်း အနည်းငယ်ကိုလည်း သိရမည်။ နှစ်တစ်နှစ်၏ ရာသီဥတုလေးခုတွင် အချိန်၊ ဒေသတွင်း ဥတုရာသီ၊ ရာသီတို့ကို သင်စားသည့်အရာများအပေါ် လမ်းညွှန်စေစားစေလော့။ ဤသည်မှာ အဓိကစည်းမျဉ်းတစ်ခုဖြစ်သည်။ သင်၏ ကိုယ်ခန္ဓာကို မတိုက်ခိုက်နှင့်။ ဤသည်မှာ ပုံမှန်လူ့သဘာဝရှိသူများ ရှိသင့်သည့် အတွေးနှင့် နားလည်မှုဖြစ်သည်။ လူအချို့တွင် အူရောင်ရောဂါရှိပြီး မအီမသာဖြစ်စေသည့်အစားအစာများ စားသောအခါ ဝမ်းပျက်ဝမ်းလျှောရောဂါ ခံစားကြရသည်။ ထို့ကြောင့် ထိုအရာများကို မစားနှင့်။ သို့တိုင်အောင် လူအချို့က “ငါသည် မကြောက်ပါ။ ဘုရားသခင်က ငါ့ကို ကွယ်ကာနေသည်” ဟု ဆိုပြီး အစာစားပြီးနောက်တွင် ရလဒ်အနေဖြင့် ဝမ်းလျှောရောဂါကို ခံစားကြရသည်။ ယင်းသည် ဘုရားသခင်က ၎င်းတို့ကို စမ်းသပ်ပြီး စစ်ဆေးနေခြင်းဖြစ်သည်ဟုပင် ပြောကြသည်။ ၎င်းတို့သည် အဓိပ္ပာယ်မရှိသောသူများ မဟုတ်လော။ အဓိပ္ပာယ်မရှိသောသူများ မဟုတ်လျှင် ၎င်းတို့သည် အကျိုးဆက်ကို အလေးမထားဘဲ အစာစားသော ဆိုးရွားသော အစားကြီးသူများဖြစ်သည်။ ဤသို့သောလူများတွင် ပြဿနာများစွာရှိသည်။ ၎င်းတို့၏ အစာစားချင်စိတ်ကို မထိန်းနိုင်ဘဲ “ငါသည် မကြောက်ပါ။ ဘုရားသခင်က ငါ့ကို ကွယ်ကာနေသည်” ဟု ဆိုသည်။ ပြဿနာအပေါ် ၎င်းတို့၏ နားလည်မှုမှာ အဘယ်သို့နည်း။ ယင်းသည် လွဲချော်နေသည်။ သမ္မာတရားကို ၎င်းတို့ နားမလည်ပေ။ သို့တိုင်အောင် မစဉ်းမစားဖြင့် ယင်းကို အသုံးချဖို့ ကြိုးစားသည်။ ၎င်းတို့တွင် အူရောင်ရောဂါရှိသော်လည်း လက်လွတ်စပယ်စားသည်။ ပြီးလျှင် အကျိုးဆက်အနေဖြင့် ဝမ်းလျှောသောအခါ ၎င်းတို့က ဤသည်မှာ ဘုရားသခင်က ၎င်းတို့ကို စမ်းသပ်ပြီး စစ်ဆေးနေခြင်းဖြစ်သည်ဟု ဆိုခြင်းသည် စည်းမျဉ်းစည်းကမ်းများကို မစဉ်းမစား အသုံးချနေခြင်းမဟုတ်လော။ ဤသို့ အဓိပ္ပာယ်မရှိသောသူက ဤသို့သော မဟုတ်တမ်းတရားတစ်ခုကို ပြောဆိုခြင်းသည် ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်းမဟုတ်လော။ ဤသို့ အဓိပ္ပာယ်မရှိသောသူတွင် သန့်ရှင်းသောဝိညာဉ်တော်က အမှန်တကယ် အလုပ်လုပ်မည်လော။ (မလုပ်ပါ။) သမ္မာတရားကို သင်နားမလည်လျှင် အမှုအရာများအပေါ် စည်းမျဉ်းစည်းကမ်းများကို မစဉ်းမစားဖြင့် အသုံးမချရပေ။ ဘုရားသခင်သည် မည်သူ့ကိုမဆို လက်လွတ်စပယ် စမ်းသပ်မှုများ တွေ့ကြုံခံစားစေမည်လော။ သေချာပေါက် ပြုလုပ်မည်မဟုတ်။ သင်သည် ယင်းအတွက်ပင် အရည်အချင်းမပြည့်မီပေ။ သင်၏ ဝိညာဉ်ရင့်ကျက်မှုက ထိုအဆင့်အထိ မရောက်သေးပေ။ ထို့ကြောင့် ဘုရားသခင်က သင့်ကို စမ်းသပ်မှုများခံရအောင် လုပ်မည်မဟုတ်ပေ။ မည်သည့်အစားအစာက မိမိအား နေထိုင်မကောင်းဖြစ်စေမည်ကို မသိသူတစ်ယောက်သည် ညံ့ဖျင်းသော ဉာဏ်ပညာရှိသည့် ငတုံးငအတစ်ယောက်ဖြစ်သည်။ ညံ့ဖျင်းသော ဆင်ခြင်တုံတရားနှင့် ဉာဏ်ပညာ ရှိသောသူတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်နိုင်သလော။ သမ္မာတရားကို ၎င်းတို့ နားလည်နိုင်သလော။ (နားမလည်နိုင်ပါ။) ဤသို့ဆိုလျှင် ဘုရားသခင်သည် ဤသို့သောသူတစ်ဦးကို စမ်းသပ်မှုများ ခံရစေမည်လော။ ခံရစေမည်မဟုတ်။ ဤသည်မှာ ဆင်ခြင်တုံတရားမဲ့ပြီး အဓိပ္ပာယ်မရှိသောအရာကို ပြောဆိုခြင်းဟူသည့်အရာ ဖြစ်သည်။ ဘုရားသခင်က လူတို့ကို စစ်ကြောခြင်းတွင် စည်းမျဉ်းများရှိသည်။ သမ္မာတရားကို ချစ်ပြီး လိုက်စားသောသူတို့ကို၊ ဘုရားသခင် အသုံးပြုမည်ဖြစ်ပြီး ဘုရားသခင်အတွက် သက်သေခံနိုင်သောသူတို့ကို ဦးတည်သည်။ သူ၏နောက်သို့လိုက်ပြီး သူ့အပေါ် သက်သေခံနိုင်သော စစ်မှန်သည့်ယုံကြည်ခြင်းရှိသူတို့ကို စမ်းသပ်မှုများခံရစေသည်။ သက်သာခြင်းနှင့် သာယာကြည်နူးမှုကိုသာ ရှာပြီး သမ္မာတရားကို လုံးဝ မလိုက်စားသော မည်သူကမျှ၊ အမှုအရာများအပေါ် လွဲချော်နေသော နားလည်သဘောပေါက်မှုရှိသည့် မည်သူကမျှ သေချာပေါက် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုမရှိပေ။ ဤသို့ဆိုလျှင် ဘုရားသခင်က ၎င်းတို့ကို စမ်းသပ်မှုများ ခံရ‌အောင် လုပ်မည်လော။ လုံးဝ မဖြစ်နိုင်သောအရာ ဖြစ်သည်။

လူအချို့သည် တရုတ်တိုင်းရင်းဆေးများ၊ သို့မဟုတ် ကျန်းမာစေသော အစားအစာများကို ရရှိနိုင်ကြသည်။ ယင်းတို့ကို ၎င်းတို့က အလေးအနက်မထားဘဲ သုံးဆောင်ကြသည်။ အမျိုးသမီးအချို့သည် ၎င်းတို့၏ မျက်နှာပေါ်တွင် အသားအရေကို ကာကွယ်သော၊ အသားအရေကို ဖြူစေပြီး တင်းရင်းစေသော အရာများကို မကြာခဏ လိမ်းကြသည်။ ၎င်းတို့သည် မိတ်ကပ်လူးလျက် နေ့စဉ် အချိန်နှစ်နာရီကုန်ဆုံးပြီး မိတ်ကပ်ကို ဖျက်ရာတွင် အချိန်သုံးနာရီ ကုန်ဆုံးသည်။ ပြီးလျှင် အဆုံးတွင် ၎င်းတို့၏ အသားအရေသည် မမှတ်မိနိုင်တော့သည်အထိ ပျက်စီးလေသည်။ ၎င်းတို့က “အသက်အရွယ်အလျောက် အလှတရား မှေးမှိန်လာခြင်း၏ သဘာဝနိယာမကို မည်သူမျှ မကျော်လွှားနိုင်ပါ။ ကျွန်ုပ်၏ ဤရင့်ရော်နေသော အသားအရေကိုသာ ကြည့်ပါ” ဟုပင် ဆိုလိမ့်မည်။ အမှန်မှာ ၎င်းတို့သည် မိမိတို့၏ မျက်နှာကို လက်မဆော့နေခဲ့လျှင် အလွန်အသက်ကြီးသည့်ပုံ ပေါက်မည်မဟုတ်။ ၎င်းတို့ကို ကြီးရင့်စေသည်မှာ ထိုထုတ်ကုန်များကို လိမ်းခြင်းကြောင့်ပင်ဖြစ်သည်။ ယင်းကို သင်တို့ မည်သို့မြင်သနည်း။ (၎င်းတို့က ကိုယ့်ဒုက္ခကိုယ်ရှာခြင်းသာ ဖြစ်သည်။) ၎င်းတို့သည် မိမိတို့နှင့်တန်ရာကိုရခြင်း ဖြစ်သည်။ ပုံမှန်လူ့သဘာဝ၌ အသက်ရှင်ခြင်းအတွက် ဘဝပေးအသိ ဗဟုသုတ အချို့ရှိပြီး ယင်းကို သဘောပေါက်ဖို့ လိုသည်။ ယင်းမှာ ဥပမာ အေးသောခြေထောက်သည် ခါးနာခြင်းကိုဖြစ်စေသည်၊ သို့မဟုတ် စောစောစီးစီး အနီးမှုန်ခြင်းကို မည်သို့ကုသသင့်သည်၊ သို့မဟုတ် ကွန်ပျူတာရှေ့၌ အလွန်ကြာရှည်စွာထိုင်ခြင်း၏ ထိခိုက်မှုများက မည်သည့်အရာတို့ ဖြစ်သည်တို့ကဲ့သို့သော မိမိ၏ ကျန်းမာရေးကို ဂရုစိုက်စောင့်ရှောက်ပြီး နာမကျန်းဖြစ်ခြင်းကို ရှောင်ကြဉ်ခြင်းနှင့်ပတ်သက်သည့် ဘဝပေးအသိ ဗဟုသုတ ဖြစ်လေသည်။ မိမိ၏ ကျန်းမာရေးအတွက် ဤသို့သော ဘဝပေးအသိ ဂရုစိုက်စောင့်ရှောက်မှုကို အနည်းငယ် နားလည်သင့်သည်။ အချို့က “ဘုရားသခင်ကို ယုံကြည်ရန်အတွက် သင်သည် သူ၏ နှုတ်ကပတ်တော်များကိုသာ ဖတ်ရမည်ဖြစ်သည်။ ထိုဘဝပေးအသိ ကျန်းမာရေးထောက်ပံ့မှုကိစ္စများအားလုံးကို သင်ယူခြင်း၏ အသုံးဝင်မှုမှာ အဘယ်နည်း။ လူတစ်ဦး၏ ဘဝသက်တမ်းကို ဘုရားသခင်က အဆုံးအဖြတ်ပေးသည်။ ကျန်းမာရေးထောက်ပံ့မှု အသိပညာမည်မျှက မည်သည့်ကောင်းကျိုးမျှရှိမည်မဟုတ်။ သင်သေဖို့ အချိန်ကျသောအခါ မည်သူကမျှ သင့်ကို မကယ်တင်နိုင်ပေ” ဟု ဆိုကောင်းဆိုနိုင်သည်။ အပေါ်ယံတွင် မှန်သည်ဟုထင်ရသော်လည်း အမှန်တွင် အနည်းငယ် အဓိပ္ပာယ် မဲ့လေသည်။ ယင်းသည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသူတစ်ယောက်က ပြောမည့်အရာတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ထပ်ခါတလဲလဲပြောပြီးဖြစ်သော စကားများ၊ အယူဝါဒများကို တတွတ်တွတ်ပြောရန် သင်ယူပြီး ဝိညာဉ်ရေးရှိသည့်ပုံစံရှိသည်။ အမှန်တွင် စင်ကြယ်သော သဘောပေါက်နားလည်မှုလုံးဝမရှိ။ ၎င်းတို့အပေါ်တွင် အမှုအရာများ ဖြစ်ပျက်သောအခါ စည်းမျဉ်းစည်းကမ်းများကို အသုံးချရန် မဆင်မခြင် ကြိုးစားပြီး မည်သည့်သမ္မာတရားကိုမျှ လက်တွေ့လုပ်ဆောင်ခြင်းမရှိဘဲ တတ်နိုင်သမျှ ကောင်းမွန်စွာ စကားပြောသည်။ ဥပမာ လူအချို့က ၎င်းတို့ကို ပြောင်းဖူးအုတ်ဂျုံယာဂုသည် အာဟာရဖြစ်သည်၊ ကျန်းမာရေးအတွက် ကောင်းသည်ဟု ပြောကောင်းပြောနိုင်သည်။ ယင်းကို ၎င်းတို့က နားလည်မည်မဟုတ်။ သို့သော် ဝက်ပေါင်းက ကျန်းမာရေးနှင့်ညီညွတ်သည်ဟု တစ်စုံတစ်ယောက်က ပြောသည်ကို ၎င်းတို့ ကြားသည်နှင့် တစ်ပြိုင်နက် ထိုဝက်ပေါင်းကို နောက်တစ်ကြိမ်မြင်သောအခါတွင် ဗိုက်ပြည့်အောင် စားလိမ့်မည်။ ၎င်းတို့သည် ဝါးစားလျက် “ငါ မည်သည့်အရာကို လုပ်နိုင်မည်နည်း။ ဤအရာကို ငါစားဖို့ လိုသည်။ ငါ၏ ကျန်းမာရေးအတွက် ဖြစ်သည်” ဟုပင် ဆိုလိမ့်မည်။ ဤသို့ပြောသည်မှာ လှည့်ဖြားသောအရာ ဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းသည် လှည့်ဖြားမှုဖြစ်သည်။ ပုံမှန်လူ့သဘာဝရှိသူတို့ ပိုင်ဆိုင်သင့်သည့်အရာကို ပိုင်ဆိုင်ခြင်း၊ လူတို့သိသင့်သည့်အရာကို သိခြင်း၊ သင်၏ အသက်အရွယ်နှင့် လိုက်လျောညီထွေသည့် ဘဝအဆင့်တွင် သိရမည့်အရာကို သိခြင်းတို့သည် ပုံမှန်လူ့သဘာဝရှိခြင်းဟူသည့် အရာ ဖြစ်သည်။ အသက် နှစ်ဆယ်ဝန်းကျင် ရှိသောလူအချို့သည် လက်လွတ်စပယ်စားသောက်သည်။ ၎င်းတို့သည် အေးခဲနေသောနေ့တွင် ရေခဲတုံးများကို စားလိမ့်မည်။ ၎င်းတို့၏ လူကြီးသူမများက ယင်းအားမြင်ရသည်ကို ကြောက်ရွံ့ပြီး ၎င်းတို့အား ဗိုက်နာမည်ဟုပြောလျက် ရပ်ရန် တိုက်တွန်းသည်။ “ဗိုက်နာမည်လော။ ကျွန်ုပ် ဘာမှဖြစ်မည်မဟုတ်ပါ”၊ “ကျွန်ုပ်ကို ကြည့်ပါ။ ကျွန်ုပ်သည် ကျန်းမာရေးဒေါင်ဒေါင်မြည်သည်” ဟု ၎င်းတို့က ဆိုသည်။ ၎င်းတို့၏ အသက်အရွယ်တွင် ဤသို့သောအရာများကို ၎င်းတို့မသိ။ ၎င်းတို့ အသက်လေးဆယ်ဖြစ်သည်အထိ စောင့်ပြီး ထိုအချိန်၌ ရေခဲတုံးကို စားရန် ၎င်းတို့ကိုပေးလော့။ ၎င်းတို့ စားမည်လော။ (စားမည်မဟုတ်။) အသက်ခြောက်ဆယ်သို့ ၎င်းတို့ရောက်သောအခါ ရေခဲစားခြင်းကို ထားလော့၊ ရေခဲအနီးသို့ လာရန်ပင် ကြောက်လိမ့်မည်။ ၎င်းတို့၏ ခန္ဓာကိုယ်သည် ရေခဲ၏ အအေးဒဏ်ကို ခံနိုင်ရည် ရှိမည်မဟုတ်။ ယင်းကို ဘဝသင်ခန်းစာများကို သင်ယူခြင်းဖြစ်သည့် အတွေ့အကြုံဟုခေါ်သည်။ ခြောက်ဆယ်အရွယ် ရှိသည့်သူတစ်ဦးသည် သူ၏ အစာအိမ်က ရေခဲတုံးများစွာအား ခံနိုင်ရည် မရှိသည်ကိုလည်းကောင်း၊ သူ၏ ကိုယ်ခန္ဓာက ဒဏ်မခံနိုင်သည်ကိုလည်းကောင်း၊ ယင်းတို့က သူ့အား နေမကောင်း ဖြစ်စေမည်ကိုလည်းကောင်း မသိသေးလျှင် ထိုအရာကို မည်သို့ခေါ်သနည်း။ သူသည် ပုံမှန်လူ့သဘာဝ၌ ချို့တဲ့သလော။ သူသည် လက်တွေ့ဘဝအတွေ့အကြုံ ချို့တဲ့နေ၏။ အသက်ခြောက်ဆယ်ဝန်းကျင် ရှိသူတစ်ဦးက အအေးသည် ခါးအတွက်မကောင်းသည်ကိုလည်းကောင်း၊ အေးသောခြေထောက်သည် ခါးနာစေသည်ကိုလည်းကောင်းမသိသေးလျှင် သူသည် ထိုအသက်ခြောက်ဆယ်ဝန်းကျင်ကို မည်သို့အသက်ရှင်ခဲ့ခြင်း ဖြစ်ရော့မည်နည်း။ သူသည် ဖြစ်သလို ဖြတ်သန်းခဲ့ခြင်းသာ ဖြစ်ရမည်။ လူအချို့သည် အသက်လေးဆယ်ကျော်အရွယ်တွင် ဘဝနှင့်ပတ်သက်ပြီး ဘဝပေးအသိ ဖြစ်သောအရာများစွာကို နားလည်ကြသည်။ ဥပမာ ဘဝပေးအသိကျန်းမာရေး ဗဟုသုတဖြစ်သည်။ ပြီးလျှင် ၎င်းတို့၌ ရုပ်ဝတ္ထုပစ္စည်းများ၊ ငွေကြေး၊ အလုပ်တို့နှင့်ပတ်သက်၍၊ ပြီးလျှင် ၎င်းတို့၏ ဆွေမျိုးများ၊ လောက၏ အရေးကိစ္စများ၊ ဘဝ စသည်တို့နှင့် ပတ်သက်၍ မှန်ကန်သော အမြင်အနည်းငယ်ရှိကြသည်။ ဤအရာများနှင့်ပတ်သက်၍ ၎င်းတို့သည် စင်ကြယ်သော နားလည်မှုရှိကြသည်။ ပြီးလျှင် ဘုရားသခင်ကို ၎င်းတို့ မယုံကြည်လျှင်ပင် ဤအရာများကို ၎င်းတို့ထက် ငယ်သူများထက် အနည်းငယ်ပို၍ နားလည်သေးသည်။ ဤသည်တို့မှာ အမှန်နှင့် အမှားခွဲခြားတတ်သည့် အသိစိတ်ရှိသူများ၊ အတွေးအခေါ်က ပုံမှန်ဖြစ်သူများဖြစ်သည်။ ၎င်းတို့၏ နှစ်ဆယ်ကျော်အရွယ်ကတည်းက ၎င်းတို့ အသက်ရှင်ခဲ့သော ဆယ်စုနှစ်နှစ်ခုတွင် အမှုအရာများစွာကို ၎င်းတို့ နားလည်ခဲ့သည်။ ယင်းတို့ထဲမှ အချို့မှာ သမ္မာတရားနှင့် နီးစပ်သည်။ ဤသည်မှာ ၎င်းတို့သည် သဘောပေါက်နားလည်နိုင်စွမ်းရှိသူများ၊ အစွမ်းအစကောင်းသူများဖြစ်သည်ဆိုသည်ကို ပြလေသည်။ ပြီးလျှင် ၎င်းတို့သည် သမ္မာတရားကို လိုက်စားသူဖြစ်လျှင် သမ္မာတရား လက်တွေ့ကျမှုအပေါ် ၎င်းတို့၏ ဝင်ရောက်မှုသည် ပို၍ မြန်ဆန်စွာ ရောက်ရှိလာမည်။ အဘယ်ကြောင့်ဆိုသော် ထိုနှစ်နှစ်ဆယ်တွင် များစွာကို ၎င်းတို့ တွေ့ကြုံခဲ့ပြီး အပြုသဘောဆောင်သောအရာ အနည်းငယ်ကို ရရှိပြီးလိမ့်မည် ဖြစ်သောကြောင့်တည်း။ ၎င်းတို့၏ အတွေ့အကြုံများသည် ဘုရားသခင်ပြောသည့် သမ္မာတရား လက်တွေ့ကျမှုနှင့် တစ်သမတ်တည်းဖြစ်လိမ့်မည်။ သို့ရာတွင် ထိုလူ၏ လူ့သဘာဝ၌ များစွာချို့တဲ့နေပြီး မှန်ကန်သော အမြင်များမရှိလျှင်၊ သို့မဟုတ် ပုံမှန်လူ့သဘာဝ၏ အတွေးအခေါ်များမရှိလျှင်၊ ဘဝနှင့်ပတ်သက်၍လည်းကောင်း၊ ထိုနှစ်နှစ်ဆယ်တွင် ဖြစ်ပေါ်သော လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများနှင့်ပတ်သက်၍လည်းကောင်း ပုံမှန်လူ့သဘာဝ၏ ဉာဏ်ပညာ သာ၍ပင် မရှိလျှင် ထိုသူသည် ထိုနှစ်များကို အချည်းနှီး အသက်ရှင်ခဲ့ခြင်း ဖြစ်လိမ့်မည်။ ငါရောက်ရှိခဲ့သောနေရာအချို့တွင် အသက်ကြီးသူ ညီအစ်မအချို့က မချက်ပြုတ်တတ်သည်ကို တွေ့ရသည်။ အစပ်အဟပ်တည့်သော အစားအစာကိုပင် ၎င်းတို့ မစီစဉ်နိုင်ပေ။ ကြော်သင့်သည့်အရာကို ဟင်းရည်ပြုလုပ်ပြီး ဟင်းရည်ထဲသို့ ထည့်သင့်သည့်အရာကို ကြော်ကြသည်။ ခြံထွက်သီးနှံများက ရာသီအလိုက် ပြောင်းလဲသော်လည်း ၎င်းတို့၏ စားပွဲတွင် ရှိသည်မှာ အစဉ်သဖြင့် တစ်ပုံစံတည်းသော ဟင်းအနည်းငယ်သာဖြစ်သည်။ ထိုနေရာတွင် မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ ယင်းသည် အမှန်ပင် ဉာဏ်ပညာကင်းမဲ့ခြင်း ဖြစ်သည်။ မမှန်သလော။ ၎င်းတို့သည် ပုံမှန်လူ့သဘာဝ၏ အစွမ်းအစကင်းမဲ့နေခြင်း ဖြစ်သည်။ မုန်လာထုပ်နှင့် အာလူးကဲ့သို့သော အရာများဖြစ်သည့် ၎င်းတို့၏ နေ့စဉ်ဘဝတွင် ကြုံရသည့် စားသောက်ကုန်အမျိုးမျိုးကိုပင် မချက်ပြုတ်နိုင်ပေ။ ၎င်းတို့သည် အရိုးရှင်းဆုံးသောတာဝန်ကို လုပ်ဆောင်နိုင်ခြင်းမရှိသကဲ့သို့ ဖြစ်မြောက်အောင် မလုပ်ဆောင်နိုင်ပေ။ ပြီးခဲ့သော နှစ်ငါးဆယ်၊ ခြောက်ဆယ်ကို ၎င်းတို့ မည်သို့ဖြစ်သလို ဖြတ်သန်းခဲ့သနည်း။ ၎င်းတို့၏ စိတ်နှလုံးက ၎င်းတို့၏ ဘဝနှင့်ပတ်သက်၍ တောင်းဆိုမှုများ မရှိခြင်းမှာ အမှန်ပင် ဖြစ်နိုင်သလော။ လူတစ်ဦးက သူလုပ်ဆောင်သမျှတိုင်းတွင် အတွေ့အကြုံကို မရရှိနိုင်လျှင် ထိုသို့သောသူတစ်ဦးက မည်သည့်တာဝန်ကို ကောင်းစွာလုပ်ဆောင်နိုင်သနည်း။ အမှန်မှာ လူတို့သည် အချိန်ခဏကြာ အားထုတ်မှုပြု၍ လေ့ကျင့်လျှင် အမှုအရာများကို လုပ်ဆောင်ရန် သင်ယူနိုင်သည်။ လူတစ်ယောက်သည် နှစ်အနည်းငယ်ကြာ လေ့လာပြီးနောက် တစ်ခုမျှ မလုပ်နိုင်သေးလျှင် သူ၏ ဉာဏ်ပညာနှင့် အစွမ်းအစက အလွန်ဆိုးဝါးနေခြင်း ဖြစ်ရမည်။

ယခုတွင် သန့်ရှင်းမှုနှင့်ပတ်သက်သော စီမံခြင်းအကြောင်းကို အနည်းငယ်ပြောကြစို့။ အိမ်များ၏ ပတ်ဝန်းကျင်တို့တွင် အလွန်ပင်ရှုပ်ပွနေသော နေရာနှစ်ခုသို့ အခုရက်ပိုင်း၌ ငါသွားခဲ့သည်။ ထိုနေရာတွင် အရာရာတိုင်းသည် နဂိုက အလွန်ပင် အစီအစဉ်တကျဖြစ်သည်။ ဤသို့ဆိုလျှင် ထိုနေရာများသည် အဘယ်သို့ “ဝက်ခြံ”များ ဖြစ်သွားခဲ့သနည်း။ အကြောင်းရင်းမှာ ထိုနေရာရှိလူများသည် မည်သို့ကောင်းစွာကိုင်တွယ်စီမံရမည်ကို မသိခြင်းဖြစ်သည်။ ၎င်းတို့တွင် သန့်ရှင်းမှုအတွက် ပုံမှန်လူ့သဘာဝ၏အသိစိတ်နှင့် သတ်မှတ်ချက်များ မရှိပေ။ ၎င်းတို့သည် ပျင်းရိခြင်းသက်သက် မဟုတ်။ ထိုထက်ပို၍ ၎င်းတို့သည် ထိုသို့သော အခြေအနေများ၌ နေထိုင်ရခြင်းကို ကျင့်သားရသွားခြင်းဖြစ်သည်။ ၎င်းတို့သည် စည်းကမ်း၊ သို့မဟုတ် ကန့်သတ်ချက်မရှိဘဲ မြေပြင်တွင် အမှိုက်ကို ဖွပြီး ပစ္စည်းများကို နေရာတကာ ချထားသည်။ နေရာတစ်ခုကို ၎င်းတို့ ရှင်းလင်းပြီးသောအခါ တစ်ရက်၊ သို့မဟုတ် နှစ်ရက်သာ သန့်ရှင်းအောင် ထားနိုင်သည်။ ရက်အနည်းငယ်ကြာပြီးနောက်တွင် အလွန်ရှုပ်ပွပြီး ညစ်ပတ်သည်မှာ ကြည့်ဖို့ပင် ခက်ခဲသည်။ ငါ့ကို ပြောလော့။ ထိုသို့သော ပတ်ဝန်းကျင်ကို မည်သို့ခေါ်သနည်း။ ပြီးလျှင် ထိုနေရာရှိလူတို့သည် ထိုသို့သော အခြေအနေများ၌ မြိန်မြိန်ရှက်ရှက် စားသောက်နိုင်ပြီး အိပ်ပျော်နိုင်သည်။ ထိုသူတို့သည် မည်သည့်လူများဖြစ်သနည်း။ ၎င်းတို့သည် ဝက်များကဲ့သို့ဖြစ်သည် မဟုတ်သလော။ ၎င်းတို့သည် သန့်ရှင်းမှု၊ ၎င်းတို့၏ ပတ်ဝန်းကျင်၊ စနစ်တကျ ဖွဲ့စည်းမှု၊ စီမံမှုတို့နှင့်ပတ်သက်၍ သတိပြုခြင်းမရှိသကဲ့သို့ နားလည်မှု လုံးဝမရှိပေ။ မည်မျှညစ်ပတ်ပါစေ၊ ရှုပ်ပွပါစေ ၎င်းတို့ သတိမထားမိပေ။ ယင်းသည် ၎င်းတို့ကို စိတ်အနှောင့်အယှက် မပေးပေ။ ယင်းနှင့်ပတ်သက်ပြီး စိတ်မပူဘဲ တုန်လှုပ်ခြင်းမရှိ။ စေ့စပ်မှုမရှိဘဲ၊ သတ်မှတ်ချက်များမရှိဘဲ ၎င်းတို့နေထိုင်နေခဲ့ပြီးသည့်အတိုင်း ဆက်လက်နေထိုင်ကြသည်။ အချို့သောနေရာများတွင် ၎င်းတို့၏ သန့်ရှင်းမှုနှင့် ပတ်ဝန်းကျင်ကို ကောင်းစွာ ဂရုစိုက်သည်။ ပြီးလျှင် ထိုနေရာရှိလူများသည် သန့်ရှင်းမှုကို ဂရုစိုက်သည်ဟုလည်းကောင်း၊ ၎င်းတို့၏ ပတ်ဝန်းကျင်အား စီမံရကောင်းမှန်းကို ၎င်းတို့သိသည်ဟုလည်းကောင်း သင်ထင်လိမ့်မည်။ သို့သော် ၎င်းတို့သည် စစ်ဆေးမှုများမတိုင်မီ နေရာကို သန့်ရှင်းရန် လူတို့ကို ကြို၍စေလွှတ်နေခြင်းဖြစ်သည်ကို ရုတ်တရက် ဝင်ရောက်စစ်ဆေးမှုတစ်ခု မပြုမချင်း မည်သူမျှ မသိပေ။ သင်က ၎င်းတို့ကို သင်လာမည်ဟု ကြိုပြောထားလျှင် ထိုနေရာသည် သန့်ရှင်းနေဖို့ သေချာသည်။ ၎င်းတို့ကို သတိမပေးဘဲ သင်သွားလျှင် သေချာပေါက် ညစ်ပတ်ပြီး ရှုပ်ပွနေသည့် မတူညီသော ပတ်ဝန်းကျင်တစ်ခုကို သင်တွေ့လိမ့်မည်။ မိန်းကလေးအချို့၏ အခန်းများတွင် အဝတ်များနှင့် ဖိနပ်များ ပွနေသည်။ ပြီးလျှင် အပြင်တွင်လည်း ပေါက်ပြားနှင့် ပေါက်ချွန်းကဲ့သို့သော အလုပ်ကြမ်းပစ္စည်းများကို အဝတ်များနှင့်အတူ စုပုံထားသည်။ ထိုနေရာရှိ လူအချို့က ၎င်းတို့သည် အလွန်အလုပ်ရှုပ်နေသည်မှာ သန့်ရှင်းရေးလုပ်ဖို့ အချိန်မရဟုပင် ပြောကောင်းပြောနိုင်သည်။ ၎င်းတို့သည် ထိုမျှလောက် အလုပ်များခဲ့ကြသလော။ ၎င်းတို့သည် အသက်ရှူဖို့ပင် အချိန်မရှိသလော။ မရှိလျှင် ဤသည်မှာ အလုပ်ရှုပ်ခြင်းဖြစ်သည်မှာ အမှန်ပင်။ သို့သော် သေချာသည်မှာ ၎င်းတို့သည် ထိုမျှ အလုပ်မရှုပ်ဘူး မဟုတ်လော။ ၎င်းတို့၏ နေရာကို စီမံခြင်းသည် မည်သည့်အရာကများ အလွန်ခက်ခဲနေသနည်း။ သန့်ရှင်းသော၊ သေသပ်သော ပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်းသည် မည်သည့်အရာကများ အလွန် ခက်ခဲပင်ပန်းသနည်း။ ဤသည်မှာ လူ့သဘာဝနှင့် တစ်ခုခုသက်ဆိုင်ခြင်းရှိသလော။ လူတို့သည် “ဝက်ခြံ”တစ်ခု၌ နေထိုင်ရခြင်းကို အဘယ်ကြောင့် အလွန်ကြိုက်ရသနည်း။ ဤသို့သော ပတ်ဝန်းကျင်တစ်ခုတွင် အဘယ်ကြောင့် အလွန်ပင် စိတ်အေးနေရသနည်း။ ၎င်းတို့သည် ဤသို့သောပတ်ဝန်းကျင်အပေါ် အဘယ်သို့များ လုံးလုံး ဥပေက္ခာပြုနေနိုင်သနည်း။ ထိုနေရာတွင် မည်သည့်အရာ ဖြစ်နေသနည်း။ ကောင်းစွာ စီမံခြင်းမရှိသော ပတ်ဝန်းကျင်များ၏ အကြောင်းရင်းမှာ အဘယ်နည်း။ ငါသည် တစ်နေရာရာသို့ ရံဖန်ရံခါသွားပြီး ၎င်းတို့အား ကြိုပြောလျှင် ၎င်းတို့က သန့်ရှင်းသေသပ်အောင် ပြုလုပ်လိမ့်မည်။ သို့သော် ထိုနေရာသို့ ငါမကြာခဏသွားလျှင် သန့်ရှင်းခြင်းကို ရပ်လိမ့်မည်။ ၎င်းတို့က “ကိုယ်တော်သည် ဤနေရာသို့ မကြာခဏလာသည်။ ထို့ကြောင့် လုပ်ရိုးလုပ်စဉ်များကို ဘေးချိတ်ထားလိုက်တော့မည်။ ဤသည်မှာ ကျွန်ုပ်တို့၏ ပကတိအခြေအနေပင်ဖြစ်သည်။ အချိန်ပြည့် သန့်ရှင်းနေရခြင်းသည် ပင်ပန်းနွမ်းနယ်ဖွယ်ဖြစ်သည်။ မည်သူက အားအင်ရှိသနည်း။ ကျွန်ုပ်တို့သည် တစ်နေကုန် အလွန်အလုပ်ရှုပ်နေသည်မှာ ခေါင်းဖြီးရန်ပင် အချိန်မရှိ” ဟု ဆိုကြသည်။ ၎င်းတို့သည် ဤသို့ ဆင်ခြေပေးကြသည်။ အခြားမည်သည့်အရာများကို ၎င်းတို့ ပေးသနည်း။ “ဤသည်တို့အားလုံးမှာ ယာယီသာဖြစ်သည်။ ပြည့်စုံစွာ အစီအစဉ်တကျဖြစ်ရန် ပြုလုပ်ဖို့ မလိုပေ။ လက်ရှိအခြေအနေလည်း အလုပ်ဖြစ်မည်ဖြစ်သည်” ဟူ၍ ဖြစ်သည်။ အမှန်ပင် အရာရာတိုင်းက ယာယီဖြစ်သည်။ သို့သော် သင်သည် ရွက်ဖျင်တဲတစ်ခု၌ နေထိုင်နေလျှင်ပင် စောင့်ရှောက်ရဦးမည် ဖြစ်သည်မဟုတ်လော။ ယင်းသည် ပုံမှန်လူ့သဘာဝဖြစ်သည်။ ထိုပုံမှန်လူ့သဘာဝ အနည်းငယ်မျှပင် မရှိလျှင် သင်သည် သားရဲတိရစ္ဆာန်များနှင့် အဘယ်သို့ ကွာခြားသနည်း။

ဘုရားအိမ်တော်တွင် တောင်များနှင့် ရေပြင်အနီး၌ အလွန်ကောင်းသော နေရာတွင်ရှိနေသည့် ဘုရားကျောင်းတစ်ခုရှိသည်။ ထိုနေရာတွင် လမ်းမကြီးတစ်ခု ခင်းပြီးဖြစ်သည်။ ပြီးလျှင် သစ်ပင်များက အနီးရှိမြစ်ကမ်းတစ်လျှောက်တွင် စီတန်းနေသည်။ ရှုခင်းကြည့်သည့် အဆောက်အဦးငယ်တစ်ခုပင်ရှိပြီး ယင်းနှင့်ကပ်လျက်တွင် အလှဆင်ထားသော ကျောက်များရှိသည်။ အမှန်ပင် အလွန်လှပသည်။ တစ်နေ့တွင် ထိုသန့်ရှင်းသောလမ်းပေါ်၌ သေးငယ်သော၊ အဝါရောင်အရာဝတ္ထုတစ်ခုကို အဝေးမှနေ၍ ငါတွေ့ခဲ့သည်။ နီးလာသောအခါ ယင်းသည် လိမ္မော်သီးခွံတစ်ခု ဖြစ်သည်ကို ငါတွေ့ရသည်။ မည်သူက သူ၏ အမှိုက်ကို ထိုနေရာ၌ ဖြစ်ကတတ်ဆန်း ပစ်လိုက်သည်ကို မည်သူသိမည်နည်း။ ပြီးလျှင် သန့်ရှင်းထားပြီးသားဖြစ်သော ရှုခင်းသာ အဆောက်အဦးငယ်တွင်လည်း တစ်စုံတစ်ယောက်က နေကြာစေ့များ စားထားကာ အခွံများကို ကြမ်းပြင်နေရာအနှံ့ ပစ်ထားသည်။ ငါ့ကို ပြောလော့။ ထိုသူသည် စည်းကမ်းများကို သိသူတစ်ဦးဖြစ်သလော။ ပုံမှန်လူ့သဘာဝတွင် မိမိ၏ သန့်ရှင်းမှုနှင့် ပတ်ဝန်းကျင်အတွက် သတ်မှတ်ထားသော စံနှုန်းများရှိသလော၊ သို့မဟုတ် မရှိသလော။ လူအချို့က “ကျွန်ုပ်သည် မည်သည့်ပုံစံဖြင့် စံနှုန်းများ မရှိသနည်း။ ညနေတိုင်း ကျွန်ုပ်၏ ခြေကို ဆေးသည်။ လူအချို့က မဆေးပေ။ လူအချို့သည် မနက်၌ အိပ်ရာထသောအခါ ၎င်းတို့၏ မျက်နှာကိုပင် မဆေးပေ” ဟု ဆိုကောင်းဆိုနိုင်သည်။ သင်၏ ခြေထောက်က သန့်ရှင်းကောင်းသန့်ရှင်းနိုင်သည်။ ဟုတ်ပါပြီ။ သို့သော် သင်၏ အလုပ်ပတ်ဝန်းကျင်က အဘယ်ကြောင့် ဝက်ခြံကဲ့သို့ ဖြစ်သနည်း။ သင်၏ ထိုသန့်ရှင်းခြင်းသည် မည်သည့်သဘောသက်ရောက်သနည်း။ အများဆုံးအနေဖြင့် သင်က အလွန့်အလွန် တစ်ကိုယ်ကောင်းဆန်သည်ကို ပြသည်။ သင်သည် အရာအားလုံးကို စီမံလိုသည်။ သင်သည် ခြံဝင်းတစ်ခုကိုပင် မစီမံနိုင်လျှင် အရာခပ်သိမ်း၏ အရှင်သခင် အဘယ်သို့ ဖြစ်နိုင်မည်နည်း။ ယင်းသည် အရှက်ကင်းမဲ့သည်မှာ အမှန်ပါတကား။ ဤလူတို့ မစီမံနိုင်သည်မှာ ၎င်းတို့၏ ပတ်ဝန်းကျင်သာမဟုတ်။ ၎င်းတို့၏ တစ်ကိုယ်ရေသန့်ရှင်းမှုကိုပင် မစီမံနိုင်ဘဲ မြေပြင်ပေါ်သို့ အမှိုက်ပစ်သည်။ ၎င်းတို့သည် အဘယ်သို့ ဤအကျင့်ကို ရလာသနည်း။ ၎င်းတို့သည် အသီးခွံများအား မြေဩဇာဟု ခေါ်ဆိုခြင်းအားဖြင့် ယင်းတို့ကို မြေကြီးပေါ်သို့ ပစ်ချခြင်းအား မှန်ကန်ကြောင်း ရှင်းချက်ထုတ်ကောင်း ထုတ်နိုင်သည်။ ဤသို့ဆိုလျှင် အဘယ်ကြောင့် ယင်းတို့ကို မြေဩဇာအပုံ၊ သို့မဟုတ် အမှိုက်ပုံးထဲသို့ မပစ်သနည်း။ အဘယ်ကြောင့် လမ်းပေါ်၊ သို့မဟုတ် ထိုရှုခင်းသာ အဆောက်အအုံငယ်အထဲတွင် ပစ်သနည်း။ ရှုခင်းသာ အဆောက်အအုံသည် မြေဩဇာထားရန် နေရာဖြစ်သလော။ ယင်းသည် စည်းကမ်းများကို အလေးမထားခြင်းမဟုတ်လော။ (ဟုတ်ပါသည်။) ယင်းသည် လူ့သဘာဝ၊ ဆင်ခြင်တုံတရားနှင့် ကိုယ်ကျင့်တရား အပြုအမူ လွန်စွာ ခေါင်းပါးခြင်း ဖြစ်သည်။ ၎င်းတို့သည် ယုတ်သောလူများဖြစ်သည်။ ငါ့ကို ပြောလော့။ ဤပြဿနာကို ဖြေရှင်းရန် နည်းလမ်းရှိသလော။ ယင်းကို မည်သို့တားဆီးနိုင်သနည်း။ ကြီးကြပ်ခြင်းက အလုပ်ဖြစ်မည်လော။ အမှုအရာများကို မည်သူကများ ဤသို့စောင့်ကြည့်နိုင်သနည်း။ မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ (၎င်းတို့ကို ဒဏ်ငွေရိုက်ပါ။) ဟုတ်သည်။ ယင်းသည် နောက်ဆုံးနည်းလမ်းဖြစ်သည်။ သင့်လျော်သော စနစ်တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်။ ဒဏ်ခတ်မခံရခြင်း မရှိရတော့ပေ။ ဤလူတို့သည် အလွန် ယုတ်ညံ့သော စိတ်သဘောထားရှိကြသည်။ ၎င်းတို့သည် ပြုပြင်၍ မရနိုင်။ အချို့သောနေရာများတွင် ဆွေးနေသော ကတ်ထူပုံးများ၊ ဆွေးနေသော ဘုတ်ပြားများ၊ နေရာတကာတွင် ပွနေသော စက္ကူအပိုင်းအစများရှိပြီး ယင်းတို့ကို နောက်ပိုင်းတွင် အသုံးပြုရန် ထားခြင်းဖြစ်သည်ဟု ထိုနေရာရှိ လူတို့က ဆိုကြသည်။ ယင်းတို့သည် အသုံးဝင်သောအရာများ ဖြစ်သည်ဆိုလျှင် အဘယ်ကြောင့် အမျိုးအစားခွဲပြီး သပ်ရပ်စွာ ဆင့်ပုံမထားသနည်း။ ဤသို့ဆိုလျှင် ပို၍ကြည့်ကောင်းပြီး နေရာကျယ်သွားမည်မဟုတ်လော။ လူအများစုသည် စီမံမှုကို မသိကြပေ။ ၎င်းတို့၏ နေရာများတွင် အရာဝတ္ထုများကို စနစ်တကျမရှိစွာဖြင့် ပုံပြီး ဖြန့်ကျဲထားသည်မှာ နေရာလွတ်မရှိသည်အထိပင် ဖြစ်သည်။ အစုအပုံများက ကြီးလာသည်နှင့်အမျှ ပို၍ပွလာသည်။ ပြီးလျှင် ရှုပ်ပွခြင်းနှင့်အတူ ညစ်ပတ်ခြင်းပါလာသည်။ နောက်ဆုံးတွင် ထိုနေရာက အမှိုက်ပုံဖြစ်လာပြီး မြင်သူတိုင်းက ရွံရှာကြသည်။ ဤသို့သော ပတ်ဝန်းကျင်များ၌ နေထိုင်သူတို့သည် ပုံမှန်လူ့သဘာဝရှိသလော။ ၎င်းတို့သည် မိမိတို့နေထိုင်သည့် ပတ်ဝန်းကျင်ကိုပင် ကောင်းစွာ ကိုင်တွယ်စီမံခြင်း မပြုလုပ်နိုင်လျှင် အစွမ်းအစရှိသောလူများ ဖြစ်သလော။ ဤသို့သောလူများနှင့် သားရဲတိရစ္ဆာန်များကြားတွင် မည်သည့်ကွာခြားမှု ကျန်ရှိသနည်း။ လူအများစုသည် ၎င်းတို့ နေထိုင်သည့် နေရာများအား မည်သို့စီမံရမည်ကို မသိသည့် အကြောင်းရင်း၏ တစ်စိတ်တစ်ပိုင်းမှာ မည်သူကမျှ သန့်ရှင်းမှုနှင့်သက်ဆိုင်သည့် အသိမရှိသကဲ့သို့ မည်သူကမျှ မိမိပတ်ဝန်းကျင်အား မည်သို့စီမံရမည်ကို မသိခြင်းကြောင့် ဖြစ်သည်။ ဤအရာများကို ၎င်းတို့ မစဉ်းစားမိပေ။ ပြီးလျှင် ၎င်းတို့သည် လူတို့၏ နေထိုင်ရာပတ်ဝန်းကျင်သည် မည်သည့်အရာ ဖြစ်သင့်သည်ဆိုသည်ကို သတိမမူမိပေ။ ၎င်းတို့သည် တိရစ္ဆာန်များကဲ့သို့ ဖြစ်သည်။ ၎င်းတို့နေထိုင်သင့်သည့် ပတ်ဝန်းကျင်အမျိုးအစားကို သတိမမူမိပေ။ အခြားအပိုင်းမှာ စီမံသူများက ဤအရာများအား မည်သို့စီမံရမည်ကို မသိခြင်းနှင့်သက်ဆိုင်သည်။ စီမံသူများသည် ဤအရာများအား မည်သို့စီမံရမည်ကို မသိသကဲ့သို့ စီမံခံရသောသူများသည်လည်း ဤအရာများနှင့်ပတ်သက်ပြီး တက်ကြွစွာ မလုပ်ဆောင်ကြ၊ သို့မဟုတ် သတိပြုမိခြင်းမရှိ။ အဆုံးတွင် လူတိုင်း၏ “ပူးပေါင်းလုပ်ဆောင်မှု”ဖြင့် နေရာက “ဝက်ခြံ” အဖြစ်သို့ ပြောင်းလဲသွားသည်။ ဤလူတို့သည် နေရာတစ်ခုအနီးတွင် အချိန်အတန်ကြာ နေပြီးသောအခါ ငါသည် “ဤနေရာက အဘယ်ကြောင့် မည်သည့်အခါကမျှ မသန့်ရှင်းရသနည်း။ အဘယ်ကြောင့် အိမ်တစ်ခုကဲ့သို့ မည်သည့်အခါကမျှ မထင်ရသနည်း” ဟူသည့် ခံစားချက်တစ်ခုဖြင့် ပြန်လာခဲ့ရသည်။ ငါ့ကို ပြောလော့၊ ဤသို့သောနေရာတစ်ခုကို မြင်တွေ့ခြင်းသည် လူတစ်ဦး၏ စိတ်အခြေအနေကို မြှင့်တင်ပေးနိုင်သလော။ (မမြှင့်တင်ပေးနိုင်ပါ။) ထိုနေရာသို့ သွားခြင်းသည် သင်တို့အား ကောင်းသော စိတ်အခြေအနေဖြစ်စေမည်လော။ (ယင်းနှင့်ပတ်သက်ပြီး ခံစားချက်သိပ်ရှိမည် မဟုတ်ပါ။) ယင်းသည် သင်တို့၏ အမှန်တကယ် တုံ့ပြန်မှုဖြစ်လိမ့်မည်။ ခံစားချက်သိပ်မရှိခြင်းဖြစ်သည်။ ထိုနေရာများရှိ နေရာအနည်းငယ်အတွက် ငါအစီအစဉ်များချခဲ့ပြီး အလုပ်ပြီး၍ ပစ္စည်းများကို ပြန်လည်အစီအစဉ်တကျ ပြုလုပ်ပြီးသောအခါတွင် လူတိုင်းက မြင်ကွင်းကို နှစ်သက်ကြသည်။ သို့တိုင်အောင် ရက်အနည်းငယ်ကြာပြီးနောက်တွင် တစ်ဖန် ရှုပ်ပွလာပြန်သည်။ သန့်ရှင်းမှုကို ထိန်းသိမ်းရမည်ဆိုလျှင် အလုပ်ကို စီမံရန်အတွက် သင့်တော်သောသူတစ်ဦးကို ငါရှာရမည်။ ဤသည်မှာ လူအများစုက အလွန်ပင် မသန့်ရှင်းပြီး ၎င်းတို့လုပ်ဆောင်နေသည့် မည်သည့်အလုပ်မဆို၌ ရှုပ်ပွအောင် လုပ်ဆောင်ခြင်းကြောင့် ဖြစ်သည်။ လူအချို့သည် ဟင်းသီးဟင်းရွက်များကို ခူးပြီး ယင်းတို့ကို ဆေးကြောရန် သင့်တော်သောနေရာကို မသိ။ ဆေးကြောရန် သန့်ရှင်းသောနေရာကို ၎င်းတို့ မရမကရှာသည်။ ယင်းကြောင့် ထိုနေရာက ရလဒ်အနေဖြင့် ညစ်ပတ်သွားသည်။ ယင်းကို မြင်ရပြီး သင်မည်သို့ ခံစားရမည်နည်း။ ဤလူတို့သည် သားရဲတိရစ္ဆာန်တစ်အုပ်မဟုတ်သလော။ ၎င်းတို့သည် လူ့သဘာဝ လုံးဝ မရှိကြပါတကား။ သန့်ရှင်းမှုအတွက် မည်သည့်အရာကိုမျှ ဂရုမစိုက်သကဲ့သို့ မိမိတို့၏ ပတ်ဝန်းကျင်အား မည်သို့စီမံရမည်ကို မသိသည့် ဤလူတို့ကို ကြည့်ခြင်းသည် သင့်အား စိတ်ဆိုးရန် နှိုးဆွလိမ့်မည်။ ဤလူတို့အား နေထိုင်ရန် ကောင်းမွန်သော ပတ်ဝန်းကျင်တစ်ခုကို ပေးထားပြီး အရာခပ်သိမ်းကိုလည်း ကောင်းမွန်စွာ ပြင်ဆင်ပေးထား၏။ နွေဦးရာသီတွင် ပန်းမျိုးစုံနှင့် မြက်များထွက်ပေါ်လာသည်။ တောင်များ၊ ရေပြင်များနှင့် ရှုခင်းသာအဆောက်အအုံငယ်တစ်ခုရှိသည်။ အလုပ်လုပ်ရန် နေရာများ၊ နေထိုင်ရန် နေရာများနှင့် သာယာအဆင်ပြေမှုမျိုးစုံရှိသည်။ ကောင်းလိုက်လေခြင်း။ သို့သော် ယင်းသည် အဘယ်သို့ ဖြစ်သွားသနည်း။ ၎င်းတို့က တန်ဖိုးမထားပေ။ ကြင်နာမှုကို ၎င်းတို့ အသိအမှတ်မပြု။ ၎င်းတို့က “ဤသည်မှာ အများစုထက်ပို၍ ကောင်းသောနေရာတစ်ခုဖြစ်သည်။ သို့သော် အနည်းနှင့်အများ ကျေးလက်ဒေသတစ်ခုဖြစ်သည်။ မြေကြီးက မြက်နှင့် ရွှံ့မှလွဲ၍ ဘာမျှမရှိ” ဟု တွေးကြသည်။ ထိုစိတ်နေစိတ်ထားဖြင့် ၎င်းတို့သည် ထိုနေရာကို မဆင်မခြင် ဖျက်ဆီးကြသည်။ ၎င်းတို့သည် ၎င်းတို့၏ ပတ်ဝန်းကျင်ကို စီမံဖို့ မစဉ်းစားခဲ့ပေ။ ထိုသို့သောလူ့သဘာဝသည် အရည်အသွေး ကင်းမဲ့လိုက်လေခြင်း။ လူ့သဘာဝက ပိုင်ဆိုင်သင့်သည့်ထိုအရာများကို မပိုင်ဆိုင်ပေ။ ထိုလူတို့သည် ၎င်းတို့၏ နေထိုင်ရာပတ်ဝန်းကျင်၏ ကဏ္ဍအမျိုးမျိုးကို အခြေခံအကျဆုံးပုံစံဖြင့်ပင် ကိုင်တွယ်စီမံခြင်းမပြုနိုင်ပေ။ ငါ့ကို ပြောလော့၊ လူတို့သည် ၎င်းတို့နေထိုင်သည့် ဤသို့သော ပတ်ဝန်းကျင်ကောင်းတစ်ခုကို တန်ဖိုးထားဖို့ အဘယ်သို့ မစဉ်းစားဘဲနေနိုင်သနည်း။ ယင်းကို ဂရုစိုက်ရန် အဘယ်သို့ မစဉ်းစားဘဲ နေနိုင်သနည်း။ အဘယ်ကြောင့်နည်း။ ၎င်းတို့သည် တာဝန်များနှင့် အလွန်အလုပ်ရှုပ်နေပြီး အချိန်မရှိခြင်း ဖြစ်သလော။ သို့မဟုတ် ၎င်းတို့တွင် အခြားမည်သည့်အရာ ဖြစ်နေသနည်း။ လူတိုင်းက တာဝန်များနှင့် အလုပ်ရှုပ်နေသည် မဟုတ်လော။ သင်တို့ထက်ပိုဆိုးသော ပတ်ဝန်းကျင်များ၌ နေသောသူအချို့ရှိသည်။ သို့တိုင်အောင် ၎င်းတို့၏နေရာကို အလွန်ကောင်းစွာ ဂရုစိုက်သည်။ လူတို့သည် ယင်းကိုမြင်ပြီး လက်မထောင်ပြကာ ၎င်းတို့ကို အထင်ကြီးပြီး လေးစားကြသည်။ ထို့နောက်တွင် သင်တို့၏ နေထိုင်ရာ ပတ်ဝန်းကျင်ရှိသည်။ အခြားလူများက အတွင်းသို့ ဝင်ဖို့ပင်မလိုပေ။ အပြင်ပန်းကို တစ်ချက်ကြည့်ရုံမျှဖြင့် ၎င်းတို့က သင့်အား အထင်သေးသည်။ ဤသည်မှာ သင်ကိုယ်တိုင်၏ လုပ်ဆောင်မှုမဟုတ်လော။ သင်၏ လုပ်ရပ်များနှင့် အပြုအမူများသည် သင်နေထိုင်သော ဤမနှစ်မြို့ဖွယ် စုတ်ချာသော ပတ်ဝန်းကျင်ကို ဖြစ်စေခဲ့သည်။ သင်နေထိုင်သော ပတ်ဝန်းကျင်ကို လူတို့မြင်သောအခါ ၎င်းတို့အနေဖြင့် သင်၏ အနှစ်သာရအား မြင်ခြင်းနှင့် တူညီသည်။ ဤသို့ဆိုလျှင် သင့်အား အထင်သေးခြင်းအတွက် ၎င်းတို့ကို အပြစ်တင်နိုင်သလော။ လူတစ်ဦးသည် အဆင့်မြင့်သည်ဖြစ်စေ၊ နိမ့်ကျသည်ဖြစ်စေ၊ မြင့်မြတ်သည်ဖြစ်စေ၊ ယုတ်သည်ဖြစ်စေ ယင်းတို့ကို အခြားလူတို့၏ အကဲဖြတ်ချက်များဖြင့် ဆုံးဖြတ်ခြင်းမဟုတ်ဘဲ သူကိုယ်တိုင် အသက်ရှင်နေထိုင်သည့်အရာအားဖြင့် ဆုံးဖြတ်သည်။ သင်က ပုံမှန်လူ့သဘာဝ၏ အရာများကို ပိုင်ဆိုင်လျှင် စစ်မှန်သော လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်နိုင်သည်။ သင်၏ မြင့်မြတ်သော အရည်အသွေးကို ထင်ရှားစေနိုင်မည်။ ပြီးလျှင် အခြားလူများက သင့်အား အလိုအလျောက် တန်ဖိုးထားပြီး အထင်ကြီးမည်။ ထိုအရာများကို သင်မပိုင်ဆိုင်လျှင်၊ သန့်ရှင်းမှုနှင့်ပတ်သက်သည့် ဘဝပေးအသိကို သင်နားမလည်လျှင်၊ သင့်ပတ်ဝန်းကျင်အား မည်သို့ ဂရုစိုက်ရမည်ကို မသိဘဲ “ဝက်ခြံ” ထဲတွင် သင်၏နေ့ရက်များအားလုံးကို နေထိုင်ကာ ယင်းနှင့်ပတ်သက်ပြီး အလွန်ကျေနပ်နေလျှင် ယင်းသည် သင်၏ သားရဲတိရစ္ဆာန်အရည်အသွေးကို ထုတ်ဖော်လေသည်။ ဤသည်မှာ သင်သည် ယုတ်ပြီး နိမ့်ကျသည်ဟု ဆိုလိုသည်။ ပုံမှန်လူ့သဘာဝက ရှိသင့်သည့် အတွေးအခေါ်၊ အမြင်များ၊ သတ်မှတ်ချက်နှင့် လိုက်စားမှု တစ်စွန်းတစ်စမျှ မရှိဘဲ၊ ထိုအရာများတစ်ခုမျှ မရှိဘဲ ဤသို့ ယုတ်ပြီး နိမ့်ကျသည့် လူ့သဘာဝဖြင့် ဤသို့သော ယုတ်ပြီး နိမ့်ကျသူတစ်ဦးသည် သမ္မာတရားကို နားလည်နိုင်သလော။ သမ္မာတရား လက်တွေ့ကျမှုသို့ ဝင်ရောက်နိုင်သလော။ (မဝင်ရောက်နိုင်ပါ။) မဝင်ရောက်နိုင်ဟု သင်တို့လည်းထင်သည်။ အဘယ်ကြောင့် မဝင်ရောက်နိုင်သနည်း။ လူအချို့က “ကျွန်ုပ်တို့သည် ဘုရားသခင်ကို ယုံကြည်သည့်နှစ်များတွင် ထိုလောကီအရာများအားလုံးကို ကျွန်ုပ်တို့ထံမှ ဖယ်ရှားပြီးဖြစ်သည်မှာ ကြာပြီဖြစ်သည်။ ထိုအရာများကို ကျွန်ုပ်တို့ ဂရုမစိုက်။ ‘အရည်အသွေးရှိသည့် ဘဝကို နေထိုင်ခြင်း’ ဆိုသည်က လောကီအရာတစ်ခုဖြစ်သည်” ဟု ဆိုလိမ့်မည်။ ဤသို့ပြောသူများ မရှိသလော။ ဤသို့ဆိုလျှင် သင် အသက်ရှူသောလေသည် လောကီအရာတစ်ခု ဖြစ်သလော။ သင်ဝတ်ဆင်သော အဝတ်များ၊ သင်အသုံးပြုသော ရုပ်ဝတ္ထုပစ္စည်းများအားလုံးတို့သည် လောကီအရာများ ဖြစ်သလော။ သင်သည် စုဝေးဖို့အတွက် အပြင်တွင် နေရာတစ်ခုခုကို အဘယ်ကြောင့်မရှာသနည်း။ အဘယ်ကြောင့် အခန်းတစ်ခုထဲတွင် စုဝေးသနည်း။ ဤအရာကို ပြောသောသူတို့သည် အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ ငါသည် သင့်အား အမှန်တရားတစ်ခုကို ပြောမည်။ ဤသို့သောသူတစ်ဦးသည် သမ္မာတရား လက်တွေ့ကျမှုသို့ ဝင်ရောက်လိုလျှင် သူ့အတွက် ခက်ခဲလိမ့်မည်။ လူတစ်ဦးသည် သမ္မာတရားစစ်မှန်မှုသို့ ဝင်ရောက်လိုလျှင် ပထမဦးစွာ ပုံမှန်လူ့သဘာဝကို ပိုင်ဆိုင်ရမည်။ ထို့အပြင် ပုံစံတစ်ခုနှင့်သက်ဆိုင်သောအရာတစ်ခုကို လိုက်စားပြီး အရည်အသွေး၊ အမူအကျင့်များနှင့် ကိုယ်ကျင့်တရားရှိသည့်ဘဝကို ရည်ရွယ်ရန် မိမိတို့ဘဝရှိ ထိုမကောင်းသောအလေ့အကျင့်များကို ဖယ်ရှားရမည်။ ဤသည်မှာ ဆီလျော်သော ပြောဆိုနည်း ဖြစ်သလော။ ဤသို့ဆိုလျှင် ဤပြဿနာများကို ပြုပြင်ရန် လွယ်ကူသလော။ လူတစ်ဦး၏ဘဝတွင် မိမိ၏ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲပြီး မကောင်းသော အလေ့အကျင့်ကို စွန့်ခွာဖို့ မည်မျှကြာသနည်း။ ဤအရာသို့ အမြန်ဆုံး ဝင်ရောက်ရန် မည်သည့်နည်းလမ်းကို အသုံးပြုရမည်နည်း။ အပြစ်ဒဏ်ပေးခြင်းအပြင် မည်သည့်နည်းလမ်းများရှိသနည်း။ (အပြန်အလှန် ကြီးကြပ်ခြင်းဖြစ်သည်။) အပြန်အလှန်ကြီးကြပ်ခြင်းသည် နည်းလမ်းတစ်ခု ဖြစ်သည်။ လူတို့က လက်ခံခြင်းရှိမရှိသည် အဓိကကျသည်။ ငါမြင်သည်မှာ ဒဏ်ငွေစည်းကြပ်ခြင်းသည် အစွမ်းထက်သော လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး အမှန်ပင် ထိရောက်မှုရှိသောအရာဖြစ်သည်။ ငွေကြေးဒဏ်ငွေများကို သင်ကိုင်တွယ်လိုက်သည်နှင့် တစ်ပြိုင်နက် လူတို့၏ အကျိုးစီးပွားများကို သင် ထိပါးနေခြင်း ဖြစ်၏။ ၎င်းတို့သည် ၎င်းတို့၏ အကျိုးစီးပွားထိခိုက်ကောင်း ထိခိုက်နိုင်သည်ကို ကြောက်ရွံ့သည့်အတွက် လိုက်နာဖို့ကလွဲ၍ ရွေးချယ်စရာမရှိ။ ဤသည်မှာ ဒဏ်ငွေစည်းကြပ်ခြင်းမှ ရရှိသည့်အရာ ဖြစ်သည်။ သို့သော် ဤလူတို့ဖြင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းအားဖြင့် အဘယ်ကြောင့် မည်သည့်အရာကိုမျှ မရရှိသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့တွင် ပုံမှန်လူ့သဘာဝမရှိသောကြောင့်၊ သို့မဟုတ် သမ္မာတရားကို လက်ခံခြင်းအတွက် လိုအပ်သော အခြေအနေများ မရှိသောကြောင့် ဖြစ်သည်။ ဤအတွက်ကြောင့် ၎င်းတို့နှင့်ပတ်သက်လျှင် သမ္မာတရားအား မိတ်သဟာယဖွဲ့ခြင်းသည် ထိရောက်မှုမရှိသော နည်းလမ်းဖြစ်ခြင်း ဖြစ်သည်။ မည်သည့်အလုပ်ပတ်ဝန်းကျင်တွင်မဆို ပထမဦးစွာ အရာဝတ္ထုများကို အမျိုးအစားအလိုက်ခွဲရန်၊ ဒုတိယအနေဖြင့် သေသပ်မှုကို ထိန်းသိမ်းရန်၊ တတိယအနေဖြင့် သန့်ရှင်းမှုနှင့် ရှင်းလင်းမှုကို ထိန်းသိမ်းရန်၊ ထို့အပြင် အမှိုက်ရှင်းလင်းသည့် အလေ့အကျင့်ကို ပျိုးထောင်ရန်တို့ကို သင်ယူလော့။ ယင်းသည် ပုံမှန်လူ့သဘာဝက ပိုင်ဆိုင်သင့်သည့်အရာ ဖြစ်သည်။

ဆံပင်ကို ဖြီးပြီး ကျွတ်သွားသော ဆံခြည်မျှင်များကို ဦးစွာ မလှည်းကျင်းဘဲ အပြင်ထွက်သော အမျိုးသမီးအချို့ရှိသည်။ ၎င်းတို့သည် ဤသို့ နေ့စဉ်လုပ်ဆောင်သည်။ ဤသို့သော အလေ့အကျင့်ကို ပြောင်းလဲနိုင်သလော။ သင့်ဆံပင်ကို ဖြီးပြီးသည့်အချိန်တွင် ချက်ချင်း သန့်ရှင်းပြီး ရှင်းလင်းရမည်။ အခြားလူများရှင်းရန် ချန်မထားနှင့်။ သင်၏ကိုယ်ပိုင်ပတ်ဝန်းကျင်ကို သင့်ဘာသာ ကောင်းစွာစီမံလော့။ သင့်ပတ်ဝန်းကျင်ကို ကောင်းစွာစီမံလိုလျှင် သင်ကိုယ်တိုင်မှ စတင်ရမည်။ သင်၏ကိုယ်ပိုင်နေရာကို ဦးစွာ ရှင်းလင်းလော့။ ထို့အပြင် လူတစ်ဦးသည် မိမိနေထိုင်သည့် အများပြည်သူဆိုင်ရာ ပတ်ဝန်းကျင်တို့နှင့်ပတ်သက်ပြီး နိုင်ငံကြီးသားပီသရမည်။ ဥပမာ လူတို့နေထိုင်ပြီး အနားယူသည့်နေရာများကို စီမံရန် တာဝန်သည် လူတိုင်းအပေါ် ကျရောက်သင့်သည်။ သင်သည် မြေပေါ်တွင် လိမ္မော်ခွံသုံးလေးခုတွေ့လျှင် ကောက်ပြီး အမှိုက်ပုံးထဲသို့သာ ပစ်လော့။ အချို့သော အလုပ်လုပ်သည့် နေရာများတွင် အလုပ်ပြီးသောအခါ နေရာတကာတွင် သစ်သားပြားများ၊ သစ်သားလွှာများ၊ သံချောင်းများ၊ သံများရှိသည်။ ထိုနေရာသို့သွားပြီး သင်ဂရုမစိုက်လျှင် သံချောင်းပေါ်သို့ အလွယ်တကူ နင်းမိနိုင်သည်။ အလွန့်အလွန်ပင် အန္တရာယ်မကင်းပေ။ ၎င်းတို့သည် အလုပ်ပြီးသည်နှင့် အဘယ်ကြောင့် ရှင်းလင်းပြီး သန့်ရှင်းအောင်မလုပ်သနည်း။ မည်သည့် မနှစ်မြို့ဖွယ် အလေ့အကျင့်မျိုး ဖြစ်သနည်း။ ဤသို့လုပ်ဆောင်ခြင်းအားဖြင့် ၎င်းတို့သည် မိမိကိုယ်ကို ရှင်းပြနိုင်သလော။ ဤသို့သော ရှုပ်ပွပြီး ညစ်ပေသည့် အလုပ်နေရာကို မြင်လျှင် လူတို့က မည်သို့ထင်မည်နည်း။ ဤသည်မှာ သားရဲတိရစ္ဆာန်များက ၎င်းတို့အလုပ်ကို လုပ်သည့်ပုံစံမဟုတ်လော။ လူ့သဘာဝရှိသူတို့သည် အလုပ်တစ်ခုပြီးသောအခါ၌ ကောင်းစွာသန့်ရှင်းရေးလုပ်ရမည်ဖြစ်ပြီး အလုပ်ကို လူများက လုပ်ခဲ့သည်ဆိုသည်ကို အခြားလူများက တစ်ချက်ကြည့်ရုံဖြင့် သိလိမ့်မည်။ သားရဲတိရစ္ဆာန်များသည် သန့်ရှင်းရေးလုပ်ခြင်းက ၎င်းတို့ခေါင်းပေါ်သို့ မရောက်ဘဲ ၎င်းတို့နှင့် မသက်ဆိုင်သည့်အလား အလုပ်တစ်ခုပြီးနောက်တွင် သန့်ရှင်းရေးမလုပ်ပေ။ ယင်းသည် မည်သည့်ဆင်ခြင်တွေးခေါ်မှုစနစ် ဖြစ်သနည်း။ အလုပ်တစ်ခု ပြီးသည့်နောက်တွင် သန့်ရှင်းရေးမလုပ်သောသူများစွာကို ငါတွေ့ဖူးသည်။ ၎င်းတို့အားလုံး၌ ဤမကောင်းသောအလေ့အကျင့်ရှိသည်။ ငါသည် သူတို့အား နေ့စဉ် သူတို့၏အလုပ်များ ပြီးစီးသောအခါ အမှိုက်အားလုံးကို ရှင်းလင်းရန် လူတစ်ဦးကို စီစဉ်ခိုင်းရမည်ဟု ပြောခဲ့ပြီး ဖြစ်၏။ နေ့စဉ် သန့်ရှင်းရေးလုပ်လော့။ ထိုသို့ဆိုလျှင် အလုပ်နေရာက သန့်ရှင်းလိမ့်မည်။ ဤသို့သောအလေ့အကျင့်ကို ၎င်းတို့ ပျိုးထောင်ရမည်။ ဘဝအလေ့အကျင့်တစ်ခုကို ပျိုးထောင်ရန် အကြင်သူသည် ပတ်ဝန်းကျင်တစ်ခုကို ထိန်းသိမ်းခြင်းအားဖြင့် အစပြုရမည်။ ထို့နောက် ယင်းကို အသားကျသည်အထိ စောင့်ရမည်။ ထို့နောက် တစ်နေ့တွင် ထိုပတ်ဝန်းကျင်က ပြောင်းလဲသောအခါ တစ်စုံတစ်ခုက မသန့်ရှင်းကြောင်း မြင်ရသည်ကို သူကိုယ်တိုင် စိတ်မအေးနိုင်ဖြစ်လိမ့်မည်။ ဤသည်မှာ နိုင်ငံခြားတွင် သုံးနှစ်၊ သို့မဟုတ် ငါးနှစ်ကြာနေထိုင်ခဲ့ပြီး အရာရာတိုင်းက ထိုနေရာတွင် ပိုသာသည်ဟု ထင်သောလူအချို့တို့ကဲ့သို့ ဖြစ်သည်။ ၎င်းတို့၏ ဇာတိမြို့သို့ ပြန်လာသောနေ့ရက်သို့ ရောက်လာပြီး ၎င်းတို့သည် ရုတ်ခြည်း ခေတ်မီသူများ ဖြစ်လာသည်ဟု ခံစားကြ၏။ ၎င်းတို့သည် သန့်ရှင်းမှုကို အရေးမစိုက်သော အခြားသူများကို၊ မသန့်ရှင်းသောနေအိမ်ဖြင့် လူများကို အထင်သေးစွာကြည့်သည်။ ရေမချိုးဘဲ ရက်အနည်းငယ်နေခြင်းကိုပင် ၎င်းတို့ မခံနိုင်ပေ။ ဤအရာကို စေစားသည်မှာ ၎င်းတို့၏ ပတ်ဝန်းကျင်မဟုတ်လော။ ယင်းသည် ဖြစ်ပျက်သည့်ပုံစံဖြစ်သည်။ ထို့ကြောင့် သင်၏ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် သင့်ပတ်ဝန်းကျင်အား စီမံခြင်းအားဖြင့် သင်အစပြုရမည်။ ယင်းသည် သင့်တာဝန်ကို ထမ်းဆောင်ရာတွင် သက်သောင့်သက်သာ ရှိရန် နည်းဖြစ်သည်။ ယင်းသည် ပုံမှန်လူ့သဘာဝ ရှိသည့်သူများ ပိုင်ဆိုင်သင့်သောအရာလည်း ဖြစ်သည်။ ငါရောက်ခဲ့သည့် နေရာအချို့တွင် အလွန်ရှုပ်ပွနေသော၊ ဖရိုဖရဲဖြစ်နေသော မိန်းကလေးများ၏ အခန်းကို တွေ့ခဲ့သည်။ လူအချို့က “ကိုယ်တော်က ကျွန်ုပ်တို့ကို သန့်ရှင်းသပ်ရပ်စေလိုသည်။ စစ်သင်တန်းပေးစခန်းကဲ့သို့ ဖြစ်သင့်သလော”ဟု ဆိုနိုင်သည်။ ထိုအရာအားလုံးအတွက် မလိုပေ။ နေ့စဉ် သင့်အိပ်ရာကို သိမ်းပြီး အခန်းကို သန့်ရှင်းရေးလုပ်လော့။ သန့်ရှင်းခြင်းကို ထိန်းသိမ်းလော့။ ယင်းကို အလေ့အကျင့်လုပ်လော့။ ဤအရာများကို သင်နေ့စဉ်လုပ်ဆောင်ပြီး ယင်းတို့က အလေ့အကျင့်ဖြစ်လာလျှင်၊ ပုံမှန်ပြုလုပ်နေကျ အရာတစ်ခု ဖြစ်လာပြီး အစာစားခြင်းကဲ့သို့ အလိုအလျောက်ဖြစ်လာလျှင် ဤသို့သော နေ့စဉ်ဘဝအလေ့အကျင့်မျိုးကို သင် ပျိုးထောင်ပြီးဖြစ်မည်ဖြစ်ပြီး သင့်ပတ်ဝန်းကျင်အတွက် သင်၏ သတ်မှတ်ချက်များသည် အဆင့်မြင့်သွားလိမ့်မည်။ အဆင့်မြင့်သွားသောအခါတွင် သင်၏ ဟန်ပန်အမူအရာတစ်ခုလုံး၊ သင်၏ စိတ်နေသဘောထား၊ သင်၏ အရသာခံစားမှု၊ သင်၏ လူ့သဘာဝ၊ သင်၏ ဂုဏ်သိက္ခာတို့အားလုံး မြင့်တက်လိမ့်မည်။ သို့သော် သင်သည် လူတို့အတွက် မဟုတ်ဘဲ သားရဲတိရစ္ဆာန်တစ်ကောင်၏ သားရဲတွင်းနှင့်ပိုတူသော နေရာတစ်ခုဖြစ်သည့် “ဝက်ခြံ”တစ်ခု၌ သင်နေထိုင်လျှင် လူသားပုံသဏ္ဌာန်ကို သင်မပိုင်ဆိုင်ပေ။ ဥပမာ လူအချို့သည် အခန်းတစ်ခန်းကို ဝင်ရာ၌ အခန်းနှင့် ကြမ်းပြင်က သန့်ရှင်းသည်ကို မြင်သောအခါတွင် အပြင်၌ အချိန်ခဏကြာ ၎င်းတို့ဖိနပ်ရှိ အညစ်အကြေးများကို ခြစ်ထုတ်လိမ့်မည်။ ၎င်းတို့သည် မသန့်ရှင်းဟု ခံစားရဆဲဖြစ်မည်။ ထို့ကြောင့် ဆက်လက်၍ ၎င်းတို့သည် အခန်းထဲသို့ မဝင်မီတွင် ဖိနပ်ကို ချွတ်လိမ့်မည်။ အခန်းပိုင်ရှင်က ၎င်းတို့သည် သူ့အပေါ် မည်မျှသန့်ရှင်းပြီး လေးစားမှုရှိသည်ကို မြင်သောအခါတွင် သူသည်လည်း ၎င်းတို့ကို လေးစားလိမ့်မည်။ အခြားသောလူတို့က ရွှံ့များခဲနေသော ဖိနပ်များဖြင့် ဝင်ပစ်လိုက်ပြီး ကြမ်းပြင်ပေါ်တွင် ရွှံ့ပေခြင်းနှင့်ပတ်သက်၍ လုံးဝ တွေးမည်မဟုတ်။ ၎င်းတို့သည် ယင်းနှင့်ပတ်သက်၍ လုံးဝ ခံစားချက်မရှိ။ ၎င်းတို့သည် ပင်ကိုအားဖြင့် စည်းကမ်းများအား အရေးမစိုက်သည်ကို အခန်းပိုင်ရှင်က မြင်သည်။ သူသည် ၎င်းတို့ကို ဆိုးရွားစွာ ရှုမြင်သောကြောင့် ၎င်းတို့ကို သူအထင်သေးသည်။ နောင်တွင် အခန်းထဲသို့ ဝင်ခွင့်ပြုမည်မဟုတ်။ ၎င်းတို့အား အပြင်တွင် စောင့်ခိုင်းလိမ့်မည်။ ပြီးလျှင် ထိုအရာက သွယ်ဝိုက်ညွှန်းဆိုမည့်အရာမှာ ဤကဲ့သို့ ဖြစ်သည်။ “အတွင်းသို့ သင်ဝင်ဖို့ မထိုက်တန်။ ဝင်လျှင် နေရာကို ဖျက်ဆီးလိမ့်မည်။ သန့်ရှင်းရေးလုပ်ရာတွင် ငါကုန်ဆုံးမည့်အချိန်က ကြာလိုက်မည်ဖြစ်ခြင်း” ဟူ၍ ဖြစ်သည်။ သူသည် ၎င်းတို့ကို လေးစားမည်မဟုတ်။ ၎င်းတို့သည် လူသားပုံသဏ္ဌာန်အား မပိုင်ဆိုင်သည်ကို သူမြင်သောအခါ သူသည် ၎င်းတို့ကိုပင် လေးစားမည်မဟုတ်။ လူတစ်ယောက်သည် သူ၏ဘဝ၌ ဤအဆင့်သို့ရောက်လျှင် သူသည် လူသားပင်ဖြစ်သေးသလော။ အိမ်မွေးတိရစ္ဆာန်တစ်ကောင်သည် ထိုသူထက် ပို၍ သာသောအရာတစ်ခုဖြစ်သည်။ ထို့ကြောင့် လူတို့သည် လူသားဟု ခေါ်ခံရရန်အတွက် လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်ရမည်။ ပြီးလျှင် လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်ရန်အတွက် ပုံမှန်လူ့သဘာဝကို ပိုင်ဆိုင်ရမည်။ တစ်စုံတစ်ယောက်သည် မည်သည့်နေရာ၌ နေသည်ဖြစ်စေ၊ မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ စည်းကမ်းများကို လိုက်နာရမည်။ သူ၏နေရာနှင့် သန့်ရှင်းမှုကို ဂရုစိုက်ရမည်။ ပြီးလျှင် တာဝန်သိစိတ်ရှိရမည်ဖြစ်ပြီး ကောင်းသော ဘဝအလေ့အကျင့်များရှိရမည်။ သူလုပ်ဆောင်သမျှတိုင်းတွင် အာရုံစိုက်ပြီး လေးနက်မှုရှိရမည်။ ပြီးလျှင် ကောင်းစွာလုပ်ဆောင်ပြီး စံနှုန်းပြည့်သည်အထိ ဆက်လက်လုပ်ဆောင်ရမည်။ ဤသို့ဖြင့် သင်သည် ဖြောင့်မှန်ပြီး သင့်တင့်လျောက်ပတ်သည်၊ လူကောင်းတစ်ယောက် ဖြစ်သည်ဆိုသည်ကို သင်၏တာဝန်ထမ်းဆောင်မှုနှင့် သင်၏ ကျင့်ကြံပြုမူသော ပုံစံ၊ အမှုအရာများကို သင်ကိုင်တွယ်ဖြေရှင်းသောပုံစံတို့တွင် လူတို့က မြင်လိမ့်မည်။ ၎င်းတို့သည် သင့်အပေါ် လေးစားလိမ့်မည်။ ပြီးလျှင် သဘာဝအလျောက် သင့်ကို လေးစားလာလိမ့်မည်။ ၎င်းတို့သည် သင့်အား အထင်ကြီးပြီး တန်ဖိုးလည်းထားလိမ့်မည်။ ထို့ကြောင့် သင့်အား အရူးလုပ်မည်မဟုတ်၊ သို့မဟုတ် အနိုင်ကျင့်မည်မဟုတ်။ ၎င်းတို့သည် သင့်အား လှောင်ပြောင်ခြင်းဖြစ်စေ၊ အထင်သေးခြင်းဖြစ်စေ တစ်ခုတလေမျှမရှိဘဲ လေးနက်သည့်ဟန်ပန်ဖြင့် စကားပြောလိမ့်မည်။ ငါ၏ အသွင်အပြင်ကို လူတို့က မည်သို့မြင်သည်ကို ငါမသိ။ သို့သော် ငါ၌ ခံစားချက်တစ်ခုအမှန်ပင်ရှိသည်။ လူအများစုကို ငါကြုံတွေ့ရသောအခါ ၎င်းတို့က ရယ်စရာများကို မပြောပေ၊ သို့မဟုတ် ကရော်ကမည် မပြောဆိုပေ။ ယင်းမှာ အဘယ်ကြောင့်ဆိုသည်ကို ငါမသိ။ လူတို့က “ကိုယ်တော်သည် အလွန်လေးနက်သောသူတစ်ဦးပင်ဖြစ်သည်။ ကိုယ်တော်၏စကားနှင့် လုပ်ရပ်များတွင်လည်း လေးနက်သည်။ ကိုယ်တော်သည် ဖြောင့်မတ်သောသူတစ်ဦး ဖြစ်သည်။ ကိုယ်တော်နှင့် အပြန်အလှန် ဆက်ဆံသောအချိန်တွင် ကျွန်ုပ်သည် ဟာသလုပ်ရဲမည်မဟုတ်။ ကိုယ်တော်သည် ထိုသို့သောသူမျိုးမဟုတ်သည်မှာ မြင်မြင်ကတည်းက သိသာထင်ရှားပါသည်” ဟူ၍ ခံစားမိခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သင်သည် နေရာတစ်ခုသို့သွားပြီး လူတို့နှင့် စကားပြောသောအခါ၊ စကားစမြည်ပြောသောအခါ၊ လူတို့နှင့် အပြန်အလှန် ဆက်ဆံသောအခါ သင်၏လူ့သဘာဝနှင့် ကိုယ်ကျင့်တရား၌ တစ်စုံတစ်ခုရှိသည်ဟု ၎င်းတို့က ခံစားရလျှင် ယင်းသည် မည်သည့်အရာ ဖြစ်သည်ကို ၎င်းတို့ ရှင်းလင်းစွာ မပြောကောင်းမပြောနိုင်သော်လည်း သင်နေ့ရက်တိုင်းစဉ်းစားသည့်အရာက မည်သည့်အရာဖြစ်သည်ကို သင်သိလိမ့်မည်။ ပြီးလျှင် အမှုအရာများကို သင်ရှုမြင်ပုံနှင့် လူတို့နှင့် ထိတွေ့ဆက်ဆံပုံအတွက် စည်းမျဉ်းများနှင့် စံနှုန်းများ အစဉ်ရှိလိမ့်မည်။ ယင်းသည် သူတစ်ပါးတို့နှင့် သင်ထိတွေ့ပြီး အပြန်အလှန် ဆက်ဆံပုံဖြစ်လျှင် သင်သည် အလွန် စေ့စပ်သေချာသူဖြစ်သည်၊ သင်လုပ်ဆောင်သမျှတိုင်းတွင် အလွန်အလေးအနက်ထားပြီး ဆင်ခြင်မျှော်တွေးသည်၊ ဤသည်မှာ သင်က အလွန်စည်းမျဉ်းနှင့် ညီသည်ဆိုသည့် သဘောဖြစ်သည်ဟု ၎င်းတို့က ဆိုလိမ့်မည်။ ဤသည်မှာ အဆုံးတွင် ၎င်းတို့၌ မည်သည့်ခံစားချက်ကို လှုံ့ဆော်ပေးမည်နည်း။ ယင်းကို ဖြည်းညှင်းစွာ စဉ်းစားတွေးတောလော့။ သင်၏ ကျင့်ကြံပြုမူမှုတွင် ပုံမှန်လူ့သဘာဝ ရှိသူများ ပိုင်ဆိုင်သင့်သည့်အရာများ ပိုင်ဆိုင်လျှင် လူတို့က သင့်နောက်ကွယ်၌ သင့်အား မည်သို့အကဲဖြတ်နိုင်သည်ဆိုသည်က အရေးမကြီးပေ။ သင်က ဖြောင့်မတ်သော၊ စေ့စပ်သေချာသူဖြစ်သည်၊ မြင့်မြတ်သော အကျင့်ကောင်းရှိသော၊ အမှုအရာအားလုံးအပေါ် လေးနက်ပြီး တာဝန်သိစိတ်ရှိသည့် သဘောထားရှိသောသူတစ်ဦးဖြစ်သည်ဟု ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာတွင် ခံစားရလျှင် ၎င်းတို့သည် သင်နှင့် အချိန်အတန်ကြာ ထိတွေ့ပြီး အပြန်အလှန်ဆက်ဆံပြီးနောက် သင့်ကို အသိအမှတ်ပြုပြီး သင့်ကို အထင်ကြီးလာလိမ့်မည်။ ထို့နောက် သင်သည် လူတစ်ဦးအနေဖြင့် တန်ဖိုးရှိလာလိမ့်မည်။ ၎င်းတို့သည် သင်နှင့် အချိန်အတန်ကြာ ထိတွေ့ဆက်ဆံပြီးနောက် သင်က မည်သည့်အရာကိုမျှ ကောင်းစွာ မလုပ်ဆောင်သည်ကိုလည်းကောင်း၊ သင်သည် မည်သည့်အရာကိုမျှ သင်ယူလိုစိတ် မရှိဘဲ ပျင်းရိပြီး အစားကြီးသည်ကိုလည်းကောင်း၊ သင်၏ စံနှုန်းများက သင်၏ လုပ်ဆောင်နိုင်စွမ်းကို ကျော်လွန်သည်ကိုလည်းကောင်း၊ သင်သည် အလွန်ပင် မတော်လောဘရှိပြီး တစ်ကိုယ်ကောင်းဆန်ကာ အခြားသောအရာများ ရှိသည်ကိုလည်းကောင်း၊ သင်သည် သန့်ရှင်းမှုကို အလေးမထားဘဲ သင့်ပတ်ဝန်းကျင်အား ဂရုစိုက်ဖို့ မစဉ်းစားသည်ကိုလည်းကောင်း တွေ့မြင်လျှင်၊ သင်လုပ်ဆောင်သမျှတိုင်းတွင် နည်းလမ်းများအား မသိသည်ကိုလည်းကောင်း၊ သင်သည် အလွန်ပင် အစွမ်းအစ ညံ့ဖျင်းသည်ကိုလည်းကောင်း၊ သင်သည် ယုံကြည်ထိုက်သူ မဟုတ်သည်ကိုလည်းကောင်း၊ သင့်ကိုပေးသော မည်သည့်တာဝန်ကိုမဆို ကောင်းစွာမလုပ်ဆောင်နိုင်သည်ကိုလည်းကောင်း ၎င်းတို့မြင်လျှင် သင်သည် လူတို့အတွက် လုံးဝ အရေးပါမည်မဟုတ်သကဲ့သို့ လူတစ်ဦးအဖြစ် လူရာဝင်လိမ့်မည်မဟုတ်။ အခြားလူများအတွက် လုံးဝ အရေးမပါခြင်းသည် အရေးမကြီးပေ။ ခြုံငုံကြည့်လျှင် အရေးပါသည်မှာ သင်သည် စိတ်နှလုံး၊ သို့မဟုတ် ဝိညာဉ်မရှိဘဲ သားရဲတိရစ္ဆာန်ကဲ့သို့ ဘုရားသခင်၏ စိတ်နှလုံး၌ သင်သည် ယုတ်မာသောသူ၊ နိမ့်ကျသောသူ၊ တန်ဖိုးမဲ့သောသူလည်းဖြစ်လျှင် သင် ဒုက္ခရောက်ပြီဖြစ်သည်။ သင်သည် ကယ်တင်ခံရခြင်းနှင့် အလွန်ဝေးကွာဆဲ ဖြစ်သည်။ ကိုယ်ကျင့်စရိုက်က စံနှုန်းမပြည့်သည့်၊ အပြောနှင့် လုပ်ရပ်များက အလုံးစုံ စည်းမျဉ်းစည်းကမ်းမရှိသည့်၊ သားရဲတိရစ္ဆာန်ကဲ့သို့ဖြစ်သည့် မည်သူမဆိုအတွက် ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်ရှိသလော။ ငါမြင်သည်မှာ ၎င်းတို့သည် အန္တရာယ်ကျရောက်နေပြီ ဖြစ်သည်။ ၎င်းတို့သည် အနှေးနှင့် အမြန် ဖယ်ရှားရှင်းလင်းခြင်းခံရလိမ့်မည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။