အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၃) အခန်း နှစ်
ဖြည့်စွက်ချက်
“ရှောင်းဂျာအသက်တာ၏ တစ်နေ့တာ”
နောက်ထပ်အကြောင်းအရာကို သွားကြစို့။ မည်သည့်အရာ ဖြစ်လိမ့်မည်ထင်သနည်း။ ပုံပြင်ဇာတ်လမ်းတစ်ပုဒ်ကို ငါ ပြောသင့်သည်မှာ သေချာသလောက်ဖြစ်သည်။ ပုံပြင်ဇာတ်လမ်းများကလည်း သမ္မာတရားနှင့်လည်းကောင်း၊ လူ၏ ကျင့်ကြံပြုမူမှု၊ လုပ်ဆောင်မှု၊ ဘုရားသခင်ကို ကိုးကွယ်မှုတို့အတွက် စံသတ်မှတ်ချက်နှင့်လည်းကောင်း ပတ်သက်သည်။ ဤပုံပြင်ဇာတ်လမ်းက သမ္မာတရားနှင့်လည်းကောင်း၊ လူသား ပြုမူနေထိုင်မှုအတွက် စံသတ်မှတ်ချက်နှင့်လည်းကောင်း မည်သည့်ပတ်သက်မှု ရှိသည်ကို နားထောင်လော့။ ထိုပုံပြင်ဇာတ်လမ်းက ရှောင်းဂျာအသက်တာ၏ တစ်နေ့တာအကြောင်းကို ပြောသည်။ ငါတို့၏ အဓိကဇာတ်ကောင်မှာ ရှောင်းဂျာဖြစ်ပြီး အကြမ်းဖျင်းအနေဖြင့် ပုံပြင်ဇာတ်လမ်းသည် အချိန်မည်မျှကြာအောင် ဖြစ်ပျက်သနည်း။ (တစ်နေ့တာ ဖြစ်သည်။) တစ်နေ့တာဖြစ်၏။ လူအချို့က “တစ်နေ့တာ အဖြစ်အပျက်များသည် ပြောပင်ပြောထိုက်သလော”ဟု ပြောကောင်း ပြောနိုင်သည်။ ကောင်းပြီ၊ သင် ပြောသည့်အရာအပေါ် မူတည်၏။ ထိုအရာသည် အတင်းအဖျင်းနှင့် အမှန်၊ အမှားချည်းသာဖြစ်လျှင် မပြောထိုက်ပေ။ သို့သော် ထိုအရာက သမ္မာတရားနှင့် ပတ်သက်လျှင်၊ တစ်နေ့တာကိုမဆိုထားနှင့်၊ တစ်မိနစ်၏ အဖြစ်အပျက်များပင်လျှင် ပြောထိုက်ပေသည်၊ မှန်ပါသလော။ (မှန်ပါသည်။)
ရှောင်းဂျာသည် လိုက်စားမှုများနှင့်ပတ်သက်၍ စိတ်ပြင်းပြကာ သူ၏ တာဝန်ထမ်းဆောင်ခြင်းနှင့်ပတ်သက်၍ စိတ်ထက်သန်သောသူတစ်ဦးဖြစ်သည်။ ပြီးလျှင် သူ၏ ပုံပြင်ဇာတ်လမ်းမှာ သူ အိပ်ရာထပြီးနောက် မနက်ခင်းတစ်ခု အစောပိုင်းတွင် အစပြုသည်။ အိပ်ရာထ၊ ဘုရားနှုတ်ကပတ်တော် ဖတ်ရှုကာ သူ၏ ဝတ်ပြုခြင်းများ လက်တွေ့လုပ်ဆောင်ပြီးနောက်တွင် ရှောင်းဂျာသည် မနက်စာစားရန် ဦးတည်သွားပြီး ယာဂုတစ်ခွက်နှင့် ဟင်းသီးဟင်းရွက်အချို့ကို ယူလိုက်သည်။ ထို့နောက် ကြက်ဥအချို့ကို သူ မြင်ပြီး “ငါ နှစ်လုံးယူသင့်တယ်။ တစ်နေ့ ကြက်ဥနှစ်လုံးက လုံလောက်တဲ့ အာဟာရပဲ”ဟု တွေးလေသည်။ သို့သော် သူ လက်လှမ်းလိုက်ချိန်တွင်ပင် “နှစ်လုံးယူရမလား ဒါမှမဟုတ် တစ်လုံးယူရမလား။ ငါနှစ်လုံးယူတာ တခြားလူတွေမြင်ရင် ကောင်းမှာမဟုတ်ဘူး။ အရမ်းလောဘကြီးရာ ရောက်သလို ငါ အစားကြီးသူတစ်ယောက်ပဲလို့ တခြားလူတွေ ထင်မှာ။ တစ်လုံးထဲ ယူတာ ပိုကောင်းပါတယ်လေ”ဟု ချီတုံချတုံဖြစ်သွားသည်။ နောက်တစ်ကြိမ် လက်လှမ်းကာ ကြက်ဥတစ်လုံး မကောက်ကိုင်မီ သူ၏လက်ကို သူ ရုတ်လိုက်သည်။ ထိုအချိန်တွင်ပင် အခြားတစ်စုံတစ်ဦးက ကြက်ဥတစ်လုံးကို လာယူပြီး ထိုသူက ထိုသို့လုပ်ဆောင်စဉ် ရှောင်းဂျာ ရင်ထိတ်သွားသည်။ သူက “တကယ်တော့၊ ကြက်ဥတွေ မစားတာ အကောင်းဆုံးပဲ။ ငါ့မှာ ယာဂုနဲ့ ဟင်းသီးဟင်းရွက်တွေအပြင် မန်ထိုပေါက်စီတချို့လည်း ရထားပြီးပြီ။ အဲဒါ မနက်စာအတွက် လုံလောက်ပါတယ်။ ငါ အရမ်းလောဘမကြီးသင့်ဘူး။ ပြီးတော့ ဘာလို့ ကြက်ဥတွေကိုပဲ စားချင်ရတာလဲ။ တခြားလူတွေမြင်ရင် မကောင်းလိုက်တာ။ အဲဒါက မွေ့လျော်ခံစားတာ မဟုတ်လား။ ငါ တစ်လုံးမှ မယူတော့ဘူး”ဟု တွေးလေသည်။ ထိုသို့တွေးရင်းဖြင့် ရှောင်းဂျာက ကြက်ဥကို ပြန်ထားပြီး မနက်စာစားပြီးနောက် မိနစ်အနည်းငယ်အကြာတွင် သူ၏ တာဝန်ကို စတင်ထမ်းဆောင်သည်။ သူသည် လက်ထဲတွင်ရှိသည့် အလုပ်တာဝန်များဖြင့် တစ်ခုပြီးတစ်ခု ပြီးအောင်လုပ်ရင်း အလုပ်များခဲ့သည်။ အချိန်က မြန်ဆန်စွာ ကုန်ဆုံးသွားပြီး တစ်ခဏအတွင်း နေ့လယ်စာစားချိန်ရောက်သွားသည်။ အခြားလူတိုင်း ထမင်းစားဖို့ သွားကြသော်လည်း ရှောင်းဂျာက သူ၏ နာရီကို ကြည့်ပြီး နေ့လယ် ၁၂:၄၀ ဖြစ်သည်ကို သူ မြင်ရသည်။ “ခဏနေပါဦး။ တခြားလူတိုင်းက ထမင်းစားဖို့ သွားကြတဲ့အချိန်မှာ ငါ စားဖို့ လောမကြီးသင့်ဘူး။ တခြားလူတိုင်းနဲ့ ငါ အလောတကြီး ထွက်သွားရင် ငါက သူတို့လိုပဲ ဖြစ်သွားမှာဖြစ်ပြီး အစားကြီးတဲ့ပုံပေါက်မှာ မဟုတ်လား။ ငါ အချိန်နည်းနည်း ထပ်စောင့်လိုက်မယ်” ဟု တွေးမိသည်။ သူ လုပ်နေသည့်အရာကို ဆက်လုပ်လိုက်သည်။ သို့သော် သူ၏ ဗိုက်က သူ့ကို မှန်းချက်နှင့်နှမ်းထွက်မကိုက်ဖြစ်စေပြီး အသံ စ၍မြည်လာသည်။ သူသည် သူ၏ ဗိုက်ကို ကိုင်လိုက်ပြီး “ငါ ဆာနေပြီ။ ဒီနေ့ နေ့လယ်စာက ဘာများလဲ။ အသားနည်းနည်းများ ပါနိုင်မလား။ ငါ အသားနည်းနည်း စားလို့ရရင် သိပ်ကောင်းမှာပဲ”ဟု တွေးလျက် ကွန်ပျူတာကို ငေါင်ပြီး ကြည့်မိခဲ့သည်။ သူ တွေးနေစဉ် သူ၏ ဗိုက်က အသံဆက်မြည်နေပြီး ကြီးစွာသော အခက်အခဲဖြစ်နေသည့်ကြားမှ အခြားလူတိုင်းက နေ့လယ်စာစားရာမှ ပြန်လာကြသည်အထိ သူ စောင့်ဆိုင်းနိုင်ခဲ့သည်။ တစ်စုံတစ်ဦးက “မင်း ဘယ်လိုဖြစ်ပြီး နေ့လယ်စာ မစားတာလဲ။ အမြန် သွားလိုက်။ အစားအစာတွေက အေးကုန်တော့မယ်”ဟု ပြောသည်။ ရှောင်းဂျာက “အေးဆေးပါ။ ကျွန်တော် လုပ်နေတဲ့ဟာက မပြီးသေးဘူး။ ပြီးတဲ့အခါ သွားလိုက်ပါ့မယ်”ဟု ပြောသည်။ “မင်း စားပြီးတဲ့အခါ ဆက်လုပ်တာက ပိုမကောင်းဘူးလား။” “ကိစ္စမရှိဘူး။ မကြာခင် ပြီးတော့မှာပါ” ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ရှောင်းဂျာသည် သူ၏ ဆာလောင်မှုကို သည်းညည်းခံပြီး သူ၏ အလုပ်ကို ဆက်လုပ်ခဲ့သည်။ အမှန်တွင် သူသည် ယခု အလွန် ဆာလောင်နေပြီဖြစ်ပြီး အလုပ်ဆက်လုပ်ချင်စိတ် ဘာဆိုဘာမျှ မရှိပေ။ သို့သော် သူသည် သူ၏ ဆာလောင်မှုကို သည်းညည်းခံကာ ဆက်လက်ဟန်ဆောင်နေဆဲ ဖြစ်သည်။ အတန်ငယ်ကြာပြီးနောက် သူ၏ နာရီကို သူ ပြန်ကြည့်သည်။ နေ့လယ် ၁:၃၀ ဖြစ်သည်ကို တွေ့ပြီး “ဒီလောက်ဆိုရပြီ။ အခု ငါ နေ့လယ်စာသွားစားသင့်လောက်ပြီ ထင်တယ်”ဟု တွေးသည်။ သူ ထပြီး သွားစားတော့မည့်အချိန်တွင်ပင် ညီအစ်မတစ်ဦးက သူ့အတွက် အစားအစာ လင်ဗန်းတစ်ခု ယူလာပြီး “အရမ်းနောက်ကျနေပြီ။ ရှင်ဘာလို့ နေ့လယ်စာသွားမစားခဲ့တာလဲ။ ရှင် ဘယ်လောက်ပဲ အလုပ်များပါစေ၊ စားရဦးမယ်လေ။ အချိန်မီ အစာမစားရင် ရှင် အစာအိမ်ရောဂါတွေ ရလိမ့်မယ်”ဟု ပြောလေသည်။ သူက “ရပါတယ်။ အလုပ်ပြီးတဲ့အခါ ကျွန်တော် စားလိုက်မယ်”ဟု ပြန်ဖြေသည်။ “ရှင် သွားစရာမလိုပါဘူး။ ရှင့်အစားအစာကို ရှင့်ဆီ ကျွန်မ ယူလာတယ်။ ဒီတော့ အမြန်စားလိုက်” “ဘာလို့လောနေတာလဲ။ ကျွန်တော် ဗိုက်တောင်မဆာသေးဘူးကို” ဟူ၍ သူ မဆာကြောင်း ပြောချိန်တွင်ပင် သူ၏ ဗိုက်က မိုးခြိမ်းသံကဲ့သို့ အသံတစ်ခု မြည်သွားသည်။ ရှောင်းဂျာက သူ၏ ဗိုက်ကို ဆုပ်ကိုင်လိုက်သည်၊ မလုံမလဲ ပြုံးလိုက်ကာ ထိုညီအစ်မကို “နောက်တစ်ခါကျရင် ကျွန်တော့်ဆီ အစားအစာယူလာဖို့ စိတ်မပူပါနဲ့”ဟု ပြောလိုက်သည်။ “ဒါပေမဲ့ ကျွန်မ မယူလာရင် အစားအစာက ဒီအတိုင်း အေးကုန်ပြီး ပြန်နွှေးနေရမှာ။ တစ်ခါလည်း နွှေးထားပြီးသားလေ” “ကောင်းပါပြီ၊ အဲဒါဆိုလည်း ကျေးဇူးပါပဲ” ဟူ၍ ဖြစ်လေသည်။ သွားရည်ယိုလျက်ဖြင့် ရှောင်းဂျာက ထိုညီအစ်မထံမှ သူ၏ အစားအစာကို ယူလိုက်သည်။ ဗန်းထဲကို ကြည့်သည့်အခါ သူ အလွန်ပျော်သွားသည်။ မန်ထိုပေါက်စီနှစ်လုံး၊ ဟင်းသီးဟင်းရွက်များ၊ အသားနှင့် ဟင်းရည်ပါသည်။ မန်ထိုပေါက်စီများကို မြင်သည့်အခါ ရှောင်းဂျာ နောက်ထပ်အတွေးတစ်ခုရပြီး “မန်ထိုပေါက်စီနှစ်လုံးကို ကျွန်တော် မစားနိုင်ဘူး။ ဒီနေ့တွေမှာ ကျွန်တော် အရမ်းအလုပ်များတာ၊ ကောင်းကောင်း အိပ်မပျော်သလို အစားစားချင်စိတ် သိပ်မရှိဘူး။ ခင်ဗျား ကျွန်တော့်ကို မန်ထိုပေါက်စီနှစ်လုံးပေးရင် ဖြုန်းတီးရာရောက်တယ် မဟုတ်လား။ တစ်ခု ပြန်ယူသွားပါ”ဟု ထိုညီအစ်မကို ပြောလိုက်သည်။ “ကိစ္စမရှိဘူး။ တကယ် မကုန်နိုင်ရင်၊ ရှင် ပြန်ပို့လို့ရတယ်”ဟု ထိုညီအစ်မက ပြောပြီး ထွက်သွားသည်။ ရှောင်းဂျာက “အမြန် သွားလိုက်ပါတော့။ ငါ အရမ်းဆာနေပြီ”ဟု သူ့ဘာသာ တွေးမိသည်။ အနီးအနားတွင် မည်သူမျှ မရှိသည်ကို မြင်သော်လည်း အနည်းငယ် ရှက်စိတ်ခံစားဆဲဖြစ်လျက် သူက ပန်းကန်လုံးကို ကောက်ယူလိုက်ပြီး အသာကလေး နည်းနည်းချင်းစီ သောက်လိုက်သည်။ ထို့နောက် သူသည် အသားကို ကြည့်ကာ “ဝိုး။ မိုင်ပေါင်းများစွာ အဝေးကြီးကနေ ဝက်သားနှပ်ရဲ့ အနံ့ကို ငါ အနံ့ခံလို့ရတယ်။ ဒါပေမဲ့ ဒီဟင်းသီးဟင်းရွက်တွေကို အရင်စားရမှာဆိုတော့ အဲဒါကို ချက်ချင်း စားလို့မဖြစ်ဘူး။ ဟင်းသီးဟင်းရွက်နဲ့ ဗိုက်ပြည့်သွားရင် အသားကို ငါလျှော့စားမယ်။ မဟုတ်ရင် အသားပန်းကန်လုံး တစ်ဝက်ကို ကုန်အောင်စားမိပြီး အဲဒါ ရှက်စရာဖြစ်မှာ မဟုတ်လား”ဟု တွေးမိသည်။ ထိုသို့ မလုပ်ဆောင်မီ သူ တစ်ခဏ စဉ်းစားခဲ့သည်။ သူသည် မန်ထိုပေါက်စီများနှင့် ဟင်းသီးဟင်းရွက်များကို မြုံ့ဝါးပြီး ဟင်းရည်ကို သောက်သည်။ သူ စားနေရင်း အသားနည်းနည်း စားချင်သကဲ့သို့ ခံစားရသည်။ ထို့ကြောင့် ဝက်သားနှပ် တစ်တုံးကို သူ ညှပ်ယူလိုက်သည်။ သူ၏ ပါးစပ်သို့ပို့နေစဉ် မျက်လုံးများ မှိတ်ကာ ထိုအရာကို သေချာစွာ အရသာခံသည်။ “အရမ်းအရသာရှိတာပဲ။ အသားက တကယ် ကောင်းတယ်။ ဒါပေမဲ့ ငါ အများကြီး စားလို့မဖြစ်ဘူး။ တစ်လုတ်စာကပဲ လုံလောက်နေပါပြီ။ ပြီးတဲ့အခါ ဟင်းသီးဟင်းရွက်ကို ပိုစားပြီး ဟင်းရည် ပိုသောက်ရမယ်”ဟူ၍။ သူသည် ပေါက်စီများကို ဆက်စားသည်။ သို့သော် ဟင်းသီးဟင်းရွက်ကို စားနေစဉ် အသားကို သူ ကြည့်မြဲကြည့်နေမိသည်။ “ငါ အသားစားသင့်လား။ အဲဒါ အရမ်းကောင်းတာ။ မစားတာက တကယ်ကို ဝမ်းနည်းစရာဖြစ်မှာပဲ”ဟူ၍။ သူ တစ်ဖန် သွားရည်ယိုလာပြီး “ငါ သိပြီ။ ပေါက်စီတွေကို အစိတ်စိတ်အမွှာမွှာ ဖဲ့ပြီး အသားဟင်းရည်ထဲ နှစ်လိုက်မယ်။ အဲဒါက အသားစားတာနဲ့ အတူတူပဲ မဟုတ်လား။ ဒီလိုနဲ့ တခြားလူတွေက ငါ အသားမစားမှန်း တွေ့နိုင်တယ်။ ဒါပေမဲ့ အသားနဲ့တူတဲ့ အနံ့အရသာကို ငါ ရနေဦးမှာပဲ။ အဲဒါ ဘယ်လောက်ကောင်းလိုက်လဲ” ဟု တွေးမိသည်။ ဤအတွေးဖြင့် သူသည် မန်ထိုပေါက်စီအနည်းငယ်ကို အသားဟင်းရည်ထဲ နှစ်လိုက်ကာ ဆယ်ယူ၍ စားသုံးလိုက်ပြီး အသားကဲ့သို့ အရသာရှိ၍ တထေရာတည်းနီးပါး ဖြစ်သည်ကို သူ တွေ့ရသည်။ ထို့နောက် ရှောင်းဂျာက မန်ထိုပေါက်စီတစ်ခုလုံးကို ချက်ချင်း ဖဲ့လိုက်ပြီး အသားဟင်းရည်ထဲ ထည့်လိုက်သည်။ ဆယ်မိနစ်မပြည့်မီပင် အားလုံးကို သူစားလိုက်ပြီးဖြစ်သည့်အပြင် ဟင်းရည်ကိုလည်း ကုန်အောင်သောက်လိုက်ပြီးဖြစ်သည်။ သူသည် နောက်ထပ် မန်ထိုပေါက်စီတစ်လုံး စားလိုစိတ်ကို သည်းညည်းခံကာ မိမိကိုယ်ကို ချုပ်တည်းရင်း ပေါက်စီတစ်လုံးကိုသာ စားခဲ့သည်။ စီစဉ်ထားသည့်အတိုင်း ဟင်းပွဲအားလုံးကို ကုန်အောင်စားပြီးနောက်တွင် ရှောင်းဂျာသည် အနည်းနှင့်အများဆိုသလို ဗိုက်ပြည့်သွားပြီး နောက်ထပ် လိုအပ်သည်ဟု မထင်တော့ပါ။ ထို့နောက် သူက “အို၊ ငါ ဗိုက်အရမ်းဆာနေသလိုမျိုး အရမ်းမြန်မြန် စားတာက တကယ် မသင့်တော်ပါဘူး။ တကယ်တော့ ငါ အတော့်ကို ဆာနေတာ။ ဒါပေမဲ့ ငါ့ကို လူတွေ အဲဒီလို မြင်တာ မကောင်းဘူး။ ငါ ဖြည်းဖြည်း စားရမယ်။ ဒါပေမဲ့ အခု ငါ ကုန်အောင် စားပြီးသွားပြီးတဲ့နောက်တော့ ငါ ဘာလုပ်နိုင်လို့လဲ။ ဟုတ်ပြီ၊ ငါအကြံရပြီ။ ဆယ်မိနစ်နေမှ ငါ ပြန်ပို့မယ်”ဟု တွေးလိုက်သည်။ သူသည် သူ၏ နာရီကို ကိုင်ကာ စူးစိုက်ကြည့်ပြီး “ငါး မိနစ်၊ ဆယ်၊ ဆယ့်ငါး။ ဟုတ်ပြီ၊ နှစ်နာရီထိုးပြီ။ ကောင်းတယ်၊ ပြန်ပို့လိုက်”ဟု တွေးလေသည်။ ကျေနပ်အားရစွာဖြင့် သူသည် ကျန်သည့် အသားနှပ်နှင့် မန်ထိုပေါက်စီကို ပြန်ပို့လိုက်သည်။
ရှောင်းဂျာ ပြန်လာသည့်အခါ နေ့လယ် ၂ နာရီထိုးပြီးပြီဖြစ်သည်။ သူ၏ ညီအစ်ကို မောင်နှမများက ၎င်းတို့၏ နေ့လယ် အနားယူချိန်အတွက် သွားကြပြီဖြစ်ပြီး သူ့ဘာသာ ဘာမျှ လုပ်စရာမရှိသောကြောင့် သူ တကယ်ကို ငြီးငွေ့နေခဲ့သည်။ သူက “ငါလည်း တစ်မှေးအိပ်သင့်လား။ စားပြီးတော့ တစ်မှေးအိပ်တာ အမြဲတမ်း ကောင်းတယ်။ ဒါပေမဲ့ မဟုတ်သေးပါဘူး၊ တခြားလူတိုင်း အိပ်နေတုန်းမှာ ငါ အိပ်လိုက်ရင် ငါက ဘာဖြစ်သွားမလဲ။ ငါ အိပ်လို့မဖြစ်ဘူး။ ငါ ထိန်းထားရမယ်။ ဒါပေမဲ့ ဘယ်လို မအိပ်ဘဲနေရမလဲ။ မတ်တပ်ရပ်နေတုန်း ငါ အိပ်လို့ရမှာ မဟုတ်ပေမဲ့ အမြဲ ရပ်နေပြန်ရင်လည်း တစ်ယောက်ယောက် ရုတ်တရက် ဝင်လာရင် လန့်သွားမှာပဲ။ မဖြစ်ဘူး၊ ငါ ရပ်လို့မရဘူး။ ဟုတ်ပြီ၊ ဒါဆိုလည်း ငါ့ ကွန်ပျူတာရှေ့မှာပဲ ငါ ထိုင်နေလိုက်တော့မယ်။ တစ်ယောက်ယောက်က ငါ့ကို တွေ့ရင် ငါ အလုပ်လုပ်နေတယ်လို့ပဲ သူတို့ ထင်ရပေမဲ့ တကယ်တော့ ငါ အနားယူနေတာဖြစ်မှာပဲ။ ကောင်းလိုက်တဲ့ လုပ်ကွက်ပဲ”ဟု တွေးလေသည်။ ထို့ကြောင့် သူသည် ကွန်ပျူတာကို ငေးကြောင်ကြည့်ရင်း ကွန်ပျူတာ ရှေ့တွင် ဣန္ဒြေမပျက် ထိုင်နေသော်လည်း ငါးမိနစ်အတွင်းတွင် သူသည် အိပ်မောကျသွားပြီး ကီးဘုတ်ပေါ်တွင် ဟောက်နေသည်။ မိနစ်လေးဆယ်ကြာပြီးနောက် ရှောင်းဂျာသည် အလွန် အိပ်မောကျနေရာမှ ရုတ်တရက် နိုးကာ ခုန်ထပြီး “ငါ ရပ်နေတာ မဟုတ်လား။ ဘယ်လိုလုပ်ပြီး အိပ်ပျော်သွားရတာလဲ”ဟု ပြောလေသည်။ သူသည် အချိန်ကို ကြည့်ကာ နောက်ကျနေပြီဟူသည်ကို တွေ့ရပြီး မည်သူမျှမရှိစဉ် သူ၏ မျက်နှာကို သွားသစ်လေသည်။ သန့်စင်ခန်းထဲတွင် သူ့ကိုယ်သူ မြင်သည့်အခါ “အို၊ သွားပါပြီ။ ငါ့မျက်နှာမှာ ကီးဘုတ်ရာတွေနဲ့ ပြည့်နေတယ်။ ဘယ်လိုလုပ်ပြီး ဒီလို အမြင်ခံလို့ဖြစ်မလဲ”ဟုပြောလေသည်။ သူသည် သူ၏ မျက်နှာကို ပွတ်ကာ ဖွဖွပုတ်ရင်း ကပျာကယာ တိုက်ချွတ်ဆေးကြောကာ သန့်စင်ခန်းထဲတွင် အချိန်အတော်ကြာအောင် ရှိနေခဲ့သည်။ ထို့နောက် သူသည် မှန်ထဲကို ကြည့်ပြီး ကီးဘုတ်ရာများ ပျောက်လုနီးပါးဖြစ်သည်ကို တွေ့ကာ “တကယ် အာရုံမစိုက်ရင် ဘယ်သူမှ သတိထားမိမှာ မဟုတ်ဘူး”ဟု သူ၏ စိတ်နှလုံးတွင် ဝမ်းမြောက်သွားသည်။ ဤအရာပြီးနောက် သူသည် သူ၏ ဆံပင်ကို ဖြီးလိုက်ပြီး အင်္ကျီကော်လာကို ပြင်လိုက်ကာ သူ၏ အရောင်ဖျော့ဖျော့ ရှပ်အင်္ကျီ၏ ကော်လာမှာ အနည်းငယ် ဆီပေကျံနေသည်ကို ရုတ်တရက် သဘောပေါက်သွားသဖြင့် ပို၍ အနီးကပ် စစ်ဆေးကြည့်သည့်အခါ သူ၏ လက်အနားခေါက်လည်း အနည်းငယ် ညစ်ပတ်နေသည်။ သူက “အခုဆိုရင် ငါ့ ရေမချိုးတာ ဒါမှမဟုတ် အင်္ကျီမလဲတာ နှစ်ရက်၊ သုံးရက်ရှိနေပြီ။ ဒါပေမဲ့ မချိုးတဲ့အတွက် အကျိုးကျေးဇူးတချို့ ရှိတယ်။ အညစ်အကြေး နည်းနည်းက ဘယ်သူ့ကိုမှ လုံးဝ မထိခိုက်သလို၊ အညစ်အကြေး နည်းနည်းကြောင့် ငါ စိတ်အနှောင့်အယှက် မဖြစ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် နည်းနည်း ညစ်ပတ်ပေနေတာက ပိုပြီး ဝိညာဉ်ရေးရာ ပြည့်ဝတဲ့ပုံပေါ်တယ် မဟုတ်လား”ဟု သူ့ဘာသာ တွေးမိသည်။ သူသည် သူ့ရှပ်အင်္ကျီ၏ ကော်လာနှင့် အင်္ကျီလက်များကို ဖြန့်ထုတ်လိုက်ပြီး သူ့အပေါ်အင်္ကျီ၏ လက်များကို ခေါက်လိုက်ရာ ညစ်ပတ်သည့် နေရာများ ပေါ်ကုန်သည်။ အလွန် စိတ်ကျေနပ်လျက် သူသည် လန်းဆန်းရွှင်ပျသွားပြီး သန့်စင်ခန်းမှ တည်ငြိမ်စွာ ထွက်လာခဲ့သည်။ အတန်ငယ်ကြာပြီးနောက် လူအများစုက မိမိတို့နေရာများတွင် ရှိခဲ့ကြပြီး စတင်၍ အလုပ်များကြလေသည်။ အခြားလူအားလုံးက ရှိနေကြသည်ကို ရှောင်းဂျာက မြင်သည့်အခါ သူက “ခင်ဗျားတို့ ကြာကြာ မအိပ်ကြဘူးပဲ။ ခင်ဗျားတို့က တကယ်ကို ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးနိုင်ကြတာပဲ။ ကျွန်တော်က တစ်မှေးတောင် မအိပ်ဘဲ တစ်မိနစ်လောက် ကျွန်တော့်မျက်လုံးတွေကို အနားပေးပြီးတော့ မျက်နှာကို ရေနည်းနည်း ဖျန်းလိုက်တယ်။ မဟုတ်ရင် ကျွန်တော် ဘာအားအင်မှ ရှိမှာ မဟုတ်ဘူး”ဟု ပြောလေသည်။ မည်သူကမျှ ပြန်မဖြေကြ။ သူသည် အတော်လေး ငြီးငွေ့သွားသောကြောင့် သူလည်း အလုပ်လုပ်လိုက်သည်။ သူသည် နေ့လယ်စာတွင် ဟင်းရည် အလွန်များစွာ သောက်ခဲ့သောကြောင့် သန့်စင်ခန်းကို သုံးမြဲသုံးချင်ခဲ့သော်လည်း “ငါ သွားရင်၊ ပျင်းတယ်လို့ လူတွေ ထင်ကြမှာ မဟုတ်လား။ အဲဒါက ရှိလို့ကောင်းတဲ့နာမည်တစ်ခု မဟုတ်လို့ ငါ သွားလို့မဖြစ်ဘူး”ဟု တွေးလျက် သန့်စင်ခန်းသုံးလိုစိတ်ကို ခုခံခဲ့သည်။ ထို့ကြောင့် သူသည် နောက်ဆုံးတွင် အခြားတစ်စုံတစ်ဦးက သန့်စင်ခန်းသို့ သွားသည်အထိတိုင် သည်းညည်းခံရင်း ဆက်ထိန်းနေခဲ့ပြီး သူ၏ အခွင့်အရေးကို သူ မြင်သွားခဲ့သည်။ သူသည် “လူအုပ်နောက်ကိုပဲ လိုက်တာ ကောင်းတယ်။ ဒါဆို ဘယ်သူမှ ငါ့အကြောင်းပြောမှာ မဟုတ်ဘူး”ဟု တွေးလျက် အမြန် တန်းစီလိုက်သည်။
အလုပ်များသည့် နေ့လယ် ခင်းတစ်ခု ဖြစ်သည်။ ရှောင်းဂျာသည် ဤလူကို မိတ်သဟာယပြု၊ ထိုလူကို မေးခွန်းမေးလျက် မှီငြမ်းစရာများကို ရှာရင်းနှင့် သူ၏ တာဝန်များနှင့် ဆီလျော်သည့် အလုပ်တာဝန်မျိုးစုံကို လုပ်ဆောင်ကာ အလုပ်များစွာကို လုပ်ခဲ့သည်။ ပျားပန်းခပ်မျှ လှုပ်ရှားပြီးနောက် နောက်ဆုံးတွင် ညစာစားဖို့အချိန် ရောက်လာသည်။ ဤအကြိမ်တွင် ရှောင်းဂျာသည် အခြားသူများထက် အနည်းငယ်မျှသာ နောက်ကျခဲ့သော်လည်း အချိန်မီ အစားအစာကို အနည်းနှင့် အများဆိုသလို ကုန်အောင်စားခဲ့သည်။ ညစာစားပြီးနောက် အချိန်ပိုင်းသည် ရှောင်းဂျာ၏ တစ်နေ့တာ အပျော်ဆုံးအချိန်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်သည် မိမိကိုယ်ကို အပြစ်တင်ခြင်း တစ်ခုမျှ မရှိသကဲ့သို့ အခြားသူများ၏ ဝေဖန်မှုမရှိဘဲ အေးချမ်းသည့် စိတ်နှလုံးဖြင့် သူနှစ်သက်သည့် ကော်ဖီတစ်ခွက်ကို အေးအေးဆေးဆေး သောက်နိုင်သည့် တစ်ခုတည်းသောအချိန် ဖြစ်သောကြောင့် ဖြစ်သည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် သူ့ထံတွင် ကော်ဖီသောက်ဖို့ သူ လိုအပ်ရသည့် လုံလောက်သော အကြောင်းရင်းများ၊ အခြားလူတိုင်း၏ အမြင်တွင် လုံးဝ သဘာဝကျသော အကြောင်းရင်းများ ရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဤသည်မှာ သူ၏ အပျော်ရွှင်ဆုံးသော အချိန် ဖြစ်သည်။ သူ၏ ကော်ဖီကို သူ ဖျော်နေရင်းဖြင့် “အယ်၊ ဒီနေ့လည်း ထပ်ပြီး အချိန်ပို ဆင်းရဦးမှာပဲ။ ဘယ်လောက် ကြာမလဲတောင် မသိဘူး။ ဒီကော်ဖီက ငါ့ကို ဘယ်လောက်ကြာကြာ ထိန်းထားနိုင်မလဲဆိုတာ ငါ ကြည့်ရမယ်ထင်တယ်” ဟူ၍ မိမိဘာသာ တီးတိုးရေရွတ်လိုက်သည်။ သူသည် လူတိုင်းအား “ဘာလဲ။ ငါ့ကော်ဖီငါ သောက်နေတာ။ အဲဒါကို မင်းတို့ ဘာလုပ်မလို့လဲ”ဟု ပြောနေသည့်အလား လတ်လတ်ဆတ်ဆတ် နှပ်ထားသည့် ကော်ဖီကို စားပွဲပေါ် ဒုန်းခနဲ တင်လိုက်သည်။ သူ၏ အနီးအနားရှိ အခြားသူများကို သူ မျက်စိတစ်ချက် ဝေ့ကြည့်လိုက်သည်။ မည်သူကမျှ သူ့ကို ကြည့်မနေကြသော်လည်း သူသည် ခပ်တည်တည်ဖြင့် သူ၏ ခွက်ကို ကောက်ကိုင်ကာ ကော်ဖီကို တစ်ငုံစာ သောက်လိုက်ပြီး “ကော်ဖီကောင်းတယ်လို့ သူတို့အားလုံးပြောကြတယ်။ တကယ်ကောင်းတာပဲ။ နေ့တိုင်း မတူတဲ့ အတွေ့အကြုံပေးပြီး အရသာ ကွဲတယ်။ ကောင်းလိုက်တာ”ဟု တွေးနေမိသည်။ ကျေနပ်အားရလျက် သူသည် သူ၏ ကော်ဖီကို ဂုဏ်ယူစွာ ဖြည်းဖြည်းချင်း စုပ်သောက်ပြီးနောက် သူ၏ ညနေအလုပ်ကို ငေးငိုင်ကြည့်နေခဲ့သည်။ သူသည် အခြေခံအားဖြင့် စိတ်ထဲတွင် မည်သည့် ရည်မှန်းချက်မျှ မရှိသကဲ့သို့ အလုပ်များသည့် တစ်နေ့တာပြီးသည့်နောက်တွင် ပင်ပန်းနွမ်းနယ်သော်လည်း အတင်းတွန်း၍ ဆက်လုပ်ခဲ့သည်။ သူသည် တစ်စက်မျှ မငိုက်မျဉ်းခဲ့ရသကဲ့သို့ သူ ပင်ပန်းကြောင်း သို့မဟုတ် သူ၏ အလုပ်ကိုဖြစ်စေ၊ တာဝန်ကိုဖြစ်စေ ကိုင်တွယ်ရာတွင် ဝတ်ကျေတမ်းကျေ၊ တာဝန်မဲ့သည့် သို့မဟုတ် မရိုသေသော သဘောထား တစ်ခုခု ရှိကြောင်းကို အခြားသူတို့အား မြင်ခွင့်မပေးနိုင်ခဲ့ပေ။ ကိုယ့်ကိုယ်ကိုယ် အတင်း ရွှင်လန်းအောင်နေပြီး အလုပ်ဆက်လုပ်ရန် သူ၏ ကွန်ပျူတာရှေ့တွင် ထိုင်ကာ ကော်ဖီတစ်ခွက်ပြီးတစ်ခွက် အလိုအလျောက် သောက်လိုက်လေသည်။ သူ သောက်လေ၊ ပိုနိုးကြားလေဖြစ်လာပြီး အိပ်ချင်စိတ်နည်းလေ ဖြစ်လာခဲ့သည်။ ရှောင်းဂျာက “တစ်နာရီကျော်ပြီ၊ ဒါပေမဲ့ သုံးနာရီကြာနေဖို့ ကိုယ့်ဖာသာ ရည်မှန်းချက် ထားထားတဲ့အတွက် ငါ အိပ်လို့မရဘူး။ မနက် ၂:၅၀ မှာတောင် ငါ အိပ်လို့မဖြစ်ဘူး။ အဲဒါက ငါ့ကတိကို ငါ ချိုးဖောက်ရာကျပြီး ဘုရားအတွက် ငါ့မှာ ရှင်းပြစရာ ရှိမှာ မဟုတ်ဘူး။ ဒါက ဖန်ဆင်းခံတစ်ယောက် စောင့်ထိန်းသင့်တဲ့ ကတိတစ်ခုဖြစ်လို့ အဲဒါကို ငါ စောင့်ထိန်းရမယ်။ မနက် ၃ နာရီမှာ အိပ်မယ်လို့ ငါ ပြောထားလို့ ကော်ဖီ အများကြီး သောက်ရရင်တောင် မနက် ၃ နာရီမှာ ငါ အိပ်မယ်”ဟု သူ၏ နာရီကို ရံဖန်ရံခါ ကြည့်တတ်လေသည်။ ထို့ကြောင့် သူသည် သူ့ကိုယ်သူ စိတ်ဖြင့် ဘောင်ခတ်ကာ ထိန်းချုပ်ရင်း ကော်ဖီသောက်ပြီး သူ၏ ပင်ပန်းမှုကို ခုခံခဲ့သည်။ သုံးနာရီတွင် ရှောင်းဂျာတွင် ထမ်းဆောင်ရမည့် အရေးကြီးသည့် အလုပ်တာဝန်တစ်ခု ရှိခဲ့သည်။ ထို့ကြောင့် သူသည် သူ၏ ဖုန်းကို ယူပြီး ညီမရေ၊ ရှောင်းဂျာပါ။ မနက်ဖြန် မနက် ၁၀ နာရီမှာ အဖွဲ့စုဝေးပွဲတစ်ခုရှိတာကို မမေ့ဖို့ ညီမကို အရေးတကြီးသတိပေးစရာ ရှိတယ်။ အဲဒါက မဖြစ်မနေ တက်ရမှာဖြစ်ပြီး နောက်မကျနဲ့နော်ဟူ၍ ဖော်ပြထားသော စာတိုတစ်ခု ပို့လိုက်သည်။ အောက်တွင် ရှောင်းဂျာဟု လက်မှတ်ထိုးထားသည်။ စာတိုကို ပေးပို့ပြီးနောက် သက်သာရာရသွားသည့် တစ်ချိန်တည်းတွင် ရှောင်းဂျာက “အဲဒါကို ပို့တာကတော့ ပို့တာပေါ့လေ။ ဒါပေမဲ့ အဲဒါကို သူ မရရင်ရော ဘယ်လိုလုပ်မလဲ။ သူ့ကို ငါ စာပို့ထားတာ သူ သိရဲ့လား။ ငါ အိပ်လို့ မဖြစ်သေးဘူး။ သူ ပြန်ဖြေမလား ငါ စောင့်ကြည့်ဖို့ လိုတယ်”ဟုလည်း တွေးလေသည်။ ထိုနေရာတွင် နာရီဝက်ကြာ စောင့်ဆိုင်းပြီးနောက် ပြန်စာမရသေးဘဲဖြစ်နေ၍ သူက “သူ အိပ်ပျော်နေသလား။ ဘယ်လိုလုပ်ပြီး ဒီလောက် စောစောစီးစီး သူ အိပ်ပျော်နေရတာလဲ။ အသုံးမကျလိုက်တာ၊ သုံးနာရီမှာ အိပ်ပျော်သွားပြီ”ဟု တွေးလေသည်။ ထိုညီအစ်မက မနက် ၃:၅၀ တွင် မနက်ဖြန်မနက် ၁၀နာရီ နဲ့ပတ်သက်လို့ ကျွန်မ မမေ့ပါဘူး။ အစ်ကိုလည်း မမေ့ဘဲနဲ့ အချိန်မီ လာမယ်လို့ မျှော်လင့်ပါတယ်ဟု ပြန်ဖြေသည်ထိတိုင် သူ စောင့်ဆိုင်းခဲ့သည်။ ရှောင်းဂျာက ထိုအရာကို ဖတ်ပြီး “အို၊ ဒါက ဘယ်လိုလူစားမျိုးလဲ။ သူက ဘယ်လိုလုပ်ပြီး ငါ့ထက် ပိုနောက်ကျမှတောင် အိပ်ရာဝင်နိုင်တာလဲ”ဟု တွေးလေသည်။ သို့သော် သူသည် နောက်ထပ် မခံနိုင်တော့ပေ။ “ကော်ဖီ ထပ်မသောက်တော့ဘူး။ နောက်ထပ် သောက်ရင် ဒီတစ်ညလုံး ငါ အိပ်မှာ မဟုတ်တော့ဘူး။ မနက် ၅:၃၀၊ ၆နာရီမှာ အနောက်ကျဆုံးအနေနဲ့ ထရမှာဖြစ်လို့ ငါ အိပ်ရာဝင်ဖို့ လိုတယ်။ လူတိုင်းကို သူတို့ အိပ်ရာထပြီးတဲ့နောက်မှာ ငါ ဆုတောင်းနေတာ၊ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီး တရားဒေသနာတွေ နားထောင်နေတာ မြင်ခွင့်ပေးရမှာမို့လို့ တခြား ညီအစ်ကို မောင်နှမတွေထက် ငါ နောက်ကျလို့ မဖြစ်ဘူး။ ဒီတော့ ငါ အိပ်ရာထ နောက်ကျလို့ မဖြစ်ဘူး။ ဒီစာတိုကြောင့်ပဲ ငါ စောစော မအိပ်ခဲ့ရတာပဲ။ ဒါပေမဲ့ ကိစ္စမရှိဘူး၊ ငါ ညဉ့်နက်မှ အိပ်တာကို တခြားလူတွေ သိတယ်။ အဲဒီလိုဖြစ်ပေမဲ့ ငါ့ရည်မှန်းချက်ပြည့်ခဲ့သလို မနက်ဖြန် လေးနာရီမှာ အိပ်လို့ရအောင် ငါ ကြိုးစားမယ်” ရှောင်းဂျာသည် စဉ်းစားရန် ကြိုးစားနေခဲ့သော်လည်း မတတ်နိုင်ဘဲ အလွန် မူးနောက်နောက် ဖြစ်သဖြင့် သူ၏ အခန်းထဲသို့ သူ ပြန်ရောက်ချိန်တွင် သူ၏ အင်္ကျီများကိုပင် မချွတ်နိုင်ခဲ့ပေ။ သူသည် သူ၏ အိပ်ရာပေါ် ပြိုလဲသွားသည်၊ အိပ်ချင်မူးတူးဖြစ်နှင့်နေပြီဖြစ်သည်။ သို့သော် မနက်တွင် ကြက်ဥများကို မစားနှင့်၊ နေ့လယ်စာအတွက် မန်ထိုပေါက်စီတစ်လုံးသာ စားပါ၊ ဝက်သားနှပ်ကို မစားနှင့်၊ မနက် ၃ နာရီတွင် အိပ်ပါ၊ ပို့ရမည့် စာတိုများ ရှိသေးသည်...ဟူ၍ ကိုယ့်ကိုယ်ကိုယ် အတင်းအမှတ်ရအောင် လုပ်နေဆဲဖြစ်သည်။ ရှောင်းဂျာ တွေးပြီးရင်း တွေးရင်းဖြင့် နောက်ဆုံးတွင် ပင်ပန်းခြင်း၊ ခြေကုန်လက်ပန်းကျခြင်း၊ အိပ်မက်များနှင့် ထင်ယောင်ထင်မှားဖြစ်ခြင်းတို့ဖြင့် အိပ်မောကျလျက် ငြိမ်သက်စွာ လဲလျောင်းနေလေသည်။ ဤသည်မှာ ရှောင်းဂျာ အသက်တာ၏ တစ်နေ့တာ ဖြစ်သည်။
ငါ့ကို ပြောလော့၊ ယင်းသည် မည်သည့်အရာကြောင့်သာ ဖြစ်သနည်း။ ထိုသို့ အမြဲ ဟန်ဆောင်ရန်မှာ ရှောင်းဂျာအတွက် ပင်ပန်းစရာ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) စက်ရုပ်များသည် အာရုံခံစားမှုများနှင့် သိမြင်မှုတို့ မရှိသောကြောင့် အလားတူ အရာကိုပင် တစ်နေ့လုံး လုပ်ရသည်ကို မပင်ပန်းကြချေ။ သို့သော် ထိုအရာသည် လူတို့အတွက် ခြေကုန်လက်ပန်းကျစရာ ဖြစ်သည်။ ရှောင်းဂျာသည် သူ အလွန်ပင်ပန်းချိန်တွင် အဘယ်ကြောင့် ထိုသို့ အသက်ရှင်ခဲ့သနည်း။ ထိုအရာကို အဘယ်ကြောင့် သူ လုပ်ဆောင်ခဲ့သနည်း။ သူ့ထံတွင် အစီအစဉ်တစ်ခု ရှိသလော။ (ရှိပါသည်။) သူ၏ အစီအစဉ်သည် မည်သည့်အရာကို ဗဟိုပြုနေခဲ့သနည်း။ (အခြားသူများထံ ကြွားဝါခြင်း ဖြစ်သည်။) ကြွားဝါခြင်းသည် သူ့အတွက် အကျိုးတစ်ခုတလေ ရှိခဲ့သလော။ (လူတို့အား သူ့ကို လေးစားစေနိုင်မည်ဖြစ်သည်။) ထိုအရာက လူတို့အား သူ့ကို လေးစားစေနိုင်မည်။ ရှောင်းဂျာ၏ လုပ်နည်းကိုင်နည်းကို သင်တို့ ရင်းနှီးသလော။ မည်သည့် လူစားမျိုးက ထိုသို့ ပြုမူဆောင်ရွက်ကြသနည်း။ (ဖာရိရှဲများဖြစ်သည်။) မှန်ပေ၏။ ဖာရိရှဲများက အပြုအမူကောင်းများ၊ လူတို့၏ အယူအဆများနှင့် ကိုက်ညီသည့် အပြုအမူများနှင့် အလေ့အထများကို ယူကြပြီး ၎င်းတို့ အကောင်းမြင်ခံရကာ ကိုးကွယ်ခံရရန်အလို့ငှာ ယင်းတို့ကို အခြားသူများရှေ့တွင် လုပ်ပြကြသည်။ ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေခြင်းနှင့်ဆိုင်သည့် ၎င်းတို့၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိရန် ဤနည်းလမ်းကို အသုံးပြုကြသည်။ ၎င်းတို့အနေဖြင့် အခြားသူများထံ ကြွားဝါဖို့ ဤသို့ ဟန်ဆောင်ခြင်းနှင့် အပြုအမူကောင်းမျိုးစုံကို လုပ်ဆောင်ခြင်း၏ အခြေခံ သဘောသဘာဝမှာ အဘယ်နည်း။ ဟန်ဆောင်ခြင်း၊ လှည့်စားခြင်း၊ အထင်အမြင်မှားစေခြင်းနှင့်ဆိုင်သည့် သဘာဝတစ်ခု ဖြစ်သည်။ အခြားတစ်ခုတလေ ရှိသေးသလော။ (ဝိညာဉ်ရေးရာပြည့်ဝယောင် ဟန်ဆောင်ခြင်း ဖြစ်သည်။) ရှောင်းဂျာ၏ နေ့ရက်တွင် အမှုအရာ မည်မျှက စိတ်သဘောထားများနှင့် သက်ဆိုင်ပြီး ဟန်ဆောင်နိုင်စွမ်း ရှိသူအားလုံးတွင် တွေ့နေကျဖြစ်သနည်း။ ကြက်ဥများ စားခြင်း၊ မန်ထိုပေါက်စီများ စားခြင်း၊ ဝက်သားနှပ် စားခြင်းနှင့် ကော်ဖီသောက်ခြင်းတို့ ဖြစ်သည်။ ဤအရာအားလုံးသည် အပြင်ပန်းအရာများဖြစ်သော်လည်း ယင်းတို့အတွင်းတွင် မည်သည့်အနှစ်သာရကို သင် မြင်နိုင်သနည်း။ ဟန်ဆောင်ခြင်းနှင့် မိမိကိုယ်ကို ထိန်းချုပ်ခြင်းတို့ ဖြစ်သည်။ မည်သည့် ဟန်ဆောင်ခြင်းဖြစ်သနည်း။ (ဆင်းရဲဒုက္ခခံစားခြင်းနှင့်ဆိုင်သော ဟန်ဆောင်ခြင်း ဖြစ်သည်။) လူတို့သည် ဆင်းရဲဒုက္ခခံစားခြင်းကို ကောင်းသောအရာတစ်ခုအဖြစ် ရှုမြင်ကြသလော၊ မကောင်းသောအရာတစ်ခုအဖြစ် ရှုမြင်ကြသလော။ (ကောင်းသောအရာတစ်ခုအဖြစ် ဖြစ်သည်။) ဆင်းရဲဒုက္ခခံစားခြင်းသည် လူတိုင်းက အလွန် လေးစားကြသည့် အပြုအမူကောင်းတစ်ခု ဖြစ်သည်။ ထိုအရာကို မည်သည့်အရာဖြစ် လူတို့ ယူဆကြသနည်း။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအဖြစ် ယူဆကြသည်။ ထို့ကြောင့် ရှောင်းဂျာသည် ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးရန် တွေဝေခြင်း မရှိခဲ့ပေ။ သူ၏ ဆင်းရဲဒုက္ခတွင် မည်သည့်အရာ ပါဝင်ခဲ့သနည်း။ အစားအသောက်ကောင်းများ မစားခြင်းနှင့် ညဉ့်နက်အောင်နေခြင်း၊ မနက်စောစောထခြင်းနှင့် သူ၏ ကိုယ်ကိုထိုး၍နှိပ်စက်ခြင်းတို့ ဖြစ်သည်။ ဤဆင်းရဲဒုက္ခမျိုးများ၏ သဘောသဘာဝမှာ အဘယ်နည်း။ ဟန်ဆောင်မှုချည်းသာ ဖြစ်သည်။ သူသည် သမ္မာတရား သို့မဟုတ် ဖြောင့်မတ်ခြင်းတရားအတွက် ဆင်းရဲဒုက္ခမခံခဲ့ဘဲ၊ အခြားသူတို့၏ လေးစားခြင်းနှင့် ကြည်ညိုခြင်းအပြင်၊ မိမိအတွက် ဂုဏ်သတင်းကောင်းနှင့် ဩဇာတိက္ကမအတွက် ဆင်းရဲဒုက္ခခံခဲ့ခြင်း ဖြစ်သည်။ သမ္မာတရားအတွက် သူ ဆင်းရဲဒုက္ခခံခဲ့သလော။ (မခံခဲ့ပါ။) သူ၏ လုပ်ရပ်များထဲမှ မည်သည့်အရာသည် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီပြီး သမ္မာတရားအတွက် မိမိကိုယ်ကို ပုန်ကန်ကာ ကိုယ်ကျိုးစီးပွားကို ဘေးဖယ်ထားခြင်း ဖြစ်သနည်း။ ယင်းတို့တွင် တစ်ခုတလေ ရှိခဲ့သလော။ (မရှိခဲ့ပါ။) သူ၏ ဆင်းရဲဒုက္ခခံစားခြင်း သဘောသဘာဝမှာ အဘယ်နည်း။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်ခဲ့သလော။ သမ္မာတရားအတွက် သူ၏ ချစ်ခြင်းမေတ္တာ သရုပ်သကန်တစ်ခု ဖြစ်ခဲ့သလော။ (မဖြစ်ခဲ့ပါ။) ကောင်းပြီ၊ မည်သည့်အရာ ဖြစ်ခဲ့သနည်း။ (သူတော်ကောင်းယောင်ဆောင်ခြင်း ဖြစ်သည်။) သူတော်ကောင်း ယောင်ဆောင်ခြင်းဖြစ်သည်။ ထိုအရာသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းဖြစ်သည်၊ လှည့်စားမှု၊ ဟန်ဆောင်မှု၊ အယောင်ဆောင်ခြင်းနှင့် အထင်အမြင်မှားစေခြင်း ဖြစ်သည်။ ထိုအရာသည် သူ၏ စိတ်ကူးများနှင့် အယူအဆများပေါ် အခြေခံပြီး သူ၏ ကိုယ်ကျိုးစီးပွားကို ဗဟိုပြုသည့် လုပ်ရပ်များနှင့် ရွေးချယ်မှုများ သက်သက်ဖြစ်ကာ သမ္မာတရားနှင့် လုံးဝ ပတ်သက်ခြင်း မရှိပေ။ သူသည် သမ္မာတရားကို ရှာဖွေနေခြင်း မရှိခဲ့ပေ။ ထို့ကြောင့် သူ၏ လုပ်ရပ်များသည်လည်း သမ္မာတရား မဟုတ်ပေ။ ယင်းတို့သည် သမ္မာတရားနှင့် လုံးဝ ပတ်သက်ခြင်း မရှိသည်သာမက သူ၏ စိတ်နှလုံး အတွင်းနက်နက် နေရာများတွင် ပါရှိသည့် လူ့သဘာဝ၏ ပုံမှန်လိုအပ်ချက်များနှင့်လည်း လုံးဝ ဆန့်ကျင်နေခဲ့သည်။ ကြက်ဥများစားခြင်းသည် အပြစ်တစ်ခု ဖြစ်သလော။ (မဟုတ်ပါ။) သို့သော် ရှောင်းဂျာက ကြက်ဥများစားခြင်းကို လောဘကြီးခြင်းအဖြစ် မြင်ခဲ့သည်။ ကြက်ဥများသည် လူအတွက် ဘုရားသခင် ဖန်ဆင်းခဲ့သည့် အစာတစ်မျိုး ဖြစ်သည်။ ယင်းတို့ကို သင် စားနိုင်စွမ်းလျှင် ထိုသို့စားခြင်းမှာ လောဘကြီးခြင်း မဟုတ်ပေ။ သို့သော် ယင်းတို့ကို စားရန် သင့်တွင် ငွေမရှိဘဲ သင်က အခြားသူများ၏ ကြက်ဥများကို ခိုးယူကာ စားလျှင် ယင်းမှာ လောဘကြီးခြင်း ဖြစ်သည်။ ဤကိစ္စရပ်ကို ရှောင်းဂျာက မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့သနည်း။ ကြက်ဥများကို စားခြင်းက လောဘကြီးခြင်းဖြစ်ကြောင်းနှင့် အခြားသူများက ထိုအရာကို မြင်လျှင် သာ၍ပင် လောဘကြီးခြင်းဖြစ်ကြောင်း သူ ယုံကြည်ခဲ့သည်။ မည်သူကမျှ မမြင်ဘဲ ၎င်းတို့ နောက်ကွယ်တွင် ကြက်ဥများကို သူ စားနိုင်ခဲ့မည်ဆိုလျှင် ယင်းမှာ လောဘကြီးခြင်း ဖြစ်မည်မဟုတ်ဟု သူ ထင်ခဲ့သည်။ လောဘကို တိုင်းတာခြင်းအတွက် သူ၏ စံနှုန်းမှာ အဘယ်နည်း။ တစ်ဦးတစ်ယောက်က မြင်၊ မမြင်ဟူသည့်အပေါ် အခြေခံခဲ့သည်။ ထိုအရာကို ဘုရားနှုတ်ကပတ်တော်များအပေါ် သူအခြေခံခဲ့သလော။ အခြေမခံခဲ့ပေ၊ ထိုအရာသည် သူ၏ ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာ အမြင်ဖြစ်သည်။ အမှန်တွင် ကြက်ဥများကို စားခြင်းနှင့်ဆိုင်သော ဤကိစ္စရပ်အပေါ် အခြားသူများတွင် အတွေးများ သို့မဟုတ် အမြင်များ တစ်ခုတလေ ရှိသလော။ (မရှိပါ။) ဤသည်မှာ ရှောင်းဂျာက သူ့ဘာသာ လုပ်ကြံဖန်တီးခဲ့သည့် သဘောတရားတစ်ခု သက်သက် ဖြစ်သည်။ မနက်စာအတွက် ကြက်ဥစားခြင်းသည် လောဘကြီးခြင်း၊ ကိုယ်စိတ်ချမ်းသာမှုအတွက် စိတ်အလိုလိုက်ခြင်းနှင့် ဇာတိပကတိအတွက် အရေးထားခြင်းဖြစ်သည်ဟု သူ ယုံကြည်ခဲ့သည်။ သို့ဆိုလျှင် သူ၏ အမြင်ပေါ်အခြေခံ၍ ကြက်ဥများကို စားသောသူများ အားလုံးသည် ကိုယ်စိတ်ချမ်းသာမှုအတွက် မွေ့လျော်ခံစားနေကြခြင်းနှင့် ဇာတိပကတိကို အရေးထားနေကြခြင်း ဖြစ်သည် မဟုတ်လော။ သူ၏ သွယ်ဝိုက်သော အဓိပ္ပာယ်မှာ “သင်တို့အားလုံးက ကြက်ဥများ စားသည့်အခါ သင်တို့သည် ဇာတိပကတိကို အရေးထားနေခြင်းဖြစ်သည်။ ကျွန်ုပ်သည် ဇာတိပကတိကို အရေးမထားပါ။ ကိုယ့်ကိုယ်ကိုယ် ကျွန်ုပ် ချုပ်တည်းနိုင်သည်။ ထို့ကြောင့် ကြက်ဥများကို ကျွန်ုပ် မစားပါ။ ကြက်ဥများကို ကျွန်ုပ် ရှေ့တည့်တည့်တွင် ထားလော့၊ ပြီးလျှင် ထိုကြက်ဥများကို ကျွန်ုပ် ကောက်ကိုင်ပြီးနောက်တွင်ပင် ပြန်ထားနိုင်သေးသည်။ ယင်းမှာ ကျွန်ုပ်တွင်ရှိသည့် စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် စိတ်ပိုင်းဖြတ်ချက်မျိုးသာ ဖြစ်ပြီး ယင်းမှာ သမ္မာတရားကို ကျွန်ုပ် ချစ်သည့်ပမာဏဖြစ်သည်။ သင်တို့ ထိုသို့ လုပ်ဆောင်နိုင်ကြသလော။ သင်တို့ မလုပ်ဆောင်နိုင်လျှင် သမ္မာတရားကို သင်တို့ မချစ်ကြပါ” ဟူ၍ ဖြစ်သည်။ သူ၏ အယူအဆကို သူ မည်သည့်အရာအဖြစ် သဘောထားခဲ့သနည်း။ အမှန်နှင့်အမှားကို တိုင်းတာခြင်းအတွက် စံနှုန်းအဖြစ် ဖြစ်သည်။ ဤသည်မှာ အယောင်ဆောင်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ အယောင်ဆောင်ခြင်း ဖြစ်သည်။
ရှောင်းဂျာ ပြသခဲ့သည့် နောက်ထပ် သရုပ်သကန်မှာ သူသည် နေ့လယ်စာစားချိန်တွင် သွားမစားခဲ့ခြင်း ဖြစ်သည်။ ထိုအစား မည်သည့်အရာကို သူ လုပ်ဆောင်ခဲ့သနည်း။ (ရွှေ့ဆိုင်းခဲ့သည်။) သူသည် သူ၏ ဆာလောင်မှုကို မျိုသိပ်ခဲ့ပြီး သွားစားဖို့ ရွှေ့ဆိုင်းခဲ့သည်။ သို့သော် အဘယ်ကြောင့်နည်း။ (အခြားသူများကို ကြွားဝါရန် ဖြစ်သည်။) သူသည် ဟန်ဆောင်လုပ်ပြနေခြင်းဖြစ်ပြီး အခြားသူများ မြင်ရန်အတွက် ဤအရာကို လုပ်နေခြင်း ဖြစ်သည်။ သူသည် အခြားသူများအား ဤအရာမှ မည်သည့်အရာကို မြင်စေလိုပြီး နားလည်စေလိုခဲ့သနည်း။ သူမည်မျှ ဆင်းရဲဒုက္ခခံနိုင်ကြောင်းနှင့် သူ၏ အလုပ်တွင် သူ လုံ့လဝီရိယရှိပုံ၊ သစ္စာစောင့်သိပုံ၊ စိတ်ထက်သန်ကာ တာဝန်သိပုံတို့ကို အခြားသူများထံ သူ ပြချင်ခဲ့သည်။ သူသည် အမှန်တကယ် မဟာလူသားဖြစ်ကြောင်းကို လူတို့အား သူ မြင်စေချင်ခဲ့သည်။ ထို့နောက် သူသည် သူ၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိပြီး ဖြစ်ပေမည်။ ယင်းမှာ သူ လိုချင်ခဲ့သည့် အကဲဖြတ်ချက်ဖြစ်သည်။ ထိုအကဲဖြတ်ချက်သည် သူ့အတွက် မည်သည့်အရာ ဆိုလိုခဲ့သနည်း။ ထိုအရာသည် သူ၏ ဘဝ၊ သူ၏ အသက်သွေးကြော ဖြစ်ခဲ့သည်။ ဤသည်မှာ သမ္မာတရားကို ချစ်ခြင်းလော။ (မဟုတ်ပါ။) သို့ဆိုလျှင် သူကဲ့သို့သောလူများသည် မည်သည့်အရာကို နှစ်သက်သနည်း။ ၎င်းတို့သည် ကြွားဝါရန်၊ ကြံစည်ခြင်းနှင့် ကျိတ်ကြံခြင်းတို့တွင် ပါဝင်ရန်နှင့် အယောင်ဆောင်ဗန်းပြလုပ်ခြင်း၊ ၎င်းတို့မည်မျှ ဆင်းရဲဒုက္ခခံစားနိုင်ပုံကို ပြသခြင်းအားဖြင့် အခြားသူများကို လှည့်ဖြားရန် တွန့်ဆုတ်ခြင်းမရှိဘဲ ထိုသို့ဖြင့် “သင်သည် ဆင်းရဲဒုက္ခကို အမှန်တကယ် သည်းညည်းခံနိုင်သည်။ သင်သည် ဘုရားသခင်ကို အမှန်တကယ် ချစ်သောသူတစ်ဦးဖြစ်ပြီး သင်၏ တာဝန်ကို သစ္စာစောင့်သိမှုဖြင့် သင် လုပ်ဆောင်သည်”ဟူသကဲ့သို့သော မှတ်ချက်များကို ရရှိကြလေသည်။ ၎င်းတို့သည် အခြားသူများထံမှ ကောင်းမွန်သော စကားတစ်ခွန်း သို့မဟုတ် နှစ်သက်ဖွယ်သော အကဲဖြတ်ချက်ရရန် သက်သက်အတွက် တကယ့် အမှန်တရားများကို ဖုံးကွယ်ရန်၊ ဘုရားသခင်ကို လှည့်စားပြီး အခြားသူများကို လိမ်ရန် အတုအယောင် သွင်ပြင်များနှင့် လှည့်ကွက်များကို အသုံးပြုဖို့ မတွန့်ဆုတ်ကြပေ။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ (ကောက်ကျစ်ဆိုးယုတ်သည့် စိတ်သဘောထား ဖြစ်သည်။) ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ပေသည်။ ၎င်းတို့သည် ဟန်ဆောင်ခြင်းနှင့် ဟန်ပြခြင်းအပြင် လှည့်ကွက်များ လုပ်ဆောင်ခြင်းတွင် အလွန်တော်ကြသည်။ ထိုအရာသည် အစားအစာတစ်ခုမျှသာဖြစ်သည်၊ တည်ငြိမ်စွာ သွားစားခြင်းနှင့်ပတ်သက်၍ မည်သည့် ပြဿနာ ရှိသနည်း။ အသက်ရှင်သည့် မည်သည့်လူသည် မစားဘဲနေသနည်း။ အချိန်မီ စားရန်မှာ အပြစ်တစ်ခုလော။ ဆာလောင်သည့်အချိန်တွင် စားရန် တစ်စုံတစ်ရာ ရှာခြင်းသည် အပြစ်တစ်ခုလော။ (မဟုတ်ပါ။) ထိုအရာသည် ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တစ်ခု ဖြစ်သည်။ ထိုအရာသည် အကျိုးသင့်အကြောင်းသင့်ဖြစ်သည်။ ဤလူများသည် ကျိုးကြောင်းသင့်သော လိုအပ်ချက်များအားလုံးကို ကျိုးကြောင်းမသင့်သောအရာအဖြစ် သဘောထားပြီး ယင်းတို့ကို ရှုတ်ချကြသည်။ မည်သည့်အရာကို ၎င်းတို့ ထောက်ခံအားပေးကြသနည်း။ ၎င်းတို့သည် အမြဲ ကိုယ်ကိုထိုး၍နှိပ်စက်ခြင်း၊ မှန်ကန်သည့် အချက်အလက်များကို ဖုံးကွယ်ခြင်းနှင့် အခြားသူများက ၎င်းတို့ ဆင်းရဲဒုက္ခခံပုံ၊ ကိုယ်စိတ်ချမ်းသာမှုအတွက် မွေ့လျော်ခံစားခြင်းကို ၎င်းတို့ ရှောင်ကြဉ်ပုံနှင့် မည်သည့်အဖိုးအခမဆို ပေးပြီး မိမိတို့အလုပ်အတွက် ၎င်းတို့ ရှိသမျှ ၎င်းတို့၏ အချိန်၊ အားအင်နှင့် အရာရာကို ပေးအပ်ပုံတို့ကို မြင်နိုင်ရန်အလို့ငှာ ဟန်ဆောင်ဗန်းပြခြင်းတို့အား ထောက်ခံအားပေးကြသည်။ ဤသည်မှာ လူတို့အား ၎င်းတို့က မြင်စေချင်သည့်အရာ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ အမှန်တကယ် လုပ်ဆောင်ကြသည့်အရာ ဖြစ်သလော။ မဟုတ်ပေ။ ၎င်းတို့သည် အခြားသူများကို အတုအယောင် သွင်ပြင်များဖြင့် အထင်အမြင်မှားစေကြပြီး ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ အစာစားခြင်းလောက် အရေးမပါသည့် အရာတစ်ခုနှင့်ပတ်သက်၍ ၎င်းတို့က များစွာကြိုးစားအားထုတ်ကြသည်။ ၎င်းတို့သည် မည်သည့် လူစားမျိုးများ ဖြစ်ကြသနည်း။ ဤသည်မှာ ပုံမှန်လူ့သဘာဝရှိသည့် လူတစ်ဦး လုပ်ဆောင်သင့်သည့်အရာလော။ (မဟုတ်ပါ။) မဟုတ်ပေ။ ထိုအရာသည် ကောက်ကျစ်လွန်း၏။ အရေးမပါသည့် ကိစ္စရပ်တစ်ခုနှင့်ပတ်သက်၍ တစ်စုံတစ်ဦးက အလွန်ကြွားဝါလွန်းခြင်းအကြောင်းကို ကြားလျှင် လူအများစုက အသိအမှတ်ပြုကြမည်လော သို့မဟုတ် စက်ဆုပ်ကြမည်လော။ (စက်ဆုပ်ကြမည်ဖြစ်သည်။) သင်တို့သည် ဤသို့ တစ်ကြိမ်တစ်ခါမျှ ပြုမူဆောင်ရွက်နိုင်ကြသလော။ (တစ်ခါတစ်ရံဖြစ်သည်။) ဤမျှလောက် လေးနက်သလော။ (မလေးနက်ပါ။) ဆာလောင်မှုသည် ခံရခက်သော ခံစားချက်တစ်ခု ဖြစ်သော်လည်း လူအချို့သည် ဤဆင်းရဲဒုက္ခကို သည်းခံနိုင်ကြသည်။ ဘုရားနှုတ်ကပတ်တော်များကို ကျိုးနွံနာခံရန်၊ သူ၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ အားထုတ်ရန်၊ ဘုရားနှုတ်ကပတ်တော်များ၏ စည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်ကာ ရိုးသားစွာ စကားပြောရန် ၎င်းတို့ကို သင် စေခိုင်းလျှင် ထိုအရာက အလွန် ပင်ပန်းပြီး ခက်ခဲသည်ဟု ၎င်းတို့ မြင်ကြပေမည်။ ဤလူများအတွက် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားနှင့် မာနတို့ကို စွန့်ခြင်းသည် ကောင်းကင်သို့တက်ခြင်းထက် သာ၍ ခက်ခဲမည်ဖြစ်သည်။ သို့သော် ၎င်းတို့သည် အဖိုးအခ မည်မျှပေးရပါစေ ဘုရားနှုတ်ကပတ်တော်များကို ဘေးဖယ်ရန်၊ ၎င်းတို့ကိုယ်ပိုင် စိတ်ကူးများအတိုင်း ပြုမူဆောင်ရွက်ကာ ၎င်းတို့ကိုယ်ပိုင် ဇာတိပကတိဆိုင်ရာ ကိုယ်ကျိုးစီးပွားကို ကာကွယ်ရန် လိုလားနေကြလေသည်။ ဤသည်မှာ သမ္မာတရားကို မချစ်ခြင်း၏ သရုပ်သကန်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ထိုအရာသည် သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။
ရှောင်းဂျာသည် အခြားမည်သည့် သရုပ်သကန်များကို ပြသခဲ့သနည်း။ သူသည် အလွန်အိပ်ချင်သော်လည်း အိပ်ရာမဝင်ခဲ့ပေ။ ငါ့ကို ပြောလော့၊ တစ်စုံတစ်ဦးသည် အိပ်ချင်ပြီး တစ်ခဏ အိပ်ရာဝင်လျှင် သို့မဟုတ် ခဏတဖြုတ် တစ်မှေးအိပ်ပြီးနောက် အလုပ်အတွက် ခွန်အားပိုရှိလျှင် ဤသည်မှာ ကျိုးကြောင်းသင့်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ကျိုးကြောင်းသင့်ပေ၏။ အိပ်စက်ခြင်းအတွက် ရှောင်းဂျာကို တစ်ဦးတလေက ရှုတ်ချမည်လော။ (ရှုတ်ချမည် မဟုတ်ပါ။) သို့ဆိုလျှင် သူ့ကို မည်သူကမျှ ရှုတ်ချမည်မဟုတ်လျှင်၊ အဘယ်ကြောင့် သူ အလွန် ကြောက်လန့်ခဲ့သနည်း။ မည်သည့်အရာကို သူ ကြောက်ရွံ့ခဲ့သနည်း။ (တစ်စုံတစ်ရာ လွှတ်ခနဲပြောမိမည်ကို ဖြစ်သည်။) မှန်၏၊ သူသည် တစ်စုံတစ်ရာ လွှတ်ခနဲပြောမိမည်ကို ကြောက်ရွံ့ခဲ့ခြင်း ဖြစ်သည်။ သူ၏ စိတ်ကူးများတွင် သူသည် လူတိုင်း၏ အလွန်အလေးထားခြင်းခံရကြောင်း၊ လူတိုင်းက သူ့ကို အထူးသဖြင့် ဆင်းရဲဒုက္ခ သည်းခံနိုင်စွမ်းရှိကာ ထူးခြားစွာ ဘုရားတရား ကိုင်းရှိုင်းသည်ဟု တွေးကြကြောင်း သူ ယုံကြည်ခဲ့သည်။ သူ၏ စရိုက်အမှန်များ ပေါ်လွင်သွားခဲ့ပြီး သူသည် ထိုလူစားမျိုးမဟုတ်သည်ကို လူတိုင်း သိရှိသွားခဲ့မည်ဆိုလျှင် သူ၏ ပုံရိပ်ကောင်းတစ်ခုလုံး ပြိုလဲသွားမည်ဟု သူခံစားခဲ့ရသည်။ ဤအတွေးကို သူ မခံနိုင်ခဲ့ပေ။ ထို့ကြောင့် သူသည် တစ်မှေးအိပ်ခြင်းနှင့်ပတ်သက်၍ပင် သူ့ကိုယ်သူ ချုပ်ထိန်းခဲ့သည်။ သူသည် မိမိကိုယ်ကို ထိုမျှ တင်းကျပ်ခဲ့ပေသည်။ သူသည် မည်သည့် လူစားမျိုး ဖြစ်သနည်း။ သူသည် စိတ်တွင် မကျန်းမမာရှိနေသည် မဟုတ်လော။ ဤကဲ့သို့သော လူများသည် မကြာခဏ တရားဒေသနာများကို နားထောင်ကြသည်၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုကြပြီး မိတ်သဟာယပြုရန် စုဝေးကြသည်။ သို့ဆိုလျှင် ၎င်းတို့သည် သမ္မာတရားကို အာရုံမစိုက်ကြသည်မှာ အဘယ်သို့ဖြစ်သနည်း။ သမ္မာတရား စည်းမျဉ်းများကို တွေးဆခြင်းသည် သင့်အတွက် အလွန်ကောင်း၏။ ဘုရားနှုတ်ကပတ်တော်များက မည်သည့်အရာ ပြောသည်ကို ကြည့်လော့။ ဘုရားနှုတ်ကပတ်တော်များတွင် လူတို့ တစ်မှေးအိပ်ခြင်းနှင့်ပတ်သက်သည့် ကြေညာချက်တစ်ခုတလေ ရှိသလော။ (မရှိပါ။) ဤကိစ္စရပ်နှင့်ပတ်သက်၍ ဘုရားသခင်က မည်သည့် ကြေညာချက်ကိုမျှ မပြုလုပ်ခဲ့သကဲ့သို့ ထိုအရာကို ဖော်ပြပင်မဖော်ပြခဲ့ပေ။ ပုံမှန်လူ့သဘာဝနှင့်ဆိုင်သော တွေးခေါ်မှု ပိုင်ဆိုင်သူ မည်သူမဆိုက ဤအရာအား မည်သို့ ကိုင်တွယ်ရမည်ကို သိသင့်သည်။ သင် အိပ်ချင်သည့်အခါ တစ်မှေးအိပ်ခြင်းသည် ကျိုးကြောင်းသင့်ပေသည်။ ပူပြင်းသည့် နွေရာသီ နေ့တစ်နေ့တွင် နေ့လယ်၌ အနားယူရန်မှာ ကျိုးကြောင်းသင့်ပေသည်။ အထူးသဖြင့် စိတ်သွားတိုင်း ကိုယ်မပါတော့သည့် သက်ကြီးရွယ်အိုအချို့သည် နေ့လယ်စာစားပြီးနောက် တစ်ခဏတာ အိပ်စက်ရန် လိုအပ်သည်။ ဤသည်မှာ ၎င်းတို့၏ ဘဝနေထိုင်မှုပုံစံ အလေ့အကျင့်များပေါ် အခြေမခံဘဲ ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များပေါ် အခြေခံသည်။ သင်၏ ကိုယ်ပိုင် အလုပ်နှင့် ပတ်ဝန်းကျင်အတိုင်း သင်၏ တစ်ကိုယ်ရေ နေ့စဉ် အစားအစာ၊ အားသွန်ခွန်စိုက်ရသော အလုပ်နှင့် အနားယူခြင်းတို့ကို သင့်အား ကိုင်တွယ်ခွင့်ပေးရန် ပုံမှန်လူ့သဘာဝ၏ အသိ၊ သတိနှင့် တုံ့ပြန်ချက်များကို ဘုရားသခင်က သင့်အား ပေးထားပြီးဖြစ်သည်။ သင်သည် သင့်ကိုယ်သင် မနှိပ်စက်မညှဉ်းပန်းသင့်ပေသည်။ ဥပမာအနေဖြင့် သင်သည် အလျှံပယ်ဖြစ်သော အစားအစာများကို မစားသကဲ့သို့ “ဘုရားသခင်သည် လူတို့အား အစားအသောက်ကောင်းများကို စားခွင့်မပေးပါ။ အစားအသောက်ကောင်းများကို အမြဲ စားခြင်းက လူတို့အား လောဘကြီးစေသည်”ဟု ပြောသည်ဆိုပါစို့။ ဘုရားသခင်သည် ဤအရာကို မည်သည့်အခါတွင်မျှ မပြောခဲ့သကဲ့သို့ လူတို့အတွက် ဤသတ်မှတ်ချက်မျိုး မရှိပေ။ သို့သော် ဤသည်မှာ ရှောင်းဂျာ စဉ်းစားခဲ့သည့်အရာဖြစ်ပြီး ဘုရားသခင်က ထိုအတိုင်း တွေးသည်မှာ သေချာသလောက်ဖြစ်သည်ဟု သူ လက်ခံထားခဲ့သည်။ လူတစ်ဦးက အလွန်စောစီးစွာ အိပ်ရာဝင်လျှင် ဤသည်မှာ မွေ့လျော်ခံစားမှုအတွက် စိတ်အလိုလိုက်ခြင်းဖြစ်ပြီး ဘုရားသခင်က ထိုအရာကို မနှစ်သက်ဟု သူ တွေးခဲ့သည်။ ဤသည်မှာ သမ္မာတရားကို မသိနားမလည်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ရှောင်းဂျာက သမ္မာတရားကို နားမလည်သည့်အခါ ထိုသမ္မာတရားကို သူ ရှာခဲ့နိုင်မည်ဖြစ်သော်လည်း မရှာခဲ့ပေ။ သူ၏ ကိုယ်ပိုင် ခံစားချက်အရဖြစ်သော အလိုဆန္ဒအတိုင်းသာ သူ ပြုမူဆောင်ရွက်ခဲ့သည်။ သူသည် ဤအရာကို မည်မျှထိ လုပ်ဆောင်ခဲ့သနည်း။ ညဉ့်နက်ထိနေနိုင်ရန်သက်သက်ဖြင့် သူသည် တစ်နေ့ ကော်ဖီ သုံး၊ လေးခွက်သောက်ခဲ့သည်။ လူအချို့က “ဘုရားအိမ်တော်၏ အလုပ်ကို ကျွန်ုပ် လုပ်ဆောင်နိုင်ရန်အလို့ငှာ ဤလွန်ခဲ့သည့် နှစ်အနည်းငယ်တွင် ကျွန်ုပ်၏ တာဝန်ကို လုပ်ဆောင်စဉ် ကော်ဖီများစွာ သောက်ခဲ့သည်”ဟု ပြောကြသည်။ နောက်ထပ် လူတစ်ဦးက “အဘယ်သူက သင့်ကို ကော်ဖီသောက်ခိုင်းခဲ့သနည်း။ သင် သောက်ရန် ရွေးချယ်ခဲ့ခြင်း မဟုတ်လော”ဟု ပြောလျှင် ၎င်းက “ငါ အဘယ်ကြောင့် ကော်ဖီ သောက်သည်ကို သင် သိသလော။ ညဉ့်နက်ထိ နေရန်အတွက် မဟုတ်ဘဲ ကိုယ်အလေးချိန် ကျရန် ဖြစ်သည်။ ယင်းကို သင် မသိသလော။ ပြောလိုက်ပြီးသည့်နောက်တွင် သင် သိမည်ဖြစ်သောကြောင့် သင့်ကို ငါ မပြောပြနိုင်ပါ။ သင်သည် ငါ့ထက် ပိုပိန်လျှင် ငါ ပိန်ပုံပေါက်လိမ့်မည်လော”ဟု သူ့ဘာသာ ပြောလိမ့်မည်။ ဤသည်မှာ အမှန်တကယ် အပိုင်ကြံခြင်းဖြစ်သည်၊ မှန်သလော။ ဤအရာအတွင်းတွင် မည်သည့် အမြင်နှင့် အယူအဆများ ပါရှိသနည်း။ ပုံမှန်လူ့သဘာဝ၏ သိနားလည်မှု သို့မဟုတ် ဆင်ခြင်တုံတရား တစ်ခုခု ရှိသလော။ (မရှိပါ။) မရှိပေ၊ ဤအရာအတွင်းတွင် စိတ်ဓာတ်စစ်ဆင်ရေးများ၊ လှည့်ကွက်များနှင့် လျှို့ဝှက်ကြံစည်ခြင်းများ၊ ဟန်ဆောင်မှု၊ အယောင်ဆောင်ခြင်းနှင့် အထင်အမြင်မှားစေခြင်းတို့သာ ပါရှိသည်။ ထိုမျှသာ ရှိသည်။ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါတိုင်း အပိုင်ကြံခြင်း ဖြစ်သည်။ ၎င်းတို့အနေဖြင့် လူတိုင်းအား သိခွင့် သို့မဟုတ် ဘုရားသခင်အား မြင်ခွင့်ပေးရန် မဆိုထားနှင့်၊ ၎င်းတို့၏ ရိုးသားသော အမြင်များနှင့် အတွေးများကို မည်သည့်လူကိုမျှ လုံးဝ ပြောပြမည်မဟုတ်ပေ။ ၎င်းတို့၏ စိတ်နေစိတ်ထားသည် “ကျွန်ုပ် မိမိကိုယ်ကို ဖွင့်ချပါသည်။ ကျွန်ုပ်၏ လုပ်ရပ်များသည် ကျွန်ုပ်၏ အတွေးများနှင့် ကိုက်ညီပြီး ယင်းမှာ ကျွန်ုပ် ဖြစ်သည့်အတိုင်းသာ ဖြစ်သည်”ဟူသော စိတ်နေစိတ်ထားတစ်ခု မဟုတ်ပေ။ ၎င်းတို့၏ စိတ်နေစိတ်ထားသည် မုချ ဤအရာ မဟုတ်။ သို့ဆိုလျှင် မည်သည့်အရာဖြစ်သနည်း။ ၎င်းတို့သည် အခြားသူများတွင် ရှိသည့် ၎င်းတို့နှင့်ဆိုင်သော ပုံရိပ်က အတော်အတန် ကြီးကျယ်ခမ်းနားခြင်း၊ ဘုရားတရားကိုင်းရှိုင်းခြင်း သို့မဟုတ် ဝိညာဉ်ရေးရာ ပြည့်ဝခြင်း မရှိမည်ကို ကြောက်လျက် တတ်နိုင်သမျှ ဖုံးကွယ်ကာ ဟန်ဆောင်ကြလေသည်။
ရှောင်းဂျာသည် အဘယ်ကြောင့် ညဉ့်နက်ထိ နေချင်ခဲ့သနည်း။ အလုပ်အမျိုးအစား အတော်များများက ညဉ့်နက်ထိနေရန် မလိုအပ်သကဲ့သို့ လူတို့သည် အများအားဖြင့် ည ၁၀ နာရီနောက်ပိုင်းတွင် အိပ်ချင်ကြသည်။ ၎င်းတို့ ဆက်အလုပ်လုပ်လျှင်ပင် ထိရောက်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် လူတို့တွင် ကန့်သတ်ချက်ရှိသော အားအင်ရှိကြသောကြောင့် ဖြစ်သည်။ သို့သော် ရှောင်းဂျာသည် ထိရောက်ခြင်းမရှိသည်ကို ကောင်းစွာ အပြည့်အဝ သိခဲ့သော်လည်း ထိရောက်ခြင်း ရှိမရှိဟူသည်ကို အရေးမစိုက်ဘဲ သူ့ကိုယ်သူ အမြဲ အတင်းအကျပ် စေခိုင်းခဲ့သည်။ မအိပ်မီ စာတိုတစ်ခုကို သူ အဘယ်ကြောင့် ပေးပို့ခဲ့သနည်း။ (အခြားသူများ သတိထားမိရန်အလို့ငှာ ဖြစ်သည်။) သုံးနာရီတွင် သူ အိပ်ရာဝင်ခဲ့သည်ကို အခြားသူများအား မျက်မြင်သက်သေဖြစ်စေရန် ဖြစ်သည်။ တစ်ညလုံး သင် မအိပ်လျှင်ပင် သင်သည် နောက်ဆုံးတွင် အိပ်ငိုက်မည့်သူတစ်ဦး ဖြစ်မည်မဟုတ်လော။ ကိုယ့်ဒုက္ခကိုယ်ရှာခြင်း ဖြစ်စေမည် မဟုတ်လော။ လူအချို့သည် ညဉ့်နက်ထိ နေကြပြီး မနက် ၃ နာရီတွင် စာပို့ကြသည်။ စာလက်ခံရရှိသူက မနက် ၄ နာရီတွင် စာပြန်သောအခါ ၎င်းတို့ အိပ်ရာဝင် သာ၍ပင် နောက်ကျသည်ကို ပြသရန် စာပြန်ဖို့ မနက် ၅ နာရီထိ စောင့်ကြလေသည်။ ၎င်းတို့သည် ဤနည်းဖြင့် မိမိတို့ကိုယ်ကို ညှဉ်းဆဲကြပြီး အချင်းချင်း ထိခိုက်နစ်နာစေကြကာ အဆုံးတွင် ၎င်းတို့ထဲမှ မည်သူကမျှ တစ်ညလုံး မည်သို့မျှ အိပ်စက်ရခြင်း မရှိပေ။ ၎င်းတို့သည် မဆင်မခြင် မိုက်မဲသူနှစ်ဦး ဖြစ်ကြသည် မဟုတ်လော။ ယင်းမှာ မည်သည့် အပြုအမူမျိုး ဖြစ်သနည်း။ စဉ်းစားဉာဏ်ကင်းမဲ့သော အပြုအမူဖြစ်သည်။ ဤအပြုအမူမျိုးသည် မည်သည့်နေရာမှ လာသနည်း။ အားလုံးက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ လာပေသည်။ ယခု ဤအပြုအမူက မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ ဆင်းသက်သည်ကို ငါတို့ ကြည့်မည်မဟုတ်။ ထိုအရာက မည်မျှ အဓိပ္ပာယ်မဲ့သည်ကိုသာ ငါတို့ ပြောမည်။ ဤလူများသည် လက်တွေ့လုပ်ဆောင်ရန် ဘုရားနှုတ်ကပတ်တော် တစ်ခုတလေကို ရွေးချယ်ခြင်းအားဖြင့် ဤအဓိပ္ပာယ်မဲ့သော အပြုအမူနှင့် လက်တွေ့လုပ်ဆောင်မှုမျိုးကို ပြောင်းလဲနိုင်သည်။ သူ၏ မည်သည့် နှုတ်ကပတ်တော်မဆိုက ၎င်းတို့အား အေးချမ်းစွာနှင့် လုံခြုံစိတ်ချစွာ အသက်ရှင်နိုင်စေမည်ဖြစ်ကာ ၎င်းတို့၏ ဘဝများကို သာ၍ စစ်မှန်ကာ လက်တွေ့ကျစေနိုင်မည်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်အတိုင်း အသက်ရှင်ရန် အဘယ်ကြောင့် ၎င်းတို့ မရွေးချယ်ကြသနည်း။ အဘယ်ကြောင့် ဤကဲ့သို့ မိမိတို့ကိုယ်ကို ညှဉ်းဆဲကြသနည်း။ ၎င်းတို့ စိုက်သည့်အတိုင်း ရိတ်ကြခြင်း ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤကဲ့သို့သော တစ်စုံတစ်ဦးက မည်မျှ ဆင်းရဲဒုက္ခခံရသည်ဖြစ်စေ၊ အမြဲ အချည်းနှီးဖြစ်လိမ့်မည်ဖြစ်ပြီး ဆင်းရဲဒုက္ခကို ၎င်းတို့ မည်မျှ သည်းညည်းခံသည်ဖြစ်စေ ထိုအရာ၏ အကျိုးဆက်များကို ၎င်းတို့ ခံရမည့် အကျိုးဆက်သာဖြစ်လိမ့်မည်။ လူအချို့က “ဤနှစ်များတစ်လျှောက်လုံး ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်ပြီးဖြစ်ကာ နှစ် ၂၀ ကြာ ခေါင်းဆောင် ဖြစ်လေပြီ။ ကျွန်ုပ်သည် ညဉ့်နက်ထိ အမြဲ နေပြီး မအိပ်ခဲ့ပါ။ အဆုံးတွင် အာရုံကြော ပင်ပန်းနွမ်းနယ်ခြင်းကို ကျွန်ုပ် ခံစားခဲ့ရသည်”ဟု ပြောကြသည်။ ငါက “သင်သည် အာရုံကြော ပင်ပန်းနွမ်းနယ်ခြင်းသာဖြစ်သဖြင့် လျှော့လျှော့ပေါ့ပေါ့ ခံစားရခြင်း ဖြစ်သည်။ သင့်အနေဖြင့် ထိုသို့ သင့်ကိုယ်သင် မိုက်မဲစွာ ဆက်ညှဉ်းဆဲပြီး ပြုမူဆောင်ရွက်နေလျှင် စိတ်ဝေဒနာရဖို့ ဝေးမည်မဟုတ်ပါ” ဟု ပြော၏။ တစ်စုံတစ်ဦးသည် ညတွင် မအိပ်လျှင် အမြဲ စိတ်ဂနာမငြိမ် ဖြစ်ပြီး ၎င်းတို့၏ ခန္ဓာကိုယ်က အဆမတန် အလုပ်လုပ်လျှင် ကျန်းမာနိုင်သလော။ ၎င်းတို့အတွက် ဘယ်သူမပြု မိမိမှုသာ ဖြစ်သည်။ သင်က ၎င်းတို့ကို “ထိုသို့ ပြုမူဆောင်ရွက်ခြင်းက အလုပ်ဖြစ်မည် မဟုတ်။ နေ့ပိုင်းအတွက် သင်၏ အလုပ်ကို စီစဉ်ရန် အကောင်းဆုံး ကြိုးစားပြီး သင်၏ ထိရောက်မှုစွမ်းအားကို တိုးအောင်လုပ်လော့။ လူတိုင်းက အလုပ်ကိစ္စ ဆွေးနွေးသည့်အခါ အဓိပ္ပာယ်မရှိသောအရာကို လျှော့ပြောပြီး အရေးမပါသည့် အရာများကို သိပ်မပြောနှင့်။ ဆွေးနွေးမှု၏ အဓိကအချက်များ၊ ဗဟိုနှင့် အကြောင်းအရာကို သင် သဘောပေါက်သင့်ပြီး ပြီးသွားသည့်အခါ လူတိုင်းက မိမိတို့ကိုယ်ပိုင် အလုပ်တာဝန်များကို ဆက်လုပ်သင့်သည်။ တောင်စဉ်ရေမရ မရပ်မနား ဆက်မပြောနှင့်၊ ပြီးလျှင် အချိန်မဆွဲနှင့်”ဟု ပြောသည်။ ၎င်းတို့က သင့်စကားကို နားထောင်မည်မဟုတ်။ ၎င်းတို့သည် မိမိအကြောင်းကို အသိပေးဖော်ပြရာတွင် မတော်ကြသော်လည်း အတွေ့အကြုံကို ထုတ်နုတ်ယူခြင်း မရှိကြ။ ၎င်းတို့အနေဖြင့် အိပ်စက်ခြင်းမရှိဘဲ သို့မဟုတ် အခြားမည်သူ့ကိုမျှ အိပ်ခွင့်မပေးဘဲ မနက် တစ်နာရီ သို့မဟုတ် နှစ်နာရီထိတိုင် ပေါက်ကရစကားကိုသာ အချိန်ဖြုန်းဖို့ ပြောဆိုကြသည်။ ဤသည်မှာ အခြားသူများကို ညှဉ်းဆဲခြင်းနှင့် ထိခိုက်နစ်နာစေခြင်း မဟုတ်လော။ နောက်ဆုံးတွင် ၎င်းတို့က “ဘုရားသခင်၊ ကိုယ်တော် မြင်သည်၊ ဟုတ်ပါသလော။ သုံးနာရီထိုးပြီဖြစ်ပြီး ကျွန်ုပ် မအိပ်ရသေးပါ”ဟု တွေးကြသည်။ ဘုရားသခင် မြင်သည်။ အပြင်ပန်းအားဖြင့် ၎င်းတို့ မည်သို့မည်ပုံဖြစ်ကြသည်ကို သူ မြင်သည်သာမက ၎င်းတို့၏ အတွင်း စိတ်နှလုံးများကိုလည်း သူ မြင်သည်။ သူက “သင်၏ စိတ်နှလုံးက ညစ်ညမ်းသည်။ သင်သည် အဓိပ္ပာယ်မဲ့ ညှဉ်းဆဲရင်းဖြင့် တစ်ညလုံး မအိပ်ဘဲနေသော်လည်း ဘုရားသခင်က ဤအရာကို လုံးဝ အမှတ်ရလိမ့်မည် မဟုတ်။ အိပ်ဖို့အချိန်ရောက်သည့်အခါ သင် အိပ်ရာဝင်ရမည့်အစား သင့်ကိုယ်သင် အတင်းအောင့်အည်းနေစေသည်။ သင်သည် ကိုယ့်ဒုက္ခကိုယ်ရှာခြင်း ဖြစ်သည်” ဟု ပြောလေသည်။ လူတို့သည် အိပ်ချင်ကြသည့်အခါ ၎င်းတို့၏ မျက်ခွံများ အလိုအလျောက် ပိတ်သွားကြသည်။ ဤသည်မှာ ဗီဇတစ်ခုဖြစ်သည်။ ထို့ကြောင့် သင့်အနေဖြင့် ဗီဇများနှင့် သဘာဝ နိယာမများကို အမြဲဆန့်ကျင်လျှင် ဆင်းရဲဒုက္ခခံထိုက်သည်။ ဘုရားသခင်သည် အဓိပ္ပာယ်မရှိသော ဆင်းရဲဒုက္ခကိုဖြစ်စေ၊ သဘာဝတရား၏ နိယာမများကို ချိုးဖောက်ခြင်းကြောင့်ဖြစ်သော ဆင်းရဲဒုက္ခကိုဖြစ်စေ၊ စည်းမျဉ်းများ သို့မဟုတ် သမ္မာတရားကို ချိုးဖောက်ခြင်းကြောင့် ဖြစ်သော ဆင်းရဲဒုက္ခကိုဖြစ်စေ သင်တို့အား ခံစေမည် မဟုတ်။ ဤဆင်းရဲဒုက္ခမျိုးများကို သင် မလျှော့တမ်း ခံနေလျှင် ဒုက္ခခံနေလော့။ လူအချို့သည် လူတစ်ဦးက မနက် ၃နာရီထိ အိပ်ရာမဝင်ကြောင်းကို ကြားသည့်အခါ “ယင်းမှာ ငါကဲ့သို့ပင် ဖြစ်သည် မဟုတ်လော။ ကောင်းပြီ၊ အနာဂတ်တွင် မနက် ၃:၃၀ တွင် ငါ အိပ်ရာဝင်မည်”ဟု တွေးကြသည်။ ထို့နောက် လူတစ်ဦးက မနက် ၃:၃၀ တွင် အိပ်သည်ကို ၎င်းတို့ကြားသောကြောင့် မနက် ၄ နာရီတွင် အိပ်ချင်ကြသည်။ ဤသည်မှာ စိတ်ရောဂါတစ်ခု ဖြစ်သည် မဟုတ်လော။ သင်သည် တစ်စုံတစ်ခုနှင့်ပတ်သက်၍ ပြိုင်ဆိုင်နိုင်ပြီး မည်သူ အနောက်ကျဆုံး အိပ်သည်နှင့်ပတ်သက်၍ ယှဉ်ပြိုင်ရန် သင် ရွေးချယ်သည်။ ဤသည်မှာ သင်သည် စိတ်ပိုင်းဆိုင်ရာ မူမှန်ခြင်းမရှိဟု ဆိုလိုပေသည်။ ထိုသို့သော လူများသည် သဘောပေါက်နားလည်နိုင်စွမ်းနှင့်ပတ်သက်၍ ပြဿနာတစ်ခု ရှိကြသလော။ (ရှိကြပါသည်။) ၎င်းတို့သည် သမ္မာတရားကို သဘောပေါက်နားလည်နိုင်ခြင်း မရှိကြပေ။ သင် အချိန်ရသည့်အခါ အားထုတ်ခြင်း၊ ဦးနှောက်ခြောက်အောင် စဉ်းစားခြင်းနှင့် အပြင်ပန်း အပြုအမူ၊ ဟန်ဆောင်မှုနှင့် အယောင်ဆောင်ခြင်းကဲ့သို့သော အရာများကို သေချာစွာ စဉ်းစားခြင်းအား ရပ်တန့်လော့။ သို့ဆိုလျှင် မည်သည့်အရာကို သင် အားထုတ်သင့်သနည်း။ ဘုရားနှုတ်ကပတ်တော်များက လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော သဘာဝနှင့် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတို့ကို ဖော်ထုတ်ပုံကိုလည်းကောင်း၊ လူတို့ ဝတ်ကျေတမ်းကျေဖြစ်ကြခြင်းကို သူ ဖော်ထုတ်ပုံကိုလည်းကောင်း ကြည့်လော့။ လူကို ဖော်ထုတ်သည့် ဤဘုရားနှုတ်ကပတ်တော်များနှင့် သင့်ကိုယ်သင် နှိုင်းယှဉ်ချိန်ဆကြည့်ရာတွင် အားထုတ်လော့။ ဘုရားသခင် ဖော်ထုတ်သည့် သရုပ်သကန်မည်မျှကို သင် ပိုင်ဆိုင်သည်ဆိုသည်နှင့် ယင်းတို့ထဲမှ မည်မျှကို သင် မကြာခဏ လုပ်ဆောင်သည် သို့မဟုတ် ထုတ်ဖော်သည်ဆိုသည်တို့ကို ပြန်လှန်သုံးသပ်လော့။ ဤအရာများကို ပြန်သုံးသပ်ခြင်းသည် အလွန်ကောင်းသည့်အရာတစ်ခု ဖြစ်သည်။ အနည်းငယ်သော ကြက်ဥများ သို့မဟုတ် မန်ထိုပေါက်စီများနှင့်ပတ်သက်၍ဖြစ်စေ၊ အသားဟင်းရည်ထဲ အစားအစာများကို နှစ်ခြင်းနှင့်ပတ်သက်၍ဖြစ်စေ အမြဲ အားထုတ်ခြင်းသည် လူတစ်ဦးအတွက် စက်ဆုပ်ဖွယ် ဖြစ်လိုက်လေခြင်းပါတကား။ ယင်းမှာ အဘယ်အရာနည်း။ အပိုင်ကြံခြင်းနှင့် ဉာဏ်ပညာ ကင်းမဲ့ခြင်း ဖြစ်သည်။ ထိုသို့သော လူတစ်ဦးသည် မည်သည့်အရာ ဖြစ်သနည်း။ (မိုက်မဲသူတစ်ဦး ဖြစ်သည်။) ပြောသွားသည်မှာ ကောင်း၏။ ကြက်ဥမည်မျှ စားရမည်ကို အမြဲ စဉ်းစားသောလူများ သို့မဟုတ် ညတွင် မအိပ်ဘဲနေရန် ကော်ဖီသောက်ခြင်းအကြောင်းကို အမြဲ တွေးသောလူများနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့ကို အစားအသောက် စွဲလမ်းသည့် မိုက်မဲသောသူများအဖြစ် ခေါ်ရန်မှာ ချဲ့ကားခြင်း မဟုတ်ပေ။ မည်သည့် ကဏ္ဍများတွင် ၎င်းတို့ မိုက်မဲကြသနည်း။ ဤလူများသည် မိုက်မဲသောသူများဖြစ်သည်ဟု ငါတို့အဘယ်ကြောင့် ပြောသနည်း။ (၎င်းတို့ ဆင်းရဲဒုက္ခခံသည့်အရာသည် လုံးဝ အချည်းနှီးဖြစ်သည်။) တကယ်ကို အချည်းနှီးဖြစ်၏။ ထိုသို့သော ကလေးဆန်သည့် အရာများကို သင် အဘယ်ကြောင့် လုပ်ချင်ရမည်နည်း။ ကြက်ဥမစားသည့် ဘဝတစ်သက်တာက သင့်ကို သမ္မာတရား နားလည်စေနိုင်လိမ့်မည်ဟု သင် ထင်သလော။ ဤသို့ ပြုမူခြင်းသည် မိုက်မဲသည် မဟုတ်လော။ (မိုက်မဲပါသည်။) မိုက်မဲသော အရာများကို မလုပ်နှင့်။ မည်သည့်လူစားမျိုးများက မိုက်မဲသော အရာများကို လုပ်တတ်လေ့ရှိကြသနည်း။ (ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သောလူများဖြစ်သည်။) ဤလူများတွင် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း ရှိသလော။ (မရှိပါ။) လူအချို့က “၎င်းတို့၏ အစွမ်းအစ ကောင်းပြီး အလွန် ကျွမ်းကျင်စွာ ဟောပြောနိုင်ကြသည်”ဟု ပြောကြသည်။ ၎င်းတို့အနေဖြင့် ကျွမ်းကျင်စွာ ဟောပြောကောင်း ဟောပြောနိုင်ကြမည်ဖြစ်သော်လည်း ပြုမူဆောင်ရွက်ရမည့် အချိန်ရောက်လာသည့်အခါတိုင်းတွင် ကလေးဆန်သည့် လုပ်ဆောင်ချက်များကို အဘယ်ကြောင့် အမြဲ ပါဝင်လုပ်ဆောင်ကြသနည်း။ ထိုသို့သော မရင့်ကျက်သကဲ့သို့ ရယ်ဖွယ်ကောင်းသည့် ပုံစံတစ်ခုဖြင့် အဘယ်ကြောင့် ၎င်းတို့ ပြုမူကြသနည်း။ ဤတွင် အဘယ်အရာ ဖြစ်နေသနည်း။ ၎င်းတို့သည် ပြောတော့တစ်မျိုး၊ လုပ်တော့တခြား ဖြစ်ကြသည်။ ၎င်းတို့ ပြောသည့်အကြောင်းသည် ၎င်းတို့၏ အယူဝါဒဆိုင်ရာ သိနားလည်မှုဖြစ်ပြီး ၎င်းတို့ လုပ်ဆောင်သည့်အရာသည် ၎င်းတို့ အမှန်တကယ် နားလည်ပြီး လက်ခံနိုင်ကြသည့် အရာများ ဖြစ်သည်။ စိတ်ထဲတွင် ၎င်းတို့ ဟောပြောသည့် အယူဝါဒများကို ၎င်းတို့ ထောက်ခံကြသလော သို့မဟုတ် အသိအမှတ်ပြုကြသလော။ (ထိုအရာများကို ၎င်းတို့ အသိအမှတ်မပြုကြပါ။) ထိုအရာများက ၎င်းတို့ လက်တွေ့လုပ်ဆောင်သင့်ပြီး လိုက်နာစောင့်ထိန်းသင့်သည့် သမ္မာတရား သို့မဟုတ် စံသတ်မှတ်ချက်များဖြစ်ကြောင်းကို ၎င်းတို့ အသိအမှတ်မပြုကြပေ။ အမှန်တွင် ၎င်းတို့က စံသတ်မှတ်ချက်များနှင့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများအဖြစ် အမှန်တကယ် ယုံကြည်ကြသည်မှာ ၎င်းတို့ စိတ်နှလုံးများထဲရှိ အကြံအစည်များနှင့် အယူအဆများ၊ အတုအယောင် အကြံဉာဏ်များနှင့် လက်တွေ့လုပ်ဆောင်မှုများဖြစ်ပြီး အခြားသူတို့က ကောင်းသည်ဟု ယူဆကြသည့် အပြုအမူများ ဖြစ်သည်။ ဤသို့သော လူများသည် မည်သည့်အခါမျှ ပြုပြင်ပြောင်းလဲခြင်း မရှိလျှင် ပယ်ရှားခြင်း ခံရမည် မဟုတ်လော။ ၎င်းတို့တွင် ကယ်တင်ခြင်းနှင့်ဆိုင်သည့် အခွင့်အရေးတစ်ခုတလေ ရှိလိမ့်မည်လော။ မျှော်လင့်ချက် အလွန်နည်းပါးလှသည်။
ငါ့ကို ပြောလော့၊ နေပူပူထဲတွင် ထီးဆောင်းခြင်းဖြစ်စေ၊ ကောက်ရိုးဦးထုပ်ကို ဆောင်းခြင်းဖြစ်စေ ကျိုးကြောင်းသင့်သလော။ (ကျိုးကြောင်းသင့်ပါသည်။) နေပူထဲတွင် အလုပ်လုပ်သောလူများသည် ဦးထုပ်တစ်ခု မဆောင်းလျှင် အလျင်အမြန် နေလောင်ခံရမည်ဖြစ်သည်။ ထို့ကြောင့် ထိုသို့လုပ်ဆောင်ရန်မှာ လုံးဝ ကျိုးကြောင်းသင့်ပေသည်။ လူအချို့က ဤကဲ့သို့ မစဉ်းစားဘဲ “ကောက်ရိုးဦးထုပ်ကို ဆောင်းရမည်လော။ ယင်းသည် ကျွန်ုပ်ကို စော်ကားခြင်းတစ်ခု ဖြစ်မည်မဟုတ်လော။ ကျွန်ုပ် ဦးထုပ် ဆောင်းရမည်လော။ ဆင်းရဲဒုက္ခခံခြင်းကို ကျွန်ုပ် မကြောက်သကဲ့သို့ အသားညိုသွားခြင်းကို မကြောက်ပါ။ အမှန်တွင်တော့ ကျန်းမာရေးနှင့် ညီညွတ်ပါသည်”ဟု ပြောကြသည်။ ဤသည်မှာ ၎င်းတို့ အမှန်တကယ် တွေးထင်သည့်အရာဖြစ်လျှင် ပြဿနာ မဟုတ်သော်လည်း အဓိကအချက်မှာ စိတ်ထဲတွင် လူအချို့က ဤကဲ့သို့ မတွေးပေ။ ၎င်းတို့က “သင်တို့ကို ကြည့်ပါဦး။ ပူပြင်းသည့် နေ့တွင် အသားညိုမည် သို့မဟုတ် နေလောင်ခံရမည် ကြောက်သောကြောင့် ကောက်ရိုးဦးထုပ် ဆောင်းနေသည်။ ကျွန်ုပ် ဦးထုပ်တစ်ခုမျှ ဆောင်းမည်မဟုတ်။ အသားညိုခြင်း သို့မဟုတ် နေလောင်ခြင်းက အဘယ်ကြောက်စရာ ရှိသနည်း။ ထိုအရာများကို ဘုရားသခင် နှစ်သက်သည်။ ထို့ကြောင့် အခြားလူများ တွေးသည့်အရာကို ငါ ဂရုမစိုက်ပါ”ဟု တွေးကြလေသည်။ ဤအရာကို ပြောသောလူများကို သင် အဘယ်သို့ တွေးထင်သနည်း။ ၎င်းတို့ အနည်းငယ် လှည့်ဖြားတတ်သည်၊ အနည်းငယ် ဟန်ဆောင်ကြသည်ဟု သင်တို့ ထင်သလော။ အမှန်တွင် ဦးထုပ်ဆောင်းရန် ၎င်းတို့ ငြင်းပယ်ခြင်းနောက်ကွယ်တွင် အကြောင်းရင်းတစ်ခု ရှိ၏။ ယင်းမှာ ၎င်းတို့ ဆင်းရဲဒုက္ခခံနိုင်ပြီး အမှန်တကယ် ဝိညာဉ်ရေးရာ ပြည့်ဝကြောင်း လူတို့အား ပြသရန် ဖြစ်သည်။ ဤကဲ့သို့ သူတော်ကောင်းယောင်ဆောင်သည့် အပြုအမူသည် စက်ဆုပ်ဖွယ်ဖြစ်သည်။ ဟန်ဆောင်ရာတွင် ဤသို့ တော်ကြသည့်လူများသည် မိမိတို့ တာဝန်များကို ကောင်းစွာ လုပ်ဆောင်နိုင်ကြသလော။ ၎င်းတို့၏ တာဝန်များအတွက် ၎င်းတို့ ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးနိုင်ကြသလော။ ၎င်းတို့ အသားညိုသည်နှင့် သို့မဟုတ် နေလောင်ခံရသည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်ကို ၎င်းတို့ မကျေမနပ်ဖြစ်ကာ အပြစ်တင်ကြမည် မဟုတ်လော။ သူတော်ကောင်းယောင်ဆောင်သည့် ဖာရိရှဲများသည် သမ္မာတရားကို လုံးဝ လက်တွေ့လုပ်ဆောင်ခြင်းမရှိကြဘဲ ဝိညာဉ်ရေးရာ ပြည့်ဝဟန်ဆောင်ကြသည်။ ၎င်းတို့သည် အမှန်တကယ် ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးနိုင်ကြမည်လော။ သူတော်ကောင်းယောင်ဆောင်သူများ၏ အနှစ်သာရပေါ်အခြေခံ၍၊ သမ္မာတရားအတွက် ချစ်ခြင်းမေတ္တာ တစ်ခုမျှ ၎င်းတို့ မရှိကြကြောင်းနှင့် ထိုသမ္မာတရားအတွက် ဆင်းရဲဒုက္ခခံနိုင်စွမ်း သို့မဟုတ် အဖိုးအခပေးနိုင်စွမ်း သာ၍ပင် နည်းကြကြောင်းကို သင် မြင်နိုင်သည်။ ထို့ပြင် ၎င်းတို့သည် သမ္မာတရား နှုတ်ကပတ်တော်များကို မည်မျှပင် ကြားရသည်ဖြစ်စေ ယင်းတို့ကို သမ္မာတရားအဖြစ် မည်သည့်အခါမျှ နားထောင်ခြင်း သို့မဟုတ် နားလည်သဘောပေါက်ခြင်း မရှိဘဲ ဝိညာဉ်ရေးရာ သီအိုရီတစ်မျိုးအဖြစ် သဘောထားကာ တရားဟောကြ၏။ ဤသူတော်ကောင်း ယောင်ဆောင်သူမျိုးများသည် ဘုရားသခင်ကို လူတို့က အဘယ်ကြောင့် ယုံကြည်ကြသည်၊ ဘုရားသခင်က လူတို့ကို အဘယ်ကြောင့် သမ္မာတရား ထောက်ပံ့ပေးချင်သည်၊ လူတို့က ဘုရားသခင်၏ ကယ်တင်ခြင်းအား လက်ခံခြင်းဖြစ်စဉ်က မည်သည့်အရာကဲ့သို့ဖြစ်သည်၊ ထိုအရာ၏ အရေးပါမှုက မည်သည့်နေရာတွင် တည်ရှိသည်ဆိုသည်နှင့် ကယ်တင်ခြင်းအားဖြင့် ဘုရားသခင်က မည်သည့်အရာ အမှန်တကယ် ဆိုလိုသည်ဟူသည်တို့ကို နားမလည်ကြပေ။ ဤသမ္မာတရားတစ်ခုကိုမျှ ၎င်းတို့ နားမလည်ကြ။ အသင်းတော်တွင် သမ္မာတရားကို မချစ်ဘဲ ဟန်ဆောင်ခြင်းကို နှစ်သက်သည့် သူတော်ကောင်းယောင်ဆောင်သူတစ်ဦးရှိလျှင် ၎င်းသည် အမှန်တကယ် ဖာရိရှဲတစ်ဦး ဖြစ်သည်။ ၎င်းတို့သည် အပြုအမူ၊ အသွင်အပြင်များနှင့် လူတို့၏စိတ်နှလုံးထဲရှိ အကဲဖြတ်မှုများကို အာရုံစိုက်ကြပြီး သမ္မာတရားများကို မည်မျှပင် ကြားရသည်ဖြစ်စေ ယင်းတို့ကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်ကြပေ။ ၎င်းတို့ ပြောသည့်အရာတိုင်းက မှန်ကန်ပြီး အယူဝါဒမျိုးစုံကို ၎င်းတို့ ပြောဆိုနိုင်ကြသည်။ သို့သော် ၎င်းတို့ ဟောသည့်အရာကို ၎င်းတို့က လက်တွေ့မလုပ်ဆောင်ကြပေ။ တစ်စုံတစ်ဦးသည် ၎င်းတို့နှင့် အမှန်တကယ် လိုက်လျောညီထွေရှိလျှင် ၎င်းတို့သည် လူတစ်မျိုးတစ်စားတည်း ဖြစ်ကြသလော။ (ဟုတ်ပါသည်။) ပုံမှန် တွေးခေါ်ခြင်းရှိသည့် လူတစ်ဦးက ဤသူတော်ကောင်းယောင်ဆောင်သူ၏ သရုပ်သကန်များကို မည်သို့ ရှုမြင်လိမ့်မည်နည်း။ ၎င်းက “သူ၏ လက်တွေ့လုပ်ဆောင်မှု နည်းလမ်း မှားသည် မဟုတ်လော။ အဘယ်ကြောင့် အလွန် ထူးဆန်းရသနည်း။ အစာစားချိန် ရောက်သည့်အခါ ဤအတိုင်း သွားစားသင့်သည်။ သို့ဆိုလျှင် ထိုအရာနှင့်ပတ်သက်၍ ၎င်းသည် အဘယ်ကြောင့် မုန့်လုံးစက္ကူကပ်နေသနည်း”ဟု တွေးလိမ့်မည်။ ဤလူက ထူးဆန်းကြောင်း၊ အမှုအရာများကို အခြားသူများနှင့် မတူကွဲပြားစွာ လွဲချော်သောနည်းလမ်းတစ်ခုဖြင့် နားလည်ကြောင်း ၎င်းက ပြောလိမ့်မည်။ ပြီးလျှင် ထိုသူတို့အားဖြင့် ၎င်းက ထိခိုက်ခံမည် မဟုတ်ပေ။ သို့သော် လူတစ်ဦးက ဤသူတော်ကောင်းယောင်ဆောင်သူကဲ့သို့ တစ်ပုံစံတည်း လူစားမျိုးဖြစ်ပြီး အပြင်ပန်း အပြုအမူနှင့် လူတို့၏ အယူအဆများကို အထူးအာရုံစိုက်လျှင် ၎င်းအနေဖြင့် ထိုသူတို့နှင့် နှိုင်းကာ ယှဉ်ပြိုင်လိမ့်မည်။ ထိုအရာမှာ ရှောင်းဂျာက မနက် ၃ နာရီတွင် စာတိုတစ်ခု ပို့ခဲ့ပြီး စာလက်ခံရရှိသူက “ငါ့ကို သင် မနက် ၃ နာရီတွင် စာပို့သည်။ ထို့ကြောင့် မနက် ၄ နာရီတွင် ငါ စာပြန်မည်”ဟု တွေးလျက် မနက် ၄ နာရီတွင် စာပြန်ခဲ့ပြီးနောက် ရှောင်ဂျားက “ငါ့ကို သင် မနက် ၄ နာရီတွင် စာပြန်သည်။ ထို့ကြောင့် မနက် ၅ နာရီတွင် ငါ၏ စာကို ပို့မည်”ဟု တွေးခဲ့သည့်အတိုင်းပင် ဖြစ်သည်။ အချိန်ကြာလာသည့်အခါ ဤကဲ့သို့ ယှဉ်ပြိုင်ရင်း လူတိုင်းက တဖြည်းဖြည်း သူတော်ကောင်းယောင်ဆောင်သူတစ်ဦး ဖြစ်လာသည်။ အသင်းတော်ခေါင်းဆောင်တစ်ဦးသည် ဤလူစားမျိုးဖြစ်ပြီး၊ ညီအစ်ကို မောင်နှမများက ပိုင်းခြားသိမြင်မှု ကင်းမဲ့ကြလျှင် ၎င်းတို့ အန္တရာယ်ရှိကြပေသည်။ ၎င်းတို့အနေဖြင့် အချိန်မရွေး အထင်အမြင်မှားစေခြင်း ခံရကောင်းခံရနိုင်သည်။ အဘယ်ကြောင့် ဤအရာကို ငါ ပြောသနည်း။ သမ္မာတရားကို နားမလည်သောလူတစ်ဦးအတွက် အခြားလူများ၏ အပြင်ပန်း အပြုအမူကောင်းဖြင့် အထင်အမြင်မှားစေခြင်းခံရကာ လွှမ်းမိုးခြင်းခံရရန်မှာ လွယ်ကူသည်။ မည်သည့်အရာ မှန်ကန်သည်ကို ၎င်းတို့ မသိကြသောကြောင့်၊ ထိုသို့သော အပြုအမူက ကောင်းသည်ဟူသည့် ၎င်းတို့၏ အယူအဆကို ၎င်းတို့ ယုံကြည်ကြသည်။ ထိုအပြုအမူများကို အခြားတစ်စုံတစ်ဦးက လုပ်ဆောင်နိုင်လျှင် ထိုလူသည် ၎င်းတို့၏ ကြည်ညိုလေးစားခြင်းခံရသူ ဖြစ်လာပြီး ထိုလူက ခေါင်းဆောင်ဖြစ်သင့်ကြောင်း၊ ဘုရားသခင်၏ စုံလင်စေခြင်းခံရသင့်ကာ အချစ်ခံရသင့်ကြောင်း ၎င်းတို့ တွေးထင်ကြလိမ့်မည်။ ဤအပြုအမူမျိုးကို ၎င်းတို့ အသိအမှတ်ပြုကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့ စိတ်နှလုံး၏ အတွင်းနက်နက်နေရာများတွင် အတည်ပြုမိကြလိမ့်မည်။ ထိုအရာကို ၎င်းတို့ အတည်ပြုလျှင် မည်သည့်အရာ ဖြစ်ပျက်လိမ့်မည်နည်း။ ထိုလူနောက်သို့ ၎င်းတို့ လိုက်ကြလိမ့်မည်။ ၎င်းတို့ နှစ်ဦးလုံးက ခေါင်းဆောင်များဖြစ်လျှင် အချင်းချင်း နှိုင်းယှဉ်ကာ ပြိုင်ဆိုင်ကြလိမ့်မည်။ တစ်ကြိမ်တွင် နိုင်ငံအမျိုးမျိုးရှိ အသင်းတော်များမှ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အွန်လိုင်းတွင် စုဝေးခဲ့ကြ၏။ ငါ အွန်လိုင်းတက်ကာ အတန်ကြာ နားထောင်ပြီးနောက်တွင် တစ်စုံတစ်ရာ မှားယွင်းနေသည်ကို ခံစားခဲ့ရသည်။ ငါက “ဤလူများသည် ဤနေရာတွင် မည်သည့်အရာ လုပ်ဆောင်နေကြသနည်း။ ၎င်းတို့ တရားဟောနေကြသလော”ဟု တွေးမိခဲ့သည်။ အခြေအနေကို နားလည်ပြီးနောက်တွင် ၎င်းတို့ ဆုတောင်းနေကြသည်ကို ငါ သဘောပေါက်ခဲ့သည်။ ၎င်းတို့ အဘယ်ကြောင့် ထိုသို့ ဆုတောင်းနေကြသည်ကို ငါ့ဘာသာ တွေးမိခဲ့သည်။ ထိုအရာက ထိတ်လန့်ဖွယ်ရာကောင်းပုံရသည်၊ ယင်းမှာ ၎င်းတို့က မိမိတို့၏ အစွယ်များကို ထုတ်ပြကာ လက်သည်းများကို ဝှေ့ရမ်းနေသည့်ပုံစံဖြစ်သည်။ ယင်းသည် သူ့ကိုယ်၌က ကြီးမားသည့်ကိစ္စမဟုတ်ပေ။ သို့ဆိုလျှင် အဓိက ပြဿနာမှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်ရှေ့တွင် မဟုတ်ဘဲ မိမိတို့မျက်လုံးများ ဖွင့်လျက်သား ဆုတောင်းနေကြပုံရပြီး ၎င်းတို့ စိတ်နှလုံးများတွင်ရှိသည့်အရာကို ပြောနေကြခြင်း ဟုတ်ပုံမရပေ။ ထိုအစား ၎င်းတို့က မည်သူ စကားပြောအကောင်းဆုံးဖြစ်သည်၊ မည်သူက အယူဝါဒများကို ပိုပြောနိုင်သည်ဆိုသည်နှင့် မည်သူက အကျယ်ပြန့်ဆုံးနှင့် အလေးနက်ဆုံး ပြောဆိုခဲ့သည်ဟူသည်တို့ကို ကြည့်ရန် ပြိုင်ဆိုင်နေခဲ့ကြသည်။ ပြိုင်ကွင်းထဲက ပြိုင်ပွဲတစ်ပွဲကဲ့သို့ ထင်ရပြီး ဘုရားသခင်ထံ ဆုတောင်းချက်တစ်ခုကဲ့သို့ သေချာပေါက် မဟုတ်ပေ။ ဤလူများ ဇာတ်သိမ်းသွားပြီ မဟုတ်လော။ ၎င်းတို့သည် မအောင်မြင်သူများအဖြစ် သဘောထားခြင်း ခံရလေပြီ မဟုတ်လော။ ခေါင်းဆောင်များအဖြစ် အစေခံသည့် ဤကဲ့သို့သော လူများဖြင့် ၎င်းတို့အောက်တွင်ရှိသောသူများက ဆင်းရဲဒုက္ခမည်မျှ သည်းညည်းခံရမည်နည်း။ ၎င်းတို့ လက်အောက်ရှိ လူများသည် ထိခိုက်နစ်နာကြရသည် မဟုတ်လော။ လူတစ်ဦးစီတိုင်းက အနည်းဆုံး မိနစ် ၂၀ ကြာ စိတ်ထက်သန်စွာ ဆုတောင်းခဲ့ကြပြီး စုဝေးပွဲများသည် မည်သူတစ်ဦးတစ်ယောက်မျှ၏ စိုးမိုးခြင်းမခံရသင့်ကြောင်းနှင့် လူတို့က ၅ မိနစ်မှ ၁၀ မိနစ်ကြာသာ မိတ်သဟာယပြုနိုင်သည်ဟု အထက်၏ ပြဋ္ဌာန်းချက်များရှိလင့်ကစား ၎င်းတို့သည် ဆုတောင်းရင်း အရှက်မရှိ အချိန်များစွာ ယူကြဆဲဖြစ်သည်။ နောက်ပိုင်းတွင် အလွန်များသော စုဝေးပွဲများက မနက်မှသည် ညထိ အဘယ်ကြောင့် အချိန်ကြာရသည်ကို နောက်ဆုံးတွင် ငါ နားလည်သွားခဲ့သည်။ ဤခေါင်းဆောင်များဟု ခေါ်သောသူများသည် ၎င်းတို့ အောက်တွင်ရှိသည့်သူများ ဆင်းရဲဒုက္ခခံရနေစဉ်တွင် တစ်ဦးပြီးတစ်ဦး ဆုတောင်းရင်းဖြင့်သာ ကြာမြင့်သော အချိန်တစ်ခုကို ယူနေကြသည်။ ဤအယောင်ဆောင်ခေါင်းဆောင်များသည် နှုတ်ဖြင့် စကားစစ်ထိုးရန်၊ တောင်စဉ်ရေမရ ပြောရန်သာ ရှိနေကြပြီး အချို့မှာမူ အလွန် အဆက်အစပ်မရှိ ပြောဆိုကြသဖြင့် မိမိတို့ ပြောပြီးသားအရာကိုပင် မေ့သွားကြ၏။ ၎င်းတို့အတွက်မူ အခြားသူများထက် ပို၍ ကြာကြာ ပြောဆိုနေသမျှ ကာလပတ်လုံး အားလုံး အဆင်ပြေ၏။ ငါ အကြံအိုက်သွားခဲ့သည်။ လူတစ်ဦးက ဆုတောင်းသည့်အခါ ၎င်း၏ မျက်လုံးများ ပိတ်လျက်သားဖြင့် ဘုရားသခင်ထံ ဆုတောင်းသင့်သည်။ သို့ဆိုလျှင် ၎င်းတို့၏ မျက်လုံးများက အဘယ်ကြောင့် ပွင့်နေခဲ့သနည်း။ ၎င်းတို့၏ မျက်လုံးများ ပွင့်လျက်သားရှိပြီး အခြားသူများ ဆုတောင်းနေပုံကို မြင်ရခြင်းသည် ၎င်းတို့၏ စိတ်များကို အမှန်တကယ် မနှောင့်ယှက်ခဲ့သလော။ အထူးသဖြင့် အခြားသူများက မည်သို့ ဆုတောင်းနေကြပြီး မည်သည့် စကားလုံးများ အသုံးပြုနေကြသည်ကို တွေးရန် လိုအပ်ခြင်းနှင့် ၎င်းတို့ထက် သာလွန်လိုခြင်းတို့ဖြင့်၊ ဤကဲ့သို့သော အရာများဖြင့် ပြည့်နေသည့် စိတ်နှလုံးဖြင့် ဘုရားသခင်ထံ ဆုတောင်းကာ စိတ်နှလုံးမှ စကားပြောခြင်းသည် ဖြစ်နိုင်မည်လော။ ဤသည်မှာ မူမမှန်သည့် ဆင်ခြင်တုံတရား မဟုတ်လော။ ဤအရာများသည် အယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင် အမှုဆောင်များ၏ အယောင်ဆောင် ဝိညာဉ်ရေးရာ ပြည့်ဝခြင်းနှင့်ဆိုင်သော သရုပ်သကန်များချည်းသာ ဖြစ်သည် မဟုတ်လော။ အတူတကွ စုဝေးပြီး ဘုရားနှုတ်ကပတ်တော်များ ဖတ်ရှုရန်နှင့် သမ္မာတရားအပေါ် မိတ်သဟာယပြုရန်မှာ လူတိုင်းအတွက် ကောင်းမွန်သည့်အရာတစ်ခု ဖြစ်သော်လည်း လူအချို့က “အို၊ သင် မသိပါ။ ထိုခေါင်းဆောင်များ စုဝေးပြီး ဆုတောင်းကြသည့်အခါ ကျမ်းစာများကို ရွတ်ဆိုနေကြသကဲ့သို့ ဖြစ်သည်။ အမှုအရာတစ်ခုအကြောင်းကို ၎င်းတို့ ဆက်ပြောနေပြီး ကျွန်ုပ်တို့ စုဝေးသည့်အခါတိုင်းတွင် အတူတူပင် ဖြစ်သည်။ ထိုအရာကို ကြားရသည်မှာ ကျွန်ုပ် စိတ်ကုန်သည်”ဟု အစီရင်ခံခဲ့ကြသည်။ ဤကဲ့သို့ စုဝေးပွဲများသည် လူတို့ကို အဘယ်သို့ တည်ဆောက်ပေးသနည်း။ အယောင်ဆောင် ခေါင်းဆောင်များနှင့် အမှုဆောင်များက ဤအရာကို အမြဲ လုပ်ဆောင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ဖြစ်နိုင်ကြသလော။ ၎င်းတို့သည် လူတို့အား နားလည်အောင်ကူညီရန် သမ္မာတရားအပေါ် မိတ်သဟာယပြုခြင်းကို အာရုံမစိုက်ကြသကဲ့သို့ သမ္မာတရားအပေါ် မိတ်သဟာယပြုခြင်းအားဖြင့် ပြဿနာများ ဖြေရှင်းခြင်းကိုလည်း အာရုံမစိုက်ကြပေ။ ထိုအစား ဘာသာတရားနှင့်ဆိုင်သည့် အယောင်ဆောင် ဝိညာဉ်ရေးရာပြည့်ဝမှုတွင် ပါဝင်လုပ်ဆောင်ကြသည်။ ဤသည်မှာ လူတို့ကို လမ်းလွဲစေခြင်း မဟုတ်လော။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို လုံးဝ နားမလည်ကြသကဲ့သို့ လူတို့အတွက် သူ၏ သတ်မှတ်ချက်များကိုလည်း နားမလည်ကြပေ။ ၎င်းတို့သည် ဘာသာရေး ထုံးတမ်းဓလေ့များတွင်သာ ပါဝင်ကြပြီး ကြွားဝါကြသည်။ ထို့ထက် ဆိုးသည်မှာ ၎င်းတို့သည် အခြားသူများကို ဖော်ထုတ်ရန်၊ တိုက်ခိုက်ရန်နှင့် ပြစ်တင်ရှုတ်ချရန် ဆုတောင်းခြင်းကို အသုံးပြုကြပြီး အချို့မှာမူ မိမိတို့ကိုယ်ကို အပြစ်မရှိကြောင်း သက်သေပြရန် ဆုတောင်းခြင်းကို အသုံးပြုကြ၏။ ၎င်းတို့၏ ဆုတောင်းချက်များက ဘုရားသခင် ကြားဖို့အတွက် ဖြစ်ပုံရသော်လည်း အမှန်တွင် လူကြားရန်အတွက် ဖြစ်သည်။ ထို့ကြောင့် ဤလူများတွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးများ စိုးစဉ်းမျှ မရှိကြ။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်ယှက်နေကြသည့် မယုံကြည်သူများသာ ဖြစ်သည်။ ဤအယောင်ဆောင် ခေါင်းဆောင်များသည် ၎င်းတို့၏ ဆုတောင်းချက်များတွင် အလွန်များသည့် အကျည်းတန်မှုကို ထုတ်ဖော်ပြကြသည်။ အချို့က “ဘုရားသခင်၊ လူအချို့က ကျွန်ုပ်ကို အထင်လွဲခဲ့ပါသည်။ ထိုသို့ ကျွန်ုပ် မရည်ရွယ်ခဲ့ပါ။ ကိုယ်တော့်ကို ကျွန်ုပ် ဆုတောင်းနေပါ၏။ ကျွန်ုပ် အပျက်သဘော မခံစားရသကဲ့သို့ အခြားလူများက ၎င်းတို့ နှစ်သက်သည့်အရာကို တွေးထင်နိုင်သည်”ဟူသကဲ့သို့သော အရာများကို ပြောလျက် ဆုတောင်းကြသည်။ အချို့က အယူဝါဒများ ပြောပြီး အခြားသူတို့က တရားဒေသနာများကို မည်သူက ပိုမို နားထောင်သည်၊ ဓမ္မတေးသီချင်း စာသားများ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များကို မည်သူက အများဆုံး မှတ်မိသည်၊ မည်သူ၏ ဆုတောင်းချက်က အရှည်ကြာဆုံးဖြစ်သည်၊ မည်သူက စကားပြော အကောင်းဆုံးဖြစ်သည် သို့မဟုတ် မည်သူက ဆုတောင်းရန် နည်းလမ်းအမျိုးမျိုး အများဆုံးရှိပြီး မတူကွဲပြားသော ဆုတောင်းချက် အမျိုးအစားများစွာဖြင့် ပါဝင်ဆုတောင်းသည်ဟူသည်တို့နှင့်ပတ်သက်၍ ယှဉ်ပြိုင်ကြလေသည်။ ဤသည်မှာ ဆုတောင်းခြင်း ဖြစ်သလော။ (မဟုတ်ပါ။) အဘယ်အရာဖြစ်သနည်း။ မကောင်းမှုကို ဗြောင်ကျကျ လုပ်ဆောင်ခြင်း ဖြစ်သည်။ သမ္မာတရားနှင့်ပတ်သက်၍ ကစားခြင်းနှင့် နင်းခြေခြင်း၊ ဘုရားသခင်ကို ဂုဏ်သရေညှိုးစေခြင်းနှင့် ပြစ်မှားစော်ကားခြင်း ဖြစ်သည်။ ဤနတ်ဆိုးများနှင့် မယုံကြည်သူများသည် ဆုတောင်းခြင်းဖြင့် မည်သည့်အရာကိုမဆို ပြောဝံ့ကြသည်။ ငါ့ကို ပြောလော့။ ၎င်းတို့သည် စစ်မှန်သော ယုံကြည်သူများဖြစ်သလော။ ၎င်းတို့တွင် ဘုရားတရားကိုင်းရှိုင်းမှု တစ်ခုတလေ လုံးဝ ရှိကြသလော။ (မရှိပါ။) ဤကဲ့သို့သောလူများသည် ခေါင်းဆောင်တစ်ဦးအဖြစ် ၎င်းတို့၏ အဆင့်အတန်း ဖယ်ရှားခံရသည့်အခါ အပျက်သဘောဆောင်လာကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို လုံးဝ ဆင်ခြင်သုံးသပ်ခြင်း မရှိကြဘဲ “ဘုရားအတွက် ကျွန်ုပ်၏ အလုပ်တွင် အလွန်များစွာ ဆင်းရဲဒုက္ခခံခဲ့ရသည့်တိုင် ကျွန်ုပ်က တကယ့်အလုပ်ကို မလုပ်ခဲ့သကဲ့သို့ အယောင်ဆောင် ခေါင်းဆောင်ဖြစ်ကြောင်း သူတို့က ပြောကြဆဲဖြစ်ပြီး ကျွန်ုပ်ကို ဖြုတ်ချခဲ့ကြသည်။ ထို့အပြင် အယူဝါဒများကို ကျွန်ုပ် ပြည့်စုံစွာပြောနိုင်သလောက် လူမည်မျှက ပြောနိုင်သနည်း။ မည်မျှသည် ကျွန်ုပ်လောက် ချစ်ခင်တတ်သနည်း။ ကျွန်ုပ်၏ မိသားစုနှင့် အသက်မွေးအလုပ်ကို ကျွန်ုပ် စွန့်ကာ ညီအစ်ကို မောင်နှမများနှင့် စုဝေးရင်း တစ်ကြိမ်တွင် သုံးရက် သို့မဟုတ် ငါးရက်ကြာ စကားပြောရင်း အသင်းတော်တွင် နေ့တိုင်း ကျွန်ုပ် အချိန်ကုန်ခဲ့သည်။ သူတို့က ကျွန်ုပ်ကို အဘယ်သို့ဖြစ်ပြီး ထိုသို့ပင် ဖြုတ်ချနိုင်ခဲ့သနည်း”ဟူ၍ နေရာတကာ ညည်းညူကြသည်။ ၎င်းတို့သည် အလျှော့မပေးကြသကဲ့သို့ မကျေနပ်ချက်များ ထားရှိကြသည်။ “ဘုရားအိမ်တော်တွင် ခေါင်းဆောင် မလုပ်နှင့်။ ခေါင်းဆောင်တစ်ဦးအဖြစ် သင် အရွေးခံရလျှင် သင် ဒုက္ခရောက်ပြီဖြစ်ပြီး သင် ဖြုတ်ချခြင်းခံရသည်နှင့်တစ်ပြိုင်နက် သာမန်ယုံကြည်သူဖြစ်ရန် အခွင့်အရေးပင် ရှိမည်မဟုတ်”ဟူသော အခိုင်အမာပြောဆိုခြင်းကို ဖြန့်သော သူများလည်း ရှိသည်။ ဤစကားများသည် မည်သည့်အရာများ ဖြစ်သနည်း။ ယင်းတို့သည် ယုတ္တိမရှိဆုံးနှင့် အဓိပ္ပာယ်အမဲ့ဆုံးသော စကားများဖြစ်ပြီး ဘုရားသခင်အပေါ် အလျှော့မပေးခြင်း၊ မကျေနပ်ခြင်းနှင့် ပြစ်မှားစော်ကားခြင်း စကားများဖြစ်သည်ဟုလည်း ဆိုနိုင်သည်။ ယင်းသည် ထိုစကားများ၏ အဓိပ္ပာယ်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ထိုစကားများအတွင်းတွင် မည်သည့်အရာ ပါရှိသနည်း။ တိုက်ခိုက်မှုတစ်ခုဖြစ်သည်။ ထိုစကားများသည် သာမန်ဝေဖန်မှုတစ်ခု မဟုတ်။ ဤလူများက ၎င်းတို့အနေဖြင့် မကောင်းသည့်အရာများ လုပ်ဆောင်လျက် သောင်းကျန်းခြင်းနှင့် တကယ့်အလုပ်တစ်ခုတလေကို လုပ်ဆောင်ရန် ပျက်ကွက်ခြင်းအတွက် ဖြုတ်ချခံခဲ့ရခြင်းဖြစ်သည်ဟု မပြောကြဘဲ ဘုရားသခင်က ၎င်းတို့အတွက် မဖြောင့်မတ်ကြောင်း၊ သူ၏ အရေးယူဆောင်ရွက်ချက်များတွင် ၎င်းတို့၏ ဂုဏ်သိက္ခာကို ထည့်တွက်ခြင်းမရှိခဲ့ကြောင်းနှင့် ၎င်းတို့ ခံစားခဲ့ရပုံနှင့် ၎င်းတို့၏ စိတ်ခံစားမှုဆိုင်ရာ အရင်းအနှီးကို သူ နားမလည်ခဲ့ဟု မကျေမနပ်ပြောကြသည်။ ၎င်းတို့၏ စိတ်နေစိတ်ထားသည် ဘာသာတရားမရှိသူတစ်ဦး၏ စိတ်နေစိတ်ထားဖြစ်သည်။ ၎င်းတို့သည် သမ္မာတရား လက်တွေ့ကျမှုများ လုံးဝ ကင်းမဲ့ကြလေသည်။
သင်တို့သည် စုဝေးပွဲများအတောအတွင်းတွင် အချိန်မည်မျှကြာ ဆုတောင်းလေ့ရှိကြသနည်း။ လူတိုင်း၏ အချိန်များစွာ ကုန်သလော။ သင်တို့၏ ဆုတောင်းချက်များက လူတို့ကို စိတ်အနှောင့်အယှက် ပေးဖူးသလော။ လူအချို့က ဆုတောင်းရင်း အချိန်များစွာ ယူကြပြီး ၎င်းတို့ကို နားထောင်ရင်း လူတိုင်း ငြီးငွေ့ကြသည့်တိုင် ဤလူများက ၎င်းတို့အနေဖြင့် ဝိညာဉ်ရေးရာ အပြည့်ဝဆုံးဖြစ်သည်ဟု တွေးထင်ကြဆဲဖြစ်ပြီး ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခဲ့သည့် နှစ်များစွာအတွင်း ၎င်းတို့ ရရှိကာ ဖြစ်မြောက်ခဲ့ကြသည့် အရာဖြစ်သည်ဟု ယုံကြည်ကြဆဲဖြစ်သည်။ နှစ်နာရီကြာ ဆုတောင်းပြီးနောက်တွင်ပင် ၎င်းတို့ မပင်ပန်းကြပေ။ ထိုအတောအတွင်းတွင် ၎င်းတို့သိသည့် စကားလုံးများနှင့် အယူဝါဒများ၊ ဆောင်ပုဒ်များအားလုံး သို့မဟုတ် အခြားသူများထံမှ ၎င်းတို့ ကြားခဲ့ရသည့် အရာများ သို့မဟုတ် ၎င်းတို့ ထွင်သည့်အရာများကို ပြောဆိုလျက် အလားတူ အိုဟောင်းနေသည့်၊ မဆီလျော်သော အရာများကိုသာ ထပ်တလဲလဲ ပြောကြသည်။ လူတိုင်းက ငြီးငွေ့သည်ဖြစ်စေ၊ မငြီးငွေ့သည်ဖြစ်စေ၊ ၎င်းတို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဤအရာကို ၎င်းတို့ လုပ်ဆောင်ကြသည်။ ဤသည်မှာ သင်တို့ ဆုတောင်းကြသည့်ပုံ ဖြစ်သလော။ ငါ့ကို ပြောလော့၊ အကျဉ်းချုပ် ဆုတောင်းခြင်းသည် မှန်ကန်သလော သို့မဟုတ် ရှည်ရှည်ဝေးဝေး ဆုတောင်းခြင်းသည် မှန်ကန်သလော။ (အမှန်၊ သို့မဟုတ် အမှား မရှိပါ။) မှန်ပေ၏။ ဤအရာများထဲမှ မည်သည့်အရာ မှန်သည်၊ သို့မဟုတ် မှားသည်ကို သင် ဆုံးဖြတ်သတ်မှတ်၍ မရပေ။ သင်သည် သင့် စိတ်နှလုံး၏ လိုအပ်ချက်များအတိုင်းသာ ဘုရားသခင်ထံ ဆုတောင်းသင့်သည်။ တစ်ခါတစ်ရံ ဆုတောင်းခြင်းက ဟိတ်ဟန် မလိုအပ်သော်လည်း တစ်ခါတစ်ရံ လိုအပ်လေသည်။ ထိုအရာသည် ပတ်ဝန်းကျင်နှင့် ဖြစ်ပျက်သည့်အရာပေါ် မူတည်သည်။ ဆုတောင်းချက်က အချိန်အတန်ငယ် ယူကောင်းယူနိုင်သည်ကို သင် တွေးလျှင် သင်၏ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဘုရားသခင်ထံ သင် သီးသန့် ဆုတောင်းလော့။ ထိုအရာအားလုံးကို စုဝေးပွဲများတွင် ဆုတောင်းပြီး လူတိုင်း၏ အချိန်ကို မကုန်စေနှင့်။ ဤအရာကို ဆင်ခြင်တုံတရားဟု ခေါ်သည်။ ၎င်းတို့၏ ဂုဏ်သိက္ခာနှင့် နာမည်ဂုဏ်သတင်းအတွက် လူအချို့သည် ဤအရာကို မည်သို့မျှ အရေးမထားကြချေ။ ယင်းမှာ မသိနားမလည်ခြင်းနှင့် ဆင်ခြင်တုံတရားကင်းမဲ့ခြင်း ဖြစ်သည်။ ဆင်ခြင်တုံတရားကင်းမဲ့သောလူများသည် အရှက်တရားတစ်ခုတလေ ရှိကြသလော။ ၎င်းတို့သည် လူတိုင်းက ၎င်းတို့ ဆုတောင်းသည်ကို စောင့်ကြည့်ရခြင်းအား အလွန်အမင်း မနှစ်မြို့ကြသည်ကိုပင် မသိကြချေ။ ဤသိမြင်ခြင်း သို့မဟုတ် အသိ အနည်းငယ်မျှပင် မရှိကြသည့်လူများသည် သမ္မာတရားကို သဘောပေါက်နားလည်နိုင်ကြသလော။ သဘောပေါက်နားလည်နိုင်ခြင်း မရှိကြပေ။ လူက လက်တွေ့လုပ်ဆောင်ရန် ဘုရားသခင် တောင်းဆိုသည့် သမ္မာတရား စည်းမျဉ်းများအားလုံးသည် သူ၏ နှုတ်ကပတ်တော်များတွင်ရှိပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် စပ်လျဉ်း၍ ဘုရားသခင် မိတ်သဟာယပြုသည့် နှုတ်ကပတ်တော်အားလုံးသည် စည်းမျဉ်းများ ပါရှိသကဲ့သို့ စည်းမျဉ်းများလည်းဖြစ်လေသည်။ လူတို့အနေဖြင့် ယင်းတို့နှင့်ပတ်သက်၍ သေချာစွာ တွေးဆရန်သာ လိုအပ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ ဘုရားနှုတ်ကပတ်တော်များတွင် အလွန်များသော စည်းမျဉ်းများ ရှိသည်။ ကိစ္စရပ်မျိုးစုံ၊ အခြေအနေမျိုးစုံနှင့် ဆက်စပ်စဉ်းစားရမည့် အကြောင်းအရာမျိုးစုံတွင် လက်တွေ့လုပ်ဆောင်ပုံအတွက် စည်းမျဉ်းများနှင့် လမ်းကြောင်းများရှိသည်။ အဓိကအရာမှာ သင့်အနေဖြင့် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်ခြင်း ရှိပြီး သဘောပေါက်နားလည်နိုင်စွမ်း ပိုင်ဆိုင်ခြင်း ရှိမရှိ ဖြစ်သည်။ တစ်စုံတစ်ဦးသည် ဤသဘောပေါက်နားလည်နိုင်စွမ်းရှိလျှင် သမ္မာတရားကို နားလည်နိုင်သည်။ သို့သော် မရှိလျှင် ဘုရားနှုတ်ကပတ်တော်များက မည်မျှ အသေးစိတ်ကျသည်ဖြစ်စေ ၎င်းတို့ သဘောပေါက်နားလည်မည့် အရာအားလုံးမှာ စည်းမျဉ်းစည်းကမ်းများ ဖြစ်ပြီး ဤသည်မှာ သမ္မာတရားကို သိနားလည်ခြင်း မဟုတ်ပေ။ ထို့ကြောင့် သင့်အနေဖြင့် မတူကွဲပြားသော အခြေအနေများအတွက် လိုက်ရောညီထွေရှိအောင် ပြင်ဆင်နိုင်ရန်အလို့ငှာ ဘုရားသခင်က သင့်ကို စည်းမျဉ်းများ ပေးလေသည်။ သူ၏ နှုတ်ကပတ်တော်များကို နားထောင်ခြင်းနှင့် သူ့ကို သိရှိလာခြင်းမှတစ်ဆင့် အမျိုးမျိုးသော အတွေ့အကြုံများမှတစ်ဆင့်လည်းကောင်း၊ မိတ်သဟာယအပြင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းမှတစ်ဆင့်လည်းကောင်း၊ သူ စကားပြောသည့် စည်းမျဉ်းများ၏ သွင်ပြင်လက္ခဏာတစ်ခုနှင့် ကိစ္စရပ်တစ်မျိုးအတွက် သူ၏ သတ်မှတ်ထားသည့် စံနှုန်းများကို သင် နားလည်လာလိမ့်မည်။ ထို့နောက် သင်သည် သမ္မာတရား၏ သွင်ပြင်လက္ခဏာကို နားလည်ပြီး ဖြစ်လိမ့်မည်။ ဘုရားသခင်က အရာရာကို အသေးစိတ် ရှင်းပြရပြီး လူတို့အား ဤကိစ္စတွင်ဖြစ်စေ၊ ထိုကိစ္စတွင်ဖြစ်စေ မည်သို့ ပြုမူဆောင်ရွက်ရမည်ကို ပြောပြရမည်ဆိုလျှင် သူ ပြောသည့် စည်းမျဉ်းများသည် အချည်းနှီး ဖြစ်ပေမည်။ ဘုရားသခင်က ဤနည်းလမ်းကို အသုံးပြုပြီး အမှုအရာတစ်ခုပြီးတစ်ခုအတွက် စည်းမျဉ်းစည်းကမ်းများကို လူသားမျိုးနွယ်အား ပြောပြခဲ့လျှင် နောက်ဆုံးတွင် မည်သည့်အရာကို လူတို့ ရရှိမည်နည်း။ အချို့သော လက်တွေ့လုပ်ဆောင်မှုများနှင့် အပြုအမူများသာ ဖြစ်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များ သို့မဟုတ် သူ၏ နှုတ်ကပတ်တော်များကို ၎င်းတို့ လုံးဝ နားလည်ကြမည် မဟုတ်။ ဘုရားနှုတ်ကပတ်တော်များကို လူတို့ နားမလည်လျှင် သမ္မာတရားကို မည်သည့်အခါတွင်မျှ ၎င်းတို့ သဘောပေါက်နိုင်ကြလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ ဖြစ်သည့်ပုံစံ မဟုတ်လော။ (ဟုတ်ပါသည်။) သမ္မာတရားကို သင်တို့ နားလည်နိုင်ကြသလော။ လူအများစုက နားမလည်နိုင်ကြသကဲ့သို့ ဤအရာကို အမှန်တကယ် စွမ်းဆောင်ရရှိနိုင်သည်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိပြီး သမ္မာတရားကို ချစ်သည့် သူအနည်းငယ်သာ ဖြစ်သည်။ ထို့ကြောင့် ဤအရာကို စွမ်းဆောင်ရရှိနိုင်သည့်သူများအတွက် ကြိုတင်သတ်မှတ်ချက်များမှာ အဘယ်နည်း။ ၎င်းတို့အနေဖြင့် ဝိညာဉ်ရေးရာ သိနားလည်မှု ရှိလျှင်၊ သဘောပေါက်နားလည်နိုင်စွမ်းရှိလျှင်၊ သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများကို စစ်မှန်ရိုးသားစွာ လိုက်စားပြီး ချစ်ကြလျှင် ထိုအရာကို စွမ်းဆောင်ရရှိနိုင်သည်။ ထိုအရာကို စွမ်းဆောင်ရရှိနိုင်ခြင်း မရှိသည့် ကျန်သောသူများနှင့် ပတ်သက်လာသည့်အခါ တစ်နည်းအားဖြင့် ထိုအရာသည် ၎င်းတို့၏ အစွမ်းအစ သို့မဟုတ် သဘောပေါက်နားလည်နိုင်စွမ်းနှင့်ပတ်သက်သည့် ပြဿနာများကြောင့်ဖြစ်ပြီး နောက်တစ်နည်းအားဖြင့် အချိန်နှင့်ဆိုင်သော ပြဿနာတစ်ခု ဖြစ်သည်။ ထိုအရာသည် အသက်၂၀ အရွယ်ခန့်ရှိသည့် လူများကဲ့သို့ ဖြစ်သည်။ အသက် ၅၀ အရွယ်ခန့်ရှိသူတစ်ဦးက စွမ်းဆောင်ရရှိနိုင်ပြီး စွမ်းဆောင်ရရှိသင့်သည့်အရာကို စွမ်းဆောင်ရရှိရန် ၎င်းတို့အား သင် စေခိုင်းလျှင် ဤသည်မှာ ၎င်းတို့၏ အရည်အချင်းများကို ကျော်လွန်သည့် အရာတစ်ခုကို လုပ်ဆောင်ရန် ၎င်းတို့ကို အတင်းအကျပ်စေခိုင်းခြင်း ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ယခု စဉ်းစားကြည့်လော့၊ သမ္မာတရားကို သဘောပေါက်နားလည်ရန် လူတစ်ဦး၏ အရည်အချင်းသည် မည်သည့်အရာနှင့် ဆက်စပ်သနည်း။ (၎င်းတို့၏ အစွမ်းအစနှင့် ဆက်စပ်ပါသည်။) ၎င်းတို့၏ အစွမ်းအစနှင့် ဆက်စပ်ပေသည်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ (သမ္မာတရားကို ၎င်းတို့ လိုက်စားခြင်း ရှိမရှိဖြစ်သည်။) ထိုအရာသည် ၎င်းတို့၏ လိုက်စားမှုနှင့် ဆက်စပ်မှု တစ်ခုခုရှိသည်။ လူအချို့သည် ၎င်းတို့၏ နားလည်နိုင်စွမ်း၊ စိတ်မြန်ဆန်မှုနှင့် ဉာဏ်ရည်ဉာဏ်ကဲအရ အမှန်တကယ် ပြည့်မီပြီး သမ္မာတရားကို နားလည်နိုင်ကြသော်လည်း သမ္မာတရားကို မချစ် သို့မဟုတ် မလိုက်စားကြချေ။ ၎င်းတို့ စိတ်နှလုံးများတွင် သမ္မာတရားအတွက် မည်သည့်အရာမျှ ၎င်းတို့ မခံစားရသကဲ့သို့ ဤအချက်တွင် မည်သည့်အားထုတ်မှုမျှ မပြုကြချေ။ ဤသို့သော လူတို့အတွက် သမ္မာတရားသည် မရှင်းလင်းသကဲ့သို့ အသိအမှတ်မပြုနိုင်သော အရာတစ်ခု အမြဲ ဖြစ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို ၎င်းတို့ နှစ်ပေါင်းမည်မျှ ယုံကြည်သည်ဖြစ်စေ အသုံးဝင်လိမ့်မည် မဟုတ်။
ကောင်းပြီ၊ ငါ၏ ပုံပြင်ဇာတ်လမ်းများ ပြောပြခြင်းကို ငါ ပြီးစီးပြီဖြစ်သည်။ ဤပုံပြင်ဇာတ်လမ်းများ၏ ဇာတ်ကွက်နှင့် ပါဝင်သော အကြောင်းအရာတို့သည် သမ္မာတရားအချို့ကို နားလည်ရန် သင်တို့အား ကူညီပေးနိုင်သလော။ (ကူညီနိုင်ပါသည်။) ဤပုံပြင်ဇာတ်လမ်းများကို အဘယ်ကြောင့် ငါ ပြောပြသနည်း။ ဤပုံပြင်ဇာတ်လမ်းများသည် လူတို့၏ အသက်ရှင်နေထိုင်မှု အခြေအနေများ၊ ၎င်းတို့ ထုတ်ဖော်ပြသည့် စိတ်သဘောထားများနှင့် လက်တွေ့ဘဝတွင်ရှိသော ၎င်းတို့၏ အတွေးများနှင့် ဆက်စပ်မှု မရှိခဲ့လျှင် ပြောပြရန် လိုအပ်မည်လော။ (လိုအပ်မည် မဟုတ်ပါ။) လိုအပ်မည် မဟုတ်ပေ။ ငါတို့ ဆွေးနွေးပြီးသည့်အရာများသည် လူတို့က ၎င်းတို့ဘဝတွင် တွေ့မြင်နေကျ ဖြစ်စဉ်များနှင့် ၎င်းတို့ မကြာခဏ ထုတ်ဖော်သည့် အခြေအနေများချည်းသာ ဖြစ်ပြီး ယင်းတို့သည် လူသား စိတ်သဘောထားများ၊ အမြင်များ၊ အတွေးများနှင့် ဆက်စပ်သည်။ ဤပုံပြင်ဇာတ်လမ်းများကို နားထောင်ပြီးနောက်တွင် ယင်းတို့က ပုံပြင်ဇာတ်လမ်းများသာဖြစ်ကြောင်း၊ အနည်းငယ် ရယ်စရာကောင်းပြီး အနည်းငယ် စိတ်ဝင်စားစရာဖြစ်သော်လည်း ထိုမျှသာဖြစ်သည်ဟု သင်တို့ တွေးထင်ကြကာ ထိုပုံပြင်ဇာတ်လမ်းများတွင်ရှိသည့် သမ္မာတရားများကို နားမလည်နိုင်ကြလျှင် ယင်းတို့သည် သင်တို့အတွက် အသုံးဝင်လိမ့်မည် မဟုတ်ပေ။ ဤပုံပြင်ဇာတ်လမ်းများမှ သမ္မာတရားအချို့ကို သင်တို့ နားလည်ရမည်။ ဤအရာက အနည်းဆုံးအနေဖြင့် သင်တို့၏ အပြုအမူ၊ အထူးသဖြင့် အမှုအရာအချို့နှင့်ပတ်သက်၍ သင်တို့၏ အမြင်များအပေါ် ပြုပြင်တည့်မတ်ပေးသော အကျိုးတရားတစ်ခု ရှိလိမ့်မည်ဖြစ်ပြီး သင်တို့၏ လွဲချော်သော သိနားလည်ခြင်း နည်းလမ်းများမှ လှည့်ပြန်ကာ ဤအမှုအရာအမျိုးအစားများအပေါ် စင်ကြယ်သည့် သိနားလည်မှုတစ်ခု ပိုင်ဆိုင်နိုင်စေလိမ့်မည်။ ဤသည်မှာ သင်၏ အပြုအမူကိုသာ ပြောင်းလဲရန်မဟုတ်ဘဲ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ဖန်တီးထားသည့် ဤအခြေအနေများကို အရင်းအမြစ်မှနေ၍ ဖြေရှင်းပေးရန်လည်း ဖြစ်သည်။ သင်တို့ နားလည်ကြသလော။ ယခုအခါတွင် အဓိကအကြောင်းအရာနှင့်ပတ်သက်၍ မိတ်သဟာယပြုကြစို့။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။