ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)

အပိုင်း သုံး

နောက်တစ်ခုမှာ ကျေးဇူးတော်ခေတ်၌ သခင်ယေရှုပြောခဲ့သော ပုံပြင်တစ်ပုဒ်ကို ကြည့်ကြစို့။

၃။ ပျောက်ဆုံးသွားသောသိုး ပုံဥပမာ

ရှင်မဿဲ ၁၈:၁၂-၁၄ အဘယ်သို့ထင်ကြသနည်း။ သိုးတရာရှိသောသူ၌ သိုးတကောင်သည် လမ်းလွဲ၍ပျောက်လျှင်၊ ထိုသူသည် ကိုးဆယ်ကိုးကောင်သောသိုးတို့ကို တောင်ပေါ်မှာထားခဲ့ပြီးမှ၊ လမ်းလွဲ၍ပျောက်သော သိုးတကောင်ကို သွား၍ရှာတတ်သည် မဟုတ်လော။ တွေ့ပြီးလျှင်၊ လမ်းမလွဲ၍ပျောက်သောသိုး ကိုးဆယ်ကိုးကောင်၌ ဝမ်းမြောက်ခြင်းရှိသည်ထက်၊ ထိုသိုးတကောင်၌ သာ၍ဝမ်းမြောက်ခြင်းရှိသည်ဟု ငါအမှန်ဆို၏။ ထိုနည်းတူ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဤသူငယ်တယောက်ကိုမျှ ပျက်စီးစေခြင်းငှာ အလိုတော်မရှိ။

ဤကျမ်းပိုဒ်က ပုံဆောင်ဝတ္ထုတစ်ခုဖြစ်သည်။ ယင်းက လူတို့ကို မည်သည့်ခံစားချက်မျိုးပေးသနည်း။ ဤကျမ်းပိုဒ်၌ သုံးထားသော ပုံဆောင်ဝတ္ထုဖြစ်သည့် ဖော်ပြသောပုံစံက လူ့ဘာသာစကားရှိ ဥပစာအသုံးအနှုန်းတစ်ခုဖြစ်သည်နှင့်အညီ ၎င်းက လူသား၏ အသိပညာနယ်ပယ်အတွင်း၌ ရှိလေသည်။ ပညတ်တော်ခေတ်တွင် ဘုရားသခင်က ဆင်တူသော အရာကိုပြောခဲ့မည်ဆိုလျှင် ဘုရားသခင်မည်သူဆိုသည်နှင့် ပတ်သက်ပြီး အမှန်တကယ် တသမတ်တည်းမဖြစ်ဘူးဟု လူတို့ ခံစားကြရလိမ့်မည်။ သို့သော်လည်း လူသားသည် ကျေးဇူးတော်ခေတ်၌ ဤစာပိုဒ်ကို ပြောကြားသောအခါ လူတို့အတွက် စိတ်သက်သာရာရခြင်း၊ နွေးထွေးခြင်းနှင့် ရင်းနှီးမှုကို ခံစားရစေသည်။ ဘုရားသခင် လူ့ဇာတိခံယူခဲ့စဉ်က၊ လူ့ပုံသဏ္ဌာန်နှင့် ပေါ်ထွန်းလာခဲ့စဉ်က လူ့သဘာဝထဲမှ သူ့နှလုံးသား၏ အသံကို ဖော်ပြရန် အလွန်သင့်တော်သော တင်စားချက်ကို သူအသုံးပြုခဲ့သည်။ ဤအသံက ဘုရားသခင်ကိုယ်တိုင်၏ အသံနှင့် ထိုခေတ်၌ သူလုပ်လိုသော အလုပ်ကို ကိုယ်စားပြုခဲ့သည်။ ကျေးဇူးတော်ခေတ်တွင် လူတို့အပေါ် ဘုရားသခင်ထားခဲ့သော သဘောထားတစ်ခုကိုလည်း ကိုယ်စားပြုခဲ့သည်။ လူတို့အပေါ် ဘုရားသခင်၏ သဘောထား ရှုထောင့်မှ ကြည့်သောအခါတွင် သူသည် လူတစ်ယောက်ချင်းစီတိုင်းကို သိုးနှင့် နှိုင်းလိုက်သည်။ သိုးတစ်ကောင် ပျောက်သွားလျှင် ထိုသိုးကို ရှာရန်အတွက် မည်သည့်အရာကိုမဆို သူလုပ်ဆောင်ပါလိမ့်မည်။ ၎င်းသည် လူသားမျိုးနွယ်ထဲ၌ ဤအချိန်မှာ လူ့ဇာတိအသွင်နှင့် ဘုရားသခင်၏အလုပ်၏ သဘောတရားကို ကိုယ်စားပြုသည်။ ထိုအလုပ်မှာ သူ၏ ဆုံးဖြတ်ချက်နှင့် သဘောထားကို ဖော်ပြရန် ဤပုံဥပမာကို အသုံးပြုခဲ့သည်။ ဤသည်မှာ ဘုရားသခင်က လူ့ဇာတိဖြစ်လာခြင်း၏ အားသာချက်ပင်ဖြစ်သည်။ သူသည် လူသားမျိုးနွယ်၏ အသိပညာ၏ အားသာချက်ကို ယူပြီး လူတို့ကို စကားပြောရန်၊ သူ့အလိုတော်ကို ဖော်ပြရန် လူသား၏ဘာသာစကားကို အသုံးပြုနိုင်ခဲ့သည်။ သူသည် လူသား၏ ဘာသာစကားနှင့် လူတို့ နားလည်ရန်ခက်ခဲသော အလွန်ကြီးမြတ်ပြီး၊ ဘုရားသဘောသဘာဝနှင့်သက်ဆိုင်သော သူ၏ဘာသာစကားကို လူသား၏နည်းလမ်းဖြင့် လူသားတို့ကိုရှင်းပြခဲ့သည်၊ သို့မဟုတ် “ဘာသာပြန်ခဲ့သည်။” ၎င်းက သူ၏အလိုတော်ကို လူတို့နားလည်ပြီး သူလုပ်လိုသောအရာကို လူတို့ သိစေရန် ကူညီခဲ့သည်။ သူသည် လူသား၏ရှုထောင့်မှ၊ လူသားဘာသာစကားကိုအသုံးပြုရင်း လူတို့နှင့် စကားပြောဆိုနိုင်ပြီး သူတို့နားလည်သော နည်းလမ်းဖြင့် လူတို့ကို ဆက်သွယ်ပြောဆိုခဲ့သည်။ လူတို့က ဘုရားသခင်၏ ကြင်နာခြင်းနှင့် နီးစပ်ခြင်းကို ခံစားနိုင်ရန်အတွက်၊ သူ့နှလုံးသားကို သူတို့ မြင်နိုင်ရန်အတွက် သူသည် လူသား၏ဘာသာစကားနှင့် အသိပညာကိုအသုံးချပြီး ပြောဆိုလုပ်ကိုင်နိုင်ပါသေးသည်။ ဤအချက်မှာ သင်တို့ ဘာကိုမြင်ပါသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့နှင့် အပြုအမူတို့ကို ပိတ်ပင်တားမြစ်ခြင်းမရှိဘူးဆိုခြင်းကိုလော။ ဘုရားသခင်ကိုယ်တော်တိုင် ပြောလိုသောအရာများ၊ သူလုပ်လိုသောအလုပ်များ၊ သို့မဟုတ် သူ၏ကိုယ်ပိုင်အလိုတော်ကို ဖော်ပြရန် လူသား၏အသိပညာ၊ ဘာသာစကား၊ သို့မဟုတ် စကားပြောသောပုံစံကို ဘုရားသခင် သုံးရန် မဖြစ်နိုင်ဟု လူတို့မြင်ကြသည်။ ဤသည်မှာ မှားယွင်းသော စဉ်စားပုံပင်ဖြစ်သည်။ ထိုအချိန်ကာလ၌ လူတို့အပေါ်ထားသော သူ၏သဘောထားကိုမြင်ပြီး ဘုရားသခင်၏ ရိုးသားဖြူစင်မှုနှင့် စစ်မှန်မှုတို့ကို လူတို့ခံစားနိုင်ရန်အတွက် ဘုရားသခင်က ဤကဲ့သို့ တင်စားချက်မျိုးကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ ဤပုံဥပမာသည် ပညတ်တော်အောက်၌ အကြာကြီး အသက်ရှင်နေထိုင်ခဲ့သော လူတို့ကို အိပ်မက်မှ နိုးထစေခဲ့ပြီး ကျေးဇူးတော်ခေတ်မှာ အသက်ရှင်နေထိုင်နေသော လူတို့၏ မျိုးဆက်တစ်ခုပြီးတစ်ခုကိုလည်း လှုံ့ဆော်ခဲ့သည်။ ဤပုံဥပမာ၏ စာပိုဒ်ကို ဖတ်ခြင်းအားဖြင့် လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်၏ ရိုးသားဖြူစင်မှုကို လူတို့သိကြပြီး သူ့နှလုံးသားထဲရှိ လူသားမျိုးနွယ်၏ ဝန်ထုပ်ဝန်ပိုးကို လူတို့နားလည်သည်။

ဤစာပိုဒ်မှာရှိသော နောက်ဆုံးစာကြောင်းကို ကြည့်ကြစို့။ “ထိုနည်းတူ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဤသူငယ်တယောက်ကိုမျှ ပျက်စီးစေခြင်းငှာ အလိုတော်မရှိ။” ၎င်းက သခင်ယေရှု၏ ကိုယ်ပိုင် နှုတ်ကပတ်တော်တို့လော၊ သို့မဟုတ် ကောင်းကင်ဘုံ၌ရှိသော သူ့ခမည်းတော်၏ နှုတ်ကပတ်တော်တို့လော။ အပေါ်ယံ၌ စကားပြောနေသည်က သခင်ယေရှုဟု ထင်ရသော်လည်း သူ၏အလိုတော်သည် ဘုရားသခင်ကိုယ်တော်တိုင်၏ အလိုတော်ကို ကိုယ်စားပြုသည်။ ထို့ကြောင့် သူက “ထိုနည်းတူ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဤသူငယ်တယောက်ကိုမျှ ပျက်စီးစေခြင်းငှာ အလိုတော်မရှိ” ဟုပြောခဲ့ခြင်းပင်။ ထိုအချိန်မှာ လူတို့က ကောင်းကင်ဘုံ၌ရှိသော ခမည်းတော်ကိုသာ ဘုရားသခင်အနေနှင့် အသိအမှတ်ပြုကြပြီး သူတို့မျက်စိရှေ့၌ သူတို့မြင်ခဲ့သော ဤလူသည် ဘုရားသခင်၏ စေလွှတ်ခြင်းခံရခြင်းသက်သက်ဖြစ်ပြီး ကောင်းကင်ဘုံ၌ရှိသော ခမည်းတော်ကို သူက ကိုယ်စားမပြုနိုင်ပေ။ ထို့ကြောင့် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏အလိုတော်ကို သူတို့အမှန်တကယ် ခံစားနိုင်ရန်အတွက်၊ သူပြောခဲ့သည့်အတိုင်း စစ်မှန်မှုနှင့် တိကျမှုကို ခံစားနိုင်ရန်အတွက် သခင်ယေရှုသည် ထိုအရာကို ပြောခဲ့ရခြင်းဖြစ်သည်။ ၎င်းက ပြောရန် ရိုးရှင်းသောအရာတစ်ခုဖြစ်သော်လည်း ဂရုစိုက်မှုတို့ပါဝင်ပြီး သခင်ယေရှု၏ နှိမ့်ချခြင်းနှင့် လျှို့ဝှက်ခြင်းကို ဖွင့်ပြသည်။ ဘုရားသခင်က လူ့ဇာတိခံယူခဲ့ခြင်းဖြစ်စေ၊ သို့မဟုတ် ဝိညာဉ်နယ်ပယ်၌ သူအလုပ်လုပ်ခဲ့ခြင်းပင်ဖြစ်စေ၊ လူသား၏နှလုံးသားကို သူအသိဆုံးဖြစ်ပြီး လူတို့ လိုအပ်သောအရာကို အနားလည်ဆုံးဖြစ်သည်။ လူတို့ စိုးရိမ်သောအရာနှင့် သူတို့ကို စိတ်ရှုပ်ထွေးစေသောအရာတို့ကို သိသည်။ ထို့ကြောင့် ဤစာကြောင်းတစ်ကြောင်းကို သူထည့်လိုက်သည်။ ဤစာကြောင်းက လူသားမျိုးနွယ်မှာ ပုန်းကွယ်နေသော ပြဿနာတစ်ခုကို မီးမောင်းထိုးပြထားသည်။ လူသားက ပြောခြင်းနှင့်ပတ်သက်ပြီး လူတို့က လွယ်လွယ်မယုံကြည်ကြချေ။ ဆိုလိုသည်မှာ သခင်ယေရှု စကားပြောသောအခါ “ထိုနည်းတူ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဤသူငယ်တယောက်ကိုမျှ ပျက်စီးစေခြင်းငှာ အလိုတော်မရှိ” ဆိုသည်ကို ထည့်လိုက်ရသည်။ သူတို့၏ တိကျမှုကို ယုံကြည်စေပြီး သူတို့၏ ယုံကြည်လက်ခံနိုင်စွမ်းကို တိုးမြှင့်ပေးရန်အတွက် ဤအဆိုကျမှသာ သူ၏နှုတ်ကပတ်တော်တို့မှ အသီးအပွင့်တို့ ဖြစ်ထွန်းလာနိုင်ခဲ့ခြင်းပင်ဖြစ်သည်။ ဘုရားသခင်က လူသား၏ ပုံမှန်သားတစ်ယောက်ဖြစ်လာသောအခါ၊ ဘုရားသခင်နှင့် လူသားမျိုးနွယ်က အတော်ပင်ခွကျသော ဆက်ဆံရေးရှိလာသည်။ ထို လူသား၏ အခြေအနေက အတော်ပင်အရှက်ရစရာဖြစ်ခဲ့သည်။ ထိုအချိန်မှာ လူသားတို့ကြား၌ သခင်ယေရှု၏ အဆင့်အတန်း မည်မျှသေးငယ်ကြောင်းကိုလည်းပြသည်။ သူက ၎င်းကိုပြောသောအခါ အမှန်တကယ်က လူတို့ကို ဤကဲ့သို့ပြောရန်ဖြစ်သည်။ သင်တို့ စိတ်ချထား၍ ရသည်။ ဤအရာက ငါ၏ကိုယ်ပိုင်နှလုံးသားထဲက အရာကို ကိုယ်စားမပြုချေ။ သင်တို့၏ နှလုံးသားထဲ၌ရှိသော ဘုရားသခင်၏ အလိုတော်ကသာလျှင် ကိုယ်စားပြုခြင်းဖြစ်သည်။ လူသားမျိုးနွယ်အတွက် ဤအရာက အထင်နှင့်အမြင် တလွဲစီ ဖြစ်မနေပေဘူးလော။ ဇာတိခန္ဓာထဲ အလုပ်လုပ်သော ဘုရားသခင်က သူ၏ ပုဂ္ဂိုလ်အဖြစ်၌ မရှိသော အားသာချက်တို့ များစွာရှိသော်လည်း သူတို့၏ သံသယများ၊ ငြင်းပယ်မှုများနှင့် သူတို့၏ ထုံထိုင်းမှုများ၊ ငြီးငွေ့စရာကောင်းမှုများကို သူကြံ့ကြံ့ခံခဲ့ရသည်။ လူသား၏ လုပ်ငန်းစဉ်မှာ လူသားမျိုးနွယ်၏ ငြင်းပယ်ခြင်းနှင့် သူ့အပေါ် သူတို့၏ ယှဉ်ပြိုင်ခြင်းကို တွေ့ကြုံခံစားရသော ဖြစ်စဉ်ပင်ဟု ဆိုနိုင်သည်။ ထို့ထက်ပိုပြီး ၎င်းသည် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းမှတစ်ဆင့်၊ သူ၏ကိုယ်ပိုင် အနှစ်သာရမှတစ်ဆင့် လူသားမျိုးနွယ်၏ယုံကြည်မှုကို အဆက်မပြတ် ရယူပြီး လူသားမျိုးနွယ်ကို သိမ်းပိုက်ရန် လုပ်ငန်းစဉ်ပင်ဖြစ်သည်။ လူ့ဇာတိခံယူထားသော ဘုရားသခင်က စာတန်နှင့် စစ်ကွင်းပြင်၌ စစ်တိုက်ခြင်းမျိုးမဟုတ်ဘဲ ဘုရားသခင်က သာမန်လူသားတစ်ယောက်ဖြစ်လာပြီး သူ့နောက်လိုက်သူတို့နှင့် ကြိုးစားရုန်းကန်ရပြီး ဤကြိုးစားရုန်းကန်မှုမှာ လူသားသည် သူ၏အလုပ်ကို သူ၏ နှိမ့်ချခြင်းနှင့်၊ သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းနှင့်၊ သူ၏ချစ်ခြင်းမေတ္တာနှင့် အသိဉာဏ်ပညာနှင့် ပြီးမြောက်စေခဲ့သည်ဆိုခြင်းမျိုး ပို၍ဖြစ်လာသည်။ သူလိုချင်သောလူတို့ကို ရယူခဲ့သည်။ သူရသင့်သော ဝိသေသလက္ခဏာနှင့် အဆင့်အတန်းကို ရယူနိုင်ခဲ့ပြီး သူ၏ပလ္လင်ဆီသို့ ပြန်သွားခဲ့သည်။

နောက်တစ်ခု၊ ကျမ်းစာ၏ ဤ စာပိုဒ်နှစ်ပိုဒ်ကို ကြည့်ကြစို့။

၄။ အကြိမ်ခုနစ်ဆယ် ခုနစ်လီ ခွင့်လွှတ်ပါ။

ရှင်မဿဲ ၁၈:၂၁-၂၂ ထိုအခါ ပေတရုသည်ချဉ်းကပ်၍၊ သခင်၊ ညီအစ်ကိုသည် အကျွန်ုပ်ကိုပြစ်မှား၍ အကျွန်ုပ်သည် သူ၏ အပြစ်ကို ဘယ်နှစ်ကြိမ်လွှတ်ရပါအံ့နည်း။ ခုနစ်ကြိမ်မြောက်အောင် လွှတ်ရပါအံ့လောဟု မေးလျှောက်သော်၊ ယေရှုက၊ ခုနစ်ကြိမ်မြောက်အောင်လွှတ်ရမည် ငါမဆို။ အကြိမ်ခုနစ်ဆယ် ခုနစ်လီမြောက်အောင် လွှတ်ရမည် ငါဆို၏။

၅။ သခင်၏ ချစ်ခြင်း

ရှင်မဿဲ ၂၂:၃၇-၃၉ “ယေရှုက၊ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့် ချစ်လော့၊ ဟူသော ပညတ်သည် ပဌမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်းဖြစ်၏။ ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ဒုတိယပညတ်သည် ပဌမ ပညတ်နှင့် သဘောတူ၏။”

ဤစာပိုဒ်နှစ်ခုတွင် တစ်ခုက ခွင့်လွှတ်ခြင်းအကြောင်းကိုပြောပြီး တစ်ခုက ချစ်ခြင်းမေတ္တာအကြောင်းကိုပြောသည်။ ဤအချက်နှစ်ခုက ကျေးဇူးတော်ခေတ်၌ သခင်ယေရှုလုပ်ဆောင်လိုသောအလုပ်ကို အမှန်တကယ်ပင် မီးမောင်းထိုးပြသည်။

ဘုရားသခင်က လူ့ဇာတိဖြစ်လာသောအခါတွင် သူ့လုပ်ဆောင်မှု၏ အဆင့်တစ်ခုကို သယ်ဆောင်လာခဲ့သည်။ ဤခေတ်ကာလတွင် သူဖော်ပြလိုသော စိတ်သဘောထားနှင့် သီးသန့်အလုပ်တစ်ခုကို သယ်ဆောင်လာသည်။ ထိုအချိန်ကာလတွင် လူသားလုပ်ဆောင်သော အရာတိုင်းက ဤခေတ်တွင် ဘုရားသခင်လုပ်ဆောင်လိုသောအလုပ်ကို အဓိကထား၍လုပ်သည်။ ပို၍လည်းမလုပ်သကဲ့သို့ လျှော့၍လည်း မလုပ်ပေ။ သူပြောသော အရာရာတိုင်းနှင့် သူလုပ်ဆောင်ခဲ့သော အလုပ်အမျိုးအစားအားလုံးက ဤခေတ်ကာလနှင့် ဆက်စပ်နေသည်။ လူသားဘာသာစကားနှင့်၊ လူသား၏နည်းလမ်းနှင့်၊ ထိုအရာကို သူဖော်ပြခဲ့သည်ဖြစ်စေ၊ ဘုရားသဘောသဘာဝနှင့်သက်ဆိုင်သော ဘာသာစကားမှ တစ်ဆင့်ဖြစ်စေ၊ မည်သည့်နည်းလမ်းနှင့်ဖြစ်စေ၊ သို့မဟုတ် မည်သည့်ရှုထောင့်အမြင်နှင့် ဖော်ပြခဲ့သည်ဖြစ်စေ၊ သူ၏ပန်းတိုင်က သူလုပ်လိုသောအရာ၊ သူ၏အလိုတော်၊ လူတို့အပေါ် သူ၏လိုအပ်ချက်တို့ကို လူတို့နားလည်အောင် ကူညီရန်ဖြစ်သည်။ လူတို့ကို သူ၏အလိုတော်ကို သိပြီး နားလည်အောင်၊ သူ၏ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအလုပ်ကို နားလည်အောင် ကူညီရန်အတွက် မတူညီသော ရှုထောင့်တို့မှ နည်းလမ်းအမျိုးမျိုးကို သူ အသုံးပြုကောင်းပြုနိုင်သည်။ ထို့ကြောင့် ကျေးဇူးတော်ခေတ်တွင် သခင်ယေရှုက လူသားမျိုးနွယ်နှင့် သူဆက်သွယ်ပြောဆိုလိုသောအရာတို့ကို ဖော်ပြရန် များသောအားဖြင့် လူ့ဘာသာစကားအား အသုံးပြုသည်ကို ငါတို့ တွေ့မြင်ရသည်။ ထို့ထက်ပို၍ပင် သူသည် သာမန်လမ်းညွှန်တစ်ယောက်၏ ရှုထောင့်မှ လူတို့ကို စကားပြောခြင်း၊ သူတို့၏လိုအပ်ချက်တို့ကို ပံ့ပိုးပေးခြင်း၊ သူတို့တောင်းဆိုသောအရာတို့ကို ကူညီပေးခြင်းတို့ပြုလုပ်ပုံကို မြင်ရသည်။ ဤကဲ့သို့ အလုပ်လုပ်ပုံမျိုးကို ကျေးဇူးတော်ခေတ်မတိုင်ခင် လာသော ပညတ်တော်ခေတ်၌ မမြင်ရချေ။ သူသည် လူသားမျိုးနွယ်အပေါ် ပိုပြီး ကရုဏာထားလာသည်။ ပိုပြီးရင်းနှီးလာပြီး ပုံသဏ္ဌာန်နှင့် နည်းစနစ်ဟန်ပန်တို့မှ လက်တွေ့ကျသောရလဒ်တို့ကိုလည်း ပို၍ပင် ရရှိနိုင်လာသည်။ လူတို့ကို အကြိမ် ခုနစ်ဆယ် ခုနစ်လီခွင့်လွှတ်ခြင်းအကြောင်း တင်စားချက်က ဤအချက်ကို ပိုပြီး ရှင်းလင်းသွားစေသည်။ ဤတင်စားချက်ထဲက ကိန်းဂဏန်းအားဖြင့် ရရှိသော ရည်ရွယ်ချက်က သခင်ယေရှုသည် ၎င်းကိုပြောသောအချိန်၌ သူ၏ ရည်ရွယ်ချက်ကို လူတို့ နားလည်စေရန်ဖြစ်သည်။ သူ့ရည်ရွယ်ချက်က လူတို့သည် သူတစ်ပါးကို ခွင့်လွှတ်ရန်ပင်ဖြစ်သည်။ တစ်ကြိမ် မဟုတ်။ နှစ်ကြိမ်လည်း မဟုတ်။ ခုနစ်ကြိမ်ပင်မဟုတ်ပေ။ ခုနစ်ဆယ် ခုနစ်လီဖြစ်သည်။ “ခုနစ်ဆယ် ခုနစ်လီ” ဆိုသည်မှာ မည်ကဲ့သို့စိတ်ကူးမျိုးဖြစ်သနည်း။ လူတို့က သူတို့၏ ကိုယ်ပိုင် တာဝန်ဝတ္တရားတို့ကို ခွင့်လွှတ်ရန်ဖြစ်ပြီး၊ သူတို့ သင်ယူရမည့် အရာတစ်ခု၊ သူတို့ ထိန်းသိမ်းရမည့် လမ်းခရီးတစ်ခုဖြစ်သည်။ ဤသည်မှာ တင်စားချက်သက်သက်တစ်ခုဖြစ်သော်လည်း အလွန်အရေးကြီးသော အချက်ကို မီးမောင်းထိုးပြသည်။ ဤအချက်က လူတို့အား သူဆိုလိုသည့်အရာကို လေးနက်စွာ အသိအမှတ်ပြုရန်၊ သင့်တော်သော ကျင့်သုံးခြင်းနည်းလမ်းကို ရှာတွေ့ရန်၊ ထို့ပြင် ကျင့်သုံးခြင်း၏ စည်းမျဉ်းစည်းကမ်းနှင့် စံနှုန်းတို့ကို ရှာတွေ့ရန် ကူညီပေးသည်။ ဤတင်စားချက်က လူတို့ကို ရှင်းလင်းစွာနားလည်စေရန် ကူညီပေး၏၊ ထို့ပြင် သူတို့သည် ခွင့်လွှတ်ခြင်းကို သင်ယူသင့်ကာ အခြားသူများကို သည်းခံပြီး နားလည်ပေးတတ်သည့် သဘောထားနှင့် ခြွင်းချက်မရှိဘဲ အကြိမ်ရေအများအပြား ခွင့်လွှတ်သင့်၏ဟူသော မှန်ကန်သည့် အယူအဆတစ်ခုကိုလည်း ဤတင်စားချက်က ပေးခဲ့သည်။ သခင်ယေရှုက ဤစကားကိုပြောလိုက်သောအခါတွင် သူ့နှလုံးသားထဲ၌ အဘယ်အရာရှိသနည်း။ ခုနစ်ဆယ် ခုနစ်လီဆိုသည်ကို အမှန်တကယ်ပင် စဉ်းစားနေခဲ့သလော။ မဟုတ်ပေ။ ဘုရားသခင်က လူသားကို ခွင့်လွှတ်သော အကြိမ်အရေအတွက်တစ်ခုရှိသလော။ ဤအရေအတွက်၏ မူလအရင်းအမြစ်နှင့် အဓိပ္ပာယ်ကို နားလည်လိုသော “အကြိမ်အရေအတွက်” ဆိုသည်ကို စိတ်ဝင်စားသော လူတို့ များစွာရှိသည်။ ဤကိန်းဂဏန်းက သခင်ယေရှု၏ နှုတ်မှ အဘယ့်ကြောင့်ထွက်လာသနည်းဆိုသည်ကို သူတို့နားလည်လိုကြသည်။ ဤအရေအတွက်၌ ပိုမိုနက်နဲသော သွယ်ဝိုက်သော အချက်တစ်ခုရှိသည်ဟု သူတို့ ယုံကြည်ကြသည်။ အမှန်တကယ်တွင်မူ ၎င်းသည် ဘုရားသခင်၏ လူ့သဘာဝမှလာသော ဖော်ပြချက်ဖြစ်သည်။ သွယ်ဝိုက်သော အချက်၊ သို့မဟုတ် အဓိပ္ပာယ်ကို လူသားမျိုးနွယ်အတွက် သခင်ယေရှု၏ လိုအပ်ချက်တို့နှင့်အတူ ခံယူရမည်။ ဘုရားသခင် လူ့ဇာတိ မဖြစ်ခင်က သူပြောသောအရာအများအပြားက လုံးဝခပ်သိမ်း ဘုရား၏သဘောသဘာဝမှ လာသောအတွက်ကြောင့် ၎င်းတို့ကို လူတို့ နားမလည်ခဲ့ကြချေ။ သူ့ပြောစကား၏ ရှုထောင့်နှင့် ဆက်စပ်စဉ်းစားရမည့်အကြောင်းအရာတို့က လူသားမျိုးနွယ်အတွက် မမြင်နိုင်၊ လက်လှမ်းမမီနိုင်ချေ၊ ထိုအရာတို့ကို လူတို့မမြင်နိုင်သော ဝိညာဉ်လောကမှ ဖော်ပြခဲ့ခြင်းဖြစ်သည်။ ဇာတိပကတိ၌နေထိုင်ခဲ့သော လူတို့အတွက် ဝိညာဉ်လောကကို ဖြတ်သန်းမသွားနိုင်ခဲ့ချေ။ သို့သော်လည်း ဘုရားသခင်က လူ့ဇာတိဖြစ်လာပြီးနောက်တွင် သူသည် လူသားမျိုးနွယ်ကို လူ့သဘာ၀၏ ရှုထောင့်မှ စကားပြောခဲ့ပြီး ဝိညာဉ်လောက၏ နယ်ပယ်မှ သူထွက်လာပြီး ၎င်းကို ကျော်လွန်သွားခဲ့သည်။ သူသည် လူသားမျိုးနွယ်က ဘုရားသခင်ကို သိပြီးနားလည်ရန်၊ သူတို့၏ တတ်နိုင်စွမ်းရှိသော အတိုင်းအတာအတွင်းမှ သူ၏ရည်ရွယ်ချက်နှင့် သူလိုအပ်သော စံသတ်မှတ်ချက်တို့ကို သူတို့တတ်နိုင်သောအဆင့်အထိ နားလည်သဘောပေါက်ရန်၊ လူသားတို့လက်ခံနိုင်သော နည်းလမ်းတို့ကို အသုံးပြုရင်း လူသားတို့ စိတ်ကူးထင်မြင်၍ရသောအရာများ၊ သူတို့မြင်ခဲ့သောအရာများ၊ သူတို့ဘဝ၌ ကြုံတွေ့ခဲ့ရသောအရာများ၊ သူတို့နားလည်နိုင်သော ဘာသာစကားတစ်ခုနှင့်၊ သူတို့နားလည်နိုင်သော အသိပညာတို့မှတစ်ဆင့် သူ၏ ဘုရားသခင်စိတ်သဘောထား၊ အလိုတော်နှင့် သဘောထားတို့ကို သူဖော်ပြနိုင်ခဲ့သည်။ ၎င်းသည် ဘုရားသခင်၏ လူ့သဘာဝထဲက အလုပ်၏ နည်းလမ်းနှင့် အခြေခံစည်းမျဉ်းတို့ဖြစ်သည်။ ဘုရားသခင်၏ နည်းလမ်းတို့နှင့် လူ့ဇာတိ၌ သူ၏အလုပ်လုပ်ပုံ သဘောတရားတို့သည် လူ့သဘာဝအားဖြင့်၊ သို့မဟုတ် လူ့သဘာဝမှတစ်ဆင့် အများစုရရှိသော်လည်း ဘုရား၏သဘောသဘာဝနှင့် တိုက်ရိုက်လုပ်ဆောင်ခြင်းအားဖြင့် မရရှိနိုင်သော ရလဒ်တို့ကို အမှန်တကယ် ရရှိခဲ့သည်။ ဘုရားသခင်၏ လူ့သဘာဝထဲက လုပ်ဆောင်မှုသည် ပိုပြီးခိုင်မာသည်၊ စစ်မှန်သည်၊ ဦးတည်ချက်ရှိသည်၊ နည်းလမ်းတို့က ပို၍ ပြောင်းလွယ်ပြင်လွယ်ရှိပြီး ပုံသဏ္ဌာန်အရ ပညတ်တော်ခေတ်ကို ကျော်လွန်သွားခဲ့သည်။

အောက်တွင် သခင်ကို ချစ်ခြင်းနှင့် ကိုယ်နှင့်စပ်ဆိုင်သူကို သင့်ကိုယ်သင်ချစ်သကဲ့သို့ ချစ်ခြင်းအကြောင်းကို ပြောကြစို့။ ဘုရား၏ သဘောသဘာဝမှာ တိုက်ရိုက်ဖော်ပြသော အရာတစ်ခုဖြစ်သလော။ မဟုတ်ဘူးဆိုသည်မှာ ရှင်းသည်။ ၎င်းတို့အားလုံးက လူသားက လူ့သဘာဝထဲ၌ ပြောသောအရာတို့ဖြစ်သည်။ “ကိုယ်နှင့်စပ်ဆိုင်သူကို သင့်ကိုယ်သင်ချစ်သကဲ့သို့ချစ်ပါ။ သူတစ်ပါးကို ချစ်ခြင်းက သင်၏ကိုယ်ပိုင်ဘဝကို ချစ်မြတ်နိုးခြင်းနှင့် အတူတူပင်ဖြစ်သည်” ဆိုသောစကားမျိုးကို လူတို့ပင် ပြောမည်ဖြစ်ပြီး လူတို့သာ ဤပုံစံနှင့် ပြောမည်ဖြစ်သည်။ ဘုရားသခင်က ဤကဲ့သို့ တစ်ခါမျှ မပြောဖူးပေ။ အနည်းဆုံး ဘုရားသခင်က သူ၏ဘုရားသဘောသဘာဝမှာ ဤကဲ့သို့ ဘာသာစကားအမျိုးအစားမျိုးမရှိပေ။ လူသားမျိုးနွယ်အတွက် သူ၏ချစ်ခြင်းကို ထိန်းသိမ်းရန် “သင့်အိမ်နီးချင်းကို သင့်ကိုယ်သင် ချစ်သကဲ့သို့ချစ်ပါ” ဆိုသော ဤကဲ့သို့ ယုံကြည်မှုမျိုး မလိုသည့်အတွက်ကြောင့်ဖြစ်သည်။ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ချစ်ခြင်းက သူ၏အရာအားလုံးနှင့်ဖြစ်ခြင်း၏ သဘာဝအလျောက် ဖွင့်ပြခြင်းကြောင့်ဖြစ်သည်။ ဘုရားသခင်က “ငါ့ကိုယ်ငါချစ်သကဲ့သို့ လူသားမျိုးနွယ်ကို ငါချစ်သည်” ဟု ပြောဆိုခြင်းမျိုးကိုသင်ဘယ်တုန်းက ကြားဖူးပါသနည်း။ ချစ်ခြင်းက ဘုရားသခင်၏ အနှစ်သာရမှာ ရှိသောအတွက်ကြောင့်၊ သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းမှာ ရှိသည့်အတွက်ကြောင့်ဖြစ်သည်။ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်ခြင်းနှင့် လူတို့ကို သူဆက်ဆံသောပုံစံနှင့် သူ့သဘောထားသည် သူ့စိတ်သဘောထား၏ သဘာဝအလျောက် ဖော်ပြခြင်းနှင့် ဖွင့်ပြခြင်းပင်ဖြစ်သည်။ ဤသည်ကို သူ တမင်သက်သက် ပုံစံတစ်မျိုးနှင့် လုပ်ရန် မလိုအပ်ပေ၊ သို့မဟုတ် သူ့ကိုယ်သူချစ်သကဲ့သို့ သူနှင့်စပ်ဆိုင်သောသူကိုချစ်ခြင်းကို ရရှိရန်သက်သက် နည်းလမ်း၊ သို့မဟုတ် ကိုယ်ကျင့်တရားတစ်မျိုးကို တမင်လိုက်လျှောက်ရန် မလိုအပ်ပေ။ ဤကဲ့သို့အနှစ်သာရမျိုးကို သူပိုင်ဆိုင်နှင့်ပြီးဖြစ်သည်။ ဤနေရာမှာ သင်ဘာကိုမြင်ရသနည်း။ ဘုရားသခင်က လူ့သဘာဝထဲ၌ အလုပ်လုပ်သောအခါတွင် သူ၏နည်းလမ်းအများစု၊ စကားလုံးများနှင့် သမ္မာတရားများ အားလုံးကို လူသား၏နည်းလမ်းဖြင့် ဖော်ပြသည်။ သို့သော်လည်း တစ်ချိန်တည်းမှာပင် ဘုရားသခင်၏ စိတ်သဘောထား၊ သူ၏အရာအားလုံးနှင့်ဖြစ်ခြင်း၊ သူ၏အလိုတော်တို့ကို လူတို့သိရန် နားလည်ရန် ဖော်ပြသည်။ သူတို့သိပြီး နားလည်သောအရာက ဘုရားသခင်ကိုယ်တော်တိုင်၏ ပင်ကိုဝိသေသလက္ခဏာနှင့် အဆင့်အတန်းကို ကိုယ်စားပြုသော သူ၏အနှစ်သာရနှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းတို့ အတိအကျပင်ဖြစ်သည်။ ဆိုလိုသည်မှာ လူ့ဇာတိ၌ရှိသော လူသားသည် ဘုရားသခင်ကိုယ်တော်တိုင်၏ ပင်ကိုစိတ်သဘောထားနှင့် အနှစ်သာရကို ဖြစ်နိုင်သရွေ့အများဆုံး၊ ဖြစ်နိုင်သရွေ့ အတိကျဆုံးဖော်ပြသည်။ လူသား၏ လူ့သဘာဝသည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်နှင့် လူသား၏ ဆက်သွယ်ပြောဆိုခြင်းနှင့် အပြန်အလှန်ဆက်ဆံခြင်းအတွက် အနှောင့်အယှက်၊ သို့မဟုတ် အတားအဆီးတစ်ခုမဟုတ်ရုံသာမကဘဲ အမှန်တကယ်တွင်မူ ဖန်ဆင်းခြင်း၏အရှင်သခင်ကို လူသားမျိုးနွယ်က ဆက်သွယ်ရန်အတွက် တစ်ခုတည်းသောလမ်းကြောင်းနှင့် တစ်ခုတည်းသော ပေါင်းကူးတံတားဖြစ်သည်။ ဤနေရာတွင် ကျေးဇူးတော်ခေတ်နှင့် လက်ရှိအလုပ်လုပ်ခြင်းအဆင့်၌ သခင်ယေရှုအားဖြင့် ပြီးမြောက်သောအလုပ်၏ နည်းလမ်းတို့နှင့် သဘောသဘာဝကြားတွင် ဆင်တူခြင်း များစွာရှိသည်ဟု သင်တို့ မခံစားရသလော။ ဤလက်ရှိအလုပ်လုပ်ခြင်းအဆင့်က ဘုရားသခင်၏ စိတ်သဘောထားကို ဖော်ပြရန် လူသား၏ ဘာသာစကားကို များပြားစွာအသုံးပြုပြီး ဘုရားသခင်ကိုယ်တိုင်၏ အလိုတော်ကို ဖော်ပြရန် လူသားမျိုးနွယ်၏ နေ့စဉ်အသက်တာနှင့် လူသား၏ အသိပညာမှ နည်းလမ်းတို့နှင့် ဘာသာစကားကို များပြားစွာ အသုံးပြုသည်။ ဘုရားသခင်က လူ့ဇာတိဖြစ်လိုက်သည်နှင့် သူက လူသား၏ရှုထောင့်မှ စကားပြောသည်ဖြစ်စေ၊ သို့မဟုတ် ဘုရား၏သဘောသဘာဝမှ ပြောသည်ဖြစ်စေ၊ သူ၏ ဖော်ပြသော ဘာသာစကားနှင့် နည်းလမ်းအများစုသည် လူသား၏ ဘာသာစကားနှင့် နည်းလမ်း၏ ကြားခံမှတစ်ဆင့်ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်က လူ့ဇာတိဖြစ်သောအခါ ဘုရားသခင်၏ အဆုံးအစမရှိဘုန်းတန်ခိုးနှင့် သူ၏အသိပညာကိုမြင်ရန်၊ ဘုရားသခင်၏ စစ်မှန်သော သွင်ပြင်လက္ခဏာတိုင်းကို သိရန် သင့်အတွက် အကောင်းဆုံး အခွင့်အရေးပင်ဖြစ်သည်။ ဘုရားသခင်က လူ့ဇာတိဖြစ်လာသောအခါ သူကြီးထွားလာနေစဉ်တွင် လူသားမျိုးနွယ်၏ အသိပညာတချို့၊ ရှိသင့်သောအသိစိတ်၊ ဘာသာစကားနှင့် လူ့သဘာ၀၌ ဖော်ပြခြင်းနည်းလမ်းတို့ကို သူသည် နားလည်လာသည်။ သင်ယူလေ့လာသည်။ သဘောပေါက်လာသည်။ လူ့ဇာတိအဖြစ်ခံယူသော ဘုရားသခင်သည် သူဖန်ဆင်းခဲ့သော လူသားတို့ဆီမှလာသော ဤအရာတို့ကို ပိုင်ဆိုင်သည်။ ဤအရာတို့သည် သူ၏စိတ်သဘောထားနှင့် သူ၏ ဘုရားသဘောသဘာဝကို ဖော်ပြရန်အတွက် လူ့ဇာတိ၌ရှိသော ဘုရားသခင်၏ အသုံးချပစ္စည်းတို့ဖြစ်လာသည်။ ဤအရာတို့သည် လူသားမျိုးနွယ်၏အလယ်တွင် သူအလုပ်လုပ်နေသောအခါ၌ လူသား၏ရှုထောင့်နှင့် လူသား၏ ဘာသာစကားကို အသုံးပြုရင်း သူ့လုပ်ဆောင်ချက်တို့ကို ပို၍ပင် အသုံးဝင်စေသည်။ ပို၍ပင် စစ်မှန်စေသည်၊ ပို၍ပင် တိကျစေသည်။ ဤအရာတို့သည် လူတို့အတွက် ပို၍ အဆင်ပြေလွယ်ကူစေပြီး ပို၍လွယ်ကူစွာ နားလည်နိုင်စေခဲ့သည်။ ဤသို့နှင့် ဘုရားသခင် လိုချင်သော ရလဒ်ကို ရရှိစေသည်။ ဘုရားသခင်အတွက် ဤကဲ့သို့ လူ့ဇာတိနှင့် အလုပ်လုပ်ဆောင်ခြင်းက ပို၍ပင် လက်တွေ့မကျသလော။ ၎င်းသည် ဘုရားသခင်၏ ဉာဏ်ပညာမဟုတ်သလော။ ဘုရားသခင်က လူ့ဇာတိဖြစ်လာသောအခါ၊ သူလုပ်ဆောင်လိုသောအလုပ်ကို ဘုရားသခင်၏ဇာတိခန္ဓာမှ လုပ်ဆောင်နိုင်သောအခါ၊ သူ၏စိတ်သဘောထားနှင့် သူ၏အလုပ်ကို လက်တွေ့ကျကျ ဖော်ပြသောအချိန်ဖြစ်ပြီး လူသားအနေဖြင့် သူ၏အမှုတော်ကို အမှန်တကယ် အစပြုသောအချိန်လည်းဖြစ်သည်။ ဤအချက်က ဘုရားသခင်နှင့် လူသားကြား၌ “မျိုးဆက်ကွာဟမှု” မရှိတော့ဟု ဆိုလိုသည်၊ ဘုရားသခင်သည် မကြာခင်မှာပင် သတင်းစကားပို့ဆောင်သူတို့မှတစ်ဆင့် ဆက်သွယ်ပြောဆိုခြင်းအလုပ်ကို ရပ်တန့်လိုက်တော့မည်ဟု ဆိုလိုခြင်းဖြစ်ပြီး သူအလိုရှိပါက ဘုရားသခင်ကိုယ်တော်တိုင် လူ့ဇာတိနှင့် နှုတ်ကပတ်တော်တို့နှင့် လုပ်ဆောင်မှုတို့အားလုံးကို ကိုယ်တိုင်ဖော်ပြနိုင်သည်ဟု ဆိုလိုသည်။ ဤသည်မှာ ဘုရားသခင် ကယ်တင်သော လူတို့သည် သူနှင့် ပိုနီးစပ်သည်ဟုလည်း ဆိုလိုသည်။ သူ၏ စီမံခန့်ခွဲမှုအလုပ်က နေရာအသစ်ကို ဝင်ရောက်လာပြီး လူသားမျိုးနွယ်အားလုံးသည် ခေတ်သစ်တစ်ခုကို ရင်ဆိုင်ရတော့မည်ဟုလည်း ဆိုလိုခြင်းဖြစ်သည်။

သမ္မာကျမ်းစာကိုဖတ်ပြီးသူတိုင်း သခင်ယေရှုမွေးဖွားသောအခါ၌ အကြောင်းအရာများပြားစွာဖြစ်ခဲ့သည်ဆိုခြင်းကို သိသည်။ ထိုအကြောင်းအရာတို့ထဲတွင် အကြီးမားဆုံးက မာရ်နတ်တို့၏ ရှင်ဘုရင်၏ လိုက်လံဖမ်းဆီးခြင်းကိုခံရခြင်းပင်ဖြစ်သည်။ နှစ်နှစ်နှင့် နှစ်နှစ်အောက်ကလေးများအားလုံး အသတ်ဖြတ်ခံရသောအထိပင်ဖြစ်ခဲ့သည်။ လူသားတို့ကြားတွင် လူ့ဇာတိခံယူခဲ့ခြင်းကြောင့် ရရှိလာမည့် ကြီးမားသော ဘေးအန္တရာယ်ကို ဘုရားသခင် ခံယူခဲ့သည်ဆိုသည်မှာ ထင်ရှားမြင်သာသည်။ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းဖြစ်သော သူ၏စီမံခန့်ခွဲမှု ပြီးမြောက်ခြင်းအတွက် သူပေးဆပ်လိုက်ရသော ကြီးမားသည့် အဖိုးအခသည်လည်း ထင်ရှားမြင်သာသည်။ ဘုရားသခင်သည် လူ့ဇာတိအနေနှင့် လူသားမျိုးနွယ်ကြားထဲတွင် သူ့အလုပ်အတွက် သူကိုင်ဆောင်ထားသည့် ကြီးမားသော မျှော်လင့်ချက်သည်လည်း ထင်ရှားမြင်သာသည်။ ဘုရားသခင်၏ လူ့ဇာတိသည် လူသားမျိုးနွယ်ကြားထဲတွင် အလုပ်လုပ်ဆောင်နိုင်သောအခါ သူမည်ကဲ့သို့ခံစားနေခဲ့ရမည်နည်း။ လူတို့ ဤသည်ကို အနည်းငယ်မျှနားလည်သင့်သည်မဟုတ်လော။ အနည်းဆုံး ဘုရားသခင်သည် ပျော်ရွှင်ခဲ့သည်။ အကြောင်းမှာ လူသားမျိုးနွယ်ကြားထဲ၌ သူ၏လုပ်ဆောင်မှုအသစ်ကို စတည်တည်ဆောက်နိုင်ခဲ့၍ဖြစ်သည်။ သခင်ယေရှုသည် နှစ်ခြင်းခံပြီး သူ၏အမှုတော်ကို ပြည့်စုံစေရန် သူ၏အလုပ်ကို အမှန်တကယ်စတင်ခဲ့သောအခါတွင် ဘုရားသခင်၏ နှလုံးသားသည် ဝမ်းမြောက်မှုတို့နှင့် ပြည့်လျှံနေခဲ့သည်။ အဘယ့်ကြောင့်ဆိုသော်နှစ်ပေါင်းများစွာစောင့်ပြီး ပြင်ဆင်ပြီးနောက်တွင် သာမန်လူသားတစ်ယောက်၏ ဇာတိခန္ဓာကို နောက်ဆုံးတွင် သူဝတ်ဆင်နိုင်ပြီး လူတို့မြင်နိုင် ထိနိုင်သော အသွေးအသားနှင့်လူတစ်ယောက်၏ အသွင်ဖြင့် သူ၏အလုပ်အသစ်ကို စတင်နိုင်ပြီဖြစ်သည့်အတွက်ကြောင့်ဖြစ်သည်။ ဘုရားသခင်သည် နောက်ဆုံးတွင်မူ လူသားတစ်ယောက်၏ ဝိသေသလက္ခဏာမှတစ်ဆင့် လူတို့နှင့် မျက်နှာချင်းဆိုင်၊ နှလုံးသားချင်း စကားပြောနိုင်ပြီ။ နောက်ဆုံးတွင်မူ ဘုရားသခင်သည် လူသား၏ဘာသာစကားနှင့် လူသား၏နည်းလမ်းနှင့် လူသားမျိုးနွယ်ကို မျက်နှာချင်းဆိုင်နိုင်ပြီ။ သူသည် လူသားမျိုးနွယ်ကို ထောက်ပံ့နိုင်သည်။ ဉာဏ်အလင်းဖွင့်ပေးနိုင်သည်။ လူသား၏ ဘာသာစကားကို အသုံးပြုပြီး သူတို့ကို ကူညီနိုင်သည်။ လူသားတို့နှင့် လက်ရည်တပြင်တည်း စားသောက်ပြီး တစ်နေရာတည်း၌ နေထိုင်နိုင်သည်။ သူသည် လူသားတို့လိုပင် လူတို့ကိုလည်း မြင်နိုင်သည်၊ အရာဝတ္ထုတို့ကို မြင်နိုင်သည်၊ အရာအားလုံးကို မြင်နိုင်ပြီး သူတို့၏ကိုယ်ပိုင်မျက်လုံးတို့မှ တစ်ဆင့်ပင် မြင်နိုင်သည်။ ဘုရားသခင်အတွက် ဤအရာသည် လူ့ဇာတိ၌ သူ့အလုပ်၏ ပထမဆုံး အောင်နိုင်ခြင်းဖြစ်နေနှင့်ပါပြီ။ ကြီးမြတ်သောလုပ်ဆောင်မှုတစ်ခု ပြီးမြောက်ခြင်းဟုလည်း ဆိုနိုင်၏။ ဤအရာက ဘုရားသခင် အပျော်ရွှင်ဆုံးဖြစ်သောအရာပင်ဖြစ်သည်။ ထိုအချိန်ကစပြီး လူသားမျိုးနွယ်ကြားက သူ၏လုပ်ဆောင်မှုမှာ စိတ်သက်သာရာရသကဲ့သို့မျိုး ဘုရားသခင်ခံစားရခြင်းသည် ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ ဤဖြစ်ရပ်တို့အားလုံးသည် အလွန် လက်တွေ့ကျပြီး အလွန်ပင် သဘာဝဆန်သည်။ ဘုရားသခင်ခံစားရသော စိတ်သက်သာရာရမှုသည် အလွန်ပင် စစ်မှန်သည်။ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏လုပ်ဆောင်မှု အဆင့်သစ်တစ်ခု ပြီးဆုံးသောအချိန်တိုင်းမှာ၊ ဘုရားသခင်က ကျေနပ်အားရမှုကို ခံစားရသော အချိန်တိုင်းက လူသားမျိုးနွယ်သည် ဘုရားသခင်နှင့်ပိုပြီး နီးစပ်လာသောအချိန်ဖြစ်သည်။ လူတို့သည် ကယ်တင်ခြင်းဆီသို့ ပို၍ နီးစပ်လာနိုင်သောအချိန်ဖြစ်သည်။ သူ၏ စီမံခန့်ခွဲမှု အစီအစဉ် နောက်တစ်ဆင့် တက်လှမ်းသောအခါ၊ ထို့နောက် သူ၏အလိုတော်သည် ပြီးပြည့်စုံသော ပြီးမြောက်မှုတစ်ခုဆီသို့ ချဉ်းကပ်လာသောအခါ၊ ဘုရားသခင်အတွက် ဤအရာသည် သူ့အလုပ်သစ် စတင်ခြင်းလည်းဖြစ်သည်။ လူသားမျိုးနွယ်အတွက် ဤကဲ့သို့အခွင့်အရေးရောက်လာခြင်းက ကံကောင်းခြင်းဖြစ်ပြီး အလွန်ပင်ကောင်းမွန်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်းကို စောင့်သောသူတိုင်းအတွက် အလွန်အရေးပါပြီး ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းဖြစ်သည်။ ဘုရားသခင်က အလုပ်အသစ်တစ်ခု စတင်လုပ်ဆောင်သောအခါတွင် သူ၌ အသစ်စတင်ခြင်းတစ်ခုရှိသည်။ ဤအလုပ်အသစ်နှင့် အသစ်စတင်ခြင်းသည် လူသားမျိုးနွယ်ကြားတွင် စတင်ပြုလုပ်ပြီး နိဒါန်းပျိုးလာသောအခါတွင် ဤအလုပ်အဆင့်၏ ရလဒ်က သတ်မှတ်ပြီးသော အချိန်တွင်ဖြစ်သည်။ ဤအလုပ်အသစ်သည် ပြည့်စုံပြီးဖြစ်ပြီး ဘုရားသခင်က သူ၏ နောက်ဆုံး အကျိုးသက်ရောက်မှုတို့နှင့် အသီးအပွင့်တို့ကို မြင်ပြီးနှင့်ပါပြီ။ ဤအကျိုးသက်ရောက်မှုတို့က ဘုရားသခင်ကို ကျေနပ်စေသောအခါတွင် သူ့နှလုံးသားသည်လည်း ပျော်ရွှင်နေပေသည်။ အဘယ့်ကြောင့်ဆိုသော်ဘုရားသခင်၏အမြင်၌ သူရှာဖွေနေသော လူတို့ကို မြင်ပြီး သတ်မှတ်နှင့်ပြီးဖြစ်သည်။ တဖန်သူ့အလုပ်ကို အောင်မြင်စေပြီး သူ့ကို ကျေနပ်မှုတို့ သယ်ဆောင်ပေးနိုင်သော အုပ်စုဖြစ်သော ဤအုပ်စုကို ရရှိပြီးဖြစ်သည်။ ဘုရားသခင်သည် စိတ်အေးချမ်းမှုကို ခံစားရသည်။ သူ၏စိုးရိမ်မှုတို့ကို ဘေးဖယ်ပြီး သူပျော်ရွှင်သည်။ တစ်နည်းပြောရလျှင် ဘုရားသခင်၏ လူ့ဇာတိက လူသားတို့အကြား အလုပ်အသစ်ကို စတင်လုပ်ဆောင်နိုင်သောအခါတွင် သူလုပ်ရမည့်အလုပ်ကို အတားအဆီးမရှိ လုပ်ဆောင်ရန် သူစတင်၏။ အားလုံးက ပြီးမြောက်သွားပြီဟု သူခံစားရသောအခါတွင် သူသည် အဆုံးကို မြင်ပြီးနှင့်ပါပြီ။ ဤအဆုံးကြောင့်ပင် သူသည် ကျေနပ်ပြီး ပျော်ရွှင်သော နှလုံးသားရှိသည်။ ဘုရားသခင်၏ ပျော်ရွှင်မှုကို မည်ကဲ့သို့ ဖော်ပြသနည်း။ သင်တို့ စဉ်းစားကြည့်နိုင်သလော။ ဘုရားသခင်က ငိုမည်လော။ ဘုရားသခင်က ငိုနိုင်သလော။ ဘုရားသခင်က သူ့လက်နှင့် လက်ခုပ်တီးနိုင်သလော။ ဘုရားသခင်က ကနိုင်သလော။ ဘုရားသခင်က သီချင်းဆိုနိုင်သလော။ ဘာသီချင်းများဖြစ်မည်နည်း။ မှန်ပေသည်။ ဘုရားသခင်က လှပပြီး ခံစားရသော သီချင်းကို ဆိုနိုင်သည်။ သူ့နှလုံးသားတွင်ရှိသော ဝမ်းမြောက်ခြင်းနှင့် ပျော်ရွှင်ခြင်းကို ဖော်ပြနိုင်သော သီချင်းတစ်ပုဒ်ပင်ဖြစ်သည်။ လူသားမျိုးနွယ်အတွက် သူသီဆိုနိုင်သည်။ သူ့အတွက်သူ သီဆိုနိုင်သည်။ ထို့နောက် အရာအားလုံးအတွက် သီဆိုနိုင်သည်။ ဘုရားသခင်၏ ပျော်ရွှင်ခြင်းက မည်သည့်နည်းလမ်းနှင့်မဆို ဖော်ပြနိုင်သည်။ ဤအရာအားလုံးက သာမန်ပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်ထံ၌ ဝမ်းမြောက်ခြင်းရော၊ ဝမ်းနည်းခြင်းပါ ရှိပြီး သူ၏ခံစားချက်အမျိုးမျိုးကို နည်းအမျိုးမျိုးနှင့် ဖော်ပြနိုင်၍ဖြစ်သည်။ ဤသည်မှာ သူ၏အခွင့်အရေးဖြစ်ပြီး မည်သည့်အရာမျှ ပို၍ သာမန်မဖြစ်နိုင်ဘဲ၊ ပို၍ မသင့်တော်နိုင်ပေ။ လူတို့သည် ၎င်းနှင့် ပတ်သက်ပြီး တစ်ခြားအရာတို့ကို မစဉ်းစားသင့်ပေ၊ သင်တို့သည် ဘုရားသခင်အား သူ၏ပျော်ရွှင်ခြင်းကို ကန့်သတ်ရန်၊ သို့မဟုတ် သူ့၌ရှိသော ခံစားချက်ကို ကန့်သတ်ရန် ဤအရာမလုပ်သင့်၊ သို့မဟုတ် ထိုအရာမလုပ်သင့်ဟု လည်းကောင်း၊ သူသည် ဤနည်းဖြင့် မပြုမူသင့် သို့မဟုတ် ထိုနည်းဖြင့် မပြုမူသင့်ဟု ပြောလျက်၊ သူ့အပေါ်တွင် “သတ္တုကွင်းတင်းကျပ်စေသောမန္တန်”က ကို အသုံးမပြုသင့်ပါ၊ လူတို့၏ နှလုံးသား၌ ဘုရားသခင်က ပျော်ရွှင်၍မရပေ။ သူသည် မျက်ရည်ကျ၍မရပေ။ သူငို၍မရပေ။ မည်သည့်စိတ်ခံစားမှုမျှ ဖော်ပြ၍မရပေ။ ဤအရာတို့ကို ငါတို့ နှစ်ကြိမ်ဆွေးနွေးပြောဆိုမှုမှတစ်ဆင့် ဘုရားသခင်ကို သင်တို့ ဤကဲ့သို့မြင်မည်မဟုတ်တော့ဘဲ ဘုရားသခင်ကို လွတ်လပ်မှုနှင့် ဖြေလျှော့ပေးမှုကို ရရှိရန် အခွင့်ကိုပေးလိမ့်မည်ဟု ငါယုံကြည်သည်။ ၎င်းက အလွန်ကောင်းမွန်သောအရာဖြစ်သည်။ အနာဂတ်၌ သူဝမ်းနည်းနေသည်ဟု သင်ကြားသောအခါတွင် သင်သည် ဘုရားသခင်၏ ဝမ်းနည်းခြင်းကို အမှန်တကယ် ခံစားနိုင်လျှင်၊ သူပျော်ရွှင်နေသည်ဟု သင်ကြားရသောအခါတွင် သင်သည် သူ၏ပျော်ရွှင်ခြင်းကို အမှန်တကယ် ခံစားနိုင်လျှင်၊ အနည်းဆုံး သင်သည် ဘုရားသခင်ကို ဘယ်အရာကပျော်ရွှင်စေပြီး ဘယ်အရာက ဝမ်းနည်းစေသည်ဆိုသည်ကို သင်ရှင်းရှင်းလင်းလင်းသိပါလိမ့်မည်။ ဘုရားသခင်က ဝမ်းနည်းသောကြောင့် သင်က ဝမ်းနည်းခြင်းကို ခံစားရနိုင်ပြီး ဘုရားသခင်က ပျော်ရွှင်သောကြောင့် သင်ပျော်ရွှင်လျှင် သူသည် သင့်နှလုံးသားကို အပြည့်အဝရရှိမည်ဖြစ်ပြီး သူနှင့် မည်သည့်အတားဆီးမျှ ရှိမည်မဟုတ်တော့ပေ။ သင်သည် လူသား၏ စိတ်ကူးထင်မြင်ခြင်း၊ အယူအဆတို့နှင့် အသိပညာတို့ဖြင့် ဘုရားသခင်ကို ကန့်သတ်ရန် ကြိုးစားမည်မဟုတ်တော့ချေ။ ထိုအချိန်တွင် ဘုရားသခင်သည် သင့်နှလုံးသားထဲ၌ ရှင်သန်ပြီး နိုးကြားနေပါလိမ့်မည်။ သူသည် သင့်ဘဝ၏ ဘုရားသခင်ဖြစ်ပြီး သင်၏ အရာရာတိုင်း၏ အရှင်သခင်ဖြစ်ပါလိမ့်မည်။ သင့်တွင် ဤကဲ့သို့ရည်မှန်းချက်ရှိသလော။ သင်တို့ ဤသည်ကို ရယူနိုင်သည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသလော။

အောက်ခြေမှတ်စု(များ)-

က။ “သတ္တုကွင်းတင်းကျပ်စေသောမန္တန်” ဆိုသည်မှာ အနောက်အရပ်သို့ ခရီးပြုခြင်းဟူသည့် တရုတ်ဝတ္ထုထဲတွင် ဘုန်းကြီးတန်ဆန်ကျန်းအသုံးပြုခဲ့သော မန္တန်တစ်ခုဖြစ်သည်။ စွန်းဝူခုန်းကို မခံနိုင်လောက်အောင် ခေါင်းကိုက်စေပြီး ထိန်းချုပ်နိုင်ရန်အတွက် သူ၏ခေါင်းတွင် စွပ်ထားသည့် သတ္တုကွင်းကို တင်းကျပ်စေရန် ဤမန္တန်ကို ဘုန်းကြီးက အသုံးပြုခဲ့သည်။ ဤသို့ဖြင့် ၎င်းသည် လူတစ်ဦးအား ချုပ်နှောင်ထားသောအရာကို ဖော်ပြရန်အတွက် ဥပစာစကားတစ်ခု ဖြစ်လာခဲ့သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။