ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)
အပိုင်း နှစ်
အာဗြဟံနှင့် တစ်ခေတ်တည်းဖြစ်သော ကာလတွင် ဘုရားသခင်သည် မြို့တစ်မြို့ကိုလည်း ဖျက်ဆီးခဲ့သည်။ ဤမြို့မှာ သောဒုံဟု အမည်ရသည်။ လူများစွာသည် သောဒုံအကြောင်းကို ရင်းနှီးကြမည်မှာ သံသယဖြစ်ဖွယ် မဟုတ်သော်လည်း ထိုမြို့ကို ကိုယ်တော် ဖျက်ဆီးရခြင်း၏ နောက်ခံအကြောင်းရင်း ဖြစ်သော ဘုရားသခင်၏ အမြင်များကိုမူ တစ်ယောက်မျှ သိကျွမ်းကြခြင်း မရှိပေ။
ထို့ကြောင့် ယနေ့တွင် အောက်ပါအတိုင်း ဘုရားသခင်နှင့် အာဗြဟံ အပြန်အလှန် ပြောဆိုသော စကားများအားဖြင့် ထိုအချိန်က သူ၏အမြင်များနှင့် စိတ်သဘောကိုလည်း လေ့လာကြမည်။ ဆက်လက်၍ အောက်ပါ ကျမ်းပိုဒ်များကို ဖတ်ကြပါစို့။
ခ။ ဘုရားသခင်သည် သောဒုံမြို့ကို ဖျက်ဆီးရမည်
ကမ္ဘာဦးကျမ်း ၁၈:၂၆ ယေဟောဝါက၊ ငါသည် သောဒုံမြို့တွင် ဖြောင့်မတ်သူ အယောက် ငါးဆယ်ကို မြို့တွင်း၌ ရှာတွေ့လျှင်၊ သူတို့ဖို့အလို့ငှာ နေရာတစ်ခုလုံးကို ငါချမ်းသာပေးမည်ဟု မိန့်တော်မူ၏။
ကမ္ဘာ ၁၈:၂၉ တဖန်တုံ၊ ထိုမြို့၌ လေးဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ ထိုလေးဆယ်အတွက် ငါမပြုဘဲနေမည်ဟု မိန့်တော်မူ၏။
ကမ္ဘာ ၁၈:၃၀ တဖန်တုံ၊ ထိုမြို့၌ သုံးဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ ထိုမြို့၌ သုံးဆယ်ကို ငါတွေ့လျှင် ငါမပြုဟု မိန့်တော်မူ၏။
ကမ္ဘာ ၁၈:၃၁ တဖန်တုံ၊ ထိုမြို့၌ နှစ်ဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ ထိုမြို့၌ နှစ်ဆယ်ကို ငါတွေ့လျှင် ငါမပြုဟု မိန့်တော်မူ၏။
ကမ္ဘာ ၁၈:၃၂ တဖန်တုံ၊ ထိုမြို့၌ တဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ တစ်ဆယ်အတွက် ငါမဖျက်ဆီးဘဲနေမည်ဟု မိန့်တော်မူ၏။
ဤသည်တို့မှာ သမ္မာကျမ်းထဲမှ ငါရွေးချယ်ထားသော ကောက်နုတ်ချက်အချို့ဖြစ်သည်။ ၎င်းတို့မှာ အပြည့်အစုံ၊ မူရင်းပုံစံများအတိုင်း မဟုတ်ပါ။ အကယ်၍ ၎င်းတို့ကို သင်တို့ကြည့်လိုပါက သမ္မာကျမ်းထဲတွင် သင်တို့ကိုယ်တိုင် ရှာ၍ကြည့်နိုင်ပါသည်၊ အချိန်ကုန် သက်သာစေရန် မူရင်းပုံစံ တစ်စိတ်တစ်ဒေသကို ငါထိမ်ချန်ခဲ့ခြင်းဖြစ်သည်။ ဤနေရာတွင် အဓိကကျသော ကျမ်းပိုဒ်နှင့် စာကြောင်း အချို့တို့ကိုသာ ငါရွေးချယ်ခဲ့ခြင်းဖြစ်၍ ငါတို့၏ ယနေ့မိတ်သဟာယအတွက် ဆက်စပ်မှုမရှိသော စာကြောင်းအချို့တို့ကို ချန်ခဲ့ခြင်းဖြစ်သည်။ ငါတို့မိတ်သဟာယဖွဲ့သော ကျမ်းပိုဒ်များနှင့် အကြောင်းအရာ အားလုံးတို့တွင် ငါတို့၏ အာရုံပြုခြင်းသည် အသေးစိတ် အဖြစ်အပျက်များနှင့် ထိုအဖြစ်အပျက်များထဲမှ လူတို့၏ ပြုမူလုပ်ဆောင်ပုံတို့ကို ကျော်သွားခြင်းဖြစ်သည်၊ ထိုသို့အာရုံပြုမည့်အစား ထိုစဉ်အချိန်က ဘုရားသခင်၏ အမြင်များနှင့် အကြံအစည်များ အကြောင်းကိုသာ ငါတို့ပြောခြင်းဖြစ်သည်။ ဘုရားသခင်၏ အမြင်များနှင့် အကြံအစည်များထဲတွင် ငါတို့သည် ဘုရားသခင်၏ စိတ်သဘောထားကို မြင်ကြရလိမ့်မည်ဖြစ်၍ ဘုရားသခင် ပြုခဲ့သမျှ အရာများအားဖြင့် ငါတို့သည် စစ်မှန်သော ဘုရားသခင် ကိုယ်တိုင်ကို မြင်ကြရမည် ဖြစ်သည်၊ ထို့အပြင် ဤအရာအားဖြင့် ငါတို့၏ ရည်မှန်းချက် ပြည့်မီမည် ဖြစ်သည်။
ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များကို နာခံပြီး မိန့်တော်မူချက်များကို လိုက်နာနိုင်သော သူများကိုသာ ဂရုစိုက်သည်
အထက်ပါ ကျမ်းပိုဒ်များတွင် အဓိကကျသော စာလုံးအချို့ ပါဝင်သည်၊ ၎င်းတို့မှာ ဂဏန်းများ ဖြစ်သည်။ ပထမဦးစွာ ယေဟောဝါက မြို့ထဲ၌ ဖြောင့်မတ်သောသူ အယောက်ငါးဆယ်ကို သူတွေ့လျှင် တစ်မြို့လုံးကို ချမ်းသာပေးမည်ဟု ဆိုခဲ့သည်၊ တစ်နည်းအားဖြင့်ဆိုသော် ထိုမြို့ကို သူဖျက်ဆီးမည် မဟုတ်ဟု ဆိုလိုသည်။ ထိုသို့ဆိုသော် သောဒုံမြို့ထဲ၌ ဖြောင့်မတ်သောသူ အယောက်ငါးဆယ် အမှန်တကယ် ရှိခဲ့သလော။ မရှိခဲ့ပါ။ ထိုသို့ဆိုပြီးနောက် အာဗြဟံသည် ဘုရားသခင်အား မည်သည်ကို ပြောခဲ့သနည်း။ သူက လေးဆယ်ကို တွေ့ကောင်းတွေ့လျှင် အဘယ်သို့နည်းဟု ဆိုခဲ့သည်။ ထိုအခါ ဘုရားသခင်က ငါမပြုဘဲနေမည်ဟု ပြန်ဆို၏။ ထို့နောက် အာဗြဟံက သုံးဆယ်ကို တွေ့ကောင်းတွေ့လျှင် အဘယ်သို့နည်းဟု ဆိုပြန်သည်။ ထိုအခါ ဘုရားသခင်က ငါမပြုဘဲနေမည်ဟု ပြန်ဆို၏။ ထိုသို့ဆိုသော် နှစ်ဆယ်ဆိုလျှင် အဘယ်သို့နည်း။ ငါမပြုဘဲနေမည်။ တစ်ဆယ်ဆိုလျှင် အဘယ်သို့နည်း။ ငါမပြုဘဲနေမည်။ သောဒုံမြို့ထဲ၌ ဖြောင့်မတ်သောသူ ဆယ်ဦး အမှန်တကယ် ရှိခဲ့သလော။ ဆယ်ဦး မရှိခဲ့ပါ၊ သို့သော် တစ်ဦး ရှိခဲ့သည်။ ဤသူမှာ မည်သူ ဖြစ်သနည်း။ ထိုသူမှာ လောတဖြစ်သည်။ ထိုစဉ်က သောဒုံမြို့ထဲ ဖြောင့်မတ်သူ တစ်ဦးမျှသာ ရှိခဲ့သော်လည်း ဘုရားသခင်သည် ဤဂဏန်းနှင့်ပတ်သက်လာပါက အလွန်တင်းကျပ် သို့မဟုတ် တိကျခဲ့သလော။ မဟုတ်ပါ၊ သူမတင်းကျပ်ခဲ့ပါ။ ထို့ကြောင့် လူက “လေးဆယ်ဆို အဘယ်နည်း” “သုံးဆယ်ဆို အဘယ်နည်း” ဟူ၍ “တစ်ဆယ်ဆို အဘယ်နည်း” ရောက်သည်အထိ ဆက်၍မေးခဲ့သည်။ ဘုရားသခင်က “ဆယ်ဦးသာ ရှိခဲ့လျှင်လည်း ထိုမြို့ကို ငါမဖျက်ဆီး၊ ၎င်းကို ငါချမ်းသာပေးပြီး ထိုဆယ်ဦးအပြင် အခြားလူများကိုပါ ခွင့်လွှတ်မည်” ဟုဆိုခဲ့သည်။ ဆယ်ဦး ဆိုသည်မှာ အလွန်နည်းသော်လည်း အမှန်တကယ် သောဒုံ၌ ဖြောင့်မတ်သောသူ အရေအတွက်မှာ ယင်းလောက်ပင် မရှိကြောင်း တွေ့ခဲ့ရသည်။ ထို့အပြင် ဘုရားသခင်၏ အမြင်တွင် ထိုမြို့သားတို့၏ အပြစ်တရားနှင့် မကောင်းမှုသည် ထို့လောက်ပင် ဖြစ်ခဲ့သဖြင့် ဘုရားသခင်သည် ၎င်းတို့ကို မဖျက်ဆီးဘဲ မနေနိုင်လောက်အောင်ပင် ရွေးချယ်စရာမရှိ ဖြစ်ခဲ့ကြောင်းကို သင်တို့မြင်ကြရမည်။ ဘုရားသခင်သည် ဖြောင့်မတ်သောသူ အယောက်ငါးဆယ်ရှိပါက မြို့ကို သူမဖျက်ဆီးဟု ပြောခဲ့သည့်အခါ အဘယ်အရာကို သူဆိုလိုခဲ့ခြင်း ဖြစ်သနည်း။ ဤဂဏန်းများမှာ ဘုရားသခင်အတွက် အရေးမကြီးခဲ့ပါ။ အရေးကြီးသောအရာမှာ မြို့ထဲတွင် သူအလိုရှိခဲ့သော ဖြောင့်မတ်သူများ ရှိ မရှိ ဖြစ်သည်။ အကယ်၍ မြို့ထဲတွင် ဖြောင့်မတ်သောသူ တစ်ဦးသာ ရှိခဲ့ပါက ဘုရားသခင်သည် မြို့ကို ဖျက်ဆီးခြင်းအကြောင်းကြောင့် ၎င်းတို့အပေါ် ဘေးအန္တရာယ် ကျရောက်ခွင့်ပြုမည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်သည် မြို့ကို ဖျက်ဆီးမည် ဖြစ်စေ မဖျက်ဆီးမည် ဖြစ်စေ၊ မြို့ထဲတွင် ဖြောင့်မတ်သူ မည်မျှရှိသည်ဖြစ်စေ ပဓာနမထားဘဲ ဘုရားသခင်အတွက်မူကား ဤဒုစရိုက်မြို့သည် ကျိန်ခြင်းကိုခံရပြီး မနှစ်မြို့စရာ၊ ဖျက်ဆီးထိုက်သောမြို့၊ ဘုရားသခင်၏ မြင်ကွင်းမှ ပျောက်ကွယ်ထိုက်သောမြို့ ဖြစ်သော်လည်း ဖြောင့်မတ်သောသူတို့မူကား ဆက်လက်တည်ရှိသင့်ပေသည်။ မည်သည့်ခေတ်ကာလ ဖြစ်ပါစေ၊ လူသားမျိုးနွယ်၏ တိုးတက်မှု အဆင့်တို့ကို ပဓာနမပြု၊ ဘုရားသခင်၏ သဘောထားသည် မပြောင်းလဲပေ၊ သူသည် မကောင်းမှုကို မုန်းတီး၍ သူ၏အမြင်တွင် ဖြောင့်မတ်သောသူတို့ကို ဂရုစိုက်လေ၏။ ဘုရားသခင်၏ ရှင်းလင်းသော ဤသဘောထားမှာ ဘုရားသခင်၏ဖြစ်ခြင်းကို စစ်မှန်စွာ ထုတ်ဖော်ပြသခြင်းလည်း ဖြစ်သည်။ မြို့ထဲ၌ ဖြောင့်မတ်သူတစ်ဦးသာ ရှိခြင်းကြောင့် ဘုရားသခင်သည် ဆက်၍ ဆိုင်းငံ့ခြင်း မရှိတော့ပေ။ နောက်ဆုံးရလဒ်မှာ သောဒုံသည် ဖျက်ဆီးခြင်းကို ဧကန် ခံခဲ့ရလေသည်။ ဤအရာထဲမှ သင်တို့ မည်သည်ကို မြင်သနည်း။ ထိုခေတ်ကာလတွင် ဘုရားသခင်သည် မြို့တစ်မြို့၌ ဖြောင့်မတ်သူ အယောက်ငါးဆယ် ရှိခဲ့ပါက၊ ဆယ်ဦးရှိခဲ့ပါက ထိုမြို့ကို မဖျက်ဆီးပေ၊ ဆိုလိုသည်မှာ ဘုရားသခင်သည် သူ့ကိုကြည်ညိုလေးမြတ်ပြီး ကိုးကွယ်နိုင်သည့် လူအနည်းငယ်ကြောင့် လူသားမျိုးနွယ်ကို ခွင့်လွှတ်ရန်နှင့် သည်းခံရန် ဆုံးဖြတ်လိမ့်မည် သို့မဟုတ် လမ်းပြခြင်းအမှုကို ပြုလိမ့်မည်ဟု ဆိုလိုသည်။ ဘုရားသခင်သည် လူ၏ ဖြောင့်မတ်သော အမှုများအပေါ် အလွန်စိတ်ချယုံကြည်သည်၊ သူ့ကို ကိုးကွယ်နိုင်သူများအပေါ် အလွန်စိတ်ချယုံကြည်ပြီး သူ့ရှေ့တွင် ကောင်းသောအမှုများကို လုပ်ဆောင်နိုင်သူများအပေါ် အလွန်စိတ်ချယုံကြည်သည်။
အစောဆုံး ကာလများမှစ၍ ယနေ့တိုင် တစ်စုံတစ်ဦးကို သမ္မာတရား သိစေခြင်း သို့မဟုတ် ဘုရားသခင်၏ လမ်းခရီးအကြောင်း ပြောခြင်းကို ဘုရားသခင်၏ သမ္မာကျမ်းစာထဲ၌ သင်တို့ ဖတ်ရှုခဲ့ဖူးသလော။ မည်သည့်အခါမျှ မဖတ်ရှုခဲ့ရပါ။ ငါတို့ဖတ်ရှုသည့် လူ့အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့အား မည်သည့်အရာများကို လုပ်ရန်သာ ပြောသည်။ အချို့က သွား၍ လုပ်ဆောင်ခဲ့ကြသည်၊ အချို့က မလုပ်ခဲ့ကြပေ၊ အချို့က ယုံကြည်ခဲ့ကြပြီး အချို့က မယုံကြည်ခဲ့ကြပေ။ ရှိခဲ့သော အရာများမှာ ဤမျှသာ ဖြစ်သည်။ ထို့ကြောင့် ထိုခေတ်ကာလ၌ ဖြောင့်မတ်သောသူများမှာ ဘုရားသခင်၏အမြင်တွင် ဖြောင့်မတ်သောသူများဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုကြား၍ ဘုရားသခင်၏ အမိန့်များကို လိုက်နာသောသူများသာ ဖြစ်သည်။ ၎င်းတို့သည် လူများအလယ်၌ ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း လုပ်ဆောင်သော အစေခံများ ဖြစ်ကြသည်။ ယင်းကဲ့သို့ လူများကို ဘုရားသခင်အား သိသောသူများဟူ၍ ခေါ်နိုင်သလော။ ၎င်းတို့ကို ဘုရားသခင်၏ စုံလင်စေခြင်းခံရသောသူများ ဖြစ်သည်ဟု ခေါ်နိုင်သလော။ ၎င်းတို့ကို ထိုသို့ မခေါ်နိုင်ပါ။ ထို့ကြောင့် ၎င်းတို့၏ အရေအတွက် မည်မျှဖြစ်ပါစေ ဘုရားသခင်၏ အမြင်တွင် ဖြောင့်မတ်သောဤလူများသည် ဘုရားသခင်၏ လူယုံများ ဖြစ်သည်ဟု ခေါ်ဝေါ်ခြင်းကို ခံထိုက်သလော။ ၎င်းတို့ကို ဘုရားသခင်၏ သက်သေခံများဟု ခေါ်နိုင်သလော။ လုံးဝ ခေါ်နိုင်မည် မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ လူယုံများနှင့် သက်သေခံများ ဖြစ်သည်ဟူ၍ ခေါ်ဝေါ်ခြင်းကို ဧကန်အမှန် မထိုက်တန်ခဲ့ကြပါ။ ထိုသို့ဆိုသော် ဘုရားသခင်သည် ယင်းလူများကို မည်သို့ခေါ်ခဲ့သနည်း။ သမ္မာကျမ်းစာထဲတွင် ငါတို့ များမကြာသေးမီက ဖတ်ရှုခဲ့သော ကျမ်းပိုဒ်များအထိ ဘုရားသခင်သည် ၎င်းတို့ကို “ငါ၏အစေခံ” ဟု ခေါ်သည့် ဖြစ်ရပ်များစွာ ရှိပေသည်။ တစ်နည်းအားဖြင့်ဆိုသော် ထိုအချိန်က ဘုရားသခင်၏ အမြင်တွင် ဤဖြောင့်မတ်သူတို့သည် ဘုရားသခင်၏ အစေခံများဖြစ်ခဲ့ကြပြီး၊ ၎င်းတို့သည် ကိုယ်တော့်ကို ကမ္ဘာမြေကြီးပေါ်တွင် အစေခံခဲ့သော လူများ ဖြစ်ကြသည်။ ထိုသို့ဆိုသော် ဘုရားသခင်သည် ဤအမည်နာမကို အဘယ်သို့ ထင်ခဲ့သနည်း။ သူသည် ၎င်းတို့ကို အဘယ်ကြောင့် ထိုသို့ ခေါ်ခဲ့သနည်း။ ဘုရားသခင်သည် လူတို့ကို သူခေါ်သည့်အလျောက် သူ၏ စိတ်နှလုံးထဲတွင် စံသတ်မှတ်ချက်များ ရှိသလော။ သူ၌ ဧကန်အမှန် ရှိပေသည်။ ဘုရားသခင်သည် လူတို့ကို ဖြောင့်မတ်သည်၊ စုံလင်သည်၊ တည်ကြည်သည် သို့မဟုတ် အစေခံဖြစ်သည်ဟု မည်သို့ပင် ခေါ်ပါစေ သူ၌ စံသတ်မှတ်ချက်များရှိသည်။ သူသည် တစ်စုံတစ်ဦးကို သူ၏အစေခံဟု ခေါ်သည့်အခါ ဤသူသည် သူ၏ တမန်တော်များကို လက်ခံနိုင်စွမ်းနှင့် သူ၏ အမိန့်များကို လိုက်နာနိုင်စွမ်းရှိပြီး တမန်တော်များမိန့်သည့် အရာတို့ကို လုပ်ဆောင်နိုင်သည်ဟု ခိုင်မာစွာ ယုံကြည်ခြင်းဖြစ်သည်။ ထို့အပြင် ဤသူသည် မည်သည့်အရာတို့ကို လုပ်ဆောင်သနည်း။ ကမ္ဘာမြေကြီးပေါ်၌ လုပ်ဆောင် ထမ်းရွက်ရန် လူသားတို့ကို မိန့်မြွက်ထားသော အရာတို့ကို လုပ်ဆောင်သည်။ ထိုအချိန်က ကမ္ဘာမြေကြီးပေါ်တွင် လူတို့ လုပ်ဆောင် ထမ်းရွက်ရန် ဘုရားသခင် စေခိုင်းသော အရာများသည် ဘုရားသခင်၏ လမ်းခရီးဖြစ်သည်ဟု ခေါ်နိုင်သလော။ မခေါ်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်က ဘုရားသခင်သည် လူတို့ကို ရိုးရှင်းသော အမှုအရာ အနည်းငယ်တို့ကိုသာ စေခိုင်းခဲ့ခြင်းကြောင့် ဖြစ်သည်၊ သူသည် ရိုးရှင်းသော အမိန့်အနည်းငယ်ကို မိန့်မြွက်ခဲ့ကာ လူတို့ကို ဤအရာ သို့မဟုတ် ထိုအရာ လုပ်ရန်သာဆိုခြင်းဖြစ်ပြီး ထိုထက် မပိုခဲ့ပေ။ ဘုရားသခင်သည် သူ၏ အစီအစဉ်အတိုင်း လုပ်ဆောင်နေခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်က အခြေအနေများစွာတို့သည် ဖြစ်ပေါ်ခဲ့ခြင်း မရှိသေးခြင်း၊ အချိန် မကျသေးခြင်းနှင့် ဘုရားသခင်၏ လမ်းခရီးကို လူတို့ခံယူရန် ခက်ခဲခြင်းကြောင့် ဘုရားသခင်၏ လမ်းခရီးသည် ဘုရားသခင်၏ စိတ်နှလုံးထဲမှ ထွက်လာရန်ပင် အစမပြုရသေးချေ။ သုံးဆယ် ဖြစ်စေ နှစ်ဆယ် ဖြစ်စေ ဤနေရာတွင် ငါတို့မြင်ရသည့် ဘုရားသခင် ပြောခဲ့သော ဖြောင့်မတ်သောလူများကို သူသည် သူ၏ အစေခံများအဖြစ် မြင်ခဲ့သည်။ ဘုရားသခင်၏ တမန်တော်များ ဤအစေခံများထံ ရောက်လာသည့်အခါ ၎င်းတို့သည် တမန်တော်များကို လက်ခံကာ ၎င်းတို့၏ မိန့်ဆိုချက်များကို လိုက်နာပြီး ၎င်းတို့၏ စကားများအတိုင်း ပြုမူနိုင်ခဲ့ကြသည်။ ဤသည်မှာ ဘုရားသခင်၏အမြင်တွင် အစေခံများအနေဖြင့် လုပ်ဆောင်ပြီးစီးသင့်ပြီး ရသင့်သောအရာ အတိအကျပင် ဖြစ်ခဲ့သည်။ ဘုရားသခင်သည် လူတို့ကိုခေါ်သည့် သူ၏အမည်နာမများ၌ အမြော်အမြင်ရှိသည်။ သူသည် ၎င်းတို့ကို သူ၏အစေခံများဟု ခေါ်ခဲ့ခြင်းမှာ ၎င်းတို့သည် ယခု သင်တို့ကဲ့သို့ တရားဟောချက်များစွာကို ကြားနာခဲ့ရခြင်း၊ ဘုရားသခင်ပြုသော အမှုအရာကို သိခြင်း၊ ဘုရားသခင်၏အလိုကို များစွာသိနားလည်ခဲ့ခြင်းနှင့် သူ၏စီမံခန့်ခွဲမှုအစီအစဉ်ကို နားလည်သဘောပေါက်ခြင်းကြောင့် မဟုတ်ဘဲ ၎င်းတို့၏ လူ့သဘာဝမှာ ရိုးသားပြီး ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုက်နာနိုင်ခြင်းကြောင့် ဖြစ်သည်၊ ဘုရားသခင်သည် ၎င်းတို့ကို မိန့်သည့်အခါ ၎င်းတို့သည် ၎င်းတို့လုပ်နေသော အရာများကို ဘေးသို့ဖယ်ကာ ဘုရားသခင်မိန့်သော အရာတို့ကို လုပ်ဆောင်နိုင်ကြသည်။ ထိုအတွက်အကြောင့် ဘုရားသခင်အတွက် အစေခံဟူသော ဂုဏ်ပုဒ်၏ အခြားသော အဓိပ္ပာယ် အလွှာမှာ ၎င်းတို့သည် ကမ္ဘာမြေကြီးပေါ်၌ သူ၏အလုပ်နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ၎င်းတို့သည် ဘုရားသခင်၏ တမန်တော်များ မဟုတ်ခဲ့ကြသော်လည်း ၎င်းတို့သည် ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အတည်ပြုလုပ်ဆောင်သူများနှင့် အကောင်အထည်ဖော် လုပ်ဆောင်သူများ ဖြစ်ခဲ့ကြသည်ဟူ၍ ဖြစ်သည်။ ထို့နောက် ဤအစေခံများ သို့မဟုတ် ဖြောင့်မတ်သောလူများသည် ဘုရားသခင်၏ စိတ်နှလုံးထဲတွင် အလွန်အလေးသာသောသူ ဖြစ်ကြောင်း သင်တို့ မြင်ကြရသည်။ ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင် စတင်မည့် အလုပ်သည် သူနှင့် ပူးပေါင်းလုပ်ဆောင်မည့် လူများ မရှိပါက ဖြစ်နိုင်ခဲ့မည် မဟုတ်ပေ၊ ထို့အပြင် ဘုရားသခင်၏အစေခံများ တာဝန်ယူလုပ်ဆောင်ခဲ့သော အခန်းကဏ္ဍကို ဘုရားသခင်၏ တမန်တော်များဖြင့် အစားထိုး၍ မရနိုင်ပေ။ ဤအစေခံများအပေါ် ဘုရားသခင် မိန့်တော်မူခဲ့သော အလုပ် တစ်ခုချင်းစီသည် သူ့အတွက် အလွန်အရေးကြီးသဖြင့် သူသည် ၎င်းတို့ကို လက်လွှတ်၍ မရနိုင်ခဲ့ပေ။ ဤအစေခံများသည် ဘုရားသခင်နှင့် ပူးပေါင်းလုပ်ဆောင်ခြင်း မရှိခဲ့ပါက လူသားမျိုးနွယ်အကြားရှိ သူ၏ အလုပ်သည် လုံးဝဥဿုံရပ်သွားခဲ့မည်ဖြစ်၍ ရလဒ်အနေဖြင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့် ဘုရားသခင်၏ မျှော်လင့်ချက်များသည် အချည်းနှီးဖြစ်ကုန်မည် ဖြစ်သည်။
ဘုရားသခင်သည် သူဂရုစိုက်သောသူများအပေါ် ကြွယ်ဝစွာသော ကရုဏာစိတ်ရှိ၍ သူရွံ့မုန်းပြီး ငြင်းပယ်သောသူများအပေါ် အပြင်းအထန် ဒေါသထွက်သည်
သမ္မာကျမ်းစာထဲမှ ဖြစ်စဉ်များတွင် သောဒုံမြို့၌ ဘုရားသခင်၏ အစေခံ ဆယ်ဦး ရှိခဲ့သလော။ မရှိခဲ့ပါ။ ထိုမြို့သည် ဘုရားသခင်၏ ချမ်းသာပေးခြင်းနှင့် ထိုက်တန်ခဲ့သလော။ မြို့ထဲမှ တစ်ဦးတည်းသောသူဖြစ်သည့် လောတသာ ဘုရားသခင်၏ တမန်တော်များကို လက်ခံကြိုဆိုခဲ့သည်။ ဤအရာ၏ သွယ်ဝိုက်(၍)ရည်ညွှန်းချက်မှာ ထိုမြို့ထဲ၌ ဘုရားသခင်၏ အစေခံတစ်ဦးသာ ရှိခဲ့ခြင်းကြောင့် ဘုရားသခင်သည် လောတကို ကယ်တင်ရန်နှင့် သောဒုံမြို့ကို ဖျက်ဆီးရန်မှတပါး အခြားရွေးချယ်စရာ မရှိဟူ၍ ဖြစ်သည်။ အာဗြဟံနှင့် ဘုရားသခင် အပြန်အလှန်ပြောဆိုသော ထိုစကားများမှာ ရိုးရှင်းသည်ဟု ထင်ရသော်လည်း ၎င်းတို့သည် အလွန်လေးနက်သောအရာ တစ်စုံတစ်ခုကို သရုပ်ဖော်ထားခြင်း ဖြစ်သည်၊ ဘုရားသခင်၏ လုပ်ရပ်များတွင် နိယာမများရှိပြီး ဆုံးဖြတ်ချက်တစ်ခု မချမီ သူသည် အချိန်ကြာမြင့်စွာ လေ့လာ၍ ချင့်ချိန်၏၊ အချိန်မတန်မီ သူသည် ဆုံးဖြတ်ချက်များကို ချမှတ်ခြင်းနှင့် ကောက်ချက်ချခြင်း တစ်စုံတစ်ရာကို လုံးဝပြုမည် မဟုတ်ပေ။ ဘုရားသခင်သည် သောဒုံမြို့ထဲ၌ ဖြောင့်မတ်သောသူ အယောက် လေးဆယ်၊ သုံးဆယ် သို့မဟုတ် နှစ်ဆယ် မရှိကြောင်းကို သိနှင့်နေခဲ့သောကြောင့် ထိုမြို့ကို ဖျက်ဆီးရန်ဖြစ်သော ဘုရားသခင်၏ ဆုံးဖြတ်ချက်မှာ အနည်းငယ်မျှပင် အတိမ်းအစောင်း မရှိကြောင်းကို အာဗြဟံနှင့် ဘုရားသခင် အပြန်အလှန်ပြောဆိုသော စကားများက ငါတို့ကို ဖော်ပြလျက်ရှိသည်။ ဆယ်ဦးမျှပင် မရှိခဲ့ပေ။ ထိုမြို့၌ ဖြောင့်မတ်သည့် တစ်ဦးတည်းသောသူမှာ လောတဖြစ်သည်။ သောဒုံ၌ ဖြစ်ခဲ့သမျှ အရာခပ်သိမ်းနှင့် ၎င်း၏ အခြေအနေများကို ဘုရားသခင် လေ့လာစောင့်ကြည့်ခဲ့ပြီး ၎င်းတို့ကို ဘုရားသခင်သည် မိမိ၏ လက်ဖမိုးကဲ့သို့ ကောင်းစွာသိကျွမ်းခဲ့ပေသည်။ ထို့ကြောင့် သူ၏ဆုံးဖြတ်ချက်မှာ မှားယွင်းခဲ့ခြင်း မရှိနိုင်ရာ။ မတူသည်မှာ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် နှိုင်းဆပါက လူသည် အလွန်ထုံထိုင်းသည်၊ မိုက်မဲပြီး ပညာမဲ့ကာ ရေရှည်ကို မမြင်တတ်ကြပေ။ ဤအရာကို အာဗြဟံနှင့် ဘုရားသခင် အပြန်အလှန်ပြောသော စကားများထဲတွင် ငါတို့ မြင်ရသည်။ ဘုရားသခင်သည် သူ၏စိတ်သဘောထားကို အစအဦးမှ စတင်ကာ ယနေ့တိုင်အောင် ဖော်ပြလျက်ရှိသည်။ ဤနေရာတွင်လည်း ထိုနည်းလည်းကောင်း ငါတို့ မြင်သင့်သော ဘုရားသခင်၏ စိတ်သဘောထား ရှိပေသည်။ ဂဏန်းများမှာ ရိုးရှင်းပြီး မည်သည့်အရာကိုမျှ သရုပ်ပြခြင်း မရှိပါ၊ သို့သော်လည်း ဤနေရာတွင် အလွန်အရေးကြီးသော ဘုရားသခင်၏ စိတ်သဘောထား ဖော်ထုတ်ပြသမှုတစ်ခု ရှိသည်။ ဘုရားသခင်သည် ဖြောင့်မတ်သောသူ အယောက်ငါးဆယ်ကြောင့် မြို့ကိုဖျက်ဆီးလိမ့်မည် မဟုတ်ခဲ့ပေ။ ဤသည်မှာ ဘုရားသခင်၏ သနားခြင်းကရုဏာကြောင့် ဖြစ်သလော။ ၎င်းမှာ သူ၏ ချစ်ခြင်းမေတ္တာနှင့် သည်းခံခြင်းကြောင့် ဖြစ်သလော။ သင်တို့သည် ဘုရားသခင် စိတ်သဘောထား၏ ရှုထောင့်ကို မြင်ဖူးသလော။ ဖြောင့်မတ်သောသူ ဆယ်ဦးရှိခဲ့လျှင်ပင် ဘုရားသခင်သည် ထိုဖြောင့်မတ်သောလူ ဆယ်ဦးကြောင့် မြို့ကို ဖျက်ဆီးခဲ့လိမ့်မည် မဟုတ်ပေ။ ဤသည်မှာ သို့မဟုတ် ၎င်းသည် ဘုရားသခင်၏ သည်းခံခြင်းနှင့် ချစ်ခြင်းမေတ္တာ မဟုတ်လော။ ထိုဖြောင့်မတ်သောလူများအပေါ် ဘုရားသခင်၏ သနားခြင်းကရုဏာ၊ သည်းခံခြင်းနှင့် စိုးရိမ်ခြင်းကြောင့် ထိုမြို့ကို သူဖျက်ဆီးခဲ့လိမ့်မည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏ သည်းခံခြင်းပင် ဖြစ်သည်။ ထို့အပြင် နောက်ဆုံးတွင် မည်သည့်ရလဒ်ကို ငါတို့မြင်ရသနည်း။ အာဗြဟံက “တစ်ဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု” ဆိုသောအခါ ဘုရားသခင်က “ငါမဖျက်ဆီးဘဲနေမည်” ဟု ဆိုခဲ့သည်။ ထိုသို့ဆိုပြီးနောက် အာဗြဟံသည် ဆက်၍မပြောတော့ပေ၊ အဘယ်ကြောင့်ဆိုသော် သောဒုံ၌ သူရည်ညွှန်းသည့် ဖြောင့်မတ်သောသူ ဆယ်ဦးမရှိခဲ့ခြင်းကြောင့်ဖြစ်ပြီး သူ၌ ဆက်၍ပြောစရာ မရှိတော့ပေ၊ ထို့အပြင် ထိုအချိန်က ဘုရားသခင်သည် သောဒုံကို ဖျက်ဆီးရန် ဆုံးဖြတ်ခဲ့ကြောင်းကို သူနားလည်ခဲ့ပေသည်။ ဤအရာတွင် ဘုရားသခင်၏ မည်သည့်စိတ်သဘောထားကို သင်တို့ မြင်ကြရသနည်း။ ဘုရားသခင်သည် မည်ကဲ့သို့ဆုံးဖြတ်ချက်မျိုးကို ချမှတ်ခဲ့သနည်း။ တစ်နည်းအားဖြင့်ဆိုသော် အကယ်၍ ဤမြို့၌ ဖြောင့်မတ်သောသူ ဆယ်ဦးမရှိခဲ့ပါက ဘုရားသခင်သည် ၎င်းကို တည်ရှိစေရန် အခွင့်ပေးမည် မဟုတ်ဘဲ ဖျက်ဆီးပစ်မည်မှာ ဧကန်အမှန်ပင် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အမျက်ပင် မဟုတ်သလော။ ဤအမျက်သည် ဘုရားသခင်၏ စိတ်သဘောထားကို ကိုယ်စားပြုသလော။ ဤစိတ်သဘောထားသည် ဘုရားသခင်၏ သန့်ရှင်းသော သဘောသဘာဝကို ထုတ်ဖော်ပြသခြင်း ဖြစ်သလော။ ၎င်းမှာ လူတို့ ပြစ်မှား၍ မရသော ဘုရားသခင်၏ ဖြောင့်မတ်သော သဘောသဘာဝကို ထုတ်ဖော်ပြသခြင်း ဖြစ်သလော။ သောဒုံ၌ ဖြောင့်မတ်သောသူ ဆယ်ဦးပင် မရှိကြောင်း အတည်ပြုခဲ့ပြီးသည့်နောက်တွင် ဘုရားသခင်သည် ထိုမြို့ကို ဖျက်ဆီးရန်မှာ သေချာခဲ့ပြီး ထိုမြို့ထဲရှိ လူတို့သည် ဘုရားသခင်ကို ဆန့်ကျင်ခဲ့ကြကာ ၎င်းတို့သည် အလွန် ညစ်ညူးပြီး ဖောက်ပြန်ခဲ့ကြခြင်းကြောင့် ၎င်းတို့ကို ပြင်းထန်စွာ အပြစ်ပေးခဲ့ခြင်း ဖြစ်သည်။
ငါတို့သည် ဤကျမ်းပိုဒ်များကို ဤနည်းဖြင့် အဘယ်ကြောင့် စိစစ်ခဲ့ကြသနည်း။ အဘယ်ကြောင့်ဆိုသော် ရိုးရှင်းလှသည့် အနည်းငယ်သော ဤစာကြောင်းများသည် ဘုရားသခင်၏ ကြွယ်ဝသော သနားခြင်းကရုဏာနှင့် ပြင်းထန်သောအမျက် ပါဝင်သည့် စိတ်သဘောထားကို အပြည့်အဝ ဖော်ပြခြင်းကြောင့်ဖြစ်သည်။ ဖြောင့်မတ်သူတို့ကို တန်ဖိုးထား၍ ၎င်းတို့ကို သနားခြင်းကရုဏာ၊ သည်းခံခြင်းနှင့် စောင့်မခြင်း ရှိသည်နှင့် တစ်ပြိုင်နက်တည်း ဘုရားသခင်၏ စိတ်နှလုံးထဲ၌ သောဒုံမြို့ရှိ ဖောက်ပြန်ပျက်စီးကြသောသူ အားလုံးအပေါ် အလွန် စက်ဆုပ်ရွံရှာမှု တစ်ခု ရှိခဲ့သည်။ ဤသည်မှာ သို့မဟုတ် ၎င်းမှာ ကြွယ်ဝသော သနားခြင်းကရုဏာနှင့် ပြင်းထန်သော အမျက်ပင် ဖြစ်ခဲ့သည် မဟုတ်လော။ ဘုရားသခင်သည် ထိုမြို့ကို မည်သည့်နည်းလမ်းဖြင့် ဖျက်ဆီးခဲ့သနည်း။ မီးဖြင့် ဖြစ်သည်။ ထို့အပြင် သူသည် မီးကို အသုံးပြု၍ အဘယ်ကြောင့် ဖျက်ဆီးခဲ့သနည်း။ မီးလောင်ကျွမ်းသော တစ်စုံတစ်ရာကို သင်မြင်သည့်အခါ သို့မဟုတ် တစ်စုံတစ်ခုကို သင်မီးရှို့မည့် အချိန်တွင် ၎င်းအပေါ် သင်၏ ခံစားချက်များမှာ အဘယ်နည်း။ ၎င်းကို သင်အဘယ်ကြောင့် မီးရှို့လိုသနည်း။ ၎င်းကို သင်ဆက်၍ အလိုမရှိဟူ၍လည်းကောင်း၊ ၎င်းကို သင်ဆက်၍ မမြင်လိုတော့ပေဟူ၍ ခံစားရသလော။ ၎င်းကို သင်စွန့်ပစ်လိုသလော။ ဘုရားသခင်သည် မီးကိုအသုံးပြုရခြင်း အကြောင်းမှာ စွန့်ပစ်ခြင်းနှင့် မုန်းတီးခြင်းကို ဆိုလိုခြင်းဖြစ်ပြီး သူသည် သောဒုံမြို့ကို ဆက်၍မမြင်လိုတော့ခြင်းကြောင့် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်သည် သောဒုံမြို့ကို မီးဖြင့် လုံးလုံးလျားလျား ဖျက်ဆီးခဲ့သော စိတ်ခံစားချက် ဖြစ်သည်။ မီးကို အသုံးပြုခြင်းမှာ ဘုရားသခင်သည် မည်မျှအမျက်ထွက်ခဲ့ကြောင်းကို ပုံဆောင်ခြင်းဖြစ်သည်။ ဘုရားသခင်၏ သနားခြင်းကရုဏာနှင့် သည်းခံခြင်းသည် အမှန်တကယ်ပင် တည်ရှိသော်လည်း ဘုရားသခင်သည် သူ၏ အမျက်ကို လွှတ်သည့်အခါ ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့သည် ပြစ်မှားခြင်းကို သည်းခံမည် မဟုတ်သော ဘုရားသခင်၏ သဘောထားကိုလည်း လူတို့ကို ပြခြင်းပင် ဖြစ်သည်။ လူသည် ဘုရားသခင်၏ ပညတ်များကို နာခံနိုင်စွမ်း ပြည့်ဝပြီး ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ပြုမူလုပ်ဆောင်သည့်အခါ လူအပေါ် ဘုရားသခင်၏ သနားခြင်းကရုဏာမှာ ကြွယ်ဝပေသည်၊ လူသည် ပျက်စီးခြင်း၊ အမုန်းတရားနှင့် ကိုယ်တော့်ကို ရန်လိုမှုတို့ဖြင့် ပြည့်နှက်သည့်အခါ ဘုရားသခင်သည် အကြီးအကျယ် အမျက်ထွက်လေ၏။ ထိုအခါ သူသည် မည်သည့် အတိုင်းအတာအထိ အကြီးအကျယ် အမျက်ထွက်သနည်း။ ဘုရားသခင်သည် လူတို့၏ အတိုက်အခံပြုခြင်းနှင့် မကောင်းမှု ဒုစရိုက်များကို မမြင်ရတော့သည့်တိုင်အောင်၊ ၎င်းတို့သည် သူ၏မြင်ကွင်းမှ မရှိတော့သည့်တိုင်အောင် သူ၏အမျက်သည် ဆက်၍ တည်လိမ့်မည်။ ထိုအခါမှသာ ဘုရားသခင်၏ အမျက်သည် ကွယ်ပျောက်လိမ့်မည်။ တစ်နည်းဆိုပါက မည်သည့် လူဖြစ်ပါစေ၊ အကယ်၍ ၎င်းတို့၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် ဝေးကွာလာပြီး ဘုရားသခင်ထံမှ ကျောခိုင်းသွား၍ မည်သည့်အခါမျှ ပြန်လာခြင်းမရှိပါက၊ ၎င်းတို့၏ ဓမ္ဓဓိဌာန်ကျသော လိုအင်များနှင့်စပ်လျဉ်းပါက မည်သို့ပင်ဖြစ်စေ အလုံးစုံသော ပုံပန်းရှိသည်ဖြစ်စေ၊ ဘုရားသခင်ကို ကိုးကွယ်ရန်နှင့် ၎င်းတို့၏ ကိုယ်ခန္ဓာ သို့မဟုတ် အတွေးအားဖြင့် နာခံလိုက်နာရန် ဆန္ဒရှိသည်ဖြစ်စေ ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်ထံမှ အဝေးသို့ လှည့်သွားပါက ဘုရားသခင်၏ အမျက်သည် မရပ်မနား ထုတ်လွှတ်မည် ဖြစ်သည်။ လူကို လုံလောက်သော အခွင့်အရေးများ ပေးပြီးနောက် ဘုရားသခင်သည် သူ၏ အမျက်ဒေါသကို အလွန်အမင်း ထုတ်လွှတ်သည့်အခါ၊ ထုတ်လွှတ်ပြီးနောက် ပြန်ရုပ်သိမ်းခြင်း ရှိလိမ့်မည် မဟုတ်ဘဲ သူသည် ယင်းလူအပေါ် နောက်ထပ် သနားခြင်းကရုဏာနှင့် သည်းခံခြင်း မည်သည့်အခါတွင်မျှ ရှိတော့မည် မဟုတ်ပေ။ ဤသည်မှာ ပြစ်မှားခြင်းကို သည်းခံမည် မဟုတ်သော ဘုရားသခင်၏ စိတ်သဘောထား၏ ရှုထောင့်တစ်ခုဖြစ်သည်။ ဤနေရာတွင် ဘုရားသခင်သည် မြို့တစ်မြို့ကို ဖျက်ဆီးမည်မှာ လူတို့အတွက် ဖြစ်ရိုးဖြစ်စဉ်ဟုထင်ရသည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ အမြင်တွင် အပြစ်တရားနှင့် ပြည့်နှက်သော မြို့တစ်မြို့သည် တည်ရှိပြီး ဆက်လက် ကျန်ကြွင်းနိုင်ခြင်း မရှိသည့်အတွက်ကြောင့်၊ ၎င်းသည် ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ခံသင့်သည်မှာ ကျိုးကြောင်းဆီလျော်သောကြောင့် ဖြစ်သည်။ သို့သော်လည်း သောဒုံမြို့ကို သူ၏ဖျက်ဆီးခြင်း မတိုင်မီနှင့် နောက်ပိုင်းတွင် ဖြစ်ခဲ့သော ထိုအထဲမှ ဘုရားသခင်၏ စိတ်သဘောထား အလုံးစုံကို ငါတို့ မြင်ရပါသည်။ သူသည် ကြင်နာခြင်း၊ လှပခြင်းနှင့် ကောင်းခြင်းတို့နှင့် ပြည့်သောအရာများအပေါ်သည်းခံ၍ သနားခြင်းကရုဏာသက်ပေသည်၊ ဆိုးယုတ်ပြီး အပြစ်နှင့်ပြည့်ကာ ကောက်ကျစ်သော အရာများအပေါ် သူသည် အကြီးအကျယ် အမျက်ထွက်သဖြင့် သူ၏အမျက်မှာ မရပ်စဲနိုင်လောက်အောင်ပင် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထား၏ အဓိကကျပြီး အရေးပါဆုံးသော ရှုထောင့်နှစ်ခုဖြစ်သည့် ကြွယ်ဝသော သနားခြင်းကရုဏာနှင့် ပြင်းထန်သော အမျက်ဖြစ်သည် သာမက ဘုရားသခင်သည် ၎င်းတို့ကို အစမှအဆုံး ထုတ်ဖော်ပြသခဲ့ပြီးဖြစ်သည်။ သင်တို့ အများစုသည် ဘုရားသခင်၏ တစ်စုံတစ်ရာသော သနားခြင်းကရုဏာကို ခံစားခဲ့ဖူးကြသော်လည်း သင်တို့ထဲမှ အရေအတွက်အလွန်နည်းသော သူတို့သည် ဘုရားသခင်၏အမျက်ကို သတိပြုမိခဲ့ကြသည်။ ဘုရားသခင်၏ သနားခြင်းကရုဏာနှင့် ချစ်ခင်ကြင်နာခြင်းကို လူအယောက်တိုင်းထဲ၌ မြင်နိုင်ပေသည်၊ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်သည် လူအယောက်တိုင်းအပေါ် သနားခြင်းကရုဏာ ကြွယ်ဝမူ၏။ သို့သော်လည်း ဘုရားသခင်သည် သင်တို့ထဲမှ လူပုဂ္ဂိုလ် တစ်စုံတစ်ဦး သို့မဟုတ် မည်သည့် အုပ်စုကိုမျှ အကြီးအကျယ် အမျက်ထွက်ခဲ့ခြင်းမှာ အလွန်ကြုံတောင့်ကြုံခဲဖြစ်သည် သို့မဟုတ် မည်သည့်အခါတွင်မျှ မရှိဟူ၍ ဆိုနိုင်ပါသည်။ စိတ်ကိုလျှော့လော့။ လူအယောက်တိုင်းသည် ဘုရားသခင်၏ အမျက်ကို အနှေးနှင့်အမြန် မြင်ကြရပြီး ခံစားကြရမည် ဖြစ်သော်လည်း ယခု အချိန်မတန်သေးပါ။ ထို့အပြင် ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် တစ်စုံတစ်ဦးအပေါ် အဆက်မပြတ် အမျက်ထွက်သည့်အခါ၊ တစ်နည်းအားဖြင့် သူသည် ၎င်းတို့အပေါ် သူ၏ပြင်းထန်သော အမျက်ကို ထုတ်လွှတ်သည့်အခါ၊ သူသည် ဤလူကို အလွန်မုန်းတီးပြီး ငြင်းပယ်ခဲ့သည်မှာ အချိန်ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း၊ သူသည် ၎င်းတို့၏ ဖြစ်တည်ခြင်းကို ရွံမုန်းကြောင်းနှင့် ၎င်းတို့၏ ဖြစ်တည်ခြင်းကို သည်းမခံနိုင်ကြောင်း ဆိုလိုခြင်း ဖြစ်သည်၊ ၎င်းတို့အပေါ် သူ၏အမျက် သင့်ရောက်သည့်အခါ ၎င်းတို့သည် ကွယ်ပျောက်သွားကြလိမ့်မည်။ ယနေ့တွင် ဘုရားသခင်၏ အမှုတော်သည် ထိုအဆင့်သို့ ရောက်ရှိသေးခြင်း မရှိသေးပေ။ ဘုရားသခင်သည် အပြင်းအထန် အမျက်ထွက်သည့်အခါ သင်တို့ထဲမှ မည်သူမျှ ခံရပ်နိုင်ကြလိမ့်မည် မဟုတ်။ ဤအချိန်တွင် ဘုရားသခင်သည် သင်တို့အားလုံးအပေါ် သနားခြင်းကရုဏာ ကြွယ်ဝခြင်းသာ ဖြစ်ကြောင်းနှင့် သင်တို့သည် သူ၏ပြင်းထန်သော အမျက်ကို မမြင်ကြသေးကြောင်းကို ထိုအခါ သင်တို့မြင်ကြရမည်။ အကယ်၍ ယုံကြည်လက်ခံခြင်း မရှိသေးသောသူများ ရှိပါက သင်တို့အပေါ်သို့ ဘုရားသခင်၏အမျက် သင့်ရောက်မည့်အကြောင်း သင်တို့ တောင်းခံနိုင်ပေသည်၊ ထိုအခါမှသာ သင်တို့သည် လူအပေါ် ဘုရားသခင်၏ အမျက်နှင့် သူ၏ ပြစ်မှား၍ မရသော စိတ်သဘောထား အမှန်တကယ် တည်ရှိခြင်း ရှိမရှိကို သင်တို့ ခံစားကောင်းခံစားရမည်။ သင်တို့ သတ္တိရှိသလော။
နောက်ဆုံးသော ကာလ၏ လူများသည် ဘုရားသခင်၏ အမျက်ကို သူ၏ နှုတ်ကပတ်တော်ထဲတွင်သာ မြင်ရပြီး ဘုရားသခင်၏ အမျက်ကို အကယ်စင်စစ် ခံစားရခြင်း မရှိပေ
ဤကျမ်းပိုဒ်များထဲတွင် မြင်ရသည့် ရှုထောင့်နှစ်ဖက်ဖြစ်သော ဘုရားသခင်၏ စိတ်သဘောထားသည် မိတ်သဟာယဖွဲ့ရန် ထိုက်တန်သလော။ ဤအဖြစ်အပျက်ကို ကြားပြီးနောက် သင်တို့၌ ဘုရားသခင်အကြောင်း အသစ်ပြုပြင်သော အသိတစ်ခု ရှိကြသလော။ မည်သည့် အသိ အမျိုးအစားနည်း။ ဖန်ဆင်းသည့် အချိန်မှစ၍ ယနေ့တိုင်အောင် မည်သည့်အုပ်စုမျှ ယခု နောက်ဆုံးသော အုပ်စုကဲ့သို့ ဘုရားသခင်၏ ကျေးဇူးတော် သို့မဟုတ် သနားခြင်းကရုဏာနှင့် ချစ်ခင်ကြင်နာခြင်းကို များစွာခံစားခဲ့ရခြင်း မရှိဟု ဆိုနိုင်ပါသည်။ နောက်ဆုံးသော အဆင့်တွင် ဘုရားသခင်သည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုကို လုပ်ဆောင်ပြီးစီး၍ သူ၏ အမှုကို ဘုန်းအာနုဘော်နှင့် အမျက်ဖြင့် လုပ်ဆောင်ပြီးစီးခဲ့သော်လည်း ဘုရားသခင်သည် သူ၏အမှု ပြီးမြောက်စေရန် နှုတ်ကပတ်တော်များကိုသာ အများအားဖြင့် အသုံးပြုခြင်း ဖြစ်သည်။ သူသည် နှုတ်ကပတ်တော်များကို အသုံးပြု၍ သွန်သင်ခြင်းနှင့် ရေလောင်းခြင်း၊ ထောက်ပံ့ခြင်းနှင့် ကျွေးမွေးခြင်းတို့ကို ပြုသည်။ တစ်ချိန်တည်းတွင် ဘုရားသခင်၏ အမျက်သည် အမြဲတစေ ကွယ်ဝှက်ထားပြီး ဘုရားသခင်၏ အမျက်ပြင်းသော စိတ်သဘောထားကို သူ၏ နှုတ်ကပတ်တော်များထဲတွင် တွေ့ကြုံရသည်မှလွဲ၍ အနည်းငယ်သော လူများသည် သူ၏အမျက်ကို ကိုယ်တိုင် ခံစားခဲ့ရခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုကို ဘုရားသခင် ပြုနေစဉ်ကာလအတွင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ထုတ်ဖော်ထားသော အမျက်သည် လူတို့အား ဘုရားသခင်၏ ဘုန်းအာနုဘော်နှင့် ပြစ်မှားမှု သည်းမခံခြင်းတို့ကို ခံစားစေသော်လည်း ဤအမျက်သည် သူ၏ နှုတ်ကပတ်တော်များထက် ကျော်လွန်ခြင်း မရှိပေ။ အခြားနည်းဖြင့်ဆိုသော် ဘုရားသခင်သည် နှုတ်ကပတ်တော်များကို အသုံးပြု၍ လူကို ပြစ်တင်ခြင်း၊ ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် လူကို ပြစ်တင်ဝေဖန်ခြင်းပင် ပြုသော်လည်း ဘုရားသခင်သည် လူအပေါ် အပြင်းအထန် အမျက်ထွက်ခြင်း မရှိသေးသည့်အပြင် သူ၏ နှုတ်ကပတ်တော်များမှအပ လူအပေါ် သူ၏အမျက်ကို လွှတ်ရုံမျှပင် မရှိသေးချေ။ ထို့ကြောင့် ဤ ခေတ်ကာလ၌ လူခံစားရသော ဘုရားသခင်၏ သနားခြင်းကရုဏာနှင့် ချစ်ခင်ကြင်နာခြင်းသည် ဘုရားသခင်၏ စစ်မှန်သော စိတ်သဘောထားကို ထုတ်ဖော်ပြသခြင်းဖြစ်ပြီး လူခံစားရသော ဘုရားသခင်၏ အမျက်တော်သည် သူ၏ မိန့်မြွက်ချက်များ၏ သဘောလက္ခဏာနှင့် အထိအတွေ့ သက်ရောက်မှုမျှသာ ဖြစ်သည်။ ဤသက်ရောက်မှုကို လူများစွာတို့က စစ်မှန်သော တွေ့ကြုံခံစားမှုနှင့် ဘုရားသခင်၏ အမျက်အကြောင်း စစ်မှန်စွာ သိခြင်းအဖြစ် တလွဲယူတတ်ကြသည်။ အကျိုးဆက်အနေဖြင့် လူအများစုတို့က ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ဘုရားသခင်၏ သနားခြင်းကရုဏာနှင့် ချစ်ခင်ကြင်နာခြင်းကို မြင်ခဲ့ဖူးကြောင်း၊ လူ၏ပြစ်မှားခြင်းအပေါ် ဘုရားသခင်၏ သည်းမခံခြင်းကိုလည်း ရှုမြင်ခဲ့ဖူးကြောင်း ယုံကြည်ကြပြီး ၎င်းတို့ထဲမှ အများစုသည် လူအပေါ် ဘုရားသခင်၏ သနားခြင်းကရုဏာနှင့် သည်းခံခြင်းကို ကျေးဇူးပင်တင်လာခဲ့ကြသည်။ သို့သော်လည်း လူ၏အပြုအမူ မည်မျှ မကောင်းပါစေ၊ သူ၏ စိတ်သဘောထား မည်မျှ ဖောက်ပြန်ပျက်စီးပါစေ၊ ဘုရားသခင်သည် အစဉ်သည်းခံမူခဲ့သည်။ သည်းခံမူရာ၌ သူ၏ရည်မှန်းချက်မှာ သူပြောခဲ့သော နှုတ်ကပတ်တော်များ၊ သူစိုက်ထုတ်ခဲ့သော လုံ့လများနှင့် သူပေးခဲ့သော အဖိုးအခများသည် သူရလိုသော သူများထဲ၌ သက်ရောက်မှု တစ်ခုရှိစေရန် စောင့်ဆိုင်းခြင်းဖြစ်သည်။ ဤကဲ့သို့သော ရလဒ်တစ်ခုကို စောင့်ဆိုင်းခြင်းမှာ အချိန်ကြာမြင့်ပြီး လူအတွက် မတူညီသော ပတ်ဝန်းကျင်များကို ဖန်ဆင်းပေးရန် လိုအပ်သည်၊ လူတို့သည် ၎င်းတို့ မွေးမွေးချင်း အရွယ်ရောက်လူကြီးများ မဖြစ်ကြသည့် နည်းအတိုင်းပင် ဖြစ်သည်၊ အရွယ်ရောက်ရန် တစ်ဆယ့်ရှစ် သို့မဟုတ် တစ်ဆယ့်ကိုးနှစ်ကြာပြီး လူအချို့တို့သည် အမှန်တကယ် အရွယ်ရောက်သောလူကြီး တစ်ဦးအဖြစ် ၎င်းတို့ မရင့်ကျက်မီ အနှစ် နှစ်ဆယ် သို့မဟုတ် သုံးဆယ် အချိန်ကိုပင် လိုအပ်ကြသည်။ ဘုရားသခင်သည် ဤလုပ်ငန်းစဉ် ပြီးစီးရန်၊ ယင်းကဲ့သို့သော အချိန်တစ်ချိန် ရောက်လာရန်နှင့် ဤရလဒ် ရောက်ရှိလာရန် စောင့်ဆိုင်းသည်။ ထို့အပြင် ဘုရားသခင်သည် သူစောင့်ဆိုင်းသည့် အချိန်တစ်လျှောက်တွင် သနားခြင်းကရုဏာ ကြွယ်ဝပေသည်။ ဘုရားသခင် အလုပ်လုပ်နေစဉ် ကာလအတောအတွင်း အရေအတွက် နည်းလွန်းသော လူများသည် ဒဏ်ခတ်ခြင်းကို ခံရပြီး အချို့တို့သည် ဘုရားသခင်ကို ၎င်းတို့ အလွန်တရာ ဆန့်ကျင်ကြခြင်းကြောင့် ပြစ်ဒဏ်ခတ်ခံရကြသည်။ ယင်းဥပမာများသည် လူ၏ပြစ်မှားခြင်းကို သည်းမခံသော ဘုရားသခင်၏ စိတ်သဘောထား၏ ပို၍ပင် ကြီးမားသော သက်သေဖြစ်ပြီး ရွေးချယ်ထားသောသူများအပေါ် ဘုရားသခင်၏ သည်းခံမူခြင်းနှင့် ခံနိုင်ရည်သည် အမှန်ပင် တည်ရှိကြောင်းကို အပြည့်အဝ အတည်ပြုခြင်း ဖြစ်သည်။ ဤဖြစ်ရိုးဖြစ်စဉ် ဥပမာများတွင် ဤလူများထဲ၌ ဘုရားသခင်၏ စိတ်သဘောထား တစ်စိတ်တစ်ဒေသကို ထုတ်ဖော်ပြသခြင်းမှာ ဘုရားသခင်၏ ယေဘုယျ စီမံခန့်ခွဲမှု အစီအစဉ်ကို ထိခိုက်စေခြင်း မရှိသည်မှာ အမှန်ပင်ဖြစ်သည်။ အမှန်အားဖြင့် ဤနောက်ဆုံးသော အဆင့်ဖြစ်သည့် ဘုရားသခင်၏အမှုတော်တွင် ဘုရားသခင်သည် သူစောင့်ဆိုင်းနေခဲ့သော ကာလတစ်လျှောက်လုံး သည်းခံမူခဲ့ပြီး သူ့နောက် လိုက်သောသူများအား ကယ်တင်ခြင်းကို သူ၏ သည်းခံနိုင်ရည်နှင့် သူ၏ အသက်ဖြင့် သူအလဲအလှယ်ပြုခဲ့ခြင်း ဖြစ်သည်။ ဤအရာကို သင်တို့ မြင်သလော။ ဘုရားသခင်သည် သူ၏ အစီအစဉ်ကို အကြောင်းရင်း မရှိဘဲ ကမောက်ကမ ဖြစ်စေမည် မဟုတ်ပေ။ သူသည် သူ၏အမျက်ကို ထုတ်လွှတ်နိုင်ပြီး သူသည် သနားခြင်းကရုဏာဖြင့်လည်း ပြည့်စုံနိုင်ပေသည်၊ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထား၏ အဓိက အပိုင်းနှစ်ပိုင်းကို ထုတ်ဖော်ပြသခြင်းပင်ဖြစ်သည်။ ဤအရာ သို့မဟုတ် ၎င်းမှာ အလွန် မရှင်းလင်းသလော။ အခြားနည်းဖြင့်ဆိုသော် ဘုရားသခင်နှင့် ပတ်သက်လာပါက အမှန် အမှား၊ တရားမျှတခြင်းနှင့် မတရားခြင်း၊ အကောင်းနှင့် အဆိုးစသဖြင့် အားလုံးကို လူတို့အား ရှင်းရှင်းလင်းလင်း ပြခဲ့ပြီး ဖြစ်သည်။ မည်သည့် အမှုကို သူပြုမည်၊ မည်သည့်အရာကို သူကြိုက်သည်၊ မုန်းသည်စသဖြင့် ဤအရာ အားလုံးသည် သူ၏စိတ်သဘောထားထဲတွင် တိုက်ရိုက် ထင်ဟပ်နိုင်ပါသည်။ ယင်းအရာများကို ဘုရားသခင်၏ အမှုတော်ထဲတွင်လည်း သိသာထင်ရှားစွာနှင့် ရှင်းလင်းစွာ မြင်တွေ့နိုင်ပြီး ၎င်းတို့မှာ မရေရာခြင်း သို့မဟုတ် ယေဘုယျဖြစ်ခြင်း မရှိသည့်အပြင် ၎င်းတို့သည် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းကို လူအပေါင်းတို့အား တိတိကျကျ၊ မှန်မှန်ကန်ကန်နှင့် လက်တွေ့ကျကျ ရှုမြင်စေပါသည်။ ဤသည်မှာ စစ်မှန်သော ဘုရားသခင် ကိုယ်တော်တိုင်ပင် ဖြစ်သည်။
ဘုရားသခင်၏ စိတ်သဘောထားကို လူတို့အား မမြင်စေရန် မည်သည့်အခါကမျှ ဖုံးကွယ်ခဲ့ခြင်း မရှိ၊ လူတို့၏ စိတ်နှလုံးသည် ဘုရားသခင်ထံမှ လမ်းလွဲခဲ့လေပြီ
အကယ်၍ ဤအရာများအကြောင်းကို ငါမိတ်သဟာယဖွဲ့ခြင်း မရှိခဲ့ပါက သင်တို့ တစ်ဦးတစ်ယောက်မျှ သမ္မာကျမ်းစာပါ ဖြစ်ရပ်များထဲမှ ဘုရားသခင်၏ စစ်မှန်သော စိတ်သဘောထားကို ရှုမြင်နိုင်ကြလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ အဖြစ်မှန်ပင် ဖြစ်သည်။ ၎င်းမှာ အဘယ်ကြောင့်ဆိုသော် သမ္မာကျမ်းစာလာ ဤဖြစ်ရပ်များသည် ဘုရားသခင်ပြုခဲ့သော အမှုအရာ အချို့တို့ကို မှတ်တမ်းတင်ခဲ့သော်လည်း၊ ဘုရားသခင်သည် နှုတ်ကပတ်တော် အနည်းငယ်ကို မိန့်ခဲ့ခြင်းဖြစ်ပြီး သူ၏ စိတ်သဘောထားကို တိုက်ရိုက် မိတ်ဆက်ပေးခြင်း သို့မဟုတ် လူအား သူ၏အလိုကို ပွင့်လင်းစွာ ထုတ်ပြခြင်း မရှိခဲ့သောကြောင့်ဖြစ်သည်။ နောက်မျိုးဆက်များသည် ဤမှတ်တမ်းများကို ပုံပြင်များထက် ပို၍ သဘောမထားကြသဖြင့် ဘုရားသခင်သည် လူမမြင်စေရန် သူ့ကိုယ်သူ ပုန်းကွယ်သည်ဟု ထင်ရသည်၊ လူမမြင်စေရန် ပုန်းကွယ်သည်မှာ ဘုရားသခင်၏ ပုဂ္ဂိုလ် မဟုတ်ဘဲ သူ၏ စိတ်သဘောထားနှင့် အလိုဖြစ်သည်။ ယနေ့ ငါနှင့် မိတ်သဟာယဖွဲ့ပြီးနောက် ဘုရားသခင်သည် လူမမြင်စေရန် လုံးလုံးလျားလျား ပုန်းကွယ်နေသည်ဟု သင်တို့ ဆက်၍ ခံစားကြရသလော။ ဘုရားသခင်၏ စိတ်သဘောထားကို လူမမြင်စေရန် ဖုံးကွယ်ထားသည်ဟု သင်တို့ ဆက်၍ ယုံကြည်ကြသလော။
ဘုရားသခင်၏ စိတ်သဘောထားသည် ဖန်ဆင်းသည့် အချိန်ကတည်းက သူ၏အမှုနှင့် တစ်ထပ်တည်း ရှိနေခဲ့သည်။ ၎င်းကို လူမမြင်စေရန် မည်သည့်အခါမျှ ဖုံးကွယ်ထားခြင်းမရှိဘဲ လူသိရှင်ကြား အပြည့်အဝ ကြေငြာခဲ့ပြီး လူကို ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း အချိန်ကုန်လွန်လာသည်နှင့်အမျှ လူ၏စိတ်နှလုံးသည် ဘုရားသခင်ထံမှ ပို၍ဝေးကွာလာပြီး လူ၏ ဖောက်ပြန်ပျက်စီးခြင်းသည် ပို၍ နက်ရှိုင်းလာသဖြင့် လူနှင့် ဘုရားသခင်သည် ပို၍ ပို၍ အလှမ်းဝေးလာခဲ့သည်။ လူသည် ဘုရားသခင်၏ မျက်စိအောက်မှ တဖြည်းဖြည်းချင်း ဖြစ်သော်လည်း ဧကန် ပျောက်ကွယ်ခဲ့လေသည်။ လူသည် ဘုရားသခင်ကို “မြင်” နိုင်စွမ်းမရှိ ဖြစ်လာကာ ယင်းက ဘုရားသခင်ထံမှ “သတင်း” တစ်စုံတစ်ရာမျှ မရသည့်အဖြစ်သို့ ရောက်စေခဲ့သည်၊ ထို့ကြောင့် သူသည် ဘုရားသခင် ရှိမရှိ မသိဘဲ ဘုရားသခင်၏ တည်ရှိခြင်းကို လုံးလုံးလျားလျား ငြင်းပယ်သည့်တိုင်အောင် တစ်ဖက်စွန်းရောက်သည်အထိ ဖြစ်လေသည်။ အကျိုးဆက်အနေဖြင့် လူသည် ဘုရားသခင်၏ စိတ်သဘောနှင့် သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းကို နားမလည်ခြင်းမှာ ဘုရားသခင်သည် လူမမြင်စေရန် ပုန်းကွယ်နေခြင်းကြောင့် မဟုတ်ဘဲ သူ၏ စိတ်နှလုံးမှာ ဘုရားသခင်ကို ကျောခိုင်းသွားခဲ့ခြင်းကြောင့် ဖြစ်သည်။ လူသည် ဘုရားသခင်ကို ယုံကြည်သော်လည်း လူ၏ စိတ်နှလုံး၌ ဘုရားသခင် မရှိပေ၊ ထို့အပြင် သူသည် ဘုရားသခင်ကို အဘယ်သို့ ချစ်ရမည်ကို မသိနားမလည်သည့်အပြင် ဘုရားသခင်ကို မချစ်လိုပေ၊ အဘယ်ကြောင့်ဆိုသော် သူ၏ စိတ်နှလုံးသည် ဘုရားသခင်ထံပါးသို့ ဆွဲခေါ်ခြင်း မရှိသည့်အပြင် သူသည် ဘုရားသခင်ကို အမြဲ ရှောင်တိမ်းခြင်းကြောင့် ဖြစ်သည်။ ရလဒ်အနေဖြင့် လူ၏စိတ်နှလုံးသည် ဘုရားသခင်ထံမှ ဝေးကွာလေ၏။ ထိုသို့ဆိုသော် သူ၏ စိတ်နှလုံးသည် မည်သည့်နေရာ၌ ရှိသနည်း။ အကယ်စင်စစ် လူ၏စိတ်နှလုံးမှာ မည်သည့်နေရာကိုမျှ ရောက်သွားခြင်း မရှိပါ၊ ၎င်းကို ဘုရားသခင်အား ပေးမည့်အစား သို့မဟုတ် ဘုရားသခင် မြင်စေရန် ၎င်းကို ထုတ်ဖော်ရမည့်အစား သူသည် ၎င်းကို သူကိုယ်တိုင်အတွက် သိမ်းထားခဲ့ခြင်း ဖြစ်သည်။ အချို့တို့က “အို ဘုရားသခင်၊ ကျွန်ုပ်၏ စိတ်နှလုံးကို ကြည့်တော်မူပါ၊ ကျွန်ုပ်တွေးသော အရာမှန်သမျှကို ကိုယ်တော် သိပါ၏၊” ဟု မကြာခဏ ဆုတောင်းကာ ဆိုတတ်ကြပြီး အချို့တို့ကမူ အကယ်၍ ၎င်းတို့၏ ကျမ်းသစ္စာကို ၎င်းတို့ ချိုးဖောက်မိပါက အပြစ်ဒဏ်ခတ်ခြင်းကို ခံရကောင်း ခံရရန် ၎င်းတို့အပေါ် ဘုရားသခင် ကြည့်စေရန် ကျိန်ဆိုခြင်းကိုပင် ပြုကြသည်။ လူသည် ဘုရားသခင်ကို သူ၏ စိတ်နှလုံးအတွင်းသို့ ကြည့်ရန် အခွင့်ပေးသော်လည်း ဤအရာမှာ သူသည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို နာခံနိုင်စွမ်း ရှိကြောင်း ဆိုလိုခြင်း မဟုတ်သည့်အပြင် သူသည် သူ၏ ကံကြမ္မာနှင့် တက်လမ်းများနှင့် သူ၏ ဖြစ်တည်သမျှကို ဘုရားသခင်၏ ထိန်းချုပ်မှုအောက်၌ ထားရှိခဲ့ပြီဟု ဆိုလိုခြင်းလည်း မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်ထံ သင်မည်သည့် ကျမ်းသစ္စာများကို ပြုသည်ဖြစ်စေ သို့မဟုတ် သူ့ထံ မည်သည့်အရာကို ကြွေးကြော်သည်ဖြစ်စေ ဘုရားသခင်၏ အမြင်တွင် သင်၏စိတ်နှလုံးသည် သူနှင့် နီးကပ်လျက်ရှိသေးသည်၊ အဘယ်ကြောင့်ဆိုသော် သင်သည် သင်၏ စိတ်နှလုံးကို ဘုရားသခင်အား ကြည့်ရန်သာ ခွင့်ပြုသော်လည်း ၎င်းကို ထိန်းချုပ်ရန်အတွက် သူ့အား အခွင့်မပေးခြင်းကြောင့် ဖြစ်သည်။ တစ်နည်းဆိုသော် သင်သည် သင်၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ခြင်း လုံးဝမရှိသေးသည့်အပြင် ဘုရားသခင် နားထောင်ရန် ကြားကောင်းသော စကားများကိုသာ ပြောလျက်နေသည်၊ သင်၏ လှည့်စားတတ်သော ရည်ရွယ်ချက် အမျိုးမျိုး၊ သင်၏ တိတ်တိတ်ပုန်းအကြံများ၊ လျှို့ဝှက်ကြံစည်ခြင်းနှင့် အစီအစဉ်များနှင့်တကွ ဘုရားသခင် မမြင်စေရန် သင်ပုန်းကွယ်နေစဉ်၊ သင်သည် သင်၏ တက်လမ်းများနှင့် သင်၏ လက်ထဲ၌ ဆုပ်ကိုင်ထား၍ ၎င်းတို့အား ဘုရားသခင် နုတ်ယူသွားမည်ကို အလွန့်အလွန် စိုးရိမ်လျက်ရှိသည်။ ထို့ကြောင့် ဘုရားသခင်သည် သူ့အား လူ၏ ရိုးသားမှုကို မည်သည့်အခါမျှ မမြင်ခြင်း ဖြစ်သည်။ ဘုရားသခင်သည် လူ၏ စိတ်နှလုံး၏ အတိမ်အနက်ကို ဧကန်အမှန် စောင့်ကြည့်ပြီး လူစဉ်းစားနေသော အရာများနှင့် သူ၏စိတ်နှလုံးထဲ၌ ပြုလိုသော အရာများကို မြင်၍ သူ၏ စိတ်နှလုံးအတွင်း မည်သည့် အရာများကို ဝှက်ထားကြောင်းကို မြင်သော်လည်း၊ လူ၏ စိတ်နှလုံးကို ဘုရားသခင် မပိုင်ဆိုင်ပေ၊ သူသည် ၎င်းကို ဘုရားသခင်၏ ထိန်းချုပ်မှုသို့ မပေးအပ်ရသေးချေ။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်သည် စောင့်ကြည့်ရန် အခွင့်အရေး ရှိသော်လည်း သူ၌ ထိန်းချုပ်ရန် အခွင့်အရေး မရှိပါ။ လူ၏ ဓမ္မဓိဌာန်ကျသော အသိဉာဏ်ထဲတွင် လူသည် သူ့ကိုယ်သူ ဘုရားသခင်၏ သနားခြင်းကရုဏာကို ခံလိုခြင်း သို့မဟုတ် ခံရန် ရည်ရွယ်ခြင်း မရှိပေ။ လူသည် ဘုရားသခင်ထံ မိမိကိုယ်ကို ကင်းကွာစေခဲ့သည် သာမက မှားယွင်းသော သဘောထားကို ဖန်တီးရန်နှင့် ဘုရားသခင်၏ ယုံကြည်မှုကို ရရန် ပြေပြစ်သော စကားနှင့် မြှောက်လုံးပင့်လုံးကို အသုံးပြုကာ မိမိတို့၏ စိတ်နှလုံးများကို ပတ်စည်းထားရန် နည်းလမ်းများကို စဉ်းစားသော လူများပင် ရှိကြပြီး ၎င်းတို့၏ သရုပ်အမှန်ကို ဘုရားသခင် မမြင်စေရန် ဖုံးကွယ်ထားလျက်ရှိကြသည်။ ဘုရားသခင် မမြင်စေရန် အခွင့်မပေးရာ၌ ၎င်းတို့၏ ရည်မှန်းချက်မှာ ၎င်းတို့သည် အမှန်အားဖြင့် မည်ကဲ့သို့ ဖြစ်ကြကြောင်းကို ဘုရားသခင် သတိမူမိခြင်း မရှိစေရန် အခွင့်မပေးခြင်းပင် ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးများကို ဘုရားသခင်အား မပေးလိုကြဘဲ ၎င်းတို့ကိုယ်တိုင် သိမ်းထားလိုကြသည်။ ဤအရာ၌ ဝှက်ထားသော အဓိပ္ပာယ်မှာ လူပြုသောအရာနှင့် သူအလိုရှိသော အရာအားလုံးမှာ စီစဉ်၊ တွက်ချက်ပြီး လူကိုယ်တိုင် ဆုံးဖြတ်ခဲ့ခြင်းပင် ဖြစ်သည်၊ သူသည် ဘုရားသခင် ပါဝင်ခြင်း သို့မဟုတ် ကြားဝင်ခြင်းကို မလိုအပ်ပေ၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များဆိုပါက ပို၍ပင် မလိုအပ်ချေ။ ထို့ကြောင့် ဘုရားသခင်၏ ပညတ်များ၊ သူ၏ တာဝန်ပေးစေခိုင်းချက် သို့မဟုတ် လူအပေါ် ဘုရားသခင် သတ်မှတ်ထားသော သတ်မှတ်ချက်များနှင့် ပတ်သက်၍ဖြစ်စေ၊ လူ၏ဆုံးဖြတ်ချက်များသည် သူ၏ ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် စိတ်ဝင်စားမှုများ၊ ထိုစဉ်အချိန်က သူ၏ ကိုယ်ပိုင်အနေအထားနှင့် အခြေအနေများအပေါ် မူတည်ခြင်း ဖြစ်သည်။ လူသည် သူရင်းနှီးကျွမ်းဝင်သော အသိနှင့် ထိုးထွင်းအမြင်များ၊ သူ၏ ကိုယ်ပိုင် အသိဉာဏ်ကို အမြဲတစေ အသုံးပြု၍ လူလိုက်လျှောက်သင့်သော လမ်းကြောင်းကို စီရင်ရွေးချယ်ပြီး ဘုရားသခင်၏ ဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် ထိန်းချုပ်ခြင်းကို အခွင့်မပေးပါ။ ဤသည်မှာ ဘုရားသခင် မြင်သော လူ၏ စိတ်နှလုံးပင် ဖြစ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။