ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၇၈

သင့်အနေဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုပြီး နားလည်လိုလျှင်၊ သင် ရင်ဆိုင်ရသည့် အခက်အခဲများ၏ အနှစ်သာရနှင့် သင်၏ အနီးအနားတွင် ဖြစ်ပျက်သည့် အမှုအရာများ၊ ဤကိစ္စရပ်များနှင့်ပတ်သက်၍ မည်သည့် ပြဿနာများ ရှိသည် ဆိုသည့်အပြင်၊ ဤအရာများက မည်သည့် သမ္မာတရား ရှုထောင့်နှင့် ဆက်စပ်သည်ကို ဦးစွာပထမ သင် နားလည်ရမည်။ သင်သည် ဤအရာများကို ရှာဖွေရမည်ဖြစ်ပြီး၊ ထို့နောက်တွင် သင်၏ တကယ့် အခက်အခဲများပေါ် အခြေခံ၍ သမ္မာတရားကို သင် ရှာဖွေရမည်။ ထိုသို့ဖြင့်၊ သင် အတွေ့အကြုံ တဖြည်းဖြည်း ရရှိသည်နှင့်အမျှ၊ သင့်အပေါ် ဖြစ်ပျက်သည့် အရာအားလုံးတွင် ဘုရားသခင်၏ လက်တော်အပြင်၊ သူ လုပ်ဆောင်လိုသည့်အရာနှင့် သင့်အထဲတွင် သူ စွမ်းဆောင်ရရှိရန် ဆန္ဒရှိသည့် ရလဒ်များကို သင် မြင်နိုင်လိမ့်မည်။ သင့်ကို ဖြစ်ပျက်သည့် မည်သည့်အရာမဆို ဘုရားသခင်ကို ယုံကြည်မှုနှင့် သမ္မာတရားတို့နှင့် ဆက်နွှယ်သည်ဟု သင် မည်သည့်အခါတွင်မျှ ခံစားကောင်း ခံစားရမည် မဟုတ်သကဲ့သို့၊ သင်က မိမိကိုယ်ကိုယ်၊ “ဤအရာကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့်သက်ဆိုင်၍ ငါ၏ ကိုယ်ပိုင်နည်းလမ်း ရှိသည်။ သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ငါ မလိုအပ်ပါ။ အစည်းအဝေးများကို ငါ တက်ရောက်သည့်အခါ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ငါ ဖတ်ရှုသည့်အခါ သို့မဟုတ် ငါ၏ တာဝန်ကို ထမ်းဆောင်သည့်အခါ၊ ငါသည် မိမိကိုယ်ကိုယ် သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ဆန်းစစ်မည်” ဟုသာ ဆိုသည်။ သင်၏ အသက်တာတွင် ဖြစ်ပျက်သည့် နေ့စဉ်အမှုအရာများ- မိသားစု၊ အလုပ်၊ အိမ်ထောင်ရေးနှင့် သင်၏ အနာဂတ်တို့နှင့် ပတ်သက်သည့် အရာများ- ဤအမျိုးမျိုးသော အရာများကို သမ္မာတရားနှင့် ပတ်သက်ခြင်း ဘာမျှမရှိဟု သင် ခံစားရပြီး၊ လူ့နည်းစနစ်များကို အသုံးပြုရင်း ယင်းတို့ကို သင် ဖြေရှင်းပါက၊ ဤသည်မှာ သင် တွေ့ကြုံသည့် နည်းလမ်း ဖြစ်ပါက၊ သမ္မာတရားကို မည်သည့်အခါတွင်မျှ သင် ရရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်က သင့်အထဲတွင် မည်သည့်အရာကို အကယ်ပင် လုပ်ဆောင်ရန် ဆန္ဒရှိသည်၊ သို့မဟုတ် သူ စွမ်းဆောင်ရရှိရန် ဆန္ဒရှိသည့် ရလဒ်များကို သင် မည်သည့်အခါတွင်မျှ နားလည်လိမ့်မည်မဟုတ်။ သမ္မာတရားကို လိုက်စားခြင်းသည် ရှည်ကြာသော ဖြစ်စဉ်တစ်ခု ဖြစ်သည်။ ယင်းနှင့် ပတ်သက်၍ ရိုးရှင်းသည့်ဘက်ရှိသလို ရှုပ်ထွေးသည့် ဘက်လည်း ရှိသည်။ ရိုးရှင်းစွာ ပြောရလျှင်၊ ကျွန်ုပ်တို့ အနီးအနားတွင် ဖြစ်ပျက်သည့် အရာအားလုံး၌ သမ္မာတရားကို ကျွန်ုပ်တို့ ရှာဖွေသင့်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ကာ တွေ့ကြုံသင့်သည်။ ဤအရာကို စတင်လုပ်ဆောင်သည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်ကို သင်၏ ယုံကြည်မှုတွင် သမ္မာတရား မည်မျှ သင် ရရှိပြီး လိုက်စားသင့်သည်ဆိုသည်နှင့် သမ္မာတရားက အလွန် စစ်မှန်ကာ သမ္မာတရားက အသက်ဖြစ်သည်ကို သာ၍ သာ၍ သင် မြင်လိမ့်မည်။ ဘုရားသခင်ကို အစေခံသူများနှင့် အသင်းတော် ခေါင်းဆောင်များသာ သမ္မာတရားအတိုင်း အရာရာကို လုပ်ဆောင်ဖို့ လိုအပ်သော်လည်း၊ သာမန် နောက်လိုက်များသည် မလိုအပ်ဟူသည်မှာ မမှန်ပေ။ ထိုသို့ ဖြစ်ခဲ့မည်ဆိုပါက၊ ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များတွင် ကြီးမားသည့် အရေးပါမှု ရှိမည်မဟုတ်ပေ။ ယခု သင်တို့သည် သမ္မာတရားကို လိုက်စားဖို့ လမ်းကြောင်းတစ်ခု ရှိကြသလော။ သမ္မာတရားကို လိုက်စားနေချိန်တွင် ပထမဦးစွာ ဖြေရှင်းရမည့်အရာမှာ မည်သည့်အရာဖြစ်သနည်း။ အခြားအရာအားလုံးမတိုင်မီ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရင်းနှင့် မိတ်သဟာယများကို နားထောင်ရင်း သာ၍ အချိန် ကုန်ဆုံးရမည်။ ပြဿနာတစ်ခုကို သင် ကြုံရသည့်အခါ၊ သာ၍ ဆုတောင်းကာ ရှာဖွေလော့။ သာ၍ များသော သမ္မာတရားများဖြင့် သင်သည် မိမိကိုယ်ကိုယ် ပြင်ဆင်ပြီး အသက်ဝင်ရောက်မှုကို စွမ်းဆောင်ရရှိပြီးဖြစ်ကာ ဝိညာဉ်ရင့်ကျက်မှုကို ပိုင်ဆိုင်သည့်အခါ၊ သင်သည် စစ်မှန်သော အရာတစ်ခုကို လုပ်ဆောင်နိုင်လိမ့်မည်၊ အလုပ်အနည်းငယ်ကို ဆောင်ရွက်နိုင်လိမ့်မည်ဖြစ်ပြီး ထိုသို့ဖြင့် စမ်းသပ်မှုအချို့နှင့် စုံစမ်းစစ်ဆေးခြင်းတို့ကို ဖြတ်သန်းနိုင်လိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင်၊ သင်သည် သမ္မာတရားအချို့ကို အမှန်တကယ် နားလည်ပြီးဖြစ်ကာ ရရှိပြီးဖြစ်သည်ဟု ခံစားရလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင် ပြောဆိုသည့် နှုတ်ကပတ်တော်များသည် လူတို့ လိုအပ်သည့်အရာအပြင်၊ ၎င်းတို့ ရရှိသင့်သည့်အရာဖြစ်ပြီး ဤသည်မှာ လူတို့ကို အသက်ပေးနိုင်သည့် လောကထဲက တစ်ခုတည်းသော သမ္မာတရား ဖြစ်သည်ဟု ခံစားရလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားကို အားထုတ်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်းလမ်းကြောင်း၏ အရေးပါပုံ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် | ကောက်နုတ်ချက် ၆၃

နိုင်ငံတော်ထဲတွင် ဖန်ဆင်းခြင်း၏ အသင်္ချေများလှသော အရာများသည် စတင်နှိုးထလာကြပြီး ၎င်းတို့၏ အသက်စွမ်းအားကို ပြန်လည်တစ်ဖန် ရရှိကြသည်။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၃၉

ယေဟောဝါ ဘုရားသခင်နှင့် စာတန်အကြားမှ အပြန်အလှန် ပြောစကား (လက်ရွေးစင် ကျမ်းပိုဒ်များ) ယောဘ ၁:၆-၁၁ ယခုတွင် ဘုရားသခင်၏ သားတို့သည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၆၀၆

ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့ကို လက်တွေ့ လုပ်ဆောင်ရန် လိုလားသူများ ဖြစ်သည်။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၆၆

ကျေးဇူးတော်ခေတ်တွင်၊ ယောဟန်သည် ယေရှုအတွက် လမ်းခင်းပေးခဲ့သည်။ သူသည် ဘုရားသခင် ကိုယ်တော်တိုင်၏ အလုပ်ကို မလုပ်နိုင်ခဲ့ဘဲ လူသား၏ တာဝန်ကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။