ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၆၀၆

03.10.2020

ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့ကို လက်တွေ့ လုပ်ဆောင်ရန် လိုလားသူများ ဖြစ်သည်။ ဘုရားသခင်အပေါ် ၎င်းတို့၏သက်သေခံချက်တွင် ဧကန်အမှန် ရပ်တည်နိုင်သော သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် လိုလားသောသူများလည်း ဖြစ်ပြီး သမ္မာတရားဘက်၌ အမှန်တကယ် ရပ်တည်နိုင်သောသူများ ဖြစ်သည်။ လိမ်လည်လှည့်စားမှုနှင့် မတရားမှုတို့ကို ကျင့်သုံးသော သူများအားလုံးသည် သမ္မာတရား မရှိသောသူများဖြစ်ပြီး၊ သူတို့အားလုံးသည် ဘုရားသခင်ကို အရှက်ရစေကြ၏။ အသင်းတော်တွင် အငြင်းအခုံ ဖြစ်စေသော သူများသည် စာတန်၏ အစေအပါးများဖြစ်ကြပြီး၊ စာတန်၏ပြယုဂ် ဖြစ်သည်။ ထိုကဲ့သို့သော လူတို့သည် အင်မတန် မလိုမုန်းထားတတ်ကြလေသည်။ ပိုင်းခြားသိမြင်မှု မရှိသူများနှင့် သမ္မာတရားဘက်၌ ရပ်တည်ဖို့ရန် မတတ်စွမ်းနိုင်သော သူများအားလုံးသည် ဆိုးယုတ်သော ရည်ရွယ်ချက်များကို သိုထားကြပြီး သမ္မာတရားကို ညှိုးနွမ်းစေသည်။ ထို့ထက်ပို၍ ၎င်းတို့သည် စာတန်ကို သမားရိုးကျ ကိုယ်စားပြုသော သူများဖြစ်သည်။ ၎င်းတို့သည် ရွေးနုတ်၍ မရနိုင်တော့လောက်အောင်ဖြစ်ပြီး၊ အလိုအလျောက် သုတ်သင်ဖယ်ရှင်း ခံရပေလိမ့်မည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို ဘုရားသခင်၏မိသားစုက ဆက်ရှိနေဖို့ ခွင့်မပြုသကဲ့သို့၊ အသင်းတော်ကို ရည်ရွယ်ချက်ရှိရှိ ဖြိုခွဲသူများကိုလည်း ရှိနေခွင့်မပြုပေ။ သို့သော် ယခုအချိန်သည် နှင်ထုတ်ခြင်းအမှုပြုရန် အချိန်မဟုတ်။ ထိုကဲ့သို့သော သူတို့သည် နောက်ဆုံးတွင် ဖော်ထုတ်ခံရမည်ဖြစ်ပြီး သုတ်သင်ဖယ်ရှင်း ခံရမည်သာ ဖြစ်သည်။ အသုံးမဝင်သော မည်သည့်အလုပ်ကိုမျှ ဤလူတို့အပေါ်၌ လုပ်တော့မည်မဟုတ်။ စာတန်နှင့် သက်ဆိုင်သောသူများသည် သမ္မာတရားဘက်တွင် မရပ်တည်နိုင်သော်လည်း၊ သမ္မာတရားကို ရှာသောသူများကမူ သမ္မာတရားဘက်တွင် ရပ်တည်နိုင်ကြသည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သော သူများသည် သမ္မာတရားလမ်းကို ကြားရဖို့ရန် မထိုက်တန်၊ သမ္မာတရားကို သက်သေခံဖို့ရန်လည်း မထိုက်တန်ပေ။ သမ္မာတရားသည် သူတို့ ကြားဖို့ လုံးဝမဟုတ်ချေ။ ယင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သော သူများအတွက် ရည်ရွယ်ထားခြင်း ဖြစ်လေသည်။ လူတိုင်း၏နိဂုံးကို ဖွင့်မပြမီ၊ အသင်းတော်ကို နှောင့်ယှက်သောသူများနှင့် အမှုတော်ကို အဆက်ပြတ်စေသောသူများသည် နောက်မှ ကိုင်တွယ်ဖြေရှင်းဖို့ရန် ယခု ပထမဦးစွာ ဘေးဖယ်ခံရမည်ဖြစ်သည်။ အမှုတော် ပြီးဆုံးသွားသည်နှင့် ဤလူများသည် အသီးသီး ဖော်ထုတ်ခံရမည်၊ ထို့နောက် ၎င်းတို့ သုတ်သင်ဖယ်ရှင်း ခံရပေလိမ့်မည်။ လောလောဆယ်တွင် သမ္မာတရားကို ထောက်ပံ့ပေးစဉ်အတွင်း ၎င်းတို့ လျစ်လျူရှုခံရလိမ့်မည်။ လူသားမျိုးနွယ်အား သမ္မာတရား တစ်ခုလုံးကို ဖွင့်ပြသောအခါ ထိုလူများသည် ဖယ်ရှားခံရမည်ဖြစ်သည်။ ထိုအချိန်သည် လူအားလုံးကို မိမိတို့၏ အမျိုးအစားအလိုက် အတန်းအစားသတ်မှတ်မည့် အချိန်လည်းဖြစ်သည်။ ပိုင်းခြားသိမြင်မှုမရှိသောသူများ၏ သေးနုပ်သည့် လှည့်စားမှုများသည် ဆိုးယုတ်သူများ၏ လက်၌ ၎င်းတို့ပျက်စီးခြင်းဆီသို့ ဆိုက်ရောက်စေလိမ့်မည်၊ သူတို့သည် မကောင်းသောလူများအားဖြင့် အဝေးသို့ သွေးဆောင် ခံရလိမ့်မည်ဖြစ်ပြီး ဘယ်သောအခါမျှ ပြန်လာနိုင်မည် မဟုတ်ချေ။ ၎င်းတို့သည် သမ္မာတရားကို မချစ်သောကြောင့်၊ သမ္မာတရားဘက်က ရပ်တည်နိုင်စွမ်း မရှိသောကြောင့်၊ မကောင်းသောလူများနောက် လိုက်လျှောက်ပြီး၊ မကောင်းသည့်လူများဘက်က ရပ်တည်သောကြောင့်၊ မကောင်းသောလူများနှင့် ပူးပေါင်းကြံစည်ပြီး ဘုရားသခင်ကို အာခံသောကြောင့် ထိုသို့သော ဆက်ဆံခြင်းသည် ၎င်းတို့ ထိုက်တန်သောအရာ ဖြစ်သည်။ ထိုမကောင်းသောလူများသည် မကောင်းမှုကိုပင် ရောင်ပြန်ဟပ်သည်ကို သူတို့သည် ကောင်းစွာ သိသော်လည်း၊ သူတို့နောက် လိုက်ဖို့ မိမိတို့၏နှလုံးသားများကို မာကျောစေကြပြီး သမ္မာတရားကို ကျောခိုင်း ကြလေသည်။ သမ္မာတရားကို လက်တွေ့ မလုပ်ဆောင်ဘဲ ဖျက်ဆီးတတ်ပြီး စက်ဆုပ်ဖွယ်အရာများကိုလုပ်သော ဤသူများအားလုံးသည် မကောင်းမှု ကျူးလွန်နေကြသည် မဟုတ်လော။ ထိုလူများအကြား၌ မိမိတို့ကိုယ်မိမိ ဘုရင်များအဖြစ် ပုံဖမ်းကြသော သူများနှင့် ၎င်းတို့နောက်သို့ တကောက်ကောက်လိုက်သော အခြားသူများ ရှိကြသော်လည်း၊ ထိုသူတို့၏ ဘုရားသခင်ကို အာခံသော သဘာဝဗီဇများသည် အားလုံးအတူတူပင် မဟုတ်လော။ ဘုရားသခင်သည် သူတို့ကို မကယ်တင်ဟု အခိုင်အမာပြောရန် သူတို့၌ မည်သည့် အကြောင်းပြချက်ရှိနိုင်သနည်း။ ဘုရားသခင်က မဖြောင့်မတ်ဟု အခိုင်အမာပြောရန် သူတို့၌ မည်သည့် အကြောင်းပြချက်ရှိနိုင်သနည်း။ သူတို့ကို ဖျက်ဆီးနေသည်မှာ သူတို့ကိုယ်တိုင်၏ မကောင်းမှုပင် မဟုတ်လော။ သူတို့ကို ငရဲဆီ ဆွဲခေါ်နေသည်မှာ သူတို့ကိုယ်တိုင်၏ ပုန်ကန်မှုပင် မဟုတ်လော။ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်သောသူများသည် အဆုံးတွင် သမ္မာတရားကြောင့် ကယ်တင်ခံရမည်ဖြစ်ပြီး စုံလင်အောင် ပြုခြင်း ခံရမည်ဖြစ်သည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများသည် အဆုံးတွင် သမ္မာတရားကြောင့် မိမိတို့ကိုယ်ကိုယ် ပျက်စီးစေကြလိမ့်မည်။ ဤသည်တို့မှာ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်သောသူများနှင့် လက်တွေ့ မလုပ်ဆောင်သောသူတို့ကို စောင့်နေသော နိဂုံးတို့ပင်ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ရန် အစီအစဉ် မရှိသောသူများသည် အပြစ်များ နောက်ထပ်ကျုးလွန်ခြင်းကို ရှောင်ဖို့ရန် အသင်းတော်မှ တတ်နိုင်သမျှ အမြန်ဆုံး ထွက်သွားဖို့ ငါအကြံပေးသည်။ အချိန်တန်သောအခါ နောင်တရရန် အလွန်နောက်ကျသွားမည်ဖြစ်သည်။ အထူးသဖြင့် အုပ်စုဖွဲ့သောသူများ၊ ကွဲပြားမှုများဖြစ်အောင် ဖန်တီးသူများနှင့် အသင်းတော်အတွင်းရှိ ယုတ်မာသော ထိုနယ်ခံဗိုလ်ကျသူများသည် သာ၍ပင်စောစီးစွာ ထွက်သွားရမည်။ ဆိုးယုတ်သော ဝံပုလွေ၏ သဘာဝဗီဇရှိသည့် ဤလူများသည် ပြောင်းလဲရန် မတတ်စွမ်းနိုင်ကြ။ ညီအစ်ကိုမောင်နှမများ၏ လျော်ကန်သော အသက်တာကို နောက်ထပ် အနှောင့်အယှက် လုံးဝ မပေးတော့ရန် သူတို့သည် အသင်းတော်က တတ်နိုင်သမျှ အစောဆုံး ထွက်သွားသည်မှာ ပိုကောင်းသည်၊ ဤသို့ဖြင့် ဘုရားသခင်၏ အပြစ်ဒဏ်ပေးမှုကို ရှောင်ရန်ဖြစ်သည်။ သူတို့နှင့် စိတ်တူသဘောတူရှိခဲ့သော သင်တို့ထဲမှ သူများသည်လည်း မိမိတို့ကိုယ်မိမိတို့ ပြန်သုံးသပ်ဖို့ရန် ယခုအခွင့်အရေးကို အသုံးချလျှင် ကောင်းမည်ဖြစ်သည်။ သင်တို့သည် ဆိုးယုတ်သောသူများနှင့်အတူ အသင်းတော်မှ ထွက်ခွာမည်လော၊ အသင်းတော်၌ ဆက်ရှိနေပြီး နာခံလျက်နောက်လိုက်မည်လော။ သင်တို့သည် ဤကိစ္စကို သေချာစွာ စဉ်းစားတွေးတောရမည်။ ငါသည် သင်တို့ကို ရွေးချယ်စရာ ဤနောက်ထပ် အခွင့်အရေးတစ်ခု ပေးပြီး၊ သင်တို့၏အဖြေကို ငါစောင့်နေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။