ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၈၇

အသင်းတော်၏ ခေါင်းဆောင်များနှင့် အမှုထမ်းများသည် သူတို့၏ အလုပ်၌ အရာနှစ်ခုကို အာရုံစိုက်ရမည်- တစ်ခုမှာ ထိုအလုပ်၏ လုပ်ထုံးလုပ်နည်းများမှ သတ်မှတ်ထားသည့် အခြေခံသဘောတရားများနှင့် အညီ သူတို့၏ အလုပ်ကို အတိအကျ လုပ်ဆောင်ရန်ဖြစ်ပြီး ထိုအခြေခံသဘောတရားများကို မည်သည့်အခါမျှ မချိုးဖောက်ဘဲ၊ သူတို့ စိတ်ကူးနိုင်လောက်သည့် အရာ သို့မဟုတ် သူတို့၏ ကိုယ်ပိုင် မည်သည့် စိတ်ကူးများအပေါ်မျှ သူတို့၏အလုပ်ကို အခြေမခံဘဲ လုပ်ဆောင်ရန်ဖြစ်သည်။ သူတို့ လုပ်ဆောင်သမျှတိုင်းတွင် သူတို့သည် ဘုရားအိမ်တော်၏ အမှုတော်အပေါ် အလေးထားခြင်းကို ပြသင့်ပြီး၊ ယင်း၏အကျိုးကို အမြဲ ရှေ့တန်းတင်သင့်သည်။ နောက်ထပ် အချက်မှာ- ပြီးလျှင် ဤအရာသည် အရေးအပါဆုံးဖြစ်သည်- အရာခပ်သိမ်းတွင် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုအား လိုက်လျှောက်ခြင်းကို သူတို့ အာရုံစိုက်ရမည် ဖြစ်ကာ၊ အရာရာတိုင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တိကျစွာ လိုက်နာခြင်းအားဖြင့် လုပ်ဆောင်ရမည် ဖြစ်သည်။ အကယ်၍ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို ဆန့်ကျင်နိုင်စွမ်း ရှိသေးသည်ဆိုပါက၊ သို့မဟုတ် သင်သည် သင့်ကိုယ်ပိုင်ထင်မြင်ချက်များကို ဇွတ်တရွတ်လိုက်လျှောက်ကာ အမှုများကို သင့်ကိုယ်ပိုင် စိတ်ကူးစိတ်သန်းအရ လုပ်ဆောင်သည်ဆိုပါက၊ သင်၏ လုပ်ဆောင်ချက်များသည် ဘုရားသခင်အပေါ် အပြင်းထန်ဆုံးသော ဆန့်ကျင်မှုတစ်ခုကို ဖြစ်စေလိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြခြင်းကို မကြာခဏ သင်လျစ်လျူရှုနေခြင်းက လမ်းဆုံးတစ်ခုသို့သာ ခေါ်ဆောင်သွားလိမ့်မည်။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဆုံးရှုံးလျှင်၊ သင်အလုပ်လုပ်နိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ တစ်နည်းနည်းဖြင့် အလုပ်လုပ်ရန် သင်ကြံဆောင်နိုင်ပါကလည်း အဘယ်အရာကိုမျှ သင်ပြီးမြောက်လိမ့်မည် မဟုတ်ပေ။ ဤသည်တို့မှာ အလုပ်လုပ်နေစဉ် လိုက်နာရမည့် အဓိက အခြေခံသဘောတရားနှစ်ခု ဖြစ်သည်- တစ်ခုမှာ အထက်မှ စီမံခန့်ခွဲမှုများအတိုင်း အတိအကျပင် သင်၏ အလုပ်ကို ထမ်းဆောင်ရန် ဖြစ်သည့်အပြင်၊ အထက်မှ ချမှတ်ထားသည့် အခြေခံ သဘောတရားများနှင့်အညီ ပြုမူရန်လည်း ဖြစ်သည်။ ပြီးလျှင် အခြားအချက်မှာ သင်၏အတွင်းရှိ သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုကို လိုက်လျှောက်ရန်ဖြစ်သည်။ ဤနှစ်ချက်ကို နားလည်သဘောပေါက်သည့်အခါ၊ သင်သည် အမှား အလွန် လုပ်တတ်လေ့ရှိမည် မဟုတ်ပေ။ ဤနယ်ပယ်၌ မိမိ၏ အတွေ့အကြုံ နည်းပါးနေသေးသည့် သင်တို့အတွက်၊ သင်တို့ကိုယ်တိုင်၏ ထင်မြင်ယူဆချက်များက သင်တို့၏ အလုပ်ကို အနည်းငယ် သာ၍ အရည်အသွေးညံ့ဖျင်းစေ၏။ တစ်ခါတစ်ရံ၊ သင်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှလာသည့် သင်တို့အတွင်းရှိ အသိဉာဏ်ပွင့်လင်းစေခြင်း သို့မဟုတ် လမ်းပြခြင်းကို နားလည်ကောင်း နားလည်နိုင်ကြမည်မဟုတ်။ အခြားအချိန်များတွင်၊ သင်တို့သည် ယင်းကို နားလည်ပုံရကြသော်လည်း၊ ယင်းကို သင်တို့ လျစ်လျူရှုနိုင်ဖွယ်ရှိသည်။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရည်ရွယ်ချက်များကို လုံးဝ အလေးမထားဘဲ၊ လျော်ကန်သည်ဟု သင် ထင်သည့်အတိုင်း ပြုမူရင်း၊ လူသားပုံစံဖြင့် အမြဲ စိတ်ကူးသည်၊ သို့မဟုတ် ကောက်ချက်ချသည်။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ မည်သည့် အသိဉာဏ်ပွင့်လင်းစေခြင်းကိုမဆို ဘေးဖယ်ထားရင်း၊ သင်ကိုယ်တိုင်၏ ထင်မြင်ယူဆချက်များအတိုင်း လုံးဝဥဿုံ သင်၏ အလုပ်ကို လုပ်သည်။ ထိုသို့သော အခြေအနေများက မကြာခဏ ဖြစ်ပွား၏။ သန့်ရှင်းသော ဝိညာဉ်တော်ထံမှ အတွင်းလမ်းပြမှုသည် လောကသဘာဝနှင့် သာမန်လူတို့ မမီနိုင်သောအရာ လုံးဝ မဟုတ်ပေ။ အမှန်တွင်၊ ယင်းသည် အလွန် ပုံမှန်ဖြစ်၏။ ဆိုလိုသည်မှာ သင့်နှလုံးသား၏ နက်ရှိုင်းသောနေရာများတွင်၊ ဤသည်မှာ ပြုမူဖို့ လျော်ကန်သည့် နည်းလမ်းတစ်ခု ဖြစ်ကာ အကောင်းဆုံး နည်းလမ်းဖြစ်သည်ကို သင် သိသည်။ ဤအတွေးသည် အကယ်စင်စစ် အတော်အတန် သိသာထင်ရှားပေသည်။ ယင်းသည် သင်၏တွေးဆမှုမှ မလာခဲ့ဘဲ၊ စိတ်ထဲမှ သင် ဖြစ်ပေါ်စေသည့် ခံစားချက်မျိုးတစ်ခု ဖြစ်ခဲ့ကာ၊ တစ်ခါတစ်ရံ သင့်ကို မည်သည့်အရာက ဤသို့ပြုမူစေသည်ကို သင် အပြည့်အဝ နားမလည်ပေ။ ဤသည်မှာ ယေဘုယျအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ အသိဉာဏ်ပွင့်လင်းစေခြင်းကလွဲ၍ အခြားမဟုတ်သကဲ့သို့၊ ဤသည်မှာ လူအများစု၌ အများဆုံးအနေဖြင့် ဖြစ်ပွားသည့်ပုံ ဖြစ်သည်။ လူတစ်ဦး၏ ကိုယ်ပိုင် ထင်မြင်ယူဆချက်သည် တွေးတောခြင်းနှင့် စဉ်းစားဆင်ခြင်မှုမှ ယေဘုယျအားဖြင့်လာပြီး၊ အားလုံးသည် မိမိလိုအင်ဆန္ဒ၊ မိမိအကျိုးကို ရှာတွေ့နိုင်သည့် နယ်ပယ်များနှင့် တစ်စုံတစ်ရာက မိမိအတွက် မည်သည့်အကျိုးအမြတ်များ ရရှိနိုင်သည်ဟူသည့် ထင်မြင်ယူဆချက်များဖြင့် ရောနှောနေပေသည်။ လူသား စိတ်ဆုံးဖြတ်ချက်တိုင်း၏အထဲတွင် ဤအရာများ ရှိပေသည်။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လမ်းပြမှုသည် ထိုသို့သော ရောနှောမှုများ လုံးဝ မပါရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လမ်းပြမှု သို့မဟုတ် အသိဉာဏ်ပွင့်လင်းစေခြင်းတို့ကို သေချာစွာ အာရုံစိုက်ဖို့ လိုအပ်ပေသည်။ အထူးသဖြင့် အဓိက ကိစ္စရပ်များတွင် ယင်းကို သဘောပေါက်ဖို့ရန် သင် ဂရုစိုက်ရမည်။ ၎င်းတို့၏ ဦးနှောက်များကို အသုံးပြုရန် နှစ်သက်သည့်လူများနှင့် ၎င်းတို့ကိုယ်တိုင်၏ ထင်မြင်ယူဆချက်များကိုဆောင်ရွက်ဖို့ နှစ်သက်ကြသည့်လူများသည် ထိုသို့သော လမ်းပြမှုနှင့် အသိဉာဏ်ပွင့်လင်းစေခြင်းကို လွတ်သွားတတ်ဆုံး ဖြစ်သည်။ ပြည့်စုံသောခေါင်းဆောင်များနှင့် အမှုတော်ဆောင်များသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို အာရုံစိုက်ကြ၏။ သန့်ရှင်းသောဝိညာဉ်တော်ကို နာခံသောသူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ကြပြီး သမ္မာတရားကို မမောနိုင်မပန်းနိုင် လိုက်စားကြသည်။ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့နှင့် သူ့အတွက် ကောင်းမွန်စွာသက်သေခံဖို့၊ လူတစ်ဦးသည် မိမိ၏အလုပ်ကို မသန့်ရှင်းသောအရာများဖြင့် ရောနှောခြင်းနှင့် ရည်ရွယ်ချက်များနှင့်ဆိုင်သည့် အရိပ်လက္ခဏာများအတွက် စုံစမ်းစစ်ဆေးသင့်သည်၊ ထို့နောက် အလုပ်၏မည်မျှက လူသား ထင်မြင်ယူဆချက်များအားဖြင့် လှုံ့ဆော်ခံရသည်၊ မည်မျှက သန့်ရှင်းသောဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းမှ ပေါက်ဖွားပြီး မည်မျှက ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ကိုက်ညီသည်ဆိုသည်တို့ကို မြင်ဖို့ရန် ကြိုးစားသင့်ပေသည်။ သင်သည် သင်၏စကားများနှင့် လုပ်ဆောင်ချက်များကို စဉ်ဆက်မပြတ်၊ အခြေအနေအားလုံးတွင် ဆန်းစစ်ရမည်။ ဤပုံစံဖြင့် မကြာခဏ လက်တွေ့လုပ်ဆောင်ခြင်းက သင့်ကို ဘုရားသခင်အား အစေခံခြင်းနှင့်ဆိုင်သည့် မှန်ကန်သော လမ်းကြောင်းပေါ် ထားရှိလိမ့်မည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသည့် နည်းလမ်းဖြင့် ဘုရားသခင်ကိုအစေခံမှု စွမ်းဆောင်ရရှိဖို့ သမ္မာတရားများစွာပိုင်ဆိုင်ရန် လိုအပ်ပေသည်။ လူတို့သည် သမ္မာတရားကို နားလည်ပြီးသည့်နောက်တွင်သာ သိမြင်နိုင်စွမ်းရှိကြပြီး ၎င်းတို့ကိုယ်တိုင်၏ စိတ်ကူးများမှ မည်သည့်အရာ ထွက်ပေါ်သည်ဆိုသည်နှင့် ၎င်းတို့ကို လှုံ့ဆော်သည့် အရာကိုညွှန်ပြသည့် အရာများကို သတိပြုနိုင်ကြလေသည်။ လူသား၏ မစင်ကြယ်မှုများအပြင် သမ္မာတရားအတိုင်း ပြုမူဖို့ဆိုသည်မှာ မည်သည့်အရာဆိုလိုသည်ကို သတိပြုမိနိုင်ကြလေသည်။ ထိုအခါမှသာ ၎င်းတို့သည် သာ၍ ဖြူစင်စွာ မည်သို့ ကျိုးနွံနာခံရမည်ကို သိကြသည်။ သမ္မာတရားမရှိဘဲနှင့်၊ ချင့်ချိန်နိုင်စွမ်းကို လက်တွေ့လုပ်ဆောင်ဖို့ လူတို့အတွက် မဖြစ်နိုင်ပေ။ နားဝေတိမ်တောင်ဖြစ်သော လူတစ်ဦးသည် သမ္မာတရားကို နားမလည်သောကြောင့် သူကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်ပြခံရဖို့က မည်သည့်အရာဆိုလိုသည် သို့မဟုတ် ဘုရားသခင်ကို ခုခံဖို့က မည်သည့်အရာဆိုလိုသည်ကို သိရှိခြင်းမရှိဘဲ သူ၏တစ်သက်တာလုံး ဘုရားသခင်ကို ယုံကြည်ကောင်း ယုံကြည်မိပေမည်။ ထိုအတွေးက သူ၏စိတ်ထဲတွင် ရှိပင်မရှိပေ။ အရည်အချင်း အလွန်နိမ့်ကျသော လူတို့အတွက် သမ္မာတရားသည် လက်လှမ်း၍မမီနိုင်ပေ။ ထိုသမ္မာတရားနှင့်ပတ်သက်၍ သင် ၎င်းတို့နှင့် မည်သို့ မိတ်သဟာယပြုသည် ဖြစ်စေ၊ ၎င်းတို့ နားမလည်ကြဆဲ ဖြစ်သည်။ ထိုသို့သော လူများသည် နားဝေတိမ်တောင်ဖြစ်ကြပေသည်။ ၎င်းတို့၏ ယုံကြည်ခြင်းတွင်၊ နားဝေတိမ်တောင်ဖြစ်သော လူများသည် ဘုရားသခင်အတွက် သက်သေမခံနိုင်ကြပေ။ ၎င်းတို့သည် အစေခံမှု အနည်းငယ်မျှသာ လုပ်ဆောင်နိုင်ကြသည်။ ဘုရားသခင် အပ်နှင်းသည့် အလုပ်ကို ဖြည့်ဆည်းဖို့အလို့ငှာ၊ ဤအခြေခံသဘောတရားနှစ်ခုကို နားလည်ဖို့ လိုအပ်၏။ လူတစ်ဦးသည် အထက်မှ အလုပ်စီမံခန့်ခွဲမှုများကို တင်းတင်းကြပ်ကြပ် လိုက်နာစောင့်ထိန်းရမည်ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်ထံမှ မည်သည့် လမ်းပြမှုကိုမဆို လိုက်နာခြင်းအား အာရုံစိုက်ရမည်။ ဤအခြေခံသဘောတရားနှစ်ခုကို သဘောပေါက်သည့်အခါမှသာ လူတစ်ဦး၏ အလုပ်သည် ထိရောက်နိုင်ပြီး ဘုရားသခင်၏အလို ပြည့်စုံပေလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်း | ကောက်နုတ်ချက် ၂၃၉

သင်သည် ငါ့အိမ်ထောင်ရှိ လူများထဲမှ တစ်ဦးဖြစ်သောကြောင့်နှင့် ငါ၏ နိုင်ငံတော်အပေါ်သင်သည် သစ္စာစောင့်သိသောကြောင့် သင်လုပ်သမျှ အရာအားလုံးသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၁၄

ဘုရားသခင်၌ ယုံကြည်ခြင်းသည် ကောင်းမွန်သော ဝိညာဉ်ရေးရာ အသက်တာတစ်ခု လိုအပ်လာ၏၊ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၉၆

လူသား၏အလုပ်အတွက် ဘုရားသခင် အောင့်ခံခဲ့သည့် အိပ်မပျော်သောညများမှာ များစွာဖြစ်၏။ အထက်အမြင့်အရပ်မှ အနိမ့်ဆုံးအနက်များအထိ သူသည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၁၆၀

အစဦး၌ လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးနောက်ပိုင်းတွင် ဣသရေလလူများသည် ယေဟောဝါ ပြုသောအမှု၏ အခြေခံအကြောင်းရင်းအဖြစ် အစေခံခဲ့ကြပြီး ဣသရေလမျိုးနွယ်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။