ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၅၇

ဝင်ရောက်မှုကို ရှာဖွေစဉ်တွင်၊ ကိစ္စရပ်တိုင်းကို လေ့လာဆန်းစစ်ရမည်။ ဘုရားသခင်၏ အလိုတော်နှင့် လုံးဝ ကိုက်ညီသည့် နည်းလမ်းတစ်ခုဖြင့် မည်သို့ ကိုင်တွယ်ရမည်ကို သိဖို့ရန်အလို့ငှာ ကိစ္စရပ်အားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်၊ သမ္မာတရားတို့နှင့်အညီ လုံးလုံးလျားလျား ချင့်ချိန်စဉ်းစားရမည်။ ထိုအခါ သင်၏ အတ္တအလိုဆန္ဒမှ ထွက်ပေါ်လာသည့် အရာများကို စွန့်ပစ်နိုင်ပေမည်။ အမှုအရာများကို ဘုရားသခင်၏ အလိုတော်နှင့်အညီ မည်သို့ လုပ်ဆောင်ရမည်ကို သင် သိလိမ့်မည်ဖြစ်ပြီး၊ ထို့နောက် ၎င်းတို့ကို သွား၍ လုပ်ဆောင်လိမ့်မည်၊ အရာရာတိုင်းက သူ့အလိုလို ဖြစ်ပျက်နေသကဲ့သို့ ခံစားရလိမ့်မည်ဖြစ်ပြီး အလွန့်အလွန် လွယ်ကူပုံရလိမ့်မည်။ ဤသည်မှာ သမ္မာတရားရှိသည့် လူတို့က အမှုအရာများကို လုပ်ဆောင်ပုံ ဖြစ်သည်။ ထို့နောက် သင်၏ စိတ်သဘောထား ပြောင်းလဲပြီးဖြစ်သည်ကို အခြားသူတို့အား သင် အမှန်တကယ် ပြသနိုင်ပြီး၊ ကောင်းသည့် လုပ်ရပ်အချို့ကို သင် သေချာပေါက် လုပ်ဆောင်ပြီးဖြစ်ကြောင်း၊ ကိုယ်ကျင့်တရားနှင့်အညီ အမှုအရာများကို သင်လုပ်ဆောင်ကြောင်းနှင့် အရာအားလုံးကို သင် မှန်မှန်ကန်ကန် လုပ်ကြောင်းကို ၎င်းတို့ မြင်ကြလိမ့်မည်။ ဤသည်မှာ သမ္မာတရားကို နားလည်ပြီး လူသားပုံသဏ္ဌာန် အမှန်ရှိသည့် သူတစ်ဦးဖြစ်သည်။ ထိုအတိုင်းပင်၊ လူတို့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ရလဒ်များ ခံစားရပြီးဖြစ်သည်။ သမ္မာတရားကို လူတို့ အမှန်တကယ် နားလည်ကြသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် မိမိတို့၏ ဖြစ်တည်မှုအခြေအနေများကို သိမြင်နိုင်ကြသည်၊ ရှုပ်ထွေးသည့် ကိစ္စရပ်များ၏ အကြောင်းရင်းကို မြင်နိုင်ကြပြီး၊ လက်တွေ့လုပ်ဆောင်ဖို့ သင့်တော်သည့် နည်းလမ်းကို သိရှိနိုင်ကြလေသည်။ သမ္မာတရားကို သင် နားမလည်ပါက၊ သင်၏ဖြစ်တည်မှု အခြေအနေကို သင် သိမြင်နိုင်လိမ့်မည် မဟုတ်ပေ။ သင်သည် မိမိကိုယ်ကိုယ် ပုန်ကန်ချင်လိမ့်မည် ဖြစ်သော်လည်း၊ မည်သို့လုပ်ဆောင်ရမည် သို့မဟုတ် မည်သည့်အရာကို သင် ပုန်ကန်နေသည်ကို သိလိမ့်မည် မဟုတ်ပေ။ သင်၏ အတ္တအလိုဆန္ဒကို သင် စွန့်လွှတ်ချင်လိမ့်မည် ဖြစ်သော်လည်း၊ သင်၏ အတ္တအလိုဆန္ဒသည် သမ္မာတရားနှင့် ကိုက်ညီသည်ဟု သင်ထင်ပါက၊ ယင်းကို အဘယ်သို့ သင် စွန့်လွှတ်နိုင်မည်နည်း။ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း ဖြစ်သည်ဟုပင် သင် ထင်ကောင်း ထင်လိမ့်မည်ဖြစ်ကာ၊ ထို့ကြောင့် မည်သို့ပင်ဖြစ်စေ သင်သည် စွန့်လွှတ်ဖို့ ငြင်းပယ်လိမ့်မည် ဖြစ်သည်။ ဤအကြောင်းကြောင့်၊ လူတို့သည် သမ္မာတရားကို ပိုင်ဆိုင်ခြင်းမရှိပါက၊ လူတို့၏ မစင်ကြယ်မှုများ၊ ကောင်းမွန်သော ရည်ရွယ်ချက်များ၊ မရေရာသော ချစ်ခြင်းမေတ္တာနှင့် လူသား ကျင့်ကြံမှုများ- ၎င်းတို့၏ အတ္တလိုအင်ဆန္ဒမှ ထွက်ပေါ်သည့် အရာအားလုံး- မှန်ကန်ပြီး သမ္မာတရားနှင့် ကိုက်ညီသည်ဟု တွေးထင်ကြဖို့ အလွန်ဖြစ်ဖွယ် ရှိလေသည်။ သို့ဆိုလျှင် ဤအရာများကို သင် မည်သို့ ပုန်ကန်နိုင်မည်နည်း။ သမ္မာတရားကို သင် နားမလည်ပါက သို့မဟုတ် သမ္မာတရားကို လက်တွေ့ လုပ်ဆောင်ဖို့ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသည်ကို မသိပါက၊ ပြီးလျှင် သင်၏ မျက်လုံးများ မကြည်မလင်ဖြစ်ပြီး မည်သည့်လမ်းသို့ လှည့်ရမည်ကို သင်မသိသောကြောင့် သင် မှန်သည် ထင်သည့်အရာပေါ် အခြေခံ၍သာ အမှုအရာများကို လုပ်ဆောင်ပါက၊ သင်သည် လွဲချော်ပြီး မှားယွင်းမည့် အပြုအမူတချို့ကို ကျူးလွန်မိလိမ့်မည်။ ဤအပြုအမူတချို့သည် စည်းမျဉ်းများနှင့် ကိုက်ညီလိမ့်မည်၊ တချို့သည် စိတ်အားထက်သန်မှုမှ ထွက်ပေါ်လာလိမ့်မည်၊ တချို့သည် စာတန်ထံမှ အစပြုမည်ဖြစ်ကာ အနှောင့်အယှက်များ ဖြစ်စေလိမ့်မည်ဖြစ်သည်။ သမ္မာတရားကို မပိုင်ဆိုင်သော လူတို့သည် ဤသို့ ပြုမူကြလိမ့်မည်- လက်ဝဲဖက် အနည်းငယ်၊ ပြီးနောက် လက်ျာဖက်အနည်းငယ် လုပ်ဆောင်ကာ၊ တစ်ခဏ မှန်ကန်ပြီး၊ နောက်တစ်ခဏ သွေဖည်လျက်ရှိမည်ဖြစ်ပြီး တိကျမှန်ကန်မှု လုံးဝ မရှိပေ။ သမ္မာတရားကို မပိုင်ဆိုင်သောသူတို့သည် အမှုအရာများအပေါ် အဓိပ္ပါယ်မရှိသော အမြင်များကို ခံယူကြသည်။ ထိုသို့ဖြစ်သဖြင့်၊ ၎င်းတို့သည် ကိစ္စရပ်များကို မည်သို့ မှန်ကန်စွာ ကိုင်တွယ်နိုင်မည်နည်း။ ပြဿနာတစ်စုံတစ်ရာကို ၎င်းတို့ မည်သို့ ဖြေရှင်းနိုင်မည်နည်း။ သမ္မာတရားကို နားလည်ခြင်းသည် လုပ်ဆောင်ဖို့ လွယ်ကူသောအရာ တစ်ခု မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောပေါက်နိုင်ခြင်းသည် သမ္မာတရားကို သိနားလည်နိုင်ခြင်းပေါ် မူတည်ပြီး လူတို့ နားလည်နိုင်စွမ်းရှိသည့် သမ္မာတရား၌ မိမိ၏ အကန့်အသတ်များ ရှိပေသည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်ကို မိမိတို့၏ အသက်တာတစ်ခုလုံးတွင် ယုံကြည်လျှင်ပင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ သိနားလည်ခြင်းသည် အကန့်အသတ် ရှိနေဦးမည် ဖြစ်သည်။ တော်တော် အတွေ့အကြုံရှိသူတို့သည်ပင် အကောင်းဆုံးအနေဖြင့် ဘုရားသခင်ကို သိသိသာသာ ခုခံသည့်အရာများကို လုပ်ဆောင်ခြင်း၊ သိသိသာသာ ဆိုးယုတ်သောအရာများကို လုပ်ဆောင်ခြင်းနှင့် မည်သူကိုမျှ အကျိုးမပေးသည့် အရာများကို လုပ်ဆောင်ခြင်းအား ရပ်တန့်နိုင်သည့်နေရာအထိ ရောက်ရှိနိုင်ကြသည်။ ၎င်းတို့အတွက် မိမိတို့၏ အတ္တအလိုဆန္ဒ ဘာမျှမရောနှောသည့် အခြေအနေတစ်ခုကို ရရှိဖို့ မဖြစ်နိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူတို့သည် ပုံမှန်အတွေးများကို တွေးကြပြီး ၎င်းတို့၏ အတွေးအချို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ကိုက်ညီကာ အတ္တအလိုဆန္ဒအဖြစ် အမျိုးအစားသတ်မှတ်၍ မရနိုင်သည့် သဘောပေါက်နားလည်မှု ရှုထောင့်တစ်ခုနှင့် သက်ဆိုင်သောကြောင့် ဖြစ်သည်။ သို့သော်၊ အဓိကသော့ချက်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သမ္မာတရားနှင့် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဉာဏ်အလင်းပေးခြင်းကို ဆန့်ကျင်သည့် အတ္တအလိုဆန္ဒ၏ အစိတ်အပိုင်းများကို သိမြင်ဖို့ ဖြစ်သည်။ ထို့ကြောင့် သင့်အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိရှိဖို့ အားထုတ်မှု ပြုရမည်ဖြစ်ပြီး၊ သမ္မာတရားကို နားလည်ခြင်းဖြင့်သာ သင်၌ သိမြင်မှု ရှိနိုင်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၃၃

အကယ်၍ ယခုတွင် ငါသည် သင်တို့ရှေ့၌ စည်းစိမ်ဥစ္စာအချို့ကို ပုံပေးပြီး လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးပါက၊ ငါသည် သင်တို့ကို...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၄၁

သူ၏ စီမံခန့်ခွဲမှု အလုံးစုံ တစ်လျှောက်တွင် ဘုရားသခင်၏ အလုပ်သည် စုံလင်ရှင်းလင်းသည်။ ကျေးဇူးတော် ခေတ်သည် ကျေးဇူးတော် ခေတ်ဖြစ်ပြီး၊...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် | ကောက်နုတ်ချက် ၆၃

နိုင်ငံတော်ထဲတွင် ဖန်ဆင်းခြင်း၏ အသင်္ချေများလှသော အရာများသည် စတင်နှိုးထလာကြပြီး ၎င်းတို့၏ အသက်စွမ်းအားကို ပြန်လည်တစ်ဖန် ရရှိကြသည်။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၃၄

လူတို့သည် ဘုရားသခင်ကို သိရှိရန်ဆိုပါက၊ ၎င်းတို့အနေဖြင့် ဘုရားသခင်သည် လက်တွေ့ကျသော ဘုရားသခင်ဖြစ်သည်ကို ပထမဦးစွာ သိရမည်ဖြစ်ပြီး၊ ဘုရားသခင်၏...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။