ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၅၉

28.02.2021

လူသားသဘာဝကို သင် မည်သို့ နားလည်ပါသနည်း။ သင်၏ သဘာဝကို နားလည်ခြင်းသည် အမှန်တကယ်တွင် သင့်စိတ်ဝိညာဉ်၏ အတွင်းကျကျအရာများကို စိတ်ဖြာလေ့လာခြင်းဟု အဓိပ္ပာယ်ရ၏၊ ယင်းသည် သင်၏အသက်၌ ရှိသည့်အရာ နှင့် ပတ်သက်သည်။ သင် အသက်ရှင်နေခဲ့သည်မှာ စာတန်၏ ဆင်ခြင်တွေးခေါ်မှုစနစ်နှင့် စာတန်၏ ရှုထောင့်အမြင်များ ဖြစ်၏။ ဆိုလိုသည်မှာ ယင်းသည် သင် အသက်ရှင်နေခဲ့သည့် စာတန်၏ အသက်ဖြစ်၏။ သင့်ဝိညာဉ်၏ နက်ရှိုင်းသော အတွင်းနေရာက အစိတ်အပိုင်းများကို တူးဖော်ခြင်းအားဖြင့်သာ၊ သင်၏ သဘာဝကို သင် နားလည်နိုင်သည်။ ဤအရာများကို မည်သို့ တူးဖော်နိုင်သနည်း။ ၎င်းတို့သည် ဖြစ်ရပ် တစ်ခု၊ နှစ်ခုမျှဖြင့် တူးဖော်၍မရနိုင်ပေ သို့မဟုတ် စိတ်ဖြာလေ့လာ၍ မရနိုင်ပေ။ အကြိမ်များစွာ၊ တစ်စုံတစ်ခုကို လုပ်ဆောင်ခြင်း သင် ပြီးစီးသည့်နောက်တွင်၊ သိနားလည်ခြင်းသို့ သင် ရောက်ရှိခြင်းမရှိသေးပေ။ သဘောပေါက်မိခြင်းနှင့် သိနားလည်ခြင်း အနည်းငယ်မျှကို သင်ရရှိဖို့ သုံးနှစ် သို့မဟုတ် ငါးနှစ် ကြာနိုင်ပေသည်။ အခြေအနေများစွာတွင်၊ သင်သည် မိမိကိုယ်ကိုယ် ဆန်းစစ်ရမည်ဖြစ်ပြီး၊ မိမိကိုယ်ကိုယ် သိလာရမည်ဖြစ်ကာ၊ နက်နက်တူးဖော်ခြင်းကို သင် လုပ်ဆောင်ပြီးသည့်အခါမှသာ၊ ရလဒ်များကို သင် မြင်ရလိမ့်မည်။ သမ္မာတရားနှင့်ဆိုင်သော သင်၏ သိနားလည်မှု တိုး၍ နက်နဲသထက်နက်နဲလာသည်နှင့်အမျှ၊ သင်သည် မိမိကိုယ်ကိုယ် ဆန်းစစ်ခြင်းနှင့် မိမိကိုယ်ကိုယ် သိရှိခြင်းတို့မှတစ်ဆင့် သင်၏ ကိုယ်ပိုင်သဘာဝနှင့် အနှစ်သာရတို့ကို တဖြည်းဖြည်း သိရှိလာလိမ့်မည်။ သင်၏ သဘာဝကို သိရှိဖို့ရန်အလို့ငှာ၊ အရာအချို့ကို သင် ပြီးမြောက်ရမည်။ ပထမဦးစွာ၊ သင်နှစ်သက်သောအရာကို သင် ရှင်းရှင်းလင်းလင်း သိရမည်။ ဤအရာက သင် စားလို၊ ဝတ်လိုသည့်အရာကို မရည်ညွှန်းပါ။ ယင်းထက်၊ သင် မွေ့လျော်သည့် အရာများ၊ သင် အားကျသည့် အရာများ၊ သင် ကိုးကွယ်သည့်အရာများ၊ သင် ရှာဖွေသည့်အရာများနှင့် သင်၏ စိတ်နှလုံးတွင် သင် အာရုံစိုက်သည့် အရာမျိုးများကို ဆိုလိုသည်။ ဤအရာနှင့် ပတ်သက်၍ သင်တို့ရှင်းလင်းသလော။ သင်နှစ်သက်သောအရာများ ထဲတွင် မည်သည့်အရာမျိုးများ ပါဝင်သနည်း။ ထိုအရာများသည် သင်အာရုံစိုက်နေကျအရာများ၊ သင်ကိုးကွယ်သည့်အရာများ၊ ထိတွေ့ဆက်သွယ်ရာ၌ သင်ပျော်မွေ့သည့် လူအမျိုးအစားများ၊ သင်ပြလုပ်လိုသည့် အရာများနှင့် သင့်စိတ်နှလုံးတွင် သင်ပုဂ္ဂိုလ်ရေး ကိုးကွယ်မိသည့် လူအမျိုးအစားများပင်ဖြစ်သည်။ ဥပမာအားဖြင့် လူအများစုက ကြီးမြတ်သည့် အဆင့်အတန်းရှိသည့် လူများ၊ ၎င်းတို့၏ ပြောပုံဆိုပုံနှင့် ကိုယ်ဟန်အမူအရာတို့တွင် ရည်မွန်သော လူတို့ကို နှစ်သက်ကြသည်၊ သို့မဟုတ် မြှောက်လုံးပင့်လုံး စကားပြောကောင်းသော သူများ သို့မဟုတ် ဟန်ဆောင်တတ်သော သူတို့ကို နှစ်သက်ကြသည်၊ အထက်ရည်ညွှန်းပါ ပုဂ္ဂိုလ်မှာ မည်သည့်လူတို့ကို ၎င်းတို့ အပြန်အလှန်ဆက်ဆံချင်သည့် အကြောင်းဖြစ်သည်။ လူတို့ နှစ်သက်သည့် အရာများအတွက်မူ၊ လုပ်ရန် လွယ်ကူသည့် အချို့သော အရာများကို လုပ်ဆောင်လိုခြင်း၊ အခြားသူများက ကောင်းမြတ်သည်ဟု ထင်ပြီး လူတို့ကို ချီးမွမ်းသီဆိုစေပြီး ချီးကျုးစကားများ ပြောစေသည့် အရာများကို လုပ်ဆောင်ခြင်းအား ပျော်မွေ့ခြင်းတို့ ပါဝင်သည်။ လူတို့၏ သဘာဝများတွင်၊ ၎င်းတို့ နှစ်သက်သည့် အမှုအရာများ၏ ဖြစ်နေကျလက္ခဏာရပ်တစ်ခု ရှိ၏။ ယင်းမှာ၊ အခြားသူများက အပြင်ပန်း ပုံသဏ္ဌာန်များကြောင့် မနာလိုဖြစ်ကြရသည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို ၎င်းတို့ နှစ်သက်ကြသည်၊ လှပပြီး ဇိမ်ခံပစ္စည်းများနှင့် ပြည့်စုံပုံရသည့် အရာများကို ၎င်းတို့ နှစ်သက်ကြကာ၊ ပုံပန်းများကြောင့် အခြားသူများအား ၎င်းတို့ကို ကိုးကွယ်စေသည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို ၎င်းတို့ နှစ်သက်ကြလေသည်။ လူတို့ မြတ်နိုးသော ဤအရာများမှာ ကြီးမြတ်သည်၊ ထူးချွန်ပြောင်မြောက်သည်၊ အလွန်လှပပြီး ခမ်းနားပေသည်။ လူအားလုံးက ဤအရာများကို ကိုးကွယ်ကြ၏။ လူတို့သည် မည်သည့် သမ္မာတရားမျှ မပိုင်ဆိုင်သကဲ့သို့၊ စစ်မှန်သော လူသားများ၏ ပုံသဏ္ဌာန်ကို ၎င်းတို့ မပိုင်ဆိုင်သည်ကို မြင်နိုင်ပေသည်။ ဤအရာများကို ကိုးကွယ်ရာတွင် အရေးပါမှု အတိုင်းအတာအနည်းငယ်မျှ မရှိသော်လည်း၊ လူတို့သည် ၎င်းတို့ကို နှစ်သက်ကြဆဲဖြစ်၏။...သင်နှစ်သက်သောအရာ၊ သင် အာရုံစိုက်သည့်အရာ၊ သင် ကိုးကွယ်သည့်အရာ၊ သင် အားကျသည့်အရာနှင့် သင့်စိတ်နှလုံးတွင် နေ့တိုင်း သင် တွေးသည့်အရာ အားလုံးတို့သည် သင့်သဘာဝ၏ ကိုယ်စားပြုချက်များ ဖြစ်ကြသည်။ ယင်းမှာ သင်၏ သဘာဝက မဖြောင့်မတ်ခြင်းကို နှစ်သက်သည်ကို သက်သေပြဖို့ လုံလောက်ပြီး၊ စိုးရိမ်ဖွယ် အခြေအနေများတွင် သင်၏ သဘာဝသည် ဆိုးယုတ်ပြီး၊ ကုစား၍မရနိုင်ပေ။ ဤနည်းဖြင့် သင်၏ သဘာဝကို သင် စိစစ်သင့်၏။ ဆိုလိုသည်မှာ၊ သင့် ဘဝတွင် သင် မြတ်နိုးသောအရာနှင့် သင် စွန့်လွှတ်သောအရာကို ဆန်းစစ်လော့။ သင်သည် တစ်စုံတစ်ဦးအပေါ် အချိန်တစ်ခုကြာ ကောင်းနေနိုင်သည်၊ သို့သော် ဤအရာက ၎င်းတို့ကို သင် နှစ်သက်သည်ဟု သက်သေမပြပေ။ သင်အမှန်တကယ် နှစ်သက်သောအရာများသည် သင်၏သဘာဝတွင် ရှိသည့်အရာ အတိအကျပင်ဖြစ်၏။ သင်၏ အရိုးများ ကွဲကြေခဲ့လျှင်ပင်၊ ယင်းကို သင် နှစ်သက်ပျော်မွေ့ဆဲဖြစ်လိမ့်မည်ဖြစ်ပြီး ဘယ်သောအခါမျှ စွန့်ပစ်နိုင်မည်မဟုတ်။ ဤသည်မှာ ပြောင်းလဲရန် မလွယ်ကူပေ။ ဥပမာ၊ အဖော်ကို ရှာဖွေခြင်းအား ကြည့်လော့။ အမျိုးသမီးတစ်ဦးသည် တစ်စုံတစ်ဦးနှင့် အမှန်တကယ် ချစ်ကျွမ်းဝင်မိပါက၊ သူမကို မည်သူမျှ တားဆီးနိုင်မည် မဟုတ်ပေ။ သူ၏ ခြေထောက်များ ကျိုးလျှင်ပင်၊ သူမသည် ထိုသူနှင့်အတူ ရှိချင်ဦးမည်ဖြစ်သည်။ သူမ သေဆုံးရမည်ဆိုလျှင်ပင်၊ ထိုသူကို လက်ထပ်ချင်မည်ဖြစ်သည်။ ဤအရာမှာ မည်သို့များ ဖြစ်နိုင်သနည်း။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် လူတို့က မိမိတို့ကိုယ်ကိုယ်အတွင်း နက်နက်ရှိုင်းရှိုင်း ရှိထားသည့်အရာကို မည်သူမျှ မပြောင်းလဲနိုင်သောကြောင့် ဖြစ်သည်။ လူတစ်ဦးသေလျှင်ပင်၊ သူ၏ စိတ်ဝိညာဉ်သည် အလားတူသောအရာများကို နှစ်သက်ဦးမည် ဖြစ်သည်။ ဤအရာများသည် လူသားသဘာဝနှင့်ဆိုင်သော အမှုအရာများဖြစ်ပြီး၊ ယင်းတို့က လူတစ်ယောက်၏ အနှစ်သာရကို ကိုယ်စားပြုပေသည်။ လူတို့ နှစ်သက်သော အရာများတွင် မဖြောင့်မတ်မှု အချို့ ပါရှိ၏။ အချို့သည် ထိုအရာများအတွက် ၎င်းတို့၏ နှစ်သက်မှုတွင် သိသာကြသော်လည်း အချို့မှာ မသိသာပေ။ အချို့သည် ယင်းတို့အတွက် အားကောင်းသည့် နှစ်သက်မှုရှိသော်လည်း အချို့မှာ မရှိချေ။ လူအချို့သည် မိမိကိုယ်ကိုယ် ထိန်းချုပ်မှုရှိသော်လည်း အခြားသူတို့မှာ မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်ကြချေ။ လူအချို့သည် မကောင်းသော အရာများထဲသို့ နှစ်မြှုပ်တတ်သည်၊ ယင်းက ၎င်းတို့သည် အသက်အနည်းငယ်မျှပင် မပိုင်ဆိုင်သည်ကို သက်သေပြပေသည်။ လူတို့သည် ဤအရာများဖြင့် နေရာယူခြင်းမခံရသကဲ့သို့ ဘောင်ခတ်ခြင်းမခံရနိုင်ပါက၊ ယင်းမှာ ၎င်းတို့၏ စိတ်သဘောထားများသည် အနည်းငယ် ပြောင်းလဲပြီးဖြစ်သကဲ့သို့၊ ဝိညာဉ်ရင့်ကျက်မှုအနည်းငယ် ရှိကြသည်ကို သက်သေပြပေသည်။ လူအချို့သည် သမ္မာတရားအချို့ကို နားလည်ပြီး၊ ၎င်းတို့က အသက်ရှိကာ ဘုရားသခင်ကို ချစ်ကြသည်ဟု ခံစားကြသည်။ အမှန်တွင်၊ ယင်းသည် အလွန်စောလွန်းသေးပြီး၊ တစ်ဦးတစ်ယောက်၏ စိတ်သဘောထားထဲက ပြောင်းလဲမှုကို ကြုံခြင်းသည် ရိုးရှင်းသည့် ကိစ္စတစ်ခု မဟုတ်ပေ။ မိမိ၏ သဘာဝသည် နားလည်ဖို့ လွယ်ကူပါသလော။ သင်သည် အနည်းငယ် နားလည်လျှင်ပင်၊ ပြောင်းလဲဖို့ လွယ်ကူလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ လူတို့အတွက် အခက်အခဲ နယ်ပယ်တစ်ခု ဖြစ်သည်။ သင်၏ အနီးတစ်ဝိုက်ရှိ လူများ၊ ကိစ္စရပ်များ၊ သို့မဟုတ် အမှုအရာများ မည်သို့ ပြောင်းလဲနိုင်သည်ဖြစ်စေ၊ ပြီးလျှင် ကမ္ဘာလောကသည် လုံးဝ ပြောင်းလဲနိုင်သည်ဖြစ်စေ၊ သမ္မာတရားသည် အတွင်းမှ သင့်ကို လမ်းပြနေပါက၊ ယင်းသည် သင်၏ အတွင်းတွင် အမြစ်တွယ်ပြီး ဖြစ်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင်၏ အသက်တာ၊ သင်၏ နှစ်သက်မှုများ၊ သင်၏ အတွေ့အကြုံများနှင့် သင်၏ တည်ရှိမှုတို့ကို လမ်းပြပါက၊ ထိုအခြေအနေတွင် သင်သည် အမှန်တကယ် ပြောင်းလဲပြီး ဖြစ်လိမ့်မည်။ ယခုတွင် ပြောင်းလဲမှုဆိုသည့် ဤအရာသည် လူတို့ အနည်းငယ် ပူးပေါင်းဆောင်ရွက်ခြင်း၊ စိတ်အားထက်သန်မှုနှင့် ယုံကြည်ခြင်း အနည်းငယ် ရှိခြင်းတို့သာ ဖြစ်သည်၊ သို့သော် ဤအရာကို အသွင်ပြောင်းလဲခြင်းအဖြစ် ယူဆမရနိုင်သကဲ့သို့၊ လူတို့က အသက်ရှိသည်ဟု သက်သေမပြပေ။ ယင်းမှာ လူတို့၏ နှစ်သက်မှုများသာ ဖြစ်သည်- နောက်ထပ် မည်သည့်အရာမျှ မဟုတ်ပေ။

လူများ၏ သဘာဝဗီဇများထဲရှိ ၎င်းတို့မြတ်နိုးသော အရာများကို ဖော်ထုတ်ခြင်းအပြင်၊ သူတို့၏ သဘာဝဗီဇများနှင့် သက်ဆိုင်သည့် အခြားသွင်ပြင်များကိုလည်း ဖော်ထုတ်ရန်လိုအပ်သည်။ ဥပမာအားဖြင့် အမှုအရာများအပေါ် လူတို့၏ သဘောထားများ၊ အသက်တာထဲ၌ လူတို့၏ နည်းစနစ်များနှင့် ပန်းတိုင်များအပြင် လူတို့၏ ဘဝတန်ဖိုးများနှင့် အသက်တာအပေါ် အမြင်များအပြင် သမ္မာတရားနှင့်စပ်လျဉ်း၍ အရာခပ်သိမ်းအပေါ် အမြင်များပင် ဖြစ်ကြသည်။ ဤအရာများမှာ လူတို့၏ စိတ်ဝိညာဉ်များထဲတွင် နက်ရှိုင်းစွာ ရှိသောအရာများ အားလုံးဖြစ်ပြီး ၎င်းတို့သည် စိတ်သဘောထားပြောင်းလဲခြင်းနှင့် တိုက်ရိုက်ဆက်နွှယ်မှု ရှိနေသည်။ ထိုသို့ဖြစ်လျှင်၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဘဝအမြင်မှာ အဘယ်နည်း။ ယင်းကို ဤသို့ ပြော၍ရနိုင်သည်- “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်၊ ဘယ်သူသေသေ ငတေမာပြီးရော” ဟူ၍ ဖြစ်သည်။ လူများအားလုံးသည် မိမိတို့ကိုယ်ကိုယ်အတွက်သာ အသက်ရှင်ကြသည်၊ သာ၍ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောရလျှင်၊ ၎င်းတို့သည် ဇာတိပကတိအတွက် အသက်ရှင်ကြပေသည်။ ၎င်းတို့သည် မိမိတို့၏ ပါးစပ်များထဲ အစားအစာများ ထည့်ဖို့သာ အသက်ရှင်နေကြ၏။ ဤတည်ရှိမှုသည် တိရစ္ဆာန်များ၏ တည်ရှိမှုနှင့် မည်သို့ ကွာခြားပါသနည်း။ ဤသို့ အသက်ရှင်ခြင်းတွင် အဓိပ္ပာယ်တစ်ခုတစ်လေ ရှိဖို့မဆိုထားနှင့်၊ တန်ဖိုး မည်သို့မျှ မရှိချေ။ မိမိ၏ ဘဝအမြင်သည် လောကတွင် သင်ရှင်သန်နေထိုင်ဖို့ရန် အမှီပြုသည့်အရာ၊ သင် မည်သည့်အရာအတွက် အသက်ရှင်သည် နှင့် သင် အသက်ရှင်သည့်ပုံတို့အကြောင်း ဖြစ်ပြီး၊ ဤအရာများအားလုံးသည် လူသား သဘာဝ၏ အနှစ်သာရနှင့် သက်ဆိုင်ပေသည်။ လူတို့၏ သဘာဝများကို စိတ်ဖြာလေ့လာခြင်းမှတစ်ဆင့်၊ လူများအားလုံးသည် ဘုရားသခင်ကို ခုခံနေကြသည်ကို သင် တွေ့ရလိမ့်မည်။ ၎င်းတို့အားလုံးသည် မကောင်းဆိုးဝါးများသာ ဖြစ်ကြပြီး၊ အမှန်တကယ် ကောင်းသောလူ ဟူ၍မရှိပေ။ လူတို့၏ သဘာဝများကို စိတ်ဖြာလေ့လာခြင်း အားဖြင့်သာလျှင်၊ သင်သည် လူ၏ အနှစ်သာရနှင့် ဖောက်ပြန်ပျက်စီးခြင်းကို အမှန်တကယ် သိရှိနိုင်ပြီး၊ လူတို့ အမှန်တကယ် သက်ဆိုင်သည့်အရာ၊ လူတို့ အမှန်တကယ် ချို့တဲ့သည့်အရာ၊ ၎င်းတို့ ပြင်ဆင်ထားသင့်သည့်အရာနှင့် လူသားပုံသဏ္ဌာန်တစ်ခု၌ မည်သို့ အသက်ရှင်သင့်သည်တို့ကို နားလည်နိုင်ပေသည်။ လူတစ်ဦး၏ သဘာဝကို အမှန်တကယ် စိတ်ဖြာလေ့လာခြင်းသည် မလွယ်ကူသကဲ့သို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်း သို့မဟုတ် စစ်မှန်သော အတွေ့အကြုံများ ရှိခြင်း မရှိဘဲနှင့် လုပ်ဆောင်၍မရနိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏စိတ်သဘောထား ပြောင်းလဲခြင်းအကြောင်း သိထားသင့်သည့်အရာ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။