Myanmar Gospel Movie - ကျွန်မရဲ့ အမျိုးသားသင်းအုပ်ဆရာနဲ့ ကျွန်မ

28.08.2024

ကျောက်ရှင်ဟွေ၏ ခင်ပွန်းသည် ယုံကြည်သူများက ချစ်မြတ်နိုးပြီး ပံ့ပိုးကြသော ဘာသာရေးသင်းအုပ်ဆရာတစ်ဦးဖြစ်သည်။ သူမနှင့် သူမ၏ ခင်ပွန်းတို့နှစ်ဦးစလုံးသည် သခင်ယေရှုပြန်ကြွလာခြင်းကို စိတ်ထက်သန်စွာစောင့်ဆိုင်းကြသည်။ တစ်နေ့တွင် ကျောက်ရှင်ဟွေသည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြီး ယင်းတို့တွင် ဘုရားသခင်၏ အသံတော်ကို သူမ အံဩစွာ သတိပြုမိသည်။ သူမသည် ရှာဖွေခြင်း၊ စူးစမ်းခြင်းမှတစ်ဆင့် အနန္တတန်ခိုးရှင်ဘုရားသခင်သည် သခင်ယေရှု ဒုတိယအကြိမ်ကြွလာခြင်းဖြစ်သည်ဟူ၍ တွက်ချက်မိသည်။ သူမသည် စိတ်ခံစားချက်များဖြင့် ပြည့်နေပြီး သခင် ပြန်ကြွလာပြီးဖြစ်သည်ဆိုသည့် သတင်းကို သူမ၏ ခင်ပွန်းအား ဝမ်းမြောက်စွာ ပြောလိုသည်။ သူမ မျှော်လင့်မထားသည်မှာ သူမ၏ ခင်ပွန်းသည် ကျမ်းစာထဲရှိ နှုတ်ကပတ်တော်များကို အရူးအမူး ဖက်တွယ်ထားပြီး သခင်က လူ့ဇာတိခံကာ လူသားအဖြစ် ပြန်ကြွလာမည်ကို လုံးဝ မယုံကြည်ခြင်း ဖြစ်သည်။ သူသည် သခင်က ဝိညာဉ်ခန္ဓာဖြင့် မိုးတိမ်စီး၍ ဆင်းကြွလာမည်ဟု မလျှော့တမ်း ပြောပြီး ဘာသာရေးအယူအဆများကိုပင် ဖြန့်ကာ ကျောက်ရှင်ဟွေက မှန်သောလမ်းခရီးကို စူးစမ်းခြင်းနှင့် လက်ခံခြင်းကို တားဆီးသည်။ ထို့နောက်တွင် ၎င်းတို့နှစ်ဦးကြား၌ ငြင်းခုံမှုများ ဆက်တိုက် ဖြစ်ပွားသည်။ ကျောက်ရှင်ဟွေသည် ပို၍ နားမလည်နိုင်ဖြစ်လာသည်။ သူမ၏ ခင်ပွန်းသည် ကျမ်းစာအလွန်နားလည်သည့်တိုင် မည်သို့များ ဘုရားသခင်၏ အသံကို မကြားနိုင်သေးသနည်း။ သူမကို ပို၍ပင် အံ့ဩစေသည်မှာ ယခင်က အလွန်နူးညံ့သော၊ အလေးထားတတ်သော၊ ချစ်ခင်တတ်သော သူမ၏ သင်းအုပ်ဆရာခင်ပွန်းသည် သခင်ပြန်ကြွလာခြင်းကို အလွန်ရန်လိုစွာ သဘောထားသည်။ သူသည် မှန်သောလမ်းခရီးကို မရှာဖွေ၊ သို့မဟုတ် မစူးစမ်းရုံမကဘဲ သခင့်အား မကြိုဆိုရန် ယုံကြည်သူများကို တားဆီးရာ၌လည်း အစွမ်းကုန် လုပ်ဆောင်သည်။ နောက်ဆုံးသောကာလ ဧဝံဂေလိကို ဖြန့်သော ညီအစ်ကိုမောင်နှမများကိုပင် ရဲထံသို့ တိုင်ကြားပြီး အဖမ်းခံရစေသည်။ ပြီးလျှင် သူမကိုပင် အကြမ်းဖက်လာသည်။ ကျောက်ရှင်ဟွေသည် သူမမိသားစုထဲတွင် ဤဝိညာဉ်ရေးတိုက်ပွဲကို ရင်ဆိုင်ရကာ မည်သည့်အရာကို ရွေးချယ်မည်နည်း။ သူမသည် မှန်သောလမ်းခရီးပေါ်၌ ခိုင်မာစွာ ရပ်တည်နိုင်မည်လား။

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။