ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၆၁

လူသားမျိုးနွယ်အားလုံးသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံကြရပြီးဖြစ်ကာ လူသား၏ သဘာဝသည် ဘုရားသခင်ကို သစ္စာဖောက်ဖို့ ဖြစ်လေသည်။ သို့သော်၊ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရပြီးဖြစ်သည့် လူသားများအားလုံးထဲတွင်၊ ဘုရားသခင်၏ အမှုကို ကျိုးနွံနာခံနိုင်ပြီး သမ္မာတရားကို လက်ခံနိုင်သော သူအချို့ရှိသည်။ ထိုသူတို့သည် သမ္မာတရားကို ရရှိနိုင်ပြီး၊ စိတ်သဘောထား ပြောင်းလဲမှုကို ရရှိနိုင်သူများ ဖြစ်ကြသည်။ သမ္မာတရားကို ရှာဖွေခြင်းအပေါ် အာရုံမစိုက်သော သူများလည်း ရှိသည်။ ၎င်းတို့သည် အယူဝါဒများကို နားလည်ခြင်းမျှဖြင့် စိတ်ကျေနပ်ကြလေသည်။ ကောင်းမွန်သည့် အယူဝါဒကို ၎င်းတို့ ကြားပြီး ထိန်းသိမ်းကြကာ၊ ယင်းကို သိနားလည်ပြီးသည့်နောက်၊ ၎င်းတို့၏ တာဝန်များကို အဆင့်တစ်ခုထိ ၎င်းတို့ ဆောင်ရွက်နိုင်ကြလေသည်။ ဤလူများသည် ၎င်းတို့ကို လုပ်ဆောင်ခိုင်းသည့်အရာကို လုပ်ဆောင်ကြပြီး၊ သာမန် လူ့သဘာဝမျှ ရှိကြလေသည်။ ၎င်းတို့သည် အတိုင်းအတာတစ်ခုထိ အသုံးခံဖို့၊ လောကီဆန်ခြင်းကို စွန့်လွှတ်ဖို့နှင့် ဆင်းရဲဒုက္ခကို ခံရပ်ဖို့ လိုလိုလားလား ရှိကြသည်။ သို့သော်၊ သမ္မာတရားနှင့် စပ်လျဉ်း၍ ၎င်းတို့ စိတ်အားမထက်သန်ကြပေ။ အပြစ်မကျူးလွန်သည်မှာ လုံလောက်ပြီဟု ၎င်းတို့ ယုံကြည်ကြပြီး၊ သမ္မာတရား၏ အနှစ်သာရကို အစဉ် နားမလည်နိုင်ကြချေ။ ထိုသို့သော လူများသည် အဆုံးတွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ပါက၊ ၎င်းတို့သည်လည်း ချမ်းသာပေးခြင်း ခံရနိုင်သည်၊ သို့သော် ၎င်းတို့၏ စိတ်သဘောထားများ ပြောင်းလဲခြင်း မရှိနိုင်ပေ။ ဖောက်ပြန်ပျက်စီးခြင်းကို သန့်စင်ခံရရန်နှင့် သင်၏ အသက် စိတ်သဘောထား၌ ပြောင်းလဲမှုကို ကြုံရဖို့ သင် ဆန္ဒရှိပါက၊ သင့်အနေဖြင့် သမ္မာတရားကို ချစ်ခြင်းနှင့် သမ္မာတရားကို လက်ခံနိုင်စွမ်းရှိခြင်းတို့ ရှိရမည်။ သမ္မာတရားကို လက်ခံခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သမ္မာတရားကို လက်ခံခြင်း ဆိုသည်မှာ သင်၌ မည်သည့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားမျိုး မဆိုရှိပါစေ၊ သို့မဟုတ် အဆင်းနီသော နဂါးကြီး၏ မည်သည့် အဆိပ်များက သင်၏ သဘာဝဗီဇထဲတွင် ရှိသည်ဖြစ်စေ၊ ယင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ထုတ်ဖော်ပြသည့်အခါ သင် အသိအမှတ်ပြုပြီး ဤနှုတ်ကပတ်တော်များကို နာခံ၏၊ သင်သည် မည်သည့် ဆင်ခြေမျှ ပေးခြင်းမရှိ သို့မဟုတ် စံရွေးဖို့ ကြိုးစားခြင်းမရှိဘဲ၊ ထိုအရာတို့ကို အကြွင်းမဲ့ သင် လက်ခံပြီး ကိုယ်တော်ပြောသည့် အရာပေါ် အခြေခံ၍ သင်သည် မိမိကိုယ်ကိုယ် သိရှိလာပေသည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံခြင်းအား ဆိုလိုသည့်အရာ ဖြစ်သည်။ ကိုယ်တော် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ သင်၏စိတ်နှလုံးကို သူ၏ မိန့်မြွက်ချက်များက မည်မျှစူးဝင်သည် ဖြစ်စေ၊ ပြီးလျှင် မည်သည့်စကားများကို အသုံးပြုသည် ဖြစ်စေ၊ သူပြောသည့်အရာသည် သမ္မာတရား ဖြစ်သရွေ့ ယင်းကို သင် လက်ခံနိုင်ပြီး၊ လက်တွေ့အရှိတရားနှင့် ကိုက်ညီသရွေ့ ယင်းတို့ကို သင် အသိအမှတ်ပြုနိုင်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် မည်မျှ နက်နက်ရှိုင်းရှိုင်း နားလည်သည်ကို ပဓာနမထားဘဲ ၎င်းတို့ကို သင် နာခံနိုင်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်က ထုတ်ဖော်ပြပြီး ညီအစ်ကို မောင်နှမများက မိတ်သဟာယဖွဲ့ကြသည့် အလင်းကို သင် နာခံလေသည်။ ထိုသို့သော လူတစ်ဦးသည် သမ္မာတရားကို အဆင့်တစ်ခုထိ ရှာဖွေလိုက်စားပြီးသည့်အခါတွင်၊ သူသည် သမ္မာတရားကို ရရှိနိုင်ပြီး သူ၏ စိတ်သဘောထား ပြောင်းလဲမှုကို စွမ်းဆောင်ရရှိနိုင်ပေသည်။ သမ္မာတရားကို မချစ်သော သူတို့သည် သင့်တင့်လျောက်ပတ်သော လူသားသဘာဝ ရှိနိုင်ကြလျှင်ပင်၊ သမ္မာတရားနှင့် ပတ်သက်လာသည့်အခါတွင်၊ ၎င်းတို့သည် နားဝေတိမ်တောင် ဖြစ်ကြပြီး၊ ယင်းကို အလေးအနက် မထားကြချေ။ ၎င်းတို့အနေဖြင့် ကောင်းသော လုပ်ဆောင်ချက် အနည်းငယ် လုပ်ဆောင်နိုင်စွမ်းရှိကြပြီး မိမိတို့ကိုယ်ကိုယ် ဘုရားသခင်အတွက် အသုံးခံနိုင်ကြကာ စွန့်လွှတ်နိုင်စွမ်း ရှိကြသော်လည်း၊ စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခုကို ၎င်းတို့ မရရှိနိုင်ကြချေ။ နှိုင်းယှဉ်ချက်အရ၊ ပေတရု၏ လူ့သဘာဝသည် အခြားတမန်တော်များနှင့် သူ၏ညီအစ်ကို‌ မောင်နှမများနှင့် တူညီသော်လည်း၊ သူ၏ သမ္မာတရားကို ထက်သန်သော လိုက်စားမှုတွင် သူသည် ပိုမိုပေါ်လွင်ခဲ့သည်။ ယေရှု ပြောဆိုခဲ့သည့်အရာတိုင်းကို သူက လေးလေးနက်နက် တွေးဆခဲ့သည်။ ယေရှုက၊ “ယောန၏ သား၊ ရှိမုန်။ သင်သည် ငါ့ကို ချစ်သလော” ဟု မေးခဲ့သည်။ ပေတရုက၊ “ကျွန်ုပ်သည် ကောင်းကင်ဘုံ၌ ရှိသည့် ဖခမည်းတော်ကိုသာ ချစ်သည်၊ သို့သော် ကမ္ဘာမြေပေါ်က သခင့်ကို မချစ်ရသေးပါ” ဟု ရိုးသားစွာ ဖြေခဲ့သည်။ နောက်ပိုင်းတွင်၊ သူက၊ “ဤသည်မှာ မမှန်ပါ။ ကမ္ဘာမြေပေါ်ရှိ ဘုရားသခင်သည် ကောင်ကင်ဘုံ၌ရှိသည့် ဘုရားသခင်ဖြစ်သည်။ ကောင်းကင်နှင့် မြေကြီး နှစ်ခုလုံးတွင် ဘုရားတစ်ပါးတည်း ရှိသည်မဟုတ်ပါလား။ ကောင်းကင်ဘုံ၌ရှိသည့် ဘုရားသခင်ကိုသာ ငါ ချစ်ပါက၊ ငါ၏ ချစ်ခြင်းသည် မစစ်မှန်ပေ။ ကမ္ဘာမြေပေါ်ရှိ ဘုရားသခင်ကို ငါ ချစ်ရမည်၊ အကြောင်းမှာ ထိုအခါမှသာ ငါ၏ချစ်ခြင်းမေတ္တာ စစ်မှန်လိမ့်မည် ဖြစ်သည်” ဟု တွေးရင်း၊ နားလည်ခဲ့သည်။ ထို့ကြောင့်၊ ပေတရုသည် သခင်ယေရှု ပြောဆိုခဲ့ဖူးသည့် အရာ၏ စစ်မှန်သော အဓိပ္ပါယ်ကို သူ၏ နှုတ်ကပတ်တော်များအား တွေးဆခြင်းဖြင့် နားလည်လာခဲ့သည်။ ဘုရားသခင်ကို ချစ်ဖို့နှင့် ဤချစ်ခြင်းမေတ္တာ စစ်မှန်ဖို့အတွက်၊ လူတစ်ဦးသည် ကမ္ဘာမြေပေါ်က လူ့ဇာတိခံ ဘုရားသခင်ကို ချစ်ရမည်ဖြစ်သည်။ မရေရာသကဲ့သို့ မြင်၍မရသည့် ဘုရားသခင်ကို ချစ်ခြင်းသည် မစစ်မှန်သကဲ့သို့ လက်တွေ့မကျပေ၊ လက်တွေ့ကျသည့်၊ မြင်၍ရနိုင်သည့် ဘုရားသခင်ကို ချစ်ခြင်းမှာမူ သမ္မာတရား ဖြစ်သည်။ ယေရှု၏ နှုတ်ကပတ်တော်များမှ၊ ပေတရုသည် သမ္မာတရားနှင့် ဘုရားသခင်၏ အလိုကို သိနားလည်မှု ရရှိခဲ့သည်။ သိသိသာသာပင်၊ ပေတရု၏ ဘုရားသခင်၌ ယုံကြည်မှုသည် သမ္မာတရားကို လိုက်စားခြင်းအပေါ်သာ အာရုံစိုက်ထားပေသည်။ နောက်ဆုံးတွင်၊ သူသည် လက်တွေ့ကျသည့် ဘုရားသခင်- ကမ္ဘာမြေပေါ်ရှိ ဘုရားသခင်အပေါ် ချစ်ခြင်းကို ရရှိခဲ့သည်။ ပေတရုသည် သူ၏ သမ္မာတရားကို လိုက်စားခြင်းတွင် အထူးသဖြင့် စိတ်အားထက်သန်ခဲ့သည်။ ယေရှုက သူ့ကို တိုင်ပင်သည့် အခါတိုင်းတွင်၊ သူသည် ယေရှု၏ နှုတ်ကပတ်တော်များကို လေးလေးနက်နက် တွေးဆခဲ့သည်။ သန့်ရှင်းသော ဝိညာဉ်တော်က သူ့ကို အသိဉာဏ်ပွင့်လင်းစေခြင်း မရှိမီနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ အဓိပ္ပာယ်ကို သူ သိနားလည်ခြင်းမရှိမီတွင်၊ သူသည် လများစွာကြာ၊ တစ်နှစ်ကြာ သို့မဟုတ် နှစ်များစွာကြာပင် တွေးဆခဲ့ကောင်း တွေးဆခဲ့ပေမည်။ ဤနည်းဖြင့်၊ ပေတရုသည် သမ္မာတရားထဲသို့ ဝင်ရောက်ခဲ့ပြီး၊ ထို့နောက်တွင်၊ သူ၏ အသက် စိတ်သဘောထားက ပြောင်းလဲခဲ့ပြီး အသစ်ပြုပြင်ခြင်းခံခဲ့ရသည်။ လူတစ်ဦးသည် သမ္မာတရားကို မလိုက်စားပါက၊ သူသည် မည်သည့်အခါတွင်မျှ သမ္မာတရားကို နားလည်လိမ့်မည်မဟုတ်။ သင့်အနေဖြင့် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကို အကြိမ်ပေါင်း ထောင်သောင်းချီ ပြောဆိုနိုင်သော်လည်း၊ ယင်းတို့သည် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများသာ ဖြစ်လိမ့်ဦးမည် ဖြစ်သည်။ လူအချို့က၊ “ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်” ဟုသာ ဆိုကြသည်။ ဤနှုတ်ကပတ်တော်များကို အကြိမ်ထောင်သောင်းချီ သင် ပြန်ရွတ်ပြလျှင်ပင်၊ ယင်းသည် အချည်းနှီးဖြစ်ဦးမည်ဖြစ်သည်။ သင်သည် ယင်း၏ အဓိပ္ပာယ်ကို လုံးဝသိနားလည်မှု မရှိပေ။ အဘယ်ကြောင့် ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက် ဖြစ်သည်ဟု ဆိုထားသနည်း။ ဤအရာနှင့် ပတ်သက်၍ သင် အတွေ့အကြုံမှ ရရှိပြီးဖြစ်သည့် အသိပညာကို သင် ရှင်းလင်းစွာပြောဆိုနိုင်ပါသလော။ သမ္မာတရား၊ လမ်းခရီးနှင့် အသက်ထဲသို့ သင် ဝင်ရောက်ပြီးပြီလော။ သင့်အနေဖြင့် ၎င်းတို့ကို တွေ့ကြုံခံစားဖို့နှင့် အသိပညာရရှိဖို့ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များကို မြွက်ဆိုခဲ့ခြင်း ဖြစ်သည်။ ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကို ဖွင့်ဟခြင်းမျှသည် အချည်းနှီးဖြစ်၏။ သင့်အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိနားလည်ပြီး ဝင်ရောက်သည်နှင့် တစ်ပြိုင်နက်သာ၊ မိမိကိုယ်ကိုယ် သိရှိနိုင်ပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် နားမလည်ပါက၊ သင်သည် မိမိကိုယ်ကိုယ် မသိရှိနိုင်ပေ။ သမ္မာတရား ရှိသည့်အခါမှသာ သင် သိမြင်နိုင်ပေသည်။ သမ္မာတရားမရှိဘဲနှင့်၊ သင် မသိမြင်နိုင်ပေ။ သမ္မာတရား ရှိသည့်အခါမှသာ၊ ကိစ္စရပ်တစ်ခုကို သင် ပြည့်ဝစွာ နားလည်နိုင်သည်။ သမ္မာတရား မရှိဘဲနှင့်၊ ကိစ္စရပ်တစ်ခုကို သင် နားမလည်နိုင်။ သမ္မာတရား ရှိသည့်အခါမှသာ မိမိကိုယ်ကိုယ် သင် သိရှိနိုင်သည်။ သမ္မာတရား မရှိဘဲနှင့်၊ သင်သည် မိမိကိုယ်ကိုယ် မသိရှိနိုင်။ သမ္မာတရား သင် ရှိသည့်အခါမှသာ၊ သင်၏ စိတ်သဘောထား ပြောင်းလဲနိုင်သည်။ သမ္မာတရား မရှိဘဲနှင့်၊ သင်၏ စိတ်သဘောထား မပြောင်းလဲနိုင်ပေ။ သမ္မာတရား သင်၌ ရှိသည့်နောက်တွင်သာ၊ ဘုရားသခင်၏ အလိုနှင့်အညီ သင် အစေခံနိုင်သည်။ သမ္မာတရားမရှိဘဲနှင့်၊ ဘုရားသခင်၏ အလိုနှင့်အညီ သင် အစေမခံနိုင်။ သမ္မာတရား သင်၌ ရှိသည့်နောက်တွင်သာ၊ ဘုရားသခင်ကို သင် ကိုးကွယ်နိုင်သည်။ သမ္မာတရား မရှိဘဲနှင့်၊ သင်၏ကိုးကွယ်မှုသည် ဘာသာရေး ထုံးတမ်းဓလေ့များ ဆောင်ရွက်ခြင်းထက် ဘာမျှပိုလိမ့်မည်မဟုတ်။ ဤအရာအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သမ္မာတရားကို ရရှိခြင်းအပေါ် တည်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် | ကောက်နုတ်ချက် ၇၅

ဖာရိရှဲတို့ ယေရှုကိုဆန့်ကျင်ရခြင်းအကြောင်းရင်းကို သင်တို့သိလိုပါသလား။ ဖာရိရှဲတို့၏ အနှစ်သာရကို သင်တို့သိလိုပါသလား။ ၎င်းတို့သည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၂၈

ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံသူတို့သာ စစ်မှန်သည့် လွတ်လပ်ခြင်းကို ရရှိနိုင်သည် လူတို့က ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၀၂

ယိုယွင်းပျက်စီးသော လူ့စိတ်သဘောထားကို ဖွင့်ပြသော အကြောင်းရင်းသည် အခြားမဟုတ်၊ သူ၏ ထုံထိုင်းသောသိစိတ်၊ မနာလိုမုန်းတီးသော သဘာဝနှင့် ဆုတ်ယုတ်သော...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင်း | ကောက်နုတ်ချက် ၃၃၀

ယနေ့လမ်းကြောင်းကို သင်တို့လျှောက်လှမ်းကြသည်နှင့်အမျှ အသင့်တော်ဆုံးသော လိုက်စားမှုမျိုးမှာ အဘယ်နည်း။ သင်၏လိုက်စားမှု၌ သင့်ကိုယ်သင်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။