ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၆၈

လူတို့သည် ဘုရားသခင်၏ အမှုကို တွေ့ကြုံရပြီး သမ္မာတရားကို ရရှိပြီးသည်အထိ အတွင်း၌ သူတို့ကို ထိန်းချုပ်၍ အုပ်စိုးသည်မှာ စာတန်၏ သဘာဝဗီဇဖြစ်၏။ အတိအကျဆိုရလျှင် ထိုသဘာဝဗီဇကို မည်သည့်အရာက ဖြစ်ပေါ်စေသနည်း။ ဥပမာ၊ သင်သည် အဘယ်ကြောင့် တစ်ကိုယ်ကောင်းဆန်ရသနည်း။ သင်၏ကိုယ်ပိုင် ရာထူးဂုဏ်ဒြပ်ကို အဘယ်ကြောင့် ကာကွယ် သနည်း။ သင်သည် အဘယ်ကြောင့် ထိုသို့သော အားကောင်းသည့် စိတ်ခံစားချက်များ ရှိသနည်း။ ထိုမဖြောင့်မတ်သော အရာများကို သင်သည် အဘယ်ကြောင့် မွေ့လျော်ခံစားသနည်း။ သင်သည် အဘယ်ကြောင့် ထိုမကောင်းမှုများကို နှစ်သက်သနည်း။ ထိုသို့သော အရာများကို သင်၏ ကြိုက်နှစ်သက်ခြင်း၏ အခြေခံအကြောင်းရင်းက အဘယ်နည်း။ ဤအရာတို့သည် အဘယ်အရပ်က လာကြသနည်း။ ၎င်းတို့အား လက်ခံသည်ကို သင် အဘယ်ကြောင့် အလွန်ပျော်ရွှင်နေသနည်း။ ဤအရာများအားလုံး၏ နောက်ကွယ်ရှိ အဓိက အကြောင်းရင်းမှာ သင်တို့အတွင်းတွင် စာတန်၏အဆိပ်ရှိခြင်းကြောင့် ဖြစ်ကြောင်း ယခုတွင် သင်တို့အားလုံး နားလည်လာကြပြီ။ စာတန်၏အဆိပ်မှာ မည်သည့်အရာဖြစ်ကြောင်းနှင့် ပတ်သက်၍၊ ယင်းကို စကားလုံးများဖြင့် အပြည့်အဝ ဖော်ပြနိုင်၏။ ဥပမာအားဖြင့်၊ သင်က “လူများ အဘယ်သို့ အသက်ရှင်နေထိုင်သင့်သနည်း။ လူများသည် အဘယ်အရာအတွက် အသက်ရှင်သင့်သနည်း” ဟု မေးပါက၊ သူတို့က “လူတိုင်း ကိုယ့်အတွက်သာ ကိုယ်ကြည့်ပြီး၊ ဘယ်သူသေသေ ငတေမာပြီးရော ဖြစ်သည်” ဟု ဖြေကြလိမ့်မည်။ ဤတစ်ခုတည်းသော စကားစုက ပြဿနာ၏ တကယ့်အရင်းအမြစ်ကို ဖော်ပြလေသည်။ စာတန်၏ တွေးခေါ်မှုစနစ်သည် လူသားတို့၏ အသက်တာများ ဖြစ်လာပြီဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ၊ လူများသည် မိမိတို့ကိုယ်ကိုယ် အတွက်သာ ကြည့်ကြသည်။ ထို့ကြောင့် ၎င်းတို့အတွက်သာ ၎င်းတို့ အသက်ရှင်နေထိုင်ကြသည်။ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်၊ ဘယ်သူသေသေ ငတေမာပြီးရော” ဟူသော ဤအရာမှာ လူသား၏အသက်နှင့် ဒဿနအမြင်ဖြစ်ပြီး ယင်းက လူသား၏ သဘာဝကိုလည်း ကိုယ်စားပြုလေသည်။ စာတန်၏ ဤစကားများမှာ အတိအကျဆိုရလျှင် စာတန်၏ အဆိပ်ဖြစ်ပြီး၊ လူတို့က ယင်းကို နှလုံးသွင်းကြသည့်အခါတွင်၊ ယင်းသည် သူတို့၏ သဘာဝဗီဇ ဖြစ်လာသည်။ စာတန်၏ သဘာဝဗီဇမှာ ဤစကားလုံးများအားဖြင့် ထုတ်ဖော်ခြင်းခံရသည်။ ယင်းတို့က ၎င်းကို လုံးလုံး ကိုယ်စားပြု၏။ ဤအဆိပ်သည် လူတို့၏ အသက်များဖြစ်လာသည့်အပြင်၊ သူတို့တည်ရှိမှု၏ အခြေခံအုတ်မြစ်ဖြစ်လာပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က နှစ်ထောင်ချီ၍ ဤအဆိပ်၏ အုပ်စိုးခြင်းကို မပြောင်းမလဲ ခံလာရပြီဖြစ်သည်။ စာတန်ပြုသမျှအရာတိုင်းမှာ ၎င်းအတွက်သာပင် ဖြစ်သည်။ ယင်းသည် ဘုရားသခင်ထက် သာလွန်ရန်၊ ဘုရားသခင်ထံမှ လွတ်မြောက်ကင်းကွာရန်၊ ၎င်းကိုယ်တိုင် တန်ခိုးကိုင်စွဲရန်နှင့် ဘုရားသခင်၏ ဖန်ဆင်းခြင်း အားလုံးကို ပိုင်ဆိုင်ရန် ဆန္ဒရှိသည်။ ထို့ကြောင့် လူသား၏ သဘာဝဗီဇသည် စာတန်၏ သဘာဝဗီဇဖြစ်သည်။ အမှန်တွင် လူများစွာတို့၏ ဆောင်ပုဒ်များသည် ၎င်းတို့၏ သဘာဝကို ကိုယ်စားပြုပြီး ထင်ဟပ်နိုင်၏။ လူတို့သည် မိမိတို့ကိုယ်ကိုယ် ဖုံးကွယ်ရန် မည်သို့ ကြိုးစားပါစေ၊ ၎င်းတို့ လုပ်ဆောင်သမျှတိုင်းနှင့် ပြောသမျှတိုင်းတွင်၊ ၎င်းတို့ မည်သူဖြစ်သည်ကို မဖုံးကွယ်နိုင်ကြ။ အမှန်တရားကို ဘယ်သောအခါမျှ မပြောဘဲ ဟန်ဆောင်ကောင်းသောသူ အချို့ရှိ၏၊ သို့သော် အခြားသူများက ၎င်းတို့နှင့် တစ်ခဏကြာ အပြန်အလှန် ဆက်ဆံပြီးသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၏ လှည့်ဖြားတတ်သော သဘာဝနှင့် လုံးဝ မရိုးဖြောင့်မှုကို မြင်တွေ့ရပေသည်။ နောက်ဆုံးတွင် အခြားသူတို့သည် အောက်ပါ ကောက်ချက်ကို ချကြလေသည်- ထိုလူသည် ဘယ်သောအခါမျှ မှန်သည့်စကား တစ်လုံးကို မပြောသကဲ့သို့ လှည့်ဖြားတတ်၏။ ဤထွက်ဆိုချက်သည် လူတစ်ဦး၏ သဘာဝကဲ့သို့သောအရာကို ကိုယ်စားပြုပေသည်။ ယင်းသည် ၎င်းတို့၏ သဘာဝနှင့် အနှစ်သာရတို့နှင့်ဆိုင်သော အကောင်းဆုံး သာဓကနှင့် သက်သေ ဖြစ်၏။ ၎င်းတို့၏ ဘဝဒဿနမှာ မည်သူ့ကိုမျှ အမှန်တရား မပြောရန်ဖြစ်သည့်အပြင်၊ မည်သူ့ကိုမျှလည်း မယုံကြည်ရန် ဖြစ်သည်။ လူသား၏ ဆိုးယုတ်သော သဘာဝတွင် ဤအတွေးအခေါ် အမြောက်အမြား ပါဝင်သည်။ သင်သည် တစ်ခါတစ်ရံ သင်ကိုယ်တိုင် ယင်းကို သတိပင်မထားမိသကဲ့သို့ နားမလည်ပေ၊ သို့သော် သင့်ဘဝ၏ တဒင်္ဂတိုင်းသည် ယင်းအပေါ် အခြေခံလေသည်။ ထို့အပြင် ဤအတွေးအခေါ်မှာ အတော်အတန် မှန်ကန်ပြီး ကျိုးကြောင်းဆီလျော်ကာ လုံးဝ မမှားယွင်းဟု သင်ထင်သည်။ ဤသည်မှာ စာတန်၏ အတွေးအခေါ်သည် လူတို့၏ သဘာဝ ဖြစ်လာပြီးဖြစ်ကာ၊ ၎င်းတို့သည် ယင်းကို စိုးစဉ်းမျှ တွန်းလှန်ခြင်းမရှိဘဲ၊ ယင်းနှင့်လုံးဝအညီ အသက်ရှင်နေကြသည်ကို ပြသရန် လုံလောက်ပေသည်။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏ ဆိုးယုတ်သော သဘာဝကို စဉ်ဆက်မပြတ် ထုတ်ဖော်နေကြပြီး၊ ကဏ္ဍအားလုံးတွင် ၎င်းတို့သည် စာတန်၏ အတွေးအခေါ်အားဖြင့် ဆက်လက် အသက်ရှင်ကြလေသည်။ စာတန်၏ သဘာဝသည် လူသားမျိုးနွယ်၏ အသက်ဖြစ်ပြီး ယင်းသည် လူသားမျိုးနွယ်၏ သဘာဝဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၂၆

ဘုရားသခင်သည် ကမ္ဘာကို ရေလွှမ်းမိုးပြီး ဖျက်ဆီးရန် ရည်ရွယ်၏၊ နောဧကို သင်္ဘောဆောက်ရန် ညွှန်ကြားသည် ကမ္ဘာဦး ၆:၉-၁၄ နောဧအတ္ထုပ္ပတ္တိဟူမူကား၊...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၃၁

ယနေ့၏မိန့်မြွက်ချက်များ အားလုံးမှာ အနာဂတ်အခြေအနေများကို ပရောဖက်ပြုခြင်းဖြစ်ပြီး၊ ၎င်းတို့မှာ ဘုရားသခင်အနေဖြင့် သူ့အမှု၏ နောက်တစ်ဆင့်အတွက်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၀၅

ကမ္ဘာဦးကျမ်း ၁၉:၁-၁၁ ကောင်းကင်တမန်နှစ်ပါးတို့သည် ညဦးအချိန်၌ သောဒုံမြို့သို့ ရောက်လာ၏။ လောတသည် မြို့တံခါးဝ၌ ထိုင်လျက် သူတို့ကိုမြင်လျှင်၊...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၇၁

နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ အမှုသည် အလွန်ကြီးမားလှသော ယုံကြည်စိတ်ချမှု၊ ယောဘ၏ ယုံကြည်စိတ်ချမှုထက်ပင် သာ၍ကြီးမားသော ယုံကြည်စိတ်ချမှု...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။